People's Spring
✔
59.6K subscribers
72.2K photos
1.28K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ရဲ့ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်က ဇွန်လ ၅ရက်မှာ ကျိုက်ထိုမြို့နယ် ငှက်ပျောတောရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက်(၄၄)နှစ်အရွယ် အမျိုးသား သေဆုံးခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားပြည်သူတွေရဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူလူထုအပေါ်အခုလို ပြုမူဆက်ဆံနေရာဟာ အများအသိဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ သထုံခရိုင် အပါအဝင် KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

◾️မင်းတပ်မှာ တိုက်ပွဲမရှိတဲ့နေရာက ဒေသခံနေအိမ်တွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီး

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။ ချင်းညီနောင်/ချင်းပြည်သူ့အစည်းအရုံး(CB/CPU)တပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ စစ်တပ်က မေလကုန်ပိုင်းက စတင်ထိုးစစ်ဆင်လာရာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားရာ နေရာတွေကိုသာမက တိုက်ပွဲမရှိတဲ့ နေရာက နေအိမ်တွေကိုလည်း ဗုံးကြဲနေကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ ဇွန်လ ၁၂ရက် မနက် ၆နာရီခန့်က စစ်တပ်တိုက်လေယာဉ်ဟာ မင်းတပ်မြို့ပေါ်ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုနေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း ဒေသခံက အသိပေးပါတယ်။ စစ်တပ်က စစ်ရေးပစ်မှတ်မရှိဘဲ ပြည်သူ့နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံက ပြောပါတယ်။ စစ်တပ်ဟာ အခု ဇွန်လထဲမှာ မင်းတပ်မြို့နဲ့ အနီးတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။

◾️ရွှေကူမြို့အနီး တိုက်ပွဲဆက်ဖြစ်၊ စစ်တပ်အထိနာလို့ လေကြောင်းကနေ ဗုံးကြဲ

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေကူမြို့ ၄လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ ငါးဘတ်ကြီးကျေးရွာတွေဘက်မှာ ဇွန်လ ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီ‌နေ့မှာတော့ တော်လှန်ရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၄ နာရီကျော်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုရှိတယ်လို့ သတင်းရပေမယ့် တိတိကျကျမသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

◾️ချောင်းဦးမှာ စစ်တပ်က နေအိိမ်တွေအပြင် စေတီပုထိုးတွေပါ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ချောင်းဦးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၉ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ရာ ဆင်မြေကျေးရွာက ချမ်းသာကြီးဘုရားနဲ့ ငါးလုံးတင်ကျေးရွာက နှီးဘုရားပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဆင်မြေရွာလယ်က တန်ခိုးကြီးဘုရား ချမ်းသာကြီးဘုရားစေတီပါ မီးထဲပါသွားပြီလို့ ချောင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်မီးရှို့ဖျက်ဆီးမှုကြောင့် ငါးလုံးတင်ကျေးရွာက နေအိမ် ၂၈လုံး၊ မှန်ချိုရွာက နေအိမ် ၂၇ လုံးနဲ့ ဆင်မြေရွာက နေအိမ် ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

◾️ဘုတလင်မြို့နယ် လေကြောင်းတိုက်ခံရမှု ရဲဘော် ၁ ဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇွန်လ ၁၂ ရက် ဒီနေ့ နေ့လယ် ၁ နာရီကျော်မှာ ဘုတလင်မြို့နယ်၊ အရှေ့မြောက်ခြမ်းကို စစ်တပ်က Y-12 ၂စီး၊ဂျက်ဖိုက်တာ ၅စီးနဲ့ လာရောက် ဗုံးကြဲသွားတာလို့ သိရပါတယ်။ ဗုံးကြဲခံရမှုအတွင်း ရဲဘော် ၁ ဦး‌‌ကျဆုံးခဲ့ပြီး အမျိုးသမီး ရဲဘော် ၂ဦးအပါအဝင် ၃ဦး ထိခိုက်‌‌ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်‌ဒဏ်ရာရတဲ့ရဲဘော်တွေဟာ မုံရွာခရိုင်တပ်ရင်းတစ်ခုက ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ခဲ့ပြီး အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

◾️ISPတည်ထောင်သူ ဦးမင်းဇင်ကို သူလျှိုစွပ်စွဲချက်နဲ့ တရုတ် ဖမ်းဆီးထား
👍13❤4🔥1🤬1
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု(ISP)ကို တည်ထောင်ထားသူ၊ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးထားကြောင်း တရုတ်အစိုးရက ဒီနေ့ ဇွန်လ ၁၂ရက်မှာ အတည်ပြုလိုက်ပါတယ်။ တရုတ်နိုင်ငံမှာ ဦးမင်းဇင် အဖမ်းခံရကြောင်း လူမှုကွန်ရက်ပေါ် သတင်းတွေ ပျံ့နှံ့နေခဲ့တဲ့နောက် ဇွန်လ ၁၂ ရက်မှာတော့ သူ့ကို သူလျှိုမှု စွပ်စွဲချက်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်စေနိုင်လောက်တဲ့ သူလျှိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက် ဆက်နွှယ်နေကြောင်း သံသယ ရှိနေတာကြောင့် ဦးမင်းဇင်ကို ဖမ်းဆီးထားတာလို့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူလင်ကျန်းက ပြောကြားသွားပါတယ်။ ဒါပေမဲ့ အခုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ အသေးစိတ် နောက်ခံအကြောင်းအရာတွေကိုတော့ တရုတ်ဖက်က မထုတ်ပြန်ခဲ့ပါဘူး။

◾️ကမ္ဘာ့ဖလားပြိုင်ပွဲ မီဒီယာထုတ်လွှင့်ခွင့် Mytelကိုပေးတဲ့ ဖီဖာရဲ့လုပ်ရပ်ကို JFM ရှုတ်ချ

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလား ၂၀၂၆ ပြိုင်ပွဲရဲ့ မီဒီယာထုတ်လွှင့်ခွင့်ကို စစ်တပ်ရဲ့ စီးပွါးရေးထောက်တိုင် Mytel ကုမ္ပဏီ ကိုပေးအပ်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို တာဝန်ယူကျင်းပရတဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ အခုတကြိမ်မှာလည်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှု ကင်းမဲ့ခြင်းနဲ့ လူ့အခွင့်အရေးကို လုံးဝလျစ်လျူရှုခြင်းတို့ကို ထပ်မံပြသလိုက်တယ်လို့ JFM က ဆိုပါတယ်။ အဲဒီလိုလက်ခံနိုင်ဖွယ်မရှိတဲ့လုပ်ရပ်တွေနဲ့ ဖီဖာဟာ အကျင့်ပျက်ခြစားမှုများနဲ့ သွေးစွန်းညစ်ထေးနေတဲ့ စစ်အုပ်စုကို အပေါ်ယံထုံးသုတ်ကာ ဖြူစင်သယောင် ပုံဖော်ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်ကြောင်း JFM က ထုတ်ပြန်ထားပါတယ်။ ဖီဖာအနေနဲ့ စစ်တပ်‌ထောက်တိုင် ခရိုနီ Max Myanmar ပိုင်ရှင် ဇော်ဇော်ကို သူတို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပြီးနောက် Mytel နဲ့ စီးပွားရေးဆက်ဆံမှုကိစ္စ ထပ်မံပေါ်ထွက်လာတာဖြစ်တယ်လို့ JFM ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

◾️အာဏာသိမ်းကာလ မြန်မာနိုင်ငံအကြောင်း စာအုပ်ရေးခဲ့သူ အမေရိကန်နိုင်ငံသားကို စစ်တပ်ဖမ်းဆီး

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အဲဒီအမေရိကန် စီးပွားရေးလုပ်ငန်းရှင်ဟာ မြန်မာနိုင်ငံကို နောက်တစ်ကြိမ် လာရောက်ချိန် ဇွန်လ ၁၁ ရက်က အဖမ်းခံခဲ့ရတာလို့ ဖြစ်စဉ်နဲ့ နီးစပ်သူနှစ်ဦးက Reuters သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများ အသင်းရဲ့ ဥက္ကဋ္ဌဟောင်း အဒမ်ကက်စ်တီလိုဟာ ရန်ကုန်မှာ အခြေစိုက်ပြီး လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုကို ထူထောင်ထားပါတယ်။ သူဟာရန်ကုန်ကို ပြန်ရောက်လာချိန် လေဆိပ်မှာ အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ မြန်မာနိုင်ငံမှာ အမေရိကန်တစ်ဦး ထိန်းသိမ်းခံရတဲ့ ကိစ္စကိုသတင်းကြားထားကြောင်း၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ဆိုင်ရာကိစ္စတွေကြောင့် အသေးစိတ်ကိုတော့ မပြောလိုကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ကလည်း ကက်စ်တီလိုကို ဖမ်းဆီးမှု သတင်းအပေါ် ဘာမှ မထုတ်ပြန်သေးပါဘူး။
👍19❤6🔥1🤬1
👍22🤬3❤1🔥1
👍14🤬3😁2❤1👎1🔥1😢1
ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်က လူဦးရေ ၅၀၀ ၀န်း‌ကျင်လောက်ရှိတဲ့ ကုက္ကိုလ်စုရွာလေးဟာ စစ်တပ်အာဏာမသိမ်းခင်ကအထိ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အေးအေးချမ်းချမ်းရှိခဲ့ပါတယ်။

ဒါပေမယ့် ပေါက်မြို့အတွက် စစ်ရေးအရ အရေးပါတဲ့ လမ်းပေါ်မှာရှိနေတာကြောင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ စစ်တပ်က တပ်စွဲပြီးပြည်သူ့စစ်(ပျူစောထီး)ရွာအဖြစ် သိမ်းသွင်းခဲ့ပါတယ်။

“ပြည်သူ့စစ်ရွာအဆင့်မပြောနဲ့ တပ်ရင်း တွေ တက်သိမ်းတုန်းက စစ်တပ်က ကိုယ့်လူသူ့လူမကြည့်ဘူးအကုန်ဗုံးကြဲတာ။စစ်ခေါင်းဆောင်တွေဟာ ဘယ် တုန်းကမှ သူတို့အကျိုးကလွဲရင်ဘယ်သူမျက်နှာ မထောက်ဘူးဆိုတာ ပေါက်မြို့နယ်ရော တခြားမြို့နယ်က ပြည် သူ့စစ်နဲ့စစ်တပ်လက်ပါးစေတွေ သိစေချင်တယ်”လို့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့သိမ်းတိုက်ပွဲမှာ ပါ၀င်ခဲ့တဲ့ အညာသားတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။



https://www.ludunwayoo.com/feature-mm/2026/06/12/159822/
👍34❤4🤣2
ရဲဘော်မုန်တိုင်းဟာ ရွှေ ၁၆ ပိဿာကျော် တရားမဝင်ထုတ်ယူပြီး တပ်ဖွဲ့ထံ ပြန်မအပ်လို့ဖမ်းဆီးရတာဟု NUG ကာကွယ်ရေး ရှင်းလင်း

◾️မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

ဇွန် ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF အထူးလှုပ်ရှားတပ်မရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ စစ်ဦးစီးအဖွဲ့ရဲ့ အကြီးအကဲအဖြစ်တာဝန်ယူခဲ့တဲ့ ရဲဘော်မုန်တိုင်းနဲ့ စစ်ဦးစီးအဖွဲ့ဝင် စစ်ထောက်တာဝန်ခံ တာဝန်ယူခဲ့တဲ့ ရဲဘော်နိုင်ကြီးတို့ ဖမ်းဆီးထားမှုနဲ့ စုံစမ်းစစ်ဆေးချက်ဆိုင်ရာ အစီရင်ခံစာကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ဇွန်လ ၁၃ရက်မှာ ထုတ်ပြန်ရှင်းလင်းပါတယ်။

ရဲဘော်မုန်တိုင်းဟာ တပ်တွင်းစည်းကမ်းချိုးဖောက်မှုကြောင့် အရေးယူထားစဉ် တပ်ဖွဲပိုင် ရွှေ ၁၆ ပိဿာကျော် တရားမဝင် ထုတ်ယူခဲ့ခြင်းကြောင့်ဖြစ်ပြီး ရဲဘော်နိုင်ကြီးက အဲဒီ ရွှေတွေထုတ်ပေးခဲ့လို့ ဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ တင်ပြချက်များအရ စစ်ဆင်ရေးနှင့် စုဖွဲ့မှု တာဝန်ခံ ရဲဘော်မုန်တိုင်းသည် တပ်ဖွဲ့အတွင်းရှိ ကာမပိုင် အမျိုးသမီးတဦးနှင့် လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်အတွင်း သိရှိပေါ်ပေါက်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ရဲဘော်မုန်တိုင်း၏ ဦးဆောင်မှုကို အယုံအကြည်ကင်းမဲ့လာကြခြင်းနှင့်အတူ တပ်တွင်းစည်းလုံးမှုပျက်ပြားလာခြင်းကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ဦးဆောင်မှုနှင့် တပ်ဖွဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲခဲ့ရပြီး စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ရဲဘော်မုန်တိုင်းအားလည်း အပြစ်ပေး အရေးယူခဲ့ပါသည်"လို့ NUG ကာကွယ်ရေးက အရေးယူမှု ဖြစ်စဉ်အစကို ရှင်းပြထားပါတယ်။

အဲဒီပြစ်မှုအတွက် ရဲဘော်မုန်တိုင်းအား စစ်တရားရုံးဖြင့် စစ်ဆေးပြီး ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ရမှာ ဖြစ်ပေမယ့် အဲဒီကာလက မဟာမိတ်နဲ့ ဆောင်ရွက်ဆဲ စစ်ရေးကိစ္စများကြောင့် အချုပ်ပြစ်ဒဏ် (၆)လသာ ကျခံစေခဲ့ကြောင်း၊ အချုပ်ပြစ်ဒဏ် (၆)လ ကျခံနေစဉ်အတွင်း ရဲဘော် မုန်တိုင်းအား စစ်ဆင်ရေးကိစ္စများမှတပါး တပ်ဖွဲ့ရဲ့ ကျန်လုပ်ငန်းဆောင်တာများမှ အနားပေးခဲ့ကြောင်း အသိပေးပါတယ်။ စစ်ဆင်ရေးကိစ္စများ ဆောင်ရွက်ရာတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဗဟိုစစ်ကော်မရှင်ရဲ့ ညှိနှိုင်းကွပ်ကဲမှုဖြင့်သာ ဆောင်ရွက်ရန် သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ပြစ်ဒဏ်ချခြင်းအပြင် MDY PDF ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက်မှာ ရဲဘော်မုန်တိုင်းဟာ စစ်ရေးဌာနကြီးရဲ့ ဌာနကြီးမှူး အဖြစ်လည်းကောင်း၊ ရဲဘော် နိုင်ကြီးဟာ ဘဏ္ဍာရှာဖွေရေးဌာနရဲ့ ဌာနကြီးမှူးအဖြစ်လည်းကောင်း ဆက်လက် တာဝန်ပေးအပ်ခံခဲ့ ရတယ်လို့ ဖော်ပြထားပါတယ်။

" ရဲဘော်မုန်တိုင်း အနေဖြင့် မဟာမိတ်နယ်မြေတခုတွင် အချုပ်အပြစ်ဒဏ်ကို ကျခံနေရချိန်၌ ပြစ်ဒဏ်ကို အပြည့်အဝ မခံယူဘဲ ပုံစံအမျိုးမျိုးဖြင့် ရှောင်လွှဲခဲ့သည့်အပြင် စစ်ဆင်ရေးမှတပါး ကျန်လုပ်ငန်းဆောင်တာများမှ အနားပေးထားသည် ဆိုသည့်အချက်ကို လုံးဝမလိုက်နာဘဲ သက်ဆိုင်ရာ ဦးစီးကဏ္ဍအလိုက် တာဝန်ခွဲဝေလုပ်ဆောင်နေသည့် တပ်ဖွဲ့၏ အုပ်ချုပ်ကွပ်ကဲမှု ယန္တရား များတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြင့် တပ်ဖွဲ့အတွင်း မလိုလားအပ်သော ပြဿနာများ ဆက်တိုက် ပေါ်ပေါက်ခဲ့ကြောင်းလည်း တွေ့ရှိရပါသည်” လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ရဲဘော်မုန်တိုင်းဟာ ပြစ်ဒဏ်ကျခံနေရတဲ့ ကာလအတွင်းမှာ ဘဏ္ဍာရှာဖွေရေးဌာနကြီးရဲ့ ဌာနကြီးမှူး ရဲဘော်နိုင်ကြီးကို တရားမဝင်ဆက်သွယ်စေခိုင်း၍ တပ်ဖွဲ့ပိုင် ဘဏ္ဍာငွေကြေးနဲ့ ရွှေများအား ထုတ်ယူမှုများ ရှိနေကြောင်း သတင်းရလို့ ၂၀၂၅ မေလမှာ တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ကို ဖွဲ့စည်း စစ်ဆေးခဲ့ရာ ဘဏ္ဍာရှာဖွေရေးဌာနကြီးက တာဝန်ယူလုပ်ဆောင်နေသော လုပ်ငန်းအမျိုးမျိုး ရှိသည့်အနက် ရွှေလုပ်ငန်းကိုသာ အဓိကဦးစားပေး စစ်ဆေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စာရင်းစစ် ရလဒ်များအရ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးဟာ တပ်ဖွဲ့ပိုင် ရွှေ ၁၆ဒသမ ၆ ပိဿာအား တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင်ထုတ်ယူသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ရှင်းလင်းထားပါတယ်။

အဲဒီလို ထုတ်ယူတာကို ကာယကံရှင် ၂ဦးက ၂၀၂၅ ဩဂုတ်လမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ပြစ်မှုအတွက် ပေးအပ်တဲ့ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်းကိုလည်း ကာယကံရှင်နှစ်ဦးက ကတိပြုခဲ့ပေမယ့် ကျခံရမည့် အပြစ်ဒဏ်ကို မခံယူဘဲ အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲခဲ့ရုံမျှမက ရွှေ ၁၆ ပိဿာကျော်ကိုလည်း တပ်ဖွဲ့ထံ ပြန်လည်အပ်နှံခဲ့ခြင်းမရှိဟု ထုတ်ပြန်ပါတယ်။
❤27👍19🤬3🤣2🤔1
ဒါ့အပြင် စစ်ဆင်ရေးအရေးကြီးနေတဲ့ ကာလအတွင်းတွင် ဖွဲ့စည်းပုံအသစ်အရ တပ်ဖွဲ့ဦးဆောင်သူ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ရဲ့ လမ်းညွှန်ကြီးကြပ်မှုကို မနာခံခြင်း၊ ချမှတ်ထားသော မူဝါဒနဲ့ လုပ်ငန်းစဉ်များကို မလိုက်နာခြင်း၊ အဆင့်ဆင့်ကွပ်ကဲမှုယန္တရားကို ပုံပျက်အားနည်းစေတဲ့ အပြောအဆို အပြုအမူများနဲ့ တပ်ဖွဲ့တွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့် လုပ်ရပ်များ လုပ်ဆောင်ခဲ့တာကို အထင်အရှား တွေ့ရှိခဲ့ရပြီး ဒါတွေကို အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိဟု ဆိုပါတယ်။

ဒီလို အခြေအနေတွေကြောင့် ကာယကံရှင်နှစ်ဦးဟာပြစ်မှုများကို တခုပေါ်တခု ဆင့်ကာ ကျူးလွန် တဲ့ အနေအထား ဖြစ်လာလို့ သာမန်တပ်တွင်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှု အဆင့်ကို ကျော်လွန်ကာ ကြီးမားတဲ့ ပြစ်မှုအမျိုးအစားအဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် PDF စစ်ရုံးချုပ်ထံတင်ပြကာ နိုဝင်ဘာလ ၁၅ ရက်မှ စတင်ပြီး ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ နှစ်ဦးအား ကနဦးအရေးယူမှုအနေဖြင့် နှစ်ဦးစလုံးကို တပ်ရဲ့ လက်ရှိတာဝန်အားလုံးမှ ရပ်ဆိုင်းခြင်း၊ ၎င်းတို့ နှစ်ဦးစလုံးကို လက်နက်ဖြုတ်သိမ်း၍ အချုပ်ဖြင့် ထိန်းသိမ်းထားရှိခြင်းပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်မုန်တိုင်းနဲ့ ရဲဘော် နိုင်ကြီးတို့ (၂)ဦးအား ကနဦးအရေးယူမှုပြုလုပ်နေတဲ့ အချိန်မှာ MDY PDF တပ်ရင်းတပ်ဖွဲ့များအနေဖြင့် မတ္တရာ၊ စဉ့်ကူး စစ်ဂွင် များမှ တပ်များအဆင့်ဆင့်ဆုတ်ခွာပြီး ခွာစစ်အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်နေချိန် ဖြစ်ကြောင်းလည်း အသိပေးပါတယ်။

ဒါ့အပြင် အထက်ပါ ကိစ္စတွေကို ကိုင်တွယ်ဖို့ အဖွဲ့ဝင် ၅ဦးပါ စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့ပြီး အခုနှစ်ဇန်နဝါရီ ၁၁ရက်ကနေ မေလ ၂၉ ရက်နေ့အထိ တိုင်ကြားသူနဲ့ တိုင်ကြားခံရသူများအပါအဝင် သက်သေစုစုပေါင်း (၂၀) ဦးတို့အား စုံစမ်းစစ်ဆေး ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

စုံစမ်းစစ်ဆေးနေစဉ်အတွင်း ထွက်ဆိုချက်များနဲ့ တွေ့ရှိချက်များအရ ထပ်မံစုံစမ်း စစ်ဆေးရန် ကိစ္စရပ်အများအပြား ပေါ်ပေါက်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

စုံစမ်းရေး ခုံရုံးအနေနဲ့ ဆက်လက်စစ်ဆေးဖို့ လိုတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနသို့ မေ ၂၉ရက်မှာ ကြားဖြတ်အစီရင်ခံစာ တင်ပြခဲ့ရာ အစီရင်ခံတွေ့ရှိချက်တွေ ၈ချက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ ယခင်ဖွဲ့စည်းပုံတွင် ဘဏ္ဍာရေး ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရှိသော်လည်း ရဲဘော်မုန်တိုင်းအနေဖြင့် ယင်းလုပ်ထုံး လုပ်နည်းများကို ချိုးဖောက်၍ တဦးတည်း စီမံဆောင်ရွက်ခဲ့တာ၊ ရဲဘော်မုန်တိုင်းနဲ့ လူမှုရေးဖောက်ပြန်မှု ပြုခဲ့သူမှာ (ယခင်ဖွဲ့စည်းပုံ)ဘဏ္ဍာရေးဌာနရဲ့ ဌာနမှူးဖြစ်နေတာ စတဲ့ အချက်တွေ ပါတယ်လို့ဖော်ပြပါတယ်။

ဒါ့အပြင် ၂၀၂၅ ဖေဖော်ဝါရီမှာ တပ်ဖွဲ့ဖွဲ့စည်းပုံ ပြောင်းလဲချိန်မှာ လွှဲပြောင်းပေးရမည့် ဘဏ္ဍာရေးနဲ့ ရွှေလုပ်ငန်းဆိုင်ရာ စာရင်းဇယားများရဲ့ Hard Copyနဲ့ Soft Copy များအား ရဲဘော်မုန်တိုင်းမှ ဖျက်ဆီးစေခဲ့ကြောင်း အသိပေးထားပါတယ်။

ရဲဘော်မုန်တိုင်းက ရဲဘော်နိုင်ကြီးထံမှ ထုတ်ယူသွားတဲ့ ရွှေ ၁၆ ဒသမ၆ ပိဿာကို သူတို့ နှစ်ဦးအား အရေးယူတဲ့ အချိန်အထိ တာဝန်ယူသူတွေကို ပြန်လည်အပ်နှံမှု မရှိတာ၊ ရွှေ ၁၆ ပိဿာကျော် ထုတ်ယူတဲ့ ကာလမှာ ရဲဘော်မုန်တိုင်းရဲ့ တာဝန်ထမ်းဆောင်ဆဲ ကာလမဟုတ်ဘဲ ၎င်းအား လူမှုရေးဖောက်ပြန်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ကာလမှာ ဖြစ်နေတာ စတဲ့ အချက်တွေလည်း ကြားဖြတ် အစီရခံစာမှာ ဖော်ပြထားပါတယ်။

လုပ်ထုံးလုပ်နည်းအရ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှ ရရှိတဲ့ ဘဏ္ဍာများကို ဘဏ္ဍာစီမံ ဌာနကြီးသို့ အပ်နှံရမည်၊ သုံးစွဲရမည့် ကိစ္စရပ်များကို ဗဟိုဦးဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက် သို့မဟုတ် ဘဏ္ဍာရေးကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အရ သုံးစွဲရမည် ဖြစ်ပေမယ့် ဘဏ္ဍာရှာဖွေရေးဌာနရဲ့ ဌာနကြီးမှူး ရဲဘော်နိုင်ကြီးဟာ သူ့ သဘောဆန္ဒအလျောက် ရွှေ ၁၆ ပိဿာကျော်ကို ရဲဘော်မုန်တိုင်းထံသို့ ထုတ်ပေး လိုက်ခြင်းမှာ လုပ်ထုံးလုပ်နည်းများနဲ့ မကိုက်ညီဘဲ လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဘဏ္ဍာရှာဖွေရေးဌာနကြီးမှ ရရှိတဲ့ ဘဏ္ဍာငွေအားလုံးကို ဘဏ္ဍာစီမံဌာနကြီးသို့ အလုံးစုံအပ်နှံခြင်းမရှိဘဲ အကြောင်းကိစ္စတခုခုအတွက် သုံးစွဲရန်ရှိတာကို ထုတ်ယူ ထားပြီးမှ ကျန်သည့်ငွေ၊ ဘဏ္ဍာကိုသာ ဘဏ္ဍာစီမံဌာနကြီးသို့ အပ်နှံတဲ့အတွက် ဘဏ္ဍာရှာဖွေရေးဌာနကြီးမှ ရရှိတြ့ ငွေကြေး၊ ဘဏ္ဍာအားလုံး ဘဏ္ဍာစီမံဌာနကြီးသို့ ဝင်ရောက်ခြင်းမရှိတာ စိစစ်တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ပါတယ်။

၂၀၂၅ မေလမှာ ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ရဲ့ စာရင်းစစ် အစီရင်ခံစာဟာ ရွှေလုပ်ငန်းတခုတည်းကိုသာ လွှမ်းခြုံမှုရှိခဲ့တဲ့အတွက် လုပ်ငန်း အရပ်ရပ်မှ ရရှိသည့်ဝင်ငွေ၊ တရားဝင်/တရားမဝင်ထုတ်ယူငွေ၊ သုံးစွဲငွေအားလုံးကို စာရင်းစိစစ်ပြုစုရန်လိုအပ်တာကိုလည်း ထောက်ပြထားပါတယ်။
👍25❤15🤣2🥰1
ဒီလို အချက်တွေကြောင့် ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စစ်ဘက်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း ကောင်းမွန်စွာထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ် အပါအဝင် အဆင့်ဆင့်သော တိုင်းစစ်ဌာနများ၊ ဗျူဟာများ၊ တပ်ရင်းတပ်ဖွဲ့များ၏ ကိစ္စအဝဝကို ဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်လုပ်ငန်းစဉ်များနဲ့ အညီ ဖြစ်စေဖို့ ထိန်းကျောင်းကြပ်မတ်မှုကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ MDY PDF စစ်ဦးစီးအဖွဲ့ဝင်ဟောင်း ကိုဖြိုးက ကိုမုန်တိုင်းအဖမ်းခံရမှု အခြေအနေနဲ့ပတ်သက်ပြီး မြန်မာနောင်းသတင်းဌာနဲ့ အမေးအဖြေကဏ္ဍမှာ ရှင်းပြခဲ့ရာ ရွှေ ၁၆ ပိဿာကျော်ကို လုပ်ထုံးလုပ်နည်းကျော်လွန်ထုတ်ယူတဲ့အပေါ် စီအီးစီက ပြန်အပ်နှံရန် ပြောကြားခဲ့ကြောင်း၊ ကိုမုန်တိုင်းတို့ဘက်က ဖြေရှင်းချက်မှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ လုပ်ငန်းလုပ်ဖို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

" ဒါတွေက လုပ်ငန်းတခု လုပ်ဖို့အတွက် ကျနော်တို့ ထုတ်ပြောလို့တော့ မရဘူးပေါ့နော်။ လုပ်ငန်းတခုလုပ်ဖို့အတွက် ERO ဒေသတခုမှာ အပ်ထားတယ်။ ကိုယ်ကျိုးအတွက် အသုံးပြုထားတာ မရှိပါဘူးဆိုပြီးတော့ တဖက်ကလည်း ဖြေရှင်းချက်ပေးတဲ့ဟာကြောင့်မို့၊ သို့ပေမယ့်လည်း လုပ်ထုံးလုပ်နည်းအရ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို အသိမပေးဘဲနဲ့ ထုတ်ယူသွားတဲ့ကိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ဒါတွေကို ပြန်အပ်ပါ အဲဒီအတွက်လည်း ပြစ်ဒဏ်က အချုပ်ပြစ်ဒဏ် လေးလဆိုပြီး တော့ ချမှတ်ထားတာရှိပါတယ်။” လို့ ကိုဖြိုးက ပြောပြပါတယ်။

ဒါပေမဲ့ အဲဒီကာလ စစ်ဆင်ရေးမှာ ကိုမုန်တိုင်းက တာဝန်ယူလုပ်ဆောင်နေရတာ၊ ပြင်ဆင်နေတဲ့ စစ်ပွဲရဲ့ ပြောင်းလဲလာတဲ့ နည်းပညာကိစ္စရပ်တွေ ပြင်ဆင်နေချိန် အလုပ်ရှုပ်နေလို့ ပြန်အပ်ဖို့ရန် နှောင့်နှေးသွားတာလို့ ကိုဖြိုးက ပြောပါတယ်။

တပ်ဖွဲ့တွင်း ဖြေရှင်းရမယ့်ကိစ္စကို NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်အထိ ရောက်သွားရတာကို မသိရသလို ကိုယ့်လူအချင်းချင်း အင်အားသုံးဖမ်းဆီးမယ်လို့ မထင်ထားကြောင်း ကိုဖြိုးက ပြောပါတယ်။

“ အဲဒီမှာလည်း နံပတ်တစ်ကတော့ ရွှေကိစ္စလို့ ဆိုပေမယ့် ဆုတ်ခွာရေး အစီအမံမှာ သဘောထား ကွဲလွဲတဲ့ ကိစ္စ ရှိခဲ့ပြီး ကိုမုန်တိုင်းဘက်က သဘောထား တင်းမာခဲ့ကြောင်း၊ အဲဒီလို ဆုတ်ခွာရေးအစီအမံမှာ သဘောထား ကွဲလွဲပြီး နောက်ဆက်တွဲကိစ္စရပ်တွေထိ ဖြစ်တယ်လို့ ယူဆကြောင်း ကိုဖြိုးက မြန်မာနောင်းကို ဖြောကြားထားပါတယ်။
👍43❤4🤣4🥰2