“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၁၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️အဓမ္မစုဆောင်းမှုခံရတဲ့ ပြည်သူ့စစ်မှုထမ်းတွေ အလင်းဝင်မှ အသက်ရှင်မယ်လို့ NUG သတိပေး
အာဏာသိမ်းစစ်တပ်ထဲမှာရှိတဲ့ ပစလို့ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားတွေ အနေနဲ့ အလင်းဝင်မှ အသက်ရှင်မယ့်အကြောင်း သတိပေးလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတိပေးထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ပေါ်တာဆွဲခံရတဲ့ လယ်သမား ကိုချစ်ကိုဦးက ပြည်သူဘက်ခိုလှုံ အလင်းဝင်လာပြီး တပ်တွင်း အတွေ့အကြုံတွေ ပြန်ပြောပြတဲ့ ရုပ်သံကို NUGက ဖော်ပြပြီး အခုလို သတိပေးခဲ့တာပါ။ ကိုချစ်ကိုဦးကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီ အလင်းဝင်လို့ အသက်ရှင်ခဲ့ပြီဖြစ်ကြောင်းနဲ့ တခြားသော ပစတွေအနေနဲ့လည်း အလင်းဝင်မှ အသက်ရှင်မယ်လို့ သတိပေးလိုကြောင်း ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ စစ်သားလစာနဲ့ ကိုယ်ပိုင်လေယာဉ်ဝယ်စီးနိုင်၊ ဒေါ်လာဘီလျံချီကုမ္ပဏီတွေကိုသားသမီးတွေအတွက် တည်ထောင်ပေးနိုင်တဲ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲရေးအတွက် မတရားပေါ်တာဆွဲဖို့ စစ်မှုထမ်းဥပဒေကိုပြဌာန်းခဲ့တာ ၂နှစ်ပြည့်တော့မှာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်နီးပါးအတွင်း တိုင်းပြည်အနှံ့က အပြစ်မဲ့လူငယ်လူရွယ်တွေရဲ့ ဘဝတွေဟာ များစွာထိခိုက်ပျက်စီးခဲ့ရဟု NUGက ဆိုပါတယ်။
◾️စစ်တပ်ကို ဆက်အရေးယူဖို့ အလုပ်သမားညီလာခံ ILC ဆုံးဖြတ်
အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ဆက်လက်အရေးယူသွားဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံက ဆုံးဖြတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားရေးရာဦးစီးဌာနက ဒီနေ့ ဇွန်လ ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ(ILC)ရဲ့ (၁၁၄)ကြိမ်မြောက် အစည်းအဝေးမှာ ဇွန်လ ၆ ရက်ကစပြီး ‘မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေး’တစ်ရပ်ကို ကျင်းပခဲ့ပြီး စစ်တပ်ရဲ့ ချိုးဖောက်မှုတွေအပေါ် အနီးကပ်စောင့်ကြည့် အရေးယူမယ့် ဆုံးဖြတ်ချက်တွေကို အတည်ပြုခဲ့တာလို့ ဆိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးယူဖို့ ILO ဖွဲ့စည်းပုံ အပိုဒ်-၃၃ (Article 33)ကို ထိရောက်စွာ အကောင်အထည်ဖော်မယ့် စောင့်ကြည့်ရေးယန္တရားတစ်ရပ် တည်ထောင်ဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM က အသိပေးပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို အာဏာသိမ်းစစ်တပ်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ရုရှား၊ တရုတ်၊ ဘယ်လာရုစ်တို့က သဘောမတူကြောင်းနဲ့ အားလုံးသဘောတူဆုံးဖြတ်ချက်မှာ သူတို့မပါဝင်နိုင်ကြောင်း မှတ်တမ်းတင်ခိုင်းတယ်လို့ ညီလာခံကို တက်ရောက်ခဲ့တဲ့ CTUM တာဝန်ရှိသူက ပြောပါတယ်။ ဆက်လက်ဖြစ်ပွားနေတဲ့ ချိုးဖောက်မှုတွေကို လျှို့ဝှက်စွာ၊ ယုံကြည်စိတ်ချရစွာ မှတ်တမ်းတင်စုဆောင်းနိုင်ရေး၊ ပွင့်လင်းမြင်သာတဲ့ အစီရင်ခံတင်ပြမှုတွေ ပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ထားရှိပြီး ILO ဖွဲ့စည်းပုံ အပိုဒ် ၃၃ ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။
◾️ရန်ကုန်မှာ ကန်သံအရာရှိသေဆုံးမှု ထိုင်းအမျိုးသမီးကို လူသတ်မှုနဲ့ စွဲချက်တင်
ရန်ကုန်မှာ အမေရိကန်သံအရာရှိသေဆုံးမှုနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြပါတယ်။ ကမာရွတ်မြို့နယ်တရားရုံးမှာ အဲဒီအမှုအတွက် သံသယတရားခံ အမျိုးသမီးကို ဇွန်လ ၁၁ ရက် မနေ့က ရုံးထုတ်ခဲ့တယ်လို့ တရားရုံးရှေ့နေ နှစ်ဦးက ပြောကြားခဲ့ပါတယ်။ အမျိုးသမီးဟာ လူသတ်မှုရော၊ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ သီးခြားထားရှိတဲ့လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုအတွက်ပါ စွဲချက်တင်ခံခဲ့ရကြောင်းရှေ့နေတစ်ဦးက ပြောပါတယ်။ ထိုင်းအမျိုးသမီးရဲ့နာမည်ကို မထုတ်ပြန်သ
လို ကမာရွတ်တရားရုံးမှာ သူ့အတွက် ကိုယ်စား
ပြု လျှောက်ထားပေးမယ့် တရားဝင် ဥပဒေ အကျိုးဆောင်အဖွဲ့ စီစဉ်ထား၊ မထား ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။တကယ်လို့ ပြစ်မှုထင်ရှားရင် သူဟာ ထောင် ၁၀ နှစ်လောက်ထိ ကျခံရနိုင်ခြေ ရှိနေပါတယ်။
◾️ဘန်ကောက်မှာ မြန်မာအမျိုးသမီးသတ်ဖြတ်ခံရပြီး ခင်ပွန်းဖြစ်သူကို ရဲတွေ ရှာဖွေ

❤10👍10🔥1
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ မြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီး ရုပ်အလောင်းကို အပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ သံသယရှိခံရသူ ခင်ပွန်းဖြစ်သူကို ရဲတွေက အပူတပြင်းလိုက်ရှာနေပါတယ်။ အသက် ၃၄ နှစ်အရွယ် မအေးအေးနွယ်ပျောက်ဆုံးနေကြောင်း ဆွေမျိုးတစ်ဦးရဲ့ တိုင်ကြားမှုကြောင့် ရဲတွေက သေဆုံးသူနဲ့ ခင်ပွန်းဖြစ်သူတို့ အတူနေထိုင်တဲ့ ရတ်ချာသီဝီခရိုင်ထဲက တိုက်ခန်းကို သွားရောက် စစ်ဆေးရင်း အလောင်းကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ ၁၂ ရက် ဒီနေ့မှာ ဒင်ဒန်းရဲစခန်းရဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သုံးထပ်တိုက် တစ်လုံးမှာရှိတဲ့ တိုက်ခန်းကို ဝင်ရောက် စစ်ဆေးခဲ့တဲ့အခါ ဝရန်တာမှာ ထုတ်ထားတဲ့ အမည်းရောင် ပလတ်စတစ် ပုံးကနေ အနံ့ဆိုးတွေ ထွက်နေတာကို သတိပြုမိခဲ့ပါတယ်။ ဖွင့်ကြည့်တဲ့ အခါမှာတော့ အပိုင်းပိုင်း ဖြတ်ခံထားရတဲ့ အလောင်းကို ပလတ်စတစ်တွေနဲ့ ပတ်လျက်သား ရှာတွေ့ခဲ့တာပါ။ ဇွန်လ ၁၂ ရက် မနက်ပိုင်းထိ အခြေအနေ အရတော့ ဦးခေါင်းအပါအဝင် ပျောက်ဆုံးနေတဲ့အလောင်းအစိတ်အပိုင်းတချို့ကိုလည်း ရဲတွေကလိုက်ရှာနေပါတယ်။
◾️အုတ်ဖိုမှာ စစ်တပ်က ကျေးရွာတွေမီးရှို့ဖျက်ဆီးလို့ နေအိမ် ၂၀၀ နီးပါးပြာကျ
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဟာ ဇွန်လ ၁ ရက်ကစပြီး ၉ ရက်အထိ အုတ်ဖိုမြို့နယ်က ချောင်းခွ၊ ဇီးတော၊ ကျွန်းလှကုန်းနဲ့ ထန်းပင်ကုန်း ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစပြီး စစ်တပ်ဟာ အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွါးခဲ့တာတွေလည်းရှိခဲ့ပါတယ်။ အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ နေအိမ်တွေမီးရှို့တာ၊ ကျေးရွာအတွင်း ဒရုန်း၊လေယာဉ်၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါအပြင် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အသတ်ခံရသူ ၇ဦးရှိပြီး လေယာဉ်ကြောင့်ဒဏ်ရာရသူ တစ်ဦး၊ သေဆုံးသူတစ်ဦးရှိကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် အုတ်ဖိုမြို့နယ်အတွင်း ကျေးရွာ ၂၀ ကျော်က လူဦးရေ တစ်သောင်းနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
◾️တပ်မ(၁၀၁)က စစ်ယာဉ်တန်းတွေ ထွက်လာတာကြောင့် ကြိုတင်တားဆီးပိတ်ဆို့ကြဖို့ မြိုင် ပကဖ တိုက်တွန်း
ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ယာဉ်တန်းတွေ ထွက်လာတာကြောင့် ကြိုတင်ပြင်ဆင်တားဆီးပိတ်ဆို့ကြဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဇွန်လ ၁၂ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းက ပခုက္ကူတပ်မ(၁၀၁)ကနေ ပခုက္ကူ-ကမ္မ လမ်းပိုင်းပေါ်က ငဖောင်ကန်ရွာဘက်ကို အင်အား ၃၀၀ ထက်မနည်းရောက်လာတဲ့အပြင် နောက်ထပ် ကားအစီးရေ ၂၀ ၀န်းကျင်လည်း ပခုက္ကူမြို့က ထပ်ထွက်လာတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့မေ ၂၃ ရက်နဲ့ အခုဇွန်လဆန်းပိုင်းက မြိုင် နဲ့ ပေါက်မြို့နယ်က ပြည်သူ့စစ်ကျေးရွာ ၂ရွာနဲ့ စစ်တပ်စခန်းတွေကို ဒေသခံတော်လှန်ရေးအဖွဲ့တွေက သိမ်းနိုင်ခဲ့တာရှိပါတယ်။ ဒါကြောင့်လည်း အာဏာသိမ်းစစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်နိုင်တယ်လို့ မြိုင်မြို့နယ်စစ် ရေးတာ၀န်ရှိသူက သုံးသပ်ပါတယ်။
◾️မြ၀တီမြို့သာယာလှပဖို့ဆိုကာ စစ်အုပ်စုက တောင်းရမ်းသူတွေ ဖမ်းဆီးပြီး မြို့ပြင်ထုတ်နယ်နှင်ဒဏ်ပေး
မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဆိုကာ စစ်အုပ်စုက တောင်းရမ်းသူတွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲ၊စည်ပင်သာယာနဲ့ ထွေအုပ်ပါဝင်တဲ့ အဖွဲ့စုံက တောင်းရမ်းသူတွေကို ဇွန်လ ၁၀ရက်ကစပြီး ပိုက်စိပ်တိုက်ဖမ်းဆီးနေတဲ့အပေါ် မြို့ခံတွေက ဝေဖန်ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်က မြဝတီမြို့သာယာလှပသန့် ရှင်းဖို့အတွက်ဆိုကာ မီးပွိုင့်နဲ့ လမ်းဆုံလမ်းခွနေရာက တောင်းရမ်းသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာ မြ၀တီမြို့က မဟုတ်ဘူးလို့ စစ်တပ်ဝါဒဖြန့်သူတွေက ဆိုပါတယ်။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို ၁၀ ဦး၀န်းကျင်ဟာ စစ်ကိုင်းနဲ့ မော်လမြိုင်မြို့တွေကို နယ်နှင်ဒဏ်ပေးခံခဲ့ရပြီး နောက်တစ်ကြိမ်မြ၀တီမြို့ကို ပြန်လာတောင်းရမ်းခဲ့ရင် အရေးယူခံရမယ်လို့လည်း စစ်တပ်အာဏာပိုင်တွေက ခံ၀န်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
◾️ကျိုက်ထိုမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံး

👍12❤2🔥1🤬1
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ရဲ့ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်က ဇွန်လ ၅ရက်မှာ ကျိုက်ထိုမြို့နယ် ငှက်ပျောတောရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက်(၄၄)နှစ်အရွယ် အမျိုးသား သေဆုံးခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားပြည်သူတွေရဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူလူထုအပေါ်အခုလို ပြုမူဆက်ဆံနေရာဟာ အများအသိဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ သထုံခရိုင် အပါအဝင် KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။
◾️မင်းတပ်မှာ တိုက်ပွဲမရှိတဲ့နေရာက ဒေသခံနေအိမ်တွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီး
ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။ ချင်းညီနောင်/ချင်းပြည်သူ့အစည်းအရုံး(CB/CPU)တပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ စစ်တပ်က မေလကုန်ပိုင်းက စတင်ထိုးစစ်ဆင်လာရာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားရာ နေရာတွေကိုသာမက တိုက်ပွဲမရှိတဲ့ နေရာက နေအိမ်တွေကိုလည်း ဗုံးကြဲနေကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ ဇွန်လ ၁၂ရက် မနက် ၆နာရီခန့်က စစ်တပ်တိုက်လေယာဉ်ဟာ မင်းတပ်မြို့ပေါ်ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုနေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း ဒေသခံက အသိပေးပါတယ်။ စစ်တပ်က စစ်ရေးပစ်မှတ်မရှိဘဲ ပြည်သူ့နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံက ပြောပါတယ်။ စစ်တပ်ဟာ အခု ဇွန်လထဲမှာ မင်းတပ်မြို့နဲ့ အနီးတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။
◾️ရွှေကူမြို့အနီး တိုက်ပွဲဆက်ဖြစ်၊ စစ်တပ်အထိနာလို့ လေကြောင်းကနေ ဗုံးကြဲ
ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေကူမြို့ ၄လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ ငါးဘတ်ကြီးကျေးရွာတွေဘက်မှာ ဇွန်လ ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီနေ့မှာတော့ တော်လှန်ရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၄ နာရီကျော်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုရှိတယ်လို့ သတင်းရပေမယ့် တိတိကျကျမသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။
◾️ချောင်းဦးမှာ စစ်တပ်က နေအိိမ်တွေအပြင် စေတီပုထိုးတွေပါ မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ချောင်းဦးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၉ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ရာ ဆင်မြေကျေးရွာက ချမ်းသာကြီးဘုရားနဲ့ ငါးလုံးတင်ကျေးရွာက နှီးဘုရားပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဆင်မြေရွာလယ်က တန်ခိုးကြီးဘုရား ချမ်းသာကြီးဘုရားစေတီပါ မီးထဲပါသွားပြီလို့ ချောင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်မီးရှို့ဖျက်ဆီးမှုကြောင့် ငါးလုံးတင်ကျေးရွာက နေအိမ် ၂၈လုံး၊ မှန်ချိုရွာက နေအိမ် ၂၇ လုံးနဲ့ ဆင်မြေရွာက နေအိမ် ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
◾️ဘုတလင်မြို့နယ် လေကြောင်းတိုက်ခံရမှု ရဲဘော် ၁ ဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇွန်လ ၁၂ ရက် ဒီနေ့ နေ့လယ် ၁ နာရီကျော်မှာ ဘုတလင်မြို့နယ်၊ အရှေ့မြောက်ခြမ်းကို စစ်တပ်က Y-12 ၂စီး၊ဂျက်ဖိုက်တာ ၅စီးနဲ့ လာရောက် ဗုံးကြဲသွားတာလို့ သိရပါတယ်။ ဗုံးကြဲခံရမှုအတွင်း ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး အမျိုးသမီး ရဲဘော် ၂ဦးအပါအဝင် ၃ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေဟာ မုံရွာခရိုင်တပ်ရင်းတစ်ခုက ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ခဲ့ပြီး အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
◾️ISPတည်ထောင်သူ ဦးမင်းဇင်ကို သူလျှိုစွပ်စွဲချက်နဲ့ တရုတ် ဖမ်းဆီးထား

👍13❤4🔥1🤬1
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု(ISP)ကို တည်ထောင်ထားသူ၊ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးထားကြောင်း တရုတ်အစိုးရက ဒီနေ့ ဇွန်လ ၁၂ရက်မှာ အတည်ပြုလိုက်ပါတယ်။ တရုတ်နိုင်ငံမှာ ဦးမင်းဇင် အဖမ်းခံရကြောင်း လူမှုကွန်ရက်ပေါ် သတင်းတွေ ပျံ့နှံ့နေခဲ့တဲ့နောက် ဇွန်လ ၁၂ ရက်မှာတော့ သူ့ကို သူလျှိုမှု စွပ်စွဲချက်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်စေနိုင်လောက်တဲ့ သူလျှိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက် ဆက်နွှယ်နေကြောင်း သံသယ ရှိနေတာကြောင့် ဦးမင်းဇင်ကို ဖမ်းဆီးထားတာလို့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူလင်ကျန်းက ပြောကြားသွားပါတယ်။ ဒါပေမဲ့ အခုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ အသေးစိတ် နောက်ခံအကြောင်းအရာတွေကိုတော့ တရုတ်ဖက်က မထုတ်ပြန်ခဲ့ပါဘူး။
◾️ကမ္ဘာ့ဖလားပြိုင်ပွဲ မီဒီယာထုတ်လွှင့်ခွင့် Mytelကိုပေးတဲ့ ဖီဖာရဲ့လုပ်ရပ်ကို JFM ရှုတ်ချ
မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလား ၂၀၂၆ ပြိုင်ပွဲရဲ့ မီဒီယာထုတ်လွှင့်ခွင့်ကို စစ်တပ်ရဲ့ စီးပွါးရေးထောက်တိုင် Mytel ကုမ္ပဏီ ကိုပေးအပ်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို တာဝန်ယူကျင်းပရတဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ အခုတကြိမ်မှာလည်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှု ကင်းမဲ့ခြင်းနဲ့ လူ့အခွင့်အရေးကို လုံးဝလျစ်လျူရှုခြင်းတို့ကို ထပ်မံပြသလိုက်တယ်လို့ JFM က ဆိုပါတယ်။ အဲဒီလိုလက်ခံနိုင်ဖွယ်မရှိတဲ့လုပ်ရပ်တွေနဲ့ ဖီဖာဟာ အကျင့်ပျက်ခြစားမှုများနဲ့ သွေးစွန်းညစ်ထေးနေတဲ့ စစ်အုပ်စုကို အပေါ်ယံထုံးသုတ်ကာ ဖြူစင်သယောင် ပုံဖော်ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်ကြောင်း JFM က ထုတ်ပြန်ထားပါတယ်။ ဖီဖာအနေနဲ့ စစ်တပ်ထောက်တိုင် ခရိုနီ Max Myanmar ပိုင်ရှင် ဇော်ဇော်ကို သူတို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပြီးနောက် Mytel နဲ့ စီးပွားရေးဆက်ဆံမှုကိစ္စ ထပ်မံပေါ်ထွက်လာတာဖြစ်တယ်လို့ JFM ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
◾️အာဏာသိမ်းကာလ မြန်မာနိုင်ငံအကြောင်း စာအုပ်ရေးခဲ့သူ အမေရိကန်နိုင်ငံသားကို စစ်တပ်ဖမ်းဆီး
အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အဲဒီအမေရိကန် စီးပွားရေးလုပ်ငန်းရှင်ဟာ မြန်မာနိုင်ငံကို နောက်တစ်ကြိမ် လာရောက်ချိန် ဇွန်လ ၁၁ ရက်က အဖမ်းခံခဲ့ရတာလို့ ဖြစ်စဉ်နဲ့ နီးစပ်သူနှစ်ဦးက Reuters သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများ အသင်းရဲ့ ဥက္ကဋ္ဌဟောင်း အဒမ်ကက်စ်တီလိုဟာ ရန်ကုန်မှာ အခြေစိုက်ပြီး လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုကို ထူထောင်ထားပါတယ်။ သူဟာရန်ကုန်ကို ပြန်ရောက်လာချိန် လေဆိပ်မှာ အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ မြန်မာနိုင်ငံမှာ အမေရိကန်တစ်ဦး ထိန်းသိမ်းခံရတဲ့ ကိစ္စကိုသတင်းကြားထားကြောင်း၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ဆိုင်ရာကိစ္စတွေကြောင့် အသေးစိတ်ကိုတော့ မပြောလိုကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ကလည်း ကက်စ်တီလိုကို ဖမ်းဆီးမှု သတင်းအပေါ် ဘာမှ မထုတ်ပြန်သေးပါဘူး။

👍19❤6🔥1🤬1
ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်က လူဦးရေ ၅၀၀ ၀န်းကျင်လောက်ရှိတဲ့ ကုက္ကိုလ်စုရွာလေးဟာ စစ်တပ်အာဏာမသိမ်းခင်ကအထိ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အေးအေးချမ်းချမ်းရှိခဲ့ပါတယ်။
ဒါပေမယ့် ပေါက်မြို့အတွက် စစ်ရေးအရ အရေးပါတဲ့ လမ်းပေါ်မှာရှိနေတာကြောင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ စစ်တပ်က တပ်စွဲပြီးပြည်သူ့စစ်(ပျူစောထီး)ရွာအဖြစ် သိမ်းသွင်းခဲ့ပါတယ်။
“ပြည်သူ့စစ်ရွာအဆင့်မပြောနဲ့ တပ်ရင်း တွေ တက်သိမ်းတုန်းက စစ်တပ်က ကိုယ့်လူသူ့လူမကြည့်ဘူးအကုန်ဗုံးကြဲတာ။စစ်ခေါင်းဆောင်တွေဟာ ဘယ် တုန်းကမှ သူတို့အကျိုးကလွဲရင်ဘယ်သူမျက်နှာ မထောက်ဘူးဆိုတာ ပေါက်မြို့နယ်ရော တခြားမြို့နယ်က ပြည် သူ့စစ်နဲ့စစ်တပ်လက်ပါးစေတွေ သိစေချင်တယ်”လို့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့သိမ်းတိုက်ပွဲမှာ ပါ၀င်ခဲ့တဲ့ အညာသားတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
https://www.ludunwayoo.com/feature-mm/2026/06/12/159822/

LuduNwayOo
စစ်တပ်ဗုံးကြဲတာခံခဲ့ရတဲ့ ပျူစောထီးရွာ | LuduNwayOo
စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်းတွေသိမ်းဆည်းပြီး ပျူစောထီးတွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် စစ…
👍34❤4🤣2
ရဲဘော်မုန်တိုင်းဟာ ရွှေ ၁၆ ပိဿာကျော် တရားမဝင်ထုတ်ယူပြီး တပ်ဖွဲ့ထံ ပြန်မအပ်လို့ဖမ်းဆီးရတာဟု NUG ကာကွယ်ရေး ရှင်းလင်း
◾️မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ
ဇွန် ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF အထူးလှုပ်ရှားတပ်မရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ စစ်ဦးစီးအဖွဲ့ရဲ့ အကြီးအကဲအဖြစ်တာဝန်ယူခဲ့တဲ့ ရဲဘော်မုန်တိုင်းနဲ့ စစ်ဦးစီးအဖွဲ့ဝင် စစ်ထောက်တာဝန်ခံ တာဝန်ယူခဲ့တဲ့ ရဲဘော်နိုင်ကြီးတို့ ဖမ်းဆီးထားမှုနဲ့ စုံစမ်းစစ်ဆေးချက်ဆိုင်ရာ အစီရင်ခံစာကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ဇွန်လ ၁၃ရက်မှာ ထုတ်ပြန်ရှင်းလင်းပါတယ်။
ရဲဘော်မုန်တိုင်းဟာ တပ်တွင်းစည်းကမ်းချိုးဖောက်မှုကြောင့် အရေးယူထားစဉ် တပ်ဖွဲပိုင် ရွှေ ၁၆ ပိဿာကျော် တရားမဝင် ထုတ်ယူခဲ့ခြင်းကြောင့်ဖြစ်ပြီး ရဲဘော်နိုင်ကြီးက အဲဒီ ရွှေတွေထုတ်ပေးခဲ့လို့ ဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။
“ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ တင်ပြချက်များအရ စစ်ဆင်ရေးနှင့် စုဖွဲ့မှု တာဝန်ခံ ရဲဘော်မုန်တိုင်းသည် တပ်ဖွဲ့အတွင်းရှိ ကာမပိုင် အမျိုးသမီးတဦးနှင့် လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်အတွင်း သိရှိပေါ်ပေါက်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ရဲဘော်မုန်တိုင်း၏ ဦးဆောင်မှုကို အယုံအကြည်ကင်းမဲ့လာကြခြင်းနှင့်အတူ တပ်တွင်းစည်းလုံးမှုပျက်ပြားလာခြင်းကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ဦးဆောင်မှုနှင့် တပ်ဖွဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲခဲ့ရပြီး စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ရဲဘော်မုန်တိုင်းအားလည်း အပြစ်ပေး အရေးယူခဲ့ပါသည်"လို့ NUG ကာကွယ်ရေးက အရေးယူမှု ဖြစ်စဉ်အစကို ရှင်းပြထားပါတယ်။
အဲဒီပြစ်မှုအတွက် ရဲဘော်မုန်တိုင်းအား စစ်တရားရုံးဖြင့် စစ်ဆေးပြီး ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ရမှာ ဖြစ်ပေမယ့် အဲဒီကာလက မဟာမိတ်နဲ့ ဆောင်ရွက်ဆဲ စစ်ရေးကိစ္စများကြောင့် အချုပ်ပြစ်ဒဏ် (၆)လသာ ကျခံစေခဲ့ကြောင်း၊ အချုပ်ပြစ်ဒဏ် (၆)လ ကျခံနေစဉ်အတွင်း ရဲဘော် မုန်တိုင်းအား စစ်ဆင်ရေးကိစ္စများမှတပါး တပ်ဖွဲ့ရဲ့ ကျန်လုပ်ငန်းဆောင်တာများမှ အနားပေးခဲ့ကြောင်း အသိပေးပါတယ်။ စစ်ဆင်ရေးကိစ္စများ ဆောင်ရွက်ရာတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဗဟိုစစ်ကော်မရှင်ရဲ့ ညှိနှိုင်းကွပ်ကဲမှုဖြင့်သာ ဆောင်ရွက်ရန် သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ပြစ်ဒဏ်ချခြင်းအပြင် MDY PDF ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက်မှာ ရဲဘော်မုန်တိုင်းဟာ စစ်ရေးဌာနကြီးရဲ့ ဌာနကြီးမှူး အဖြစ်လည်းကောင်း၊ ရဲဘော် နိုင်ကြီးဟာ ဘဏ္ဍာရှာဖွေရေးဌာနရဲ့ ဌာနကြီးမှူးအဖြစ်လည်းကောင်း ဆက်လက် တာဝန်ပေးအပ်ခံခဲ့ ရတယ်လို့ ဖော်ပြထားပါတယ်။
" ရဲဘော်မုန်တိုင်း အနေဖြင့် မဟာမိတ်နယ်မြေတခုတွင် အချုပ်အပြစ်ဒဏ်ကို ကျခံနေရချိန်၌ ပြစ်ဒဏ်ကို အပြည့်အဝ မခံယူဘဲ ပုံစံအမျိုးမျိုးဖြင့် ရှောင်လွှဲခဲ့သည့်အပြင် စစ်ဆင်ရေးမှတပါး ကျန်လုပ်ငန်းဆောင်တာများမှ အနားပေးထားသည် ဆိုသည့်အချက်ကို လုံးဝမလိုက်နာဘဲ သက်ဆိုင်ရာ ဦးစီးကဏ္ဍအလိုက် တာဝန်ခွဲဝေလုပ်ဆောင်နေသည့် တပ်ဖွဲ့၏ အုပ်ချုပ်ကွပ်ကဲမှု ယန္တရား များတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြင့် တပ်ဖွဲ့အတွင်း မလိုလားအပ်သော ပြဿနာများ ဆက်တိုက် ပေါ်ပေါက်ခဲ့ကြောင်းလည်း တွေ့ရှိရပါသည်” လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် ရဲဘော်မုန်တိုင်းဟာ ပြစ်ဒဏ်ကျခံနေရတဲ့ ကာလအတွင်းမှာ ဘဏ္ဍာရှာဖွေရေးဌာနကြီးရဲ့ ဌာနကြီးမှူး ရဲဘော်နိုင်ကြီးကို တရားမဝင်ဆက်သွယ်စေခိုင်း၍ တပ်ဖွဲ့ပိုင် ဘဏ္ဍာငွေကြေးနဲ့ ရွှေများအား ထုတ်ယူမှုများ ရှိနေကြောင်း သတင်းရလို့ ၂၀၂၅ မေလမှာ တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ကို ဖွဲ့စည်း စစ်ဆေးခဲ့ရာ ဘဏ္ဍာရှာဖွေရေးဌာနကြီးက တာဝန်ယူလုပ်ဆောင်နေသော လုပ်ငန်းအမျိုးမျိုး ရှိသည့်အနက် ရွှေလုပ်ငန်းကိုသာ အဓိကဦးစားပေး စစ်ဆေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စာရင်းစစ် ရလဒ်များအရ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးဟာ တပ်ဖွဲ့ပိုင် ရွှေ ၁၆ဒသမ ၆ ပိဿာအား တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင်ထုတ်ယူသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ရှင်းလင်းထားပါတယ်။
အဲဒီလို ထုတ်ယူတာကို ကာယကံရှင် ၂ဦးက ၂၀၂၅ ဩဂုတ်လမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ပြစ်မှုအတွက် ပေးအပ်တဲ့ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်းကိုလည်း ကာယကံရှင်နှစ်ဦးက ကတိပြုခဲ့ပေမယ့် ကျခံရမည့် အပြစ်ဒဏ်ကို မခံယူဘဲ အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲခဲ့ရုံမျှမက ရွှေ ၁၆ ပိဿာကျော်ကိုလည်း တပ်ဖွဲ့ထံ ပြန်လည်အပ်နှံခဲ့ခြင်းမရှိဟု ထုတ်ပြန်ပါတယ်။

❤27👍19🤬3🤣2🤔1