People's Spring
✔
59.6K subscribers
72.2K photos
1.27K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
Fortify Rights ကို​ဖြေကြား​ပေးခဲ့တဲ့ စစ်တပ်ရဲ့ဖမ်းဆီးငြင်းပန်းနှိပ်စက်မှုခံခဲ့ရတဲ့
နိုင်ငံ​ရေးအကျဥ်းသူ နဲ့ နိုင်ငံ​ရေးအကျဥ်းသားအားလုံးလွတ်​မြောက်​ရေးဆု​တောင်း​နေတဲ့ ထိုင်းနိုင်ငံ​ရောက် မြန်မာတဦး။
ဓါတ်ပုံ-Fortify Rights ၊Getty Images
👍26😢11🔥2
ISPတည်ထောင်သူ ဦးမင်းဇင်ကို သူလျှိုစွပ်စွဲချက်နဲ့ဖမ်းဆီးထားကြောင်း တရုတ် အတည်ပြု

ဇွန်-၁၂၊၂၀၂၆။People's Spring

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP)ကိုတည်ထောင်ထားသူ၊အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားတဲ့ ဦးမင်းဇင်ကိုသူလျှိုစွပ်စွဲချက်နဲ့ဖမ်းဆီးထားကြောင်း တရုတ် အစိုးရက ဒီက​နေ့အတည်ပြုလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ဦးမင်းဇင် အဖမ်းခံရကြောင်း လူမှုကွန်ရက်ပေါ် သတင်းတွေ ပျံ့နှံ့နေခဲ့တဲ့နောက် ဇွန်လ ၁၂ ရက်နေ့မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သူ့ကို သူလျှိုမှု စွပ်စွဲချက်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်း
ခြောက်စေနိုင်လောက်တဲ့ သူလျှိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက် ဆက်နွှယ်နေကြောင်း သံသယ ရှိနေတာကြောင့် ဦးမင်းဇင်ကို ဖမ်းဆီးထားတာလို့သတင်းစာ ရှင်းလင်းပွဲမှာတရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး
ဆိုခွင့်ရအရာရှိ လင်ကျန်းက ပြောကြားသွားပါတယ်။ ဒါပေမဲ့ အခုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ အသေးစိတ် နောက်ခံအကြောင်းအရာတွေကိုတော့တရုတ်ဖက်ကမထုတ်ပြန်ခဲ့ပါဘူး။

ISP-Mဟာမြန်မာ့နိုင်ငံရေး၊ပြည်တွင်း ပဋိပက္ခတွေရဲ့အရွေ့တွေကိုစောင့်ကြည့် လေ့လာနေတဲ့သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ISP-Mဟာ မြန်မာ့ နယ်စပ် ဒေသတွေအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးပုံ အကြောင်းတွေ၊ တရုတ်ဟာ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် ပံ့ပိုးပုံတွေကို ISP-Mက ဖော်ပြခဲ့ဖူးပါတယ်။

အမည်မဖော်လိုသူ ISP-M သတင်းရင်းမြစ် တစ်ဦးကတော့ ဦးမင်းဇင်ဟာ ဇွန်လ ၃ ရက်နေ့တုန်းက ယူနန်ပြည်နယ်၊ ကူမင်းမြို့က လေ
ဆိပ်တစ်ခုမှာ အဖမ်းခံခဲ့ရတာလို့ ပြောပါတယ်။သူဟာအစည်းအဝေးတစ်ခု သွားတက်ရင်း တရုတ်အာဏာပိုင်တွေရဲ့ထိန်းသိမ်းခြင်းကိုခံခဲ့ရတာလို့အမည်မဖော်လိုသူ နောက်ထပ် နီးစပ်သူ တစ်ဦးက ဆိုပါတယ်။ ဦးမင်းဇင် အဖမ်းခံရလို့ မိသားစုက စိုးရိမ်သောကရောက်နေကြောင်းလည်း အဲဒီ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

တရုတ်အာဏာပိုင်တွေကအခုဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ကွမ်ကျိုးမှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးဆီ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်သွယ်အသိပေးပြီး ယဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဦးမင်းဇင် အဖမ်းခံရမှုအပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ISP-Mကပါ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းISP-Mဟာထိုင်းနိုင်ငံမှာ​ပြောင်း​ရွေ့ အခြေစိုက်ပါတယ်။ISP-Mရော၊ တခြား တရုတ်အရေး အကဲခတ်တွေကပါ စစ်တပ်
ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ ဩဇာဖြန့်ကျက်လွှမ်းမိုးဖို့အတွက်အာဏာသိမ်းစစ်
တပ်ကိုရော၊ဒေသခံ တိုင်းရင်းသား လက်နက်
ကိုင် တပ်ဖွဲ့တွေနဲ့ပါ ထိတွေ့ ဆက်ဆံတာ၊
ထောက်ပံ့တာတွေရှိနေကြောင်းသုံးသပ်ထားကြပါတယ်။

ကိုးကား-AFP
🤬27👍3👎3🔥2❤1👏1🤔1😡1
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP-M)တည်​ထောင်သူ ဦးမင်းဇင်ကိုဆွေး​နွေးပွဲတခုမှာ​တွေ့ရစဥ်
👍23❤5🔥3😢2😁1💩1
ကောင်းတပ်ရွာပေါက်ကွဲမှုပြန်လည်ထူထောင်ရေးအတွက် ၀တပ်ဖွဲ့က ကျပ်သိန်း ၆၀၀၀ လှူဒါန်း

▪️မွန်တပ် RMA၊ မိုင်းလားတပ် NDAAတို့လည်း လှူဒါန်း

ဇွန်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ချမ်းမြို့ ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ၀တပ်ဖွဲ့(UWSA)က ကျပ်သိန်း ၆၀၀၀ လှူဒါန်းခဲ့ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက အသိပေးထားပါတယ်။

ကောင်းတပ်ရွာပေါက်ကွဲမှုအတွက် UWSA လားရှိုးဆက်ဆံရေးရုံးက ကနဦး ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ပြီး ဇွန် ၁၂ရက်မှာ UWSA တပ်ဖွဲ့က ကျပ်သိန်း ၆၀၀၀ ထပ်မံလှူဒါန်းလာတာဖြစ်ပါတယ်။

ဦးညီရန်း ဖော်ပြခဲ့တဲ့ ကောင်းတပ်ရွာသွားရောက် လှူဒါန်းမှု မှတ်တမ်းဓာတ်ပုံတွေမှာ အလှူငွေပေးအပ်လှူဒါန်းမှု၊ TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းနဲ့ ဦးညီရန်းတို့ ပါဝင်တဲ့ အဖွဲ့က ဒေသခံတွေနဲ့ တွေ့ဆုံခဲ့မှုတွေကို တွေ့ရပါတယ်။

၀တပ်ဖွဲ့နည်းတူ မွန်ပြည်သစ်ပါတီ မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်တိုက်ဖျတ်ရေး/ရာမညမွန်တပ်တော် (MNSP – AD)/RMA) ကလည်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့တာကို ကောင်းတပ်ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒေသခံ ပြည်သူများ ပြန်ထူထောင်ရေးနဲ့ ဆေးကုသမှု လုပ်ငန်းတွေအဆင်ပြေစွာ လုပ်ဆောင်နိုင်ဖို့ မိုင်းလားတပ်ဖွဲ့ (NDAA)ရဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသ(၄)၊ မိုင်းလားကျန်းမာရေးကော်မတီက တရုတ်ယွမ်ငွေ(၄)သိန်းကျော် တန်ဖိုးရှိဆေးဝါးများအား လှူဒါန်းပေးအပ်ခဲ့ဟု ကော်မတီက အသိပေးထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ အာရက္ခတပ်တော်(AA) တို့ကလည်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့သလို ပြည်တွင်း ပြည်ပ အလှူရှင်စေတနာရှင်တွေကလည်း တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ စုပေါင်း၍ ဖြစ်စေ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။

ကောင်းတပ်ရွာရှိ TNLAရဲ့ ယမ်းသိုလှောင်ရုံဟာ မေလ ၃၁ရက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ကြီးမားတဲ့ ပေါက်ကွဲမှုကြောင့် ပြည်သူ ၅၀ ဦး ဝန်းကျင်သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံအများအပြား ပျက်စီးခဲ့ပါတယ်။

ပေါက်ကွဲမှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမယ်လို့ TNLAက ထုတ်ပြန်ထားပြီး နှစ်ပတ်နီးပါး ကြာတဲ့အထိ အသေးစိတ် အချက်အလက်တွေ ထပ်မံ ထုတ်ပြန်တာ မရှိသေးပါဘူး။
❤19👍9🤮5😁2
ဓာတ်ပုံ - Nyi Rang
❤17👍10🤬2🤮2🔥1
▪️Photo News

ဇွန်-၁၂၊၂၀၂၆/People's Spring

သက်တန်းရင့်အဆောက်အဦးတွေများပြားတဲ့ ရန်ကုန်မြို့လယ်က ကျောက်တံတားမြို့နယ် ၃၇ လမ်းမှာရှိတဲ့ တိုက်တစ်ခုရဲ့ ဆန်းရှိတ်ပြိုကျခဲ့တာကြောင့် အောက်မှာ ဒရပ်ထားတဲ့ကား ပျက်စီးမှုရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ (ဇွန်၁၂) နံနက် ၃ နာရီလောက်မှာ ၃၇ လမ်း အလယ်ဘလောက်မှာရှိတဲ့ သုံးထပ်တိုက်အဆောက်အဦးကနေ ဆန်းရှိတ်ပြိုကျခဲ့တာဖြစ်ပြီး အောက်မှာရပ်ထားတဲ့ ကားရဲ့ နောက်ပိုင်းမှာ ထိခိုက်မှုရှိခဲ့တာပါ။

ဒီဖြစ်စဉ်ကြောင့် လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

"မိုးရာသီမှာ တိုက်အိုတိုက်ဟောင်းရှေ့မှာ ကားမရပ်ဖို့နဲ့ မိုးမခိုဖို့ သတိပေးပါရစေ" လို့ ဒီဖြစ်စဉ်ကိုတွေ့မြင်ခဲ့သူက သတိပေးထားပါတယ်။
👍29❤3🔥2
ဓာတ်ပုံ - Ngwe Eain Si Online Store/Fb
👍27🔥2😢1
မြ၀တီမြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေဖမ်းဆီးပြီး မြို့ပြင်ထုတ်နယ်နှင်ဒဏ်ပေး

ဇွန် -၁၂၊၂၀၂၆။မိုမို/People's Spring

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲ၊စည်ပင်သာယာနဲ့ ထွေအုပ်ပါဝင်တဲ့ အဖွဲ့စုံက တောင်းရမ်းသူ တွေကို ဇွန်လ ၁၀ရက်ကစပြီး ပိုက်စိပ်တိုက်ဖမ်းဆီးနေတဲ့အပေါ် မြို့ခံတွေက ဝေဖန်ပါတယ်။

"အုပ်စုလိုက်ကြီး ဖမ်းကြတာ။သေနတ်ကိုင်ထားတဲ့သူတွေတောင် ပါတယ်။သူတို့ အလုပ်ကို လုလို့ ဖမ်းခံရတာ "လို့ မြ၀တီဒေသခံတစ်ဦးက စစ်တပ်အာဏာပိုင်တွေရဲ့လုပ်ရပ်ကို လှောင်ပြောင်ပြောဆိုပါတယ်။

မြန်မာ-ထိုင်းနယ်စပ်က မြဝတီမြို့သာယာလှပသန့် ရှင်းဖို့အတွက်ဟုဆိုကာ မီးပွိုင့်နဲ့ လမ်းဆုံလမ်းခွနေရာက တောင်းရမ်းသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာ မြ၀တီမြို့က မဟုတ်ဘူးလို့ စစ်တပ်ဝါဒဖြန့်သူတွေက ဆိုပါတယ်။

ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို ၁၀ ဦး၀န်းကျင်ဟာ စစ်ကိုင်းနဲ့ မော်လမြိုင်မြို့တွေကို နယ်နှင်ဒဏ်ပေးခံခဲ့ရပြီး နောက်တစ်ကြိမ်မြ၀တီမြို့ကို ပြန်လာတောင်းရမ်းခဲ့ရင် အရေးယူခံရမယ်လို့လည်း စစ်တပ်အာဏာပိုင်တွေက ခံ၀န်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

"ပြည်သူတွေက ရိုးရိုးသားသားတောင်းစားနေကြတာပါ။အလုပ်မရှိရင် အလုပ်ရှာပေးရမဲ့ တာဝန်ဘယ်သူ့မှာတာဝန်အရှိဆုံးလည်း။ သက်ကြီးရွယ်အိုတွေလေ။သူ တို့က မခိုးမစားဘူး နိုင်ငံတော်ပစ္စည်းလည်း
မခိုးဘူး။တောင်းလည်မတောင်းခဲ့ဘူး။ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ လုပ်ရပ်မျိုး အကျင့်
မျိုးတွေ ရှိနေသ၍ ပြည်သူတွေ မှာတော ဒုက္ခတွေ့ကြကြုံကြရအုံးမယ်"လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

မြဝတီမြို့တောင်ဘက်မှာ လက်တလော တိုက်ပွဲတွေလည်း ဖြစ်နေပါတယ်။ မြို့တောင်ဘက်က စစ်တပ်ရဲ့ ဝေါ်လေဗျူဟာတပ်စခန်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ဖြစ်ပွားနေဆဲ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ သဘာ၀ဘေးတွေကြောင့် မြန်မာနိုင်ငံမှာနေရပ်စွန့်ခွာရွှေ့ပြောင်းရသူ လေးသန်းထက်မနည်းရှိနေပြီး လူသားချင်စာနာထောက်ထားမှု အရေးပေါ်အကူအညီလိုအပ်သူက သန်း ၂၀ နီးပါးရှိနေတယ်လို့ ကုလအဖွဲ့အစည်တွေက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းမှုအပြီး အလုပ်အကိုင် ရှားပါးလာတာ၊ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာ အပါအ၀င် ဆင်းရဲချမ်းသားကွာဟချက်မြင့်မားလာပြီး ငါးနှစ်အတွင်း အာရှနိုင်ငံတွေထဲ အဆင်းရဲ‌ဆုံးသုံးနိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံပါ၀င်လာတယ်လို့ နိုင်ငံတကာ စီးပွားရေးစစ်တမ်းတွေက ဖော်ပြပါတယ်။
❤18👍11🤬5💔4🔥3😢1😡1
(မြဝတီမြို့မှာ တောင်းရမ်းသူတွေကို စစ်အုပ်စုက ဖမ်းဆီးပြီးမြို့အပြင်ထုတ်နေစဉ်။ ဓာတ်ပုံ - CJ)
🤮22🤬8💔8😡2😢1
ကျိုက်ထိုမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံး

ဇွန်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ရဲ့ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်က ဇွန်လ ၅ရက်မှာ ကျိုက်ထိုမြို့နယ် ငှက်ပျောတောရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက်(၄၄)နှစ်အရွယ် အမျိုးသား သေဆုံးခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားပြည်သူတွေရဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူလူထုအပေါ်အခုလို ပြုမူဆက်ဆံနေရာဟာ အများအသိဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ သထုံခရိုင် အပါအဝင် KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

ဒီလိုတိုက်ခိုက်ရာမှာ ကလေးငယ်တွေ စာသင်တဲ့နေရာတွေ၊ ဘာသာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
🤬28❤8👎2🔥1🥴1
👎15🤬10😢4🔥1
■​ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင် ဘာပေးမလဲ

Scorpio/People's Spring

လာမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။

အကျပ်အတည်းနဲ့ အမှောင်ထုကြားထဲမှာပဲ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို
မမေ့လျော့ကြောင်း၊ တော်လှန်ရေးစိတ်ဓာတ်တွေ မဆုတ်မနစ် ရှိနေကြောင်းကို သက်သေ
ပြဖို့အတွက် (၈၁) ပြည့်မွေးနေ့ကမ်ပိန်းတွေကို နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့လုပ်ဖို့ ပြင်
ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုလက်ဆောင်တွေ ပေးကြမလဲ။

အားကစားကိုအခြေပြုပြီး လက်ဆောင်ပေးဖို့ စီစဥ်ထားသူတွေရှိပါတယ်။ဒရုန်းစစ်ဆင်ရေးတစ်ခုမှာလက်နက်ကြီးထိပြီးခြေထောက်တစ်
ဖက်ဆုံးရှုံးထားတဲ့ ရဲဘော်သရဲကြီးက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကမ်ပိန်းမှာ ခြေ
လှမ်းပေါင်း (၈၁၀၀)လျှောက်ပြီး ပါဝင်မယ်လို့ အသိပေးပါတယ်။

"မိတ်ဆွေတွေအနေနဲ့လည်း ကိုယ်တတ်နိုင်တာပါဝင်ပေးကြပါခင်ဗျာ။ရဲဘော်တွေအနေနဲ့လည်း ဒိုက် (၈၁)ကြိမ်ထိုးတာပြီးတော့အစ်မတစ်ယောက်ပြောသလိုပစ္စည်း (၈၁)မျိုးရောင်းပြီး တလရကိုကူတာမျိုးလည်း လုပ်လို့ရပါတယ်ခင်ဗျာ။"လို့ သူကတောင်းဆိုထားပါတယ်။

နောက်တစ်ဦးကတော့ တစ်ရက်ကိုမိနစ် ၁၀၀ စတင်ပြေးနေပြီးမွေးနေ့ဇွန်လ ၁၉ ရက်အထိ ပြေးသွားမယ်လို့ ဆိုပါတယ်။

နောက်ထပ်တစ်ဦးကလည်း ဇွန် ၁ရက် ကနေမွေးနေ့ ဇွန် ၁၉ မနက်ပိုင်းအထိ ခြေလှမ်းပေါင်း ၈၁,၀၀၀ လျှောက်မယ်လို့အဓိဌာန်ထားတယ်လို့ သိရပါတယ်။

နောက်တစ်ခုကတော့ ဘာသာရေးပေါ် အခြေ
ခံရင်း ပေးမယ့်လက်ဆောင်ပါ။ ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီကမ်ပိန်းမှာ ဘာသာရေးအလုပ်တွေလုပ်ရင်း ပါဝင်ကြဖို့ ရှိပါတယ်။ အကျဥ်းစံ ဒေါ်အောင်ဆန်းစုကြည် အေးချမ်းစေဖို့ မေတ္တာသုတ် ၈၁ ​ကြိမ်ရွတ်ကြမယ့်သူတွေရှိတယ်။

ပန်း ၈၁ ပွင့် လှူဖို့ပြင်တဲ့သူရှိတယ်။ အချုပ်
အနှောင်က လွတ်စေဖို့ မောရသုတ်၊ ကျန်းမာ
ရေးကောင်းစေဖို့ ဗောဇ္ဈင်္ဂသုတ် စတဲ့ ပရိတ်တွေကို တနေ့ ၉ ‌ခေါက်နဲ့ ၉ ရက်ရွတ်ကြမယ့်သူတွေရှိတယ်။ သမ္ဗုဒ္ဓေ ၈၁ခေါက်ရွတ်ရင်းပါဝင်မယ့်သူတွေလည်း ရှိနေပါတယ်။

နောက်တမျိုးကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရင်း လက်ဆောင်ပေးမယ့်သူတွေပါ။

တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကြိုက်တဲ့ နှင်းဆီပင်တွေစိုက်ဖို့ပြင်တယ်။ ခ​ရေပင် ၈၁ ပင်စိုက်မလို့ ပန်းခြံကိုမှာထားသူတွေ ရှိနေပါတယ်။ ဒါ့အပြင် တော်လှန်ရေးအတွက် အ
ထောက်အပံ့ဖြစ်အောင် နွေဦးထီ ၈၁ စောင်စပ်ပြီး ထီထိုးကြသူတွေရှိတယ်။ မုန့် ၈၁ ပွဲလုပ်ရောင်းပြီး တော်လှန်ရေးကို ကူမယ့်သူတွေရှိနေပါတယ်။

နောက်ထပ်လုပ်လို့ရမယ့်နည်းလမ်းတွေလည်း ရှိနေပါသေးတယ်။ တော်လှန်ရေး ရန်ပုံငွေရှာဖွေပေးနေတဲ့ Click to Donate အက်ပလီကေးရှင်းတွေ သို့မဟုတ် YouTube ဗီဒီယိုတွေကို အဲဒီနေ့မှာ (၈၁) မိနစ် သို့မဟုတ် ဗီဒီယို (၈၁) ခု ပြည့်အောင် ကြည့်ရှုပြီး ဝင်ငွေရှာဖွေပေးတာမျိုး၊ စစ်ဘေးရှောင်တွေကို လှူတာမျိုး၊ ရှေ့တန်းက ရဲဘော်တွေအတွက် မိမိတတ်နိုင်တဲ့ ပမာဏကနေစပြီး (၈၁၀၊ ၈၁၀၀၊ ၈၁၀၀၀ စသဖြင့်) လှူဒါန်းတာ အများကြီး ရှိနေပါသေးတယ်။

စာဖတ်သူကော ဘယ်လိုပါဝင်မယ်ဆိုပြီး စိတ်
ကူးထားပါသလဲ။ အောက်မှာ မှတ်ချက်ဝင်ရောက်ရေးသွားပေးပါဦး။ ။
❤29👍8🤮1
❤35🥰1🤮1
ချောင်းဦးမှာ စစ်တပ်က နေအိိမ်တွေအပြင် စေတီပုထိုးတွေပါ မီးရှို့ဖျက်ဆီး

ဇွန်-၁၂၊ ၂၀၂၆။ဟာနာဆန်၊People's Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၉ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ရာ ဆင်မြေကျေးရွာက ချမ်းသာကြီးဘုရားနဲ့ ငါးလုံးတင်ကျေးရွာက နှီးဘုရားပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဆင်မြေရွာလယ်က ချမ်းသာကြီးဘုရားစေတီပါ မီးထဲပါသွားပါပြီ။ တန်ခိုးကြီးဘုရား။ နှစ်စဉ်နှစ်ဆန်း ၁ရက်နေ့တိုင်း အစဉ်အလာ မိုးကောင်းမိုးရွာအောင် ဆုတောင်းပြုကြတဲ့ ဘုရားစေတီပါ မီးရှို့သွားကြတာ။ ငါးလုံးတင်က နှီးဘုရားကို မီးရှို့တာမှ ယုတ်ယုတ်မာမာ မီးရှို့သွားတာတဲ့။ နှီးဘုရားလက်တော် ဂျိုင်းအောက်ကို သေချာထည့်ရှို့သွားတာရယ်"လို့ ချောင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်မီးရှို့ဖျက်ဆီးမှုကြောင့် ငါးလုံးတင်ကျေးရွာက နေအိမ် ၂၈လုံး၊ မှန်ချိုရွာက နေအိမ် ၂၇ လုံးနဲ့ ဆင်မြေရွာက နေအိမ် ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ကတော့ ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာက PDF တွေစခန်းသိမ်းနိုင်ခဲ့ပြီး PDF ရဲဘော် ၂ ဦးကျဆုံးတယ်လို့ ဝါဒဖြန့်နေပါတယ်။ဒါပေမယ့် တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပေမဲ့ အဆိုပါစခန်းတွေဟာ စခန်းဟောင်းတွေသာဖြစ်ပြီး PDF ၂ ဦးကျဆုံးရတာကလည်း အသေခံဒရုန်းတွေကြောင့်သာဖြစ်ကြောင်း၊ တိုက်ပွဲမှာ စစ်တပ်ကသာ အထိနာခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ်တောင်ပိုင်းကို အာဏာသိမ်း စစ်တပ်က ဇွန်လ ၁ ရက်ကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေတာကြောင့် ကျေးရွာ ၁၁ ရွာထက်မနည်း တိမ်းရှောင်နေရပါတယ်။

ဇွန်လ ၅ ရက်ကလည်း ရှမ်းထူးကျေးရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာ ၄ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက် ၄၅ နှစ်အရွယ် ကိုဝင်းကျော်ဆိုသူ အမျိုးသားတစ်ဦးသေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ဆင်မြေရွာနဲ့ ငါးလုံးတင်ရွာမှာလည်း ပါရာမိုတာနဲ့ ဂွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ့တွေရဲ့ နေအိမ်နဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
🤬20🔥14❤7👎2🙏1
🔥22🤬6👎4
ဘုတလင်မြို့နယ် လေကြောင်းတိုက်ခံရမှု ရဲဘော် ၁ ဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာရ

ဇွန်-၁၂၊၂၀၂၆၊ကတ်သရင်းနှင်း/People's Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇွန်လ ၁၂ ရက် ဒီနေ့နေ့လည် ၁ နာရီကျော်မှာ ဘုတလင်မြို့နယ်၊ အရှေ့မြောက်ခြမ်းကို စစ်တပ်က Y-12 ၂စီး၊ဂျက်ဖိုက်တာ ၅စီးနဲ့ လာရောက် ဗုံးကြဲသွားတာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုအတွင်း ရဲဘော် ၁ ဦး‌‌ကျဆုံးခဲ့ပြီး အမျိုးသမီး ရဲဘော် ၂ဦးအပါအတင် ၃ဦး ထိခိုက်‌‌ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

" မနေ့က ကင်းထောက် လေယာဉ်လာတာကို ပေါ့ဆသလိုဖြစ်သွားတယ်ထင်တယ်။ ကင်းထောက်ဝဲပြီး ဒီနေ့ လာကြဲတာ။၃စီးက ဒီကို တိုက်ရိုက်လာတာ။ကျန်တဲ့အစီးတွေက ကနီဘက်ကနေ ဝဲတက်လာတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်‌ဒဏ်ရာရတဲ့ရဲဘော်တွေဟာ မုံရွာခရိုင်တပ်ရင်းတစ်ခုက ဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ခဲ့ပြီး အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

စစ်တပ်က ကာကွယ်ရေးဦးစီးချုပ်အသစ်ပြောင်းပြီးနောက် လေယာဉ်တွေ အုပ်စုလိုက်ဗုံးကြဲတာ တွေပြုလုပ်နေပြီး လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်လျှင် အနည်းဆုံး လေယာဉ် ၃စီးကနေ ၇ စီးအထိ အသုံးပြုလာတာကို တွေ့ရပါတယ်။
😢32❤4🤬2👎1🔥1
(ဘုတလင်မြို့နယ် အနောက်ခြမ်း သခွတ္တနယ်ကျေးရွာက ဆီဆိုင်တစ်ဆိုင် စစ်တပ်လေကြောင်းတိုက်ခိုက်လို့ မီးလောင်နေတာကို ၂၀၂၅ ဩဂုတ်လက တွေ့ရစဉ်။ ဓာတ်ပုံ- Budalin Mobile Team-BMT)
🤬33😭5😡2👎1🔥1
ရွှေကူမြို့အနီး တိုက်ပွဲဆက်ဖြစ်၊ စစ်တပ်အထိနာလို့ လေကြောင်းကနေ ဗုံးကြဲ

ဇွန်-၁၂၊၂၀၂၆။ဇော်ရမ်း/ People's Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူမြို့ ၄လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ ငါးဘတ်ကြီးကျေးရွာတွေဘက်မှာ ဇွန်လ ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီ‌နေ့မှာတော့ တော်လှန်ရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၄ နာရီကျော်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

" စကစဘက်က အများကြီးပဲ ထိတာ။ KIA က ဒရုန်းနဲ့ အတိအကျချတာ။ လေ‌ကြောင်းကနေပါ လာပစ်ရတာ"လို့ တော်လှန်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုရှိတယ်လို့သတင်းရပေမယ့် တိတိကျကျမသိရသေးဘူးလို့ ၎င်းက ပြောပါတယ်။

ရွှေကူမြို့အနီးက ၅လမ်းဆုံပါဝင် နေရာချို့မှာ ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီနဲ့ မေလထဲမှာ အခြေအနေတွေငြိမ်သက်နေခဲ့ပေမယ့် မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ဇွန်လ ၈ရက်နေ့က KIA သတိပေးချက်ထုတ်ပြန်ပြီးနောက်ပိုင်း စစ်တပ်က ပထမဆုံးလေကြောင်းကနေတိုက်ခိုက်တာဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲမှာ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့လည်း သတင်း‌တွေထွက်ပေါ်နေပါတယ်။

" ဒေသခံတွေပိတ်မိနေတာရှိတယ်။ KIA က ထွက်ခိုင်းတယ်။ စစ်တပ်ကမထွက်ခိုင်းဘဲ ပိတ်ထားတယ်။ ရွာကိုပိတ်ထားပြီး လေကြောင်းကနေပါဗုံးကြဲတော့ ဘယ်လိုမှနေလို့မတတ်တော့ဘူး" လို့ ‌ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေကူမြို့ဟာ လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ ဗန်းမော်မြို့အပြင် KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့၊ စစ်ကိုင်းတိုင်းထဲမှာစစ်ရေးတင်းမာနေတဲ့ ကသာမြို့တွေနဲ့လည်း ဆက်စပ်နေပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၁၂)က ရွှေကူမြို့နယ်မှ ဒေသခံတွေ မြို့ကနေ ခေတ္တတိမ်းရှောင်ဖို့ ဇွန်လ၈ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က မြို့ကို ပိတ်ဆို့ခဲ့ပြီး ဒေသခံတွေကိုလည်းမြို့ကနေ မထွက်ခွာဖို့ ဖိအားပေးခဲ့ပါတယ်။ ဒီနေ့ညပိုင်းမှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
👍35❤5🤬4🤣1
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP)
❤32👍17🤣2🤬1