အဓမ္မစုဆောင်းမှုခံရတဲ့ ပြည်သူ့စစ်မှုထမ်းတွေ အလင်းဝင်မှ အသက်ရှင်မယ်လို့ NUG သတိပေး
▪️စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ
ဇွန် ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ထဲမှာရှိတဲ့ ပစလို့ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားတွေ အနေနဲ့ အလင်းဝင်မှ အသက်ရှင်မယ့်အကြောင်း သတိပေးလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သတိပေးထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ပေါ်တာဆွဲခံရတဲ့ လယ်သမား ကိုချစ်ကိုဦးက ပြည်သူဘက်ခိုလှုံ အလင်းဝင်လာပြီး တပ်တွင်း အတွေ့အကြုံတွေ ပြန်ပြောပြတဲ့ ရုပ်သံကို NUGက ဖော်ပြပြီး အခုလို သတိပေးခဲ့တာပါ။
“ကိုချစ်ကိုဦးကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီ အလင်းဝင်လို့ အသက်ရှင်ခဲ့ပါပြီ။ တခြားသော ပစတွေအနေနဲ့လည်း အလင်းဝင်မှ အသက်ရှင်မယ့်အကြောင်း သတိပေးလိုပါတယ်။” လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်သားလစာနဲ့ ကိုယ်ပိုင်လေယာဉ်ဝယ်စီးနိုင်၊ ဒေါ်လာဘီလျံချီကုမ္ပဏီတွေကိုသားသမီးတွေအတွက် တည်ထောင်ပေးနိုင်တဲ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲရေးအတွက် မတရားပေါ်တာဆွဲဖို့ စစ်မှုထမ်းဥပဒေကိုပြဌာန်းခဲ့တာ ၂နှစ်ပြည့်တော့မှာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်နီးပါးအတွင်း တိုင်းပြည်အနှံ့က အပြစ်မဲ့လူငယ်လူရွယ်တွေရဲ့ ဘဝတွေဟာ များစွာထိခိုက်ပျက်စီးခဲ့ရဟု NUGက ဆိုပါတယ်။
တိုင်းပြည်ဘဏ္ဍာခိုးဖို့သာ အားသန်တဲ့စစ်တပ်ဟာ အရည်အချင်းတစက်မှမရှိတာကြောင့် ၁၀၂၇ စစ်ဆင်ရေးအပါအဝင် တော်လှန်ရေးကာလငါးနှစ်မှာ အဆမတန် အင်အားပြုန်းတီးခဲ့တာကြောင့် ဒါကို ပြန်ဖြည့်ဆည်းဖို့ အရေအတွက်ကို အဓိကယူပြီး ရသမျှပေါ်တာဆွဲခဲ့တာလို့ ဖော်ပြထားပါတယ်။
“အသက်မပြည့်သေးရင် မှတ်ပုံတင်ရိုက်ပြီး အသက်ပြည့်စေသလို၊ ဉာဏ်ရည်မမီသူ၊ ကျန်းမာရေးချို့တဲ့သူကအစ မချန် ပေါ်တာဆွဲခဲ့တာကိုလည်း တတိုင်းပြည်လုံးအသိပါပဲ။လက်ရှိမှာလည်း အဲ့ဒီပေါ်တာဆွဲပစအင်အားစုတွေကို အလုံးအရင်းနဲ့ ရှေ့တက်အသေခံခိုင်းပြီး စစ်ရေးအောင်ပွဲလို့ ဟန်လုပ်ဝံ့ကြွားနေပေမယ့် အလင်းဝင်ပစအရေအတွက်ဟာ နေ့စဉ်ရှိနေပါတယ်။ ပစသေဆုံးမှု အလောင်းကို ဖြစ်သလို ချန်ထားခဲ့မှုတွေဟာ လူမဆန်တဲ့ရက်စက်မှုတွေဖြစ်ပါတယ်” လို့ NUGက ထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့ ကိုချစ်ကိုဦးရဲ့ ပြောပြချက်အရ သူ့အနေနဲ့ လယ်ထဲမှာ အလုပ်လုပ်ပြီး ပြန်လာချိန် ခဏဆိုပြီး မြို့ပေါ် ခေါ်သွားပြီး စစ်သားလုပ်ဖို့ မဲကျတယ်လို့ ပြောကာ စစ်သားစုခံရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
လူငယ်ရှိတဲ့ အိမ်တိုင်းက စစ်အုပ်စုကို တလ သုံးသောင်း ပေးခဲ့ပေမယ့် မဲနှိုက်တယ်ဆိုပြီး စစ်အုပ်စု အစီအစဉ်နဲ့ လူသစ်စုဆောင်းနေတာကိုလည်း ကိုချစ်ကိုဦးက ရှင်းပြပါတယ်။ သင်တန်းမှာ ရောက်လာသူတွေဟာ စစ်သားမလုပ်ချင်ကြသူများကြောင်း၊ နှိပ်စက်ရိုက်နှက်ခံရသူတွေလည်းရှိကြောင်း ပြောပါတယ်။
"တချို့ ကလေးတွေလည်းပါပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါပါတယ်။ ခေါ်တဲ့အထဲမှာ။ နောက်ပြီး တချို့တွေက ဉာဏ်ရည်မမီတဲ့သူတွေ၊ အရက်ကြောင်တာတို့ ၊ပထမ ဆေးသုံးစွဲပြီးကြောင်တဲ့သူတွေကျ တော့လည်းပဲ သူ့ဟာနဲ့သူကြောင်နေတဲ့အချိန်ကျ သူတို့ ပေးတဲ့ ပညာကို သိပ်ပြီးတော့ နားမလည်ကြဘူး။နားမလည်တဲ့ အခါကျတော့ သူတို့က ရိုက်ပါတယ် တအားကြီး” လို့ ကိုချစ်ကိုဦးက ပြောပြပါတယ်။
သင်တန်းကာလမှာ သင်တန်းသား ၄၀၀ခန့်ရှိပြိး ထွက်ပြေးသူ အယောက် ၂၀ခန့်ရှိကြောင်း၊ အချို့ ပြန်မိသူတွေကိုတော့ စစ်တပ်က ရိုက်နှက်တဲ့အပြင် သင်တန်းသားအားလုံးကိုလည်း ရိုက်နှက်ခိုင်းကြောင်း ရှင်းပြပပါတယ်။
အလင်းဝင်ဖို့ စိတ်ကူးက စတင်ပေါ်တာဆွဲခံရကတည်းက ဖြစ်ပြီး ရှေ့တန်းပို့ခံရချိန် အခွင့်သာတဲ့အခါမှာ အလင်းဝင်လာတာလို့ ကိုချစ်ကိုဦးက ပြောပါတယ်။
ရှေ့တန်းရောက်စဉ်မှာလည်း စစ်ကောင်စီတပ်အရာရှိက တပ်သားတွေကို မူးယစ်ဆေးရောင်းချတာတွေရှိတယ်လို့လည်း ပြောပြပါတယ်။ မူးယစ်ဆေးဝါး သုံးပြီး စစ်တပ်ထဲမှာ ပျော်မွေ့အောင်လုပ်ဆောင်ကာ လိုရာခိုင်းစေတဲ့ သဘောဖြစ်တယ်လို့ ကိုချစ်ကိုဦးက သုံးသပ်ပါတယ်။
“အားလုံးကိုတော့ ဒီနေရာကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပါလို့။ သူတို့အတိုင်းမလုပ်ကြပါနဲ့ ။ ဆေးတွေကိုလည်း သူငယ်ချင်းတွေအားလုံး တက်နိုင်သလောက်ဖြတ်ပါ။ သူတို့ လက်အောက်က ရုန်းထွက်ပြီး အလင်းဝင်ပြီး ကိုယ့်မိသားစုဆီ ပြန်နိုင်အောင်ကြိုးစားကြပါ” လို့လည်း ကိုချစ်ကိုဦးက စစ်တပ်တွင်းကျန်နေသူတွေကို တိုက်တွန်းပါတယ်။

💯30👍11❤7🥴2🥰1
တပ်မ(၁၀၁)က စစ်ယာဉ်တန်းတွေ ထွက်လာတာကြောင့် ကြိုတင်တားဆီးပိတ်ဆို့ကြဖို့ မြိုင် ပကဖ တိုက်တွန်း
ဇွန် -၁၂၊၂၀၂၆။ဖိုးသား/People's Spring
ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ယာဉ်တန်းတွေ ထွက်လာတာကြောင့် ကြိုတင်ပြင်ဆင်တားဆီးပိတ်ဆို့ကြဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့(ဇွန်လ ၁၂ရက်)မှာ သတိပေးထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက်အစောပိုင်းက ပခုက္ကူတပ်မ(၁၀၁) ကနေ ပခုက္ကူ-ကမ္မ လမ်းပိုင်းပေါ်က ငဖောင်ကန်ရွာဘက်ကို အင်အား ၃၀၀ ထက်မနည်းရောက်လာတဲ့အပြင် နောက်ထပ် ကားအစီးရေ ၂၀ ၀န်းကျင်လည်း ပခုက္ကူမြို့က ထပ်ထွက်လာတယ်လို့ ဆိုပါတယ်။
"ကမ္မဘက်ကို နီးလာတယ်။အခုလက်ရှိ ကန်တော်ရွာကို ကျော်ဖို့ လုပ်နေတယ်။ကမ္မကတော့ သူတို့နဂိုကတည်းက မွှေပြီးသားဆိုတော့ မြိုင်နဲ့ ပေါက် ဘယ်နေရာကို တက်မလဲကြည့်ရမှာ"လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့မေ ၂၃ ရက်နဲ့ အခုဇွန်လဆန်းပိုင်းက မြိုင် နဲ့ ပေါက်မြို့နယ်က ပြည်သူ့စစ်ကျေးရွာ ၂ရွာနဲ့ စစ်တပ်စခန်းတွေကို ဒေသခံတော်လှန်ရေးအဖွဲ့တွေက သိမ်းနိုင်ခဲ့တာရှိပါတယ်။
ဒါကြောင့်လည်း အာဏာသိမ်းစစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်နိုင်တယ်လို့ မြိုင်မြို့နယ်စစ် ရေးတာ၀န်ရှိသူက သုံးသပ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ မြေပြင်ပထဝီအနေအထားနဲ့ ဒေသခံတွေဖြစ်လို့ အကျွမ်းတဝင်ရှိနေပြီး စစ်တပ်စစ်ကြောင်း၊ ရိက္ခာတင်ယာဉ်တွေက ရှေ့ကိုဆက်လက်ထွက်ခွာမည်ဖြစ်တာကြောင့် မိုင်းနဲ့ အခြားတိုက်ခိုက်နိုင်တဲ့ ပစ္စည်းတွေ ပြင်ဆင်ထားဖို့ မြိုင်ကပဖက တိုက်တွန်းပါတယ်။
ဒါ့အပြင် အရပ်မျက်နှာပေါင်းစုံမှ စစ်ကြောင်းတွေ ထပ်ဝင်ရောက်လာနိုင်လို့ အားနည်းချက်မရှိအောင် ကြိုတင်ပြင်ဆင်ထားရှိဖို့ သတိပေးပါတယ်။
ဒါကြောင့် ဇုန်၊ တိုက်နယ်၊ ကျေးရွာတွေက တော်လှန်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့
စစ်ကြောင်းတွေ ဖြတ်တောက်နိုင်ရေး အချိန်မီကြိုတင်ပြင်ဆင်ထားဖို့နဲ့ သတင်းလက်ဦးမှုရရှိစေရေး အဖွဲ့အစည်းအသီးသီး ချိတ်ဆက်ကာတန်ပြန်တိုက်ခိုက်နိုင်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

👍39❤4🥰2👏1🤣1
အုတ်ဖိုမှာ စစ်တပ်က ကျေးရွာတွေမီးရှို့ဖျက်ဆီးလို့ နေအိမ် ၂၀၀ နီးပါးပြာကျ
ဇွန် -၁၂၊၂၀၂၆။ဒလပန်း/People's Spring
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။
စစ်တပ်ဟာ ဇွန်လ ၁ ရက်ကစပြီး ၉ ရက်အထိ အုတ်ဖိုမြို့နယ်က ချောင်းခွ၊ ဇီးတော ၊ ကျွန်းလှကုန်းနဲ့ ထန်းပင်ကုန်း ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။
“ ဇွန်၁ရက်၂ရက်၃ရက်နေ့မှာ ချောင်းခွရွာ ဇီးတောရွာ ဇွန် ၆ရက်ကနေ ၉ရက်ထိ ထန်းပင်ကုန်းရွာ ၊ကျွန်းလှကုန်းရွာတွေကို မီးရှို့တာပါ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစပြီး စစ်တပ်ဟာ အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွါးခဲ့တာတွေလည်းရှိခဲ့ပါတယ်။
အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ နေအိမ်တွေမီးရှို့တာ၊ ကျေးရွာအတွင်း ဒရုန်း၊လေယာဉ်၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
“ အသတ်ခံရသူ ၇ယောက်ရှိပြီး လေယာဉ်ကြောင့်ဒဏ်ရာရသူ တစ်ယောက်၊ သေဆုံးသူတစ်ယောက်ပါ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် အုတ်ဖိုမြို့နယ်အတွင်း ကျေးရွာ ၂၀ ကျော်က လူဦးရေ
တစ်သောင်းနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကူညီသူတွေဆီက သိရပါတယ်။

🤬31❤3🔥2👎1
(အုတ်ဖိုနယ်မှာ စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရတဲ့ နေအိမ်များ။ ဓာတ်ပုံ - ပေးပို့)
🤬37😢5🔥2👎1
မင်းတပ်မှာ တိုက်ပွဲမရှိတဲ့နေရာက ဒေသခံနေအိမ်တွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီး
ဇွန်-၁၂၊ ၂၀၂၆။ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။
ချင်းညီနောင်/ချင်းပြည်သူ့အစည်းအရုံး(CB/CPU)တပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ စစ်တပ်က မေလကုန်ပိုင်းက စတင်ထိုးစစ်ဆင်လာရာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားရာ နေရာတွေကိုသာမက တိုက်ပွဲမရှိတဲ့ နေရာက နေအိမ်တွေကိုလည်း ဗုံးကြဲနေကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
ဇွန်လ ၁၂ရက်မနက် ၆နာရီခန့်က စစ်တပ်တိုက်လေယာဉ်ဟာ မင်းတပ်မြို့ပေါ်ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုနေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရဟု ဒေသခံက အသိပေးပါတယ်။
“ ဘာမှ မရှိဘူး ပြည်သူ့နေအိမ်တွေကို ပစ်နေတာ” လို့ ဒေသခံက စစ်တပ်က စစ်ရေးပစ်မှတ်မရှိတဲ့ နေအိမ်တွေကို ဗုံးကြဲနေတဲ့ အခြေအနေကို ပြောပါတယ်။
စစ်တပ်ဟာ အခု ဇွန်လထဲမှာ မင်းတပ်မြို့နဲ့ အနီးတ၀ိုက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။
ဇွန်လ ၁၀ရက်ညနေကလည်း စစ်တပ်က မင်းတပ်မြို့ပေါ် နေရာ ၂ခုကို လေကြောင်းဗုံးကြဲခဲ့ရာ နေအိမ်များစွာ ပျက်စီးခဲ့ရပါတယ်။ ဇွန်လ ၁၀ရက်မနက်ကလည်း မင်းတပ်မြို့ အရှေ့ခြမ်းတနေရာကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၄ကြိမ်ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်ဟာ ဇွန်လ ဒုတိယပတ်အတွင်းမှာ မင်းတပ်မြို့နယ်ကို လေကြောင်းဗုံးကြဲမှု အကြိမ်ပေါင်း ၃၀ ကျော် ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းက ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်မြို့ သိမ်းဖော်ဆောင်စဉ်ကလည်း မြို့ပေါ် နေရာအများအပြားကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထု နေအိမ်များစွာ ပျက်စီးခဲ့ရပါတယ်။

🤬18👎9👍6❤2
(စစ်တပ် ဗုံးကြဲဖျက်ဆီးမှုကြောင့် မင်းတပ်ဒေသခံတွေရဲ့ နေအိမ်တွေ ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)
🤬19👍10👎5❤3💊2
ကမ္ဘာ့ဖလားပြိုင်ပွဲ မီဒီယာထုတ်လွှင့်ခွင့် Mytelကိုပေးတဲ့ ဖီဖာရဲ့လုပ်ရပ်ကို JFM ရှုတ်ချ
ဇွန်-၁၂၊၂၀၂၆။တေဇ/People's Spring
မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလား ၂၀၂၆ ပြိုင်ပွဲရဲ့ မီဒီယာထုတ်လွှင့်ခွင့်ကို စစ်တပ်ရဲ့ စီးပွားရေးထောက်တိုင် Mytel ကုမ္ပဏီ ကိုပေးအပ်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။
"ကမ္ဘာ့ဖလားပြိုင်ပွဲကို တာဝန်ယူကျင်းပရသည့် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဖီဖာသည် ယခုတစ် ကြိမ်တွင်လည်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှု ကင်းမဲ့ခြင်းနှင့် လူ့အခွင့်အရေးကို လုံးဝလျစ်လျူရှုခြင်း တို့ကို ထပ်မံပြသလိုက်ခြင်းဖြစ်သည်။ ယင်းလက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်များဖြင့် ဖီဖာသည် အကျင့်ပျက်ခြစားမှုများနှင့် သွေးစွန်းညစ်ထေးနေသော စစ်အုပ်စုအား အပေါ်ယံထုံးသုတ်ကာ ဖြူစင်သယောင် ပုံဖော်ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်သည်။" လို့ JFM က ထုတ်ပြန်ထားပါတယ်။
ဖီဖာအနေနဲ့ စစ်တပ်ထောက်တိုင် ခရိုနီ Max Myanmar ပိုင်ရှင် ဇော်ဇော်ကို သူတို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပြီးနောက် Mytel နဲ့ စီးပွားရေးဆက်ဆံမှုကိစ္စ ထပ်မံပေါ်ထွက်လာတာဖြစ်တယ်လို့ JFM ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Mytel က စစ်တပ်အတွက် အကျိုးအမြတ်များစွာရရှိတဲ့ ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်ပြီး နိုင်ငံတကာကဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ကာလွှမ်းမိုးချုပ်ကိုင်နေတာဖြစ်ပါတယ်။
Mytel အနေနဲ့ စစ်တပ်ကို ငွေကြေးထောက်ပံ့ပေး နေတဲ့ အပြင် သူတို့ရဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းတွေကိုလည်း ကူညီဆောင်ရွက်ပေးတာကြောင့်စစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု တွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အားပေးနေတာလို့ JFM က ထောက်ပြထားပါတယ်။
စစ်တပ်အတွက် စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ နည်းပညာနဲ့ ငွေကြေးပံ့ပိုးမှုတွေ ပြုလုပ်နေတာကြောင့် Mytel ကို အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်အရေးယူမှု ချမှတ်ထားတဲ့အပြင် သူ့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့MEC ကိုလည်း အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတို့က တိုက်ရိုက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပါတယ်။
JFM က လေ့လာဆန်းစစ်ထားတဲ့ Mytel ရဲ့ အကျိုးအမြတ် ခန့်မှန်းချက် တွေအရ စစ်တပ်ရဲ့ရှယ်ယာပိုင်ဆိုင်မှုတွေက Mytel လုပ်ငန်းစတင်လည်ပတ်တဲ့ ငါးနှစ်ကနေ ကိုးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ထိရှိနိုင်ပြီး အဲဒီ့နောက်ပိုင်း ငါးနှစ်အတွင်းမှာ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိ ထပ်မံရရှိနိုင်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒီပမာဏက စစ်တပ်နဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေအတွက် အလွန်များပြားတဲ့ ငွေကြေးအကျိုးအမြတ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ဖီဖာအနေနဲ့ မြန်မာစစ်အုပ်စု အပါအဝင် စစ်တပ်ထောက်တိုင် ခရိုနီ တွေနဲ့ ပူးပေါင်းဆက်ဆံနေမှုတွေကို ရပ်တန့်ဖို့နဲ့ သူတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေနဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကို လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ဖို့ JFM က တိုက်တွန်းထားပါတယ်။

👍36🤣5👏4❤3🥰2
ကျောက်ဖြူတိုက်ပွဲမှာ AA စနိုက်ဘာလက်
ချက်ကြောင့် စစ်တပ်ဒုဗိုလ်မှူးကြီးတစ်ဦး သေဆုံး
ဇွန်-၁၂၊၂၀၂၆။စိုင်းနောင်/People's Spring
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာ
သိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်ဖြောင့်သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။
ခမရ( ၅၄၂)က တပ်ရင်းမှူးဒုဗိုလ်မှုးကြီးစိုးထွေး သေဆုံးတာလို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
" ရခိုင်မှာ တပ်ရင်းမှူးတွေ ကျတာ များနေပြီ။ ရင်းမှူးစိုးထွေးကတော့ဒီရက်ထဲတင်ထိတာ။ သူကနောက်ဆုံးသတင်းထွက်တဲ့လူပေါ့။ တိုက်ပွဲကတော့ တော်တော်ပြင်းထန်နေပြီး ရေရှည်တိုက်ရမယ့်ပွဲလို့ထင်တယ်။နှစ်ဘက်စလုံး အင်အားတော်တော်များတယ်"လို့ ၎င်းက ပြောပါတယ်။
AA ကစစ်ရှိန်မြှင့်ထားတဲ့ ကျောက်ဖြူတိုက်ပွဲမှာ ညဝတီရေတပ်ဌာနချုပ်နဲ့ ရေတပ်စခန်းအချို့အပြင်အမှတ် ၃၂ ရဲတပ်ရင်း၊ ခလရ ၃၄၊ ခမရ ၅၂၃၊ ခမရ ၅၄၂တို့ ရှိနေပါတယ်။
ဒုဗိုလ်မှုးကြီးစိုးထွေးဟာစစ်တက္ကသိုလ် (DSA)ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၇ ဆင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်လထဲမှာ ကျောက်ဖြူကို ရောက်ရှိလာတာလို့ သိရပါတယ်။ ကျောက်ဖြူတိုက်ပွဲနဲ့ ပတ်သက်လို့ AAက အသေးစိတ် ထုတ်ပြန်မလာသေးပါဘူး။
ကျောက်ဖြူမြို့နယ်ထဲမှာ ၂၀၂၅ မေလက တိုက်ပွဲအတွင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ တပ်မ ၁၁ ခြေမြန်တပ်ရင်းဌာနချုပ်က နည်း
ဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်မျိုးအောင်လည်း
AA ရဲ့စနိုက်ဘာထိမှန်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် တိုင်းစစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့အတူ စစ်သုံ့
ပန်းတွေကို လက်နက်ခဲယမ်းတွေနဲ့အတူ AAကဖမ်းမိခဲ့ပါတယ်။
AAက ၂၀၂၃ နိုဝင်ဘာလမှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးထဲမှာစစ်တပ်ရဲ့ဗိုလ်မှူးချုပ်တွေအပါအဝင်သေဆုံးသူနဲ့ ဖမ်းဆီးခံရသူအများအပြားရှိခဲ့ပါတယ်။
၂၀၂၄ဒီဇင်ဘာလက AAရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနဲ့တပ်မ(၁၁)တပ်မမှူးဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ သေဆုံးခဲ့ပါတယ်။၂၀၂၄ ဒီဇင်ဘာလ ၈ရက်က မောင်တောမြို့မြို့နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)ကို သိမ်းယူတဲ့ တိုက်ပွဲမှာ ဗိုလ်မှူးကြီးအောင်နေမျိုး သေဆုံးခဲ့ပါတယ်။ ဗိုလ်မှူးကြီးအောင်နေမျိုးဟာလက်အောက်
ငယ်သားတွေနဲ့အတူ ရွှေတွေနဲ့ပိုက်ဆံတွေယူပြီးထွက်ပြေးစဉ်မှာ AAတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်
တိုက်တွေ့ပြီး ပစ်ခတ်ရှင်းလင်းခံရတာဖြစ်ပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲမှာဘူးသီးတောင်မြို့၊အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာန
ချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA က အရှင်ဖမ်းမိခဲ့ပါတယ်။
၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊မြောက်ဦး၊မင်းပြားမြို့နယ်တွေက တိုက်ပွဲတွေထဲမှာ စကခ (၉) စကခမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်ဖမ်းမိခဲ့ပါတယ်။ မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာတော့တပ်မ (၁၁) တပ်မမှူးဗိုလ်မှူးကြီး မင်းမင်းထွန်း သေ
ဆုံးခဲ့ပါတယ်။ ပလက်ဝမြို့သိမ်းတိုက်ပွဲမှာက ဗိုလ်မှူးချုပ်ဇင်မျိုးဆွေ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးတာလား၊ ထွက်ပြေးလွတ်မြောက်သွားတာလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ AA က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်
မှူးကြီး ဗညားပိုင်စိုး သေဆုံးခဲ့ပါတယ်။
၂၀၂၄ဒီဇင်ဘာလ၂၀ရက်ကအမ်းမြို့အခြေ
စိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းယူတဲ့တိုက်ပွဲမှာတော့ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကိုအရှင်ဖမ်း
မိခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းအခုရက်ပိုင်းတိုက်ပွဲတွေမှာ စစ်သုံ့ပန်းအများအပြား ထပ်
မံဖမ်းမိတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာနေပါတယ်။ စစ်တွေမြို့နယ်မှာလည်း AA ရဲ့ထိုးစစ်ကပိုအရှိန်မြင့်လာပြီး စစ်တွေဒကစ အနီးထိတိုက်ပွဲတွေရောက်လာပါတယ်။
၂၀၂၇ ခုနှစ် မကုန်ဆုံးမီညသိမ်းဖို့ကျန်နေတဲ့ သုံးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ပြီးရခိုင်တပြည်နယ်လုံးကို ထိန်းချုပ်ဖို့အစွမ်းကုန်ကြိုးစားမယ်လို့ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။လတ်တလောတိုက်ပွဲသတင်းတွေကိုတော့ AA ကအသေးစိတ်တွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
လက်ရှိမှာစစ်တွေနဲ့ ကျောက်ဖြူအပြင် ရခိုင်
ပြည်နယ်နဲ့ဆက်စပ်နေတဲ့ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းထဲက စစ်ဆင်ရေးဒေသတွေမှာ AA
နဲ့ မဟာမိတ်တွေက စစ်ရှိန်မြှင့်ထားပြီး တိုက်
ပွဲတွေ ပြင်းထန်နေပါတယ်။

👏34❤17👍5🥰2😁1😭1