ပျဉ်းမနားက ဆည်မြောင်းမှာ ရေကူးသူတစ်ဦး သေဆုံး
ဇွန်-၁၂၊၂၀၂၆။သတိုး/People's Spring
နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတာကြောင့် သွားရောက်ကူညီခဲ့ရကြောင်း ပျဥ်းမနား အရန်မီးသတ်တပ်ဖွဲ့ KoHein Team က အသိပေးထားပါတယ်။
ဒီနေ့(ဇွန် ၁၁) ညနေ ၄ နာရီခွဲလောက်မှာ ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ အမျိုးသားတစ်ဦး ပြွန်လုံးထဲ ဝင်သွားပြီး ပြန်ထွက်မလာတော့တာကြောင့် သွားရောက်ကူညီခဲ့ရတာလို့ ပြောပါတယ်။
အဲဒီ့အမျိုးသားကို ကယ်ဆယ်ဖို့အတွက် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းက ရေစုပ်စက် ၁ လုံး ၊ ပျဉ်းမနားမြို့နယ် အရန်မီးသတ် KoHeinTeam က ရေစုပ်စက် ၁ လုံး တို့နဲ့ ပြွန်လုံးထဲမှာရှိတဲ့ရေတွေကို စုပ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
ပြွန်ထဲကရေတွေ စုပ်ထုတ်ပြီးချိန်မှာ အမှိုက်တွေကြားထဲ ရေနစ်သေဆုံးနေတဲ့ အမျိုးသားကို တွေ့ခဲ့ရပြီး ည ၈နာရီခွဲလောက်မှာ အပြင်ကိုထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

😢17👍7🔥2
ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှု
အတွက်ထိုင်းအမျိုးသမီးကိုလူသတ်မှုနဲ့ စွဲ
ချက်တင်
ဇွန်-၁၂၊၂၀၂၆။People's Spring
ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူ
သတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနကဖော်ပြပါတယ်။
ကမာရွတ်မြို့နယ်တရားရုံးမှာအဲဒီအမှုအ
တွက် သံသယတရားခံ အမျိုးသမီးကို ဇွန်လ ၁၁ ရက်နေ့က ရုံးထုတ်ခဲ့တယ်လို့ တရားရုံးရှေ့နေ နှစ်ဦးက ပြောကြားခဲ့ပါတယ်။
အမျိုးသမီးဟာလူသတ်မှုရော၊ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့သီးခြားထားရှိတဲ့လူဝင်မှု ကြီး
ကြပ်ရေး ဥပဒေ ချိုးဖောက်မှု အတွက်ပါ စွဲ
ချက်တင်ခံခဲ့ရကြောင်းရှေ့နေတဦးက ပြောပါတယ်။
ထိုင်းအမျိုးသမီးရဲ့နာမည်ကိုမထုတ်ပြန်သ
လိုကမာရွတ်တရားရုံးမှာသူ့အတွက် ကိုယ်စား
ပြု လျှောက်ထားပေးမယ့် တရားဝင် ဥပဒေ အကျိုးဆောင်အဖွဲ့ စီစဉ်ထားမထား ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။တကယ်လို့ ပြစ်မှုထင်ရှားရင်သူဟာ ထောင် ၁၀ နှစ်လောက်ထိ ကျခံရနိုင်ခြေ ရှိနေပါတယ်။
အမှုအကြောင်းကိုအသေးစိတ်ထုတ်ပြောတာဟာအာဏာသိမ်းစစ်တပ်ရဲ့ပစ်မှတ်ထား တုံ့
ပြန်မှုတွေကို ကြုံလာနိုင်တာကြောင့် ရှေ့နေနှစ်ဦးက သူတို့ရဲ့ နာမည်တွေကို ဖော်မပြဖို့ တောင်းဆိုခဲ့ကြပါတယ်။
အသက် ၄၃ နှစ်အရွယ်အမေရိကန် သံအရာရှိကိုမေလ ၁၁ ရက်နေ့တုန်းကကမာရွတ်မြို့
နယ်ထဲက Sakura Residence ဟိုတယ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်သားရှာတွေ့ခဲ့တာပါ။အဲဒီဟိုတယ်ဟာအမေရိကန်သံရုံးနဲ့ တစ်မိုင်လောက်အကွာမှာတည်ရှိပြီးသံအရာ
ရှိတွေနဲ့ ရေရှည်နေထိုင်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေကြားမှာ ရေပန်းစားပါတယ်။သေဆုံးသူရဲ့ ဦးခေါင်းနဲ့ လည်ပင်းမှာ ဓားဒဏ်ရာတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မှာသံအရာရှိသေဆုံးခဲ့တဲ့ကိစ္စကို အတည်
ပြုခဲ့ပေမယ့်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ဖို့တော့ ငြင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာ
နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းအမျိုးသမီးအတွက်သံတမန်ရေးလုပ်ထုံးလုပ်ငန်းတွေအရ အကူအညီပေးဖို့စီစဉ်နေကြောင်းပြောပေမယ့် ရှေ့နေနဲ့ ဥပဒေ အကျိုးဆောင်မှုတွေ ပံ့ပိုးပေးမလား ဆိုတာကိုတော့ သဲသဲကွဲကွဲ ပြောမသွားပါဘူး။
အမျိုးသမီးဟာ အလောင်းရှာတွေ့ပြီး မကြာခင်မှာပဲ ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။
အာဏာသိမ်းမြန်မာစစ်တပ်ရဲ့တရားရေး အ
ရာရှိတွေနဲ့ ရဲတပ်ဖွဲ့ကတော့ ဒီအမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ မီဒီယာတွေရဲ့စုံစမ်းမေးမြန်းမှုတွေကိုဖြေကြားဖို့ငြင်းဆိုထားကြောင်းလည်း သိရပါတယ်။
ကိုးကား-AP

👍22🔥4😁2❤1
အဓမ္မစုဆောင်းမှုခံရတဲ့ ပြည်သူ့စစ်မှုထမ်းတွေ အလင်းဝင်မှ အသက်ရှင်မယ်လို့ NUG သတိပေး
▪️စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ
ဇွန် ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ထဲမှာရှိတဲ့ ပစလို့ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားတွေ အနေနဲ့ အလင်းဝင်မှ အသက်ရှင်မယ့်အကြောင်း သတိပေးလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သတိပေးထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ပေါ်တာဆွဲခံရတဲ့ လယ်သမား ကိုချစ်ကိုဦးက ပြည်သူဘက်ခိုလှုံ အလင်းဝင်လာပြီး တပ်တွင်း အတွေ့အကြုံတွေ ပြန်ပြောပြတဲ့ ရုပ်သံကို NUGက ဖော်ပြပြီး အခုလို သတိပေးခဲ့တာပါ။
“ကိုချစ်ကိုဦးကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီ အလင်းဝင်လို့ အသက်ရှင်ခဲ့ပါပြီ။ တခြားသော ပစတွေအနေနဲ့လည်း အလင်းဝင်မှ အသက်ရှင်မယ့်အကြောင်း သတိပေးလိုပါတယ်။” လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်သားလစာနဲ့ ကိုယ်ပိုင်လေယာဉ်ဝယ်စီးနိုင်၊ ဒေါ်လာဘီလျံချီကုမ္ပဏီတွေကိုသားသမီးတွေအတွက် တည်ထောင်ပေးနိုင်တဲ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲရေးအတွက် မတရားပေါ်တာဆွဲဖို့ စစ်မှုထမ်းဥပဒေကိုပြဌာန်းခဲ့တာ ၂နှစ်ပြည့်တော့မှာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်နီးပါးအတွင်း တိုင်းပြည်အနှံ့က အပြစ်မဲ့လူငယ်လူရွယ်တွေရဲ့ ဘဝတွေဟာ များစွာထိခိုက်ပျက်စီးခဲ့ရဟု NUGက ဆိုပါတယ်။
တိုင်းပြည်ဘဏ္ဍာခိုးဖို့သာ အားသန်တဲ့စစ်တပ်ဟာ အရည်အချင်းတစက်မှမရှိတာကြောင့် ၁၀၂၇ စစ်ဆင်ရေးအပါအဝင် တော်လှန်ရေးကာလငါးနှစ်မှာ အဆမတန် အင်အားပြုန်းတီးခဲ့တာကြောင့် ဒါကို ပြန်ဖြည့်ဆည်းဖို့ အရေအတွက်ကို အဓိကယူပြီး ရသမျှပေါ်တာဆွဲခဲ့တာလို့ ဖော်ပြထားပါတယ်။
“အသက်မပြည့်သေးရင် မှတ်ပုံတင်ရိုက်ပြီး အသက်ပြည့်စေသလို၊ ဉာဏ်ရည်မမီသူ၊ ကျန်းမာရေးချို့တဲ့သူကအစ မချန် ပေါ်တာဆွဲခဲ့တာကိုလည်း တတိုင်းပြည်လုံးအသိပါပဲ။လက်ရှိမှာလည်း အဲ့ဒီပေါ်တာဆွဲပစအင်အားစုတွေကို အလုံးအရင်းနဲ့ ရှေ့တက်အသေခံခိုင်းပြီး စစ်ရေးအောင်ပွဲလို့ ဟန်လုပ်ဝံ့ကြွားနေပေမယ့် အလင်းဝင်ပစအရေအတွက်ဟာ နေ့စဉ်ရှိနေပါတယ်။ ပစသေဆုံးမှု အလောင်းကို ဖြစ်သလို ချန်ထားခဲ့မှုတွေဟာ လူမဆန်တဲ့ရက်စက်မှုတွေဖြစ်ပါတယ်” လို့ NUGက ထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့ ကိုချစ်ကိုဦးရဲ့ ပြောပြချက်အရ သူ့အနေနဲ့ လယ်ထဲမှာ အလုပ်လုပ်ပြီး ပြန်လာချိန် ခဏဆိုပြီး မြို့ပေါ် ခေါ်သွားပြီး စစ်သားလုပ်ဖို့ မဲကျတယ်လို့ ပြောကာ စစ်သားစုခံရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
လူငယ်ရှိတဲ့ အိမ်တိုင်းက စစ်အုပ်စုကို တလ သုံးသောင်း ပေးခဲ့ပေမယ့် မဲနှိုက်တယ်ဆိုပြီး စစ်အုပ်စု အစီအစဉ်နဲ့ လူသစ်စုဆောင်းနေတာကိုလည်း ကိုချစ်ကိုဦးက ရှင်းပြပါတယ်။ သင်တန်းမှာ ရောက်လာသူတွေဟာ စစ်သားမလုပ်ချင်ကြသူများကြောင်း၊ နှိပ်စက်ရိုက်နှက်ခံရသူတွေလည်းရှိကြောင်း ပြောပါတယ်။
"တချို့ ကလေးတွေလည်းပါပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါပါတယ်။ ခေါ်တဲ့အထဲမှာ။ နောက်ပြီး တချို့တွေက ဉာဏ်ရည်မမီတဲ့သူတွေ၊ အရက်ကြောင်တာတို့ ၊ပထမ ဆေးသုံးစွဲပြီးကြောင်တဲ့သူတွေကျ တော့လည်းပဲ သူ့ဟာနဲ့သူကြောင်နေတဲ့အချိန်ကျ သူတို့ ပေးတဲ့ ပညာကို သိပ်ပြီးတော့ နားမလည်ကြဘူး။နားမလည်တဲ့ အခါကျတော့ သူတို့က ရိုက်ပါတယ် တအားကြီး” လို့ ကိုချစ်ကိုဦးက ပြောပြပါတယ်။
သင်တန်းကာလမှာ သင်တန်းသား ၄၀၀ခန့်ရှိပြိး ထွက်ပြေးသူ အယောက် ၂၀ခန့်ရှိကြောင်း၊ အချို့ ပြန်မိသူတွေကိုတော့ စစ်တပ်က ရိုက်နှက်တဲ့အပြင် သင်တန်းသားအားလုံးကိုလည်း ရိုက်နှက်ခိုင်းကြောင်း ရှင်းပြပပါတယ်။
အလင်းဝင်ဖို့ စိတ်ကူးက စတင်ပေါ်တာဆွဲခံရကတည်းက ဖြစ်ပြီး ရှေ့တန်းပို့ခံရချိန် အခွင့်သာတဲ့အခါမှာ အလင်းဝင်လာတာလို့ ကိုချစ်ကိုဦးက ပြောပါတယ်။
ရှေ့တန်းရောက်စဉ်မှာလည်း စစ်ကောင်စီတပ်အရာရှိက တပ်သားတွေကို မူးယစ်ဆေးရောင်းချတာတွေရှိတယ်လို့လည်း ပြောပြပါတယ်။ မူးယစ်ဆေးဝါး သုံးပြီး စစ်တပ်ထဲမှာ ပျော်မွေ့အောင်လုပ်ဆောင်ကာ လိုရာခိုင်းစေတဲ့ သဘောဖြစ်တယ်လို့ ကိုချစ်ကိုဦးက သုံးသပ်ပါတယ်။
“အားလုံးကိုတော့ ဒီနေရာကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပါလို့။ သူတို့အတိုင်းမလုပ်ကြပါနဲ့ ။ ဆေးတွေကိုလည်း သူငယ်ချင်းတွေအားလုံး တက်နိုင်သလောက်ဖြတ်ပါ။ သူတို့ လက်အောက်က ရုန်းထွက်ပြီး အလင်းဝင်ပြီး ကိုယ့်မိသားစုဆီ ပြန်နိုင်အောင်ကြိုးစားကြပါ” လို့လည်း ကိုချစ်ကိုဦးက စစ်တပ်တွင်းကျန်နေသူတွေကို တိုက်တွန်းပါတယ်။

💯30👍11❤7🥴2🥰1
တပ်မ(၁၀၁)က စစ်ယာဉ်တန်းတွေ ထွက်လာတာကြောင့် ကြိုတင်တားဆီးပိတ်ဆို့ကြဖို့ မြိုင် ပကဖ တိုက်တွန်း
ဇွန် -၁၂၊၂၀၂၆။ဖိုးသား/People's Spring
ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ယာဉ်တန်းတွေ ထွက်လာတာကြောင့် ကြိုတင်ပြင်ဆင်တားဆီးပိတ်ဆို့ကြဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့(ဇွန်လ ၁၂ရက်)မှာ သတိပေးထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက်အစောပိုင်းက ပခုက္ကူတပ်မ(၁၀၁) ကနေ ပခုက္ကူ-ကမ္မ လမ်းပိုင်းပေါ်က ငဖောင်ကန်ရွာဘက်ကို အင်အား ၃၀၀ ထက်မနည်းရောက်လာတဲ့အပြင် နောက်ထပ် ကားအစီးရေ ၂၀ ၀န်းကျင်လည်း ပခုက္ကူမြို့က ထပ်ထွက်လာတယ်လို့ ဆိုပါတယ်။
"ကမ္မဘက်ကို နီးလာတယ်။အခုလက်ရှိ ကန်တော်ရွာကို ကျော်ဖို့ လုပ်နေတယ်။ကမ္မကတော့ သူတို့နဂိုကတည်းက မွှေပြီးသားဆိုတော့ မြိုင်နဲ့ ပေါက် ဘယ်နေရာကို တက်မလဲကြည့်ရမှာ"လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့မေ ၂၃ ရက်နဲ့ အခုဇွန်လဆန်းပိုင်းက မြိုင် နဲ့ ပေါက်မြို့နယ်က ပြည်သူ့စစ်ကျေးရွာ ၂ရွာနဲ့ စစ်တပ်စခန်းတွေကို ဒေသခံတော်လှန်ရေးအဖွဲ့တွေက သိမ်းနိုင်ခဲ့တာရှိပါတယ်။
ဒါကြောင့်လည်း အာဏာသိမ်းစစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်နိုင်တယ်လို့ မြိုင်မြို့နယ်စစ် ရေးတာ၀န်ရှိသူက သုံးသပ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ မြေပြင်ပထဝီအနေအထားနဲ့ ဒေသခံတွေဖြစ်လို့ အကျွမ်းတဝင်ရှိနေပြီး စစ်တပ်စစ်ကြောင်း၊ ရိက္ခာတင်ယာဉ်တွေက ရှေ့ကိုဆက်လက်ထွက်ခွာမည်ဖြစ်တာကြောင့် မိုင်းနဲ့ အခြားတိုက်ခိုက်နိုင်တဲ့ ပစ္စည်းတွေ ပြင်ဆင်ထားဖို့ မြိုင်ကပဖက တိုက်တွန်းပါတယ်။
ဒါ့အပြင် အရပ်မျက်နှာပေါင်းစုံမှ စစ်ကြောင်းတွေ ထပ်ဝင်ရောက်လာနိုင်လို့ အားနည်းချက်မရှိအောင် ကြိုတင်ပြင်ဆင်ထားရှိဖို့ သတိပေးပါတယ်။
ဒါကြောင့် ဇုန်၊ တိုက်နယ်၊ ကျေးရွာတွေက တော်လှန်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့
စစ်ကြောင်းတွေ ဖြတ်တောက်နိုင်ရေး အချိန်မီကြိုတင်ပြင်ဆင်ထားဖို့နဲ့ သတင်းလက်ဦးမှုရရှိစေရေး အဖွဲ့အစည်းအသီးသီး ချိတ်ဆက်ကာတန်ပြန်တိုက်ခိုက်နိုင်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

👍39❤4🥰2👏1🤣1
အုတ်ဖိုမှာ စစ်တပ်က ကျေးရွာတွေမီးရှို့ဖျက်ဆီးလို့ နေအိမ် ၂၀၀ နီးပါးပြာကျ
ဇွန် -၁၂၊၂၀၂၆။ဒလပန်း/People's Spring
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။
စစ်တပ်ဟာ ဇွန်လ ၁ ရက်ကစပြီး ၉ ရက်အထိ အုတ်ဖိုမြို့နယ်က ချောင်းခွ၊ ဇီးတော ၊ ကျွန်းလှကုန်းနဲ့ ထန်းပင်ကုန်း ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။
“ ဇွန်၁ရက်၂ရက်၃ရက်နေ့မှာ ချောင်းခွရွာ ဇီးတောရွာ ဇွန် ၆ရက်ကနေ ၉ရက်ထိ ထန်းပင်ကုန်းရွာ ၊ကျွန်းလှကုန်းရွာတွေကို မီးရှို့တာပါ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစပြီး စစ်တပ်ဟာ အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွါးခဲ့တာတွေလည်းရှိခဲ့ပါတယ်။
အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ နေအိမ်တွေမီးရှို့တာ၊ ကျေးရွာအတွင်း ဒရုန်း၊လေယာဉ်၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
“ အသတ်ခံရသူ ၇ယောက်ရှိပြီး လေယာဉ်ကြောင့်ဒဏ်ရာရသူ တစ်ယောက်၊ သေဆုံးသူတစ်ယောက်ပါ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် အုတ်ဖိုမြို့နယ်အတွင်း ကျေးရွာ ၂၀ ကျော်က လူဦးရေ
တစ်သောင်းနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကူညီသူတွေဆီက သိရပါတယ်။

🤬31❤3🔥2👎1
(အုတ်ဖိုနယ်မှာ စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရတဲ့ နေအိမ်များ။ ဓာတ်ပုံ - ပေးပို့)
🤬37😢5🔥2👎1
မင်းတပ်မှာ တိုက်ပွဲမရှိတဲ့နေရာက ဒေသခံနေအိမ်တွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီး
ဇွန်-၁၂၊ ၂၀၂၆။ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။
ချင်းညီနောင်/ချင်းပြည်သူ့အစည်းအရုံး(CB/CPU)တပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ စစ်တပ်က မေလကုန်ပိုင်းက စတင်ထိုးစစ်ဆင်လာရာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားရာ နေရာတွေကိုသာမက တိုက်ပွဲမရှိတဲ့ နေရာက နေအိမ်တွေကိုလည်း ဗုံးကြဲနေကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
ဇွန်လ ၁၂ရက်မနက် ၆နာရီခန့်က စစ်တပ်တိုက်လေယာဉ်ဟာ မင်းတပ်မြို့ပေါ်ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုနေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရဟု ဒေသခံက အသိပေးပါတယ်။
“ ဘာမှ မရှိဘူး ပြည်သူ့နေအိမ်တွေကို ပစ်နေတာ” လို့ ဒေသခံက စစ်တပ်က စစ်ရေးပစ်မှတ်မရှိတဲ့ နေအိမ်တွေကို ဗုံးကြဲနေတဲ့ အခြေအနေကို ပြောပါတယ်။
စစ်တပ်ဟာ အခု ဇွန်လထဲမှာ မင်းတပ်မြို့နဲ့ အနီးတ၀ိုက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။
ဇွန်လ ၁၀ရက်ညနေကလည်း စစ်တပ်က မင်းတပ်မြို့ပေါ် နေရာ ၂ခုကို လေကြောင်းဗုံးကြဲခဲ့ရာ နေအိမ်များစွာ ပျက်စီးခဲ့ရပါတယ်။ ဇွန်လ ၁၀ရက်မနက်ကလည်း မင်းတပ်မြို့ အရှေ့ခြမ်းတနေရာကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၄ကြိမ်ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်ဟာ ဇွန်လ ဒုတိယပတ်အတွင်းမှာ မင်းတပ်မြို့နယ်ကို လေကြောင်းဗုံးကြဲမှု အကြိမ်ပေါင်း ၃၀ ကျော် ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းက ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်မြို့ သိမ်းဖော်ဆောင်စဉ်ကလည်း မြို့ပေါ် နေရာအများအပြားကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထု နေအိမ်များစွာ ပျက်စီးခဲ့ရပါတယ်။

🤬18👎9👍6❤2