People's Spring
✔
59.7K subscribers
72.1K photos
1.27K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
"ပြည်သူ့စစ်ရွာအဆင့်မပြောနဲ့ တပ်ရင်း တွေ တက်သိမ်းတုန်းက စစ်တပ်က ကိုယ့်လူသူ့လူမကြည့်ဘူးအကုန်ဗုံးကြဲတာ။စစ်ခေါင်း
ဆောင်တွေဟာ ဘယ် တုန်းကမှ သူတို့အကျိုးကလွဲရင်ဘယ်သူမျက်နှာ မထောက်ဘူးဆိုတာ ပေါက်မြို့နယ်ရော တခြားမြို့နယ်က ပြည် သူ့စစ်နဲ့စစ်တပ်လက်ပါးစေတွေ သိစေချင်တယ်"လို့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့သိမ်းတိုက်ပွဲမှာ ပါ၀င်ခဲ့တဲ့ အညာသားတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ်မတ်လအထိစစ်တပ်ကနိုင်ငံအနှံ့လေ
ကြောင်းတိုက်ခိုက်မှု ပေါင်း ၇,၀၀၀ ကျော်
လုပ်ခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ အရပ်သား ၄,၅၀၀ ၀န်းကျင်နဲ့ ဒဏ်ရာရတဲ့သူ ၈,၀၀၀ နီးပါးရှိပါတယ်။ဒါကြောင့် တစ်ရက်
ပျှမ်းမျှ လေ ကြောင်းတိုက်ခိုက်မှု လေးကြိမ်မှာ သေဆုံးသူ နှစ်ဦးကျော်နဲ့ ဒဏ်ရာရသူ လေးဦးနီးပါးရှိပါတယ်။

ဇွန်လ ၄ ရက်နေ့က စစ်တပ်က ပျူရွာဖြစ်တဲ့ကုက္ကိုလ်စုရွာ‌ထဲကို ဗုံးပြန်ကြဲခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင် သေဆုံးထိခိုက်သူက ဆယ်ဂဏန်းထက်မနည်းဘူးလို့ သိရပါတယ်။

ဗုံးကြဲနေတဲ့အချိန် နေအိမ်ထဲက ထွက်ပြေးတဲ့
ကုက္ကိုလ်စုရွာကျောင်းထိုင်ဘုန်းကြီးရဲ့ အစ်
ကို မိသားစု ငါးဦးစလုံးဟာ လမ်းမပေါ်မှာပဲ အစုလိုက်သေဆုံးခဲ့ရတယ်လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးအဖွဲ့တွေဘက်က ထမင်းက အစ ဆေးဝါးအဆုံး စောင့်ရှောက်မှုပေးပြီး အဆင် ပြေပြေ နေရ ပေမယ့် စစ်တပ်ကလေယာဥ်​တွေလာပြီးဗုံးကြဲခံရမှာတော့
ကုက္ကိုလ်စုရွာသူရွာသားတွေကြောက်‌နေဆဲ
ဖြစ််လို့ သံဃမေတ္တာပြည်သူ့စောင့်ရှောက်အဖွဲ့က ဆရာတော်တွေထံလျှောက်ထားကြပါတယ်။

တချိန်က လေကြောင်းတိုက်ခိုက်မှုဆိုတာ ဘယ်လိုမျိုးလဲဆိုပြီးသိခွင့်မရခဲ့တဲ့ပျူရွာကပြည်သူတွေဆီကအသက်၀င်လာမယ့် စာနာနားလည်မှု လမ်းစ တစ်ခုဖြစ်ပါတယ်။

"အဖြစ်ခြင်းတူမှ လူတွေဟာ ကိုယ်ချင်းစာတတ်ကြတဲ့သဘောရှိကြလေတယ်"လို့ အရှင်ဥဒါယီ က မိန့်ပါတယ်။ ။
👍19❤2😁1🤣1🖕1
စစ်တပ် တပ်စွဲခဲ့တဲ့ ပျူ​​စောထီးရွာဖြစ်တဲ့
ကုက္ကိုလ်စုရွာက ​ဒေသခံရွာသူရွာသား​တွေကို
သံဃမေတ္တာပြည်သူ့စောင့်ရှောက်အဖွဲ့ကကူညီ​ပေး​နေစဥ် /စစ်တပ်ဗုံးကြဲလို ဒဏ်ရာရသူ​တွေ နဲ့ သက်ကြီးရွယ်အို​တွေကို ​တော်လှန်​ရေးအဖွဲ့​တွေက ​ဆေးဝါးကုသ​စောင့်​ရှောက်
စဥ်/ ​တော်လှန်​ရေးတပ်​တွေဖမ်းဆီးခဲ့တဲ့
ပျူစောထီး​​တွေနဲ့ စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေ
👍28😁1🤣1🖕1
ရွှေကူမြို့အနီး တိုက်ပွဲဖြစ်နေ

ဇွန်-၁၁၊၂၀၂၆။ဇော်ရမ်း/People's Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်
ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။

ရွှေကူမြို့ ၄လမ်းဆုံ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဒေသခံတွေကပြောပါတယ်။

" တိုက်ပွဲကပြင်းပြင်းထန်ထန်ဖြစ်သွားတယ်။ ၄လမ်းဆုံဘက် လက်နက်ကြီးကျလို့လူထိ
ခိုက်တယ်လို့ ပြောနေကြတယ်။ လေကြောင်းသတိပေးချက်တွေလည်း ကျနော်တို့ကြားတယ်" လို့ ရွှေကူမြို့ကနေတိမ်းရှောင်လာခဲ့သူတစ်ဦးကပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ် (KIA) လက်
အောက်ခံ တပ်ရင်း (၁၂) က ရွှေကူမြို့နယ်မှဒေသခံများ မြို့မှခေတ္တတိမ်းရှောင်ဖို့ ဇွန်လ
၈ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်
ပိုင်းမှာ စစ်တပ်က မြို့ကို ပိတ်ဆို့ခဲ့ပြီး ဒေသ
ခံတွေကိုလည်းမြို့ကနေမထွက်ခွာဖို့ ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

"တော်တော်များများလည်းမထွက်ကြဘူး။ ထွက်တဲ့သူတွေလည်းရှိပါတယ်။ဒါပေမယ့် စစ်တပ်က ပိတ်ဆို့ထားတော့ ပုံမှန်မဟုတ်တဲ့လမ်းတွေကနေ ရှောင်ကြရတာ"လို့ ရွှေကူမြို့ခံတစ်ဦးကပြောပါတယ်။

ရွှေကူမြို့ဒေသခံတွေဟာ ဒီနေ့မနက်ပိုင်းမှာ ကားတွေနဲ့ မိုးမိတ်မြို့ဖက်ကိုတိမ်းရှောင်လာတယ်လို့ မိုးမိတ်ဒေသခံတွေကပြောပါတယ်။ ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်းစစ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ KIA နဲ့ နီးစပ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ တိုက်ပွဲဖြစ်ပွားနေတာမှန်ကန်ပြီး အသေးစိတ်မပြောနိုင်သေးဘူးလို့ ဒီနေ့ညပိုင်းမှာ People's Spring ကို ပြောပါတယ်။
🥰29👍13❤3🖕3😁1
ကချင်ပြည်နယ်၊ ရွှေကူမြို့က စစ်တပ်စခန်း သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ KIA နဲ့ KPDF များ။ ဓာတ်ပုံ – မြို့လှ-KPDF
👍44❤14🖕2🔥1🥰1
■အ​တွေးအမြင်

စင်ကာပူ AI ခေတ်သတိပေးချက်-
မြန်မာလူငယ်တွေ ပြင်ဆင်ဖို့

-ခါကာဘို ရေးသားသည်။

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်။"
ဒီစကားကို စင်ကာပူဝန်ကြီးချုပ်လောရင်စ်ဝေါင် (Lawrence Wong) မကြာသေးခင်က ပြောခဲ့ပါတယ်။

ဒီသတင်းကို ဖတ်ပြီး စဉ်းစားမိတာက မြန်မာ
နိုင်ငံကနေ စင်ကာပူမှာ အလုပ်သွားလုပ်နေကြသူတွေနဲ့ သွားလုပ်ဘို့ အိပ်မက်မက်နေတဲ့ လူငယ်တွေအတွက်နောင် ၅ နှစ်၊ ၁၀နှစ်အ
တွင်း ဘာတွေပြောင်းလဲ လာနိုင်မလဲဆိုတာပါပဲ။
အရင်တုန်းက စင်ကာပူဟာလူအင်အားလို
အပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ဆောက်
လုပ်ရေး၊ စက်ရုံ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊သယ်ယူပို့ဆောင်ရေး စတဲ့ လုပ်ငန်းတွေမှာနိုင်ငံခြားအလုပ်
သမားတွေကို အများကြီး အားထားခဲ့ရပါတယ်။

ဒါပေမယ့်အခု AI နဲ့ Automation နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အလုပ်အကိုင်ဈေးကွက်က တဖြည်းဖြည်း ပြောင်းလဲလာနေပါတယ်။

ဥပမာစားသောက်ဆိုင်တစ်ခုမှာအရင်က အော်ဒါကောက်ဖို့ ဝန်ထမ်း ၅ ယောက်လိုရင် အခု Self-order Kiosk တွေ၊ AI စနစ်တွေကြောင့် ၂ ယောက်၊ ၃ ယောက်လောက်နဲ့ လည်ပတ်နိုင်လာတယ်။

ဂိုဒေါင်တွေမှာလည်းလူအင်အားနဲ့ကုန်ပစ္စည်း
ရွှေ့တဲ့အလုပ်တွေကို စက်ရုပ်တွေနဲ့ အစားထိုး လာကြတယ်။ရုံးလုပ်ငန်းတွေမှာဆိုရင်လည်း အစီရင်ခံစာရေးတာ၊အချက်အလက်ခွဲခြမ်
းစိတ်ဖြာတာ၊ Customer Service တချို့ကို AI က လုပ်ပေးနိုင်လာတယ်။

ဒါဆို မြန်မာတွေအတွက် အလုပ်အကိုင်တွေ ပျောက်သွားမှာလား?

အဖြေက "မဟုတ်သေးဘူး" ဖြစ်ပါတယ်။
ဒါပေမယ့် အလုပ်အကိုင်အမျိုးအစားတွေ ပြောင်းလဲသွားမယ်။

AI က အစားထိုးနိုင်တဲ့ အလုပ်တွေက လုပ်ရိုးလုပ်စဉ် ထပ်ခါထပ်ခါ လုပ်ရတဲ့အလုပ်တွေ ဖြစ်တယ်။ ဒါပေမယ့် လူသားရဲ့ ဆုံးဖြတ်နိုင်စွမ်း၊ဆက်ဆံရေးကျွမ်းကျင်မှု၊တီထွင်ဖန်တီးနိုင်စွမ်းနဲ့လက်တွေ့ကျတဲ့ကျွမ်းကျင်မှုတွေ လိုအပ်တဲ့အလုပ်တွေကတော့ဆက်ပြီးလိုအပ်
နေဦးမယ်။

ဒါကြောင့်နောင်အနာဂတ်မှာ စင်ကာပူသွားအလုပ်လုပ်ချင်တဲ့ မြန်မာလူငယ်တွေအတွက် အရေးကြီးဆုံး မေးခွန်းက

"ငါ ဘယ်နိုင်ငံကို သွားမလဲ" ဆိုတာ မဟုတ်တော့ဘဲ
"AI မလုပ်နိုင်သေးတဲ့ ဘယ်ကျွမ်းကျင်မှုကို ငါ တတ်မြောက်ထားလဲ" ဆိုတာ ဖြစ်လာနိုင်ပါတယ်။

AI ခေတ်မှာနိုင်ငံခြားသွားအလုပ်လုပ်ဖို့အ
တွက် လက်မှတ်တစ်စောင်၊ ဘွဲ့တစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။

ဘာသာစကား ကျွမ်းကျင်မှု၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုနိုင်မှု၊ AI နဲ့ တွဲဖက်အလုပ်လုပ်နိုင်တဲ့ စွမ်းရည်တွေက ပိုပြီး အရေးကြီးလာမယ်။

တစ်နည်းအားဖြင့် AI ဟာအလုပ်အကိုင်အား
လုံးကိုဖျက်ဆီးဖို့ရောက်လာတာမဟုတ်ဘူး။ ဒါပေမယ့် အရင်ပုံစံအတိုင်းပဲ ဆက်နေချင်တဲ့သူတွေအတွက်တော့စိန်ခေါ်မှုကြီးတစ်ခု ဖြစ်
လာနိုင်တယ်။

စင်ကာပူဝန်ကြီးချုပ် ပြောသလိုပဲ AI ဟာ "Game Changer" ဖြစ်လာနိုင်တယ်။
မေးခွန်းကတော့ AI က ကမ္ဘာကြီးကို ပြောင်းလဲမှာလား ဆိုတာ မဟုတ်တော့ပါဘူး။

ဒီစာကြောင်းကို ပိုရိုးရှင်းပြီး နားလည်လွယ်အောင် ပြန်ရေးမယ်ဆိုရင်
“AI ကြောင့် ပြောင်းလဲလာနေတဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ဘယ်လောက်အထိ လိုက်ဖက်အောင် ပြင်ဆင်ထားနိုင်ပြီလဲဆိုတာက အရေးကြီးဆုံး မေးခွန်းပဲ ဖြစ်ပါတယ်။”

ဒါမှမဟုတ် နည်းနည်းပိုပြောရလွယ်အောင်—
“AI နဲ့အတူ ပြောင်းလဲလာနေတဲ့ ကမ္ဘာမှာ ကျွန်တော်တို့ ကိုယ်တိုင် ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေပြီလဲဆိုတာက အဓိကပါပဲ။”

ကိုးကား-The Straits Times
❤36🔥4👍1
👍21❤3🔥3
ပျဉ်းမနားက ဆည်မြောင်းမှာ ရေကူးသူတစ်ဦး ‌သေဆုံး

ဇွန်-၁၂၊၂၀၂၆။သတိုး/People's Spring

နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ အမျိုးသားတစ်‌ဦး သေဆုံးသွားတာကြောင့် သွားရောက်ကူညီခဲ့ရကြောင်း ပျဥ်းမနား အရန်မီးသတ်တပ်ဖွဲ့ KoHein Team က အသိပေးထားပါတယ်။

ဒီနေ့(ဇွန် ၁၁) ညနေ ၄ နာရီခွဲလောက်မှာ ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ အမျိုးသားတစ်ဦး ပြွန်လုံးထဲ ဝင်သွားပြီး ပြန်ထွက်မလာတော့တာကြောင့် သွားရောက်ကူညီခဲ့ရတာလို့ ပြောပါတယ်။

အဲဒီ့အမျိုးသားကို ကယ်ဆယ်ဖို့အတွက် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းက ရေစုပ်စက် ၁ လုံး ၊ ပျဉ်းမနားမြို့နယ် အရန်မီးသတ် KoHeinTeam က ရေစုပ်စက် ၁ လုံး တို့နဲ့ ပြွန်လုံးထဲမှာရှိတဲ့ရေတွေကို စုပ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

ပြွန်ထဲကရေတွေ စုပ်ထုတ်ပြီးချိန်မှာ အမှိုက်တွေကြားထဲ ရေနစ်သေဆုံးနေတဲ့ အမျိုးသားကို တွေ့ခဲ့ရပြီး ည ၈နာရီခွဲလောက်မှာ အပြင်ကိုထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
😢17👍7🔥2
ဓာတ်ပုံ - Ko Hein/Fb
😢20👍6😱2🔥1
ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှု
အတွက်ထိုင်းအမျိုးသမီးကိုလူသတ်မှုနဲ့ စွဲ
ချက်တင်

ဇွန်-၁၂၊၂၀၂၆။People's Spring

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူ
သတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

ကမာရွတ်မြို့နယ်တရားရုံးမှာအဲဒီအမှုအ
တွက် သံသယတရားခံ အမျိုးသမီးကို ဇွန်လ ၁၁ ရက်နေ့က ရုံးထုတ်ခဲ့တယ်လို့ တရားရုံးရှေ့နေ နှစ်ဦးက ပြောကြားခဲ့ပါတယ်။

အမျိုးသမီးဟာလူသတ်မှုရော၊ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့သီးခြားထားရှိတဲ့လူဝင်မှု ကြီး
ကြပ်ရေး ဥပဒေ ချိုးဖောက်မှု အတွက်ပါ စွဲ
ချက်တင်ခံခဲ့ရကြောင်း​ရှေ့​နေတဦးက ပြောပါတယ်။

ထိုင်းအမျိုးသမီးရဲ့နာမည်ကိုမထုတ်ပြန်သ
လိုကမာရွတ်တရားရုံးမှာသူ့အတွက် ကိုယ်စား
ပြု လျှောက်ထားပေးမယ့် တရားဝင် ဥပဒေ အကျိုးဆောင်အဖွဲ့ စီစဉ်ထားမထား ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။တကယ်လို့ ပြစ်မှုထင်ရှားရင်သူဟာ ထောင် ၁၀ နှစ်လောက်ထိ ကျခံရနိုင်ခြေ ရှိနေပါတယ်။

အမှုအကြောင်းကိုအသေးစိတ်ထုတ်ပြောတာဟာအာဏာသိမ်းစစ်တပ်ရဲ့ပစ်မှတ်ထား တုံ့
ပြန်မှုတွေကို ကြုံလာနိုင်တာကြောင့် ရှေ့နေနှစ်ဦးက သူတို့ရဲ့ နာမည်တွေကို ဖော်မပြဖို့ တောင်းဆိုခဲ့ကြပါတယ်။

အသက် ၄၃ နှစ်အရွယ်အမေရိကန် သံအရာရှိကိုမေလ ၁၁ ရက်နေ့တုန်းကကမာရွတ်မြို့
နယ်ထဲက Sakura Residence ဟိုတယ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်သားရှာတွေ့ခဲ့တာပါ။အဲဒီဟိုတယ်ဟာအမေရိကန်သံရုံးနဲ့ တစ်မိုင်လောက်အကွာမှာတည်ရှိပြီးသံအရာ
ရှိတွေနဲ့ ရေရှည်နေထိုင်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေကြားမှာ ရေပန်းစားပါတယ်။သေဆုံးသူရဲ့ ဦးခေါင်းနဲ့ လည်ပင်းမှာ ဓားဒဏ်ရာတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မှာသံအရာရှိသေဆုံးခဲ့တဲ့ကိစ္စကို အတည်
ပြုခဲ့ပေမယ့်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ဖို့တော့ ငြင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာ
နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းအမျိုးသမီးအတွက်သံတမန်ရေးလုပ်ထုံးလုပ်ငန်းတွေအရ အကူအညီပေးဖို့စီစဉ်နေကြောင်းပြောပေမယ့် ရှေ့နေနဲ့ ဥပဒေ အကျိုးဆောင်မှုတွေ ပံ့ပိုးပေးမလား ဆိုတာကိုတော့ သဲသဲကွဲကွဲ ပြောမသွားပါဘူး။

အမျိုးသမီးဟာ အလောင်းရှာတွေ့ပြီး မကြာခင်မှာပဲ ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အာဏာသိမ်းမြန်မာစစ်တပ်ရဲ့တရားရေး အ
ရာရှိတွေနဲ့ ရဲတပ်ဖွဲ့ကတော့ ဒီအမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ မီဒီယာတွေရဲ့စုံစမ်းမေးမြန်းမှုတွေကိုဖြေကြားဖို့ငြင်းဆိုထားကြောင်းလည်း သိရပါတယ်။

ကိုးကား-AP
👍22🔥4😁2❤1
အ​မေရီကန် သံအရာရှိ အသတ်ခံခဲ့ရတဲ့
Sakura Residenceဟိုတယ်။ ဓါတ်ပုံ-Sakura Residence ဟိုတယ်​ဖေစ်ဘွခ်
👍19🔥6
အဓမ္မစုဆောင်းမှုခံရတဲ့ ပြည်သူ့စစ်မှုထမ်းတွေ အလင်းဝင်မှ အသက်ရှင်မယ်လို့ NUG သတိပေး

▪️စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဇွန် ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ထဲမှာရှိတဲ့ ပစလို့ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားတွေ အနေနဲ့ အလင်းဝင်မှ အသက်ရှင်မယ့်အကြောင်း သတိပေးလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သတိပေးထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ပေါ်တာဆွဲခံရတဲ့ လယ်သမား ကိုချစ်ကိုဦးက ပြည်သူဘက်ခိုလှုံ အလင်းဝင်လာပြီး တပ်တွင်း အတွေ့အကြုံတွေ ပြန်ပြောပြတဲ့ ရုပ်သံကို NUGက ဖော်ပြပြီး အခုလို သတိပေးခဲ့တာပါ။

“ကိုချစ်ကိုဦးကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီ အလင်းဝင်လို့ အသက်ရှင်ခဲ့ပါပြီ။ တခြားသော ပစတွေအနေနဲ့လည်း အလင်းဝင်မှ အသက်ရှင်မယ့်အကြောင်း သတိပေးလိုပါတယ်။” လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်သားလစာနဲ့ ကိုယ်ပိုင်လေယာဉ်ဝယ်စီးနိုင်၊ ဒေါ်လာဘီလျံချီကုမ္ပဏီတွေကိုသားသမီးတွေအတွက် တည်ထောင်ပေးနိုင်တဲ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲရေးအတွက် မတရားပေါ်တာဆွဲဖို့ စစ်မှုထမ်းဥပဒေကိုပြဌာန်းခဲ့တာ ၂နှစ်ပြည့်တော့မှာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်နီးပါးအတွင်း တိုင်းပြည်အနှံ့က အပြစ်မဲ့လူငယ်လူရွယ်တွေရဲ့ ဘဝတွေဟာ များစွာထိခိုက်ပျက်စီးခဲ့ရဟု NUGက ဆိုပါတယ်။

တိုင်းပြည်ဘဏ္ဍာခိုးဖို့သာ အားသန်တဲ့စစ်တပ်ဟာ အရည်အချင်းတစက်မှမရှိတာကြောင့် ၁၀၂၇ စစ်ဆင်ရေးအပါအဝင်‌ တော်လှန်ရေးကာလငါးနှစ်မှာ အဆမတန် အင်အားပြုန်းတီးခဲ့တာကြောင့် ဒါကို ပြန်ဖြည့်ဆည်းဖို့ အရေအတွက်ကို အဓိကယူပြီး ရသမျှပေါ်တာဆွဲခဲ့တာလို့ ဖော်ပြထားပါတယ်။

“အသက်မပြည့်သေးရင် မှတ်ပုံတင်ရိုက်ပြီး အသက်ပြည့်စေသလို၊ ဉာဏ်ရည်မမီသူ၊ ကျန်းမာရေးချို့တဲ့သူကအစ မချန် ပေါ်တာဆွဲခဲ့တာကိုလည်း တတိုင်းပြည်လုံးအသိပါပဲ။လက်ရှိမှာလည်း အဲ့ဒီပေါ်တာဆွဲပစအင်အားစုတွေကို အလုံးအရင်းနဲ့ ရှေ့တက်အသေခံခိုင်းပြီး စစ်ရေးအောင်ပွဲလို့ ဟန်လုပ်ဝံ့ကြွားနေပေမယ့် အလင်းဝင်ပစအရေအတွက်ဟာ နေ့စဉ်ရှိနေပါတယ်။ ပစသေဆုံးမှု အလောင်းကို ဖြစ်သလို ချန်ထားခဲ့မှုတွေဟာ လူမဆန်တဲ့ရက်စက်မှုတွေဖြစ်ပါတယ်” လို့ NUGက ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ ကိုချစ်ကိုဦးရဲ့ ပြောပြချက်အရ သူ့အနေနဲ့ လယ်ထဲမှာ အလုပ်လုပ်ပြီး ပြန်လာချိန် ခဏဆိုပြီး မြို့ပေါ် ခေါ်သွားပြီး စစ်သားလုပ်ဖို့ မဲကျတယ်လို့ ပြောကာ စစ်သားစုခံရတဲ့ အခြေအနေကို ရှင်းပြပါတယ်။

လူငယ်ရှိတဲ့ အိမ်တိုင်းက စစ်အုပ်စုကို တလ သုံးသောင်း ပေးခဲ့ပေမယ့် မဲနှိုက်တယ်ဆိုပြီး စစ်အုပ်စု အစီအစဉ်နဲ့ လူသစ်စုဆောင်းနေတာကိုလည်း ကိုချစ်ကိုဦးက ရှင်းပြပါတယ်။ သင်တန်းမှာ ရောက်လာသူတွေဟာ စစ်သားမလုပ်ချင်ကြသူများကြောင်း၊ နှိပ်စက်ရိုက်နှက်ခံရသူတွေလည်းရှိကြောင်း ပြောပါတယ်။

"တချို့ ကလေးတွေလည်းပါပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါပါတယ်။ ခေါ်တဲ့အထဲမှာ။ နောက်ပြီး တချို့တွေက ဉာဏ်ရည်မမီတဲ့သူတွေ၊ အရက်ကြောင်တာတို့ ၊ပထမ ဆေးသုံးစွဲပြီးကြောင်တဲ့သူတွေကျ တော့လည်းပဲ သူ့ဟာနဲ့သူကြောင်နေတဲ့အချိန်ကျ သူတို့ ပေးတဲ့ ပညာကို သိပ်ပြီးတော့ နားမလည်ကြဘူး။နားမလည်တဲ့ အခါကျတော့ သူတို့က ရိုက်ပါတယ် တအားကြီး” လို့ ကိုချစ်ကိုဦးက ပြောပြပါတယ်။

သင်တန်းကာလမှာ သင်တန်းသား ၄၀၀ခန့်ရှိပြိး ထွက်ပြေးသူ အယောက် ၂၀ခန့်ရှိကြောင်း၊ အချို့ ပြန်မိသူတွေကိုတော့ စစ်တပ်က ရိုက်နှက်တဲ့အပြင် သင်တန်းသားအားလုံးကိုလည်း ရိုက်နှက်ခိုင်းကြောင်း ရှင်းပြပပါတယ်။

အလင်းဝင်ဖို့ စိတ်ကူးက စတင်ပေါ်တာဆွဲခံရကတည်းက ဖြစ်ပြီး ရှေ့တန်းပို့ခံရချိန် အခွင့်သာတဲ့အခါမှာ အလင်းဝင်လာတာလို့ ကိုချစ်ကိုဦးက ပြောပါတယ်။

ရှေ့တန်းရောက်စဉ်မှာလည်း စစ်ကောင်စီတပ်အရာရှိက တပ်သားတွေကို မူးယစ်ဆေးရောင်းချတာတွေရှိတယ်လို့လည်း ပြောပြပါတယ်။ မူးယစ်ဆေးဝါး သုံးပြီး စစ်တပ်ထဲမှာ ပျော်မွေ့အောင်လုပ်ဆောင်ကာ လိုရာခိုင်းစေတဲ့ သဘောဖြစ်တယ်လို့ ကိုချစ်ကိုဦးက သုံးသပ်ပါတယ်။

“အားလုံးကိုတော့ ဒီနေရာကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပါလို့။ သူတို့အတိုင်းမလုပ်ကြပါနဲ့ ။ ဆေးတွေကိုလည်း သူငယ်ချင်းတွေအားလုံး တက်နိုင်သလောက်ဖြတ်ပါ။ သူတို့ လက်အောက်က ရုန်းထွက်ပြီး အလင်းဝင်ပြီး ကိုယ့်မိသားစုဆီ ပြန်နိုင်အောင်ကြိုးစားကြပါ” လို့လည်း ကိုချစ်ကိုဦးက စစ်တပ်တွင်းကျန်နေသူတွေကို တိုက်တွန်းပါတယ်။
💯30👍11❤7🥴2🥰1
(၂၀၂၆ ဇန်နဝါရီ ၂၃ ရက်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ ပြုလုပ်တဲ့ စစ်မှုထမ်းအပတ်စဉ် (၁၈) သင်တန်း ဆင်းပွဲ။ဓာတ်ပုံ - စစ်ကောင်စီ)
💯28👍5🔥3🥰2🥴2🤮1