■ဆောင်းပါး
စစ်တပ်ဗုံးကြဲတာခံခဲ့ရတဲ့ ပျူစောထီးရွာ
ဖိုးသား/People's Spring
"လေယာဥ်ဗုံးကြဲချိန် ကူကယ်ရာ မဲ့နေတဲ့ ကလေးငယ်နဲ့ အမျိုးသမီးတွေ၊ ထွက်ပြေးရာ ရွာလမ်းတလျှောက် ဗုံးထိလို့ သေဆုံးသွားတဲ့ အဖိုးအဖွားတချို့။ဒါဏ်ရာရပြီး အသက်ရှင်နေသူတွေပါ မြင်ရပေမယ့် လေယာဉ်ဗုံးကြဲနေလို့ ကိုယ်လွတ်ရုန်း ထွက် ပြေးရတဲ့ စိတ်ခံစားချက်။အခုလို မြင်ကွင်းမျိုးနဲ့
အကြောက်တရား၊စိတ်ခံစားချက်တွေ ဘယ်သောအခါမှသူတို့ထံ ရောက်လာလိမ့်မယ်မထင်ခဲ့"
ပေါက်မြို့နယ်က စစ်တပ်လက်အောက်ခံပျူစောထီး (ခေါ် )ပြည်သူ့စစ်ရွာ ဖြစ်တဲ့ကုက္ကိုလ်စုရွာသားတွေ ကြုံခဲ့ရတဲ့အခြေအနေကို
အရှင်ဥဒါယီ ကပြန်ရေးသားမျှဝေထားတာဖြစ်ပါတယ်။
အရှင်ဥဒါယီတို့ဖွဲ့စည်းထားတဲ့ သံဃမေတ္တာပြည်သူ့စောင့်ရှောက်အဖွဲ့က ကုက္ကိုလ်စုရွာ
သားတွေကို စားနပ်ရိက္ခာ ဝေမျှရင်း တွေ့
ဆုံခဲ့ကြတာပါ။
စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသ
ခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်
ခဲယမ်းတွေသိမ်းဆည်းပြီး ပျူစောထီးတွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုတော့ ဥပဒေ နဲ့အညီ အရေးယူမယ်လို့ အသိပေးထားပါတယ် ။
Operation Su အမည်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတရားဖမ်းဆီးအကျဥ်းချခံရမှုကနေ လွတ်မြောက်ဖို့ရည်မှန်းပြီး ပခုက္ကူခရိုင်တွင်း မြို့နယ် (၅) ခုက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ကုက္ကိုစုရွာ နဲ့ ရေပြာရဲစခန်းတို့ကိုသိမ်းပိုက်တဲ့အညာမြေ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပါ။
အညာမြေ စစ်ဆင်ရေးရဲ့ ပထမအဆင့် Operation ငယ် တစ်ခုအနေနဲ့ Operation 9 (4+5) ကို ဇွန်လ ၂ ရက်နေ့မှာ စတင်ခဲ့တာပါ။ ပြည်သူ့စစ်မဟာဗျူဟာအရ အချက်အချာမြေ နဲ့ မဟာဗျူဟာ လမ်းပိုင်း ထိန်းချုပ်ရေးမှာ အဓိက အရေးပါတဲ့ ပုသိမ် - မုံရွာလမ်းပိုင်းနဲ့ ပခုက္ကူ - ပေါက် - မင်းတပ်လမ်းတို့ စိုးမိုးနိုင်ဖို့ လိုအပ်တဲ့ ရေပြာလမ်းဆုံ ကအရေးကြီးပါတယ်။ ဒါကြောင့်ဇွန်လ ၂ ရက်နေ့ ညနေပိုင်းမှာ ရေပြာရဲစခန်းကို သိမ်းပိုက်ခဲ့ပါတယ်။
ဇွန်လ ၄ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်တပ်အခြေစိုက်တဲ့ ပျူစောထီးရွာ ကုက္ကိုလ်စုကိုသိမ်းပိုက်ခဲ့ပါတယ်။
စစ်တပ်ကတံတားဦးလေတပ်၊ မကွေးလေ
တပ်၊ မိတ္ထီလာလေတပ်ကနေ Jet Fighter ကိုးစီး၊အခြားတိုက်ခိုက်ရေးလေယာဉ်ငါးစီး နဲ့ ဗုံးပေါင်း ၃၀၀ ၀န်းကျင်ဗုံကြဲခဲ့တာပါ။စစ်တပ်က ပျူစောထီးရွာကစစ်စခန်းမကျအောင် ပစ်ကူပေးတဲ့အနေနဲ့ ဗုံးကြဲခဲ့တယ်ဆိုပေမယ့် သူ့လူ ၊ကိုယ့်လူမခွဲပဲ ရွာထဲဗုံးကြဲခဲ့တာကြောင့် ကုက္ကိုစုက ရွာသူ၊ရွာသားတွေပါသေဆုံး ခဲ့တာပါ။
ဒါ့အပြင်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ - ၂၄ ကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ ပစ်ခေတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကုက္ကိုလ်စုရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်
တပ်ရဲ့ သတ်ကွင်းဖြစ်တဲ့ လယ်ကွင်းပြင် ဟင်းလင်းပြင်နေရာတွေကို ပကဖ ရဲဘော်တွေနဲ့ ပူးပေါင်းတပ်တွေက ရဲရဲဝံ့ဝံ့ ဖြတ်ကျော် တိုက်ခိုက်ပြီး ရရှိခဲ့တာလို့ အသိပေးပါတယ်။တိုက်ခိုက်မှုအတွင်း ကျဆုံးထိခိုက်တဲ့ ရဲဘော်တွေရှိပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်နဲ့ ပျူတွေဘက်ကသေဆုံးသူ သုံးဆယ်ကျော်၊ သုံ့ပန်း ၆၅ ဦး၊ လက်နက်ချ အလင်းဝင် ခြောက် ဦး၊ ပြည်သူ့စစ်ရွာက ပြည်သူ (၂၄၆) ဦးကို ထိန်းသိမ်းခဲ့ပါတယ်။
လက်နက်ငယ် (၅၅) လက်၊ လက်နက်ကြီး (၄) လက်၊ ကျည်မျိုးစုံ (၃၄၆၅) တောင့် နဲ့ စစ်အသုံး အဆောင် ပစ္စည်းတွေကို သိမ်းဆည်းရရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒ လမ်းညွှန်ချက်၊ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေးများနဲ့ အညီ စစ်သုံ့ပန်းတွေနဲ့ ပြည်သူတွေကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ အသိပေးပါတယ်။
စစ်ဆင်ရေးဟာ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပကဖ ရုံးချုပ်နဲ့ ပြည် ထောင်စုရဲ့ထောက်ပံ့ညွှန်ကြားမှုတွေ၊မကွေးဖက်ဒရယ်ယူနစ်၊ ကာကွယ်ရေးဝန်ကြီးရဲ့လမ်းညွှန်ကူညီမှုတွေ နဲ့ အခြား မဟာမိတ်တပ်တွေရဲ့ စုပေါင်းတိုက်ခိုက်နိုင်ခဲ့မှုလို့လည်းဖော်ပြပါတယ်။
တော်လှန်ရေးတပ်တွေရွာထဲ၀င်မစီးခင်က
တည်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူခေါင်းဆောင်ဟာ ရွာခံအများစုကိုချန်ရစ်ပြီး အရင်ထွက်ပြေးသွားခဲ့ကြပါတယ်။
တိုက်ပွဲ ကာလအတွင်း စစ်တပ်က ဒေသခံ တွေရာနဲ့ချီရှိတဲ့ ရွာထဲကိုပါနာရီနဲ့ချီပြီး လေယာဥ်တွေနဲ့ ဗုံးအကြိမ်ကြိမ်ကြဲခဲ့ပါတယ်။ဒါဟာ စစ်တပ်က နိုင်ငံတ၀န်းလေယာဉ်တွေသုံးပြီး နေ့စဉ် ပြည်သူတွေကို ဘယ်လို ဗုံးကြဲသတ်ဖြတ်နေလဲဆိုတာကို ကုက္ကိုလ်စုရွာခံတွေ အသက်နဲ့ရင်းပြီး သိရတဲ့ ပထမဆုံးသင်ခန်းစာ ဖြစ်ပါတယ်။
ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်က လူဦးရေ ၅၀၀ ၀န်းကျင်လောက်ရှိတဲ့ ကုက္ကိုလ်စုရွာလေးဟာ စစ်တပ်အာဏာမသိမ်းခင်ကအထိ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အေးအေးချမ်းချမ်းရှိခဲ့ပါတယ်။
ဒါပေမယ့် ပေါက်မြို့အတွက် စစ်ရေးအရ အရေးပါတဲ့ လမ်းပေါ်မှာရှိနေတာကြောင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ စစ်တပ်က တပ်စွဲပြီးပြည်သူ့စစ်(ပျူစောထီး)ရွာအဖြစ် သိမ်း
သွင်းခဲ့ပါတယ်။

👍22❤8🔥2🖕1
"ပြည်သူ့စစ်ရွာအဆင့်မပြောနဲ့ တပ်ရင်း တွေ တက်သိမ်းတုန်းက စစ်တပ်က ကိုယ့်လူသူ့လူမကြည့်ဘူးအကုန်ဗုံးကြဲတာ။စစ်ခေါင်း
ဆောင်တွေဟာ ဘယ် တုန်းကမှ သူတို့အကျိုးကလွဲရင်ဘယ်သူမျက်နှာ မထောက်ဘူးဆိုတာ ပေါက်မြို့နယ်ရော တခြားမြို့နယ်က ပြည် သူ့စစ်နဲ့စစ်တပ်လက်ပါးစေတွေ သိစေချင်တယ်"လို့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့သိမ်းတိုက်ပွဲမှာ ပါ၀င်ခဲ့တဲ့ အညာသားတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ်မတ်လအထိစစ်တပ်ကနိုင်ငံအနှံ့လေ
ကြောင်းတိုက်ခိုက်မှု ပေါင်း ၇,၀၀၀ ကျော်
လုပ်ခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ အရပ်သား ၄,၅၀၀ ၀န်းကျင်နဲ့ ဒဏ်ရာရတဲ့သူ ၈,၀၀၀ နီးပါးရှိပါတယ်။ဒါကြောင့် တစ်ရက်
ပျှမ်းမျှ လေ ကြောင်းတိုက်ခိုက်မှု လေးကြိမ်မှာ သေဆုံးသူ နှစ်ဦးကျော်နဲ့ ဒဏ်ရာရသူ လေးဦးနီးပါးရှိပါတယ်။
ဇွန်လ ၄ ရက်နေ့က စစ်တပ်က ပျူရွာဖြစ်တဲ့ကုက္ကိုလ်စုရွာထဲကို ဗုံးပြန်ကြဲခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင် သေဆုံးထိခိုက်သူက ဆယ်ဂဏန်းထက်မနည်းဘူးလို့ သိရပါတယ်။
ဗုံးကြဲနေတဲ့အချိန် နေအိမ်ထဲက ထွက်ပြေးတဲ့
ကုက္ကိုလ်စုရွာကျောင်းထိုင်ဘုန်းကြီးရဲ့ အစ်
ကို မိသားစု ငါးဦးစလုံးဟာ လမ်းမပေါ်မှာပဲ အစုလိုက်သေဆုံးခဲ့ရတယ်လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။
လက်ရှိမှာ တော်လှန်ရေးအဖွဲ့တွေဘက်က ထမင်းက အစ ဆေးဝါးအဆုံး စောင့်ရှောက်မှုပေးပြီး အဆင် ပြေပြေ နေရ ပေမယ့် စစ်တပ်ကလေယာဥ်တွေလာပြီးဗုံးကြဲခံရမှာတော့
ကုက္ကိုလ်စုရွာသူရွာသားတွေကြောက်နေဆဲ
ဖြစ််လို့ သံဃမေတ္တာပြည်သူ့စောင့်ရှောက်အဖွဲ့က ဆရာတော်တွေထံလျှောက်ထားကြပါတယ်။
တချိန်က လေကြောင်းတိုက်ခိုက်မှုဆိုတာ ဘယ်လိုမျိုးလဲဆိုပြီးသိခွင့်မရခဲ့တဲ့ပျူရွာကပြည်သူတွေဆီကအသက်၀င်လာမယ့် စာနာနားလည်မှု လမ်းစ တစ်ခုဖြစ်ပါတယ်။
"အဖြစ်ခြင်းတူမှ လူတွေဟာ ကိုယ်ချင်းစာတတ်ကြတဲ့သဘောရှိကြလေတယ်"လို့ အရှင်ဥဒါယီ က မိန့်ပါတယ်။ ။

👍28❤5😢3🔥1🖕1

👍14❤3😁2🤣1🖕1

👍19❤2😁1🤣1🖕1
စစ်တပ် တပ်စွဲခဲ့တဲ့ ပျူစောထီးရွာဖြစ်တဲ့
ကုက္ကိုလ်စုရွာက ဒေသခံရွာသူရွာသားတွေကို
သံဃမေတ္တာပြည်သူ့စောင့်ရှောက်အဖွဲ့ကကူညီပေးနေစဥ် /စစ်တပ်ဗုံးကြဲလို ဒဏ်ရာရသူတွေ နဲ့ သက်ကြီးရွယ်အိုတွေကို တော်လှန်ရေးအဖွဲ့တွေက ဆေးဝါးကုသစောင့်ရှောက်
စဥ်/ တော်လှန်ရေးတပ်တွေဖမ်းဆီးခဲ့တဲ့
ပျူစောထီးတွေနဲ့ စစ်တပ်လက်အောက်ခံလက်နက်ကိုင်အဖွဲ့တွေ

👍28😁1🤣1🖕1
ရွှေကူမြို့အနီး တိုက်ပွဲဖြစ်နေ
ဇွန်-၁၁၊၂၀၂၆။ဇော်ရမ်း/People's Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်
ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။
ရွှေကူမြို့ ၄လမ်းဆုံ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဒေသခံတွေကပြောပါတယ်။
" တိုက်ပွဲကပြင်းပြင်းထန်ထန်ဖြစ်သွားတယ်။ ၄လမ်းဆုံဘက် လက်နက်ကြီးကျလို့လူထိ
ခိုက်တယ်လို့ ပြောနေကြတယ်။ လေကြောင်းသတိပေးချက်တွေလည်း ကျနော်တို့ကြားတယ်" လို့ ရွှေကူမြို့ကနေတိမ်းရှောင်လာခဲ့သူတစ်ဦးကပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ် (KIA) လက်
အောက်ခံ တပ်ရင်း (၁၂) က ရွှေကူမြို့နယ်မှဒေသခံများ မြို့မှခေတ္တတိမ်းရှောင်ဖို့ ဇွန်လ
၈ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်
ပိုင်းမှာ စစ်တပ်က မြို့ကို ပိတ်ဆို့ခဲ့ပြီး ဒေသ
ခံတွေကိုလည်းမြို့ကနေမထွက်ခွာဖို့ ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။
"တော်တော်များများလည်းမထွက်ကြဘူး။ ထွက်တဲ့သူတွေလည်းရှိပါတယ်။ဒါပေမယ့် စစ်တပ်က ပိတ်ဆို့ထားတော့ ပုံမှန်မဟုတ်တဲ့လမ်းတွေကနေ ရှောင်ကြရတာ"လို့ ရွှေကူမြို့ခံတစ်ဦးကပြောပါတယ်။
ရွှေကူမြို့ဒေသခံတွေဟာ ဒီနေ့မနက်ပိုင်းမှာ ကားတွေနဲ့ မိုးမိတ်မြို့ဖက်ကိုတိမ်းရှောင်လာတယ်လို့ မိုးမိတ်ဒေသခံတွေကပြောပါတယ်။ ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်းစစ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ KIA နဲ့ နီးစပ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ တိုက်ပွဲဖြစ်ပွားနေတာမှန်ကန်ပြီး အသေးစိတ်မပြောနိုင်သေးဘူးလို့ ဒီနေ့ညပိုင်းမှာ People's Spring ကို ပြောပါတယ်။

🥰29👍13❤3🖕3😁1
■အတွေးအမြင်
စင်ကာပူ AI ခေတ်သတိပေးချက်-
မြန်မာလူငယ်တွေ ပြင်ဆင်ဖို့
-ခါကာဘို ရေးသားသည်။
"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်။"
ဒီစကားကို စင်ကာပူဝန်ကြီးချုပ်လောရင်စ်ဝေါင် (Lawrence Wong) မကြာသေးခင်က ပြောခဲ့ပါတယ်။
ဒီသတင်းကို ဖတ်ပြီး စဉ်းစားမိတာက မြန်မာ
နိုင်ငံကနေ စင်ကာပူမှာ အလုပ်သွားလုပ်နေကြသူတွေနဲ့ သွားလုပ်ဘို့ အိပ်မက်မက်နေတဲ့ လူငယ်တွေအတွက်နောင် ၅ နှစ်၊ ၁၀နှစ်အ
တွင်း ဘာတွေပြောင်းလဲ လာနိုင်မလဲဆိုတာပါပဲ။
အရင်တုန်းက စင်ကာပူဟာလူအင်အားလို
အပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ဆောက်
လုပ်ရေး၊ စက်ရုံ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊သယ်ယူပို့ဆောင်ရေး စတဲ့ လုပ်ငန်းတွေမှာနိုင်ငံခြားအလုပ်
သမားတွေကို အများကြီး အားထားခဲ့ရပါတယ်။
ဒါပေမယ့်အခု AI နဲ့ Automation နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အလုပ်အကိုင်ဈေးကွက်က တဖြည်းဖြည်း ပြောင်းလဲလာနေပါတယ်။
ဥပမာစားသောက်ဆိုင်တစ်ခုမှာအရင်က အော်ဒါကောက်ဖို့ ဝန်ထမ်း ၅ ယောက်လိုရင် အခု Self-order Kiosk တွေ၊ AI စနစ်တွေကြောင့် ၂ ယောက်၊ ၃ ယောက်လောက်နဲ့ လည်ပတ်နိုင်လာတယ်။
ဂိုဒေါင်တွေမှာလည်းလူအင်အားနဲ့ကုန်ပစ္စည်း
ရွှေ့တဲ့အလုပ်တွေကို စက်ရုပ်တွေနဲ့ အစားထိုး လာကြတယ်။ရုံးလုပ်ငန်းတွေမှာဆိုရင်လည်း အစီရင်ခံစာရေးတာ၊အချက်အလက်ခွဲခြမ်
းစိတ်ဖြာတာ၊ Customer Service တချို့ကို AI က လုပ်ပေးနိုင်လာတယ်။
ဒါဆို မြန်မာတွေအတွက် အလုပ်အကိုင်တွေ ပျောက်သွားမှာလား?
အဖြေက "မဟုတ်သေးဘူး" ဖြစ်ပါတယ်။
ဒါပေမယ့် အလုပ်အကိုင်အမျိုးအစားတွေ ပြောင်းလဲသွားမယ်။
AI က အစားထိုးနိုင်တဲ့ အလုပ်တွေက လုပ်ရိုးလုပ်စဉ် ထပ်ခါထပ်ခါ လုပ်ရတဲ့အလုပ်တွေ ဖြစ်တယ်။ ဒါပေမယ့် လူသားရဲ့ ဆုံးဖြတ်နိုင်စွမ်း၊ဆက်ဆံရေးကျွမ်းကျင်မှု၊တီထွင်ဖန်တီးနိုင်စွမ်းနဲ့လက်တွေ့ကျတဲ့ကျွမ်းကျင်မှုတွေ လိုအပ်တဲ့အလုပ်တွေကတော့ဆက်ပြီးလိုအပ်
နေဦးမယ်။
ဒါကြောင့်နောင်အနာဂတ်မှာ စင်ကာပူသွားအလုပ်လုပ်ချင်တဲ့ မြန်မာလူငယ်တွေအတွက် အရေးကြီးဆုံး မေးခွန်းက
"ငါ ဘယ်နိုင်ငံကို သွားမလဲ" ဆိုတာ မဟုတ်တော့ဘဲ
"AI မလုပ်နိုင်သေးတဲ့ ဘယ်ကျွမ်းကျင်မှုကို ငါ တတ်မြောက်ထားလဲ" ဆိုတာ ဖြစ်လာနိုင်ပါတယ်။
AI ခေတ်မှာနိုင်ငံခြားသွားအလုပ်လုပ်ဖို့အ
တွက် လက်မှတ်တစ်စောင်၊ ဘွဲ့တစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။
ဘာသာစကား ကျွမ်းကျင်မှု၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုနိုင်မှု၊ AI နဲ့ တွဲဖက်အလုပ်လုပ်နိုင်တဲ့ စွမ်းရည်တွေက ပိုပြီး အရေးကြီးလာမယ်။
တစ်နည်းအားဖြင့် AI ဟာအလုပ်အကိုင်အား
လုံးကိုဖျက်ဆီးဖို့ရောက်လာတာမဟုတ်ဘူး။ ဒါပေမယ့် အရင်ပုံစံအတိုင်းပဲ ဆက်နေချင်တဲ့သူတွေအတွက်တော့စိန်ခေါ်မှုကြီးတစ်ခု ဖြစ်
လာနိုင်တယ်။
စင်ကာပူဝန်ကြီးချုပ် ပြောသလိုပဲ AI ဟာ "Game Changer" ဖြစ်လာနိုင်တယ်။
မေးခွန်းကတော့ AI က ကမ္ဘာကြီးကို ပြောင်းလဲမှာလား ဆိုတာ မဟုတ်တော့ပါဘူး။
ဒီစာကြောင်းကို ပိုရိုးရှင်းပြီး နားလည်လွယ်အောင် ပြန်ရေးမယ်ဆိုရင်
“AI ကြောင့် ပြောင်းလဲလာနေတဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ဘယ်လောက်အထိ လိုက်ဖက်အောင် ပြင်ဆင်ထားနိုင်ပြီလဲဆိုတာက အရေးကြီးဆုံး မေးခွန်းပဲ ဖြစ်ပါတယ်။”
ဒါမှမဟုတ် နည်းနည်းပိုပြောရလွယ်အောင်—
“AI နဲ့အတူ ပြောင်းလဲလာနေတဲ့ ကမ္ဘာမှာ ကျွန်တော်တို့ ကိုယ်တိုင် ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေပြီလဲဆိုတာက အဓိကပါပဲ။”
ကိုးကား-The Straits Times

❤36🔥4👍1
ပျဉ်းမနားက ဆည်မြောင်းမှာ ရေကူးသူတစ်ဦး သေဆုံး
ဇွန်-၁၂၊၂၀၂၆။သတိုး/People's Spring
နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတာကြောင့် သွားရောက်ကူညီခဲ့ရကြောင်း ပျဥ်းမနား အရန်မီးသတ်တပ်ဖွဲ့ KoHein Team က အသိပေးထားပါတယ်။
ဒီနေ့(ဇွန် ၁၁) ညနေ ၄ နာရီခွဲလောက်မှာ ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ အမျိုးသားတစ်ဦး ပြွန်လုံးထဲ ဝင်သွားပြီး ပြန်ထွက်မလာတော့တာကြောင့် သွားရောက်ကူညီခဲ့ရတာလို့ ပြောပါတယ်။
အဲဒီ့အမျိုးသားကို ကယ်ဆယ်ဖို့အတွက် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းက ရေစုပ်စက် ၁ လုံး ၊ ပျဉ်းမနားမြို့နယ် အရန်မီးသတ် KoHeinTeam က ရေစုပ်စက် ၁ လုံး တို့နဲ့ ပြွန်လုံးထဲမှာရှိတဲ့ရေတွေကို စုပ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
ပြွန်ထဲကရေတွေ စုပ်ထုတ်ပြီးချိန်မှာ အမှိုက်တွေကြားထဲ ရေနစ်သေဆုံးနေတဲ့ အမျိုးသားကို တွေ့ခဲ့ရပြီး ည ၈နာရီခွဲလောက်မှာ အပြင်ကိုထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

😢17👍7🔥2