မိုးမိတ်မြို့နယ် သစ်ဆိမ့်ကုန်းရွာ စစ်တပ်မီးရှို့
ဇွန်-၁၁၊၂၀၂၆။ကတ်သရင်းနှင်း/People's Spring
မိုးမိတ်မြို့နယ်က သစ်ဆိမ့်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အနည်းဆုံး နေအိမ် ၅လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၀ ရက် မနေ့က သစ်ဆိမ့်ကုန်းရွာကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဝင်အပစ်ခံရတာ အထိနာပြီး မီးရှို့တယ်လို့ သိရတယ်။ဘေးပတ်ဝန်းကျင်ကိုလည်း လက်နက်ကြီး တွေ ရမ်းသမ်းပစ်နေသေးတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးရှို့ခံရမှုကြောင့် ပြည်သူတွေရဲ့ နေအိမ် ၅လုံး မီးလောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ခလရ(၃၄၈)တပ်ရင်းက ဖြစ်ပြီး တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်ခြင်းခံရကာ အထိနာပြီး မီးရှို့ခဲ့တာလို့ သိရပါတယ်။
စစ်တပ်ဟာ တရုတ်ရဲ့ကူညီမှုနဲ့ ၂၀၂၅ နိုဝင်ဘာ၂၉ရက်က မိုးမိတ်မြို့ကို ပြန်လည်တောင်းယူခဲ့တာပါ။
အဲဒီနောက် မေလအတွင်းမှာ တြိဂံတိုင်းစစ်ဌာနက ဘတ်တံဆိပ်ပါ စစ်ကားအစီးရေ ရာနဲ့ချီပို့ပြီး မိုးမိတ်မြို့ကို အင်အားတိုးတာလည်း ပြုလုပ်ထားပါတယ်။

🤬38👎4❤2🤣2👏1
KIO ဝန်ထမ်း ၉၀ကျော်တက်ရောက်တဲ့ လ၀က သင်တန်းဆင်းပွဲ ကျင်းပ
ဇွန် ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
KIO အစိုးရ ပြည်သူ့အုပ်ချုပ်ရေးဌာန၊ ဗဟိုလူဝင်မှုကြီးကြပ်ရေးရုံးက ကြီးမှူးတဲ့ အမှတ်စဥ် (၁၆) လ၀က သင်တန်းကျောင်းဆင်းပွဲကို သင်တန်းသား ၉၆ဦး တက်ရောက်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို သက်ဆိုင်ရာ ဌာန ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ ပြောပါတယ်။
KIO အနေနဲ့ အုပ်ချုပ်ရေး နယ်မြေကျယ်ပြန့်လာတာနဲ့အမျှ ဝန်ထမ်းလိုအပ်ချက်ရှိတဲ့အပေါ် ဌာနအသီးသီးက သင်တန်းတွေ ပြုလုပ်လျက်ရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
" လူ့အရင်းအမြစ်လိုအပ်ချက်က ပိုများလာတဲ့သဘောပါ။ ပြည်သူ့ဝန်ထမ်းကောင်းတွေဆိုတာ ပြည်သူကိုမိဘနေရာမှာထားတတ်တဲ့ဝန်ထမ်းတွေဆိုတာ အမြဲနှလုံးတွေးဖို့လိုတယ်။ နိုင်ငံဝန်ထမ်းကောင်း ပြည်သူ့အကျိုးပြုတဲ့ လဝက ဝန်ထမ်းတွေဖြစ်လာဖို့မျော်လင့်ပါတယ်”လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေအရ လူမျိုးရေးအစွန်းမရောက်ကြဖို့ အရေးကြီးသလို နိုင်ငံရေးသဘောထားကြီးပြီး ဘုံရန်သူဖြစ်တဲ့ မတရားအာဏာသိမ်းယူထားတဲ့ အာဏာသိမ်း စစ်တပ်ကို တက်ညီလက်ညီ ပူးပေါင်းတွန်းလှန်ရန်လိုအပ်ကြောင်း သတင်းရင်းမြစ်က တိုက်တွန်းပါတယ်။

❤34👍16👏3🥰2🤣1🖕1
AA ထိုးစစ် စစ်တွေဒကစနဲ့အနီးဆုံး
ရွာနားအထိ ရောက်လာ
ဇွန်-၁၁၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာရက္ခတပ်တော်(AA)ရဲ့စစ်တွေမြို့အနီးဝန်းကျင်က စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တာဟာ ရွှေမင်းဂံရေတပ်စခန်းနားကနေ ဒေသကွပ်ကွဲမှုစစ်ဌနချုပ်(ဒကစစစ်တွေ)နဲ့အနီးဆုံးမှာရှိတဲ့ နာရီကန်ကျေးရွာနားထိ ရောက်လာခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်တွေမြို့နဲ့ လေးမိုင်ဝန်းကျင်အကွာ စစ်တွေ -ရန်ကုန် ပြည်ထောင်စုလမ်းမပေါ်ရှိ နာရီကန်ကျေးရွာအနီးဝန်းကျင်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းကာကင်းစခန်းတွေကို AA က အဝေးပစ်လက်နက်ကြီးတွေနဲ့ရော မြေ
ပြင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
“နာရီကန်တံတားနားမှာတိုက်ပွဲဖြစ်နေကြတယ်။အဲဒါက ပါဒလိတ်၊ကျားမသောက်တပ်
ရင်းတွေနဲ့ နီးတယ်။ ဒကစ နဲ့ဆိုလည်းသိပ်မဝေးတော့ဘူး။ မြို့ထဲဘက်ကို နည်းနည်းတိုးလာရင် ဒကစဌာနချုပ်ကိုရောက်ပြီ။ အဲဒီနားမှာ ခလရ (၂၇၂) တို့လည်း ရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
နာရီကန်ကျေးရွာအနီးဝန်းကျင် ၊ပါဒလိတ်ရွာအနီးဝန်းကျင် နဲ့ တောကန်ကျေးရွာအနီးဝန်း
ကျင်တို့မှာတိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။
လက်ရှိမှာစစ်တွေ-ရန်ကုန်ပြည်ထောင်စုလမ်း
မအနီး နာရီကန်ကျေးရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေသလို စစ်တွေမြို့ရဲ့ အနောက်ဘက် မယူမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ အမြင့်ကျွန်း ၊ ကြွီတဲကျေးရွာတို့အနီးနဲ့ စစ်တွေမြို့ အရှေ့ဘက် ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်မှာပါ တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
“AAက ထိုးစစ်ကို ပြင်းပြင်းထန်ထန်လုပ်တဲ့အနေအထားတော့မဟုတ်သေးဘူး။ဒါပေမယ့် စစ်တွေကို ဝိုင်းပတ်ပြီးတော့ ညှပ်တိုက်တိုက်နေတာ။ ရသေ့တောင်ဘက်ကရော၊ ပုဏ္ဏားကျွန်း၊ ပေါက်တောဘက်ကရော ညှပ်တိုက်နေ တယ်။ မိုးရာသီ တိုက်ပွဲပိုပြင်းလာမယ်ထင်တယ်”လို့ရခိုင်ဒေသခံ စစ်ရေးလေ့လာနေသူတဦးက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာစစ်တွေမြို့ရဲ့ အ
နောက်ဘက်ရှိရသေ့တောင်၊မြောက်ဘက်ရှိ ပုဏ္ဏားကျွန်း၊အရှေ့ဘက်ရှိ ပေါက်တောမြို့
နယ်တွေကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
AAဟာစစ်တွေ၊ရွှေမင်းဂံရေတပ်စခန်း၊ ဒကစဌာနချုပ်၊ စစ်တပ်တပ်ရင်းတွေကို တိုက်ခိုက်နေသလို စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ထဲနဲ့ တောင်ဘက် ဘင်္ဂလားပင်လယ်ဝမှာ ရပ်ထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေကိုလည်း ဟောက်ဝစ်ဇာတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။
မေလ ၂၄ ရက်နေ့ကစစ်တပ်သင်္ဘောတစီးထိမှန်သွားခဲ့တယ် လို့ ဒေသခံတွေက ပြောထားကြပါတယ်။အဲဒီတိုက်ပွဲတွေအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ မြို့ပေါ်တပ်ရင်းတွေနဲ့ ပင် လယ်ပြင်ရှိ စစ်သင်္ဘောတွေကနေလက်နက်
ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ် တို့အတွင်းမှ လူနေကျေးရွာများကို ကျရောက်ပေါက်ကွဲမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လက်နက်ကြီးကနေ့တိုင်းပစ်တယ်။ဒီဘက်ကရွာတွေဆိုရင်လူနေလို့မရတော့ဘူး။အရင်ကရွာစောင့်သဘောနေကြတယ်။အခုရွာစောင့်တောင် နေလို့မရတော့ဘူး။ လက်နက်
ကြီးနဲ့ တော်တော်ပစ်နေတယ်။ တိုက်ပွဲက ဒီ ဘက်မှာတခုမှမရှိတော့ဘဲရမ်းပစ်ပစ်နေတာ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံလယ်သမားတဦးကပြောပါတယ်။
အဲဒီလိုစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်တွေမြို့နယ်နဲ့ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှဒေသခံတွေဟာသူတို့ရဲ့လယ်
ယာမြေတွေကို မထွန်ကြရဘဲစစ်ဘေးရှောင်ဘ၀နဲ့တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။
တိုက်ပွဲတွေစစ်တွေမြို့နဲ့နီးလာချိန်မှာ စစ်တပ်ကစစ်တွေမြို့ထဲမှာည ၉နာရီကနေ မနက် ၄
နာရီထိညမထွက်ရအမိန့် ထုတ်ထားပြီး ညတိုင်းကင်းလှည့်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ဒါ့အပြင်ခြံစည်းရိုးကာထားတဲ့ ကမ်းနားလမ်းတလျှောက်မှာလည်း ဘန်ကာတွေအများအပြားဆောက်
လုပ်နေပါတယ်။
AAက စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်ပြီး ကာကင်းစ ခန်းတွေ သိမ်းယူနေခဲ့တာပါ။
အခုအခါ AA ဟာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါအဝင် ရှေ့တန်းကာ ကင်းစခန်းအချို့ကို သိမ်းပိုက်ထားပါတယ်။ စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက် တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တဆယ်ဝန်းကျင်ရှိပါတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။

❤45👍19👏6🥴2🖕1
အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေကို
၂၀၂၅ နှစ်ဆန်းပိုင်းက ရခိုင် နဲ့ ဧရာဝတီအစပ်ဒေသမှာစစ်တပ်ထံကသိမ်းထားတဲ့ သံချပ်ကာကားနဲ့အတူတွေ့ရစဥ်/ စစ်တွေမြို့အဝင်ဆိုင်းဘုတ် /စစ်တွေမြို့အနီးဝန်းကျင်နဲ့အဓိကစစ်တပ်စခန်းတွေကိုမြေပုံပေါ်တွေ့ရ
စဥ်။ ။ဓါတ်ပုံ-AA Info Desk

👍44❤17👏3🥴2🖕1
ဗျူဟာ(၂၂)ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်
ကျဆုံး
ဇွန်-၁၁၊၂၀၂၆။ထားမြတ်၊နော်/People's Spring
အမျိုးသားညီညွတ်ရေးအစိုးNUG၊ ကာကွယ်
ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ပဲခူးအနောက်ရိုးမ ဗျူဟာ -၂၂ ရဲ့ဗျူဟာမှူး ရဲဘော်စောဂျိမ်း လေယာဉ်ဗုံးစထိမှန် ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
လေယာဉ်ဗုံးစထိမှန်မှုကြောင့်ရရှိထားတဲ့ ဒဏ်
ရာတွေကို ဆေးကုသနေရင်း ဇွန်လ ၉ ရက်မှာကျဆုံးခဲ့တာလည်းဖြစ်ပါတယ်။
“ ဗုံးစကညာဘက်ရင်ဘတ်ကိုထိသွားတယ်ပြီးတော့အဆုတ်လည်းနည်းနည်းထိထားတယ် ။အဲ့ ဒဏ်ရာတွေကို ဆေးကုနေရင်း ကျဆုံးသွားတာပါ “လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
ကျဆုံးသွားတဲ့ ဗျူဟာမှူး ရဲဘော်စောဂျိမ်းရဲ့ နာရေးကို ဇွန်လ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလလကုန်ပိုင်းကစပြီး ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။စစ်တပ်က တိုက်ပွဲဖြစ်ပွါးရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။
မေလ ကုန်ပိုင်းတိုက်ပွဲတစ်ခုမှာ စစ်တပ်က လေကြောင်းကနေဗုံး ကြဲမှုကြောင့် ဗျူဟာမှူး ရဲဘော်စောဂျိမ်းထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဗျူဟာမှူးရဲဘော်စောဂျိမ်းဟာ ပေါက်ခေါင်း - အုတ်တွင်းလမ်းပိုင်းမှာဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်စစ်ကြောင်း ပျက်တဲ့အထိ ဦးဆောင်တိုက်ခိုက်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
“ကိုယ့်ရဲဘော်ရဲဘက်တွေကျတာ ကျနော်တို့ အနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ တော်လှန်ရေးအတွက်လည်း ဆုံးရှုံးနစ်နာမှုကြီးတခုပါပဲ။ကျနော်တို့က အလုပ်ပိုလုပ်သွားရုံပဲ ရှိတာပေါ့ဗျာ” လို့PDF အမှတ်(၂) စစ်ဆင်
ရေးနယ်မြေ ပြောရေးဆိုခွင့်ရှိသူက People's Spring ကိုပြောပါတယ်။
ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်ဟာ ပြီးခဲ့တဲ့
နှစ်ရက်မကွယ်လွန်မီက PDF တပ်မတော်ရဲ့ ပဲခူးတိုင်း ဆွာမြို့နယ် ဆွာမကြီးရွာ စစ်တပ်စခန်းသိမ်းအောင်ပွဲသတင်းကိုသူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။
မေလ ၂၇ရက်ကလည်း “သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင်ထာ၀ရ ဘုရားရှိသည်ဟု မိန့်တော်မူ၏။” ဆိုတဲ့ ခွန်အားရစရာ ကျမ်းစာပိုဒ်ကိုလည်း ရဲဘော်စောဂျိမ်းစ်က သူရဲ့ ဖေ့စ်ဘွတ်ခ်မျာရေးသားခဲ့ပါတယ်။
ရဲဘော်စောဂျိမ်းစ်ဦးဆောင်တဲ့ ဗျူဟာ (၂၂) ဟာ ပဲခူးခရိုင်တပ်ရင်းတွေ ဖြစ်တဲ့ တပ်ရင်း
(၃၇၀၁)၊ သာယာ၀တီခရိုင် တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း(၃၈၀၁)၊ (၃၈၀၂)၊ (၃၈၀၃) တပ်
ရင်းတွေနဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။ ရဲဘော်စောဂျိမ်းစ်ဟာ ဗျူဟာ (၂၂) ကို တာဝန်မယူမှီ ၂၀၂၄ကာလတွေမှာမကွေးတိုင်းဂန့်ဂေါခရိုင် ဆောမြို့နဲ့ ကျင်ဒွေးမြို့တိုက်ပွဲတွေမှာပါဝင်ခဲ့သူဖြစ်ပြီးဂန့်ဂေါခရိုင်တပ်ရင်းများ၊ မင်းဘူးခရိုင်တ ပ်ရင်းများနဲ့အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သူဖြစ်တယ်လို့ သူနဲ့အတူ တိုက်ပွဲဝင်ခဲ့ဖူးသူတယောက်က ရေးသားထားပါတယ်။
ရဲဘော်စောဂျိမ်းစ် ဦးဆောင်တဲ့ ဗျူဟာ (၂၂) တပ်တွေဟာ ဇီးကုန်း၊ နတ်တလင်း၊ မင်းလှ၊ အုတ်တွင်းစတဲ့ ဒေသတွေမှာစစ်တပ်ကိုအ
ထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။

😢62❤12😭4👏2👎1🤮1🫡1
ဘရာဇီးနိုင်ငံဟာ ၁၉၃၀ ခုနှစ် ပထမဆုံးကမ္ဘာ့ဖလားကနေယခု ၂၀၂၆ အထိ ကျင်းပခဲ့သမျှ ကမ္ဘာ့ဖလားပြိုင်ပွဲအားလုံး (၂၃ ကြိမ်လုံး)ကိုတကြိမ်မှမပျက်ကွက်ဘဲ ပါဝင်ကစားခွင့်ရထားတဲ့ တခုတည်းသော နိုင်ငံအဖြစ် စံချိန်တင်ထားပါတယ်။
အာဂျင်တီးနာက လီယွန်နယ် မက်ဆီ ၊ပေါ်တူဂီက ခရစ်စတီယာနို ရော်နယ်ဒို ၊မက္ကဆီကို ဂိုးသမား ဂီယာမို အိုချိုအာ တို့ဟာ လက်ရှိအကြိမ်အရေအတွက် စံချိန်တင်ကစားတဲ့ ကစားသမားများ ဖြစ်ပြီး အခုအကြိမ်ဟာ ၆ ကြိမ်မြောက် ဖြစ်ပါတယ်။၂၀၀၆ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၆ ကြိမ်မြောက်အဖြစ် ပူးတွဲစံချိန်တင်ထားတာပါ။
လက်ရှိမှာမက်ဆီဟာ ၂၀၂၂ဗိုလ်လုပွဲအထိ့ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာစုစုပေါင်း ၂၆ ပွဲနဲ့ စံချိန်တင်ကစားထားပြီး၊ အခု ၂၀၂၆ ပြိုင်ပွဲမှာ ပါဝင်ကစားပါက သမိုင်းတလျှောက် ကမ္ဘာ့ဖလားပွဲအများဆုံးကစားသမားအဖြစ် မိမိရဲ့စံချိန်သစ်ကို ထပ်ချိုးဦးမှာ ဖြစ်ပါတယ်။
အသက်၄၁နှစ် ရှိပြီဖြစ်တဲ့ရော်နယ်ဒိုအတွက်လည်းကမ္ဘာ့ဖလားဆုဖလားကြီးကို အရယူနိုင်မယ့် နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့ အစွဲဆောင်ဆုံး အချက်ကတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္ထဝင်ပြိုင်ဘက်ကြီးနှစ်ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီ (အာဂျင်တီးနား) နဲ့ ခရစ်စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ) တို့ကို ကမ္ဘာ့ဖလားစင်မြင့်ထက်မှာ နောက်ဆုံးအကြိမ် မြင်တွေ့ရမယ့် အခွင့်အရေး ဖြစ်နေတာပါပဲ။ သူတို့နှစ်ဦးရဲ့ “နောက်ဆုံးကခုန်ခြင်း” (The Last Dance) လို့ပြောရမယ့် ပြိုင်ပွဲ ဖြစ်နေပါတယ်။
ဒါအပြင်၂၀၂၆ကမ္ဘာဖလားဘောလုံးပြိုင်ပွဲဟာ နေမာ ၊မိုဒရစ် ၊မိုဆာလာ ၊ ဒီဘရိုင်း ၊နူအာတို့လို ဝါရင့်ကစားသမားတွေအတွက်လည်းနောက်ဆုံးပြိုင်ပွဲတွေ ဖြစ်လာမှာဖြစ်ပါတယ် ။

❤31👍16🥰1🤮1🤣1
ချောင်းဦးနယ်က ဆင်မြေရွာကို စစ်တပ်က ၃ ရက်ဆက် မီးရှို့၊ နေအိမ် ရာနဲ့ချီပြာကျ
ဇွန်-၁၁၊၂၀၂၆ ဟာနာဆန်၊People's Spring
စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ဆင်မြေကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ရာနဲ့ချီပြာကျနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၉ ရက်ကနေ ဒီကနေ့ ဇွန်လ ၁၁ ရက်အထိ မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေရာချီ မီးလောင်ပျက်စီးနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
"၃ပုံ ၂ပုံလောက် အရှို့ခံရတယ်လို့ ကြားထားပါတယ်။ ဆင်မြေရွာက အိမ်ခြေရှိတာက ၁၀၀၀ ကျော်လောက်တယ်။ ဒီနေ့အထိကို မီးရှို့ပြီးမှ ပြန်ဆုတ်ခွါသွားကြတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါပေမယ့် စစ်တပ်ကတော့ ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာက PDF စခန်းတွေ သိမ်းနိုင်ခဲ့ပြီး PDF ရဲဘော် ၂ ဦးကျဆုံးတယ်လို့ ဝါဒဖြန့်နေပါတယ်။ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပေမဲ့ အဆိုပါစခန်းတွေဟာ စခန်းဟောင်းတွေသာဖြစ်ပြီး PDF ၂ ဦးကျဆုံးရတာကလည်း အသေခံဒရုန်းတွေကြောင့်သာဖြစ်ကြောင်း၊ တိုက်ပွဲမှာ စစ်တပ် ကသာ အထိနာခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးမြို့နယ်တောင်ပိုင်းကို အာဏာသိမ်း စစ်တပ်က ဇွန်လ ၁ ရက်ကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေတာကြောင့် ကျေးရွာ ၁၁ ရွာထက်မနည်း တိမ်းရှောင်နေရပါတယ်။
ဇွန်လ ၅ ရက်မှာ ရှမ်းထူးကျေးရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာ ၄ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက် ၄၅ နှစ်အရွယ် ကိုဝင်းကျော်ဆိုသူ အမျိုးသားတစ်ဦးသေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာမှာလည်း ပါရာမိုတာနဲ့ ဂွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ့နေအိမ်တွေနဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

🤬36❤4😡3👎1👏1🤮1🤣1🖕1💊1
၁၉၃၄ ကမ္ဘာ့ဖလားပွဲဟာအီတလီမှာကျင်းပခဲ့ပြီး၊အာဏာရှင်မူဆိုလီနီကဖက်ဆစ်ဝါဒကိုမီးရှူးမီးပန်း ဖေါက်ဖို့ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ထုံးစံအတိုင်းသပိတ်မှောက်တဲ့နိုင်ငံတွေရှိပါတယ်။ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးကာလဖြစ်ပြီးဒိုင်လူကြီးတွေကိုခြိမ်းခြောက်တာတွေ၊ဖိအားပေးတာတွေရှိပါသတဲ့။အများမျှော်လင့်ထားသလိုပဲအိမ်ရှင်အီတလီကဗိုလ်စွဲခဲ့ပါတယ်။
၁၉၅၄ ကမ္ဘာ့ဖလားကိုတော့ဆွစ်ဇာလန်နိုင်ငံမှာကျင်းပခဲ့ပါတယ်။ဆိုဗီယက်ခေါင်းဆောင်တဲ့လက်ဝဲနိုင်ငံတွေ နဲ့ အမေရိကန်ဦးဆောင်တဲ့အနောက်ဒီမိုကရေစီနိုင်ငံတွေကြားမှာ စစ်အေးတိုက်ပွဲအင်မတန်ပြင်းထန်နေတဲ့ခေတ်ကာလပါ။ဖိုင်နယ်မှာဆိုဗီယက်ဩဇာခံ ဟန်ဂေရီ နဲ့အနောက်အုပ်စုကအနောက်ဂျာမဏီထိပ်တိုက်တွေ့ပါတယ်။စစ်ပွဲတစ်ပွဲပါပဲ။အနောက်ဂျာမဏီကအနိုင်ရခဲ့ပါတယ်။
၁၉၇၈ ကမ္ဘာဖလားကတော့အာဂျင်တီးနားမှာစစ်အာဏာသိမ်းပြီး ၂ နှစ်အကြာမှာကျင်းပတာပါ။နိုင်ငံအတွင်းမှာလူ့အခွင့်အရေးချိုးဖေါက်မှုတွေအဆိုးဆုံးရောက်နေတဲ့အချိန်ဖြစ်ပါတယ်။စစ်အာဏာရှင်ဟာ သူ့အစိုးရရဲ့သိက္ခာကိုအဖတ်ဆယ်ဖို့ ဒီပွဲကိုမဖြစ်မနေပြုလုပ်ခဲ့ပါတယ်။အားကစားကွင်းတွေရဲ့အနီးအနားမှာပဲအကျဉ်းသားတွေကိုနှိပ်စက်တဲ့စခန်းတွေရှိနေခဲ့ပါတယ်။ နိုင်ငံတကာကအော့ကြောလန်ခဲ့ပါတယ်။အိမ်ရှင်အာဂျင်တီးနာကပဲဗိုလ်စွဲခဲ့ပါတယ်။
၁၉၉၈ ကမ္ဘာ့ဖလားပွဲကတော့သမိုင်းမှာထူးထူးခြားခြားပဲငြိမ်းချမ်းရေး ဖေါ်ဆောင်ခဲ့ပါတယ်။ပြင်သစ်မှာ ကျင်းပတဲ့ဒီပွဲမှာ ကမ္ဘာ့ရန်ဘက်တွေဖြစ်တဲ့အမေရိကန်ပြည်ထောင်စု နဲ့ အီရန်တို့ဆုံတွေ့ကြပါတယ်။ပွဲမစခင်မှာအီရန်ကစားသမားတွေကအမေရိကန်ကစား
သမားတွေကိုနှင်းဆီဖြူလေးတွေလက်
ဆောင်ပေးပြီးနှစ်သင်းအတူဓါတ်ပုံတွဲရိုက်ခဲ့ကြပါတယ်။ဒီပွဲကို Mother of All Games လို့တင်စားခဲ့ကြတယ်။အီရန်က ၂ – ၁ နဲ့အနိုင်ရခဲ့ပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/04/24/155137/

LuduNwayOo
၂၀၂၆ကမ္ဘာ့ဖလားနဲ့နိုင်ငံရေး | LuduNwayOo
ဗုံးသံတွေ၊အမြောက်သံတွေ၊ငိုသံတွေ၊ဆီတန်းစီနေတဲ့မော်တော်ယာဉ်သံတွေ၊(မြန်မာနိုင်ငံမှာတော့) စစ်တပ်လွှတ်တော်ကနေ စစ်တပ်ထုတ်သမ္မတအသစ်ကျပ်ချွတ်ရဲ့’ဆင်ဖမ်းမယ်ကျားဖမ်းမယ်’ဆိုတဲ့အသံတွေကြားမှာပဲအလုံးတစ်လုံးကို လူ ၂၂ ယောက်ဝိုင်းလုမယ့်ကစားနည်းဟာကမ္ဘာ့စင်မြင့်ပေါ်ကိုတက်လာနေပါပြီ။
👍31❤6🔥1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၁၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️AA ထိုးစစ် စစ်တွေ ဒကစနဲ့ အနီးဆုံးကျေးရွာ ရောက်လာ
စစ်တွေမြို့အနီးဝန်းကျင်က စစ်တပ်စခန်းတွေကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တာဟာ ရွှေမင်းဂံရေတပ်စခန်းနားကနေ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ)နဲ့အနီးဆုံးမှာရှိတဲ့ နာရီကန်ကျေးရွာနားထိ ရောက်လာခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တွေမြို့နဲ့ လေးမိုင်ဝန်းကျင်အကွာ စစ်တွေ -ရန်ကုန် ပြည်ထောင်စုလမ်းမပေါ်ရှိ နာရီကန်ကျေးရွာအနီးဝန်းကျင်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းကာကင်းစခန်းတွေကို AA က အဝေးပစ်လက်နက်ကြီးတွေနဲ့ရော မြေပြင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ နာရီကန်တံတားနားမှာတိုက်ပွဲဖြစ်နေကြပြီး အဲဒီနေရာတွေက ပါဒလိတ်၊ ကျားမသောက်တပ်ရင်းတွေနဲ့ နီးသလို ဒကစနဲ့ဆိုလည်းသိပ်မဝေးတော့ဘူးလို့ AAနဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ နာရီကန်ကျေးရွာအနီးဝန်းကျင် ပါဒလိတ်ရွာအနီးဝန်းကျင်နဲ့ တောကန်ကျေးရွာအနီးဝန်းကျင်တို့မှာ တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။ လက်ရှိမှာ စစ်တွေ-ရန်ကုန်ပြည်ထောင်စုလမ်းမအနီး နာရီကန်ကျေးရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေသလို စစ်တွေမြို့ရဲ့ အနောက်ဘက် မယူမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ အမြင့်ကျွန်း၊ ကြွီတဲကျေးရွာတို့အနီးနဲ့ စစ်တွေမြို့ အရှေ့ဘက် ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်မှာပါ တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
◾️မြန်မာ-အိန္ဒိယနယ်စပ် စစ်ဘေးရှောင်ရွာကို စစ်တပ်မီးရှို့
မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက ရန်လင်းဖိုင်ရွာ နဲ့ ပတ်ဝန်းကျင်ကို စစ်တပ်စစ်ကြောင်းတွေက ဝင်ရောက်စီးနင်းပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခါမ်းပတ်မြို့ဆီကို အာဏာသိမ်းစစ်တပ်က ကလေးနဲ့ တမူးမြို့တွေဘက်ကနေ တပြိုင်နက်စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ရန်လင်းဖိုင်ရွာကို စစ်အုပ်စုက ဇွန်လ ၁၀ရက် မနေ့က ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ တမူးမြို့ခံတွေက ပြောပါတယ်။ ရန်လင်းဖိုင်ရွာနဲ့ အိန္ဒိယ နယ်နိမိတ်စည်းဘေးမှာတင် မီးရှို့နေတာလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ အရင်ကတိုက်ပွဲတွေကြောင့် အဲဒီနေရာမှာ စစ်ရှောင်နေရသူတွေက အခုက နှစ်ထပ်ကွမ်းစစ်ရှောင်နေကြရတယ်လို့ စစ်ရှောင်အရေးကူညီနေသူက ဆိုပါတယ်။ ကလေး-ခါမ်းပတ်-တမူးလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ခါမ်းပတ်မြို့ဆီ ဦးတည်ပြီး စစ်ကြောင်းတွေ ထိုးလာလို့ ဇွန်လ ၈ရက်ကစပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။ ခါမ်းပတ်မြို့ဆီကို ကလေးနဲ့ တမူးမြို့တွေဘက်ကအပြင် မော်လိုက်မြို့ကနေပါ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်လာတာလို့ စစ်ရေးသတင်းမြစ်တွေက ပြောပါတယ်။
◾️မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်ပြီးနောက် စစ်တပ်စစ်ကြောင်းပြန်ရောက်လာ
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြစ်ခြေရဲစခန်းကို ဇွန်လ ၁၀ရက် မနေ့ မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာတော့ မြို့တောင်ဘက်ကနေ စစ်တပ်စစ်ကြောင်းဝင်လာတာလို့ သိရပါတယ်။ မြစ်ခြေမြို့ကဒေသခံတွေကတော့ မြို့ထဲမနေကြဘဲ ရှောင်တိမ်းနေကြဆဲဖြစ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
◾️မင်းတပ်မြို့ကာကွယ်နေကြတဲ့ ရဲဘော်တွေကို ပံ့ပိုးကြဖို့ ပအဖတိုက်တွန်း
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့ ပြန်သိမ်းနိုင်ဖို့ အင်အားအလုံးအရင်း၊ လေကြောင်း ပစ်ကူ အများအပြား အသုံးပြုတိုက်ခိုက်နေတဲ့ အခြေအနေမှာ ခုခံတိုက်ပွဲဝင် ရဲဘော်တွေကို ကူညီပေးဖို့ အခုလို ဖိတ်ခေါ်လာတာဖြစ်ပါတယ်။ မင်းတပ်မြို့နယ်ကို ရဲဘော်တွေက အသက်ကို ပဓာနမထားဘဲ ခုခံတိုက်ပွဲဝင်နေကြတာ ရပ်နီး၊ရပ်ဝေးက ညီအစ်ကိုမောင်နှမများအားလုံး အသိပင်ဖြစ်သလို အကူအညီတွေ လိုအပ်နေတာ သိကြမှာဖြစ်ကြောင်း မင်းတပ်ပအဖက ဖော်ပြပါတယ်။ ရှေ့တန်းမှာ အသက်ကိုစွန့်ကာ ကာကွယ်နေကြတဲ့ ရဲဘော်လေးတွေရဲ့ လိုအပ်ချက်များကို နောက်တန်းကနေ အုပ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီအားဖြည့်ပေးကြဖို့ ကြားကာလမင်းတပ်ပအဖက တောင်းဆိုထားပါတယ်။
◾️မကွေးထောင်မှာ နိုင်ကျဉ်းတွေ နှိပ်စက်ခံနေရပြီး ၁၂ ဦး အသက်အန္တရာယ် စိုးရိမ်ရ

👍17❤5🔥2