People's Spring
✔
59.7K subscribers
72K photos
1.27K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Myanmar Fire Services Department)
🔥11👎6😱5😢1
မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်ပြီးနောက် စစ်တပ်စစ်ကြောင်းပြန်​ရောက်လာ

ဇွန်-၁၁၊၂၀၂၆။ကတ်သရင်းနှင်း/People's Spring

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။

ပခုက္ကူခရိုင်စစ်ဌာနတာ၀န်ရှိသူတစ်ဦး"မနေ့က ကျွန်တော်တို့ စခန်းသိမ်းပြီးနောက်ပိုင်း စကစ က ညောင်ဦးတဖက်ကမ်းကနေ စက်လှေတွေနဲ့ကူးလာတာပါ။ပြီးတော့မြစ်ခြေမြို့ထဲ ၀င်လာတာပါ။လက်ရှိထိတော့အဲဒီစစ်
ကြောင်း ငြိမ်နေတယ်။အင်အား ၆၀ အထက်တော့ရှိတယ်"လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌​ပြောပါတယ်။

မြစ်ခြေရဲစခန်းကို ဇွန်လ၁၀ရက်နေ့ ၊မနက်ပိုင်းမှာတော်လှန်ရေးတပ်တွေကသိမ်းပိုက်ခဲ့ပြီးတဲ့နောက်မြို့တောင်ဘက်ကနေစစ်တပ်စစ်​ကြောင်းဝင်လာတာလို့ သိရပါတယ်။

အဲဒီ​နောက်BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးတပ် (BBIလို့လည်း​လူသိများပါတယ်)နဲ့ပေါင်းပြီး ဇွန် ၁၀ ရက်ညနေပိုင်းမှာ မြစ် ခြေမြို့ထဲကို စစ်ကြောင်း ပြန်ဝင်လာတာတာဖြစ်ပါတယ်။

"မ‌နေ့ကရဲစခန်းနားအထိရောက်လာတယ်လို့ သိရတယ်။လာကြည့်တဲ့ပုံစံမျိုးပဲ။အထိုင်ချတပ်စွဲလိုက်တာလည်းမရှိဘူး။အခုထိ မြို့ထဲမှာ တော့ရှိနေသေးတယ်"လို့ ဒေသတာဝန်ရှိသူတဦးက ပြောပါတယ်။

မြစ်ခြေမြို့ကဒေသခံတွေကတော့မြို့ထဲမနေကြဘဲရှောင်တိမ်းနေကြဆဲဖြစ်တယ်လို့ ​ဒေသ
ခံအချို့က​ပြောပါတယ်။

စစ်တပ်ဟာ မေလ၁၁ ရက် နေ့ကနေ ၃၀ ရက် နေ့အထိ မြစ် ခြေမြို့ကို စစ်ကြောင်းထိုး တပ်စွဲခဲ့ပြီးဘဒေသခံ ၄၀ ​ကျော်ခကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးအချို့ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ​ဒေသခံ​တွေနဲ့ ​တော်လှန်​ရေးအဖွဲ့​တွေက​ပြောပါတယ်။ဒါ့အပြင် နေအိမ်​ပေါင်းရာနဲ့ချီပြီးမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေက ဇွန်လ၁၀ ရက်နေ့မှာ မြစ်ခြေမြို့ရဲစခန်းကိုထိုးစစ်ဆင်သိမ်းယူလိုက်ပြီးလက်နက်ခဲယမ်း တွေနဲ့အတူ စစ် သုံ့ပန်း ၁၈ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။
👍35❤3👎3🔥2🤣1
(မြစ်​ချေရဲစခန်းကို ​တော်လှန်​ရေးတပ်​တွေက
သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိတဲ့လက်
နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးရတဲ့စစ်သုံ့ပန်း​တွေ
👍50❤3🔥2🤣1
ရန်ကုန် မှာငလျင်ထပ်လှုပ်

ဇွန်-၁၁၊၂၀၂၆။ဇော်ရမ်း/People's Spring

ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ စမ်းချောင်း၊လှိုင်၊ကမာရွတ်၊လသာ၊ ဒေါပုံ၊ သာကေတ၊ တောင်ဥက္ကလာ၊မြောက်ဥက္ကလာ၊ကြည့်မြင့်တိုင်မြို့နယ်
တွေမှာ ငလျင်လှုပ်တာကို သိသိသာသာခံစားလိုက်ရတယ်လို့ မြို့ခံတွေကလူမှုကွန်ယက်မှာရေးသားထားကြပါတယ်။ လှုပ်ခတ်မှုသိသာတယ်လို့လည်း ပြောကြပါတယ်။

ငလျင်သတင်းတွေထုတ်ပြန်ပေးနေတဲ့ Earthquake Application မှာတော့ ရန်ကု
န်တိုင်းနဲ့ဆက်စပ်နေတဲ့ ပင်လယ်ဝအနီးမှာ
ရစ်ခ်တာစကေး ၄အဆင့် ငလျင်လှုပ်သွားတယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း၊ တွံတေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၀ အဆင့်ဖြင့် အင်အားအနည်း
ငယ်ရှိတဲ့မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်
ထားရေးဝန်ကြီးဌာန(MoSLHA)ကထုတ်ပြန်ထားပါတယ်။

လှိုင်မြို့နယ်မှာဇွန်လ၆ရက်မနက်ပိုင်းကလည်းငလျင်လှုပ်သလို မြေလွှာလှုပ်ရှားမှုဖြစ်ပေါ်ခဲ့လို့ ဒေသခံတွေ စိုးရိမ်ခဲ့ကြရပါတယ်။

ရန်ကုန်မြို့ကိုသက်ရောက်စေခဲ့တဲ့ငလျင်တွေ ပြီးခဲ့တဲ့မေလအတွင်း မကြာခဏလှုပ်ရှားခဲ့လို့မြို့ခံတွေအကြားစိုးရိမ်မှုတွေရှိနေပါတယ်။ကွမ်းခြံကုန်းမြို့အနီးမြန်မာ့ကမ်းရိုး
တန်းအနီးမှာ မေလ ၂၂ရက်ကရစ်ခ်တာစကေး ၄.၂ အဆင့်ရှိတဲ့ ငလျင်၊ မေလ ၁၈ ရက် မနက်ကကျောက်တန်းမြို့အနီးမြန်မာ့ကမ်းရိုးတန်းမှာ မြေအောက်အနက် ၁၀ ကီ
လိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၅
ဒဿမ၃အဆင့်ငလျင်လှုပ်ခဲ့လို့ ရန်ကုန်မြို့မှာသိသိသာခံစားခဲ့ရပါတယ်။

ရန်ကုန်မြို့ဟာဒေးဒရဲ ပြတ်ရွှေ့ကြောင့်င
လျင်လှုပ်ရှားနိုင်သလိုရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေနဲ့ထိုးစိုက်ဇုန်ကြောင့်လည်း
ငလျင်လှုပ်နိုင်တယ်လို့ ပညာရှင်တွေက သ
တိပေးထားပါတယ်။ပဲခူးမြို့အနီးကစစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့မှာ ငလျင် လှုပ်စေပါတယ်။
👍16🔥16❤8😱1
👍26🔥4❤1😭1
​ရန်ကုန်မှာ ​မေလ ၁၈ ရက်ကအင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်လို့တိုက်​အောက်ဆင်း​နေတဲ့ပြည်သူ​တွေ။ဇွန် ၁၁ ရက်​နေ့ခင်းလှုပ်တဲ့ငလျင်က အင်အားအနည်းငယ်ရှိတဲ့ငလျင်ဖြစ်ပါတယ်။         ။ဓါတ်ပုံ-​ဒေသခံ
👍19🔥9😱1
မကွေးထောင်မှာ နိုင်ကျဉ်းတွေ နှိပ်စက်ခံနေရပြီး ၁၂ ဦး အသက်အန္တရာယ် စိုးရိမ်ရဟုဆို

​ဇွန်- ၁၁၊ ၂၀၂၆။ဇေအောင်/People's Spring

​မကွေးအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၄၂ ဦး နှိပ်စက်တိုက်ပိတ်ခံထားရပြီး ၁၂ ဦးဟာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ ဦးဆောင်အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။

မကွေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဉ်းသားအားလုံး လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ နှိပ်စက်ညှင်းပန်းခံနေရကြောင်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက ယနေ့ (ဇွန်လ ၁၁ ရက်)မှာ ထုတ်ပြန်ပါတယ်။

မကွေးအကျဥ်းထောင်မှာ ထောင်ပိုင်ကြီး ဝင်းနိုင်နဲ့ ထောင်ပိုင်လေး အောင်မြင့်သန်းကြည် တို့ ဦးဆောင်တဲ့ အကျဉ်းထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင်အကျဉ်းသားတွေ ပိုင်ဆိုင်တဲ့ ခြုံစောင်၊ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများနဲ့ အစားအသောက်တွေကို မတရားသိမ်းယူခဲ့ကြောင်း၊ ဒါ့အပြင် အကျဉ်းသားတွေကို အခင်းမပါဘဲ သံမံတလင်း ကြမ်းပြင်ပေါ်မှာ နေထိုင်စေခဲ့တဲ့အပြင်၊ သောက်သုံးရေကိုလည်း ကန့်သတ်ကာ တစ်နေ့လုံး ထမင်းစားပြီးချိန်မှ ရေတစ်ခွက်သာ သောက်သုံးခွင့်ပေးထားကြောင်း သိရှိရပါတယ်။

ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ရိုက်သတ်လို့ရတယ်လို့ ခြိမ်းခြောက်ပြောဆိုတာ၊ ခဏခဏ ပုံစံထိုင်ခိုင်းတာ စတဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ အဆက်မပြတ် ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အထက်ပါ ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့ တင်ပြတောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၄၂ ဦးကို လည်း ထောင်အာဏာပိုင်တွေက ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ်ပို့ခွင့်တွေ ပိတ်ပင်ကာ တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ထားကြောင်း၊ ၎င်းတို့အနက် နိုင်ငံရေးအကျဉ်းသား ရဲဘော် (၁၂) ဦးမှာ ပြင်းထန်တဲ့ ရိုက်နှက်နှိပ်စက်မှုတွေကို ခံထားရလို့ လက်ရှိမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေသို့ ရောက်ရှိနေကြောင်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက ထပ်မံအသိပေးပါတယ်။

"ထောင်အာဏာပိုင်တွေက ဘာ့ကြောင့်လုပ်တယ်ဆိုတာ မတွေ့ရဘူး။ ဘာမှအကြောင်းပြချက်မရှိဘဲနဲ့ အကျဥ်းသားတွေရဲ့ပစ္စည်းတွေကို အကုန်သိမ်းသွားတယ်။ ပြန်ပေးဖို့ တောင်းဆိုကြတဲ့သူတွေကို ရိုက်နှက်ပြီးတော့ တိုက်ပိတ်ထားတာတွေ၊ အစာရေစာဖြတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။"လို့ နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။

​အကျဉ်းသားတစ်ဦးရဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ခွင့်ကို အတင်းအဓမ္မ လုယူဖျက်ဆီးနေတဲ့ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ ဖိနှိပ်မှုတွေကို ချက်ချင်းရပ်တန့်ကာ လူ့အခွင့်အရေးနဲ့အညီ ထားရှိဖို့ကိုလည်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက တောင်းဆိုထားပါတယ်။

​ယခုကျူးလွန်မှုတွေမှာ ပါဝင်တဲ့ ထောင်ဝန်ထမ်းများ၊ ထောင်ပိုင် ဝင်းနိုင်၊ ထောင်ပိုင်လေး အောင်မြင့်သန်းကြည် တို့အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များအားလုံးမှာ အပြည့်အဝ တာဝန်ရှိပြီး ၎င်းတို့ကို ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

​ပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကိစ္စကို မျက်ခြေမပြတ် စုံစမ်းကာ တတ်နိုင်တဲ့ဘက်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးကြဖို့ နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက မေတ္တာရပ်ခံထားပါတယ်။
😡35❤7🤬7👎3👍1
(မကွေးအကျဥ်းထောင်အဝင်တနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
😢20🤬13🖕5👎2❤1😁1
ကောင်းတပ်ရွာ အလှူခံမှုရပ်ဆိုင်းမှာဖြစ်လို့ ဇွန် ၁၅ရက်မတိုင်မီ ပါဝင်လှူဒါန်းကြဖို့ တိုက်တွန်း

ဇွန်-၁၁၊ ၂၀၂၆။ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

မေလ ၃၁ရက်က TNLA ရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်လို့ ကောင်းတပ်ရွာက လူဦးရေ ၅၀ ခန့်သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အုံများစွာ ပျက်စီးခဲ့ပါတယ်။

ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ကော်မတီဖွဲ့ပြီး အလှူငွေများ ကောင်းခံခဲ့ရာ ပြည်တွင်းပြည်ပ ပြည်သူများအသင်းအဖွဲ့များသာမက ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ အာရက္ခတပ်တော်(AA)၊ ၀တပ် UWSA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချို့ကလည်း လှူဒါန်းမှု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာန ပိတ်သိမ်းပြီးနောက်ပိုင်း လှူဒါန်းလိုရင် ပြန်လည် ထူထောင်ရေးကော်မတီသို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းခြင်း၊ သက်ဆိုင်ရာ ကျေးရွာဥက္ကဋ္ဌများ ထံသို့တိုက်ရိုက် ဆက်သွယ်လှူဒါန်းခြင်း၊ ထိခိုက်နစ်နာခဲ့ရသူများ ထံသို့ ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်သွားရောက်လှူဒါန်းခြင်း တို့ ပြုလုပ်နိုင်ကြောင်းလည်း ကော်မတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အသိပေးထားပါတယ်။

ပြည်သူတွေရဲ့တစ်ခဲနက် ပါဝင်လှူဒါန်းမှုများအတွက် ကော်မတီနှင့်အတူ ထိခိုက်နစ်နာသူ မိသားစုများအားလုံးမှ အထူးပင် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ပါတယ်။

TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ ကောင်းတပ်ရွာပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ကျပ်သိန်း ၉ထောင်ကျော် ရရှိထားပါတယ်။ ဒါ့အပြင် TNLA အဖွဲ့ကလည်း ကွယ်လွန်သူတွေအတွက် ကျန်ရစ်သူမိသားစုဝင်တွေကို ငွေကြေးထောက်ပံ့တာ၊ ဒဏ်ရာရသူတွေကို ဆေးကုသပေးတာတွေ လုပ်ဆောင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ပေးမယ်လို့ အသိပေးထားပါတယ်။
❤22👍9🤮2
(နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာ နေအိမ်တွေကို ပြန်လည်ပြုပြင်နေကြစဉ်။ ဓာတ်ပုံ - committeeofkaungtup)
👍26🥰3🤮3❤1
မိုးမိတ်မြို့နယ် သစ်ဆိမ့်ကုန်းရွာ စစ်တပ်မီးရှို့

ဇွန်-၁၁၊၂၀၂၆။ကတ်သရင်းနှင်း/People's Spring

မိုးမိတ်မြို့နယ်က သစ်ဆိမ့်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အနည်းဆုံး နေအိမ် ၅လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၀ ရက် မနေ့က သစ်ဆိမ့်ကုန်းရွာကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဝင်အပစ်ခံရတာ အထိနာပြီး မီးရှို့တယ်လို့ သိရတယ်။ဘေးပတ်ဝန်းကျင်ကိုလည်း လက်နက်ကြီး တွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရမ်းသမ်းပစ်နေသေးတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးရှို့ခံရမှုကြောင့် ပြည်သူတွေရဲ့ နေအိမ် ၅လုံး မီးလောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ခလရ(၃၄၈)တပ်ရင်းက ဖြစ်ပြီး တော်လှန်‌ရေးတပ်တွေရဲ့ ပစ်ခတ်ခြင်းခံရကာ အထိနာပြီး မီးရှို့ခဲ့တာလို့ သိရပါတယ်။

စစ်တပ်ဟာ တရုတ်ရဲ့ကူညီမှုနဲ့ ၂၀၂၅ နိုဝင်ဘာ၂၉ရက်က မိုးမိတ်မြို့ကို ပြန်လည်တောင်းယူခဲ့တာပါ။

အဲဒီနောက် မေလအတွင်းမှာ တြိဂံတိုင်းစစ်ဌာနက ဘတ်တံဆိပ်ပါ စစ်ကားအစီးရေ ရာနဲ့ချီပို့ပြီး မိုးမိတ်မြို့ကို အင်အားတိုးတာလည်း ပြုလုပ်ထားပါတယ်။
🤬38👎4❤2🤣2👏1
(မိုးမိတ်မြို့တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🤬40👎3🔥1👏1🙏1🤣1
KIO ဝန်ထမ်း ၉၀ကျော်တက်ရောက်တဲ့ လ၀က သင်တန်းဆင်းပွဲ ကျင်းပ

ဇွန် ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

KIO အစိုးရ ပြည်သူ့အုပ်ချုပ်ရေးဌာန၊ ဗဟိုလူဝင်မှုကြီးကြပ်ရေးရုံးက ကြီးမှူးတဲ့ အမှတ်စဥ် (၁၆) လ၀က သင်တန်းကျောင်းဆင်းပွဲကို သင်တန်းသား ၉၆ဦး တက်ရောက်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို သက်ဆိုင်ရာ ဌာန ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ ပြောပါတယ်။

KIO အနေနဲ့ အုပ်ချုပ်ရေး နယ်မြေကျယ်ပြန့်လာတာနဲ့အမျှ ဝန်ထမ်းလိုအပ်ချက်ရှိတဲ့အပေါ် ဌာနအသီးသီးက သင်တန်းတွေ ပြုလုပ်လျက်ရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

" လူ့အရင်းအမြစ်လိုအပ်ချက်က ပိုများလာတဲ့သဘောပါ။ ပြည်သူ့ဝန်ထမ်းကောင်းတွေဆိုတာ ပြည်သူကိုမိဘနေရာမှာထားတတ်တဲ့ဝန်ထမ်းတွေဆိုတာ အမြဲနှလုံးတွေးဖို့လိုတယ်။ နိုင်ငံဝန်ထမ်းကောင်း ပြည်သူ့အကျိုးပြုတဲ့ လဝက ဝန်ထမ်းတွေဖြစ်လာဖို့မျော်လင့်ပါတယ်”လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေအရ လူမျိုးရေးအစွန်းမရောက်ကြဖို့ အရေးကြီးသလို နိုင်ငံရေးသဘောထားကြီးပြီး ဘုံရန်သူဖြစ်တဲ့ မတရားအာဏာသိမ်းယူထားတဲ့ အာဏာသိမ်း စစ်တပ်ကို တက်ညီလက်ညီ ပူးပေါင်းတွန်းလှန်ရန်လိုအပ်ကြောင်း သတင်းရင်းမြစ်က တိုက်တွန်းပါတယ်။
❤34👍16👏3🥰2🤣1🖕1
❤36👍13🥰2😁1🖕1
AA ထိုးစစ် စစ်တွေဒကစနဲ့အနီးဆုံး
ရွာနားအထိ ရောက်လာ

ဇွန်-၁၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)ရဲ့စစ်တွေမြို့အနီးဝန်းကျင်က စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်တာဟာ ရွှေမင်းဂံရေတပ်စခန်းနားကနေ ဒေသကွပ်ကွဲမှုစစ်ဌနချုပ်(ဒကစစစ်တွေ)နဲ့အနီးဆုံးမှာရှိတဲ့ နာရီကန်ကျေးရွာနားထိ ရောက်လာခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်တွေမြို့နဲ့ လေးမိုင်ဝန်းကျင်အကွာ စစ်တွေ -ရန်ကုန် ပြည်ထောင်စုလမ်းမပေါ်ရှိ နာရီကန်ကျေးရွာအနီးဝန်းကျင်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းကာကင်းစခန်းတွေကို AA က အဝေးပစ်လက်နက်ကြီးတွေနဲ့ရော မြေ
ပြင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

“နာရီကန်တံတားနားမှာတိုက်ပွဲဖြစ်နေကြတယ်။အဲဒါက ပါဒလိတ်၊ကျားမသောက်တပ်
ရင်းတွေနဲ့ နီးတယ်။ ဒကစ နဲ့ဆိုလည်းသိပ်မဝေးတော့ဘူး။ မြို့ထဲဘက်ကို နည်းနည်းတိုးလာရင် ဒကစဌာနချုပ်ကိုရောက်ပြီ။ အဲဒီနားမှာ ခလရ (၂၇၂) တို့လည်း ရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

နာရီကန်ကျေးရွာအနီးဝန်းကျင် ၊ပါဒလိတ်ရွာအနီးဝန်းကျင် နဲ့ တောကန်ကျေးရွာအနီးဝန်း
ကျင်တို့မှာတိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။

လက်ရှိမှာစစ်တွေ-ရန်ကုန်ပြည်ထောင်စုလမ်း
မအနီး နာရီကန်ကျေးရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေသလို စစ်တွေမြို့ရဲ့ အနောက်ဘက် မယူမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ အမြင့်ကျွန်း ၊ ကြွီတဲကျေးရွာတို့အနီးနဲ့ စစ်တွေမြို့ အရှေ့ဘက် ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်မှာပါ တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

“AAက ထိုးစစ်ကို ပြင်းပြင်းထန်ထန်လုပ်တဲ့အနေအထားတော့မဟုတ်သေးဘူး။ဒါပေမယ့် စစ်တွေကို ဝိုင်းပတ်ပြီးတော့ ညှပ်တိုက်တိုက်နေတာ။ ရသေ့တောင်ဘက်ကရော၊ ပုဏ္ဏားကျွန်း၊ ပေါက်တောဘက်ကရော ညှပ်တိုက်နေ တယ်။ မိုးရာသီ တိုက်ပွဲပိုပြင်းလာမယ်ထင်တယ်”လို့ရခိုင်ဒေသခံ စစ်ရေးလေ့လာနေသူတဦးက ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာစစ်တွေမြို့ရဲ့ အ
နောက်ဘက်ရှိရသေ့တောင်၊မြောက်ဘက်ရှိ ပုဏ္ဏားကျွန်း၊အရှေ့ဘက်ရှိ ပေါက်တောမြို့
နယ်​တွေကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

AAဟာစစ်တွေ၊ရွှေမင်းဂံရေတပ်စခန်း၊ ဒကစဌာနချုပ်၊ စစ်တပ်တပ်ရင်းတွေကို တိုက်ခိုက်နေသလို စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ထဲနဲ့ တောင်ဘက် ဘင်္ဂလားပင်လယ်ဝမှာ ရပ်ထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေကိုလည်း ဟောက်ဝစ်ဇာတွေနဲ့ ပစ်ခတ်တိုက်ခိုက်​နေပါတယ်။

မေလ ၂၄ ရက်နေ့ကစစ်တပ်သင်္ဘောတစီးထိမှန်သွားခဲ့တယ် လို့ ဒေသခံတွေက ပြောထားကြပါတယ်။အဲဒီတိုက်ပွဲတွေအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ မြို့ပေါ်တပ်ရင်းတွေနဲ့ ပင် လယ်ပြင်ရှိ စစ်သင်္ဘောတွေကနေလက်နက်
ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ် တို့အတွင်းမှ လူနေကျေးရွာများကို ကျရောက်ပေါက်ကွဲမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီးကနေ့တိုင်းပစ်တယ်။ဒီဘက်ကရွာတွေဆိုရင်လူနေလို့မရတော့ဘူး။အရင်ကရွာစောင့်သဘောနေကြတယ်။အခုရွာစောင့်တောင် နေလို့မရတော့ဘူး။ လက်နက်
ကြီးနဲ့ တော်တော်ပစ်နေတယ်။ တိုက်ပွဲက ဒီ ဘက်မှာတခုမှမရှိတော့ဘဲရမ်းပစ်ပစ်နေတာ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံလယ်သမားတဦးကပြောပါတယ်။

အဲဒီလိုစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်တွေမြို့နယ်နဲ့ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှဒေသခံတွေဟာသူတို့ရဲ့လယ်
ယာမြေတွေကို မထွန်ကြရဘဲစစ်ဘေးရှောင်ဘ၀နဲ့တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။

တိုက်ပွဲ​တွေစစ်တွေမြို့နဲ့နီးလာချိန်မှာ စစ်တပ်ကစစ်တွေမြို့ထဲမှာည ၉နာရီကနေ မနက် ၄
နာရီထိညမထွက်ရအမိန့် ထုတ်ထားပြီး ညတိုင်းကင်းလှည့်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ဒါ့အပြင်ခြံစည်းရိုးကာထားတဲ့ ကမ်းနားလမ်းတလျှောက်မှာလည်း ဘန်ကာတွေအများအပြားဆောက်
လုပ်နေပါတယ်။

AAက စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်ပြီး ကာကင်းစ ခန်းတွေ သိမ်းယူနေခဲ့တာပါ။

အခုအခါ AA ဟာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါအဝင် ရှေ့တန်းကာ ကင်းစခန်းအချို့ကို သိမ်းပိုက်ထားပါတယ်။ စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက် တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တဆယ်ဝန်းကျင်ရှိပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။
❤45👍19👏6🥴2🖕1
အာရက္ခတပ်​တော် တပ်ဖွဲ့ဝင်​တွေကို
၂၀၂၅ နှစ်ဆန်းပိုင်းက ရခိုင် နဲ့ ဧရာဝတီအစပ်​ဒေသ​မှာစစ်တပ်ထံကသိမ်းထားတဲ့ သံချပ်ကာကားနဲ့အတူ​တွေ့ရစဥ်/ စစ်​တွေမြို့အဝင်ဆိုင်းဘုတ် /စစ်​တွေမြို့အနီးဝန်းကျင်နဲ့အဓိကစစ်တပ်စခန်း​တွေကို​မြေပုံ​ပေါ်​တွေ့ရ
စဥ်။ ။ဓါတ်ပုံ-AA Info Desk
👍44❤17👏3🥴2🖕1