ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး လူ ၂ဦးသေဆုံး
ဇွန်-၁၁၊၂၀၂၆။သတိုး/People's Spring
ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ ကုန်တင်ယာဉ် ၂စီး ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား ၂ဦး သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။
ဒီနေ့(ဇွန်၁၁) မနက် ၇နာရီခွဲ လောက်မှာ ပဲခူးမြို့နယ် ဆယ်မိုင်ဂုံးအကျော်မှာ (၂၂)ဘီးယာဉ်ကို အချိုရည်တင်လာတဲ့ Canter(၆)ဘီး ကုန်တင်ယာဉ်က နောက်ကဝင်တိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ကဝင်တိုက်ခဲ့တဲ့ Canter ကားခေါင်းခန်း ချိုင့်ဝင်သွားပြီး ကားရှေ့ခန်းမှာ ညပ်နေတဲ့သူတွေကို မီးသတ်တပ်ဖွဲ့ နဲ့ ပရဟိတအဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးပြုလုပ်ပေးနေရတာကို ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေမှာတွေ့ရပါတယ်။ ဒါပေမယ့် Canter ကားပေါ်က အမျိုးသား ၂ဦး သေဆုံးသွားပြီး မေတ္တာရွှေစင်ပရဟိတအသင်းက ပဲခူးဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်။
"ခေါင်းတိုပြားကားတွေကနဲနဲနင်းတာနဲ့တစ်အားပြေးတယ်။ထိလိုက်ရင်ရှေ့ခန်းကရှင်တာနဲတယ်။သတိထားကြပါ။မိသားစုကိုယ်စီနဲ့ရှိကြတာပါ။" လို့ ဒီဖြစ်စဉ်အပေါ် ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးကမှတ်ချက်ရေးသားထားပါတယ်။

👍23❤2🔥1😢1
(ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Myanmar Fire Services Department)
🔥11👎6😱5😢1
မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်ပြီးနောက် စစ်တပ်စစ်ကြောင်းပြန်ရောက်လာ
ဇွန်-၁၁၊၂၀၂၆။ကတ်သရင်းနှင်း/People's Spring
မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။
ပခုက္ကူခရိုင်စစ်ဌာနတာ၀န်ရှိသူတစ်ဦး"မနေ့က ကျွန်တော်တို့ စခန်းသိမ်းပြီးနောက်ပိုင်း စကစ က ညောင်ဦးတဖက်ကမ်းကနေ စက်လှေတွေနဲ့ကူးလာတာပါ။ပြီးတော့မြစ်ခြေမြို့ထဲ ၀င်လာတာပါ။လက်ရှိထိတော့အဲဒီစစ်
ကြောင်း ငြိမ်နေတယ်။အင်အား ၆၀ အထက်တော့ရှိတယ်"လို့ ပြောပါတယ်။
မြစ်ခြေရဲစခန်းကို ဇွန်လ၁၀ရက်နေ့ ၊မနက်ပိုင်းမှာတော်လှန်ရေးတပ်တွေကသိမ်းပိုက်ခဲ့ပြီးတဲ့နောက်မြို့တောင်ဘက်ကနေစစ်တပ်စစ်ကြောင်းဝင်လာတာလို့ သိရပါတယ်။
အဲဒီနောက်BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးတပ် (BBIလို့လည်းလူသိများပါတယ်)နဲ့ပေါင်းပြီး ဇွန် ၁၀ ရက်ညနေပိုင်းမှာ မြစ် ခြေမြို့ထဲကို စစ်ကြောင်း ပြန်ဝင်လာတာတာဖြစ်ပါတယ်။
"မနေ့ကရဲစခန်းနားအထိရောက်လာတယ်လို့ သိရတယ်။လာကြည့်တဲ့ပုံစံမျိုးပဲ။အထိုင်ချတပ်စွဲလိုက်တာလည်းမရှိဘူး။အခုထိ မြို့ထဲမှာ တော့ရှိနေသေးတယ်"လို့ ဒေသတာဝန်ရှိသူတဦးက ပြောပါတယ်။
မြစ်ခြေမြို့ကဒေသခံတွေကတော့မြို့ထဲမနေကြဘဲရှောင်တိမ်းနေကြဆဲဖြစ်တယ်လို့ ဒေသ
ခံအချို့ကပြောပါတယ်။
စစ်တပ်ဟာ မေလ၁၁ ရက် နေ့ကနေ ၃၀ ရက် နေ့အထိ မြစ် ခြေမြို့ကို စစ်ကြောင်းထိုး တပ်စွဲခဲ့ပြီးဘဒေသခံ ၄၀ ကျော်ခကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးအချို့ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။ဒါ့အပြင် နေအိမ်ပေါင်းရာနဲ့ချီပြီးမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေက ဇွန်လ၁၀ ရက်နေ့မှာ မြစ်ခြေမြို့ရဲစခန်းကိုထိုးစစ်ဆင်သိမ်းယူလိုက်ပြီးလက်နက်ခဲယမ်း တွေနဲ့အတူ စစ် သုံ့ပန်း ၁၈ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။

👍35❤3👎3🔥2🤣1
ရန်ကုန် မှာငလျင်ထပ်လှုပ်
ဇွန်-၁၁၊၂၀၂၆။ဇော်ရမ်း/People's Spring
ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ စမ်းချောင်း၊လှိုင်၊ကမာရွတ်၊လသာ၊ ဒေါပုံ၊ သာကေတ၊ တောင်ဥက္ကလာ၊မြောက်ဥက္ကလာ၊ကြည့်မြင့်တိုင်မြို့နယ်
တွေမှာ ငလျင်လှုပ်တာကို သိသိသာသာခံစားလိုက်ရတယ်လို့ မြို့ခံတွေကလူမှုကွန်ယက်မှာရေးသားထားကြပါတယ်။ လှုပ်ခတ်မှုသိသာတယ်လို့လည်း ပြောကြပါတယ်။
ငလျင်သတင်းတွေထုတ်ပြန်ပေးနေတဲ့ Earthquake Application မှာတော့ ရန်ကု
န်တိုင်းနဲ့ဆက်စပ်နေတဲ့ ပင်လယ်ဝအနီးမှာ
ရစ်ခ်တာစကေး ၄အဆင့် ငလျင်လှုပ်သွားတယ်လို့ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်း၊ တွံတေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၀ အဆင့်ဖြင့် အင်အားအနည်း
ငယ်ရှိတဲ့မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်
ထားရေးဝန်ကြီးဌာန(MoSLHA)ကထုတ်ပြန်ထားပါတယ်။
လှိုင်မြို့နယ်မှာဇွန်လ၆ရက်မနက်ပိုင်းကလည်းငလျင်လှုပ်သလို မြေလွှာလှုပ်ရှားမှုဖြစ်ပေါ်ခဲ့လို့ ဒေသခံတွေ စိုးရိမ်ခဲ့ကြရပါတယ်။
ရန်ကုန်မြို့ကိုသက်ရောက်စေခဲ့တဲ့ငလျင်တွေ ပြီးခဲ့တဲ့မေလအတွင်း မကြာခဏလှုပ်ရှားခဲ့လို့မြို့ခံတွေအကြားစိုးရိမ်မှုတွေရှိနေပါတယ်။ကွမ်းခြံကုန်းမြို့အနီးမြန်မာ့ကမ်းရိုး
တန်းအနီးမှာ မေလ ၂၂ရက်ကရစ်ခ်တာစကေး ၄.၂ အဆင့်ရှိတဲ့ ငလျင်၊ မေလ ၁၈ ရက် မနက်ကကျောက်တန်းမြို့အနီးမြန်မာ့ကမ်းရိုးတန်းမှာ မြေအောက်အနက် ၁၀ ကီ
လိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၅
ဒဿမ၃အဆင့်ငလျင်လှုပ်ခဲ့လို့ ရန်ကုန်မြို့မှာသိသိသာခံစားခဲ့ရပါတယ်။
ရန်ကုန်မြို့ဟာဒေးဒရဲ ပြတ်ရွှေ့ကြောင့်င
လျင်လှုပ်ရှားနိုင်သလိုရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေနဲ့ထိုးစိုက်ဇုန်ကြောင့်လည်း
ငလျင်လှုပ်နိုင်တယ်လို့ ပညာရှင်တွေက သ
တိပေးထားပါတယ်။ပဲခူးမြို့အနီးကစစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့မှာ ငလျင် လှုပ်စေပါတယ်။

👍16🔥16❤8😱1
ရန်ကုန်မှာ မေလ ၁၈ ရက်ကအင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်လို့တိုက်အောက်ဆင်းနေတဲ့ပြည်သူတွေ။ဇွန် ၁၁ ရက်နေ့ခင်းလှုပ်တဲ့ငလျင်က အင်အားအနည်းငယ်ရှိတဲ့ငလျင်ဖြစ်ပါတယ်။ ။ဓါတ်ပုံ-ဒေသခံ
👍19🔥9😱1
မကွေးထောင်မှာ နိုင်ကျဉ်းတွေ နှိပ်စက်ခံနေရပြီး ၁၂ ဦး အသက်အန္တရာယ် စိုးရိမ်ရဟုဆို
ဇွန်- ၁၁၊ ၂၀၂၆။ဇေအောင်/People's Spring
မကွေးအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၄၂ ဦး နှိပ်စက်တိုက်ပိတ်ခံထားရပြီး ၁၂ ဦးဟာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ ဦးဆောင်အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။
မကွေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဉ်းသားအားလုံး လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ နှိပ်စက်ညှင်းပန်းခံနေရကြောင်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက ယနေ့ (ဇွန်လ ၁၁ ရက်)မှာ ထုတ်ပြန်ပါတယ်။
မကွေးအကျဥ်းထောင်မှာ ထောင်ပိုင်ကြီး ဝင်းနိုင်နဲ့ ထောင်ပိုင်လေး အောင်မြင့်သန်းကြည် တို့ ဦးဆောင်တဲ့ အကျဉ်းထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင်အကျဉ်းသားတွေ ပိုင်ဆိုင်တဲ့ ခြုံစောင်၊ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများနဲ့ အစားအသောက်တွေကို မတရားသိမ်းယူခဲ့ကြောင်း၊ ဒါ့အပြင် အကျဉ်းသားတွေကို အခင်းမပါဘဲ သံမံတလင်း ကြမ်းပြင်ပေါ်မှာ နေထိုင်စေခဲ့တဲ့အပြင်၊ သောက်သုံးရေကိုလည်း ကန့်သတ်ကာ တစ်နေ့လုံး ထမင်းစားပြီးချိန်မှ ရေတစ်ခွက်သာ သောက်သုံးခွင့်ပေးထားကြောင်း သိရှိရပါတယ်။
ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ရိုက်သတ်လို့ရတယ်လို့ ခြိမ်းခြောက်ပြောဆိုတာ၊ ခဏခဏ ပုံစံထိုင်ခိုင်းတာ စတဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ အဆက်မပြတ် ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
အထက်ပါ ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့ တင်ပြတောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၄၂ ဦးကို လည်း ထောင်အာဏာပိုင်တွေက ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ်ပို့ခွင့်တွေ ပိတ်ပင်ကာ တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ထားကြောင်း၊ ၎င်းတို့အနက် နိုင်ငံရေးအကျဉ်းသား ရဲဘော် (၁၂) ဦးမှာ ပြင်းထန်တဲ့ ရိုက်နှက်နှိပ်စက်မှုတွေကို ခံထားရလို့ လက်ရှိမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေသို့ ရောက်ရှိနေကြောင်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက ထပ်မံအသိပေးပါတယ်။
"ထောင်အာဏာပိုင်တွေက ဘာ့ကြောင့်လုပ်တယ်ဆိုတာ မတွေ့ရဘူး။ ဘာမှအကြောင်းပြချက်မရှိဘဲနဲ့ အကျဥ်းသားတွေရဲ့ပစ္စည်းတွေကို အကုန်သိမ်းသွားတယ်။ ပြန်ပေးဖို့ တောင်းဆိုကြတဲ့သူတွေကို ရိုက်နှက်ပြီးတော့ တိုက်ပိတ်ထားတာတွေ၊ အစာရေစာဖြတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။"လို့ နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။
အကျဉ်းသားတစ်ဦးရဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ခွင့်ကို အတင်းအဓမ္မ လုယူဖျက်ဆီးနေတဲ့ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ ဖိနှိပ်မှုတွေကို ချက်ချင်းရပ်တန့်ကာ လူ့အခွင့်အရေးနဲ့အညီ ထားရှိဖို့ကိုလည်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက တောင်းဆိုထားပါတယ်။
ယခုကျူးလွန်မှုတွေမှာ ပါဝင်တဲ့ ထောင်ဝန်ထမ်းများ၊ ထောင်ပိုင် ဝင်းနိုင်၊ ထောင်ပိုင်လေး အောင်မြင့်သန်းကြည် တို့အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များအားလုံးမှာ အပြည့်အဝ တာဝန်ရှိပြီး ၎င်းတို့ကို ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကိစ္စကို မျက်ခြေမပြတ် စုံစမ်းကာ တတ်နိုင်တဲ့ဘက်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးကြဖို့ နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက မေတ္တာရပ်ခံထားပါတယ်။

😡35❤7🤬7👎3👍1
ကောင်းတပ်ရွာ အလှူခံမှုရပ်ဆိုင်းမှာဖြစ်လို့ ဇွန် ၁၅ရက်မတိုင်မီ ပါဝင်လှူဒါန်းကြဖို့ တိုက်တွန်း
ဇွန်-၁၁၊ ၂၀၂၆။ထားမြတ်/People’s Spring
တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
မေလ ၃၁ရက်က TNLA ရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်လို့ ကောင်းတပ်ရွာက လူဦးရေ ၅၀ ခန့်သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အုံများစွာ ပျက်စီးခဲ့ပါတယ်။
ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ကော်မတီဖွဲ့ပြီး အလှူငွေများ ကောင်းခံခဲ့ရာ ပြည်တွင်းပြည်ပ ပြည်သူများအသင်းအဖွဲ့များသာမက ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ အာရက္ခတပ်တော်(AA)၊ ၀တပ် UWSA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချို့ကလည်း လှူဒါန်းမှု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာန ပိတ်သိမ်းပြီးနောက်ပိုင်း လှူဒါန်းလိုရင် ပြန်လည် ထူထောင်ရေးကော်မတီသို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းခြင်း၊ သက်ဆိုင်ရာ ကျေးရွာဥက္ကဋ္ဌများ ထံသို့တိုက်ရိုက် ဆက်သွယ်လှူဒါန်းခြင်း၊ ထိခိုက်နစ်နာခဲ့ရသူများ ထံသို့ ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်သွားရောက်လှူဒါန်းခြင်း တို့ ပြုလုပ်နိုင်ကြောင်းလည်း ကော်မတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အသိပေးထားပါတယ်။
ပြည်သူတွေရဲ့တစ်ခဲနက် ပါဝင်လှူဒါန်းမှုများအတွက် ကော်မတီနှင့်အတူ ထိခိုက်နစ်နာသူ မိသားစုများအားလုံးမှ အထူးပင် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ပါတယ်။
TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ ကောင်းတပ်ရွာပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ကျပ်သိန်း ၉ထောင်ကျော် ရရှိထားပါတယ်။ ဒါ့အပြင် TNLA အဖွဲ့ကလည်း ကွယ်လွန်သူတွေအတွက် ကျန်ရစ်သူမိသားစုဝင်တွေကို ငွေကြေးထောက်ပံ့တာ၊ ဒဏ်ရာရသူတွေကို ဆေးကုသပေးတာတွေ လုပ်ဆောင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ပေးမယ်လို့ အသိပေးထားပါတယ်။

❤22👍9🤮2
မိုးမိတ်မြို့နယ် သစ်ဆိမ့်ကုန်းရွာ စစ်တပ်မီးရှို့
ဇွန်-၁၁၊၂၀၂၆။ကတ်သရင်းနှင်း/People's Spring
မိုးမိတ်မြို့နယ်က သစ်ဆိမ့်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အနည်းဆုံး နေအိမ် ၅လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၀ ရက် မနေ့က သစ်ဆိမ့်ကုန်းရွာကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဝင်အပစ်ခံရတာ အထိနာပြီး မီးရှို့တယ်လို့ သိရတယ်။ဘေးပတ်ဝန်းကျင်ကိုလည်း လက်နက်ကြီး တွေ ရမ်းသမ်းပစ်နေသေးတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးရှို့ခံရမှုကြောင့် ပြည်သူတွေရဲ့ နေအိမ် ၅လုံး မီးလောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ခလရ(၃၄၈)တပ်ရင်းက ဖြစ်ပြီး တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်ခြင်းခံရကာ အထိနာပြီး မီးရှို့ခဲ့တာလို့ သိရပါတယ်။
စစ်တပ်ဟာ တရုတ်ရဲ့ကူညီမှုနဲ့ ၂၀၂၅ နိုဝင်ဘာ၂၉ရက်က မိုးမိတ်မြို့ကို ပြန်လည်တောင်းယူခဲ့တာပါ။
အဲဒီနောက် မေလအတွင်းမှာ တြိဂံတိုင်းစစ်ဌာနက ဘတ်တံဆိပ်ပါ စစ်ကားအစီးရေ ရာနဲ့ချီပို့ပြီး မိုးမိတ်မြို့ကို အင်အားတိုးတာလည်း ပြုလုပ်ထားပါတယ်။

🤬38👎4❤2🤣2👏1
KIO ဝန်ထမ်း ၉၀ကျော်တက်ရောက်တဲ့ လ၀က သင်တန်းဆင်းပွဲ ကျင်းပ
ဇွန် ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
KIO အစိုးရ ပြည်သူ့အုပ်ချုပ်ရေးဌာန၊ ဗဟိုလူဝင်မှုကြီးကြပ်ရေးရုံးက ကြီးမှူးတဲ့ အမှတ်စဥ် (၁၆) လ၀က သင်တန်းကျောင်းဆင်းပွဲကို သင်တန်းသား ၉၆ဦး တက်ရောက်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို သက်ဆိုင်ရာ ဌာန ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ ပြောပါတယ်။
KIO အနေနဲ့ အုပ်ချုပ်ရေး နယ်မြေကျယ်ပြန့်လာတာနဲ့အမျှ ဝန်ထမ်းလိုအပ်ချက်ရှိတဲ့အပေါ် ဌာနအသီးသီးက သင်တန်းတွေ ပြုလုပ်လျက်ရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
" လူ့အရင်းအမြစ်လိုအပ်ချက်က ပိုများလာတဲ့သဘောပါ။ ပြည်သူ့ဝန်ထမ်းကောင်းတွေဆိုတာ ပြည်သူကိုမိဘနေရာမှာထားတတ်တဲ့ဝန်ထမ်းတွေဆိုတာ အမြဲနှလုံးတွေးဖို့လိုတယ်။ နိုင်ငံဝန်ထမ်းကောင်း ပြည်သူ့အကျိုးပြုတဲ့ လဝက ဝန်ထမ်းတွေဖြစ်လာဖို့မျော်လင့်ပါတယ်”လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေအရ လူမျိုးရေးအစွန်းမရောက်ကြဖို့ အရေးကြီးသလို နိုင်ငံရေးသဘောထားကြီးပြီး ဘုံရန်သူဖြစ်တဲ့ မတရားအာဏာသိမ်းယူထားတဲ့ အာဏာသိမ်း စစ်တပ်ကို တက်ညီလက်ညီ ပူးပေါင်းတွန်းလှန်ရန်လိုအပ်ကြောင်း သတင်းရင်းမြစ်က တိုက်တွန်းပါတယ်။

❤34👍16👏3🥰2🤣1🖕1