People's Spring
✔
59.7K subscribers
72K photos
1.27K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓါတ်ပုံ-မန္တ​လေးPDF
❤50👍13🫡3🥰1🤮1💩1
❤54👍16🫡8🥰2🤮1👌1
ချောင်းဦးမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး လူသတ် ရွာတွေ မီးရှို့နေ

ဇွန်-၁၁၊၂၀၂၆၊ကတ်သရင်းနှင်း၊People's Spring

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်ကို စစ်တပ် စစ်ကြောင်းထိုးကာ ငါးလုံးတင်ရွာနဲ့ ဆင်မြေကျေးရွာက ပစ္စည်းတွေသယ်ယူကာ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလနောက်ဆုံးပတ်မှာ စစ်ကိုင်းမြို့က တပ်မ (၃၃)နဲ့ အနောက်မြောက်တိုင်း၊စစ်ဌာနချုပ်(နမခ) က တပ်တွေပေါင်းပြီး နတ်ရေကန်ဘက်ကို စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။

ဇွန်လ၄ရက်က ငါးရှန်နဲ့ မှန်ချို ကျေးရွာဘက်ကိုစစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ သိရပါတယ်။ဇွန်လ၅ရက်မှာ စစ်ကြောင်းက ရှေ့တိုးလာမို့ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစိတပ်က ရွာတော်လေးကျေးရွာက အမျိုးသား ၃ဦး ဖမ်းဆီးခံခဲ့ရပြီး ၁ဦးကို သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေက ဇွန်လ၆ရက်နဲ့၇ရက်တွေမှာ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်တွေ နောက်ဆုတ် ပေးခဲ့ရတယ်လို့ သိရပါတယ်။

"စစ်ကောင်စီဘက်က ဒရုန်းတွေ၊ဂျိုင်ရယ်ကော်ပတာ‌ေတွ၊လက်နက်ကြီးတွေနဲ့မို့ ၇ရက် နေ့ကစပြီး နောက်ဆုတ် ပေးလိုက်ရတယ်။၇ရက် နေ့တိုက်ပွဲက ဆင်မြေ ရွာ မြောက်ပိုင်းမှာပါ"လို့ ဖြစ်စဉ်ကို သိရှိသူတဦး ကပြောပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ လက်ရှိမှာ ငါးလုံးတင်ရွာနဲ့ ဆင်မြေကျေးရွာတို့ကို စီးနင်းပြီး ကား ၇စီးနဲ့ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ချောင်းဦးမြို့ ထွေအုပ်ရုံး သယ်ထုတ်ပြီး ကျေးရွာက နေအိမ် တွေကိုလည်း မီးရှို့ဖျက်ဆီး နေတယ်လို့ သိရပါတယ်။

စစ်တပ်က နယ်မြေရှင်းလင်းရေးဆိုပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဇွန်လ၇ရက်က ထူးနီကျေးရွာကို အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တာမို့ ပြည်သူ ၁ဦးလည်း ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
🤬36❤4👎2🤣1
(ချောင်းဦးမြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့စဉ်။ ဓာတ်ပုံ - CJ)
🤬38👎4❤2🤣1
ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။

စက်ရုံကမထင်မှတ်ပဲ လုပ်ငန်းအခြေအနေအ ရလူလျှော့ကြောင်း နဲ့ အနားပေးခံရတဲ့သူတွေရဲ့နာမည်စာရင်းထုတ်ပြန်အသိပေးထားတာပါ။ ခဏအကြာမှာစုအုံနေတဲ့အလုပ် သမားတွေဆီက မကျေလည်တဲ့ရေရွတ်သံ၊ ပြောဆိုသံတွေပွင့်အံထွက် လာပါတယ်။

” လိုအပ်ချက်ရှိလို့ လူလျှော့တာမဟုတ်ဘူး၊ ရည်ရွယ်ချက်ရှိရှိ နဲ့ သမဂ္ဂဝင်တွေကိုတမင်ရွေးအလုပ်ထုတ်တာ “လို့ စက်ရုံရဲ့အသိပေးထားတဲ့အကြောင်းအရာအပေါ် အလုပ်သမားတယောက်က မှတ်ချက်ပြုပါတယ်။

နေရွှေဝင်းစက်ရုံကမေလ ၉ ရက်မှာအလုပ်သမား ၁၉ ဦးကို အလုပ်ထုတ်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင် နဲ့ သမဂ္ဂအဖွဲ့ဝင် ၁၀ ဦးအထိပါနေတဲ့အတွက် သမဂ္ဂဖြိုခွဲတဲ့လုပ်ရပ်အဖြစ် အလုပ်သမားတွေကယူဆကြတာဖြစ်ပါတယ်။

အဲဒီနောက် အလုပ်ထုတ်ခံရတဲ့သူတွေကို စက်ရုံအ​နေနဲ့ လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပေးဖို့ ကျန်တဲ့သမဂ္ဂအဖွဲ့ဝင်တွေကစတင်တောင်းဆိုခဲ့ကြပါတယ်။အဲဒီလို​တောင်းဆို​​ပေမယ့်နောက်ဆုံးမှာတောင်းဆိုသူ ၈၀ ကျော်ကိုပါစက်ရုံကအလုပ်ထုတ်လိုက်ပါတယ်။ဒါကြောင့် နေရွှေဝင်းစက်ရုံရဲ့အလုပ်သမားသမ ဂ္ဂအပေါ်ထားတဲ့ယူဆချက်က ပိုခိုင်မာသွားစေခဲ့ပါတယ်။

နေရွှေဝင်းစက်ရံမှာ အလုပ်သမားသမဂ္ဂဝင်တွေအလုပ်ထုတ်ခံရလို့မကြာခင်ပဲ မေလ၂၉ ရက်က ရွှေပြည်သာမြို့နယ်မှာပဲဖွင့်ထားတဲ့ Bontech အထည်ချုပ်စက်ရုံ သမဂ္ဂဥက္ကဌကို အလုပ်ခန့်ထားမူသဘောတူစာချုပ် (EC) ချိုးဖောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ် ထုတ်မူထပ်ဖြစ်ခဲ့ပြန်ပါတယ်။

အဲဒီစက်ရုံမှာ သမဂ္ဂ ဥက္ကဌ မတိုင်ခင်က သမဂ္ဂ အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူးတို့ရှေ့ဆင့်၊နောက်ဆင့် အလုပ်ထုတ်ခံခဲ့ရတာ​ပါ။

အခုလို အလုပ်သမားသမဂ္ဂရှိနေတာကိုမလို လားတဲ့စက်ရုံတွေက အရင်ဆုံးအင်အားလျှော့ချကာ နောက်ပိုင်းမှာဦးဆောင်သူမရှိတော့ပဲအဆုံးသတ်သွားတဲ့အခြေအနေရောက်အောင်လုပ်တပုံစံတည်းလုပ်လာတာဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။


https://www.ludunwayoo.com/feature-mm/2026/06/09/159486/
👍31🤬6❤1🔥1💯1🤣1
စိန်တောင်ဘုန်းကြီးကျောင်းထဲမှာမီးရှို့လက်
စ ကျန်နေတဲ့ ရုပ်အ လောင်း၄ လောင်းကိုတွေ့ရပြန်ပါတယ်။အရင်က ဒီဘုန်းကြီး ကျောင်းထဲမှာ၁၅ပေပတ်လည်ထင်းပုံကြီးရှိပါတယ်။စစ်အုပ်စုကလူဘယ်နှ‌စ်ယောက်ကိုတင်ပြီးမီးရှို့ခဲ့လဲမသိပါဘူး။ဒီထင်းပုံကြီးက တော့ ကုန်သွားခဲ့ပါတယ်။

“တွေ့ခဲ့တာက အလောင်း၄ လောင်း။သူတို့ ဘယ်နှစ် လောင်းမီးရှို့ခဲ့လဲတော့မသိဘူး။အဲဒီထင်းပုံကြီးတော့ကုန်သွားတာပဲ”လို့ ကိုအောင်မင်းက ပြန်ပြောပြပါတယ်။

စစ်တပ်က ပြည်သူ​တွေကိုသတ်ပြီးထင်းပုံပေါ်တင်မီးရှို့ခဲ့တာမှာ လူဆီနံ့နဲ့ အရိုးစု တွေလည်း ကျန်နေတယ်လို့ ကိုအောင် မင်းကဆိုပါတယ်။

ဒါ့အပြင်အိမ်သာကျင်းထဲပစ်ချထားတဲ့ အ
လောင်း၂လောင်းကိုလည်း တွေ့ရပါတယ်အဲဒီအထဲကတလောင်းဟာအမျိုးသမီးအလောင်း
ဖြစ်ပြီး အဓမ္မပြုကျင့်ခံထားရတဲ့ပုံစံဖြစ်တယ်လို့ ​ပြောပါတယ် ။

အသက်ကြီးအမျိုးသမီးကြီးတဦးရဲ့အ
လောင်းလည်း တွေ့ရပြီး ဦးနှောက်မရှိ တော့ဘဲ အနောက်က နေ သေနတ်နဲ့ တေ့ပစ်ခံထားရတဲ့ ပုံဖြစ်တယ်လို့​ပြောပါတယ်။


https://www.ludunwayoo.com/feature-mm/2026/06/10/159610/
🤬36👍5👎3❤2🔥2🤣1
မင်းတပ်မြို့ကာကွယ်နေကြတဲ့ ရဲဘော်တွေကို ပံ့ပိုးကြဖို့ ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း

ဇွန်-၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့ ပြန်သိမ်းနိုင်ဖို့ အင်အားအလုံးအရင်း၊ လေကြောင်း ပစ်ကူ အများအပြား အသုံးပြုတိုက်ခိုက်နေတဲ့ အခြေအနေမှာ ခုခံတိုက်ပွဲဝင် ရဲဘော်တွေကို ကူညီပေးဖို့ အခုလို ဖိတ်ခေါ်လာတာဖြစ်ပါတယ်။

မင်းတပ်မြို့နယ်ကို ရဲဘော်တွေက အသက်ကို ပဓာနမထားဘဲ ခုခံတိုက်ပွဲဝင်နေကြတာ ရပ်နီး/ဝေးမှ ညီအစ်ကိုမောင်နှမများအားလုံး အသိပင်ဖြစ်သလို အကူအညီတွေ လိုအပ်နေတာ သိကြမှာဖြစ်ကြောင်း မင်းတပ်ပအဖက ဖော်ပြပါတယ်။

" ရှေ့တန်းတွင် အသက်ကိုစွန့်၍ ကာကွယ်နေကြသော ရဲဘော်လေးများ၏ လိုအပ်ချက်များကို နောက်တန်းမှ မိမိတို့အနေဖြင့် အုပ်တစ်ချပ် သဲတစ်ပွင့်ဖြင့် ပါဝင်ကူညီအားဖြည့်ပေးကြပါရန် အထူးမေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်..။နယ်ဝေးတွင်ရောက်နေသော မိဘပြည်သူ သွေးချင်းများလည်း ဘေးကင်းကျန်းမာကြပါစေကြောင်း..။နယ်တွင်းရှိ သွေးချင်းများလည်း ဘေးကင်းကျန်းမာကြပါစေကြောင်း မေတ္တာပို့ ဆုတောင်းပေးအပ်ပါသည်..။”လို့ ကြားကာလမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့အပါအဝင် ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကလည်း မင်းတပ်စစ်မြေပြင်မှာ တော်လှန်ရေးရဲဘော်တွေလိုအပ်နေတာတွေ ဖြည့်ဆည်းနိုင်ရေး ပံ့ပိုးကြဖို့ နှိုးဆော်ပြီး စစ်ရေးအတွက် အလှူခံခဲ့ရာ ရရှိလာတဲ့ ငွေတွေကို စစ်သုံးပစ္စည်းတွေ ဝယ်ယူပြီး ရှေ့တန်းသို့ ပို့ဆောင်ထားကြောင်း အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ချင်း-မကွေး အစပ်မှာ အင်အားတွေစုဖွဲ့ပြီး ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်လာရာ မင်းတပ်မြို့နယ်ကို မေလကုန်ပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ နှစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။

စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ အကြိမ်ပေါင်းများစွာလုပ်ဆောင်လျက်ရှိရာ ဇွန် ၆ရက်ကနေ ၁၀ရက်နေ့အထိ ၅ရက်တာအတွင်း စစ်ကောင်စီက မင်းတပ်မြို့ကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၃၀ ကျော် ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့နည်းတူ ကန်ပက်လက် မြို့ကိုလည်း မေလ ၁၈ရက်ကတည်းက ထိုးစစ်ဆင်ခဲ့ပြီး လက်ရှိမှာတော့ ကန်ပက်လက်ဒေသ တိုက်ပွဲတွေ ခေတ္တပြန်ငြိမ်နေတယ်လို့ ဒေသခံက မနေ့က ဇွန်လ ၁၀ရက်မှာ ပြောပြထားပါတယ်။
❤31👍19👏1🤮1🤣1
(မင်းတပ်မြို့မှာ တွေ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေ။ ဓာတ်ပုံ - Yan Naing Aung)
👍40🥰6❤3👏1🤮1🤣1
ပေါက် မြို့ရဲ့အန္တရာယ်ဟာ ကုက္ကိုလ်စုတိုက်ပွဲဖြစ်တယ်လို့ ပြည်သူ့စစ်ခေါင်းဆောင် ပေါက်ကိုယ်တော်က ၀န်ခံထားပါတယ်။

မကွေးတိုင်းထဲမှာ ပေါက်မြို့နယ်ဟာစစ်တပ် အမာခံပြည်သူ့စစ်ရွာအများဆုံးဖြစ်ပြီး မြို့နဲ့ ၁၀ မိုင်ခန့်အကွာအနောက်ဘက်ခြမ်းမှာ လက်
နက်ခဲယမ်းနဲ့ ဗုံးသီးကုန်ကြမ်းတွေအဓိက ထုတ်လုပ်ပေးတဲ့စက်ရုံ ကပစ ၂၄ ရှိပါတယ်။

ဒါ့အပြင် မကွေးတိုင်းဟာစစ်တပ်ရဲ့ပင်မထောက်တိုင်တွေ ဖြစ်တဲ့ကျည်၊ခဲယမ်း က အစ လေယာဉ်ပစ်ဗုံးသီး တွေ ထုတ်နေတဲ့ ကာကွယ် ရေးပစ္စည်းစက်ရုံတွေ အများစု တည်ရှိနေပါတယ်။

စစ်ရေးအချက်အလက်မှတ်တမ်းတင်စောင့်ကြည့်သူတွေက မကွေးတိုင်းဟာစစ်တပ်ရဲ့ နှလုံးသားနဲ့ စစ်ဗျူဟာအရ စစ်ရဲ့အသက်အိမ်လို့ဆိုပါတယ်။

လက်ရှိ မကွေးတိုင်းအခြေစိုက် ကပစ တွေ နဲ့ တပ်မ တွေ စစ်အင်အားဖြန့်ခွဲထားရချိန်မှာ ပေါက် နဲ့ မြိုင် မှာရှိတဲ့ စစ်အုပ်စုရဲ့စခန်းတွေနဲ့ နယ်မြေတွေကို ​တော်လှန်​ရေးတပ်​တွေကထိုးစစ်ဆင် သိမ်းပိုက်ခဲ့တာဟာ ‌ဒေသတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ကြိုတင် ပြင်
ဆင်မှု၊စည်းလုံးမှု၊တိုက်စွမ်းရည် နဲ့ ချိန်သားကိုက် စစ်ရေးလှုပ်ရှားမှု ဖြစ်ပါတယ်။


https://www.ludunwayoo.com/feature-mm/2026/06/10/159617/
👍47❤10🥴2
■​ဆောင်းပါး

သေလမ်းကို ငြင်းကြတဲ့ ရန်ကုန်လူငယ်

-လင်းဆက်ငြိမ်းချမ်း​ရေးသားသည်။

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

သူက စီးပွားရေးတက္ကသိုလ်ကနေ ကျောင်းပြီးပြီးနောက် ပညာနဲ့ ဘဝတည်မယ် ဆိုတဲ့ ယုံ ကြည်ချက်နဲ့ NLDအစိုးရလက်ထက် ရန်ကုန်မြို့ပေါ် တက်လာတဲ့ ကိုယ့်ဒူးကိုယ်ချွန်လူ
ငယ်။အခု စစ် မီးတောက်နေတဲ့ မကွေးတိုင်းတစ်နေရာကနေ တက်လာတာလို့ သူက ပြောတယ်။

“နိုင်ငံရေးတွေဘာတွေကျနော်ဘာမှမသိဘူး။အခုလည်းသိပ်မသိပါဘူး။ကိုယ့်ပညာနဲ့ ကိုယ့် ဘဝ ကိုယ် လူတစ်လုံးသူတစ်လုံးဖြစ်အောင် လုပ်ဖို့ပဲ သိတယ်။အခုတော့ စစ်တပ်က ကျနော်တို့လူ ငယ်တွေကို သေတွင်းထဲ တွန်းချနေတာကိုတော့ ကောင်းကောင်းသိနေရပြီ”လို့ သူက ဆိုတယ်။

ကျောင်းပြီးလို့ ရန်ကုန်ကို တက်လာတုန်းက မိဘတွေကလည်း စီးပွားရေးသောင်သာတာ ကြောင့် စာရင်းအင်းပညာရပ်ကို ဌာန်ကုန်အောင်သင်တန်းမျိုးစုံတက်ပြီးမှ လုပ်ငန်းခွင်ထဲသို့ ဝင်။ သိပ်မကြာတဲ့အချိန်အတွင်းမှာပဲ ကျွမ်းကျင်ဝန်ထမ်းအဆင့်၊ရာထူးနဲ့လစာ တိုးနှုန်းက မြန်မြန်ဆန် ဆန်၊ ကုမ္ပဏီဒါရိုက်တာတွေရဲ့အသိအမှတ်ပြုခြင်းလည်းခံရ။သူ့အ
နာဂတ် ကောင်းကင်မှာ မျှော်လင့် ခြင်းတွေက ရောင်စဉ်ခုနှစ်ဖြာ။

“ကုမ္ပဏီထောက်ခံချက်နဲ့ အရစ်ကျစနစ်နဲ့ တိုက်ခန်းဝယ်တယ်။နောက်၃-၄နှစ်ကြာရင် မိန်းမ ယူမယ်။ နိုင်ငံခြားမထွက်ဘဲ ရန်ကုန်မှာပဲ တိုက်နဲ့ကားနဲ့ နေနိုင်အောင် ကြိုးစားမယ်ပေါ့။ အဲမှာ အာ ဏာသိမ်းလိုက်တော့ ရှော့ခ်ရကုန်တာ”လို့ သူက ဆက်ပြောတယ်။

အာဏာသိမ်းပြီးတော့ ဆန္ဒပြပွဲတွေဖြစ်၊ပြီးတော့ တတိယလှိုင်းကိုဗစ်။ဘရိတ်ဆောင့်နင်း လိုက်သလိုကုမ္ပဏီလုပ်ငန်းတွေ ထိုးရပ်သွားတော့အဲဒါကိုသူကပထမရှော့ခ်လို့ ခေါ်တယ်။
ပထမရှော့ခ်က နိုင်ငံရေးဆိုတာ တိုင်းပြည်စီးပွားရေးတင်မက လူတစ်ဦးချင်းစီရဲ့ဘဝအထိပါ သက်ရောက်မှု အရှိန်ပြင်းကြောင်း သဘောပေါက်ခဲ့ပေမဲ့ နောက်တစ်နှစ်လောက်ဆို ပုံမှန်အခြေအနေ ကို ပြန်ရောက် ပြီး ပုံမှန်အတိုင်း ကုမ္ပဏီစီးပွားလည်း ပြန်ထူမတ်ကာ အာဏာမသိမ်းခင်က ရခဲ့တဲ့လ စာအတိုင်း ပြန်လည်ရရှိမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးသေးကြောင်း သူကပြောတယ်။

ဒါပေမဲ့၊ ကုမ္ပဏီစီးပွားရေးက အများသူငါလို ပြာခါခြင်းဇာတ်မှာ လူးလိမ့်နေတာကြောင့် မဖြစ် မနေ ဖော်ဆောင်ရတဲ့ နည်းနည်းနဲ့ ကျဲကျဲပေါ်လစီအရ သူ့လုပ်ဖော်ကိုင်ဘက်တွေ တစ်ယောက်ပြီး တစ်ယောက် အလုပ်ပြုတ်ကြ။ပြုတ်သွားတဲ့သူ့မိတ်ဆွေတွေ အလုပ်ကောင်းပြန်ရတယ်ဆိုတာမျိုး မရှိ ရုံတင်မက တချို့ဆို မိသားစုဝမ်းရေးအတွက် သုံးဘီးထောင် ကယ်ရီသမားဘဝကို ခံယူလိုက်ရ တဲ့အထိ။
“ကျနော်က ဒီနေ့ထိ အလုပ်မပြုတ်သေးပေမဲ့ လကုန်ခါနီးတိုင်း လူထပ်လျှော့ဦးမလားဆိုပြီး တထိတ်ထိတ် ဖြစ်ခဲ့ဖူးတယ်”လို့ သူကဆိုတယ်။

အလုပ်ပြုတ်သွားရင် ဘာလုပ်မလဲဆိုတာကို ဆက်မစဉ်းစားရဲ။သူက စာရင်းအင်းပညာရပ် က လွဲလို့ ဘာမှမတတ်တဲ့သူ။ဇာတိပြန်မယ်ဆိုလည်းစစ်ဘေးရှောင်လိုက်ရွာပြန်ကပ်လိုက်နဲ့ ကံဆိုးရင်စစ်တပ်သတ်လို့ သေရမယ့်အခြေအနေ။စင်ကာပူမှာ စာရင်းကိုင်ပညာနဲ့ အလုပ်သွားလုပ်ဖို့ပညာရပ်ဆိုင်ရာ လုံ
လောက်တဲ့ ကျွမ်းကျင်မှုရှိပေမဲ့ ပွေလီလွန်းလှတဲ့ ပြည်ပထွက်ခွာ ကန့်သတ်ချက်တွေကို ကျော်ခွဖို့ရာ မလွယ်ပြန်။ အောက်လမ်းကနေ ထိုင်းနဲ့ မလေးရှားကို ထွက်ဖို့ မခက်ခဲလှပေမဲ့ ဟို ရောက်ရင် ကိုယ့်ဘာသာ ဘာကြီး တတ်တတ်၊အလုပ်ကြမ်းသာ လုပ်ရမှာမို့ ဘယ်လိုမှ အဆင်မပြေ။

အဲဒါကြောင့် မကြာခဏရောက်လာတတ်တဲ့ အလုပ်ပြုတ်ခဲ့ရင်…ဆိုတဲ့အတွေးကို ဖြစ်ချင်ရာဖြစ်မောင်ဘချစ်ဆိုပြီး ဘာကိုမှမကြောက်သလိုဘာလိုလိုနဲ့ ပုဒ်မချပစ်။

အခုအချိန်ထိ အလုပ်မပြုတ်သေးသလို ဒီဘက်နှစ်မှာ ကုမ္ပဏီစီးပွားရေးက အသက်လုရှူလို့ ရတဲ့ အခြေအနေဆီ ရောက်လာတာမို့ လစာမတိုးနိုင်တာနဲ့ ဝန်ထမ်းအသစ် ထပ်မခန့်နိုင်တာကလွဲ လူဟောင်းတွေ အ လုပ်ပြုတ်နိုင်ခြေ ရာခိုင်နှုန်းနည်းသွားပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေရော့ သလား။

အလုပ်ပြုတ်ရုံတင်မကအသက်ပါ ပါသွားနိုင်တဲ့ စစ်မှုထမ်းပြဿနာက အကြီးအကျယ် ထိုး နှက်လာပြန်တာကြောင့် အကြောက်ကြီး ကြောက်ရပြန်တယ်။

“မနှစ်တုန်းကစပြီး ပေါ်တာကို ကြောက်လို့ ကုမ္ပဏီအသွား၊အပြန်ကိုအလုပ်ထဲက ၂
ယောက် နဲ့ အမြဲသွားတယ်။ လမ်းမပေါ်ရောက်တာနဲ့ အမြဲသတိထားတယ်။လာဆွဲရင် ပြန်ဆော်လို့ရအောင် စတီးထမင်းချိုင့်ကို အမြဲကိုင်ထားတယ်”လို့ သူက ပြောပြတယ်။

ရန်ကုန်မှာ ပေါ်တာဆိုတာ ဘယ်သူကမှ ရင်မဆိုင်ရဲတဲ့ ငရဲခွေးကြီးပမာ။ရန်ကုန်လမ်းတွေမှာ ပေါ်တာဆိုတာ အရပ်ဝတ်တွေနဲ့လည်းဆွဲ၊ ယူနီဖောင်းတွေနဲ့လည်း ဆွဲ။ညဘက်ဆို ရပ်
ကွက်တွေထဲ အုပ်ချုပ်ရေးမှူးတွေကလည်း ဆွဲ။ စစ်မှုထမ်းဈေးကွက်ထဲ ပစ်ထည့်လိုက်တာနဲ့ အိတ်ကတ်ထဲ ငွေ တွေ အထပ်လိုက် စီးဝင်လာတာကြောင့် တစ်ဘို့တည်းသမား လူ့ငနွားတွေက လူဖမ်းပွဲကြီးကို ပျော် ပျော်ကြီး ဆင်နွှဲလို့။

“အရင်တုန်းကတော့ပေါ်တာဆိုတာနည်းနည်းကို များများလျှောက်ပြောကြတယ်လို့ပဲထင် ထားတာ။ကျနော် သေချာသိတဲ့လူတစ်ယောက်ပါသွားတော့မှပဲ တကယ်ဆိုတာ ယုံသွားတယ်။ လမ်းထိပ် လက်ဖက်ရည်တောင် ထွက်မထိုင်တာကြာပြီ”လို့ လှိုင်မြို့နယ်၊၂ရပ်
ကွက်နေ အသက်၂၃ နှစ်အရွယ်ရှိ လူငယ်လေးတစ်ဦးက ဆိုတယ်။
❤20👍10👏2🤮1🤣1
ရန်ကုန်မှာ လူပျောက်ဆုံးမှုတွေ တောက်
လျှောက်ဖြစ်နေကြောင်း ရန်ကုန်ကိုစောင့်ကြည့်နေ တဲ့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာတွေ နဲ့ သတင်းဌာနတွေက ဖော်ပြကြတယ်။အခု ၂၀၂၆ ခုနှစ်မှာ ပျောက်ဆုံးလူငယ်တွေရဲ့မိသားစုဝင်တွေကလူမှုကွန်ရက်ပေါ် ပရိုဖိုင်းအစစ်အမှန်တွေနဲ့ တက်ပြောလာကြတာကြောင့် ပိုပြီး ခိုင်မာလာတယ်။

ဇွန်တစ်ရက်ကအသက်၂၇နှစ်အရွယ်ရှိ KBZpay Center (Time Mall)တာဝန်ခံလူငယ် စမ်း ချောင်းက သူ့အိမ်ကနေ အလုပ်သို့အသွား ပျောက်ဆုံးသွားကြောင်း အစ်မဖြစ်သူက သူ့ဖေ့စ်ဘွတ်ခ် ပေါ် တင်ထားတာ တွေ့ရတယ်။

မေလ၂၅ရက် နံနက် ၁၂နာရီကျော်အချိန် ရွှေပြည်သာ၊ဗိုလ်ချုပ်လမ်းမပေါ်က ပိတ်လိပ် ရောင်းဝယ်ရေး ဂိုထောင်ရှေ့မှာ အရက်မူးပြီး အိပ်နေတဲ့ဝန်ထမ်းကို ကားနဲ့ရောက်လာတဲ့ လူ၂ ယောက်က ပြန်ပေးဆွဲသွားပြီးနောက် အစအနပျောက်၊ ရဲစခန်းသွားတိုင်တော့လည်း အရေးယူ ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ ပိတ်လိပ်ရောင်းဝယ်ရေးပိုင်ရှင်က ရုပ်သံလွှင့်။

ပြီးတော့မတ်လ၁၆ရက်ကတာမွေမှာ ပျောက်
သွားတဲ့အသက်၄၇နှစ်အရွယ်ဆိုက်ကား ဆ
ရာကို နောက်၂လလောက်အကြာမှာ မိသားစုက ပြန်အဆက်အသွယ်ရတော့ ရောင်းစားခံရလို့ စစ် တပ်ထဲ ရောက်နေပြီတဲ့။ သူ့အမျိုး
သမီးရဲ့ Tiktok လူမှုကွန်ရက်ပေါ်က ရင်ဖွင့်သံကို နားနဲ့ဆတ်ဆတ် ကြားရပြန်တော့ ရန်ကုန်မြို့က အသက်၄၀ကျော်အရွယ်တွေလည်း သတိကြီးကြီးထားလာကြတယ်လို့ အသက်
၅၀ကျော်ပြီဖြစ်တဲ့ ကမာရွတ်မြို့သားတစ်ဦးက ဆိုတယ်။

သူ့အသက်အရွယ်အတိအကျက ၅၃နှစ်။သူ့အလုပ်အကိုင်က ကားလေးတစ်စီးနဲ့ ရန်ကုန်မြို့ ပတ်ကာ ပစ္စည်းအမှာတွေ လိုက်ပို့နေသူ။သူ့အနေနဲ့ လမ်းမပေါ်က ပေါ်တာကိစ္စ စိုးရိမ်ထိတ်လန့်စိတ် အလျဉ်းမရှိပေမဲ့ သူတို့ ၅၀ တန်း မိတ်ဆွေတချို့ကတော့ ပေါ်တာအဆွဲခံရမှာကြောက်လို့ ဆံပင် တောင် ဆေးမဆိုးတော့ဘူးလို့ ပြောတယ်။

“၄၀ကျော်တွေက အရင်ကတည်းက ကျွတ်နေကြတာ။အခု တာမွေက ဆိုက်ကားဆရာ သ တင်း တက်လာတော့ ပိုဆိုးကုန်တယ်။ကိုယ်က ပေါ်တာကိုမကြောက်ပေမဲ့ ကိုယ့်အမေ ၈၀ကျော် က တော့ ကိုယ်အပြင်ကနေ ပြန်မလာမချင်း ပူနေတယ်။မြေးတွေအတွက်လည်း ပူနေတယ်။မအလ က အရွယ်သုံးပါးစလုံးကို စိတ်ဒုက္ခပေးနေတာ ကိုယ်တို့ ပြည်သူတွေမမေ့ပါဘူး”လို့သူကဆက်ပြောတယ်။

သူ့မှာက ၁၈နှစ်ပြည့်တာမကြာသေးတဲ့ သား
တစ်ယောက်နဲ့ အသက်၂၀ကျော်ပြီဖြစ်တဲ့ တူ၂ ယောက်။ ၅၀ကျော်ပြီဖြစ်တဲ့ သူ့ကိုယ်သူ မပူမိပေမဲ့ သားနဲ့ တူတွေအတွက် ပူပန်နေရသလို သူတို့လေးတွေစစ်မှုမထမ်းရရေးအတွက်
အဖြေရေရာတဲ့လမ်းကြောင်းလည်းမရှိသေး
တာကြောင့် မီးစင် ကြည့်ကဖို့သာ ရှိတယ်လို့ ဆိုတယ်။

ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Rangoon Scout Networkရဲ့စောင့်ကြည့်မှတ်
တမ်းတွေအရ မင်းအောင်လှိုင် သမ္မတတု
အဖြစ် ခေါင်းပေါင်းစွပ်ခါစ ဧပြီလမှာ ရန်ကုန်မြို့တွင်းပေါ် တာဆွဲ ဖမ်းဆီးမှုတွေ လျော့ကျသွားပေမဲ့ မေလရောက်တော့ ပေါ်တာဆွဲတာတွေ ပြန်လည်မြင့်တက် ရုံတင်မကစစ်မှုထမ်း
စာရင်းကိုင်ကာ အိမ်ပေါ်တက် ဖမ်းဆီးမှုတွေပါ ရှိလာတာကြောင့် လူငယ်တွေ ရော မိဘတွေအတွက်ပါ စိုးရိမ်စိတ်တွေ ပိုကြီးလာကြတယ်လို့ ၅၃နှစ်အရွယ် ကမာရွတ်မြို့သားက ဆိုတယ်။

ကုမ္ပဏီဝန်ထမ်း စာရင်းကိုင်လူငယ်က “ကျနော်ရခဲ့တဲ့ ဒုတိယရှော့ခ်က အဲဒါပဲ”လို့ ပြောပြ တယ်။ဒီဘက်နောက်ပိုင်း စစ်မှုထမ်းစာရင်းနဲ့ အိမ်ပေါ်တက်ဖမ်းဆီးတဲ့သတင်းတွေကို ဖတ်လာရပြီး နောက် ညဘက်ဆို တော်ရုံနဲ့ အိပ်မပျော်။အိပ်ပျော်သွားလည်း ဘာမှမကြာ ခွေးဟောင်သံတွေ ညံလာ တိုင်း လန့်နိုးကာ စစ်ဖိနပ်သံတွေများလားလို့ ထကြည့်မိနဲ့ တစ်ညလုံး လုံးချာလည်။

“ကျနော်တစ်ယောက်တည်းအိပ်မပျော်ဖြစ်နေသလားပေါ့။ရန်ကုန်က ကျနော့်အသိအ
ကျွမ်းတွေကိုမေးကြည့်တော့တချို့ဆို စစ်မှု
ထမ်းပါသွားပြီဆိုပြီး အိပ်မက်ဆိုးတွေတောင် မက်တယ်။ နောက်ဆုံး တိုက်ခန်းမှာ တစ်
ယောက်တည်း နေရတာ ဘယ်လိုမှ စိတ်မလုံခြုံတော့တဲ့လို့ နေရာ ပြောင်းတဲ့အထိ ဖြစ်လာတယ်”လို့ သူကဖွင့်ဟပါတယ်။

စစ်မှုထမ်း စိတ္တဇကို မခံနိုင်တော့တဲ့အဆုံး ကုမ္ပဏီဒါရိုက်တာကို အကျိုးအကြောင်းပြောပြ၊ကုမ္ပဏီရဲ့ပစ္စည်းထားတဲ့ဂိုထောင်မှာ နေခွင့်ပြုဖို့မေတ္တာရပ်ခံကာမကြာသေးမီရက်ပိုင်းကပဲ သူလို စိတ္တဇ လုပ်ငန်းဖော်တစ်ယောက်နဲ့အတူပြောင်းရွှေ့။ဂိုထောင်မှာကဘေးတံခါး
ပေါက်ရှိတာ ကြောင့် ညရောက်ရင် ပင်မတံ ခါးကို အပြင်ဘက်ကနေ သော့ခတ်ကာ မီးတွေအကုန်ပိတ်၊ အထဲမှာ ဘယ်သူမှမရှိသယောင်။ဘာပဲဖြစ်ဖြစ် စိတ်သက်သာရာ ရတယ်လို့ဆိုတယ်။

“ကျနော့်ခေါင်းထဲမှာစီးပွားရေးတွေ ကြီးပွား
ရေးတွေလည်း မရှိတော့ဘူး။ အနာဂတ်ဆိုတာ ကို ဖယောင်းကျက်လို့ပဲ မှတ်ထားလိုက်တယ်”တဲ့။

အရေးကြီးနံပါတ်တစ်ကစစ်မှုထမ်းမပါရေးပဲ။နံပါတ်၂ဆိုတာလည်း စစ်မှုထမ်းမပါရေး။နံ ပါတ်၃ ကလည်း ဒါပဲ။ရန်ကုန်ကနေ ပြေးစရာမြေမရှိတဲ့ လူငယ်တွေ ရန်ကုန်မှာ အိပ်
မက်ဆိုးတွေနဲ့ လုံခြုံမယ်လို့ ထင်တဲ့နေရာ ပတ်ပြေးနေကြတယ်။

စစ်မှုထမ်းဆိုတာ မင်းအောင်လှိုင် ခင်းထားတဲ့ သေလမ်းပဲလို့သူတို့ကောင်းကောင်းသိကြ တယ်။ ။
👍14🔥14❤5🤮1🤣1
🔥13👍12🤣1