အာဏာသိမ်းစစ်တပ်ကို တော်လှန်ရင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့တဲ့ရဲဘော် ၁၂၄ဦးကို
မန္တလေးPDFဂုဏ်ပြု
ဇွန်-၁၀၊၂၀၂၆။ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
-MDY-PDFအထူးလှုပ်ရှားတပ်မက တော်
လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်
လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။
ဂုဏ်ပြုပွဲကို ဇွန်လ ၆ရက်က ကျင်းပခဲ့တာ ဖြစ်ပြီး တပ်မ အနေနဲ့ ကိုယ်လက်အင်္ဂါ စွန့်
လွှတ်ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။
စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်ယုံကြည်ရာကိုလက်နက်စွဲ
ကိုင်တိုက်ပွဲဝင်ရင်းကိုယ်လက်အင်္ဂါအစိတ်
အပိုင်းများကိုပေးဆပ်စွန့်လွှတ်ခဲ့ကြရတာ ဖြစ်ကြောင်း အသိပေးပါတယ်။
ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အထူးလှုပ်ရှားတပ်မမှအရာရှိ ရဲဘော် ၁၂၄ ဦးနဲ့ ညီနောင် တော်လှန်တပ်ဖွဲ့ အသီးသီးက ရဲဘော်တွေရဲ့ စွန့်လွှတ်စွန့်စားမှုကို ပြည်သူတွေနဲ့ ရဲဘော်အသီးသီးက အစဉ်အမြဲ လေး
နက်စွာ ဂုဏ်ပြုမှတ်တမ်းတင်နေ မယ်လို့ ယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။
အခမ်းအနားသို့ ဂုဏ်ပြုခံရဲဘော်များ၊ ဖိတ်
ကြားထားတဲ့ဧည့်သည်တော်များနဲ့ အထူးလှုပ်
ရှားတပ်မမှ အဆင့်ဆင့်သော စစ်သည်ရဲ
ဘော်များ စုံညီစွာတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဂုဏ်ပြုအခမ်းအနားကိုအမျိုးသားညီညွတ်ရေအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သ
ဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ အခမ်းအနားမှာ သဝဏ်လွှာကို ဖတ်ကြားခဲ့သလို ဂုဏ်ပြုခံရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

❤44👍15🥰3🤮1🤣1🫡1
ချောင်းဦးမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး လူသတ် ရွာတွေ မီးရှို့နေ
ဇွန်-၁၁၊၂၀၂၆၊ကတ်သရင်းနှင်း၊People's Spring
စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်ကို စစ်တပ် စစ်ကြောင်းထိုးကာ ငါးလုံးတင်ရွာနဲ့ ဆင်မြေကျေးရွာက ပစ္စည်းတွေသယ်ယူကာ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလနောက်ဆုံးပတ်မှာ စစ်ကိုင်းမြို့က တပ်မ (၃၃)နဲ့ အနောက်မြောက်တိုင်း၊စစ်ဌာနချုပ်(နမခ) က တပ်တွေပေါင်းပြီး နတ်ရေကန်ဘက်ကို စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
ဇွန်လ၄ရက်က ငါးရှန်နဲ့ မှန်ချို ကျေးရွာဘက်ကိုစစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ သိရပါတယ်။ဇွန်လ၅ရက်မှာ စစ်ကြောင်းက ရှေ့တိုးလာမို့ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် စစိတပ်က ရွာတော်လေးကျေးရွာက အမျိုးသား ၃ဦး ဖမ်းဆီးခံခဲ့ရပြီး ၁ဦးကို သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေက ဇွန်လ၆ရက်နဲ့၇ရက်တွေမှာ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်တွေ နောက်ဆုတ် ပေးခဲ့ရတယ်လို့ သိရပါတယ်။
"စစ်ကောင်စီဘက်က ဒရုန်းတွေ၊ဂျိုင်ရယ်ကော်ပတာေတွ၊လက်နက်ကြီးတွေနဲ့မို့ ၇ရက် နေ့ကစပြီး နောက်ဆုတ် ပေးလိုက်ရတယ်။၇ရက် နေ့တိုက်ပွဲက ဆင်မြေ ရွာ မြောက်ပိုင်းမှာပါ"လို့ ဖြစ်စဉ်ကို သိရှိသူတဦး ကပြောပါတယ်။
အဲဒီစစ်ကြောင်းတွေဟာ လက်ရှိမှာ ငါးလုံးတင်ရွာနဲ့ ဆင်မြေကျေးရွာတို့ကို စီးနင်းပြီး ကား ၇စီးနဲ့ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ချောင်းဦးမြို့ ထွေအုပ်ရုံး သယ်ထုတ်ပြီး ကျေးရွာက နေအိမ် တွေကိုလည်း မီးရှို့ဖျက်ဆီး နေတယ်လို့ သိရပါတယ်။
စစ်တပ်က နယ်မြေရှင်းလင်းရေးဆိုပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဇွန်လ၇ရက်က ထူးနီကျေးရွာကို အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တာမို့ ပြည်သူ ၁ဦးလည်း ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

🤬36❤4👎2🤣1
ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။
စက်ရုံကမထင်မှတ်ပဲ လုပ်ငန်းအခြေအနေအ ရလူလျှော့ကြောင်း နဲ့ အနားပေးခံရတဲ့သူတွေရဲ့နာမည်စာရင်းထုတ်ပြန်အသိပေးထားတာပါ။ ခဏအကြာမှာစုအုံနေတဲ့အလုပ် သမားတွေဆီက မကျေလည်တဲ့ရေရွတ်သံ၊ ပြောဆိုသံတွေပွင့်အံထွက် လာပါတယ်။
” လိုအပ်ချက်ရှိလို့ လူလျှော့တာမဟုတ်ဘူး၊ ရည်ရွယ်ချက်ရှိရှိ နဲ့ သမဂ္ဂဝင်တွေကိုတမင်ရွေးအလုပ်ထုတ်တာ “လို့ စက်ရုံရဲ့အသိပေးထားတဲ့အကြောင်းအရာအပေါ် အလုပ်သမားတယောက်က မှတ်ချက်ပြုပါတယ်။
နေရွှေဝင်းစက်ရုံကမေလ ၉ ရက်မှာအလုပ်သမား ၁၉ ဦးကို အလုပ်ထုတ်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင် နဲ့ သမဂ္ဂအဖွဲ့ဝင် ၁၀ ဦးအထိပါနေတဲ့အတွက် သမဂ္ဂဖြိုခွဲတဲ့လုပ်ရပ်အဖြစ် အလုပ်သမားတွေကယူဆကြတာဖြစ်ပါတယ်။
အဲဒီနောက် အလုပ်ထုတ်ခံရတဲ့သူတွေကို စက်ရုံအနေနဲ့ လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပေးဖို့ ကျန်တဲ့သမဂ္ဂအဖွဲ့ဝင်တွေကစတင်တောင်းဆိုခဲ့ကြပါတယ်။အဲဒီလိုတောင်းဆိုပေမယ့်နောက်ဆုံးမှာတောင်းဆိုသူ ၈၀ ကျော်ကိုပါစက်ရုံကအလုပ်ထုတ်လိုက်ပါတယ်။ဒါကြောင့် နေရွှေဝင်းစက်ရုံရဲ့အလုပ်သမားသမ ဂ္ဂအပေါ်ထားတဲ့ယူဆချက်က ပိုခိုင်မာသွားစေခဲ့ပါတယ်။
နေရွှေဝင်းစက်ရံမှာ အလုပ်သမားသမဂ္ဂဝင်တွေအလုပ်ထုတ်ခံရလို့မကြာခင်ပဲ မေလ၂၉ ရက်က ရွှေပြည်သာမြို့နယ်မှာပဲဖွင့်ထားတဲ့ Bontech အထည်ချုပ်စက်ရုံ သမဂ္ဂဥက္ကဌကို အလုပ်ခန့်ထားမူသဘောတူစာချုပ် (EC) ချိုးဖောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ် ထုတ်မူထပ်ဖြစ်ခဲ့ပြန်ပါတယ်။
အဲဒီစက်ရုံမှာ သမဂ္ဂ ဥက္ကဌ မတိုင်ခင်က သမဂ္ဂ အတွင်းရေးမှူးနဲ့ ဘဏ္ဍာရေးမှူးတို့ရှေ့ဆင့်၊နောက်ဆင့် အလုပ်ထုတ်ခံခဲ့ရတာပါ။
အခုလို အလုပ်သမားသမဂ္ဂရှိနေတာကိုမလို လားတဲ့စက်ရုံတွေက အရင်ဆုံးအင်အားလျှော့ချကာ နောက်ပိုင်းမှာဦးဆောင်သူမရှိတော့ပဲအဆုံးသတ်သွားတဲ့အခြေအနေရောက်အောင်လုပ်တပုံစံတည်းလုပ်လာတာဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။
https://www.ludunwayoo.com/feature-mm/2026/06/09/159486/

LuduNwayOo
အာဏာသိမ်းစစ်စစ်အုပ်စုကို နောင်ကျဥ်အောင် ILO အရေးယူနိုင်မလား | LuduNwayOo
ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။
👍31🤬6❤1🔥1💯1🤣1
စိန်တောင်ဘုန်းကြီးကျောင်းထဲမှာမီးရှို့လက်
စ ကျန်နေတဲ့ ရုပ်အ လောင်း၄ လောင်းကိုတွေ့ရပြန်ပါတယ်။အရင်က ဒီဘုန်းကြီး ကျောင်းထဲမှာ၁၅ပေပတ်လည်ထင်းပုံကြီးရှိပါတယ်။စစ်အုပ်စုကလူဘယ်နှစ်ယောက်ကိုတင်ပြီးမီးရှို့ခဲ့လဲမသိပါဘူး။ဒီထင်းပုံကြီးက တော့ ကုန်သွားခဲ့ပါတယ်။
“တွေ့ခဲ့တာက အလောင်း၄ လောင်း။သူတို့ ဘယ်နှစ် လောင်းမီးရှို့ခဲ့လဲတော့မသိဘူး။အဲဒီထင်းပုံကြီးတော့ကုန်သွားတာပဲ”လို့ ကိုအောင်မင်းက ပြန်ပြောပြပါတယ်။
စစ်တပ်က ပြည်သူတွေကိုသတ်ပြီးထင်းပုံပေါ်တင်မီးရှို့ခဲ့တာမှာ လူဆီနံ့နဲ့ အရိုးစု တွေလည်း ကျန်နေတယ်လို့ ကိုအောင် မင်းကဆိုပါတယ်။
ဒါ့အပြင်အိမ်သာကျင်းထဲပစ်ချထားတဲ့ အ
လောင်း၂လောင်းကိုလည်း တွေ့ရပါတယ်အဲဒီအထဲကတလောင်းဟာအမျိုးသမီးအလောင်း
ဖြစ်ပြီး အဓမ္မပြုကျင့်ခံထားရတဲ့ပုံစံဖြစ်တယ်လို့ ပြောပါတယ် ။
အသက်ကြီးအမျိုးသမီးကြီးတဦးရဲ့အ
လောင်းလည်း တွေ့ရပြီး ဦးနှောက်မရှိ တော့ဘဲ အနောက်က နေ သေနတ်နဲ့ တေ့ပစ်ခံထားရတဲ့ ပုံဖြစ်တယ်လို့ပြောပါတယ်။
https://www.ludunwayoo.com/feature-mm/2026/06/10/159610/

စစ်တပ်အပြန်မြစ်ခြေမြို့ ဘယ်လိုပျက်စီးကျန်ခဲ့လဲ | LuduNwayOo
မြို့တွင်းကို မရောက်ခင် အပုတ်နံ့တချို့ရလိုက်ပါတယ်။မြို့ဟာ မီး လောင်ပြင်ဖြစ် နေပြီး နေအိမ်တချို့ ကျို့တို့ကျဲတဲကျန် ခဲ့ပါတယ်။
🤬36👍5👎3❤2🔥2🤣1
မင်းတပ်မြို့ကာကွယ်နေကြတဲ့ ရဲဘော်တွေကို ပံ့ပိုးကြဖို့ ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း
ဇွန်-၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့ ပြန်သိမ်းနိုင်ဖို့ အင်အားအလုံးအရင်း၊ လေကြောင်း ပစ်ကူ အများအပြား အသုံးပြုတိုက်ခိုက်နေတဲ့ အခြေအနေမှာ ခုခံတိုက်ပွဲဝင် ရဲဘော်တွေကို ကူညီပေးဖို့ အခုလို ဖိတ်ခေါ်လာတာဖြစ်ပါတယ်။
မင်းတပ်မြို့နယ်ကို ရဲဘော်တွေက အသက်ကို ပဓာနမထားဘဲ ခုခံတိုက်ပွဲဝင်နေကြတာ ရပ်နီး/ဝေးမှ ညီအစ်ကိုမောင်နှမများအားလုံး အသိပင်ဖြစ်သလို အကူအညီတွေ လိုအပ်နေတာ သိကြမှာဖြစ်ကြောင်း မင်းတပ်ပအဖက ဖော်ပြပါတယ်။
" ရှေ့တန်းတွင် အသက်ကိုစွန့်၍ ကာကွယ်နေကြသော ရဲဘော်လေးများ၏ လိုအပ်ချက်များကို နောက်တန်းမှ မိမိတို့အနေဖြင့် အုပ်တစ်ချပ် သဲတစ်ပွင့်ဖြင့် ပါဝင်ကူညီအားဖြည့်ပေးကြပါရန် အထူးမေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်..။နယ်ဝေးတွင်ရောက်နေသော မိဘပြည်သူ သွေးချင်းများလည်း ဘေးကင်းကျန်းမာကြပါစေကြောင်း..။နယ်တွင်းရှိ သွေးချင်းများလည်း ဘေးကင်းကျန်းမာကြပါစေကြောင်း မေတ္တာပို့ ဆုတောင်းပေးအပ်ပါသည်..။”လို့ ကြားကာလမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မင်းတပ်မြို့အပါအဝင် ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကလည်း မင်းတပ်စစ်မြေပြင်မှာ တော်လှန်ရေးရဲဘော်တွေလိုအပ်နေတာတွေ ဖြည့်ဆည်းနိုင်ရေး ပံ့ပိုးကြဖို့ နှိုးဆော်ပြီး စစ်ရေးအတွက် အလှူခံခဲ့ရာ ရရှိလာတဲ့ ငွေတွေကို စစ်သုံးပစ္စည်းတွေ ဝယ်ယူပြီး ရှေ့တန်းသို့ ပို့ဆောင်ထားကြောင်း အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်း-မကွေး အစပ်မှာ အင်အားတွေစုဖွဲ့ပြီး ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်လာရာ မင်းတပ်မြို့နယ်ကို မေလကုန်ပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ နှစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။
စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ အကြိမ်ပေါင်းများစွာလုပ်ဆောင်လျက်ရှိရာ ဇွန် ၆ရက်ကနေ ၁၀ရက်နေ့အထိ ၅ရက်တာအတွင်း စစ်ကောင်စီက မင်းတပ်မြို့ကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၃၀ ကျော် ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်ဟာ မင်းတပ်မြို့နည်းတူ ကန်ပက်လက် မြို့ကိုလည်း မေလ ၁၈ရက်ကတည်းက ထိုးစစ်ဆင်ခဲ့ပြီး လက်ရှိမှာတော့ ကန်ပက်လက်ဒေသ တိုက်ပွဲတွေ ခေတ္တပြန်ငြိမ်နေတယ်လို့ ဒေသခံက မနေ့က ဇွန်လ ၁၀ရက်မှာ ပြောပြထားပါတယ်။

❤31👍19👏1🤮1🤣1