People's Spring
✔
59.7K subscribers
72K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု
❤33👍11🥰1🤮1💩1
အာဏာသိမ်းစစ်တပ်ကို တော်လှန်ရင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့တဲ့ရဲဘော် ၁၂၄ဦးကို
မန္တ​လေးPDFဂုဏ်ပြု

ဇွန်-၁၀၊၂၀၂၆။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
-MDY-PDFအထူးလှုပ်ရှားတပ်မက တော်
လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်
လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဂုဏ်ပြုပွဲကို ဇွန်လ ၆ရက်က ကျင်းပခဲ့တာ ဖြစ်ပြီး တပ်မ အနေနဲ့ ကိုယ်လက်အင်္ဂါ စွန့်
လွှတ်ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ​ဖော်ပြပါတယ်။

စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်ယုံကြည်ရာကိုလက်နက်စွဲ
ကိုင်တိုက်ပွဲဝင်ရင်းကိုယ်လက်အင်္ဂါအစိတ်
အပိုင်းများကိုပေးဆပ်စွန့်လွှတ်ခဲ့ကြရတာ ဖြစ်ကြောင်း အသိ​ပေးပါတယ်။

ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အထူးလှုပ်ရှားတပ်မမှအရာရှိ ရဲဘော် ၁၂၄ ဦးနဲ့ ညီနောင် တော်လှန်တပ်ဖွဲ့ အသီးသီးက ရဲဘော်တွေရဲ့ စွန့်လွှတ်စွန့်စားမှုကို ပြည်သူတွေနဲ့ ရဲဘော်အသီးသီးက အစဉ်အမြဲ လေး
နက်စွာ ဂုဏ်ပြုမှတ်တမ်းတင်နေ မယ်လို့ ယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခမ်းအနားသို့ ဂုဏ်ပြုခံရဲဘော်များ၊ ဖိတ်
ကြားထားတဲ့ဧည့်သည်တော်များနဲ့ အထူးလှုပ်
ရှားတပ်မမှ အဆင့်ဆင့်သော စစ်သည်ရဲ
ဘော်များ စုံညီစွာတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဂုဏ်ပြုအခမ်းအနားကိုအမျိုးသားညီညွတ်ရေအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သ
ဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ အခမ်းအနားမှာ သဝဏ်လွှာကို ဖတ်ကြားခဲ့သလို ဂုဏ်ပြုခံရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။
❤44👍15🥰3🤮1🤣1🫡1
ဓါတ်ပုံ-မန္တ​လေးPDF
❤50👍13🫡3🥰1🤮1💩1
❤54👍16🫡8🥰2🤮1👌1