ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။ မိုးမိတ်မြို့ဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက မြို့တွေကိုဖြတ်ပြီး ကချင်ပြည်နယ် ရွှေကူနဲ့ ဗန်းမော်မြို့အထိရောက်တဲ့ ကားလမ်းပိုင်းရှိပါတယ်။ စစ်တပ်တပ်ဖွဲ့ဝင်တွေက ရွှေ့ပြောင်းအလုပ်သမားနဲ့ ခရီးသွားဟန်ဆောင်ပြီး ခရီးသည်တင်ကားတွေနဲ့ လိုက်ပါနေတာလို့ ရွှေကူဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့ကို စစ်တပ်က ပြီးခဲ့တဲ့ မေလမှာ မိုးကောင်း-မြစ်ကြီးနား လမ်းပိုင်းကနေလည်း ကားအစီးရေ ၁၀၀ကျော် အင်အား ဖြည့်တင်းခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းက တပ်ရင်းတွေကိုပါ နည်းမျိုးစုံသုံးပြီး ပို့ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိမှာ ရွှေကူမြို့နယ်အနီး စစ်ရေးတင်းမာနေပါတယ်။
◾️ထိန်းချုပ်ဒေသတွင်း ဆက်သွယ်ရေးလမ်းပိုင်းတွေကို ဟုမ္မလင်း-ပအဖ ယာယီပိတ်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေအတွင်း ကုန်းလမ်းနဲ့ရေလမ်းဖြတ်သန်းသွားလာခွင့်ကို ဒီနေ့ ဇွန်လ ၁၀ရက်ကစပြီး ပိတ်ပင်လိုက်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။ ထိန်းချုပ်နယ်မြေအတွင်းရှိ အဝင်အထွက်ဂိတ်တွေ၊ ကုန်းလမ်းနဲ့ ရေလမ်းဂိတ်တွေ၊ အခွန်ဂိတ်တွေအားလုံးကို ပိတ်ပင်လိုက်တာဖြစ်ပြီး နောက်ထပ်ကြေညာချက်မထွက်ခင်အထိ အတည်ဖြစ်တယ်လို့ ဇွန်လ ၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ ဇွန်လဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့ ရှမ်းနီတပ်(SNA) ပူးပေါင်းစစ်ကြောင်းတွေ စစ်ရေးလှုပ်ရှားမှုရှိနေတယ်လို့ ဒေသခံသတင်းမြစ်တွေက ပြောပါတယ်။ ဇွန်လဆန်းပိုင်းက တိုက်ပွဲတွေမှာ စစ်တပ်က လက်နက်ကြီးအင်အားသုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
◾️စစ်ခေါင်းဆောင်ရဲ့သား စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး နေအိမ်နဲ့ဆိုင်ခန်းတွေ ထပ်ဖျက်ခိုင်း
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က သုံးတောင်ကျေးရွာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အောင်ပြည်စုံရဲ့ကုမ္ပဏီက အဓိကလုပ်နေတဲ့ ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး စစ်အုပ်စုက နေအိမ်တွေကို ဘူဒိုဇာနဲ့ထိုးဖျက်ပြီး ထပ်တိုးအနေနဲ့ ကားလမ်းဘေးက ဈေးဆိုင်ခန်းတွေကို လာမယ့် ဇွန်လ ၁၅ရက် နောက်ဆုံးထား ဖျက်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြင်စာရွာနဲ့ သုံးတောင်ကျေးရွာအနီးလုပ်မယ့် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းလုပ်ကွက် မြေဧက ၁၀,၀၀၀ နဲ့ မလွတ်လို့ဆိုပြီး အိမ်ခြေ ၅၀ကျော်ကို ဇွန်လ ၃ရက်က စာထုတ်ကာ ဇွန်လ ၈ရက် နောက်ဆုံးဖျက်ခိုင်းခဲ့တာပါ။ အဲဒီနေအိမ်တွေဟာ ပစ္စည်းတွေသယ်ယူပြီး အကုန်မဖျက်ရသေးတဲ့ နေအိမ်တွေကို ဇွန်လ ၉ရက်က ဘူဒိုဇာနဲ့ ထိုးဖျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က ဒီနေ့ ထပ်ဖျက်ခိုင်းတဲ့ နေအိမ်တွေကို ဒီလ ဇွန်လ ၁၅ ရက် နောက်ဆုံးထားဖျက်ခိုင်းထားတာမို့ ထပ်မံဖျက်နေရတယ်လို့ သိရပါတယ်။
◾️နမ့်ခမ်းပေါက်ကွဲမှု KIO၊ AA၊ SSPPနဲ့ ‘၀’တပ်ဖွဲ့တို့လည်း လှူဒါန်းငွေပေးအပ်
တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIO) ဗဟိုကော်မတီက ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့သလို AA မီးနဂါးစစ်ဒေသက ကျပ်သိန်း ၁၀၀၊ UWSA လားရှိုးဆက်ဆံရေးရုံးက ကျပ်သိန်း ၁၀၀၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) က ကျပ်သိန်း ၁၀၀နဲ့ ဆန်အိတ် ၂၀ လှူဒါန်းခဲ့တာကို ပြန်လည်ထူထောင်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ KIO အဖွဲ့အစည်းနေဖြင့် ဗဟိုကော်မတီက လှူဒါန်းငွေပေးအပ်ခဲ့တဲ့အပြင် KIA တပ်မဟာ(၁၁) က ကျပ်သိန်း KIO ကွတ်ခိုင်၊ အမှတ်(၉)တပ်ရင်းက ကျပ်သိန်း ၂၀ လှူဒါန်းခဲ့ကြောင်း ပြန်လည်ထူထောင်ရေးကော်မတီနဲ့ ကချင်သတင်းရင်းမြစ်တို့က ပြောပြအသိပေးထားပါတယ်။ ဒါ့အပြင် Kachin Sub State အတိုင်ပင်ခံအဖွဲ့ကလည်း ကျပ်သိန်း ၃၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မေလ ၃၁ရက်က TNLA ရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ကောင်းတပ်ရွာမှာ ပြည်သူ ၄၃ဦးထက်မနည်းသေဆုံးကာ ပြည်သူ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့ပါတယ်။

👍20❤2🔥2🤣1
မြန်မာစစ်တပ်ကို စစ်လက်နက်ထောက်ပံ့နေတဲ့ အိန္ဒိယအစိုးရကန့်ကွက်ကြောင်း တောင်ကိုရီးယားရောက်မြန်မာတွေ ဆန္ဒပြ
ဇွန်-၁၀၊၂၀၂၆။သုည/People's Spring
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။
ယင်းသတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းတွေ၊ စစ်ဘက်နည်းပညာတွေ၊ ရေတပ်သုံးဒီဇယ်နဲ့ လေယာဉ်ဆီ (Jet Fuel) တွေလွှဲပြောင်းထောက်ပံ့နေမှုကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ စစ်ဘက်ဆိုင်ရာ သင်တန်းပေးအပ်နေမှုအား လုံးဝ ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။
မြန်မာပြည်သူတွေက ငြင်းပယ်ထားတဲ့ စစ်အုပ်စုနဲ့ နိုင်ငံတော်အဆင့် ထိတွေ့ဆက်ဆံမှုများကို ရပ်ဆိုင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ မြန်မာ-တရုတ် ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနဲ့ အခြားရင်းနှီးမြှုပ်နှံမှုများမှတဆင့် စစ်အုပ်စုထံ ဝင်ငွေစီးဆင်းနေမှုကို ရပ်ဆိုင်းဖို့ကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲအပြီးမှာ တောင်ကိုရီးယားရောက် မြန်မာပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပြီး အိန္ဒိယအစိုးရအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေနဲ့အညီ မူဝါဒတွေကို ပြန်လည်သုံးသပ်ကာ မြန်မာစစ်တပ်အား ထောက်ပံ့နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားတဲ့ ကန့်ကွက်လွှာအား အိန္ဒိယသံရုံးကို ပေးအပ်ခဲ့ကြပါတယ်။

👍31❤7🥰1👏1🤮1💩1