ဆီဒိုးနားဟိုတယ်ပေါ်က တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျ သေဆုံး
ဇွန်-၁၀၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနားဟိုတယ်ပေါ်က တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဒီကနေ့ (ဇွန်၁၀) နံနက်မှာ ဖြစ်ပွားခဲ့ပါတယ်။
"ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မောယဝတီလမ်းတွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျကြောင်း သတင်းအရသွားရောက်ကူညီခဲ့ရာ သေဆုံးသူ အမျိုးသားအား ရဲဆေးစာဖြင့် မိုးစေတနာပရဟိတအသင်းမှ စံပြဆေးရုံသို့ အခမဲ့ပို့ဆောင် ကူညီပေးခဲ့ပါသည်။"လို့ အခင်းဓာတ်ပုံတွေနဲ့အတူ မိုးစေတနာပရဟိတအသင်း-ရန်ကုန်က အသိပေးထားပါတယ်။
ပြုတ်ကျသူက တရုတ်နိုင်ငံသားဖြစ်ပြီး ဆီဒိုးနားဟိုတယ်ပေါ်က ခုန်ချခဲ့တာလို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက ရေးသားထားပါတယ်။
အဲဒီဖြစ်စဉ်ဟာ ပြုတ်ကျသူရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို လိုက်ကောက်ခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တာကြောင့် လမ်းပိတ်ဆို့မှုလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
"ရှမ်းမြောက် တာမိုးညဲအထူးဒေသက မုန်းဝန်းလူမျိုး အမျိုးသားလို့ သိရပါတယ်။ လှိုင်သာယာ နဝဒေးအိမ်ရာမှာ သူ့ကောင်မလေးက လမ်းခွဲမယ်ပြောလို့ စကားများရာကနေ သတ်ခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ အဆုံးစီရင်မယ်လို့ သေတမ်းစာလို ရေးခဲ့ပြီး သူ့ကိုယ်သူသတ်သေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဟိုတယ်ကိုရောက်လာတယ်။ 29 လွှာကို ကတ်ပြားရှိတဲ့လူနဲ့ရောလိုက်ခဲ့တယ်။ 29 လွှာ ရောက်တော့ ကော်ရစ်တာကနေ ဒိုင်ဗင်ထိုးချလိုက်တာ။ အောက်က Honda Airwave ပေါ်ကို ကျတယ်။ ခန္ဓာကိုယ် တစစီဖြစ်သွားတယ်လို့ သိရပါတယ်။"လို့ ရဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ရေးသားထားပါတယ်။
ဟိုတယ်ပေါ်က ပြုတ်ကျ သေဆုံးသူဟာ ခုန်ချအဆုံးစီရင်တာ ဟုတ်၊မဟုတ် လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး စီဒိုးနားဟိုတယ်ရဲ့ ဖေစ်ဘွခ်စာမျက်နှာကို လူထုနွေဦးကဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

👍23👏6❤5🔥1😢1🤣1
■ဆောင်းပါး
တူးတူးလေးကို သတ်တာဘယ်သူလဲ
ဟာနာဆန်/People's Spring
ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။
တူးတူးက မျက်နှာသွယ်ပြီး ရုပ်ရည်သန့်ပြန့်တဲ့ ကလေးတစ်ယောက်ပါ။ အနေအေးတယ်။ စကားပြောလည်းနည်းတယ်တဲ့။ အသက်
အရွယ်နဲ့ မမျှအောင် ရင့်ကျက် တည်ငြိမ်တဲ့ စရိုက်ရှိတယ်။
တူးတူးမိဘတွေက ပြည်ပမှာအလုပ်လုပ်နေတယ်။ မြောက်ဒဂုံမှာ ဘိုးဘွားတွေ ဦးလေးတွေနဲ့ နေတယ်။ ညီအကို၃ယောက်မှာ အငယ်ဆုံးသားတဲ့။ပြီးတော့တူးတူးကကြောက်လည်းကြောက်တတ်တယ်တဲ့။
တူးတူးလေး ထွက်သွားပြီး ညမိုးချုပ်တဲ့အထိ ပြန်ရောက်မလာဘူး။ ည ၇ နာရီခွဲလောက်ကျ အိမ်သားတွေလည်း လိုက်ရှာကြပြီ။ည ၉ နာ
ရီကျော်တဲ့အထိ ရှာမတွေ့တော့ ရဲစခန်းသွားတိုင်ထားရတယ်။
ဒီကနေ့ ၁၀ ရက်မနက်မှာတော့ မြောက်ဒဂုံ ၃၈ရပ်ကွက်ကရေကန်တစ်ခုမှာရုပ်အလောင်း
တစ်ခု ပေါ်လာတယ်လို့ သိရတယ်။ မိသားစုဝင်တွေလည်း တူးတူးလေးမဖြစ်ပါစေနဲ့လို့ ဆုတွေတောင်းပြီး သွားကြည့်ခဲ့ကြတယ်။ ဆုတောင်းတွေမပြည့်ခဲ့ပါဘူး။ တူးတူးလေး ဖြစ်နေခဲ့ပါတယ်။
တူးတူးလေးရဲ့ရုပ်အလောင်းကို ရေကန်မှာပေါ်လာလို့ တွေ့ခဲ့ရတာဖြစ်ပြီး ကလေးမှာ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ မိသားစုဝင်တွေက လူမှုကွန်ရက်မှာ ရေးသားပါတယ်။
"ဒီကလေးလေးက အသံတောင်ကျယ်ကျယ်စကားမပြောဘူး။ရန်ဖြစ်ဖို့ဆိုတာအဝေးကြီး"
လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
လူမှုကွန်ရက်မှာတော့ တူးတူးလေးသေဆုံးတာနဲ့ပတ်သက်ပြီး အမျိုးစုံ ကောက်ချက်ချနေကြတယ်။ တရားခံအစစ်က ဘယ်သူပါလဲ။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲလူပျောက်မှုတွေ၊ အတင်း
အဓမ္မစစ်သားစုဆောင်းမှုတွေ၊ လုယက်မှုတွေနဲ့ လူသတ်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။ ပိုဆိုးတာကတော့ စာသင်ကျောင်း ပုရဝုဏ်အတွင်းမှာတောင် ရန်ပွဲ နဲ့ လူသေစေတဲ့ ခိုက်ရန်ဖြစ်မှုတွေရှိလာတာပါ။
ပြီးခဲတဲ့ ရက်ပိုင်းမှာပဲ နေပြည်တော်က ကိုယ်
ပိုင်ကျောင်းတစ်ခုမှာ ကလေးချင်းဖြစ်ပွားတဲ့ ပြဿနာကနေ လူကြီးချင်းသတ်ဖြတ်တဲ့အထိ ဖြစ်ပွားခဲ့သလို ပဲခူးတိုင်း၊ကဝမြို့မှာလည်းကလေးငယ် ၂ ဦးအပါအဝင် ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။
၂၀၂၁ဖေဖော်ဝါရီမှာစစ်တပ်ကအာဏာသိမ်း
ပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု လုံးဝပျက်
ပြားသွားပြီး နယ်စပ်ဒေသတွေတင်မကဘဲ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာပါ နေ့ခင်း
ကြောင်တောင် ဓားပြတိုက်မှု၊ လုယက်မှုနဲ့ လူသတ်မှုတွေနေ့စဉ်နဲ့အမျှဖြစ်ပွားနေပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်နဲ့ ရှမ်းပြည်
နယ် အပါအဝင် နယ်စပ်ဒေသတွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေနဲ့ လူကုန်ကူးမှုတွေ ကမ္ဘာ့အဆင့်အထိ ကြီးထွားလာခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ပုံမှန်လည်ပတ်နေတဲ့ တရားစီရင်ရေးစနစ်၊ရဲတပ်ဖွဲ့
နဲ့ အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားတွေ ပျက်
စီးသွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအင်အားစုတွေဟာ ပြည်သူ့လုံခြုံရေးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးထက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နှိပ်ကွပ်ဖို့၊ အာဏာတည်မြဲဖို့၊ ခေတ်ပျက်ကြီးမှာ ငွေကိုသည်းကြီးမည်းကြီးရှာဖို့အတွက်ပဲ အားစိုက်ခဲ့တယ်။ ဒါကြောင့် ခိုးဆိုးလုနှိုက်၊ ဓားပြတိုက်မှုနဲ့ လူသတ်မှုတွေကို ထိရောက်စွာ အရေးယူမယ့်သူ မရှိတော့ဘဲ ရာဇဝတ်
ကောင်တွေ သောင်းကျန်းဖို့ လမ်းပွင့်သွားပါတော့တယ်။
တရား ဥပဒေစိုးရေးအဓိကတာဝန်ယူရသူတွေက ငွေရရေးကဓိကဖြစ်လာပြီး ငွေများတရားနိုင်ဆိုပြီးမင်းမဲ့စရိုက်ဆန်ဆန် ပြစ်မှုတွေပိုများလာပါတယ်။ပိုဆိုးတာက လူမိုက်တွေက အုပ်ချုပ်ရေး ရာထူးတွေယူလုပ်ကိုင်လာတာ ၊လူမိုက်နဲ့ရဲ့ ၊စစ်သား ၊အုပ်ကြီးတွေပေါင်းပြီး ပြည်သူတွေကို ဖိနှိပ်ပြီးငွေညှစ်တာတွေလုပ်လာကြတာပါ။
ဒါ့အပြင် အာဏာသိမ်းမှုကြောင့် နိုင်ငံတကာပိတ်ဆို့မှုတွေ ကြုံရတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တာတွေ ဖြစ်လာပြီး မြန်မာ့ စီးပွားရေးဟာ လုံးဝပျက်စီးသွားပါတယ်။
အလုပ်အကိုင် ရှားပါးပြီးငတ်မွတ်လာတဲ့အခါ ဝမ်းရေးအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ ပစ္စည်းယူသတ်ဖြတ်မှုတွေပါ ထိန်းမနိုင်သိမ်းမရ ဖြစ်ပွားလာပါတော့တယ်။
မြန်မာနိုင်ငံဟာ စစ်တပ်က နှစ်ပေါင်းများစွာ အာဏာသိမ်းထားခဲ့လို့ ယခင်ကတည်းက တရားဥပဒေဟာလည်း ယိုင်နဲ့နဲ့ပါ။ ၂၀၁၅ အရပ်သားအစိုးရတက်လာပြီးမှ တရားဥပဒေစိုးမိုးမှုကို တည်ဆောက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် စစ်တပ်က အာဏာထပ်သိမ်းလိုက်ပြန်တော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု စနစ်ဟာ ထပ်မံ ဖျက်ဆီးခံလိုက်ရပြန်တယ်။ အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့ကိုယ်တိုင်လည်း ဥပဒေအထက်မှာ နေထိုင်ကြတဲ့အတွက်၊ ဥပဒေမဲ့တဲ့ ပတ်ဝန်း
ကျင်တစ်ခု ဖန်တီးပေးလိုက်သလို ဖြစ်စေကာ ရာဇဝတ်မှုတွေ သောင်းကျန်းလာတာဖြစ်ပါတယ်။

❤18🔥8😢4🤬1🤣1
အာဏာသိမ်း စစ်တပ်ဟာ နယ်ဘက်ကျေးဘက်တွေမှာလေကြောင်းတိုက်ခိုက်၊ စစ်
ကြောင်းထိုး မီးရှို့၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြုလုပ်နေသလို မြို့ပေါ်မှာလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ ဆိုးရွားလှတဲ့ ဖိနှိပ်မှုတွေ ပြုလုပ်နေတာပါ။ ဒီကြားထဲမှာမှ ပြည်သူတွေဟာ ခိုးဆိုးလုနှိုက် ရာဇဝတ်သမားတွေရဲ့ အန္တရာယ်ကိုပါ ရင်ဆိုင်ကြရပြန်ပါတယ်။
အလုပ်သွားအလုပ်ပြန် သတိကြီးစွာထားပြီး သွားကြလာကြရတယ်။ မှောင်ပြီဆိုတာနဲ့ အိမ်ကိုစောစောပြန်ရတယ်။ ညဘက်လည်း ခေါင်းပြားအောင်အိပ်လို့မရဘူး။ ချွတ်ခနဲကြားတာနဲ့ ထကြည့်ရတယ်။
တူးတူးလေးသေဆုံးမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ အမျိုးမျိုးကောက်ချက်ချနေကြပါတယ်။ ရန်ငြှိုးနဲ့အသတ်ခံရတာလား၊ အုပ်စုဖွဲ့အနိုင်ကျင့်ခံသတ်ဖြတ်ခံရတာလား စသဖြင့်ပေါ့။ တူးတူးလေးကို သတ်တာ ဘယ်သူလဲဆိုတာကို မိသားစုဝင်တွေသာမက ပြည်သူတွေပါ သိလိုနေကြပါတယ်....။ ။

👍21🔥2🤮1🤣1
အောင်ပြည်စုံရဲ့ကုမ္ပဏီ အဓိကလုပ်နေတဲ့ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး နေအိမ်နဲ့ဆိုင်ခန်းတွေ ထပ်ဖျက်ခိုင်း
ဇွန်-၁၀၊၂၀၂၆။ကတ်သရင်းနှင်း/People's Spring
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က သုံးတောင်ကျေးရွာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အောင်ပြည်စုံရဲ့ကုမ္ပဏီကအဓိကလုပ်နေတဲ့ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး စစ်အုပ်စုက နေအိမ်တွေကို ဘူဒိုဇာနဲ့ထိုးဖျက်ပြီး ထပ်တိုးအနေနဲ့ ကားလမ်းဘေးက ဈေးဆိုင်ခန်းတွေကို လာမယ့် ဇွန်လ ၁၅ရက်နောက်ဆုံးထား ဖျက်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြင်စာရွာနဲ့ သုံးတောင်ကျေးရွာအနီးလုပ်မယ့် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းလုပ်ကွက် မြေဧက ၁၀,၀၀၀ နဲ့ မလွတ်လို့ဆိုပြီး အိမ်ခြေ ၅၀ကျော်ကို ဇွန်လ ၃ရက်က စာထုတ်ကာ ဇွန်လ ၈ရက် နောက်ဆုံးဖျက်ခိုင်းခဲ့တာပါ။
အဲဒီနေအိမ်တွေဟာ ပစ္စည်းတွေသယ်ယူပြီး အကုန်မဖျက်ရသေးတဲ့ နေအိမ်တွေကို ဇွန်လ ၉ရက်က ဘူဒိုဇာနဲ့ ထိုးဖျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
" အကုန်ဘူဒိုဇာနဲ့ ထိုးဖျက်ပြီး အစိမ်းတွေ ကာထားတယ်။အခုက ထပ်တိုးဆိုပြီး လမ်းဘေးကဆိုင်ခန်း တွေကို ထပ်ဖျက်ခိုင်းတယ်။နေအိမ်တိုက်ကြီး ၃လုံး လောက်ပါတယ်။အများစုက ဆိုင်ခန်းတွေများတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က ဒီနေ့ ထပ်ဖျက်ခိုင်းတဲ့ နေအိမ်တွေကို ဒီလ ဇွန်လ ၁၅ ရက် နောက်ဆုံးထားဖျက်ခိုင်းထားတာမို့ ထပ်မံဖျက် နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်းမှာ ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းဖွင့်ပွဲလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲပြီးနောက် မြေဧက ၁၀၀၀ သိမ်းယူကာ မြို့သစ်စီမံကိန်း စတင်နေတာလို့ စုံစမ်းသိရပါတယ်။ အဲဒီ စီမံကိန်းကို အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံရဲ့ကုမ္ပဏီက အဓိကလုပ်နေတာလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မြို့ကို မကြာခဏလာရောက်ပြီး ဈေးတွေဖျက်ပြီး အသစ်ဆောက်ခိုင်းသလို စီမံကိန်းအသစ်တွေ လုပ်ခိုင်းတာလည်း ဆက်တိုက်လုပ်နေပါတယ်။

🤬20👎11🤮6❤3👏1🤣1
ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုအတွက်ထိုင်းအမျိုးသမီးတဦးကိုဖမ်းထား
ဇွန်-၁၀၊၂၀၂၆။People's Spring
ရန်ကုန်မှာအမေရိကန်နိုင်ငံသားသံအရာရှိတဦး သေဆုံးမှုနဲ့ ပတ်သက်လို့ ထိုင်းအမျိုးသမီး တဦးကိုဖမ်းဆီးထားတယ်လို့AP သတင်းဌာနကဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကရန်ကုန်မှာရှိတဲ့သံရုံးမှာတာဝန်ချထားတဲ့ဝန်ထမ်းတဦးသေဆုံးမှုကိုအတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
ရန်ကုန်မှာရှိတဲ့သံတမန်အသိုက်အဝန်းက
တော့အဲဒီသေဆုံးမှုနဲ့ဆက်စပ်ပြီးထိုင်းအမျိုး
သမီးတဦးကိုရဲတွေကဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။
ကွယ်လွန်သူရော၊ကျန်ရစ်သူမိသားစုအပေါ် လေးစားတဲ့အနေနဲ့ လတ်တလောမှာတော့ သေဆုံးသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မထုတ်ပြန်နိုင်သေးကြောင်း နိုင်ငံ
ခြားရေးဝန်ကြီးဌာနကဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ သံတမန် အသိုက်အဝန်းထဲက သတင်းရင်းမြစ် သုံးခုကတော့ သေဆုံးသူကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက Sakura Residence ဟိုတယ်ထဲမှာ ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းအချက်အ
လက်ကိုတရားဝင်ထုတ်ပြောခွင့်မရှိတာကြောင့် အဲဒီ သတင်းရင်းမြစ်တွေက သူတို့ရဲ့ နာမည်ကို ဖော်ပြဖို့တော့ ငြင်းဆိုခဲ့ပါတယ်။
Sakura Residence ဟာအမေရိကန် သံရုံးနဲ့ တစ်ကီလိုမီတာခွဲလောက်အကွာမှာသာ တည်
ရှိပြီးသံရုံးဝန်ထမ်းတွေ၊ မြန်မာနိုင်ငံမှာ ကာလရှည်ကြာနေထိုင်တဲ့နိုင်ငံခြားသားတွေ၊ စီးပွား
ရေး လုပ်ငန်းရှင်တွေ အဓိက တည်းခိုလေ့ ရှိပါတယ်။
ရဲတွေက အမေရိကန် နိုင်ငံသားသေဆုံးမှုကို လူသတ်မှုသံသယ နဲ့ စစ်ဆေးနေပြီးထိုင်းအမျိုးသမီး တစ်ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားသွားပါတယ်။
ကိုးကား-SCMP

👍27❤7🔥3😢2🤣1
နမ့်ခမ်းပေါက်ကွဲမှု ဘေးသင့်သူများ ပြန်လည်ထူထောင်ရေး AA၊ SSPPနဲ့ ၀တပ်ဖွဲ့တို့လည်း လှူဒါန်းငွေပေးအပ်
ဇွန်-၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIO) ဗဟိုကော်မတီက ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့သလို AA မီးနဂါးစစ်ဒေသက ကျပ်သိန်း ၁၀၀၊ UWSA လားရှိုးဆက်ဆံရေးရုံးက ကျပ်သိန်း ၁၀၀၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) က ကျပ်သိန်း ၁၀၀နဲ့ ဆန်အိတ် ၂၀ လှူဒါန်းခဲ့တာကို ပြန်လည်ထူထောင်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
KIO အဖွဲ့အစည်းနေဖြင့် ဗဟိုကော်မတီက လှူဒါန်းငွေပေးအပ်ခဲ့တဲ့အပြင် KIA တပ်မဟာ(၁၁) က ကျပ်သိန်း KIO ကွတ်ခိုင်၊ အမှတ်(၉)တပ်ရင်းက ကျပ်သိန်း ၂၀ လှူဒါန်းခဲ့ကြောင်း ပြန်လည်ထူထောင်ရေးကော်မတီနဲ့ ကချင်သတင်းရင်းမြစ်တို့က ပြောပြအသိပေးထားပါတယ်။ ဒါ့အပြင် Kachin Sub State အတိုင်ပင်ခံအဖွဲ့ကလည်း ကျပ်သိန်း ၃၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မေလ ၃၁ရက်က TNLA ရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ကောင်းတပ်ရွာမှာ ပြည်သူ ၄၃ဦးထက်မနည်းသေဆုံးကာ ပြည်သူ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့ပါတယ်။
အဲဒီလို လူထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့ ကောင်းတပ်ရွာ ပြန်ထူထောင်ရေးအတွက် တိုင်းရင်းသားအဖွဲ့များသာမက ပြည်သူတဦးချင်းစီနဲ့ အသင်းအဖွဲ့တွေ၊ ကျေးရွာတွေက ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများ လှူဒါန်းလျက်ရှိရာ ဇွန်လ ၈ရကနေ့အထိ အလှူငွေ ကျပ်သိန်း ၉၀၀၀ ကျော်နဲ့ တရုတ်ယွမ် ၂သိန်းကျော်ရရှိထားတယ်လို့ TNLAက အသိပေးထားပါတယ်။
ဒါ့အပြင် TNLAကလည်း ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို TNLA သီးသန့်ရန်ပုံငွေနဲ့ ထောက်ပံ့မှု လုပ်ဆောင်ခဲ့ရာ ကွယ်လွန်သူ တစ်ဦးကို ကျပ်သိန်း ၁၀၀ နှုန်း ထောက်ပံ့ခဲ့ကြောင်း TNLAက ထုတ်ပြန်ထားပါတယ်။ ကောင်းတပ်ရပ်ကွက်ပေါက်ကွဲမှုမှာ သေဆုံးသူ ၄၃ဦးရှိပြီး ဒဏ်ရာရသူ ၁၁၂ဦးရှိတယ်လို့ TNLA က ထုတ်ပြန်ထားပေမယ့် ဒေသခံ အဖွဲ့တွေရဲ့ အသိပေးချက်အရ သေဆုံးသူ ၅၀ကျော်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက်လည်း လိုအပ်တဲ့ဆေးဝါးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနဲ့ အခြားလိုအပ်တဲ့ အကူအညီများ ဆက်လက် ကူညီပံ့ပိုးပေးနေကြောင်း TNLAက ထုတ်ပြန်ထားပြီး ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ နစ်နာဆုံးရှုံးမှုများအပေါ် အလေးအနက်ထား၍ တာဝန်ယူဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်နစ်နာသူ မိသားစုဝင်တွေကို TNLA ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ခဲ့ပြီး ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အစွမ်းကုန် ကူညီဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

👍33❤3🥰1🤮1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၁၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️Operation Su စစ်ဆင်ရေးမှာ လက်နက်မျိုးစုံ ၆၀ ခန့်နဲ့ စစ်သုံ့ပန်း ၆၅ဦး ဖမ်းမိ
‘Operation Su’အဖြစ် အညာမြေစစ်ဆင်ရေးဖော်ဆောင်ကာ စစ်တပ်စခန်းနဲ့ ပြည်သူ့စစ်ရွာကို သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၆၅ ဦးနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ၆၀ နီးပါး သိမ်းဆည်းရရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ဒီနေ့ ထုတ်ပြန်ပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီး အကျဥ်းချခံရမှုကနေ လွတ်မြောက်ဖို့ရည်မှန်းပြီး ပခုက္ကူခရိုင်တွင်း မြို့နယ်(၅)ခုက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အညာမြေ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တာလို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အသိပေးပါတယ်။ အညာမြေ စစ်ဆင်ရေးရဲ့ ပထမအဆင့် Operation ငယ်တစ်ခုအနေနဲ့ Operation 9 (4+5) ကို ဇွန်လ ၂ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်မဟာဗျူဟာအရ အချက်အချာမြေနဲ့ မဟာဗျူဟာလမ်းပိုင်း ထိန်းချုပ်ရေးမှာ အဓိကအရေးပါတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ ပခုက္ကူ-ပေါက်-မင်းတပ်လမ်းတို့ စိုးမိုးနိုင်ဖို့ လိုအပ်တဲ့ ရေပြာလမ်းဆုံ ဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၂ ရက် ညနေပိုင်းမှာ ရေပြာရဲစခန်းကို သိမ်းပိုက်ပြီး ဇွန်လ ၄ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်အခြေစိုက်တဲ့ ပျူစောထီး(ပြည်သူ့စစ်)ကျေးရွာဖြစ်တဲ့ ကုက္ကိုစုရွာကို သိမ်းပိုက်ခဲ့ပါတယ်။ ကုက္ကိုစုရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်တပ်ရဲ့သတ်ကွင်းဖြစ်တဲ့ လယ်ကွင်းပြင် ဟင်းလင်းပြင်နေရာတွေကို ပကဖ ရဲဘော်တွေနဲ့ ပူးပေါင်းတပ်တွေက ရဲရဲဝံ့ဝံ့ဖြတ်ကျော်တိုက်ခိုက်ပြီးရရှိခဲ့တာလို့ အသိပေးပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်က သေဆုံးသူ ၃၀ကျော်၊စစ်သုံ့ပန်း ၆၅ ဦး၊ လက်နက်ချ အလင်းဝင်လာသူ ၆ ဦး၊ ပြည်သူ့စစ်ရွာက ပြည်သူ ၂၄၆ ဦးကို ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်ငယ် (၅၅) လက်၊ လက်နက်ကြီး (၄) လက်၊ ကျည်မျိုးစုံ (၃၄၆၅) တောင့် နဲ့ စစ်အသုံး အဆောင် ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
◾️မြစ်ခြေရဲစခန်းကို PDF တိုက်ခိုက် သိမ်းပိုက်
ဒေသခံပြည်သူ ၂၀ကျော် ရက်ရက်စက်စက်သတ်ဖြတ်ပြီး နေအိမ် ၁,၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့တဲ့ ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ဦးဆောင်ကွပ်ကဲမှုနဲ့ ဒီနေ့ ဇွန်လ ၁၀ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကနေ ဇွန်လ ၂ရက်အထိ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင် နေအိမ်အဆောက်အဦးပေါင်း ၁,၀၀၀ကျော် မီးရှို့ဖျက်ဆီးကာ အတည်ပြုထားနိုင်တဲ့ ပြည်သူ ၂၄ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ဇွန်လ ၁၀ ရက်မှာ မြစ်ခြေစခန်းကို အပြီးတိုင် ထိုးစစ်ဆင်သိမ်းပိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို လက်တုံ့ပြန်တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီနေ့ မနက် ၄နာရီမှာ မြစ်ခြေရဲစခန်းကို မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မနက် ၅နာရီမှာ အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲအတွင်း ရန်သူ့တပ်သား ၂ ဦး သေဆုံးပြီး ၁၄ ဦး စစ်သုံ့ပန်းအဖြစ် လက်နက်ချအညံ့ခံခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
◾️မင်းအောင်လှိုင် တောင်ငူလာပြီးနောက် ဗိုလ်ချုပ်ရုပ်ထု ဖယ်ရှားခံရ
ပဲခူးတိုင်း၊ တောင်ငူမြို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဇွန်လ ၁၀ရက် မနက်အစောပိုင်းမှာ တောင်ငူမြို့ ၁၇ ရပ်ကွက်၊ ကန်လမ်းအတက်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို စစ်အုပ်စုက ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ မနေ့ညပိုင်းကအထိ ဗိုလ်ချုပ်ရုပ်ထုရှိပြီး ဒီနေ့ မနက်ပိုင်းမှာ မရှိတော့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်မှာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တောင်ငူမြို့ကို လာရောက်ခဲ့ပြီး လေးရက်အကြာမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတာလည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အဲဒီခရီးစဥ်မှာ သူ့ဇနီးဖြစ်သူ ကြူကြူလှနဲ့ လက်ရှိတပ်ချုပ် ရဲဝင်းဦးတို့လည်း လိုက်ပါလာတယ်လို့ သိရပါတယ်။ တောင်ငူမြို့ခံ အမျိုးသမီးတစ်ဦးကတော့ အာဏာသိမ်းစစ်တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး ဗိုလ်ချုပ်ကို သေချာမကြည့်ရဲလို့ ဖယ်ရှားခိုင်းတာဖြစ်မယ်လို့ မှတ်ချက်ပြုပါတယ်။
◾️မြောင်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

👍15❤4🔥2🤣1
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီနေ့ ဇွန်လ ၁၀ ရက် မနက် ၁၁ နာရီဝန်းကျင်က မြောင်မြို့နယ်၊ ပေါက်တောကျေးရွာကို အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၁စီးနဲ့ လေကြောင်းတိုက်ခိုက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ထိခိုက်သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။ အာဏာသိမ်းစစ်တပ်ဟာ မြောင်နယ်နဲ့စပ်ဆက်နေတဲ့ ချောင်းဦးမြို့နယ်ကို စစ်ကြောင်းထိုးနေပြီး ရေစကြို-ချောင်းဦးလမ်းကို စိုးမိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ရေစကြိုမှာ စစ်တပ် လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သား ၂ဦး သေဆုံး
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။ ဇွန်လ ၉ ရက် မနေ့ည ၉ နာရီ၀န်းကျင်က ရေစကြိုမြို့ပေါ်မှာ စစ်တပ်အခြေစိုက်ထားတဲ့ ရုံးပေါင်းစုံနဲ့ စစ်မှုထမ်းဟောင်းရုံးတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုက ဇွန်လ ၈ရက်မှာ ရေစကြိုမြို့နယ် အမှတ်(၄)ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ကို ရှင်းလင်းခံရတာနဲ့ ဆက်စပ်နိုင်တယ်လို့ ရေစကြိုမြို့နယ်သတင်းရင်းမြစ်က အသိပေးပါတယ်။
◾️တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်ကို စစ်တပ်က ၅ရက်အတွင်း လေယာဉ်နဲ့ အကြိမ် ၃၀ကျော် ဗုံးကြဲ
ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ ချင်း-မကွေးအစပ် ဆောမြို့နယ်အတွင်း စစ်တပ်က အင်အားအလုံးအရင်းဖြည့်တင်းကာ မေလ ၁၈ရက်မှာ ချင်းပြည်နယ် ကန်ပက်လက်၊ မေလကုန်ပိုင်းမှာ မင်းတပ် ဒေသတွေကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ ဇွန်လ ၁၀ရက်မှာ မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံက အသိပေးပါတယ်။ စစ်တပ်ဟာ တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်မြို့ကို လေကြောင်းပစ်ကူပေး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဇွန်လ ၆ရက်ကနေ ၁၀ရက် မနက်အထိ ငါးရက်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၀ ကျော် လုပ်ဆောင်ခဲ့ပါတယ်။ တိုက်လေယာဉ်တွေအပြင် Y12 လေယာဉ်တွေပါသုံးပြီး ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်နေတာပါ။
◾️ရခိုင်ရိုးမဆီ တက်လာတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီး နောက်ပြန်ဆုတ်
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးတက်လာတဲ့ စစ်တပ်အထိနာပြီး နောက်ပြန်ဆုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့ တာ၀န်ရှိသူတချို့က ပြောပါတယ်။ သရက်မြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၄၄)ခြေလျင်တပ်ရင်း(ခလရ-၄၄)၊ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေက အင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်း သုံးခုခွဲပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမဆီ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ရခိုင်ရိုးပေါ်ကို တက်နေတဲ့ စစ်ကြောင်းကတော့ မေလကုန်နဲ့ ဇွန်လဆန်းပိုင်းမှာ တိုက်ပွဲဆက်ဖြစ်တာမရှိဘဲ နောက်ပြန်ဆုတ်သွားကြောင်းနဲ့ ရိုးမအခြေမှာ ပြန်တပ်စွဲတဲ့အနေအထားဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့နောက်ထပ်စစ်ကြောင်းနှစ်ခုမှာ ဖြူကန်ကျေးရွာနဲ့ ကျွဲဒွန်ကျေးရွာမှာရှိနေပြီး တပ်စွဲထားတယ်လို့ သူက ပြောပါတယ်။
◾️ကနေဒါခရီးစဉ် အောင်မြင်တယ်လို့ SCEF ထုတ်ပြန်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါနိုင်ငံ ခရီးစဉ် အောင်မြင်စွာပြီးဆုံးကြောင်း SCEFက ထုတ်ပြန်လိုက်ပါတယ်။ အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနဲ့ ဖက်ဒရယ် ဒီမိုကရေစီ၊ လူ့အခွင့်အရေးတို့အတွက် ကနေဒါနိုင်ငံရဲ့ အရေးပါမှုကို ပေါ်လွင်ထင်ရှားစေပြီး ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေကြောင်း ဖော်ပြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)က စောနီးမရော့ဒ်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က နဲနယ်ပလို တို့ ပါဝင်တဲ့ အဖွဲ့ဟာ ကနေဒါနိုင်ငံကို စည်းရုံးလှုံ့ဆော်ရေးနဲ့ ဆက်ဆံရေးတည်ဆောက်ရေး အတွက် ခရီးသွားရောက်ခဲ့တာဖြစ်ပါတယ်။ ခရီးစဉ်မှာ NUG သမ္မတရုံး အကြံပေး ဦးကျော်ဇော်လည်း ကိုယ်စားလှယ်အဖွဲ့နဲ့ ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
◾️EROတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးပြော

❤19🔥3🤣1
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ERO တွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ တွေ့ဆုံဖို့ စီစဥ်ထားပြီး အခြေအနေတွေကို လေ့လာဖို့နဲ့ အဖြေတွေ ရှာဖွေဖို့အတွက် ရည်ရွယ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက ဆိုပါတယ်။ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတရဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးလာဇာရိုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိပြီး အခြေအနေသိရှိဖို့ နဲ့ အမှန်တကယ်ဘယ်လိုကူညီနိုင်မလဲဆိုတာ ရှာဖွေဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ Nikkei က စီစဥ်တဲ့ ဖိုရမ်တစ်ခုကို တက်ရောက်လာရင်း ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ ဘယ်သူတွေနဲ့တွေ့မယ်၊ ဘယ်မှာတွေ့ဆုံမယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက အသေးစိတ်ထုတ်ဖော်မပြောပါဘူး။
◾️ရန်ကုန်မှာ ၆တန်းကျောင်းသားတစ်ဦး သတ်ဖြတ်ခံရ
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ သတ်ဖြတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မြောက်ဒဂုံမြို့နယ်၊ (၃၉/က) ရပ်ကွက်မှာ နေထိုင်တဲ့ မောင်မင်းခန့်ဇော်ဟာ ဇွန်လ ၈ရက် ညနေ ၄နာရီလောက်မှာ နေအိမ်က ထွက်သွားပြီး ပြန်ရောက်မလာဘဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေက လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတွေတင်ပြီး အကူအညီတောင်းခဲ့သလို ရဲစခန်းမှာလည်း အမှုဖွင့်ခဲ့ပါတယ်။ ဒီနေ့ ဇွန်လ ၁၀ရက် မနက်ပိုင်းမှာတော့ ရေကန်တစ်ခုအတွင်း သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်တွေ့ရတာလို့ ၃၉/က ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
◾️ဆီဒိုးနားဟိုတယ်ပေါ်က တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျ သေဆုံး
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနားဟိုတယ်ပေါ်က တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဒီနေ့ ဇွန်လ ၁၀ရက် မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ပြုတ်ကျသူက တရုတ်နိုင်ငံသားဖြစ်ပြီး ဆီဒိုးနားဟိုတယ်ပေါ်က ခုန်ချခဲ့တာလို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက ရေးသားထားပါတယ်။ အဲဒီဖြစ်စဉ်ဟာ ပြုတ်ကျသူရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို လိုက်ကောက်ခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တာကြောင့် လမ်းပိတ်ဆို့မှုလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
◾️ရန်ကုန်မှာ အမေရိကန်သံအရာရှိသေဆုံးမှုအတွက် ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းထား
ရန်ကုန်မှာ အမေရိကန်နိုင်ငံသားသံအရာရှိတစ်ဦး သေဆုံးမှုနဲ့ ပတ်သက်လို့ ထိုင်းအမျိုးသမီး တစ်ဦးကိုဖမ်းဆီးထားတယ်လို့ AP သတင်းဌာနကဖော်ပြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မှာရှိတဲ့သံရုံးမှာ တာဝန်ချထားတဲ့ ဝန်ထမ်းတစ်ဦးသေဆုံးမှုကိုအတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ ရန်ကုန်မှာရှိတဲ့ သံတမန်အသိုက်အဝန်းကတော့ အဲဒီသေဆုံးမှုနဲ့ဆက်စပ်ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို ရဲတွေက ဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။ ကွယ်လွန်သူရော၊ ကျန်ရစ်သူမိသားစုအပေါ် လေးစားတဲ့အနေနဲ့ လတ်တလောမှာတော့ သေဆုံးသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မထုတ်ပြန်နိုင်သေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ သံတမန် အသိုက်အဝန်းထဲက သတင်းရင်းမြစ် သုံးခုကတော့ သေဆုံးသူကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက Sakura Residence ဟိုတယ်ထဲမှာ ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
◾️ရမ်းဗြဲမြို့နယ် ပင်လယ်ပြင်မှာ ကုန်တင်စက်လှေတစ်စီးနဲ့ လူခုနစ်ဦးကို စစ်တပ် ဖမ်းဆီး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့လှေတစ်စီးဟာ ရမ်းဗြဲမြို့နယ်၊ မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး လှေပေါ်ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီစက်လှေဟာ ကျောက်တော်ကနေ ဓါတ်ဆီ၊ ဒီဇယ်၊ အင်ဂျင်ဝိုင်၊ စက်ပစ္စည်းတွေ သွားဝယ်ပြီး ရမ်းဗြဲမြို့ကို အပြန် ပင်လယ်ပြင်မှာ ဇွန်လ ၈ ရက် ညနေပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့စက်လှေဟာ ရမ်းဗြဲမြို့မှ ဦးရွှေခဲရဲ့ စက်လှေဖြစ်ပြီး အခုဖမ်းဆီးခံရသူတွေဟာ ဦးရွှေခဲနဲ့ သူ့စက်လှေမှာ လိုက်ပါလာတဲ့ အလုပ်သမားတွေဖြစ်ပါတယ်။ စက်လှေမှာပါတဲ့ ကုန်ပစ္စည်းတွေဟာ ကာလ ပေါက်စျေးနဲ့ဆိုရင် ကျပ်သိန်းထောင်ဂဏန်းထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
◾️တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကူနဲ့ ဗန်းမော်မြို့ဆီ စစ်တပ်က နည်းမျိုးစုံသုံး အင်အားပို့နေ

👍14🤬3❤2🔥1🤣1
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။ မိုးမိတ်မြို့ဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက မြို့တွေကိုဖြတ်ပြီး ကချင်ပြည်နယ် ရွှေကူနဲ့ ဗန်းမော်မြို့အထိရောက်တဲ့ ကားလမ်းပိုင်းရှိပါတယ်။ စစ်တပ်တပ်ဖွဲ့ဝင်တွေက ရွှေ့ပြောင်းအလုပ်သမားနဲ့ ခရီးသွားဟန်ဆောင်ပြီး ခရီးသည်တင်ကားတွေနဲ့ လိုက်ပါနေတာလို့ ရွှေကူဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့ကို စစ်တပ်က ပြီးခဲ့တဲ့ မေလမှာ မိုးကောင်း-မြစ်ကြီးနား လမ်းပိုင်းကနေလည်း ကားအစီးရေ ၁၀၀ကျော် အင်အား ဖြည့်တင်းခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းက တပ်ရင်းတွေကိုပါ နည်းမျိုးစုံသုံးပြီး ပို့ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိမှာ ရွှေကူမြို့နယ်အနီး စစ်ရေးတင်းမာနေပါတယ်။
◾️ထိန်းချုပ်ဒေသတွင်း ဆက်သွယ်ရေးလမ်းပိုင်းတွေကို ဟုမ္မလင်း-ပအဖ ယာယီပိတ်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေအတွင်း ကုန်းလမ်းနဲ့ရေလမ်းဖြတ်သန်းသွားလာခွင့်ကို ဒီနေ့ ဇွန်လ ၁၀ရက်ကစပြီး ပိတ်ပင်လိုက်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။ ထိန်းချုပ်နယ်မြေအတွင်းရှိ အဝင်အထွက်ဂိတ်တွေ၊ ကုန်းလမ်းနဲ့ ရေလမ်းဂိတ်တွေ၊ အခွန်ဂိတ်တွေအားလုံးကို ပိတ်ပင်လိုက်တာဖြစ်ပြီး နောက်ထပ်ကြေညာချက်မထွက်ခင်အထိ အတည်ဖြစ်တယ်လို့ ဇွန်လ ၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ ဇွန်လဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့ ရှမ်းနီတပ်(SNA) ပူးပေါင်းစစ်ကြောင်းတွေ စစ်ရေးလှုပ်ရှားမှုရှိနေတယ်လို့ ဒေသခံသတင်းမြစ်တွေက ပြောပါတယ်။ ဇွန်လဆန်းပိုင်းက တိုက်ပွဲတွေမှာ စစ်တပ်က လက်နက်ကြီးအင်အားသုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
◾️စစ်ခေါင်းဆောင်ရဲ့သား စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး နေအိမ်နဲ့ဆိုင်ခန်းတွေ ထပ်ဖျက်ခိုင်း
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က သုံးတောင်ကျေးရွာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အောင်ပြည်စုံရဲ့ကုမ္ပဏီက အဓိကလုပ်နေတဲ့ ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး စစ်အုပ်စုက နေအိမ်တွေကို ဘူဒိုဇာနဲ့ထိုးဖျက်ပြီး ထပ်တိုးအနေနဲ့ ကားလမ်းဘေးက ဈေးဆိုင်ခန်းတွေကို လာမယ့် ဇွန်လ ၁၅ရက် နောက်ဆုံးထား ဖျက်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြင်စာရွာနဲ့ သုံးတောင်ကျေးရွာအနီးလုပ်မယ့် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းလုပ်ကွက် မြေဧက ၁၀,၀၀၀ နဲ့ မလွတ်လို့ဆိုပြီး အိမ်ခြေ ၅၀ကျော်ကို ဇွန်လ ၃ရက်က စာထုတ်ကာ ဇွန်လ ၈ရက် နောက်ဆုံးဖျက်ခိုင်းခဲ့တာပါ။ အဲဒီနေအိမ်တွေဟာ ပစ္စည်းတွေသယ်ယူပြီး အကုန်မဖျက်ရသေးတဲ့ နေအိမ်တွေကို ဇွန်လ ၉ရက်က ဘူဒိုဇာနဲ့ ထိုးဖျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က ဒီနေ့ ထပ်ဖျက်ခိုင်းတဲ့ နေအိမ်တွေကို ဒီလ ဇွန်လ ၁၅ ရက် နောက်ဆုံးထားဖျက်ခိုင်းထားတာမို့ ထပ်မံဖျက်နေရတယ်လို့ သိရပါတယ်။
◾️နမ့်ခမ်းပေါက်ကွဲမှု KIO၊ AA၊ SSPPနဲ့ ‘၀’တပ်ဖွဲ့တို့လည်း လှူဒါန်းငွေပေးအပ်
တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIO) ဗဟိုကော်မတီက ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့သလို AA မီးနဂါးစစ်ဒေသက ကျပ်သိန်း ၁၀၀၊ UWSA လားရှိုးဆက်ဆံရေးရုံးက ကျပ်သိန်း ၁၀၀၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) က ကျပ်သိန်း ၁၀၀နဲ့ ဆန်အိတ် ၂၀ လှူဒါန်းခဲ့တာကို ပြန်လည်ထူထောင်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ KIO အဖွဲ့အစည်းနေဖြင့် ဗဟိုကော်မတီက လှူဒါန်းငွေပေးအပ်ခဲ့တဲ့အပြင် KIA တပ်မဟာ(၁၁) က ကျပ်သိန်း KIO ကွတ်ခိုင်၊ အမှတ်(၉)တပ်ရင်းက ကျပ်သိန်း ၂၀ လှူဒါန်းခဲ့ကြောင်း ပြန်လည်ထူထောင်ရေးကော်မတီနဲ့ ကချင်သတင်းရင်းမြစ်တို့က ပြောပြအသိပေးထားပါတယ်။ ဒါ့အပြင် Kachin Sub State အတိုင်ပင်ခံအဖွဲ့ကလည်း ကျပ်သိန်း ၃၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မေလ ၃၁ရက်က TNLA ရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ကောင်းတပ်ရွာမှာ ပြည်သူ ၄၃ဦးထက်မနည်းသေဆုံးကာ ပြည်သူ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့ပါတယ်။

👍20❤2🔥2🤣1