People's Spring
✔
59.8K subscribers
72K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကုက္ကိုစုပျူရွာနဲ့ ​ရေပြာရဲစခန်းတို့ကိုသိမ်းပိုက်ပြီး​နောက်မြင်ကွင်း ။ဒဏ်ရာရပြည်သူ​တွေကို​တော်လှန်​ရေးအဖွဲ့​တွေက​ဆေးကုသ​ပေးစဥ် /သက်ကြီးရွယ်အို​ဒေသခံ​တွေကို​တော်လှန်​ရေးတပ်​တွေက​ရွေ့​ပြောင်း​ပေးစဥ်။
ဓာတ်ပုံ - Magway People's Defence Force - Magway PDF၊ ပကဖ၊ မကွေးတိုင်း၊ NUG
❤35👍15👏5🤣2🥰1🤮1
❤4🥰1🤣1
❤21👍15🥰4🤣2👎1👏1
ဆီဒိုးနားဟိုတယ်‌ပေါ်က တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျ‌ သေဆုံး

ဇွန်-၁၀၊၂၀၂၆။ရောင်နီ/People's Spring

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနားဟိုတယ်ပေါ်က တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဒီကနေ့ (ဇွန်၁၀) နံနက်မှာ ဖြစ်ပွားခဲ့ပါတယ်။

"ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မောယဝတီလမ်းတွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျကြောင်း သတင်းအရသွားရောက်ကူညီခဲ့ရာ သေဆုံးသူ အမျိုးသားအား ရဲဆေးစာဖြင့် မိုးစေတနာပရဟိတအသင်းမှ စံပြဆေးရုံသို့ အခမဲ့ပို့ဆောင် ကူညီပေးခဲ့ပါသည်။"လို့ အခင်းဓာတ်ပုံတွေနဲ့အတူ မိုးစေတနာပရဟိတအသင်း-ရန်ကုန်က အသိပေးထားပါတယ်။

ပြုတ်ကျသူက တရုတ်နိုင်ငံသားဖြစ်ပြီး ဆီဒိုးနားဟိုတယ်ပေါ်က ခုန်ချခဲ့တာလို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက ရေးသားထားပါတယ်။

အဲဒီဖြစ်စဉ်ဟာ ပြုတ်ကျသူရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို လိုက်ကောက်ခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တာကြောင့် လမ်းပိတ်ဆို့မှုလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"ရှမ်းမြောက် တာမိုးညဲအထူးဒေသက မုန်းဝန်းလူမျိုး အမျိုးသားလို့ သိရပါတယ်။ လှိုင်သာယာ နဝဒေးအိမ်ရာမှာ သူ့ကောင်မလေးက လမ်းခွဲမယ်ပြောလို့ စကားများရာကနေ သတ်ခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ အဆုံးစီရင်မယ်လို့ သေတမ်းစာလို ရေးခဲ့ပြီး သူ့ကိုယ်သူသတ်သေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဟိုတယ်ကိုရောက်လာတယ်။ 29 လွှာကို ကတ်ပြားရှိတဲ့လူနဲ့ရောလိုက်ခဲ့တယ်။ 29 လွှာ ရောက်တော့ ကော်ရစ်တာကနေ ဒိုင်ဗင်ထိုးချလိုက်တာ။ အောက်က Honda Airwave ပေါ်ကို ကျတယ်။ ခန္ဓာကိုယ် တစစီဖြစ်သွားတယ်လို့ သိရပါတယ်။"လို့ ရဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ရေးသားထားပါတယ်။

ဟိုတယ်ပေါ်က ပြုတ်ကျ သေဆုံးသူဟာ ခုန်ချအဆုံးစီရင်တာ ဟုတ်၊မဟုတ် လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး စီဒိုးနားဟိုတယ်ရဲ့ ​ဖေစ်ဘွခ်စာမျက်နှာကို လူထု​နွေဦးကဆက်သွယ်​မေးမြန်း​ပေမယ့် ပြန်လည်​ဖြေကြားခြင်းမရှိ​သေးပါဘူး။
👍23👏6❤5🔥1😢1🤣1
(ဆီဒိုးနားဟိုတယ်ပေါ်က ပြုတ်ကျသူရဲ့ ရုပ်အလောင်းကို စစ်တပ်လက်အောက်ခံ ရဲတွေက စစ်ဆေးနေစဉ်။ ဓာတ်ပုံ - မိုးစေတနာပရဟိတအသင်း-ရန်ကုန်)
👍31😱4🔥2👏1🤮1🤣1
■​ဆောင်းပါး

တူးတူးလေးကို သတ်တာဘယ်သူလဲ

ဟာနာဆန်/People's Spring

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

တူးတူးက မျက်နှာသွယ်ပြီး ရုပ်ရည်သန့်ပြန့်တဲ့ ကလေးတစ်ယောက်ပါ။ အနေအေးတယ်။ စကားပြောလည်းနည်းတယ်တဲ့။ အသက်
အရွယ်နဲ့ မမျှအောင် ရင့်ကျက် တည်ငြိမ်တဲ့ စရိုက်ရှိတယ်။

တူးတူးမိဘတွေက ပြည်ပမှာအလုပ်လုပ်နေတယ်။ မြောက်ဒဂုံမှာ ဘိုးဘွားတွေ ဦးလေးတွေနဲ့ နေတယ်။ ညီအကို၃ယောက်မှာ အငယ်ဆုံးသားတဲ့။ပြီးတော့တူးတူးကကြောက်လည်းကြောက်တတ်တယ်တဲ့။

တူးတူးလေး ထွက်သွားပြီး ညမိုးချုပ်တဲ့အထိ ပြန်ရောက်မလာဘူး။ ည ၇ နာရီခွဲလောက်ကျ အိမ်သားတွေလည်း လိုက်ရှာကြပြီ။ည ၉ နာ
ရီကျော်တဲ့အထိ ရှာမတွေ့တော့ ရဲစခန်းသွားတိုင်ထားရတယ်။

ဒီကနေ့ ၁၀ ရက်မနက်မှာတော့ မြောက်ဒဂုံ ၃၈ရပ်ကွက်ကရေကန်တစ်ခုမှာရုပ်အလောင်း
တစ်ခု ပေါ်လာတယ်လို့ သိရတယ်။ မိသားစုဝင်တွေလည်း တူးတူးလေးမဖြစ်ပါစေနဲ့လို့ ဆုတွေတောင်းပြီး သွားကြည့်ခဲ့ကြတယ်။ ဆုတောင်းတွေမပြည့်ခဲ့ပါဘူး။ တူးတူးလေး ဖြစ်နေခဲ့ပါတယ်။

တူးတူးလေးရဲ့ရုပ်အလောင်းကို ရေကန်မှာပေါ်လာလို့ တွေ့ခဲ့ရတာဖြစ်ပြီး ကလေးမှာ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ မိသားစုဝင်တွေက လူမှုကွန်ရက်မှာ ရေးသားပါတယ်။

"ဒီကလေးလေးက အသံတောင်ကျယ်ကျယ်စကားမပြောဘူး။ရန်ဖြစ်ဖို့ဆိုတာအဝေးကြီး"
လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

လူမှုကွန်ရက်မှာတော့ တူးတူးလေးသေဆုံးတာနဲ့ပတ်သက်ပြီး အမျိုးစုံ ကောက်ချက်ချနေကြတယ်။ တရားခံအစစ်က ဘယ်သူပါလဲ။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲလူပျောက်မှုတွေ၊ အတင်း
အဓမ္မစစ်သားစုဆောင်းမှုတွေ၊ လုယက်မှုတွေနဲ့ လူသတ်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။ ပိုဆိုးတာက​တော့ စာသင်​ကျောင်း ပုရဝုဏ်အတွင်းမှာ​တောင် ရန်ပွဲ နဲ့ လူ​သေ​စေတဲ့ ခိုက်ရန်ဖြစ်မှု​တွေရှိလာတာပါ။

ပြီးခဲတဲ့ ရက်ပိုင်းမှာပဲ နေပြည်တော်က ကိုယ်
ပိုင်ကျောင်းတစ်ခုမှာ ကလေးချင်းဖြစ်ပွားတဲ့ ပြဿနာကနေ လူကြီးချင်းသတ်ဖြတ်တဲ့အထိ ဖြစ်ပွားခဲ့သလို ပဲခူးတိုင်း၊ကဝမြို့မှာလည်းကလေးငယ် ၂ ဦးအပါအဝင် ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။

၂၀၂၁ဖေဖော်ဝါရီမှာစစ်တပ်ကအာဏာသိမ်း
ပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု လုံးဝပျက်
ပြားသွားပြီး နယ်စပ်ဒေသတွေတင်မကဘဲ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာပါ နေ့ခင်း
ကြောင်တောင် ဓားပြတိုက်မှု၊ လုယက်မှုနဲ့ လူသတ်မှုတွေနေ့စဉ်နဲ့အမျှဖြစ်ပွားနေပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်နဲ့ ရှမ်းပြည်
နယ် အပါအဝင် နယ်စပ်ဒေသတွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေနဲ့ လူကုန်ကူးမှုတွေ ကမ္ဘာ့အဆင့်အထိ ကြီးထွားလာခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ပုံမှန်လည်ပတ်နေတဲ့ တရားစီရင်ရေးစနစ်၊ရဲတပ်ဖွဲ့
နဲ့ အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားတွေ ပျက်
စီးသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအင်အားစုတွေဟာ ပြည်သူ့လုံခြုံရေးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးထက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နှိပ်ကွပ်ဖို့၊ အာဏာတည်မြဲဖို့၊ ခေတ်ပျက်ကြီးမှာ ငွေကိုသည်းကြီးမည်းကြီးရှာဖို့အတွက်ပဲ အားစိုက်ခဲ့တယ်။ ဒါကြောင့် ခိုးဆိုးလုနှိုက်၊ ဓားပြတိုက်မှုနဲ့ လူသတ်မှုတွေကို ထိရောက်စွာ အရေးယူမယ့်သူ မရှိတော့ဘဲ ရာဇဝတ်
ကောင်တွေ သောင်းကျန်းဖို့ လမ်းပွင့်သွားပါတော့တယ်။

တရား ဥပ​ဒေစိုး​ရေးအဓိကတာဝန်ယူရသူ​တွေက ​ငွေရ​ရေးကဓိကဖြစ်လာပြီး ​ငွေများတရားနိုင်ဆိုပြီးမင်းမဲ့စရိုက်ဆန်ဆန် ပြစ်မှု​တွေပိုများလာပါတယ်။ပိုဆိုးတာက လူမိုက်​တွေက အုပ်ချုပ်​ရေး ရာထူး​တွေယူလုပ်ကိုင်လာတာ ၊လူမိုက်နဲ့ရဲ့ ၊စစ်သား ၊အုပ်ကြီး​တွေ​ပေါင်းပြီး ပြည်သူ​တွေကို ဖိနှိပ်ပြီး​​ငွေညှစ်တာ​တွေလုပ်လာကြတာပါ။

ဒါ့အပြင် အာဏာသိမ်းမှုကြောင့် နိုင်ငံတကာပိတ်ဆို့မှုတွေ ကြုံရတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တာတွေ ဖြစ်လာပြီး ​မြန်မာ့ စီးပွားရေးဟာ လုံးဝပျက်စီးသွားပါတယ်။

အလုပ်အကိုင် ရှားပါးပြီးငတ်မွတ်လာတဲ့အခါ ဝမ်းရေးအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ ပစ္စည်းယူသတ်ဖြတ်မှုတွေပါ ထိန်းမနိုင်သိမ်းမရ ဖြစ်ပွားလာပါတော့တယ်။

မြန်မာနိုင်ငံဟာ စစ်တပ်က နှစ်ပေါင်းများစွာ အာဏာသိမ်းထားခဲ့လို့ ယခင်ကတည်းက တရားဥပဒေဟာလည်း ယိုင်နဲ့နဲ့ပါ။ ၂၀၁၅ အရပ်သားအစိုးရတက်လာပြီးမှ တရားဥပဒေစိုးမိုးမှုကို တည်ဆောက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် စစ်တပ်က အာဏာထပ်သိမ်းလိုက်ပြန်တော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု စနစ်ဟာ ထပ်မံ ဖျက်ဆီးခံလိုက်ရပြန်တယ်။ အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့ကိုယ်တိုင်လည်း ဥပဒေအထက်မှာ နေထိုင်ကြတဲ့အတွက်၊ ဥပဒေမဲ့တဲ့ ပတ်ဝန်း
ကျင်တစ်ခု ဖန်တီးပေးလိုက်သလို ဖြစ်စေကာ ရာဇဝတ်မှုတွေ သောင်းကျန်းလာတာဖြစ်ပါတယ်။
❤18🔥8😢4🤬1🤣1
အာဏာသိမ်း စစ်တပ်ဟာ နယ်ဘက်ကျေးဘက်တွေမှာလေကြောင်းတိုက်ခိုက်၊ စစ်
ကြောင်းထိုး မီးရှို့၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြုလုပ်နေသလို မြို့ပေါ်မှာလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ ဆိုးရွားလှတဲ့ ဖိနှိပ်မှုတွေ ပြုလုပ်နေတာပါ။ ဒီကြားထဲမှာမှ ပြည်သူတွေဟာ ခိုးဆိုးလုနှိုက် ရာဇဝတ်သမားတွေရဲ့ အန္တရာယ်ကိုပါ ရင်ဆိုင်ကြရပြန်ပါတယ်။

အလုပ်သွားအလုပ်ပြန် သတိကြီးစွာထားပြီး သွားကြလာကြရတယ်။ မှောင်ပြီဆိုတာနဲ့ အိမ်ကိုစောစောပြန်ရတယ်။ ညဘက်လည်း ခေါင်းပြားအောင်အိပ်လို့မရဘူး။ ချွတ်ခနဲကြားတာနဲ့ ထကြည့်ရတယ်။

တူးတူးလေးသေဆုံးမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ အမျိုးမျိုးကောက်ချက်ချနေကြပါတယ်။ ရန်ငြှိုးနဲ့အသတ်ခံရတာလား၊ အုပ်စုဖွဲ့အနိုင်ကျင့်ခံသတ်ဖြတ်ခံရတာလား စသဖြင့်ပေါ့။ တူးတူးလေးကို သတ်တာ ဘယ်သူလဲဆိုတာကို မိသားစုဝင်​တွေသာမက ပြည်သူ​တွေပါ သိလို​နေကြပါတယ်....။ ။
👍21🔥2🤮1🤣1
😢26😱16🔥1💩1🤣1
အောင်ပြည်စုံရဲ့ကုမ္ပဏီ အဓိကလုပ်​နေတဲ့ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး နေအိမ်နဲ့ဆိုင်ခန်းတွေ ထပ်ဖျက်ခိုင်း

ဇွန်-၁၀၊၂၀၂၆။ကတ်သရင်းနှင်း/People's Spring

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က သုံးတောင်ကျေးရွာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အောင်ပြည်စုံရဲ့ကုမ္ပဏီကအဓိကလုပ်​နေတဲ့ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး စစ်အုပ်စုက နေအိမ်တွေကို ဘူဒိုဇာနဲ့ထိုးဖျက်ပြီး ထပ်တိုးအနေနဲ့ ကားလမ်းဘေးက ဈေးဆိုင်ခန်းတွေကို လာမယ့် ဇွန်လ ၁၅ရက်နောက်ဆုံးထား ဖျက်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြင်စာရွာနဲ့ သုံးတောင်ကျေးရွာအနီးလုပ်မယ့် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းလုပ်ကွက် မြေဧက ၁၀,၀၀၀ နဲ့ မလွတ်လို့ဆိုပြီး အိမ်ခြေ ၅၀ကျော်ကို ဇွန်လ ၃ရက်က စာထုတ်ကာ ဇွန်လ ၈ရက် နောက်ဆုံးဖျက်ခိုင်းခဲ့တာပါ။

အဲဒီနေအိမ်တွေဟာ ပစ္စည်းတွေသယ်ယူပြီး အကုန်မဖျက်ရသေးတဲ့ နေအိမ်တွေကို ဇွန်လ ၉ရက်က ဘူဒိုဇာနဲ့ ထိုးဖျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

" အကုန်ဘူဒိုဇာနဲ့ ထိုးဖျက်ပြီး အစိမ်းတွေ ကာထားတယ်။အခုက ထပ်တိုးဆိုပြီး လမ်းဘေးကဆိုင်ခန်း တွေကို ထပ်ဖျက်ခိုင်းတယ်။နေအိမ်တိုက်ကြီး ၃လုံး လောက်ပါတယ်။အများစုက ဆိုင်ခန်းတွေများတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က ဒီနေ့ ထပ်ဖျက်ခိုင်းတဲ့ နေအိမ်တွေကို ဒီလ ဇွန်လ ၁၅ ရက် နောက်ဆုံးထားဖျက်ခိုင်းထားတာမို့ ထပ်မံဖျက် နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်းမှာ ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းဖွင့်ပွဲလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် မင်း​​အောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲပြီးနောက် မြေဧက ၁၀၀၀ သိမ်းယူကာ မြို့သစ်စီမံကိန်း စတင်နေတာလို့ စုံစမ်းသိရပါတယ်။ အဲဒီ စီမံကိန်းကို အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံရဲ့ကုမ္ပဏီက အဓိကလုပ်နေတာလို့ စစ်​ကောင်စီနဲ့ နီးစပ်သူ​တွေက ​ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မြို့ကို မကြာခဏလာရောက်ပြီး ဈေးတွေဖျက်ပြီး အသစ်ဆောက်ခိုင်းသလို စီမံကိန်းအသစ်တွေ လုပ်ခိုင်းတာလည်း ဆက်တိုက်လုပ်နေပါတယ်။
🤬20👎11🤮6❤3👏1🤣1
(၂၀၂၅ ဒီဇင်ဘာက စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ကို သွားရောက်စဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
💩21🖕9👍7🤮3👎2🔥2🤣2❤1👏1
ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုအတွက်ထိုင်းအမျိုးသမီးတဦးကိုဖမ်းထား

ဇွန်-၁၀၊၂၀၂၆။People's Spring

ရန်ကုန်မှာအမေရိကန်နိုင်ငံသားသံအရာရှိတဦး သေဆုံးမှုနဲ့ ပတ်သက်လို့ ထိုင်းအမျိုးသမီး တဦးကိုဖမ်းဆီးထားတယ်လို့AP သတင်းဌာနက​ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကရန်ကုန်မှာရှိတဲ့သံရုံးမှာတာဝန်ချထားတဲ့ဝန်ထမ်းတဦးသေဆုံးမှုကိုအတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

ရန်ကုန်မှာရှိတဲ့သံတမန်အသိုက်အဝန်းက
တော့အဲဒီသေဆုံးမှုနဲ့ဆက်စပ်ပြီးထိုင်းအမျိုး
သမီးတဦးကိုရဲတွေကဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။

ကွယ်လွန်သူရော၊ကျန်ရစ်သူမိသားစုအပေါ် လေးစားတဲ့အနေနဲ့ လတ်တလောမှာတော့ သေဆုံးသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မထုတ်ပြန်နိုင်သေးကြောင်း နိုင်ငံ
ခြားရေးဝန်ကြီးဌာနကဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ သံတမန် အသိုက်အဝန်းထဲက သတင်းရင်းမြစ် သုံးခုကတော့ သေဆုံးသူကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက Sakura Residence ဟိုတယ်ထဲမှာ ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းအချက်အ
လက်ကိုတရားဝင်ထုတ်ပြောခွင့်မရှိတာကြောင့် အဲဒီ သတင်းရင်းမြစ်တွေက သူတို့ရဲ့ နာမည်ကို ဖော်ပြဖို့တော့ ငြင်းဆိုခဲ့ပါတယ်။

Sakura Residence ဟာအမေရိကန် သံရုံးနဲ့ တစ်ကီလိုမီတာခွဲလောက်အကွာမှာသာ တည်
ရှိပြီးသံရုံးဝန်ထမ်းတွေ၊ မြန်မာနိုင်ငံမှာ ကာလရှည်ကြာနေထိုင်တဲ့နိုင်ငံခြားသားတွေ၊ စီးပွား
ရေး လုပ်ငန်းရှင်တွေ အဓိက တည်းခိုလေ့ ရှိပါတယ်။

ရဲတွေက အမေရိကန် နိုင်ငံသားသေဆုံးမှုကို လူသတ်မှုသံသယ နဲ့ စစ်ဆေးနေပြီးထိုင်းအမျိုးသမီး တစ်ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားသွားပါတယ်။

ကိုးကား-SCMP
👍27❤7🔥3😢2🤣1