People's Spring
✔
59.8K subscribers
72K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဟုမ္မလင်းမြို့နယ်အတွင်းတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာ ဒေသခံပြည်သူတွေအတွက် ကာကွယ်ဆေးတိုက်ကျွေးမှုကို ဇွန်လဆန်းပိုင်းမှာပြုလုပ်ခဲ့စဉ်။ ဓါတ်ပုံ-ဟုမ္မလင်းပအဖ
❤32👍14💩1🥴1
ရမ်းဗြဲမြို့နယ်အတွင်းပင်လယ်ပြင်မှာ ကုန်တင်စက်​လှေတစ်စီးနဲ့ လူခုနစ်ဦးကို စစ်တပ် ဖမ်းဆီး

ဇွန်-၁၀၊၂၀၂၆ ။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါ
လာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစက်​လှေဟာ ကျောက်တော်ကနေ ဓါတ်ဆီ၊ ဒီဇယ်၊အင်ဂျင်ဝိုင်၊စက်ပစ္စည်းတွေ သွားဝယ်ပြီး ရမ်းဗြဲမြို့ကို အပြန် ပင်လယ်ပြင်မှာ ဇွန်လ ၈ ရက် ညနေပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။

“ကျောက်ဖြူသံဇစ်မြစ်ထဲမှာကနေဗီ(Navy)
တွေ သုံးစီးလောက်ရှိတယ်။ အဲဒီကနေ Speed Boat တွေနဲ့ ထွက်လာပြီး ဘုတ်ကို လိုက်ဖမ်းတာ။အရင်ဆုံး သေနတ်နဲ့ ပစ်သေးတယ်။ဘုတ်တောင် သေနတ်ကျည် ထိသွား သေးတယ်။ဘုတ်မှာပါတဲ့သူအကုန်အဖမ်းခံရတယ်။အခုထိဘယ်ရောက်နေတယ်မသိရဘူး”လို့ ရမ်းဗြဲမြို့ခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့စက်​လှေဟာ ရမ်းဗြဲမြို့မှ ဦးရွှေခဲရဲ့ စက်​လှေဖြစ်ပြီး အခုဖမ်းဆီးခံရသူတွေဟာ ဦးရွှေခဲနဲ့ သူ့စက်​လှေမှာ လိုက်ပါလာတဲ့ အလုပ်သမားတွေဖြစ်ပါတယ်။ စက်​လှေမှာပါတဲ့ ကုန်ပစ္စည်းတွေဟာ ကာလ ပေါက်စျေးနဲ့ဆိုရင် ကျပ်သိန်းထောင်ဂဏန်းထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

“အခု ဆီစျေးတက်နေတော့ တန်ဖိုးက မနည်းဘူး။ မရှိရင်တောင်သိန်းသုံးထောင်နီးပါးဖိုးရှိမယ်”လို့ အထက်ပါရမ်းဗြဲမြို့ခံကပြောပါတယ်။

အာရက္ခတပ်​တော်က ရမ်းဗြဲမြို့ နဲ့ ရမ်းဗြဲမြို့နယ်ကို ၂၀၂၄ မတ်လမှာအပြီးသတ်သိမ်းပိုက်နိူင်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က အရင်က ဓည၀တီ၊ တောင်မော်ဦးရေတပ်စခန်းတို့အနီးပတ်လည်ပင်လယ်ပြင်မှာပဲ စစ်သင်္ဘောတွေ ချထားခဲ့ပေမယ့် အခုအခါ ရမ်းဗြဲမြို့နယ်အပိုင် ပင်
လယ်ပြင်ထိပါတိုးချ၊ နေရာယူထားပြီး ဖြတ်
သန်းသွားလာတဲ့ အရပ်သား​တွေရဲ့စက်​လှေတွေကို ပစ်ခတ်တာ၊ ဖမ်းဆီးတာ၊ လူနေကျေး
ရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ လုပ် လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကလည်းရမ်းဗြဲမြို့
နယ်မှထွက်ခွာလာတဲ့စက်လှေတစီးကိုတောင်မော်ဦးရေတပ်စခန်းနဲ့ အလှမ်းဝေးတဲ့ မင်းကြောင်းချောင်းအလွန်မှာစစ်တပ်က Speed Boat နဲ့ လိုက်လံပစ်ခတ်တဲ့အတွက် စက်​လှေမှာပါလာတဲ့ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။စက်​လှေမှာပါတဲ့သူတွေကတော့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို မခံခဲ့ရဘဲ လွတ်
မြောက်သွားခဲ့ပါတယ်။

“ဒီကောင်တွေက တိုက်ပွဲမနိုင်တော့ ပြည်သူတွေကို အကုန်လိုက်ပြီး ဒုက္ခပေးနေတာပါ။ ရေကြောင်းမှာတခုမှလုပ်စားလို့မရတော့ဘူး။ ငါးဖမ်းထွက်ရင်လည်း လိုက်ပစ်တယ်။ အရင်ကဆို သူတို့ သင်္ဘောနားရောက်မှပဲ ပစ်တာ။ အခု Speed Boat လေးတွေနဲ့ အနားကပ်ပြီးတောင်လာပစ်တယ်”လို့ကျောက်ဖြူမြို့နယ်မှ မြေပြင်အခြေအနေတွေ သိတဲ့ လူငယ်တဦးက ပြောပါတယ်။

တောင်မော်ဦးရေတပ်စခန်းကနေ ကမ်းတက်ပြီး ကျောက်ဖြူနဲ့ ရမ်းဗြဲကြားလမ်းဆုံဖြစ်တဲ့ စနဲမြို့ဆီ တန်ပြန်ထိုးစစ်ဆင်ဖို့ ထိန်းချုပ်ဖို့ကြိုးစားခဲ့တဲ့စစ်တပ်ဟာအာရက္ခတပ်တော်
(AA)ရဲ့ ကြားဖြတ်တိုက် ခိုက်မှုကြောင့် အထိ
နာခဲ့ပါတယ်။ ကျောက်ဖြူ၊ ရမ်းဗြဲကမ်းခြေတလျှောက် စစ်သင်္ဘောတွေတိုးချပြီးရေ
ကြောင်းကနေပါကမ်းတက်ဖို့၊ တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားနေပါတယ်။

အဲဒီလိုရေပြင်မှာနေရာယူထားတဲ့ စစ်သင်္ဘော
တွေက အရပ်သားပြည်သူတွေကို လိုက်လံ ပစ်ခတ်၊ ဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။စနဲမြို့ကိုစစ်​ကြောင်းထိုးတဲ့တိုက်ပွဲ​ နဲ့ ​တောင်​မော်ဦး​ရေတပ်စခန်းနားတိုက်ပွဲတွေမှာအထိနာ​နေတဲ့စစ်တပ်ဟာအရပ်သားလူနေကျေးရွာတွေကို
ဒရုန်းနဲ့ ဗုံးကြဲတာ၊ ရေကြောင်းကနေ လက်
နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ်တာတွေ ဆက်
တိုက်လုပ်လာခဲ့တာပါ။

လက်ရှိမှာ AA ရဲ့တန်ပြန်ထိုးစစ်​ကြောင့် ​တောင်​မော်ဦး​ရေတပ်စခန်းနားမှာကာကင်းတစ်ခုပဲကျန်​​တော့ပါတယ်။စစ်တပ်ကလေ​ကြောင်းကိုအဓိကသုံးပြီးခုခံ​နေသလို တပ်မိသားစုတွေ နဲ့ အရာရှိပိုင်းတွေကို ​စစ်​ရေ
ယာဥ်တွေနဲ့ ရွှေ့ပြောင်းနေကာစစ်ကူတွေလည်း ထပ်ဖြည့်​နေပါတယ် ။

ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းကနေရာအများစုကိုသိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)
ဟာ ကျောက်ဖြူမြို့နယ်အတွင်းကအာဏာ
သိမ်းစစ်တပ်ရဲ့ဓည၀တီရေတပ်စခန်း၊အမှတ်
(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေပြီး မြို့နီးပတ်လည်က တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိမှာကျောက်ဖြူမြို့နယ်အတွင်း အာ
ဏာသိမ်းစစ်တပ်ရဲ့ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း၊အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။

AAတပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ကျောက်ဖြူ၊စစ်တွေ နဲ့ မာန်အောင်မြို့
နယ်တွေကိုအခု၂၀၂၆ နဲ့ ၂၀၂၇ တို့မှာအပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။
🔥20👍11❤8🤬6🤣2👏1
စစ်တွေမြို့နယ်မှာ တွေ့ရတဲ့ ကုန်တင်စက်လှေတစီး။ဓါတ်ပုံ-​ဒေသခံ
🔥17🤬6❤5👎2🤣2👏1😁1
ရေပြာရဲစခန်း နဲ့ ပျူရွာသိမ်းတဲ့ စစ်ဆင်​ရေးကို "Operation Su "ဟုအမည်ပေးပြီးထိုးစစ်ဆင်၊ လက်နက်မျိုးစုံ ၆၀ ခန့်နဲ့ စစ်သုံ့ပန်း ၆၅ဦးဖမ်းမိ

ဇွန်-၁၀၊ ၂၀၂၆။ရဲခေါင်/People's Spring

"Operation Su "အဖြစ် အညာ‌မြေစစ်ဆင်
ရေးဖော်ဆောင်ကာ စစ်တပ်စခန်း နဲ့ ပြည်
သူ့စစ်ရွာကို သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၆၅ ဦးနဲ့ လက်နက်ကြီး၊လက်နက်ငယ် ၆၀ နီးပါး သိမ်း
ဆည်းရရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတရားဖမ်းဆီး အကျဥ်းချခံရမှုကနေလွတ်
မြောက်ဖို့ရည်မှန်းပြီး ပခုက္ကူခရိုင်တွင်း မြို့
နယ် (၅)ခုက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အညာမြေ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တာလို့ မကွေးတိုင်းပြည်သူ့ကာကွယ်
ရေးအဖွဲ့(ပကဖ)က အသိပေးပါတယ်။

အဲဒီစစ်ဆင်ရေးတွေကို မကွေးပြည်သူ့ကာ
ကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် ပကဖ ၊ KG တပ်ဖွဲ့ ၊ ပေါက်ပကဖတပ်ရင်း ၊ BLY တပ်ဖွဲ့ ၊ မြိုင်ပကဖ ၊ YRF တပ်ဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ( ၂ /၆/၇ /၁၂ /၁၄/၁၇ / ၁၈ ) တပ်ရင်းများ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) ၊မကွေးဖက်ဒ
ရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်းများ ၊
ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံ
ခြုံရေးအင်အားစု(ကမ္မ)၊ PLC တပ်ပေါင်းစု ၊ အညာမြေတပ်‌ပေါင်းစု ၊ PDO/PDA တပ် ၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄ ၊ ပေါက်မြို့နယ် ဆေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ် ပအဖ နဲ့ တော်လှန်ပြည်သူများက စည်းစည်း
လုံးလုံး ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြင် အမျိုးသားညီညွှတ်ရေးအစိုးရ MOD ပကဖရုံးချုပ်နဲ့ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးဝန်ကြီးရဲ့ လမ်းညွှန်ပူးပေါင်းကူညီမှုကိုလည်း ရရှိခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားပါတယ်။

အညာမြေ စစ်ဆင်ရေးရဲ့ ပထမအဆင့် Operation ငယ်တစ်ခုအနေနဲ့ Operation 9 (4+5) ကို ဇွန်လ ၂ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်မဟာဗျူဟာအရ အချက်
အချာမြေနဲ့ မဟာဗျူဟာလမ်းပိုင်း ထိန်းချုပ်ရေးမှာ အဓိကအရေးပါတဲ့ ပုသိမ် - မုံရွာလမ်းပိုင်းနဲ့ ပခုက္ကူ - ပေါက် - မင်းတပ် လမ်းတို့ စိုးမိုးနိုင်ဖို့ လိုအပ်တဲ့ ရေပြာလမ်းဆုံ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန်လ ၂ ရက်နေ့ ညနေပိုင်းမှာ ရေပြာရဲစခန်းကိုသိမ်းပိုက်ပြီး ဇွန်လ ၄ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်အခြေစိုက်တဲ့ပျူစောထီး(ပြည်သူ့
စစ်)ကျေးရွာဖြစ်တဲ့ ကုက္ကိုစုရွာကို သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းစစ်တပ်ကတံတားဦးလေတပ်၊ မကွေးလေတပ်၊ မိတ္ထီလာလေတပ်ကနေ Jet Fighter ၉ စီး၊အခြားတိုက်ခိုက်ရေးလေယာဉ် ၅စီးနဲ့ ဗုံးပေါင်း ၃၀၀ ၀န်းကျင် လေကြောင်းပစ်ကူပေး တိုက်ခိုက်ခုခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ရေးပစ္စည်းစက်ရုံကပစ
( ၂၄)ကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကုက္ကိုစုရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်
တပ်ရဲ့သတ်ကွင်းဖြစ်တဲ့လယ်ကွင်းပြင် ဟင်း
လင်းပြင်နေရာတွေကို ပကဖ ရဲဘော်တွေနဲ့ ပူးပေါင်းတပ်တွေကရဲရဲဝံ့ဝံ့ဖြတ်ကျော်တိုက်
ခိုက်ပြီးရရှိခဲ့တာလို့ အသိပေးပါတယ်။တိုက်
ခိုက်မှုအတွင်း ကျဆုံးထိခိုက်တဲ့ ရဲဘော်တွေရှိပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်ကသေဆုံးသူ ၃၀ကျော်၊စစ်သုံ့ပန်း၆၅ ဦး၊လက်နက်ချ အ
လင်းဝင်လာသူ ၆ ဦး၊ ပြည်သူ့စစ်ရွာက ပြည်သူ ၂၄၆ ဦးကို ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ငယ် (၅၅) လက်၊ လက်
နက်ကြီး (၄) လက်၊ ကျည်မျိုးစုံ (၃၄၆၅) တောင့် နဲ့ စစ်အသုံး အဆောင် ပစ္စည်းတွေကို သိမ်းဆည်းရရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒ လမ်းညွှန်ချက်၊ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေးများနဲ့ အညီ စစ်သုံ့ပန်း‌တွေနဲ့ ပြည်သူတွေကို ထိန်း
သိမ်း စောင့်ရှောက်ထားတယ်လို့ အသိပေးပါတယ်။

စစ်ဆင်ရေးဟာအမျိုးသားညီညွတ်ရေးအ
စိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပကဖ ရုံးချုပ်နဲ့ ပြည်ထောင်စုရဲ့ထောက်ပံ့ညွှန်ကြားမှုတွေ၊မကွေးဖက်ဒရယ်ယူနစ်၊ ကာကွယ်ရေးဝန်ကြီးရဲ့လမ်းညွှန်ကူညီမှုတွေနဲ့ အခြား မ
ဟာမိတ်တပ်တွေရဲ့ စုပေါင်းတိုက်ခိုက်နိုင်ခဲ့မှုလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့မေလ၂၃ ရက်ကမြိုင်မြို့နယ် သရက်
ကန် ပျူစောထီးကျေးရွာကို သိမ်းပိုက်ရရှိမှုကလည်း ပခုက္ကူခရိုင် ပကဖနဲ့ မြို့နယ် ၅ခုက ပကဖတွေရဲ့ တမာမြေစစ်ဆင်ရေး အနေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
❤32👍11👏5🥰2🤣2💩1
ကုက္ကိုစုပျူရွာနဲ့ ​ရေပြာရဲစခန်းတို့ကိုသိမ်းပိုက်ပြီး​နောက်မြင်ကွင်း ။ဒဏ်ရာရပြည်သူ​တွေကို​တော်လှန်​ရေးအဖွဲ့​တွေက​ဆေးကုသ​ပေးစဥ် /သက်ကြီးရွယ်အို​ဒေသခံ​တွေကို​တော်လှန်​ရေးတပ်​တွေက​ရွေ့​ပြောင်း​ပေးစဥ်။
ဓာတ်ပုံ - Magway People's Defence Force - Magway PDF၊ ပကဖ၊ မကွေးတိုင်း၊ NUG
❤35👍15👏5🤣2🥰1🤮1
❤4🥰1🤣1
❤21👍15🥰4🤣2👎1👏1
ဆီဒိုးနားဟိုတယ်‌ပေါ်က တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျ‌ သေဆုံး

ဇွန်-၁၀၊၂၀၂၆။ရောင်နီ/People's Spring

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနားဟိုတယ်ပေါ်က တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဒီကနေ့ (ဇွန်၁၀) နံနက်မှာ ဖြစ်ပွားခဲ့ပါတယ်။

"ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မောယဝတီလမ်းတွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျကြောင်း သတင်းအရသွားရောက်ကူညီခဲ့ရာ သေဆုံးသူ အမျိုးသားအား ရဲဆေးစာဖြင့် မိုးစေတနာပရဟိတအသင်းမှ စံပြဆေးရုံသို့ အခမဲ့ပို့ဆောင် ကူညီပေးခဲ့ပါသည်။"လို့ အခင်းဓာတ်ပုံတွေနဲ့အတူ မိုးစေတနာပရဟိတအသင်း-ရန်ကုန်က အသိပေးထားပါတယ်။

ပြုတ်ကျသူက တရုတ်နိုင်ငံသားဖြစ်ပြီး ဆီဒိုးနားဟိုတယ်ပေါ်က ခုန်ချခဲ့တာလို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက ရေးသားထားပါတယ်။

အဲဒီဖြစ်စဉ်ဟာ ပြုတ်ကျသူရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို လိုက်ကောက်ခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တာကြောင့် လမ်းပိတ်ဆို့မှုလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"ရှမ်းမြောက် တာမိုးညဲအထူးဒေသက မုန်းဝန်းလူမျိုး အမျိုးသားလို့ သိရပါတယ်။ လှိုင်သာယာ နဝဒေးအိမ်ရာမှာ သူ့ကောင်မလေးက လမ်းခွဲမယ်ပြောလို့ စကားများရာကနေ သတ်ခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ အဆုံးစီရင်မယ်လို့ သေတမ်းစာလို ရေးခဲ့ပြီး သူ့ကိုယ်သူသတ်သေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဟိုတယ်ကိုရောက်လာတယ်။ 29 လွှာကို ကတ်ပြားရှိတဲ့လူနဲ့ရောလိုက်ခဲ့တယ်။ 29 လွှာ ရောက်တော့ ကော်ရစ်တာကနေ ဒိုင်ဗင်ထိုးချလိုက်တာ။ အောက်က Honda Airwave ပေါ်ကို ကျတယ်။ ခန္ဓာကိုယ် တစစီဖြစ်သွားတယ်လို့ သိရပါတယ်။"လို့ ရဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ရေးသားထားပါတယ်။

ဟိုတယ်ပေါ်က ပြုတ်ကျ သေဆုံးသူဟာ ခုန်ချအဆုံးစီရင်တာ ဟုတ်၊မဟုတ် လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး စီဒိုးနားဟိုတယ်ရဲ့ ​ဖေစ်ဘွခ်စာမျက်နှာကို လူထု​နွေဦးကဆက်သွယ်​မေးမြန်း​ပေမယ့် ပြန်လည်​ဖြေကြားခြင်းမရှိ​သေးပါဘူး။
👍23👏6❤5🔥1😢1🤣1
(ဆီဒိုးနားဟိုတယ်ပေါ်က ပြုတ်ကျသူရဲ့ ရုပ်အလောင်းကို စစ်တပ်လက်အောက်ခံ ရဲတွေက စစ်ဆေးနေစဉ်။ ဓာတ်ပုံ - မိုးစေတနာပရဟိတအသင်း-ရန်ကုန်)
👍31😱4🔥2👏1🤮1🤣1
■​ဆောင်းပါး

တူးတူးလေးကို သတ်တာဘယ်သူလဲ

ဟာနာဆန်/People's Spring

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

တူးတူးက မျက်နှာသွယ်ပြီး ရုပ်ရည်သန့်ပြန့်တဲ့ ကလေးတစ်ယောက်ပါ။ အနေအေးတယ်။ စကားပြောလည်းနည်းတယ်တဲ့။ အသက်
အရွယ်နဲ့ မမျှအောင် ရင့်ကျက် တည်ငြိမ်တဲ့ စရိုက်ရှိတယ်။

တူးတူးမိဘတွေက ပြည်ပမှာအလုပ်လုပ်နေတယ်။ မြောက်ဒဂုံမှာ ဘိုးဘွားတွေ ဦးလေးတွေနဲ့ နေတယ်။ ညီအကို၃ယောက်မှာ အငယ်ဆုံးသားတဲ့။ပြီးတော့တူးတူးကကြောက်လည်းကြောက်တတ်တယ်တဲ့။

တူးတူးလေး ထွက်သွားပြီး ညမိုးချုပ်တဲ့အထိ ပြန်ရောက်မလာဘူး။ ည ၇ နာရီခွဲလောက်ကျ အိမ်သားတွေလည်း လိုက်ရှာကြပြီ။ည ၉ နာ
ရီကျော်တဲ့အထိ ရှာမတွေ့တော့ ရဲစခန်းသွားတိုင်ထားရတယ်။

ဒီကနေ့ ၁၀ ရက်မနက်မှာတော့ မြောက်ဒဂုံ ၃၈ရပ်ကွက်ကရေကန်တစ်ခုမှာရုပ်အလောင်း
တစ်ခု ပေါ်လာတယ်လို့ သိရတယ်။ မိသားစုဝင်တွေလည်း တူးတူးလေးမဖြစ်ပါစေနဲ့လို့ ဆုတွေတောင်းပြီး သွားကြည့်ခဲ့ကြတယ်။ ဆုတောင်းတွေမပြည့်ခဲ့ပါဘူး။ တူးတူးလေး ဖြစ်နေခဲ့ပါတယ်။

တူးတူးလေးရဲ့ရုပ်အလောင်းကို ရေကန်မှာပေါ်လာလို့ တွေ့ခဲ့ရတာဖြစ်ပြီး ကလေးမှာ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ မိသားစုဝင်တွေက လူမှုကွန်ရက်မှာ ရေးသားပါတယ်။

"ဒီကလေးလေးက အသံတောင်ကျယ်ကျယ်စကားမပြောဘူး။ရန်ဖြစ်ဖို့ဆိုတာအဝေးကြီး"
လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

လူမှုကွန်ရက်မှာတော့ တူးတူးလေးသေဆုံးတာနဲ့ပတ်သက်ပြီး အမျိုးစုံ ကောက်ချက်ချနေကြတယ်။ တရားခံအစစ်က ဘယ်သူပါလဲ။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲလူပျောက်မှုတွေ၊ အတင်း
အဓမ္မစစ်သားစုဆောင်းမှုတွေ၊ လုယက်မှုတွေနဲ့ လူသတ်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။ ပိုဆိုးတာက​တော့ စာသင်​ကျောင်း ပုရဝုဏ်အတွင်းမှာ​တောင် ရန်ပွဲ နဲ့ လူ​သေ​စေတဲ့ ခိုက်ရန်ဖြစ်မှု​တွေရှိလာတာပါ။

ပြီးခဲတဲ့ ရက်ပိုင်းမှာပဲ နေပြည်တော်က ကိုယ်
ပိုင်ကျောင်းတစ်ခုမှာ ကလေးချင်းဖြစ်ပွားတဲ့ ပြဿနာကနေ လူကြီးချင်းသတ်ဖြတ်တဲ့အထိ ဖြစ်ပွားခဲ့သလို ပဲခူးတိုင်း၊ကဝမြို့မှာလည်းကလေးငယ် ၂ ဦးအပါအဝင် ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။

၂၀၂၁ဖေဖော်ဝါရီမှာစစ်တပ်ကအာဏာသိမ်း
ပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု လုံးဝပျက်
ပြားသွားပြီး နယ်စပ်ဒေသတွေတင်မကဘဲ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာပါ နေ့ခင်း
ကြောင်တောင် ဓားပြတိုက်မှု၊ လုယက်မှုနဲ့ လူသတ်မှုတွေနေ့စဉ်နဲ့အမျှဖြစ်ပွားနေပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်နဲ့ ရှမ်းပြည်
နယ် အပါအဝင် နယ်စပ်ဒေသတွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေနဲ့ လူကုန်ကူးမှုတွေ ကမ္ဘာ့အဆင့်အထိ ကြီးထွားလာခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ပုံမှန်လည်ပတ်နေတဲ့ တရားစီရင်ရေးစနစ်၊ရဲတပ်ဖွဲ့
နဲ့ အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားတွေ ပျက်
စီးသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအင်အားစုတွေဟာ ပြည်သူ့လုံခြုံရေးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးထက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နှိပ်ကွပ်ဖို့၊ အာဏာတည်မြဲဖို့၊ ခေတ်ပျက်ကြီးမှာ ငွေကိုသည်းကြီးမည်းကြီးရှာဖို့အတွက်ပဲ အားစိုက်ခဲ့တယ်။ ဒါကြောင့် ခိုးဆိုးလုနှိုက်၊ ဓားပြတိုက်မှုနဲ့ လူသတ်မှုတွေကို ထိရောက်စွာ အရေးယူမယ့်သူ မရှိတော့ဘဲ ရာဇဝတ်
ကောင်တွေ သောင်းကျန်းဖို့ လမ်းပွင့်သွားပါတော့တယ်။

တရား ဥပ​ဒေစိုး​ရေးအဓိကတာဝန်ယူရသူ​တွေက ​ငွေရ​ရေးကဓိကဖြစ်လာပြီး ​ငွေများတရားနိုင်ဆိုပြီးမင်းမဲ့စရိုက်ဆန်ဆန် ပြစ်မှု​တွေပိုများလာပါတယ်။ပိုဆိုးတာက လူမိုက်​တွေက အုပ်ချုပ်​ရေး ရာထူး​တွေယူလုပ်ကိုင်လာတာ ၊လူမိုက်နဲ့ရဲ့ ၊စစ်သား ၊အုပ်ကြီး​တွေ​ပေါင်းပြီး ပြည်သူ​တွေကို ဖိနှိပ်ပြီး​​ငွေညှစ်တာ​တွေလုပ်လာကြတာပါ။

ဒါ့အပြင် အာဏာသိမ်းမှုကြောင့် နိုင်ငံတကာပိတ်ဆို့မှုတွေ ကြုံရတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တာတွေ ဖြစ်လာပြီး ​မြန်မာ့ စီးပွားရေးဟာ လုံးဝပျက်စီးသွားပါတယ်။

အလုပ်အကိုင် ရှားပါးပြီးငတ်မွတ်လာတဲ့အခါ ဝမ်းရေးအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ ပစ္စည်းယူသတ်ဖြတ်မှုတွေပါ ထိန်းမနိုင်သိမ်းမရ ဖြစ်ပွားလာပါတော့တယ်။

မြန်မာနိုင်ငံဟာ စစ်တပ်က နှစ်ပေါင်းများစွာ အာဏာသိမ်းထားခဲ့လို့ ယခင်ကတည်းက တရားဥပဒေဟာလည်း ယိုင်နဲ့နဲ့ပါ။ ၂၀၁၅ အရပ်သားအစိုးရတက်လာပြီးမှ တရားဥပဒေစိုးမိုးမှုကို တည်ဆောက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် စစ်တပ်က အာဏာထပ်သိမ်းလိုက်ပြန်တော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု စနစ်ဟာ ထပ်မံ ဖျက်ဆီးခံလိုက်ရပြန်တယ်။ အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့ကိုယ်တိုင်လည်း ဥပဒေအထက်မှာ နေထိုင်ကြတဲ့အတွက်၊ ဥပဒေမဲ့တဲ့ ပတ်ဝန်း
ကျင်တစ်ခု ဖန်တီးပေးလိုက်သလို ဖြစ်စေကာ ရာဇဝတ်မှုတွေ သောင်းကျန်းလာတာဖြစ်ပါတယ်။
❤18🔥8😢4🤬1🤣1