ထိန်းချုပ်ဒေသတွင်း ဆက်သွယ်ရေးလမ်းပိုင်းတွေကို ဟုမ္မလင်း-ပအဖ ယာယီပိတ်
ဇွန်-၁၀၊၂၀၂၆။စိုင်းနောင်/People's Spring
ဟုမ္မလင်းမြို့နယ်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေအတွင်း ကုန်း
လမ်းနဲ့ရေလမ်းဖြတ်သန်းသွားလာခွင့်ကို ဒီနေ့(ဇွန်လ၁၀) ကစပြီးပိတ်ပင်လိုက်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။
ထိန်းချုပ်နယ်မြေအတွင်းရှိ အဝင်အထွက်ဂိတ်တွေ၊ ကုန်းလမ်းနဲ့ ရေလမ်းဂိတ်တွေ၊ အ
ခွန်ဂိတ်တွေအားလုံးကို ပိတ်ပင်လိုက်တာဖြစ်ပြီး နောက်ထပ်ကြေညာချက်မထွက်ခင်အထိ အတည်ဖြစ်တယ်လို့ဇွန်လ ၈ ရက်နေ့ကထုတ်
ပြန်ချက်မှာဖော်ပြထားပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲမှာပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့ ရှမ်းနီတပ်
(SNA) ပူးပေါင်းစစ်ကြောင်းတွေ စစ်ရေးလှုပ်ရှားမှုရှိနေတယ်လို့ ဒေသခံသတင်းမြစ်တွေကပြောပါတယ်။ဇွန်လဆန်းပိုင်းက တိုက်
ပွဲတွေမှာ စစ်တပ်ကလက်နက်ကြီးအင်အားသုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
ဟုမ္မလင်းမြို့နယ်ဟာ ခန္တီးခရိုင်ထဲမှာပါဝင်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့လည်းဆက်စပ်နေပါတယ်။ဟုမ္မလင်းမြို့နယ်ထဲမှာပါဝင်တဲ့ ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ဒေသတွင်းမှာ ချင်းတွင်းမြစ်နဲ့ရေကြောင်းကုန်သွယ်ရေးရှိသလိုကုန်းလမ်းကုန်သွယ်ရေးလမ်းကြောင်းလည်းရှိပါတယ်။လက်ရှိမှာ ကုန်းလမ်းနဲ့ရေလမ်းကုန်သွယ်ရေးလမ်း
ကြောင်းတွေကို ပိတ်ပင်ထားမယ်ဆိုတဲ့ကြေ
ညာချက်ကြောင့် ဒေသတွင်း ကုန်စည်စီးဆင်ရေးအတွက်အခက်အခဲတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ကျေးရွာတစ်ရွာကဒေသခံတဦးကပြောပါတယ်။
လက်ရှိဒေသတွင်းအခြေအနေအရဒေသတွင်းဆက်သွယ်ရေးလမ်းပိုင်းတွေ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတဲ့အပြင် ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြစ်ပြင်တလျှောက် နဲ့ သောင်သွပ်တိုက်နယ်အတွင်း အသုံးပြုနေတဲ့ စတားလင့် ၊ အင်တာနက်၊ ဝိုင်ဖိုင်အသုံးပြုမှုအားလုံးကိုလည်းဒီနေ့ကစပြီး အသုံးပြုခွင့် ပိတ်ပင်သွားမယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။
လက်ရှိမှာဟုမ္မလင်းမြို့နယ်နဲ့ဆက်စပ်နေတဲ့ တမူးမြို့နယ်မှာလည်းစစ်တပ် နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပါတယ်။

👍33❤7🥴2🤣1
ရမ်းဗြဲမြို့နယ်အတွင်းပင်လယ်ပြင်မှာ ကုန်တင်စက်လှေတစ်စီးနဲ့ လူခုနစ်ဦးကို စစ်တပ် ဖမ်းဆီး
ဇွန်-၁၀၊၂၀၂၆ ။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး လှေပေါ် ပါ
လာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစက်လှေဟာ ကျောက်တော်ကနေ ဓါတ်ဆီ၊ ဒီဇယ်၊အင်ဂျင်ဝိုင်၊စက်ပစ္စည်းတွေ သွားဝယ်ပြီး ရမ်းဗြဲမြို့ကို အပြန် ပင်လယ်ပြင်မှာ ဇွန်လ ၈ ရက် ညနေပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။
“ကျောက်ဖြူသံဇစ်မြစ်ထဲမှာကနေဗီ(Navy)
တွေ သုံးစီးလောက်ရှိတယ်။ အဲဒီကနေ Speed Boat တွေနဲ့ ထွက်လာပြီး ဘုတ်ကို လိုက်ဖမ်းတာ။အရင်ဆုံး သေနတ်နဲ့ ပစ်သေးတယ်။ဘုတ်တောင် သေနတ်ကျည် ထိသွား သေးတယ်။ဘုတ်မှာပါတဲ့သူအကုန်အဖမ်းခံရတယ်။အခုထိဘယ်ရောက်နေတယ်မသိရဘူး”လို့ ရမ်းဗြဲမြို့ခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့စက်လှေဟာ ရမ်းဗြဲမြို့မှ ဦးရွှေခဲရဲ့ စက်လှေဖြစ်ပြီး အခုဖမ်းဆီးခံရသူတွေဟာ ဦးရွှေခဲနဲ့ သူ့စက်လှေမှာ လိုက်ပါလာတဲ့ အလုပ်သမားတွေဖြစ်ပါတယ်။ စက်လှေမှာပါတဲ့ ကုန်ပစ္စည်းတွေဟာ ကာလ ပေါက်စျေးနဲ့ဆိုရင် ကျပ်သိန်းထောင်ဂဏန်းထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
“အခု ဆီစျေးတက်နေတော့ တန်ဖိုးက မနည်းဘူး။ မရှိရင်တောင်သိန်းသုံးထောင်နီးပါးဖိုးရှိမယ်”လို့ အထက်ပါရမ်းဗြဲမြို့ခံကပြောပါတယ်။
အာရက္ခတပ်တော်က ရမ်းဗြဲမြို့ နဲ့ ရမ်းဗြဲမြို့နယ်ကို ၂၀၂၄ မတ်လမှာအပြီးသတ်သိမ်းပိုက်နိူင်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က အရင်က ဓည၀တီ၊ တောင်မော်ဦးရေတပ်စခန်းတို့အနီးပတ်လည်ပင်လယ်ပြင်မှာပဲ စစ်သင်္ဘောတွေ ချထားခဲ့ပေမယ့် အခုအခါ ရမ်းဗြဲမြို့နယ်အပိုင် ပင်
လယ်ပြင်ထိပါတိုးချ၊ နေရာယူထားပြီး ဖြတ်
သန်းသွားလာတဲ့ အရပ်သားတွေရဲ့စက်လှေတွေကို ပစ်ခတ်တာ၊ ဖမ်းဆီးတာ၊ လူနေကျေး
ရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ လုပ် လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကလည်းရမ်းဗြဲမြို့
နယ်မှထွက်ခွာလာတဲ့စက်လှေတစီးကိုတောင်မော်ဦးရေတပ်စခန်းနဲ့ အလှမ်းဝေးတဲ့ မင်းကြောင်းချောင်းအလွန်မှာစစ်တပ်က Speed Boat နဲ့ လိုက်လံပစ်ခတ်တဲ့အတွက် စက်လှေမှာပါလာတဲ့ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။စက်လှေမှာပါတဲ့သူတွေကတော့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို မခံခဲ့ရဘဲ လွတ်
မြောက်သွားခဲ့ပါတယ်။
“ဒီကောင်တွေက တိုက်ပွဲမနိုင်တော့ ပြည်သူတွေကို အကုန်လိုက်ပြီး ဒုက္ခပေးနေတာပါ။ ရေကြောင်းမှာတခုမှလုပ်စားလို့မရတော့ဘူး။ ငါးဖမ်းထွက်ရင်လည်း လိုက်ပစ်တယ်။ အရင်ကဆို သူတို့ သင်္ဘောနားရောက်မှပဲ ပစ်တာ။ အခု Speed Boat လေးတွေနဲ့ အနားကပ်ပြီးတောင်လာပစ်တယ်”လို့ကျောက်ဖြူမြို့နယ်မှ မြေပြင်အခြေအနေတွေ သိတဲ့ လူငယ်တဦးက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းကနေ ကမ်းတက်ပြီး ကျောက်ဖြူနဲ့ ရမ်းဗြဲကြားလမ်းဆုံဖြစ်တဲ့ စနဲမြို့ဆီ တန်ပြန်ထိုးစစ်ဆင်ဖို့ ထိန်းချုပ်ဖို့ကြိုးစားခဲ့တဲ့စစ်တပ်ဟာအာရက္ခတပ်တော်
(AA)ရဲ့ ကြားဖြတ်တိုက် ခိုက်မှုကြောင့် အထိ
နာခဲ့ပါတယ်။ ကျောက်ဖြူ၊ ရမ်းဗြဲကမ်းခြေတလျှောက် စစ်သင်္ဘောတွေတိုးချပြီးရေ
ကြောင်းကနေပါကမ်းတက်ဖို့၊ တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားနေပါတယ်။
အဲဒီလိုရေပြင်မှာနေရာယူထားတဲ့ စစ်သင်္ဘော
တွေက အရပ်သားပြည်သူတွေကို လိုက်လံ ပစ်ခတ်၊ ဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။စနဲမြို့ကိုစစ်ကြောင်းထိုးတဲ့တိုက်ပွဲ နဲ့ တောင်မော်ဦးရေတပ်စခန်းနားတိုက်ပွဲတွေမှာအထိနာနေတဲ့စစ်တပ်ဟာအရပ်သားလူနေကျေးရွာတွေကို
ဒရုန်းနဲ့ ဗုံးကြဲတာ၊ ရေကြောင်းကနေ လက်
နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ်တာတွေ ဆက်
တိုက်လုပ်လာခဲ့တာပါ။
လက်ရှိမှာ AA ရဲ့တန်ပြန်ထိုးစစ်ကြောင့် တောင်မော်ဦးရေတပ်စခန်းနားမှာကာကင်းတစ်ခုပဲကျန်တော့ပါတယ်။စစ်တပ်ကလေကြောင်းကိုအဓိကသုံးပြီးခုခံနေသလို တပ်မိသားစုတွေ နဲ့ အရာရှိပိုင်းတွေကို စစ်ရေ
ယာဥ်တွေနဲ့ ရွှေ့ပြောင်းနေကာစစ်ကူတွေလည်း ထပ်ဖြည့်နေပါတယ် ။
ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းကနေရာအများစုကိုသိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)
ဟာ ကျောက်ဖြူမြို့နယ်အတွင်းကအာဏာ
သိမ်းစစ်တပ်ရဲ့ဓည၀တီရေတပ်စခန်း၊အမှတ်
(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေပြီး မြို့နီးပတ်လည်က တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။
လက်ရှိမှာကျောက်ဖြူမြို့နယ်အတွင်း အာ
ဏာသိမ်းစစ်တပ်ရဲ့ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း၊အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။
AAတပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ကျောက်ဖြူ၊စစ်တွေ နဲ့ မာန်အောင်မြို့
နယ်တွေကိုအခု၂၀၂၆ နဲ့ ၂၀၂၇ တို့မှာအပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။

🔥20👍11❤8🤬6🤣2👏1
ရေပြာရဲစခန်း နဲ့ ပျူရွာသိမ်းတဲ့ စစ်ဆင်ရေးကို "Operation Su "ဟုအမည်ပေးပြီးထိုးစစ်ဆင်၊ လက်နက်မျိုးစုံ ၆၀ ခန့်နဲ့ စစ်သုံ့ပန်း ၆၅ဦးဖမ်းမိ
ဇွန်-၁၀၊ ၂၀၂၆။ရဲခေါင်/People's Spring
"Operation Su "အဖြစ် အညာမြေစစ်ဆင်
ရေးဖော်ဆောင်ကာ စစ်တပ်စခန်း နဲ့ ပြည်
သူ့စစ်ရွာကို သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၆၅ ဦးနဲ့ လက်နက်ကြီး၊လက်နက်ငယ် ၆၀ နီးပါး သိမ်း
ဆည်းရရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတရားဖမ်းဆီး အကျဥ်းချခံရမှုကနေလွတ်
မြောက်ဖို့ရည်မှန်းပြီး ပခုက္ကူခရိုင်တွင်း မြို့
နယ် (၅)ခုက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အညာမြေ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တာလို့ မကွေးတိုင်းပြည်သူ့ကာကွယ်
ရေးအဖွဲ့(ပကဖ)က အသိပေးပါတယ်။
အဲဒီစစ်ဆင်ရေးတွေကို မကွေးပြည်သူ့ကာ
ကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် ပကဖ ၊ KG တပ်ဖွဲ့ ၊ ပေါက်ပကဖတပ်ရင်း ၊ BLY တပ်ဖွဲ့ ၊ မြိုင်ပကဖ ၊ YRF တပ်ဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ( ၂ /၆/၇ /၁၂ /၁၄/၁၇ / ၁၈ ) တပ်ရင်းများ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) ၊မကွေးဖက်ဒ
ရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်းများ ၊
ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံ
ခြုံရေးအင်အားစု(ကမ္မ)၊ PLC တပ်ပေါင်းစု ၊ အညာမြေတပ်ပေါင်းစု ၊ PDO/PDA တပ် ၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄ ၊ ပေါက်မြို့နယ် ဆေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ် ပအဖ နဲ့ တော်လှန်ပြည်သူများက စည်းစည်း
လုံးလုံး ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြင် အမျိုးသားညီညွှတ်ရေးအစိုးရ MOD ပကဖရုံးချုပ်နဲ့ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးဝန်ကြီးရဲ့ လမ်းညွှန်ပူးပေါင်းကူညီမှုကိုလည်း ရရှိခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားပါတယ်။
အညာမြေ စစ်ဆင်ရေးရဲ့ ပထမအဆင့် Operation ငယ်တစ်ခုအနေနဲ့ Operation 9 (4+5) ကို ဇွန်လ ၂ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်မဟာဗျူဟာအရ အချက်
အချာမြေနဲ့ မဟာဗျူဟာလမ်းပိုင်း ထိန်းချုပ်ရေးမှာ အဓိကအရေးပါတဲ့ ပုသိမ် - မုံရွာလမ်းပိုင်းနဲ့ ပခုက္ကူ - ပေါက် - မင်းတပ် လမ်းတို့ စိုးမိုးနိုင်ဖို့ လိုအပ်တဲ့ ရေပြာလမ်းဆုံ ဖြစ်တယ်လို့ ဆိုပါတယ်။
ဇွန်လ ၂ ရက်နေ့ ညနေပိုင်းမှာ ရေပြာရဲစခန်းကိုသိမ်းပိုက်ပြီး ဇွန်လ ၄ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်အခြေစိုက်တဲ့ပျူစောထီး(ပြည်သူ့
စစ်)ကျေးရွာဖြစ်တဲ့ ကုက္ကိုစုရွာကို သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်းစစ်တပ်ကတံတားဦးလေတပ်၊ မကွေးလေတပ်၊ မိတ္ထီလာလေတပ်ကနေ Jet Fighter ၉ စီး၊အခြားတိုက်ခိုက်ရေးလေယာဉ် ၅စီးနဲ့ ဗုံးပေါင်း ၃၀၀ ၀န်းကျင် လေကြောင်းပစ်ကူပေး တိုက်ခိုက်ခုခံခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကာကွယ်ရေးပစ္စည်းစက်ရုံကပစ
( ၂၄)ကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကုက္ကိုစုရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်
တပ်ရဲ့သတ်ကွင်းဖြစ်တဲ့လယ်ကွင်းပြင် ဟင်း
လင်းပြင်နေရာတွေကို ပကဖ ရဲဘော်တွေနဲ့ ပူးပေါင်းတပ်တွေကရဲရဲဝံ့ဝံ့ဖြတ်ကျော်တိုက်
ခိုက်ပြီးရရှိခဲ့တာလို့ အသိပေးပါတယ်။တိုက်
ခိုက်မှုအတွင်း ကျဆုံးထိခိုက်တဲ့ ရဲဘော်တွေရှိပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်ကသေဆုံးသူ ၃၀ကျော်၊စစ်သုံ့ပန်း၆၅ ဦး၊လက်နက်ချ အ
လင်းဝင်လာသူ ၆ ဦး၊ ပြည်သူ့စစ်ရွာက ပြည်သူ ၂၄၆ ဦးကို ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ငယ် (၅၅) လက်၊ လက်
နက်ကြီး (၄) လက်၊ ကျည်မျိုးစုံ (၃၄၆၅) တောင့် နဲ့ စစ်အသုံး အဆောင် ပစ္စည်းတွေကို သိမ်းဆည်းရရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒ လမ်းညွှန်ချက်၊ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေးများနဲ့ အညီ စစ်သုံ့ပန်းတွေနဲ့ ပြည်သူတွေကို ထိန်း
သိမ်း စောင့်ရှောက်ထားတယ်လို့ အသိပေးပါတယ်။
စစ်ဆင်ရေးဟာအမျိုးသားညီညွတ်ရေးအ
စိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပကဖ ရုံးချုပ်နဲ့ ပြည်ထောင်စုရဲ့ထောက်ပံ့ညွှန်ကြားမှုတွေ၊မကွေးဖက်ဒရယ်ယူနစ်၊ ကာကွယ်ရေးဝန်ကြီးရဲ့လမ်းညွှန်ကူညီမှုတွေနဲ့ အခြား မ
ဟာမိတ်တပ်တွေရဲ့ စုပေါင်းတိုက်ခိုက်နိုင်ခဲ့မှုလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့မေလ၂၃ ရက်ကမြိုင်မြို့နယ် သရက်
ကန် ပျူစောထီးကျေးရွာကို သိမ်းပိုက်ရရှိမှုကလည်း ပခုက္ကူခရိုင် ပကဖနဲ့ မြို့နယ် ၅ခုက ပကဖတွေရဲ့ တမာမြေစစ်ဆင်ရေး အနေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

❤32👍11👏5🥰2🤣2💩1
ကုက္ကိုစုပျူရွာနဲ့ ရေပြာရဲစခန်းတို့ကိုသိမ်းပိုက်ပြီးနောက်မြင်ကွင်း ။ဒဏ်ရာရပြည်သူတွေကိုတော်လှန်ရေးအဖွဲ့တွေကဆေးကုသပေးစဥ် /သက်ကြီးရွယ်အိုဒေသခံတွေကိုတော်လှန်ရေးတပ်တွေကရွေ့ပြောင်းပေးစဥ်။
ဓာတ်ပုံ - Magway People's Defence Force - Magway PDF၊ ပကဖ၊ မကွေးတိုင်း၊ NUG

❤35👍15👏5🤣2🥰1🤮1
ဆီဒိုးနားဟိုတယ်ပေါ်က တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျ သေဆုံး
ဇွန်-၁၀၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနားဟိုတယ်ပေါ်က တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဒီကနေ့ (ဇွန်၁၀) နံနက်မှာ ဖြစ်ပွားခဲ့ပါတယ်။
"ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မောယဝတီလမ်းတွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျကြောင်း သတင်းအရသွားရောက်ကူညီခဲ့ရာ သေဆုံးသူ အမျိုးသားအား ရဲဆေးစာဖြင့် မိုးစေတနာပရဟိတအသင်းမှ စံပြဆေးရုံသို့ အခမဲ့ပို့ဆောင် ကူညီပေးခဲ့ပါသည်။"လို့ အခင်းဓာတ်ပုံတွေနဲ့အတူ မိုးစေတနာပရဟိတအသင်း-ရန်ကုန်က အသိပေးထားပါတယ်။
ပြုတ်ကျသူက တရုတ်နိုင်ငံသားဖြစ်ပြီး ဆီဒိုးနားဟိုတယ်ပေါ်က ခုန်ချခဲ့တာလို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက ရေးသားထားပါတယ်။
အဲဒီဖြစ်စဉ်ဟာ ပြုတ်ကျသူရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို လိုက်ကောက်ခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တာကြောင့် လမ်းပိတ်ဆို့မှုလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
"ရှမ်းမြောက် တာမိုးညဲအထူးဒေသက မုန်းဝန်းလူမျိုး အမျိုးသားလို့ သိရပါတယ်။ လှိုင်သာယာ နဝဒေးအိမ်ရာမှာ သူ့ကောင်မလေးက လမ်းခွဲမယ်ပြောလို့ စကားများရာကနေ သတ်ခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ အဆုံးစီရင်မယ်လို့ သေတမ်းစာလို ရေးခဲ့ပြီး သူ့ကိုယ်သူသတ်သေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဟိုတယ်ကိုရောက်လာတယ်။ 29 လွှာကို ကတ်ပြားရှိတဲ့လူနဲ့ရောလိုက်ခဲ့တယ်။ 29 လွှာ ရောက်တော့ ကော်ရစ်တာကနေ ဒိုင်ဗင်ထိုးချလိုက်တာ။ အောက်က Honda Airwave ပေါ်ကို ကျတယ်။ ခန္ဓာကိုယ် တစစီဖြစ်သွားတယ်လို့ သိရပါတယ်။"လို့ ရဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ရေးသားထားပါတယ်။
ဟိုတယ်ပေါ်က ပြုတ်ကျ သေဆုံးသူဟာ ခုန်ချအဆုံးစီရင်တာ ဟုတ်၊မဟုတ် လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး စီဒိုးနားဟိုတယ်ရဲ့ ဖေစ်ဘွခ်စာမျက်နှာကို လူထုနွေဦးကဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

👍23👏6❤5🔥1😢1🤣1