တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကူနဲ့ ဗန်းမော်မြို့ဆီ စစ်တပ်ကနည်းမျိုးစုံသုံး အင်အားပို့နေ
ဇွန်-၁၀၊၂၀၂၆။စိုင်းနော်/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။
မိုးမိတ်မြို့ဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက မြို့တွေကိုဖြတ်ပြီး ကချင်ပြည်နယ် ရွှေကူနဲ့ဗန်းမော်မြို့အထိရောက်တဲ့ ကားလမ်းပိုင်းရှိပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွှေ့ပြောင်းအလုပ်သမားနဲ့ ခရီးသွားဟန်ဆောင်ပြီး ခရီးသည်တင်ကားတွေနဲ့ လိုက်ပါနေတာလို့ ရွှေကူဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
" လမ်းခရီး ထိန်းချုပ်ဧရိယာတွေမှာ KIAနဲ့ KPDF က စစ်တယ်။ မိတာတွေမိတယ်။ လွတ်သွားတာတွေလည်းရှိတယ်။ အဓိကကတော့ လမ်းပိုင်းကို အသုံးပြုပြီး စစ်တပ်က အင်အားဖြည့်နေတယ်"လို့ အဲ့ဒီသီတင်း ရင်းမြစ်ကပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့ကို စစ်တပ်က ပြီးခဲ့တဲ့ မေလမှာ မိုးကောင်း- မြစ်ကြီးနား လမ်းပိုင်းကနေလည်း ကားအစီးရေ ၁၀၀ကျော် အင်အားဖြည့်တင်းခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းက တပ်ရင်းတွေကိုပါ နည်းမျိုးစုံသုံးပြီး ပို့ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ ရွှေကူမြို့နယ်အနီး စစ်ရေးတင်းမာနေပါတယ်။
KIAက ဇွန်လ ၈ ရက်စပြီး ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးကို ရက်အကန့် အသတ်မရှိ သွားလာခွင့်ပိတ်လိုက်တဲ့အပြင် ရွှေကူမြို့က ဒေသခံတွေ မြို့ကထွက်ခွာတိမ်းရှောင်ပေးဖို့ တိုက်တွန်းထားပါတယ်။
မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ မိုးမိတ်မြို့နဲ့အတူ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့အကူအညီနဲ့ စစ်တပ်ထံ ၂၀၂၅ အောက်တိုဘာမှာ TNLAက ပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ မိုးကုတ်-မိုးမိတ်လမ်းကနေ စစ်တပ်စစ်ကြောင်းတွေဝင်လာပြီးတပ်စွဲထားပါတယ်။
" မိုးမိတ်မှာ တပ်မ(၅၅)လက်အောက်ခံတပ်ရင်းတွေရောက်နေတာ။ အဲ့ဒီကနေတဆင့် လက်ရှိစစ်ရေးတင်းမာနေတဲ့နေရာတွေကို အင်အားဖြည့်နေတယ်။ မိုးမိတ်မြို့မှာတော့လက်ရှိ ပုံမှန်အခြေအနေဖြစ်နေတယ်"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က ပြီးခဲ့တဲ့ ဧပြီ ၂၃ရက်ညပိုင်းမှာ ကချင်၊ကယား၊ကရင်၊ချင်း၊ရခိုင်နဲ့ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့က မြို့ပေါင်း ၆၀ကို ရက် ၉၀ကြာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့မြို့နယ်ထဲမှာ မိုးမိတ်မြို့နဲ့အတူ လက်ရှ်ိစစ်ရေးတင်းမာနေတဲ့ရွှေကူ မြို့လည်းပါဝင်ခဲ့ပါတယ်။

🤬36❤4👎3🔥3👍2🥴2
ပြည်သူတွေကိုသတ်ဖြတ်ပြီးနေအိမ် ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တဲ့ မြစ်ခြေရဲစခန်းကို PDF တိုက်ခိုက်သိမ်းပိုက်
■စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပဒေနဲွအရေးယူမည်
ဇွန် -၁၀၊၂၀၂၆။ဒီးဒီ/People’s Spring
ဒေသခံပြည်သူ ၂၀ကျော်ရက်ရက်စက်စက်သတ်ဖြတ်ပြီး နေအိမ် ၁၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့တဲ့ ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ဦးဆောင်ကွပ်ကဲမှုနဲ့ ဒီကနေ့ ဇွန်လ ၁၀ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာမေလ ၁၀ ရက်ကနေ ဇွန်လ ၂
ရက်အထိ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရှိ ပြည်
သူလူထုပိုင် နေအိမ်အဆောက်အဦးပေါင်း (၁၀၀၀) ကျော် မီးရှို့ဖျက်ဆီးကာ အတည်ပြုနိုင်တဲ့ ပြည်သူ ၂၄ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။
ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာဇွန်လ ၁၀ ရက်မှာ မြစ်ခြေစခန်း အပြီး
တိုင် ထိုးစစ်ဆင်သိမ်းပိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီအား လက်တုံ့ပြန်တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဇွန်လ၁၀ ရက်နံနက်(၄)နာရီမှာမြစ်ခြေရဲစခန်းကိုမကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မနက် (၅) နာရီမှာ အ
ပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
တိုက်ပွဲအတွင်းရန်သူ့တပ်ထံက G-3 (၁၈)လက်၊ 79 (၁) လက်၊ ခြောက်လုံးပြူး (၂) လက်၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ G-3 ကျည်ဘောက် (၂၇) ဘောက်၊ လက်လုပ် လေသေနတ် (၁) လက်၊ ကျည်ကာ ဦးထုပ် (၇)လုံး၊ G-3 ကျည် (၁၉၀၈) တောင့် သိမ်း
ဆည်းရရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၁၄ ဦး စစ်သုံ့ပန်းအဖြစ် လက်
နက်ချအညံ့ခံခဲ့တယ်လို့လည်းဖော်ပြပါတယ်။
စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေများနဲ့ အညီ ထိန်းသိမ်းထားရှိပြီးစစ်ရာဇဝတ်မှုကျူး
လွန်သူတွေကိုစစ်ဘက်ဆိုင်ရာဥပဒေများနဲ့ အညီစိစစ်ဖော်ထုတ်ပြီးစစ်တရားရုံးတင်စစ်
ဆေးအရေးယူ ဆောင်ရွက်သွားမှာလို့ ဖော်ပြပါတယ်။
ဒါ့အပြင်စစ်တပ်ရဲ့အကြမ်းဖက်နှိပ်စက် သတ်ဖြတ်မှုတွေကြောင့် ကျဆုံးသွားခဲ့ရတဲ့ မြစ်ခြေဒေသခံ မိဘပြည်သူများ ကောင်း
မြတ်ရာ ဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့ထားပါတယ်။
ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်းတွေနဲ့ ညောင်ဦးအခြေစိုက်ခလရ (၄၁၅)က စစ်သား တွေ၊စစ်တပ်လက်အောက်ခံပျူစောထီးတွေ၊ရဲတွေ ပူးပေါင်းပြီးတော့အင်အားရာချီပါတဲ့စစ်တပ်စစ်ကြောင်းဟာ မြစ်ခြေမြို့ကို မေလဒုတိယပါတ်မှာဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စစ်တပ်ကမြစ်ခြေမြို့ကပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာမှာ ဇွန် ၉ ရက်အထိရုပ်အလောင်း ၃၇ လောင်းရှာဖွေတွေ့ရှိပြီး ပျောက်ဆုံးနေသူ ၅ ဦးရှိသေးတယ်လို့ရှာဖွေကယ်ဆယ်ရေး၊နယ်မြေရှင်းလင်းရေးလုပ်နေသူတွေကပြောပါတယ်။ စစ်တပ်စစ်ကြောင်းတွေကမြစ်ခြေမြို့ကို ဖျက်ဆီးပြီး ဇွန်လဆန်းမှာပြန်ဆုတ်သွားတာဖြစ်ပါတယ်။

❤45👍15👏6🥰1🤣1
ရန်ကုန်မှာ ၆တန်းကျောင်းသား ၁ဦး သတ်ဖြတ် ရုပ်အလောင်းဖျောက်ခံရ
ဇွန်-၁၀၊၂၀၂၆။စိုင်းနောင်/People's Spring
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မြောက်ဒဂုံမြို့နယ်၊ (၃၉/A) ရပ်ကွက်မှာ နေထိုင်တဲ့ မောင်မင်းခန့်ဇော်ဟာ ဇွန်လ ၈ရက် ညနေ ၄နာရီခန့်က နေအိမ်က ထွက်သွားပြီး ပြန်ရောက်မလာဘဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေက လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတွေတင်ပြီး အကူအညီတောင်းခဲ့သလို ရဲစခန်းမှာလည်း အမှုဖွင့်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ ဇွန်လ ၁၀ရက် မနက်ပိုင်းမှာတော့ ရေကန်တစ်ခုအတွင်း သေဆုံးနေတဲ့ ရုပ်ရုပ်အလောင်းကိုပြန်တွေ့ရတာလို့ မြောက်ဒဂုံမြို့နယ်၊ (၃၉/A) ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
" ကျနော်တို့လည်းလိုက်ရှာတာပဲ ဘယ်လိုမှ စုံစမ်းလို့မရဘူး။ ရေကန်ထဲမှာပေါ်နေလို့ သွားကြည့်တော့မှတွေ့တာ။ ဒဏ်ရာတွေရှိတယ်ပြောကြတယ်။ အသတ်ခံထားရတာတဲ့"လို့ ၎င်းက ဆိုပါတယ်။
မောင်မင်းခန့်ဇော်ရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက" တူလေးဆုံးပြီ။ ရေကန်ထဲမှာ။ အသတ်ခံထားရပါတယ်။လုပ်ရက်လိုက်ကြတာ "လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
ပျောက်ဆုံးသွားတဲ့ညနေကစပြီး မိသားစုဝင်တွေက " ပြည်သူတွေရဲ့ အကူအညီကို အရေးတကြီး လိုအပ်နေပါသည်"လို့ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် ဆက်တိုက်အကူအညီတောင်းခဲ့ကြပါသေးတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ လူပျောက်မှုတွေ၊ အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေ၊ လုယက်မှုတွေနဲ့လူသတ်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။
ယခုရက်ပိုင်းမှာပဲ နေပြည်တော်က ကိုယ်ပိုင်ကျောင်းတစ်ခုမှာ ကလေးချင်းဖြစ်ပွားတဲ့ ပြဿနာကနေ လူကြီးချင်းသတ်ဖြတ်တဲ့အထိ ဖြစ်ပွားခဲ့သလို ပဲခူးတိုင်း၊ကဝမြို့မှာလည်း ကလေးငယ် ၂ဦးအပါအဝင် ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

😢36❤7👍3🔥3🤬1
ရေစကြိုမှာ စစ်တပ် လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သား ၂ဦး သေဆုံး
ဇွန်-၁၀၊၂၀၂၆။မိုမို/People's Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။
မနေ့က(ဇွန် ၉ ရက်)ည ၉ နာရီ၀န်းကျင်က ရေစကြိုမြို့ပေါ်မှာ စစ်တပ်အခြေစိုက်ထားတဲ့ ရုံးပေါင်းစုံနဲ့ စစ်မှုထမ်းဟောင်းရုံးတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"ပစ်တာတော့ ပတ်ပတ်လည်ကို ရမ်းပစ်တာပဲ။ သေဆုံးတဲ့ ၂ ယောက်ကတော့ ရေစကြိုမြို့တောင်ဘက် သမန္တပို့ရွာက သိရတယ်။ အသေးစိတ်တော့ ဖုန်းဆက်မရလို့ မသိရသေးဘူး"လို့ ရေစကြိုမြို့နယ် သတင်းနဲ့အချက်အလက်ကော်မတီတာ၀န်ရှိသူက ပြောပါတယ်။
စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုက ဇွန်လ ၈ရက်မှာ ရေစကြိုမြို့နယ် အမှတ်(၄)ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ကို ရှင်းလင်းခံရတာနဲ့ ဆက်စပ်နိုင်တယ်လို့ ရေစကြိုမြို့နယ်သတင်းရင်းမြစ်က
အသိပေးပါတယ်။
"အဲလိုမပစ်တာကြာပြီဆိုတော့ ဆက်စပ်နိုင်ပါတယ်"လို့ သူက ပြောပါတယ်။
စစ်တပ်အတွက် တပ်သားသစ်စုဆောင်းပေးတာ၊လူထုအပေါ်အနိုင်ကျင့်မှုတွေရှိနေတယ်ဆိုတဲ့ (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး လွင်မျိုးအောင်(ခ)ငလွင်နဲ့ သားဖြစ်သူ ပျူစောထီးရဲမာန်တို့ကို ဖမ်းဆီးစဉ် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ပတ်သက်တဲ့ ဘယ်သူ့ကိုမဆို အရေးယူတာတွေ ဆက်လုပ်မယ်လို့လည်း ပကဖ က သတိပေးပါတယ်။
ရေစကြိုမြို့အနောက်ဘက် (၂)မိုင်၀န်းကျင်အကွာက ဖူလုံရွာအနီးမှာ စစ်တပ်ရဲ့ အမှတ် (၂၅၆)၊(၂၅၈)၊(၂၅၈)ခြေလျင်တပ်ရင်းတွေရှိပါတယ်။ ဒါ့အပြင် ပခုက္ကူမြို့နယ်နဲ့ ဆက်စပ်နေတာကြောင့်လည်း တပ်မ (၁၀၁)ကနေ ရေစကြိုမြို့နယ်ကို မကြာခဏ စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်တာရှိပါတယ်။

😡20🤬9❤5👎2🔥1
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးပြော
ဇွန်-၁၀၊ ၂၀၂၆။ People’s Spring
တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ တွေ့ဆုံဖို့ စီစဥ်ထားပြီး အခြေအနေတွေကို လေ့လာဖို့နဲ့ အဖြေတွေ ရှာဖွေဖို့အတွက် ရည်ရွယ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက ဆိုပါတယ်။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတရဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးလာဇာရိုက “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိပြီး အခြေအနေသိရှိဖို့ နဲ့ ကျွန်မတို့ အမှန်တကယ်ဘယ်လိုကူညီနိုင်မလဲဆိုတာ ရှာဖွေဖို့ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ Nikkei က စီစဥ်တဲ့ ဖိုရမ်တစ်ခုကို တက်ရောက်လာရင်း ပြောဆိုခဲ့တာပါ။
ဒါပမဲ့ ဘယ်သူတွေနဲ့တွေ့မယ်၊ ဘယ်မှာတွေ့ဆုံမယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက အသေးစိတ်ထုတ်ဖော်မပြောပါဘူး။
“ဘယ်လောက်အလုပ်ဖြစ်မလဲဆိုတာ ကျွန်မတို့ ကြည့်ကြတာပေါ့”လို့ သူမက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန္ဒပြသူတွေကို စစ်တပ်က ရက်ရက်စက်စက်ဖိနှိပ်ခဲ့ချိန် ၂၀၂၁ ကစလို့ ပဋိပက္ခဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ပြည်တွင်းစစ် ပိုအားကောင်းလာခဲ့ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ အာဏာသိမ်းခေါင်းဆောင်ပိုင်းကို တက်ရောက်ခွင့်ပိတ်ပင်ထားပေမယ့် ပြီးခဲ့တဲ့ ဧပြီမှာ အရပ်သားအစိုးရအမည်ခံ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့အသစ် ပြန်ဖွဲ့ချိန်ကစလို့ အာဆီယံဟာ နေပြည်တော်နဲ့ ပြန်လည်ထိတွေ့ဖို့ နည်းလမ်းတွေ ရှာဖွေလာပါတယ်။
သမ္မတအမည်ခံ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း သူ့အစိုးရအဖွဲ့သစ်ဟာ အာဆီယံ ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုထားပါတယ်။
တဖက်မှာလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်က မြန်မာ့ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များစွာပါဝင်တဲ့ ပါဝင်ပတ်သက်သူများအစည်းဝေးကို ကျင်းပခဲ့ပါတယ်။
ကိုးကား - Reuters

👍41❤14👏4🤮2🥰1
မြောင်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ
ဇွန် ၁၀၊ ၂၀၂၆။ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီကနေ့ ဇွန် ၁၀ ရက် မနက် ၁၁ နာရီဝန်းကျင်က မြောင်မြို့နယ်၊ ပေါက်တောကျေးရွာကို အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၁စီးနဲ့ လေကြောင်းတိုက်ခိုက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
"ပြည်သူ ၇ ယောက်အထိအခိုက်ရှိပါတယ်။ သေဆုံးသူ ၁ ယောက်ရှိပါတယ်"လို့ မြောင်မြို့နယ် T. G. R. သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ထိခိုက်သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ မြောင်နယ်နဲ့စပ်ဆက်နေတဲ့ ချောင်းဦးမြို့နယ်ကို စစ်ကြောင်းထိုးနေပြီး ရေစကြို- ချောင်းဦးလမ်းကို စိုးမိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲတဲ့ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းကလည်း မြောင်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့ပါသေးတယ်။

🤬40❤2👎2🔥1
ကနေဒါခရီးစဉ် လူသားစာနာအကူအညီများ ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်လာစေဟု ဖက်ဒရယ်ဦးဆောင်ကောင်စီ ထုတ်ပြန်
ဇွန် ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါနိုင်ငံ ခရီးစဉ် အောင်မြင်စွာပြီးဆုံးကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနဲ့ ဖက်ဒရယ် ဒီမိုကရေစီ၊ လူ့အခွင့်အရေးတို့အတွက် ကနေဒါနိုင်ငံရဲ့ အရေးပါမှုကို ပေါ်လွင်ထင်ရှားစေပြီး ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေ ကြောင်း ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) မှ စောနီးမရော့ဒ်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ နဲနယ်ပလို တို့ ပါဝင်တဲ့ အဖွဲ့ဟာ ကနေဒါနိုင်ငံသို့ စည်းရုံးလှုံ့ဆော်ရေးနဲ့ ဆက်ဆံရေး တည်ဆောက်ရေး အတွက် ခရီးသွားရောက်ခဲ့တာဖြစ်ပါတယ်။ ခရီးစဉ်မှာ NUG သမ္မတရုံး အကြံပေး ဦးကျော်ဇော်လည်း ကိုယ်စားလှယ်အဖွဲ့နဲ့ ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
ကနေဒါနိုင်ငံခရီးစဉ်မှာ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ပါလီမန်အတွင်းဝန်ဖြစ်သူ ဂုဏ်ထူးဆောင် ရော့ဘ် အိုလီဖန့် ၊ ဝန်ကြီးများ၊ ပါလီမန်အမတ်များ ဖြစ်ကြတဲ့ ဂါးနက် ဂျဲနူးစ် ၊ အာဒမ် ချိန်ဘာစ် အပါအဝင် ကနေဒါနိုင်ငံရေးသမားတွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု တွေ လုပ်ခဲ့တယ်လို့ အသိပေးပါတယ်။ သူတို့ဟာ မြန်မာ့ဒီမိုကရေစီအရေး ပါလီမန်မိတ်ဆွေများအဖွဲ့ ရဲ့ ကိုယ်စားလှယ်များဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမယ့် အခွင့်အလမ်းများ၊ ပူးပေါင်း ဆောင်ရွက်ရမယ့် ကဏ္ဍများ၊ ထိရောက်သော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးအပ်မှုများနဲ့ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ပံ့ပိုးကူညီမှုများ ကို ထုတ်ဖော်ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူများအပေါ် ဆက်လက် ကျူးလွန်နေတဲ့ အကြမ်းဖက်မှု များအပေါ် ကနေဒါနိုင်ငံအနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထပ်လောင်း အတည်ပြုခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့ဟာ ကနေဒါနိုင်ငံ အော့တဝါမြို့ရှိ လူမှုအခြေပြု အဖွဲ့အစည်းများ နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ဖို့၊ ဖက်ဒရယ်စနစ် ဖော်ဆောင်ရန် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းများကို ဖော်ထုတ်ခဲ့ကြကြောင်း ထုတ်ပြန်ပါတယ်။
ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ကုလသမဂ္ဂဆိုင်ရာ ကနေဒါသံအမတ်ကြီးဟောင်းနြ့ အွန်တေးရီးယိုးပြည်နယ် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဂုဏ်ထူးဆောင် ဘော့ဘ်ရေး နဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများ၊ ဖက်ဒရယ်စနစ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ အသိပေးပါတယ်။
တိုရွန်တိုတက္ကသိုလ်ရှိ မြန်မာ့မူဝါဒနဲ့ လူထုအသိပညာပေး ဗဟိုဌာန (MyPACK Hub) နဲ့လည်း ဆွေးနွေးပွဲ တရပ်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
SCEF ကိုယ်စားလှယ်တို့ဟာ ကနေဒါရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ အဝေးရောက် မြန်မာ အသိုင်းအ၀ိုင်းနဲ့ လူထုတွေ့ဆုံပွဲတွေ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့လည်း အသိပေးထုတ်ပြန်ပါတယ်။
SCEFဟာ အာဏာသိမ်းစစ်တပ်ကို စစ်ရေးနိုင်ငံရေးအရ ထိရောက်စွာ တွန်းလှန်ဖို့ အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံးKNU ၊ KNPP၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ စုဖွဲ့ထားတာဖြစ်ပါတယ်။

👍36❤14🤮2🥰1
ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးတက်လာတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီး နောက်ပြန်ဆုတ်
ဇွန် -၁၀၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးတက်လာတဲ့ စစ်တပ်အထိနာပြီး နောက်ပြန်ဆုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့ တာ၀န်ရှိသူတချို့က လူထုနွေဦးကို ပြောပါတယ်။
သရက်မြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၄၄)ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေက အင်အား ၁၀၀၀ ကျော် နဲ့စစ်ကြောင်း သုံးခုခွဲပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမဆီ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
"ရခိုင်ရိုးပေါ်ကို တက်နေတဲ့ စစ်ကြောင်းကတော့ ရှေ့မှာတိုက်ပွဲတွေ လကုန်ရက်နဲ့ လကုန်ပြီ တရက်နှစ်ရက် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနောက်ပိုင်းမှာတော့ ဆက်ပြီး တိုက်ပွဲ ဖြစ်တာမရှိပါဘူး။ငြိမ်နေတယ်သူတို့လည်းနောက်ကို ဆုတ်သွားတယ်။အဲဒီလို အနေအထားမျိုးပါ။ရိုးအခြေမှာပဲ ပြန်တပ်စွဲနေတယ်"လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် တာ၀န်ရှိသူက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့နောက်ထပ်စစ်ကြောင်းနှစ်ခုမှာ ဖြူကန်ကျေးရွာနဲ့ ကျွဲဒွန်ကျေးရွာမှာရှိနေပြီး တပ်စွဲထားတယ်လို့ သူက ပြောပါတယ်။
"မင်းတုန်းမြို့မြောက်ဘက်ခြမ်းကိုလည်း စစ်တပ်စစ် ကြောင်းတွေ ခွဲရောက်နေတာရှိတယ်။တိုက်ပွဲလည်းဖြစ်တယ်"လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ မင်းတုန်းမြို့နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ ရခိုင်ရိုးမနဲ့ ဆက်နေတဲ့ လမ်းတွေကို ပိတ်ဆို့ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာလို့ ဒေသတွင်း စစ်ရေးတာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။
အဲဒီနောက် ရခိုင်ရိုးခြေအနီးက ပြောင်းကျေးရွာကို တပ်စွဲပြီး အနီးပတ်၀န်းကျင်က ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးတာအပြင် ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကို စစ်တပ်ကကန့်သတ်ထားပါတယ်။
စစ်တပ်စစ်ကြောင်းဟာ မေလ နောက်ဆုံးပတ်နဲ့ အခုဇွန်လ ၃ ရက်က မင်းတုန်းမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦးကို တော်လှန်ရေးတပ်တွေက ဖမ်းမိခဲ့ပါတယ်။
မေလ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦး ၀င်ရောက်ခဲ့ပြီး ရခိုင်ရိုးမ တောင်ခြေအထိ စစ်တပ်က တပ်ဖြန့်ခဲ့တာဖြစ်ပါတယ်။
မင်းတုန်းမြို့နယ်အနောက်ဘက်မှာ ရခိုင်ပြည်နယ်တောင် ကုတ်မြို့နဲ့ထိစပ်ပြီး အာရက္ခတပ်တော် (AA) က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

👏32❤7👍7😁2🥰1
ထိန်းချုပ်ဒေသတွင်း ဆက်သွယ်ရေးလမ်းပိုင်းတွေကို ဟုမ္မလင်း-ပအဖ ယာယီပိတ်
ဇွန်-၁၀၊၂၀၂၆။စိုင်းနောင်/People's Spring
ဟုမ္မလင်းမြို့နယ်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေအတွင်း ကုန်း
လမ်းနဲ့ရေလမ်းဖြတ်သန်းသွားလာခွင့်ကို ဒီနေ့(ဇွန်လ၁၀) ကစပြီးပိတ်ပင်လိုက်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။
ထိန်းချုပ်နယ်မြေအတွင်းရှိ အဝင်အထွက်ဂိတ်တွေ၊ ကုန်းလမ်းနဲ့ ရေလမ်းဂိတ်တွေ၊ အ
ခွန်ဂိတ်တွေအားလုံးကို ပိတ်ပင်လိုက်တာဖြစ်ပြီး နောက်ထပ်ကြေညာချက်မထွက်ခင်အထိ အတည်ဖြစ်တယ်လို့ဇွန်လ ၈ ရက်နေ့ကထုတ်
ပြန်ချက်မှာဖော်ပြထားပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲမှာပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့ ရှမ်းနီတပ်
(SNA) ပူးပေါင်းစစ်ကြောင်းတွေ စစ်ရေးလှုပ်ရှားမှုရှိနေတယ်လို့ ဒေသခံသတင်းမြစ်တွေကပြောပါတယ်။ဇွန်လဆန်းပိုင်းက တိုက်
ပွဲတွေမှာ စစ်တပ်ကလက်နက်ကြီးအင်အားသုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
ဟုမ္မလင်းမြို့နယ်ဟာ ခန္တီးခရိုင်ထဲမှာပါဝင်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့လည်းဆက်စပ်နေပါတယ်။ဟုမ္မလင်းမြို့နယ်ထဲမှာပါဝင်တဲ့ ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ဒေသတွင်းမှာ ချင်းတွင်းမြစ်နဲ့ရေကြောင်းကုန်သွယ်ရေးရှိသလိုကုန်းလမ်းကုန်သွယ်ရေးလမ်းကြောင်းလည်းရှိပါတယ်။လက်ရှိမှာ ကုန်းလမ်းနဲ့ရေလမ်းကုန်သွယ်ရေးလမ်း
ကြောင်းတွေကို ပိတ်ပင်ထားမယ်ဆိုတဲ့ကြေ
ညာချက်ကြောင့် ဒေသတွင်း ကုန်စည်စီးဆင်ရေးအတွက်အခက်အခဲတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ကျေးရွာတစ်ရွာကဒေသခံတဦးကပြောပါတယ်။
လက်ရှိဒေသတွင်းအခြေအနေအရဒေသတွင်းဆက်သွယ်ရေးလမ်းပိုင်းတွေ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတဲ့အပြင် ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြစ်ပြင်တလျှောက် နဲ့ သောင်သွပ်တိုက်နယ်အတွင်း အသုံးပြုနေတဲ့ စတားလင့် ၊ အင်တာနက်၊ ဝိုင်ဖိုင်အသုံးပြုမှုအားလုံးကိုလည်းဒီနေ့ကစပြီး အသုံးပြုခွင့် ပိတ်ပင်သွားမယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။
လက်ရှိမှာဟုမ္မလင်းမြို့နယ်နဲ့ဆက်စပ်နေတဲ့ တမူးမြို့နယ်မှာလည်းစစ်တပ် နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပါတယ်။

👍33❤7🥴2🤣1