People's Spring
✔
59.8K subscribers
72K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မ​ကွေးတိုင်းအတွင်း ​မေလ နဲ့ ဇွန်လဆန်းတိုက်ပွဲ​တွေမှာစစ်တပ်ထံကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ၊စစ်သုံ့ပန်း​တွေနဲ့
​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ
👍53🥰9😁3❤2
👍55🥰7😁3❤2
တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်ကို စစ်တပ်က ၅ရက်အတွင်း လေယာဉ်နဲ့ အကြိမ် ၃၀ကျော် ဗုံးကြဲ

ဇွန်-၁၀၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ချင်း-မကွေးအစပ် ဆောမြို့နယ်အတွင်း စစ်တပ်က အင်အားအလုံးအရင်းဖြည့်တင်းကာ မေလ ၁၈ရက်မှာ ချင်းပြည်နယ် ကန်ပက်လက်၊ မေလကုန်ပိုင်းမှာ မင်းတပ် ဒေသတွေကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

“တိုက်ပွဲက ခုလည်းရှိ၊ ကြားနေရ”လို့ မင်းတပ်ဒေသခံက ဒေသတွင်း စစ်ရေးအခြေအနေကို ပြောပါတယ်။ ကန်ပက်လက်မြို့နယ်မှာတော့ တိုက်ပွဲတွေ ခဏ ငြိမ်နေတယ်လို့လည်း ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့ ဇွန်လ ၁၀ရက်မှာ မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံက အသိပေးပါတယ်။

စစ်တပ်ဟာ စစ်ရေးမှာ အကြပ်အတည်းကြုံရတိုင်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိကြောင်း မင်းတပ်အပါအဝင် ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားပြီး လက်ရှိ စစ်တပ်ထိုးစစ်ကို ရင်ဆိုင်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောထားပါတယ်။

စစ်တပ်ဟာ တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်မြို့ကို လေကြောင်းပစ်ကူပေး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေကြရပြီး ၅ရက်တာအတွင်း ဇွန်လ ၆ရက်ကနေ ၁၀ရက်မနက်အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၀ ကျော် လုပ်ဆောင်ခဲ့ပါတယ်။ တိုက်လေယာဉ်တွေအပြင် Y12 လေယာဉ်တွေပါသုံးပြီး ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်နေတာပါ။

ဒေသခံရဲ့ အသိပေးချက်တွေအရ ဇွန်လ ၆ရက်ကနေ ဒီကနေ့ မနက်ပိုင်းအထိ တိုက်လေယာဉ်နဲ့ ၂၄ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး Y12 လေယာဉ်နဲ့ ၉ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာ တွေ့ရပါတယ်။ တိုက်လေယာဉ်နဲ့ ဗုံးကြဲရာမှာ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး အသုံးပြု တိုက်ခိုက်မှုတွေရှိခဲ့သလို Y12နဲ့ ဗုံးကြဲရာမှာလည်း တကြိမ် ၅လုံးနှုန်း ကြဲချတိုက်ခိုက်ခဲ့တာပါ။ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ထိခိုက်သေဆုံးမှု ရှိမရှိ အခြေအနေတွေကိုတော့ ချင်းပြည်သူ့ အစည်းအရုံးက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဒါပေမဲ့ စစ်ရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်မှာတော့ အင်အား ၂၀၀၀ လောက်သုံးပြီး မင်းတပ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ဟန့်တားထားနိုင်ကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့ထိုးစစ်မစခင်ကလည်း လေကြောင်းစစ်ဆင်ရေးတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။
🤬41❤7👎3🔥1
(ပြီးခဲ့တဲ့ ဇွန်လ ၇ရက်က မင်းတပ်မြို့ပေါ်တနေရာကို စစ်တပ်က ဗုံးကြဲအပြီး နေအိမ်တွေ ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)
🤬40🔥5👎3
တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကူနဲ့ ဗန်းမော်မြို့ဆီ စစ်တပ်ကနည်းမျိုးစုံသုံး အင်အားပို့နေ

‌ဇွန်-၁၀၊၂၀၂၆။စိုင်းနော်/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

မိုးမိတ်မြို့ဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက မြို့တွေကိုဖြတ်ပြီး ကချင်ပြည်နယ် ရွှေကူနဲ့ဗန်းမော်မြို့အထိရောက်တဲ့ ကားလမ်းပိုင်းရှိပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွှေ့ပြောင်းအလုပ်သမားနဲ့ ခရီးသွားဟန်ဆောင်ပြီး ခရီးသည်တင်ကားတွေနဲ့ လိုက်ပါနေတာလို့ ရွှေကူဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

" လမ်းခရီး ထိန်းချုပ်ဧရိယာတွေမှာ KIAနဲ့ KPDF က စစ်တယ်။ မိတာတွေမိတယ်။ လွတ်သွားတာတွေလည်းရှိတယ်။ အဓိကကတော့ လမ်းပိုင်းကို အသုံးပြုပြီး စစ်တပ်က အင်အားဖြည့်နေတယ်"လို့ အဲ့ဒီသီတင်း ရင်းမြစ်ကပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့ကို စစ်တပ်က ပြီးခဲ့တဲ့ မေလမှာ မိုးကောင်း- မြစ်ကြီးနား လမ်းပိုင်းကနေလည်း ကားအစီးရေ ၁၀၀ကျော် အင်အားဖြည့်တင်းခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းက တပ်ရင်းတွေကိုပါ နည်းမျိုးစုံသုံးပြီး ပို့ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ ရွှေကူမြို့နယ်အနီး စစ်ရေးတင်းမာနေပါတယ်။

KIAက ဇွန်လ ၈ ရက်စပြီး ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးကို ရက်အကန့် အသတ်မရှိ သွားလာခွင့်ပိတ်လိုက်တဲ့အပြင် ရွှေကူမြို့က ဒေသခံတွေ မြို့ကထွက်ခွာတိမ်းရှောင်ပေးဖို့ တိုက်တွန်းထားပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ မိုးမိတ်မြို့နဲ့အတူ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့အကူအညီနဲ့ စစ်တပ်ထံ ၂၀၂၅ အောက်တိုဘာမှာ TNLAက ပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ မိုးကုတ်-မိုးမိတ်လမ်းကနေ စစ်တပ်စစ်ကြောင်းတွေဝင်လာပြီးတပ်စွဲထားပါတယ်။

" မိုးမိတ်မှာ တပ်မ(၅၅)လက်အောက်ခံတပ်ရင်းတွေရောက်နေတာ။ အဲ့ဒီကနေတဆင့် လက်ရှိစစ်ရေးတင်းမာနေတဲ့နေရာတွေကို အင်အားဖြည့်နေတယ်။ မိုးမိတ်မြို့မှာတော့လက်ရှိ ပုံမှန်အခြေအနေဖြစ်နေတယ်"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က ပြီးခဲ့တဲ့ ဧပြီ ၂၃ရက်ညပိုင်းမှာ ကချင်၊ကယား၊ကရင်၊ချင်း၊ရခိုင်နဲ့ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့က မြို့ပေါင်း ၆၀ကို ရက် ၉၀ကြာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့မြို့နယ်ထဲမှာ မိုးမိတ်မြို့နဲ့အတူ လက်ရှ်ိစစ်ရေးတင်းမာနေတဲ့ရွှေကူ မြို့လည်းပါဝင်ခဲ့ပါတယ်။
🤬36❤4👎3🔥3👍2🥴2
(ကချင်ပြည်နယ်က ရွှေကူနဲ့ ဗန်းမော်မြို့ဆီ စစ်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အားပို့ဆောင်နေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Screen Grab)
🔥27👎9❤5🖕4👻2
ပြည်သူ​တွေကိုသတ်ဖြတ်ပြီးနေအိမ် ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တဲ့ မြစ်ခြေရဲစခန်းကို PDF တိုက်ခိုက်သိမ်းပိုက်

■စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲွအ​ရေးယူမည်

ဇွန် -၁၀၊၂၀၂၆။ဒီးဒီ/People’s Spring

ဒေသခံပြည်သူ ၂၀ကျော်ရက်ရက်စက်စက်သတ်ဖြတ်ပြီး နေအိမ် ၁၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့တဲ့ ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ဦးဆောင်ကွပ်ကဲမှုနဲ့ ဒီကနေ့ ဇွန်လ ၁၀ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာမေလ ၁၀ ရက်ကနေ ဇွန်လ ၂
ရက်အထိ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရှိ ပြည်
သူလူထုပိုင် နေအိမ်အဆောက်အဦးပေါင်း (၁၀၀၀) ကျော် မီးရှို့ဖျက်ဆီးကာ အတည်ပြုနိုင်တဲ့ ပြည်သူ ၂၄ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာဇွန်လ ၁၀ ရက်မှာ မြစ်ခြေစခန်း အပြီး
တိုင် ထိုးစစ်ဆင်သိမ်းပိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီအား လက်တုံ့ပြန်တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဇွန်လ၁၀ ရက်နံနက်(၄)နာရီမှာမြစ်ခြေရဲစခန်းကိုမကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မနက် (၅) နာရီမှာ အ
ပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်းရန်သူ့တပ်ထံက G-3 (၁၈)လက်၊ 79 (၁) လက်၊ ‌ခြောက်လုံးပြူး (၂) လက်၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ G-3 ကျည်ဘောက် (၂၇) ဘောက်၊ လက်လုပ် လေသေနတ် (၁) လက်၊ ကျည်ကာ ဦးထုပ် (၇)လုံး၊ G-3 ကျည် (၁၉၀၈) တောင့် သိမ်း
ဆည်းရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်သား ၂ ဦး ​သေဆုံးပြီး ၁၄ ဦး စစ်သုံ့ပန်းအဖြစ် လက်
နက်ချအညံ့ခံခဲ့တယ်လို့လည်း​ဖော်ပြပါတယ်။

စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေများနဲ့ အညီ ထိန်းသိမ်းထားရှိပြီးစစ်ရာဇဝတ်မှုကျူး
လွန်သူတွေကိုစစ်ဘက်ဆိုင်ရာဥပဒေများနဲ့ အညီစိစစ်ဖော်ထုတ်ပြီးစစ်တရားရုံးတင်စစ်
ဆေးအရေးယူ ဆောင်ရွက်သွားမှာလို့ ဖော်ပြပါတယ်။

ဒါ့အပြင်စစ်တပ်ရဲ့အကြမ်းဖက်နှိပ်စက် သတ်ဖြတ်မှုတွေကြောင့် ကျဆုံးသွားခဲ့ရတဲ့ မြစ်ခြေဒေသခံ မိဘပြည်သူများ ကောင်း
မြတ်ရာ ဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့ထားပါတယ်။

ပခုက္ကူမြို့ အ​ခြေစိုက် တပ်မ ၁၀၁ လက်​အောက်ခံတပ်ရင်း​တွေနဲ့ ညောင်ဦးအ​ခြေစိုက်ခလရ (၄၁၅)က စစ်သား တွေ၊စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ၊ရဲ​တွေ ပူးပေါင်းပြီး​တော့အင်အားရာချီပါတဲ့စစ်တပ်စစ်ကြောင်းဟာ မြစ်ခြေမြို့ကို ​မေလဒုတိယပါတ်မှာဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စစ်တပ်က​မြစ်​​ခြေမြို့ကပြည်သူ​တွေကိုဖမ်းဆီးသတ်ဖြတ်တာမှာ ဇွန် ၉ ရက်အထိရုပ်အ​လောင်း ၃၇ ​လောင်းရှာ​ဖွေ​တွေ့ရှိပြီး ​ပျောက်ဆုံး​နေသူ ၅ ဦးရှိ​သေးတယ်လို့ရှာ​ဖွေကယ်ဆယ်​ရေး၊နယ်​မြေရှင်းလင်း​ရေးလုပ်​နေသူ​တွေက​ပြောပါတယ်။ စစ်တပ်စစ်​ကြောင်း​တွေကမြစ်​ခြေမြို့ကို ဖျက်ဆီးပြီး ဇွန်လဆန်းမှာပြန်ဆုတ်သွားတာဖြစ်ပါတယ်။
❤45👍15👏6🥰1🤣1
👏42👍13❤9🥰1🤣1
ရန်ကုန်မှာ ၆တန်းကျောင်းသား ၁ဦး သတ်ဖြတ် ရုပ်အလောင်းဖျောက်ခံရ

ဇွန်-၁၀၊၂၀၂၆။စိုင်းနောင်/People's Spring

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မြောက်ဒဂုံမြို့နယ်၊ (၃၉/A) ရပ်ကွက်မှာ နေထိုင်တဲ့ မောင်မင်းခန့်ဇော်ဟာ ဇွန်လ ၈ရက် ညနေ ၄နာရီခန့်က နေအိမ်က ထွက်သွားပြီး ပြန်ရောက်မလာဘဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေက လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတွေတင်ပြီး အကူအညီတောင်းခဲ့သလို ရဲစခန်းမှာလည်း အမှုဖွင့်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ ဇွန်လ ၁၀ရက် မနက်ပိုင်းမှာတော့ ရေကန်တစ်ခုအတွင်း သေဆုံးနေတဲ့ ရုပ်ရုပ်အလောင်းကိုပြန်တွေ့ရတာလို့ မြောက်ဒဂုံမြို့နယ်၊ (၃၉/A) ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

" ကျနော်တို့လည်းလိုက်ရှာတာပဲ ဘယ်လိုမှ စုံစမ်းလို့မရဘူး။ ရေကန်ထဲမှာပေါ်နေလို့ သွားကြည့်တော့မှတွေ့တာ။ ဒဏ်ရာတွေရှိတယ်ပြောကြတယ်။ အသတ်ခံထားရတာတဲ့"လို့ ၎င်းက ဆိုပါတယ်။

မောင်မင်းခန့်ဇော်ရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက" တူလေးဆုံးပြီ။ ရေကန်ထဲမှာ။ အသတ်ခံထားရပါတယ်။လုပ်ရက်လိုက်ကြတာ "လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

ပျောက်ဆုံးသွားတဲ့ညနေကစပြီး မိသားစုဝင်တွေက " ပြည်သူတွေရဲ့ အကူအညီကို အရေးတကြီး လိုအပ်နေပါသည်"လို့ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် ဆက်တိုက်အကူအညီတောင်းခဲ့ကြပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ လူပျောက်မှုတွေ၊ အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေ၊ လုယက်မှုတွေနဲ့လူသတ်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။

ယခုရက်ပိုင်းမှာပဲ နေပြည်တော်က ကိုယ်ပိုင်ကျောင်းတစ်ခုမှာ ကလေးချင်းဖြစ်ပွားတဲ့ ပြဿနာကနေ လူကြီးချင်းသတ်ဖြတ်တဲ့အထိ ဖြစ်ပွားခဲ့သလို ပဲခူးတိုင်း၊ကဝမြို့မှာလည်း ကလေးငယ် ၂ဦးအပါအဝင် ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
😢36❤7👍3🔥3🤬1
👎18👍3🔥1
ရေစကြိုမှာ စစ်တပ် လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သား ၂ဦး သေဆုံး

ဇွန်-၁၀၊၂၀၂၆။မိုမို/People's Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

မနေ့က(ဇွန် ၉ ရက်)ည ၉ နာရီ၀န်းကျင်က ရေစကြိုမြို့ပေါ်မှာ စစ်တပ်အခြေစိုက်ထားတဲ့ ရုံးပေါင်းစုံနဲ့ စစ်မှုထမ်းဟောင်းရုံးတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ပစ်တာတော့ ပတ်ပတ်လည်ကို ရမ်းပစ်တာပဲ။ သေဆုံးတဲ့ ၂ ယောက်ကတော့ ရေစကြိုမြို့တောင်ဘက် သမန္တပို့ရွာက သိရတယ်။ အသေးစိတ်တော့ ဖုန်းဆက်မရလို့ မသိရသေးဘူး"လို့ ရေစကြိုမြို့နယ် သတင်းနဲ့အချက်အလက်ကော်မတီတာ၀န်ရှိသူက ပြောပါတယ်။

စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုက ဇွန်လ ၈ရက်မှာ ရေစကြိုမြို့နယ် အမှတ်(၄)ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ကို ရှင်းလင်းခံရတာနဲ့ ဆက်စပ်နိုင်တယ်လို့ ရေစကြိုမြို့နယ်သတင်းရင်းမြစ်က
အသိပေးပါတယ်။

"အဲလိုမပစ်တာကြာပြီဆိုတော့ ဆက်စပ်နိုင်ပါတယ်"လို့ သူက ပြောပါတယ်။

စစ်တပ်အတွက် တပ်သားသစ်စုဆောင်းပေးတာ၊လူထုအပေါ်အနိုင်ကျင့်မှုတွေရှိနေတယ်ဆိုတဲ့ (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး လွင်မျိုးအောင်(ခ)ငလွင်နဲ့ သားဖြစ်သူ ပျူစောထီးရဲမာန်တို့ကို ဖမ်းဆီးစဉ် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ပတ်သက်တဲ့ ဘယ်သူ့ကိုမဆို အရေးယူတာတွေ ဆက်လုပ်မယ်လို့လည်း ပကဖ က သတိပေးပါတယ်။

ရေစကြိုမြို့အနောက်ဘက် (၂)မိုင်၀န်းကျင်အကွာက ဖူလုံရွာအနီးမှာ စစ်တပ်ရဲ့ အမှတ် (၂၅၆)၊(၂၅၈)၊(၂၅၈)ခြေလျင်တပ်ရင်းတွေရှိပါတယ်။ ဒါ့အပြင် ပခုက္ကူမြို့နယ်နဲ့ ဆက်စပ်နေတာကြောင့်လည်း တပ်မ (၁၀၁)ကနေ ရေစကြိုမြို့နယ်ကို မကြာခဏ စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်တာရှိပါတယ်။
😡20🤬9❤5👎2🔥1