စစ်တပ်ကို ပံ့ပိုးတာတွေ မပြုလုပ်ဖို့ စင်ကာပူကို JFM တောင်းဆို
■စင်ကာပူအစိုးရက မပယ်ဖျက်ရသေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီတွေပါနေပြီအရေးယူပေးဖို့တိုက်တွန်း
ဇွန်-၉၊ ၂၀၂၆။ တေဇ/People's Spring
ပြည်သူတွေအပေါ် အကြမ်းဖက်မှူတွေ ကျူးလွန်နေတဲ့ စစ်တပ်အတွက် လက်နက်၊ စက်ပစ္စည်းနဲ့ လေယာဉ်ဆီရောင်းဝယ်ပေးနေတဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီတွေရဲ့ လုပ်
ရပ်ကိုရပ်တန့်ပေးဖို့Justice For Myanmar
(JFM)က တောင်းဆိုလိုက်ပါတယ်။
“မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အားပေးကူညီနေတဲ့ စင်ကာပူကုမ္ပဏီတွေကို ဖော်ထုတ်ခဲ့တာ လေးနှစ်နီးပါးရှိလာခဲ့ပေ
မယ့် ဒီလောက်များပြားတဲ့ စီးပွားရေးလုပ်ငန်းတွေက အရေးယူမခံရဘဲ ဆက်လက်လည်
ပတ်နေတာကတော့ လက်ခံနိုင်စရာ မရှိပါဘူး။ အရေးယူမှုတွေ ပြုလုပ်ခဲ့တာကို ကြိုဆိုပေမယ့်စစ်အုပ်စုက မြန်မာပြည်သူတွေအ
ပေါ် နေ့စဉ်နဲ့အမျှ အကြမ်းဖက်နိုင်ဖို့ လိုအပ်နေတဲ့ စစ်လက်နက်တွေ၊ စက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်နိုင်ဖို့ စင်ကာပူအနေနဲ့ အခုထက်ပိုမို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်"လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
ဒါကြောင့် စင်ကာပူအခြေစိုက်စီးပွားရေးလုပ်
ငန်းတွေအနေနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ အရောင်းအဝယ်ပြုလုပ်တာတွေကို ရပ်တန့်ဖို့နဲ့ ဒီလိုပါဝင်ပတ်သက်နေတာက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားတဲ့ အာဆီယံ ဘုံသဘောတူညီမှု ငါးရပ်အပေါ် စင်ကာပူရဲ့ ကတိကဝတ်ကို ထိ
ခိုက်စေတယ်လို့ မရတနာမောင်က ထောက်ပြထားပါတယ်။
စင်ကာပူနိုင်ငံက ၂၀၂၇ မှာ အာဆီယံဥက္ကဌ ဖြစ်လာမှာကြောင့် နိုင်ငံတွင်းက ကုမ္ပဏီတွေအနေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာကြောင်း၊ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတွေကို လေးစားလိုက်နာကြောင်း၊ မြန်မာစစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကူညီအားပေးခြင်း မရှိကြောင်း အာမခံနိုင်ဖို့အတွက် လိုအပ်တယ်လို့ ဆိုပါတယ်။
စင်ကာပူအနေနဲ့ ၎င်းတို့ရဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကိုလေးစားလိုက်နာပြီးစစ်အုပ်စု
ရဲ့စစ်လက်နက်တွေ၊စစ်အသုံးအဆောင်
ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေ ရရှိနိုင်မှုတွေကို ပိတ်ဆို့တားဆီးနိုင်ဖို့အတွက် ခိုင်မာလက်
တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြု
လုပ်ရမယ့် အချိန်ဖြစ်တယ်လို့ မရတနာမောင်က ဆက်ပြောပါတယ်။
မြန်မာစစ်တပ်ဆီကို စစ်လက်နက်တွေ ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်စည်တွေနဲ့ နည်းပညာတွေ ထောက်ပံ့ပေးနေတဲ့ စင်ကာပူ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီ ၃၃ ခုကို JFM က ၂၀၂၂မှာဖော်ထုတ်ခဲ့ပြီးလက်ရှိအချိန်မှာ ကုမ္ပဏီ ၂၀ က ပယ်ဖျက်ခံထားရပေမယ့် ၁၃ ခုကတော့ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်တယ်လို့ JFM က ထုတ်ပြန်ပါတယ်။
စင်ကာပူကုမ္ပဏီမှတ်ပုံတင်စာရင်းက ပယ်
ဖျက်ခံခဲ့ရတဲ့ ကုမ္ပဏီတွေမှာ အစ္စရေးနိုင်ငံက Super Dvora Mk III ၊အမြန်တိုက်ခိုက်ရေးရေယာဉ်တွေနဲ့ Skylark မောင်းသူမဲ့လေယာဉ် (UAV) တွေအပါအဝင် လက်နက်ဝယ်ယူရေးမှာ ပါဝင်ပတ်သက်ခဲ့တဲ့ Star Sapphire Group ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခု၊ ဂျာမန်ကုမ္ပဏီ ND Satcom ရဲ့ရွေ့လျားဆက်သွယ်ရေးစနစ်များ(COTM) ကို စစ်တပ်ရဲ့ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးကို ရောင်း
ချထောက်ပံ့ပေးခဲ့တဲ့ A1 Group ကုမ္ပဏီများအုပ်စုရဲ့ လက်အောက်ခံ Bright Sky Group Pte. Ltd နဲ့ မြန်မာရေတပ်ရဲ့ ဖရီးဂိတ် စစ်ရေယာဉ် တည်ဆောက်ရေးစီမံကိန်းအတွက် စက်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ကြားခံပွဲစားအနေနဲ့ ဆောင်ရွက်ပေးခဲ့တဲ့ Atland Services Pte Ltd နဲ့ General Machinery Trading Pte. Ltd တို့ ပါဝင်တယ်လို့ JFM ကဖော်ပြထားပါတယ်။
လက်ရှိအချိန်အထိ မှတ်ပုံတင်ထားတဲ့ ကုမ္ပ
ဏီတွေထဲမှာစစ်တပ်ရဲ့လက်နက်ပွဲစား ကွန်
ရက်တွေကိုတွေ့နေရတယ်လို့ဖော်ပြပါတယ်။
အဲဒီကုမ္ပဏီတွေကတော့ဘီလာရုစ်ကနေ စစ်
တပ်အတွက် စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ကြားခံဝယ်ယူပေးနေတဲ့ ဒေါက်တာအောင်မိုးမြင့် ပိုင်ဆိုင်တဲ့ Dynasty Excellency Pte. Ltd၊ လေတပ်အတွက် Mi-2 နဲ့ Mi-17 ရဟတ်ယာဉ်အစိတ်အပိုင်းတွေ ၊ ကြည်းတပ်အတွက် BTR-3U သံချပ်ကာတပ်ဖွဲ့ဝင် သယ်ယူပို့ဆောင်ရေးယာဉ် တွေနဲ့ ရေတပ်အတွက် တွန်းကန်မောင်းနှင်စနစ်တွေနဲ့ သင်္ဘောပဲ့ပိုင်းတည်ဆောက်မှုဆိုင်ရာ အ
စိတ်အပိုင်းတွေ အပါအဝင် ရေယာဥ်အစိတ်
အပိုင်းတွေကို ဝယ်ယူပေးနေတဲ့ အောင်လှိုင်ဦး ရဲ့ Myanmar Chemical & Machinery (MCM) Group ၊ မြန်မာစစ်တပ်အတွက် Thales Coast Watcher 100 ကမ်းရိုးတန်း
စောင့်ကြည့်ရေးရေဒါစနစ်တွေ ဝယ်
ယူပေးရာမှာ ပါဝင်ခဲ့တဲ့အပြင်လေတပ်အ
တွက် ATR နဲ့ Fokker လေယာဉ်တွေ ဝယ်ယူပေးခဲ့တဲ့ KT Group နဲ့ Ky-Tha Group တို့ပါ
ဝင်တယ်လို့ဖော်ပြပါတယ်။KT Group နဲ့ Ky-Tha Group တို့ဟာ လက်နက်ပွဲစားခရိုနီဂျော်နသန်ကျော်သောင်းပိုင်ဆိုင်တာပါ။

❤27👍13🥰2🤮2🤬1
ဒါ့အပြင် Air Mandalayရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း စိုင်းခမ်းပါ့ခ်ဖ ရှယ်ယာ ၄၅ ရာ
ခိုင်နှုန်း ပိုင်ဆိုင်တဲ့ Asia Trading Group Pte. Ltd ၊ စစ်အုပ်စုရဲ့မြန်မာ့ရေနံဓာတုဗေဒလုပ်
ငန်း (MPE) နဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ PEIA Pte. Ltd တို့လည်း မဖျက်သိမ်းရသေးတဲ့ ကုမ္ပဏီစာရင်းမှာပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် အစီရင်ခံစာမှာ ဖော်ထုတ်ထားတဲ့ ကုမ္ပဏီများနဲ့ လူပုဂ္ဂိုလ်များအပြင်အဲဒီနောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ အခြားအဖွဲ့အစည်းများရဲ့ အစီရင်ခံစာများမှာ ဖော်ထုတ်ထားတဲ့ ကုမ္ပဏီများနဲ့ လူပုဂ္ဂိုလ်များအပေါ် ချက်ချင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဖို့ စင်ကာပူအစိုးရကို တောင်းဆိုထားပါတယ်။ဒါ့အပြင် စင်ကာပူနိုင်ငံအတွင်းရှိ မည်သည့်ကုမ္ပဏီ သို့
မဟုတ် လူပုဂ္ဂိုလ်မျှ စစ်အုပ်စုရဲ့ အကြမ်းဖက်ထောက်ပံ့ရေးကွင်းဆက်အတွက် ပွဲစား သို့
မဟုတ် ကြားခံအဖြစ် ဆောင်ရွက်နေခြင်း မရှိစေရေး အာမခံချက်ပေးဖို့လည်း JFM က တောင်းဆိုထားပါတယ်။

👏25👍12🤮3❤1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ရေတွင်းကုန်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ Fortify Rights ထုတ်ပြန်
ပဲခူးတိုင်း ညောင်းလေးပင်မြို့ ရေတွင်းကုန်းရွာမှာ မတ်လ ၅ ရက်က အရပ်သားပြည်သူတွေအပေါ် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်ပစ်ခတ်မှုတွေနဲ့ ပြည်သူ ၂၈ ဦးကို သတ်ဖြတ်ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ Fortify Rightsအဖွဲ့က ဒီနေ့ ဇွန်လ ၉ ရက်မှာထုတ်ပြန်လိုက်ပါတယ်။ အရပ်သားပြည်သူတွေ ခိုလှုံကြတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်တာက စစ်ရေးပစ်မှတ်အရ ကျူးလွန်တာလို့ ဘယ်လိုမှ သတ်မှတ်လို့ မရသလို ကလေးငယ်တွေအပါအဝင် အရပ်သားတွေကို သတ်ဖြတ်ခဲ့တာတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ပြီး ဒီလုပ်ရပ်တွေဟာ နိုင်ငံတကာကအရေးယူတာဝန်ခံမှုရှိလာရေး ဘယ်လောက်အထိ အရေးတကြီးလိုအပ်နေပြီလဲဆိုတာကို ပိုမိုထင်ရှားစေတယ်လို့ Fortify Rights ဒါရိုက်တာဂျွန်ကွင်လေက ပြောပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို နိုင်ငံတကာက အရေးယူဆောင်ရွက်မှုများပြုလုပ်ဖို့ အထူးလိုအပ်နေကြောင်းလည်းFortify Rightsက တိုက်တွန်းပါတယ်။ ပဲခူးတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟာ တရားမျှတမှုဖော်ဆောင်ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်ဖို့ ချက်ချင်းလိုအပ်နေပြီ ဖြစ်ကြောင်းကို ပြသနေတာဖြစ်တယ်လို့ Fortify Rights ဒါရိုက်တာဂျွန်ကွင်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အာဆီယံအိမ်နီးချင်းနိုင်ငံများနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေနဲ့လည်း အခုထက်ပိုပြီး ဆောင်ရွက်နိုင်သင့်တယ်လို့ သူက တိုက်တွန်းထားပါတယ်။
◾️စစ်တပ်ကို ပံ့ပိုးတာတွေ မပြုလုပ်ဖို့ စင်ကာပူကို JFM တောင်းဆို
ပြည်သူတွေအပေါ် အကြမ်းဖက်မှူတွေ ကျူးလွန်နေတဲ့ စစ်တပ်အတွက် လက်နက်၊ စက်ပစ္စည်းနဲ့ လေယာဉ်ဆီရောင်းဝယ်ပေးနေတဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီတွေရဲ့ လုပ်ရပ်ကိုရပ်တန့်ပေးဖို့Justice For Myanmar(JFM)က တောင်းဆိုလိုက်ပါတယ်။ စင်ကာပူနိုင်ငံက ၂၀၂၇ မှာ အာဆီယံဥက္ကဌ ဖြစ်လာမှာကြောင့် နိုင်ငံတွင်းက ကုမ္ပဏီတွေအနေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာကြောင်း၊ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတွေကို လေးစားလိုက်နာကြောင်း၊ မြန်မာစစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကူညီအားပေးခြင်း မရှိကြောင်း အာမခံနိုင်ဖို့အတွက် လိုအပ်တယ်လို့ ဆိုပါတယ်။ စင်ကာပူအနေနဲ့ ၎င်းတို့ရဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကိုလေးစားလိုက်နာပြီးစစ်အုပ်စုရဲ့စစ်လက်နက်တွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေ ရရှိနိုင်မှုတွေကို ပိတ်ဆို့တားဆီးနိုင်ဖို့အတွက် ခိုင်မာလက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရမယ့် အချိန်ဖြစ်တယ်လို့ မရတနာမောင်က ဆက်ပြောပါတယ်။ မြန်မာစစ်တပ်ဆီကို စစ်လက်နက်တွေ ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်စည်တွေနဲ့ နည်းပညာတွေ ထောက်ပံ့ပေးနေတဲ့ စင်ကာပူ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီ ၃၃ ခုကို JFM က ၂၀၂၂မှာဖော်ထုတ်ခဲ့ပြီးလက်ရှိအချိန်မှာ ကုမ္ပဏီ ၂၀ က ပယ်ဖျက်ခံထားရပေမယ့် ၁၃ ခုကတော့ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်တယ်လို့ JFM က ထုတ်ပြန်ပါတယ်။ ဒီလောက်များပြားတဲ့ စီးပွားရေးလုပ်ငန်းတွေက အရေးယူမခံရဘဲ ဆက်လက်လည်ပတ်နေတာကတော့ လက်ခံနိုင်စရာ မရှိဘူးလို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။ စင်ကာပူက အရေးယူမှုတွေ ပြုလုပ်ခဲ့တာကို ကြိုဆိုပေမယ့် စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် နေ့စဉ်နဲ့အမျှ အကြမ်းဖက်နိုင်ဖို့ လိုအပ်နေတဲ့ စစ်လက်နက်တွေ၊ စက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်နိုင်ဖို့ စင်ကာပူအနေနဲ့ အခုထက်ပိုမို လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ တိုက်တွန်းပါတယ်။
◾️လက်နက်ကိုင်ပဋိပက္ခ ပိုပြင်းထန်လာစေနိုင်လို့ မြစ်ဆုံစီမံကိန်းအပြီးတိုင် ရပ်တန့်ဖို့ အဖွဲ့အစည်း ၁၀၀ ကျော် ပူးတွဲထုတ်ပြန်
မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ ပါဝင်ပတ်သက်သူများ အကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင် အဖွဲ့အစည်း ၁၂၉ဖွဲ့က ပူးတွဲထုတ်ပြန်ပါတယ်။ နောင်အချိန်မှာ ကြီးမားတဲ့ သဘာ၀ဘေးကို တားဆီးဖို့ မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်တန့်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၁ ဇွန်လ ၉ရက်က စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကြား ပဋိပက္ခ ပြန်လည်စတင်ခဲ့ရာ ဒေသခံ ပြည်သူ သိန်းချီ စစ်ရှောင်ခဲ့ရာ အခုဆို ၁၅နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ စာရင်းတွေအရ စစ်ရှောင်ပြည်သူ ၂၄၄,၅၀၀ ကျော်ရှိတယ်လို့ ဆိုပေမယ့် လက်တွေ့မှာ စစ်ရှောင်ဦးရေ ပိုများလိမ့်မယ်လို့ အဖွဲ့အစည်း ၁၂၉ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ ခန့်မှန်းထားပါတယ်။
◾️ရခိုင်-ဧရာဝတီအစပ် ရိုးမတိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်အထိနာ

👍21❤3🤬3🔥2
ငါးသိုင်းချောင်း-ဂွလမ်းပိုင်းအနီး တောလမ်းကနေ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းကို ရေကြည်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ ရခိုင်ရိုးမမှာ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ရေကြည်မြို့နယ်ထဲက သောင်တန်းနဲ့ ညောင်မှော်ရွာပတ်ဝန်းကျင်မှာ ဇွန်လဆန်းကတည်းက တိုက်ပွဲစတင်ခဲ့ပြီး ဒီနေ့ ဇွန်လ၉ရက် မနက်ပိုင်းအထိ စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲတဲ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးသူတွေများပြီး ရေကြည်ဆေးရုံနဲ့ ပုသိမ်ဆေးရုံကို ပို့နေကြတယ်လို့ သိရပါတယ်။ ဂွမြို့နယ်ဟာ ရေကြည်၊ ငါးသိုင်းချောင်းမြို့တွေနဲ့ ကုန်လမ်းဆက်စပ်နေသလို ရွှေသောင်ယံမြို့နဲ့ ရေလမ်းဆက်စပ်နေပါတယ်။ ဂွနဲ့ ရွှေသောင်ယံဆက်စပ်ရွာတွေက AA က ထိန်းချုပ်ထားလို့ စစ်တပ်က ကုန်းလမ်းဘက်ကနေ ဝင်ဖို့ ကြိုးစားနေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
◾️စစ်တပ်က တောင်မော်ဦးရေတပ်စခန်းကို သင်္ဘောသုံးစီးနဲ့ အင်အားထပ်ဖြည့်
အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းကို ဇွန်လ ၈ရက် မနေ့က စစ်သင်္ဘောသုံးစီးနဲ့ စစ်ကူအင်အား ၃၀၀ခန့် ထပ်မံဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။ တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်က စစ်တပ်ရဲ့ကာကင်းငါးခုထက်မနည်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်တဲ့ အဝတောင်ရွာကာကင်းစခန်းကို ထိုးစစ်ဆင်၊ သိမ်းပိုက်ဖို့ ကြိုးစားနေချိန် စစ်တပ်က အခုလို စစ်ကူတွေ ထပ်ပို့တာဖြစ်ပါတယ်။ အင်အားထပ်ဖြည့်တဲ့ စစ်သင်္ဘောသုံးစီးဟာ ရခိုင်ပြည်နယ်အတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ လက်ကျန် စစ်တွေမြို့ကနေ လာတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ တောင်မောင်ဦးရေတပ်အနီးရှိ အဝတောင်ရွာစခန်းတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများနေပြီး AA က စစ်သားအလောင်းတွေနဲ့ လက်နက်၊ခဲယမ်းတွေ နေ့စဉ်သိမ်းဆည်းရမိကာ အလင်းဝင်လာကြသူတွေလည်း ရှိတယ်လို့ စစ်ရေးနီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
◾️အားလုံးပါဝင်တဲ့မြန်မာ့ငြိမ်းချမ်းရေးအတွက် အင်ဒို ထပ်လောင်းကတိပြု
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။ ဇွန်လ ၈ရက် မနေ့က နေပြည်တော်မှာ အမည်ခံသမ္မတ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးလာရောက်တွေ့ဆုံစဥ် အခုလို အတည်ပြုပြောကြားခဲ့တာပါ။ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်လာဖို့ အစုအဖွဲ့အားလုံးနဲ့ အလုပ်လုပ်ဖို့ အသင့်ရှိပြီး ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဆိုတာ မြန်မာ့ကိုယ်ပိုင်၊ မြန်မာဦးဆောင်တာမျိုးဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို အင်ဒိုနီးရှားက ယုံကြည်ကြောင်း ထပ်လောင်းအတည်ပြုပြီး မြန်မာ့အရေးဖြေရှင်းရာမှာ အထောက်အပံ့ဖြစ်စေမယ့် ဘုံသဘောတူညီချက်မူဘောင်တစ်ခုအဖြစ် အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အရေးကြီးမှုကိုလည်း အလေးပေးဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ်ဟာ အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေး ကြိုးပမ်းမှုတွေကို ကူညီပံ့ပိုးဖို့အတွက် လက်ရှိလုပ်ဆောင်နေတဲ့ ထိတွေ့ဆက်ဆံမှုတွေရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မကြာသေးမီက ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်ကို သွားရောက်ခဲ့ကြပါတယ်။ လာမယ့် ဇွန်လ ၁၂၊ ၁၃ ရက်တို့မှာလည်း လာအိုနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာရောက်မယ်လို့ သိရပါတယ်။
◾️စစ်တပ်စစ်ကြောင်း ရွှေကူမြို့အတွင်းဝင်ရောက်လာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ရွှေကူ-ငါးအိုးလမ်းဘေးနေရာတွေမှာလည်း စစ်တပ်က နေရာယူပြီး ထိုးစစ်ဆက်လုပ်နေကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အင်အားအလုံးအရင်းနဲ့ ရွှေကူမြို့ကို စစ်အင်အားတွေဖြည့်တင်းဖို့ ကြိုးပမ်းလာလို့ မေလကတည်းကနေ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ငါးအိုး-ရွှေကူ လမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ကချင်ပြည်နယ်အတွင်း အခြားနေရာတွေမှာတော့ လတ်တလော တိုက်ပွဲတွေ မရှိဘဲ ငြိမ်သက်ပေမယ့် ဖားကန့်နဲ့ ဝိုင်းမော်ဘက်မှာ စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ တွေ့ရတယ်လို့ ပြောပါတယ်။
◾️မြစ်ခြေက နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေ အိမ်ပြန်ဆောက်ဖို့ ဝါးနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

👍21🔥4❤2
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မြစ်ခြေဒေသကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ (၁,၀၀၀) နီးပါး ပြာကျပျက်စီးခဲ့ရပြီး ပြည်သူ (၄၀) ကျော်လည်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း၊ လက်ရှိမှာ ပြန်လည်ထူထောင်ရေးအတွက် အခြေခံပစ္စည်းများဖြစ်တဲ့ အဆောက်အဦးအတွက် ဝါးနဲ့ အခြေခံစားသောက်ကုန် ဆန်တို့ လိုအပ်နေတာကြောင့် ပါဝင်ကူညီထောက်ပံ့ကြဖို့ ပခုက္ကူပအဖအဖွဲ့က မေတ္တာရပ်ခံပါတယ်။ ပျက်စီးဆုံးရှုံးအိမ်ထောင်စု များပြားတဲ့အတွက် Campaign ကာလ ၁လခန့်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ Page Messenger မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားပါတယ်။ လက်ရှိ မြစ်ခြေမြို့ပေါ်မှာ မီးရှို့ခံရတဲ့ ရုပ်အလောင်းတွေလည်း ထပ်မံတွေ့ရှိနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ဝက်လက်နယ် ရေဂမိုးရွာကို စစ်တပ်က သုံးကြိမ်မြောက်မီးရှို့
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာကတည်းက ကျောက်မြောင်းအခြေစိုက် ခလရ-၁၂တပ်ဟာ ဝက်လက်အရှေ့မြောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးကာ တပ်ဖြန့်တပ်စွဲထားခဲ့တာပါ။ ဇွန်လ ၈ ရက် မနေ့ကတော့ အာဏာသိမ်းစစ်တပ်ဟာ ရှားကွဲရွာကနေ ရေဂမိုးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်က ရေဂမိုးရွာကို သုံးကြိမ်မြောက်မီးရှို့ခြင်းဖြစ်ပြီး ပြည်သူတွေလည်း စစ်ရှောင်နေရတာမို့ မီးမငြှိမ်းနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
◾️ရေစကြိုမြို့မှာ လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေတဲ့ ပျူစောထီး အုပ်ကြီးသားအဖ နေအိမ်မှာ ပစ်သတ်ခံရ
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။ ဇွန်လ ၈ရက် ညပိုင်းက ရေစကြိုမြို့နယ်၊ အမှတ်(၄)ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလွင်မျိုးအောင်(ခ)ငလွင်နဲ့ ၎င်းရဲ့သားဖြစ်သူ ပျူစောထီးရဲမာန်တို့ကို နေအိမ်အထိ သွားရောက်ဖမ်းဆီးခဲ့ရာ ထွက်ပြေးလို့ ပစ်ခတ်ရာကနေ သေဆုံးသွားကြောင်း ကြောင်း ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ သေဆုံးအုပ်ကြီးသားအဖထံက လက်နက်သိမ်းဆည်းရမိတာမျိုးမရှိဘဲ လက်ကိုင်ဖုန်းတွေကိုတော့ သိမ်းဆည်းခဲ့ပြီး လိုအပ်တာတွေစစ်ဆေးနေတယ်လို့ သိရပါတယ်။
◾️ရခိုင်မှာ ဆေးဝါးစျေး မြင့်တက်နေ
ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေအပြင် ဆေးဝါးတွေလည်း စျေးတက်နေတာကြောင့် သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ဝေဒနာရှင်တွေအတွက် အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ကုန်စည်တွေ အဓိကဝင်တဲ့ ချင်း-မကွေးအစပ် ဆောလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာ၊ မိုးဦးကာလလမ်းတွေ ပျက်နေတာတို့ကြောင့် စျေးတွေတက်ကုန်တာလို့ ဆိုပါတယ်။ အရင်က ကျပ် ၁၀၀၀ သာပေးခဲ့ရတဲ့ ပါရာစီတမော တကဒ်ကို အခုအခါ ၁၅၀၀၊ အရင် ၆၀၀၀ ပေးခဲ့ရတဲ့ ဒီကိုဂျင် တကဒ်ကို အခုအခါ ၆၅၀၀၊ အရင် ၄၀၀၀ ပေးခဲ့ရတဲ့ ဘိုင်အိုဂျက်ဆစ် တကဒ်ကို အခု ၅၀၀၀၊ အရင် ၃၀၀၀ ပေး ခဲ့ရတဲ့ ထွန်းရွှေဝါ၊ ဆရာခို တဗူးကို အခု ၄၀၀၀၊ အရင် ၈၅၀၀ ပေးခဲ့ရတဲ့ စိတ်ချတားဆေးတကဒ်ကို အခု ၉၅၀၀ ထိ စျေးတက်သွားခဲ့တယ်လို့ ဆေးဆိုင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
◾️စစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုမတင်ဆောင်ဖို့ ပူတာအို PDF တားမြစ်
ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာ သွားလာနေတဲ့ ခရီးသွားကားတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကို သယ်ယူပို့ဆောင်တာတွေ မလုပ်ဆောင်ကြဖို့ ပူတာအို PDFက တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာ အရပ်ဘက်ကားတွေကို အကာအကွယ်ယူပြီးစစ်တပ်က သွားလာတာတွေပြုလုပ်နေတာကြောင့် အခုလို တားမြစ်တာလို့ ပူတာအို PDF က ဆိုပါတယ်။ စစ်တပ်က လူအင်အားပို့ဆောင်တာ၊ ရိက္ခာဖြည့်ဆည်းတာတွေ လုပ်ဆောင်ရာမှာ အရပ်သားကားတွေကို အသုံးပြုနေတာလို့ ပူတာအို PDF က အသိပေးပါတယ်။

😢18👍6🤬3❤2🔥2
■ဆောင်းပါး
စစ်တပ်ရဲ့ နှလုံးသားကို ခြိမ်းခြောက်လိုက်တဲ့
တော်လှန်ရေးတပ်တွေရဲ့တန်ပြန်ထိုးစစ်
ဖိုးသား/People's Spring
အာဏာသိမ်းစစ်တပ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေတိတ်ဆိတ်သွားပြီးနောက်ပိုင်း တော်
လှန်ရေးအဖွဲ့တွေ အပေါ်ကြီးမားတဲ့သက်
ရောက်မှု နဲ့ အချိုးအကွေ့ ကာလတစ်ခုရောက်ပါတယ်။
အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်အကူအညီနဲ့ အပစ်ရပ်အောင်လုပ်ပြီးနောက် ပြုန်းတီးခဲ့တဲ့အင်အားတွေအတွက်စစ်မှုထမ်းတပ်သားသစ်တွေကိုစစ်တပ်ထိန်းချုပ်ဒေသတွေကနေ ပုံစံအမျိုးမျိုးနဲ့ စုဆောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တော်လှန်ရေးအမာခံနယ်မြေတွေ ဖြစ်တဲ့ မန္တလေး၊စစ်ကိုင်း၊မကွေး၊ ချင်း ၊ကချင် ၊ရခိုင်ပြည်နယ်အစပ်အစရှိတဲ့ ဆုံးရှုံးထားတဲ့ဒေသတွေကိုအာဏာသိမ်းစစ်တပ်က တန်ပြန်
ထိုးစစ်ဆင်ပါတယ်။
အထူးသဖြင့် ချင်းပြည်နယ်၊ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်ထဲက နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ရည်ရွယ်ချက်ကိုစစ်တပ်ရဲ့ လက်ရှိအင်အားဖြည့်တင်းမှုတွေကနေတဆင့် မြင်နိုင်ပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်းကမြို့တွေပြန်သိမ်းဖို့စစ်ကိုင်းတိုင်းကလေးမြို့ကစစ်တပ်အ
တွက်အဓိကထောက်ပံ့ရေးလမ်းကြောင်းတစ်ခု ဖြစ်ခဲ့သလို လက်ရှိ တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းကမြို့တွေအတွက်
မကွေးတိုင်းဆောမြို့နယ်က တံခါးပေါက်တခု ဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့တွေရဲ့စစ်ဘက်ဆိုင်ရာထောက်လှမ်းမှုတွေအရ တစ်လကျော်(မေလ ကနေ ဇွန် ပထမပတ်အထိ)အတွင်းမှာပဲ ဆောမြို့နယ်ထဲကိုစစ်တပ်အင်အား ၂,၀၀၀ ၀န်းကျင်ရောက်လာခဲ့ပါတယ်။
အဲဒီစုပေါင်းစပ်ပေါင်းအင်အားထဲမှာ ရှမ်းအရှေ့နဲ့ မြောက်ပိုင်းအခြေစိုက်တပ်ရင်း တချို့လည်းပါ၀င်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီထွက် ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းထဲက စစ်မှုထမ်းစစ်သားသစ်တွေက ထွက်ဆိုထားပါတယ်။
စစ်တပ်စစ်ကြောင်းရွေ့လျားမှုတွေက ဆိပ်ဖြူမြို့နယ်ထဲက ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁ နဲ့ ၂၂) စက်ရုံတွေကို မန္တလေး၊မိတ္ထီလာ နဲ့ ကျောက်ပန်း တောင်ကတဆင့် ကနဦး အင်အားဖြည့်ခဲ့ပါတယ်။
အဲဒီကနေပြီးပေါက်မြို့နယ်ကပစ ၂၄ နဲ့ လောင်းရှည်မြို့ ကပစ ၂၅ ကို တပ်တွေ ဖြန့်ခွဲခဲ့တာဖြစ်ပါတယ်။ဆောမြို့နယ်၊လောင်းရှည်မြို့က တပ်တွေက ဆောမြို့တွင်းကို၀င်ပြီး ချင်းပြည်နယ်ကန်ပက်လက်မြို့ကို စစ်
ကြောင်းထိုးနေပါတယ်။
အလားတူပဲပေါက်မြို့နယ်စစ်ကြောင်းက ပေါက် -ကျောက်ထု လမ်းအတိုင်းဆောမြို့
နယ်၊ကျောက်ထုမြို့အခြေစိုက် အမြောက်
တပ်အမှတ် ၃၆၈ မှာ စုဖွဲ့ပြီး ချင်းပြည်နယ်မင်းတပ်မြို့ကို ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်း
ထန်နေပါတယ်။
ဒါပေမယ့် ထူးခြားတာကစစ်တပ်ရဲ့ အင်အားဖြည့်တင်းမှု ထောက်ပံ့ရေးလမ်းကြောင်း ပြောင်းလဲမှုဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကအထိ ပေါက်မြို့နယ်ကို စစ်တပ်ယာဉ်တန်းတွေပို့ဖို့
ပခုက္ကူ-ကမ္မ- ပေါက်လမ်းပိုင်းကိုပဲ စစ်တပ်ကအဓိကသုံးခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၅ ခုနှစ် ဇွန်လက ပခုက္ကူမြို့ကနေ ပေါက် မြို့နယ် ကပစ(၂၄)ကိုသွားခဲ့တဲ့ အစီးရေ ၁၀၀ ကျော်ပါ စစ်ယာဉ်တန်းက မိုင် ၄၀ ကျော်ပဲဝေးတဲ့ပေါက်မြို့ကိုသုံးလ၀န်းကျင်ကြာမှ ရောက်ခဲ့ပါတယ်။
ဒေသခံတော်လှန်ရေးအဖွဲ့တွေရဲ့နယ်မြေစိုးမိုးမှု နဲ့ ခုခံနိုင်စွမ်းကို ပြသတဲ့အခြေအနေတစ်ခုဖြစ်ပြီး အာဏာသိမ်းစစ်တပ်ထောက်ပံ့ပို့ဆောင်ရေးစွမ်းဆောင်ရည်ကို တုံ့ဆိုင်း စေခဲ့ပါတယ်။
ဒါကြောင့် သဘာ၀အရံအတားတွေနဲ့ လမ်းမိုင်အကွာအဝေးအားဖြင့် မိုင် ၂၀ နီးပါး ပိုရှည်ပေမယ့် တိုက်ခိုက်မှုနဲ့ အထိအခိုက်နည်းမယ့်ချောက်- ဆိပ်ဖြူ-ပေါက်လမ်းပိုင်းကို ၂၀၂၆ ခုနှစ်ကစပြီး စစ်တပ် အသုံးပြုခဲ့တာလို့ မကွေးတိုင်း စစ်ရေးတာ၀န်ရှိသူတချို့ကသုံးသပ်ပါတယ်။
လက်ရှိမှာလည်း ပေါက်မြို့နယ်အတွက် အရေးပါတဲ့ ကုက္ကိုလ်စုပြည်သူ့ စစ်ရွာနဲ့ ရေပြာစခန်းကို တော် လှန်ရေးအဖွဲ့တွေက ဇွန်လ ၂ ရက် နဲ့ ဇွန်လ ၄ ရက်နေ့တွေမှာ ထိုးစစ် ဆင်သိမ်းပိုက်ခဲ့ပါတယ်။
စစ်တပ်စိုးမိုးထားတဲ့ ပေါက်မြို့ကို အနီးကပ်ဆုံး စစ်ရေးခြိမ်းခြောက်မှုဖြစ်လာသလို
ပခုက္ကူ - ပေါက်လမ်းပိုင်းကိုပိတ်ဆို့နိုင်မယ့်အခွင့်အရေးတစ်ခုအဖြစ်တော်လှန်ရေးအင်အားစုတွေက ယူဆပါတယ်။
ဒါ့အပြင်ပြီးခဲ့တဲ့မေလ ၂၃ ရက်က ပေါက်- မြိုင်လမ်းပိုင်းအနီးမှာရှိတဲ့ မြိုင်မြို့နယ်သရက်ကန်ပြည်သူ့စစ်ရွာကိုလည်းတော်လှန်ရေးတပ်တွေကစုပေါင်းထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့တာကလည်း စစ်ရေးအရ ဆက်စပ်မှုလို့ ဆိုကြပါတယ်။
ပေါက် မြို့ရဲ့အန္တရာယ်ဟာ ကုက္ကိုလ်စုတိုက်ပွဲဖြစ်တယ်လို့ ပြည်သူ့စစ်ခေါင်းဆောင် ပေါက်ကိုယ်တော်က ၀န်ခံထားပါတယ်။
မကွေးတိုင်းထဲမှာ ပေါက်မြို့နယ်ဟာစစ်တပ် အမာခံပြည်သူ့စစ်ရွာအများဆုံးဖြစ်ပြီး မြို့နဲ့ ၁၀ မိုင်ခန့်အကွာအနောက်ဘက်ခြမ်းမှာ လက်
နက်ခဲယမ်းနဲ့ ဗုံးသီးကုန်ကြမ်းတွေ အဓိက ထုတ်လုပ်ပေးတဲ့စက်ရုံ ကပစ ၂၄ ရှိပါတယ်။
ဒါ့အပြင် မကွေးတိုင်းဟာစစ်တပ်ရဲ့ပင်မထောက်တိုင်တွေ ဖြစ်တဲ့ကျည်၊ခဲယမ်း က အစ လေယာဉ်ပစ်ဗုံးသီး တွေ ထုတ်နေတဲ့ ကာကွယ် ရေးပစ္စည်းစက်ရုံတွေ အများစု တည်ရှိနေပါတယ်။
စစ်ရေးအချက်အလက်မှတ်တမ်းတင်စောင့်ကြည့်သူတွေက မကွေးတိုင်းဟာစစ်တပ်ရဲ့ နှလုံးသားနဲ့ စစ်ဗျူဟာအရ စစ်ရဲ့အသက်အိမ်လို့ဆိုပါတယ်။

❤25👍9🥰1🤣1
လက်ရှိ မကွေးတိုင်းအခြေစိုက် ကပစ တွေ နဲ့ တပ်မ တွေ စစ်အင်အားဖြန့်ခွဲထားရချိန်မှာ ပေါက် နဲ့ မြိုင် မှာရှိတဲ့ စစ်အုပ်စုရဲ့စခန်းတွေနဲ့ နယ်မြေတွေကို တော်လှန်ရေးတပ်တွေကထိုးစစ်ဆင် သိမ်းပိုက်ခဲ့တာဟာ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ကြိုတင် ပြင်ဆင်မှု၊စည်းလုံးမှု၊တိုက်စွမ်းရည် နဲ့ ချိန်
သားကိုက် စစ်ရေးလှုပ်ရှားမှု ဖြစ်ပါတယ်။
ဒါ့အပြင်မကွေးတိုင်း မင်းတုန်း နဲ့ နတ်မောက် မြို့နယ်ကတိုက်ပွဲတွေမှာလည်း စစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေများခဲ့ပါတယ်။ ဗိုလ်မှူး၊ဗိုလ်ကြီး အဆင့်ရှိသူတွေ အပါအ၀င် စစ်သုံ့ပန်း ၂၀ ၀န်းကျင်ကို ဇွန်လဆန်းပိုင်းမှာ တော်လှန်ရေးတပ်တွေကဖမ်းဆီးနိုင်ခဲ့ပါတယ်။
အလားတူ မင်းဘူး-အမ်းလမ်းပိုင်းမှာစစ်တပ်ရဲ့ထောက်ပို့ယာဥ်တစ်စီးကို စစ်တပ်ထိန်းချုပ်နယ်မြေအတွင်းဝင်ရောက်ပြီး မေလ ၂၈ရက်မှာမင်းဘူးမြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ်တပ်မတော်တို့ကတိုက်ခိုက်ခဲ့တာမှာစစ်သား (၆) ဦး သေဆုံး၊ (၃) ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာပါတယ်။စစ်တပ်ရဲ့ထောက်ပို့ယာဥ်ကိုပါ တော်လှန်ရေးတပ်တွေကဖျက်ဆီးနိုင်ခဲ့ပါတယ်။ အခုစစ်ဆင်ရေးဟာ စစ်တပ် စိုးမိုးနယ်မြေအတွင်း ရန်သူ့တပ်အနီးမှာ လုပ်ခဲ့တာ ဖြစ်ကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။ ဒါဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပူးပေါင်းတပ်ဖွဲ့များရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ပြသနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။
အခုစစ်ဆင်ရေးတွေဟာထုနဲ့တိုးနေတဲ့ စစ်
တပ်အင်အားတွေကို ဖြိုခွဲဖို့ နဲ့ စစ်အောင်နိုင်ရေးအတွက်ရုပ်လုံးပေါ်လာ တဲ့ ငါးနှစ်သားတော်လှန်ရေးအဖွဲ့တွေရဲ့ပြည်သူ့စစ်မဟာ ဗျူဟာဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
"အရှိန်အဟုန်နဲ့သွားရမယ့်အခြေအနေက
ဒီကြားထဲမှာတန့်သွားသလိုဖြစ်နေခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေ ကို စောင့်ကြည့်ရပါတော့မယ်"လို့မကွေးတိုင်းက တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုလိုက်ပါတယ်။ ။

👍44🥰3😁3❤2
မကွေးတိုင်းအတွင်း မေလ နဲ့ ဇွန်လဆန်းတိုက်ပွဲတွေမှာစစ်တပ်ထံကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းတွေ ၊စစ်သုံ့ပန်းတွေနဲ့
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ
👍53🥰9😁3❤2