People's Spring
✔
59.8K subscribers
71.9K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရခိုင်မှာ ဆေးဝါးစျေး မြင့်တက်နေ

ဇွန်-၉ ၊ ၂၀၂၆။ ခိုင်မြတ်/People's Spring

ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေအပြင် ဆေးဝါးတွေလည်း စျေးတက်နေတာကြောင့် သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ဝေဒနာရှင်တွေအတွက် အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကုန်စည်တွေ အဓိကဝင်တဲ့ ချင်း - မကွေးအစပ် ဆောလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာ၊ မိုးဦးကာလလမ်းတွေ ပျက်နေတာတို့ ကြောင့် စျေးတွေတက်ကုန်တာလို့ ဆိုပါတယ်။

“ပုံမှန်သောက်နေကျ သွေးကျဆေးတကဒ်ကို အခု သုံးထောင်ဖြစ်သွားပြီ။ အရင်က နှစ်ထောင်ပဲရှိတာ။ အဘွားက သွေးတိုးရော၊ ခါးကိုက်တာရော ရှိနေတော့ တရက်တရက် သောက်ရတဲ့ဆေးက မနည်းဘူး။ အဲဒါလည်း သားသမီး တွေ၊ မြေးတွေဆီက အထောက်အပံ့နဲ့ ဝယ်သောက်နေရတာ။ အခု စျေးတက်သွားတော့ ရင်မောတယ်” လို့ ပေါက်တောမြို့နယ်မှ အသက် ၇၀ ကျော်အရွယ် သက်ကြီးအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အရင်က ကျပ် ၁၀၀၀ သာပေးခဲ့ရတဲ့ ပါရာစီတမော တကဒ်ကို အခုအခါ ၁၅၀၀၊ အရင် ၆၀၀၀ ပေးခဲ့ရတဲ့ ဒီကိုဂျင် တကဒ်ကို အခုအခါ ၆၅၀၀၊ အရင် ၄၀၀၀ ပေးခဲ့ရတဲ့ ဘိုင်အိုဂျက်ဆစ် တကဒ်ကို အခု ၅၀၀၀၊ အရင် ၃၀၀၀ ပေး ခဲ့ရတဲ့ ထွန်းရွှေဝါ၊ ဆရာခို တဗူးကို အခု ၄၀၀၀၊ အရင် ၈၅၀၀ ပေးခဲ့ရတဲ့ စိတ်ချတားဆေးတကဒ်ကို အခု ၉၅၀၀ ထိ စျေးတက်သွားခဲ့တယ်လို့ ဆေးဆိုင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

“ဆေးလာသွင်းတာကိုယ်တိုင်က စျေးတက်နေတာပါ။ ကျွန်မတို့လည်း တက်စျေးနဲ့ ရောင်းနေရတယ်။ အရင်လက် ကျန်ဆေးတွေကိုတော့ အရင်စျေးအတိုင်းရောင်းပေးခဲ့ပါတယ်။ စျေးက သင်္ကြန်လွန်စကတည်းက တက်နေတာ။ ဒီ ပတ်ထဲမှာ ပိုတက်သွားတယ်” လို့ မြေပုံမြို့မှ ဆေးဆိုင်ရောင်းသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီလို ဆေးတွေစျေးတက်နေတာကြောင့် ပုံမှန်သောက်နေကြရတဲ့ နာတာရှည်ဝေဒနာရှင်တွေမှာ ပိုပြီးတော့ အ ခက်အခဲကြုံသွားကြရတယ်လို့ ဆိုကြပါတယ်။

“ကျွန်မမှာ အမေရော၊ အဖေရော ရောဂါသည်တွေ၊ နေ့တိုင်း ဆေးသောက်ရတယ်။ အမေဆေးဖိုးတခုတည်းနဲ့ တောင် မလွယ်ဘူး။ အရင်က တလမှာ အမေ့အတွက် ဆေးဖိုး ခုနှစ်သောင်းကျော်ကုန်တယ်။ မနေ့က ကုန်သွားလို့ သွားဝယ်တာ ဝယ်နေကျဆေးတွေကိုပဲ တသိန်းကျော်ပေးခဲ့ရတယ်” လို့ သံတွဲမြို့နယ် ဂျိတ္တောမှ စစ်ဘေးရှောင်အ မျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်ဥ၊ ကွမ်းသီး၊ ဟင်းချိုမှုန့်တို့အပါအဝင် စက်သုံး ဆီနဲ့ အခြားကုန်စည်တွေလည်း စျေးတက်နေတာကြောင့် အလုပ်အကိုင်ရှားပါးတဲ့ ရခိုင်ပြည်နယ်အတွင်း နေထိုင် ကြတဲ့ အခြေခံလက်လုပ် လက်စားတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဝမ်းရေးအခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတကျော့ပြန်မြို့သိမ်းတိုက်ပွဲတွေစခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလကုန်ပိုင်းကတည်းက ရခိုင်ပြည်နယ်အတွင်း ကုန်စည်၊ ဆေးဝါးတင်သွင်းရာလမ်းကြောင်းတွေအားလုံးကို ပိတ်ဆို့၊ ဖြတ်တောက်ခဲ့ တာကြောင့် ရခိုင်ဒေသခံတွေဟာ ကုန်စျေး၊ ဆေးဝါး အခက်အခဲ၊ စျေးကြီးမြင့်မှုဒဏ် ခံခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ရခိုင်ပြည်သူတွေဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပြည်မဘက် မှောင်ခိုလမ်းကြောင်းတွေကနေ ဝင်လာ တဲ့ ကုန်စည်၊ ဆေးဝါးတွေကို အဓိကမှီခိုနေခဲ့ကြရတာပါ။

အာရက္ခတပ်တော်(AA)က မြို့တွေသိမ်းပြီးနောက်မှာတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေ ကုန်စည်အချို့ သယ်ယူ၊ တင်သွင်းနေပေမယ့် အပြည့်အ၀တင်သွင်းခွင့်ရတဲ့အခြေအနေမဟုတ်သေးပါဘူး။ လက်ရှိမှာ AA ဟာ ရ ခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ကျန် စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့မှာလည်း ထိုးစစ်တွေ လုပ်နေပါတယ်။
👍19😢12❤4🥰2👎1🔥1👏1
😢26👎4❤2🔥1
ဝက်လက်နယ် ရေဂမိုးရွာကို စစ်တပ်က သုံးကြိမ်မြောက်မီးရှို့

ဇွန်-၉၊ ၂၀၂၆။ ရှိန်း/People's Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာကတည်းက ကျောက်မြောင်းအခြေစိုက် ခလရ-၁၂တပ်ဟာ ဝက်လက်အရှေ့မြောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးကာ တပ်ဖြန့်တပ်စွဲထားခဲ့တာပါ။ ဇွန်လ ၈ ရက် မနေ့ကတော့ အာဏာသိမ်းစစ်တပ်ဟာ ရှားကွဲရွာကနေ ရေဂမိုးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

"ဘယ်လိုရှို့တယ်။ ဘယ်‌နှစ်လုံးပါသွားတယ်ဆိုတာတော့ မသိရဘူး။ အဲဒီအထဲမှာ ခွေးတွေပဲရှိတော့ ဘယ်သူမှဝင်မရဘူး။ သေချာတာကတော့ ရွာရဲ့နေအိမ် ၃ပုံ ၂ပုံ လောက်ကုန်သွားပြီ"လို့ Wetlet Informational Network တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်က ရေဂမိုးရွာကို သုံးကြိမ်မြောက်မီးရှို့ခြင်းဖြစ်ပြီး ပြည်သူတွေလည်း စစ်ရှောင်နေရတာမို့ မီးမငြှိမ်းနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ် ခရိုင်ချင်းဆက် အမှတ်-၃လမ်းမအပါအဝင် စစ်တပ်က နယ်မြေတွေ ပြန်စိုးမိုးဖို့ ကြိုးစားနေပြီး မြို့နယ်ရဲ့ အရှေ့မြောက်ခြမ်းမှာ ရှားကွဲ၊ ရေဂမိုး၊ ရွာသစ်၊ သစ်ဆိမ့်၊ ထုံးဘိုစတဲ့ ကျေးရွာက ပြည်သူတွေ စစ်ဘေးရှောင် နေရတာ နှစ်ဝက်ခန့်ရှိပြီလို့ သိရပါတယ်။
🤬25😡5❤4😢4👎1👏1
😢22🤬11❤3😭2👎1
အားလုံးပါဝင်တဲ့မြန်မာ့ငြိမ်းချမ်းရေးအတွက် အင်ဒို ထပ်လောင်းကတိပြု

ဇွန်-၉၊ ၂၀၂၆။ People’s Spring

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

ဇွန်လ ၈ရက် မနေ့က နေပြည်တော်မှာ အမည်ခံသမ္မတ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးလာရောက်တွေ့ဆုံစဥ် အခုလို အတည်ပြုပြောကြားခဲ့တာပါ။

အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်လာဖို့ အစုအဖွဲ့အားလုံးနဲ့ အလုပ်လုပ်ဖို့ အသင့်ရှိပြီး ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဆိုတာ မြန်မာ့ကိုယ်ပိုင်၊ မြန်မာဦးဆောင်တာမျိုးဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို အင်ဒိုနီးရှားက ယုံကြည်ကြောင်း ထပ်လောင်းအတည်ပြုပြီး မြန်မာ့အရေးဖြေရှင်းရာမှာ အထောက်အပံ့ဖြစ်စေမယ့် ဘုံသဘောတူညီချက်မူဘောင်တစ်ခုအဖြစ် အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အရေးကြီးမှုကိုလည်း အလေးပေးဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဥ်ဟာ ၂၀၂၅ ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးအပါအဝင် အမျိုးမျိုးသောလူသားချင်းစာနာမှုအကူအညီ၊ ကျန်းမာရေးနဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအကူအညီတွေကတဆင့် မြန်မာပြည်သူတွေအပေါ် အင်ဒိုနီးရှားရဲ့စည်းလုံးညီညွတ်မှုကို ထင်ဟပ်စေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီအကူအညီတွေဟာ အားလုံးပါဝင်တဲ့ ခွဲခြားမှုမရှိဘဲ မြန်မာပြည်သူတွေကို ကူညီဖို့ အင်ဒိုနီးရှားရဲ့ ကတိကဝတ်ရှိမှု အစိတ်အပိုင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

နေပြည်တော်ခရီးစဥ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဆူဂျီအိုနိုဟာ အာဏာသိမ်းစစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း နိုင်ငံခြားရေးဝန်ကြီးတွေက နှစ်နိုင်ငံနဲ့ ဒေသတွင်းအဆင့်တွေမှာ နှစ်ဖက်အပြန်အလှန်ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရေး၊ ပညာရေးနဲ့ နှစ်နိုင်ငံ ပြည်သူအချင်းချင်းအကြား ဆက်ဆံရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားအတွက် မြန််မာနိုင်ငံဟာ အာဆီယံမိသားစုဝင်အစိတ်အပိုင်းဖြစ်တာကြောင့် အာဆီယံနိုင်ငံအားလုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးတို့အတွက် မြန်မာနိုင်ငံနဲ့ အပြုသဘာဆောင်စွာ ထိတွေ့ဆက်ဆံမှု ဆက်လက်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ်ဟာ အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေး ကြိုးပမ်းမှုတွေကို ကူညီပံ့ပိုးဖို့အတွက် လက်ရှိလုပ်ဆောင်နေတဲ့ ထိတွေ့ဆက်ဆံမှုတွေရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မကြာသေးမီက ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်ကို သွားရောက်ခဲ့ကြပါတယ်။ ~ ကိုးကား - VOI ၊
👍26❤9🤮5
ဓာတ်ပုံ - Antara News
👍8🤮3
This media is not supported in your browser
VIEW IN TELEGRAM
🖕27🤣5🔥1😁1💩1
ရေတွင်းကုန်းကျေးရွာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုစစ်ရာဇဝတ်မှုမြောက်ကြောင်း Fortify Rights ထုတ်ပြန်

■နိုင်ငံတကာမှ အ​ရေးယူ​ဆောင်ရွက်မှုများပြုလုပ်ရန် အထူးလိုအပ်​နေဟုတိုက်တွန်း

ဇွန်-၉၊၂၀၂၆။တေဇ/People's Spring

ပဲခူးတိုင်း ညောင်းလေးပင်မြို့ ရေတွင်းကုန်းရွာမှာ မတ်လ ၅ ရက်က အရပ်သားပြည်သူတွေအပေါ် စစ်‌တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၊ မြေပြင်ပစ်ခတ်မှု​တွေနဲ့ ပြည်သူ ၂၈ ဦးကိုသတ်ဖြတ်ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်​ကြောင်း Fortify Rights အဖွဲ့က ဇွန် ၉ ရက်မှာထုတ်ပြန်လိုက်ပါတယ်။

"အရပ်သားပြည်သူ‌တွေ‌ ခိုလှုံကြတဲ့ ဘုန်းကြီး
ကျောင်းကို ဗုံးကြဲတိုက်ခိုက်တာက စစ်ရေးပစ်မှတ်အရ ကျူးလွန်တာလို့ ဘယ်လိုမှသတ်မှတ်လို့ မရပါဘူး။ ကလေးငယ်တွေအပါအဝင် အရပ်သားတွေကို သတ်ဖြတ်ခဲ့တာတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ပြီး ဒီလုပ်ရပ်တွေဟာ နိုင်ငံတကာကအရေးယူတာဝန်ခံမှုရှိလာရေး ဘယ်လောက်အထိ အရေးတကြီးလိုအပ်နေပြီလဲဆိုတာကို ပိုမိုထင်ရှားစေပါတယ်" လို့ Fortify Rights ဒါရိုက်တာ John Quinley ကပြောပါတယ်။

ဒါ​ကြောင့်စစ်တပ်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို နိုင်ငံတကာမှ အ​ရေးယူ​ဆောင်ရွက်မှုများပြုလုပ်ရန် အထူးလိုအပ်​နေ​ကြောင်းလည်းFortify Rights ကတိုက်တွန်း
ပါတယ်။

၂၀၂၆ မတ်လ ၅ ရက်က နံနက်အ‌စောပိုင်းမှာ စစ်တပ်ရဲ့ အမှတ် ၇၇ ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း - ၂၀ ၊ ခြေလျင်တပ်ရင်း - ၂၆၄ နဲ့ ခြေမြန်တပ်ရင်း - ၄၃၉ ပူးပေါင်းထားတဲ့ စစ်တပ်စစ်ကြောင်းက ရေတွင်းကုန်းရွာကို ဝင်ရောက်ပြီး သတ်ဖြတ်မှုတွေ မတရားဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တပ်က ရွာမှာရှိတဲ့ အမျိုးသားတွေကို ဖမ်း
ဆီးခဲ့ပြီး အမျိုးသမီးတွေကလေးတွေနဲ့ သက်
ကြီးရွယ်အိုတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု‌တွေလုပ်ခဲ့တာပါ။

ဗုံးကြဲတာကြောင့် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ကိုယ်ဝန်‌ဆောင်မိခင်အပါအဝင် က
လေးငယ်တွေ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၆ ဦးသေဆုံးခဲ့ပြီး ရွာထဲမှာလည်း ပြည်သူ ၂ ဦးကိုစစ်တပ်ကပစ်သတ်ခဲ့ပါတယ်။

Fortify Rights အဖွဲ့အနေနဲ့ မတ်နဲ့ ဧပြီလအတွင်းမှာပဲခူးတိုင်းကိုသွားရောက်ခဲ့ပြီးဒီဖြစ်
စဉ်ကနေ လွတ်မြောက်လာသူတွေ မျက်မြင်
သက်သေတွေ တော်လှန်ရေးအင်အားစုတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း တွေ စုစုပေါင်း ၁၃ ဦး‌ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းမှာသေဆုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ဓာတ်ပုံတွေ ဖမ်းဆီးနှိပ်စက်ခံရတဲ့ အရပ်သားတွေရဲ့ ဒရုန်းဗီဒီယိုမှတ်တမ်းတွေကိုလည်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ပံ့ပိုးမှုနဲ့ စိစစ်အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒေသခံပြည်သူ‌တွေကို နှိပ်စက်နေတဲ့ အချိန်မှာ စစ်သားတွေက မူးယစ်ဆေးသုံးစွဲနေတာတွေလည်းတွေ့ရတယ်လို့ ဒီဖြစ်စဉ်မှာ ဇနီးနဲ့သား ဆုံးရှုံးခဲ့ရတဲ့ အသက် ၄၃ နှစ်အရွယ်အမျိုးသားက Fortify Rights ကို ထွက်ဆိုထားပါတယ်။

"စကားပြောစက်ထဲကနေ သူတို့တပ်မှုးကို 'ဘုန်းကြီးကျောင်းထဲမှာ PDF တွေရှိတယ်။' လို့ လှမ်းပြောကြတာ။ ဝေါ်ကီတော်ကီထဲကနေ 'ဘုန်းကြီးကျောင်းထဲမှာ ၊ ဘုန်းကြီး
ကျောင်းကိုတိုက် ၊ ဗုံးကြဲချပစ်' လို့ ပြောနေတာကိုတွေ မှတ်မိတယ်။" လို့ လက်နောက်ပြန်ကြိုးတုပ်ခံထားရချိန်က သူနဲ့ သုံးမီတာအကွာအဝေးလောက်ကနေပြောနေတာကြောင့် ကြားနေရတဲ့စကားသံတွေကို အထက်ပါ အ
မျိုးသားကပြောပါတယ်။သူ့ရဲ့ အသက် ၁၄ နှစ်အရွယ်သားဖြစ်သူဟာကြောက်လန့်ပြီးထွက်ပြေးစဥ်စစ်တပ်ကသေနတ်နဲ့ပစ်သတ်ခဲ့ရသလို ဘုန်းကြီး​ကျောင်းမှာခိုလှုံ​နေတဲ့ဇနီးဖြစ်သူကလည်း စစ်တပ်ဗုံးကြဲလို့​သေဆုံးခဲ့
ပါတယ်။

မတ်လ ၅ ရက်နေ့ နံနက်က ဘုန်းကြီးကျောင်းကို ဆွမ်းသွားပို့ရင်း အဖမ်းခံခဲ့ရတဲ့ အမျိုး
သမီးတစ်ဦးကလည်း အမျိုးသားတွေကို လမ်းမပေါ်မှာ ကြိုးတုပ်ပြီး ဝါးလုံးနဲ့ရိုက်ကာ PDF တွေရဲ့နေရာကို မေးမြန်းတာတွေ ဖုန်း Password ဖွင့်ခိုင်းတာတွေ လုပ်တာကို မြင်ခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်။

ဘုန်းကြီးကျောင်းကို တိုက်ခိုက်ဖို့ပြောတာကို သူလည်းကြားလိုက်ရပြီး ဆယ်မိနစ်လောက်အကြာမှာ ဗုံးကြဲတာလို့ သူက​ပြောပါတယ်။

ဘုန်းကြီးကျောင်းထဲမှာ သေဆုံးခဲ့ရသူတွေထဲက ဗိုက်ကြီးသည် အမျိုးသမီးတဦးရဲ့ ဗိုက်ထဲကနေ ကလေးလက် ထွက်နေတာကိုတွေ့ခဲ့ရတယ်လို့ သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောထားပါတယ်။

သေဆုံးသူတွေကို မြှုပ်ဖို့ နှစ်နာရီ အတွင်း ကျင်းနှစ်ကျင်းတူးခိုင်းခဲ့ပြီး အဲဒီ့‌နှစ်ကျင်းထဲမှာပဲ မြှုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းအပါအဝင် ကရင်နီ ၊ ကချင်ပြည် နဲ့ အရပ်သားတွေနေထိုင်းတဲ့နေရာတွေကိုစစ်ရေးအရအကြောင်းပြချက်မရှိပဲလေကြောင်း
တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်တာက စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ Fortify Rights ကပြောပါတယ်။

"ပဲခူးတိုင်းမှာ ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံ
👍38😡3❤1🥰1🥴1
လိုက်သတ်ဖြတ်မှုသည် တရားမျှတမှုဖော်ဆောင်ရန် နှင့် မြန်မာစစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်ရန် ချက်ချင်းလိုအပ် နေပြီဖြစ်ကြောင်းကို ပြသနေတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ အာဆီယံအိမ်နီးချင်းနိုင်ငံများနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခုထက်ပိုပြီး ဆောင်
ရွက်နိုင်သင့်ပါတယ်။" လို့ John Quinley ကတိုက်တွန်းထားပါတယ်။

ဒီဖြစ်စဉ်မှာ စစ်တပ်က ဓါးစာခံအဖြစ် ဖမ်းခံထားရတဲ့ ပြည်သူ ၃၀၀ ကျော်ကို ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ (၂၅) ကွပ်ကဲမှုအောက် ၃၇၀၂ တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်က တော်ဝင်ဒေါင်းတပ်ရင်း၊တောကျီးကန်းတပ်ရင်း၊ ၃၇၀၃တပ်ရင်း၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့တွေ၊ KNLA တပ်ရင်း (၇)၊ တပ်ရင်း (၉) နဲ့ ဒရုန်းတပ်ဖွဲ့တွေပူးပေါင်းပြီး “ပြည်သူကိုကယ်ထုတ်သော စစ်ဆင်ရေး” ကို ဆောင်ရွက်ခဲ့ကြပါတယ်။

စစ်ဆင်ရေးအတွင်းမှာ ပဲခူးတိုင်းစစ်ဌာနက ရဲ
ဘော် ၉ ဦး၊ KNLA တပ်ရင်း (၇) နဲ့ တပ်ရင်း (၉)က ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။ဒါ့အပြင်​တော်လှန်​ရေးရဲ​ဘော် ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်တပ်ဘက်က ၁၀ ယောက်ကျော်သေဆုံးပြီး အယောက် ၂၀
ထက်မနည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့
NUG ၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်
ပါတယ်။

အဲဒီ​နောက်ပြည်သူ ၃၀၀ ကျော်ကို ထိခိုက်မှုမရှိ ဘေးရန်ကင်းစွာနဲ့ ပူးပေါင်းတပ်တွေက လွတ်မြောက်ရာဒေသတွေကို ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး​နောက်ပိုင်းနေပြည်​တော်ဆန္ဒပြပွဲမှာ မြသွဲ့သွဲ့ခိုင် က​စပြီးနိုင်ငံတစ်ဝန်းပြည်သူ​တွေကို သတ်ဖြတ်လာခဲ့တာ ၂၀၂၆ ဇွန် ၉ ရက်အထိ့ အနည်းဆုံး ပြည်သူ ၈၀၉၀ ​ကျော်ရှိပါပြီ။ဒါက နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း(AAPP)ကအတည်ပြုထားတဲ့စာရင်းသာဖြစ်ပါတယ် ။စစ်တပ်ကသတ်ဖြတ်ခံရတာကို အ​သေးစိပ်ထပ်မံအတည်ပြုဖို့လို​သေးသူ​ပေါင်းကငါး​ထောင်ဝန်းကျင်ကျန်ရှိ​ပါ​သေးတယ်။ ဒါ​ကြောင့်ငါးနှစ်​ကျော်အတွင်းစစ်အုပ်စုကသတ်ဖြတ်ခံရသူ​ပေါင်းအနည်းဆုံးတစ်​သောင်းသုံး​ထောင်​ကျော်ရှိ​နေပြီဖြစ်ပါတယ် ။
👍35❤1🥰1🤬1🤮1🥴1
စစ်တပ်က​ရေတွင်းကုန်းရွာမှ ပြည်သူ​တွေကိုသတ်ပြီး ​မြေမြှပ်ဖို့ ​ရွာသား​တွေကို​မြေကျင်းတူးခိုင်း​နေစဥ် / ​ဒေသခံပြည်သူ​တွေကိုဖမ်းဆီးပြီး​ ​မြေ​ပေါ်မှာ​မှောက်ခိုင်းထား
စဥ်။ဓါတ်ပုံ-​ပေးပို့
🤬37👍5😡4❤2🤣2🔥1
ဘုန်းကြီး​ကျောင်းကမိသားစုဝင်​တွေ ဗုံးကြဲပြီးအစုလိုက်အပြုံလိုက်အသတ်ခံရတာသိရချိန်မှာအမျိုးသား​တွေဟာ ဝမ်းနည်းစိတ်​ကြောင့်ယူကြုံးမရဖြစ်ကြရပါတယ် ။ အဲဒီ​နောက်သေဆုံးခဲ့သူတွေကို သဂြိုလ်ခွင့်ပြုဖို့ စစ်သား​တွေကို တောင်းပန်ပြီး​ပြောပါတယ်။သဂြိုလ်ခွင်ခွင့်ရဖို့ကို​တောင် ဒူးထောက်ပြီးတောင်းပန်ပြီးမှသာ သဂြိုလ်ခွင့်ပြုခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဘုန်းကြီးကျောင်းမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တဲ့သူ ၂၈ ယောက်ကို ဖမ်းဆီးခံထားရတဲ့ ရွာ
သား​တွေကိုယ်တိုင်ကကျင်းကြီး ၂ ကျင်းတူးပြီး မြေမြုပ်သဂြိုလ် ပေးခဲ့ကြရတာလည်းဖြစ်ပါတယ်။

“၂၈ ယောက် ကျင်း ၂ ကျင်းတူပြီး မြေမြုပ်ပေးခဲ့ရတယ်။ ဗိုက်ကြီးသည်ဆို ကလေးက ဗိုက်ပေါက်ပြီး လက်တောင်ထွက်နေတာ။ သေတဲ့ထဲမှာ မိန်းမတွေကြည့်ပဲ။ ကလေးတွေ၊ မိန်းမတွေ “လို့ ကိုယ်တိုင် မြေမြုပ်သဂြိုလ်ပေးခဲ့ရသူတဦးက ပြောပါတယ်။သေဆုံးခဲ့ရတဲ့ ၂၈ ယောက်ဟာ ဘုန်း

ကြီးကျောင်းထဲမှာပဲ သေဆုံးခဲ့သူတွေဖြစ်ပါတယ်။ ဒါအပြင် လမ်းမှာ စစ်တပ်က​သေနတ်နဲ့ပစ်သတ်ခံခဲ့ရသူ​တွေလည်းရှိခဲ့ပါတယ်။လမ်းမှာသေဆုံးခဲ့ရသူတွေကိုတော့ စစ်တပ်က သဂြိုလ်ခွင့်မ​ပေးပါဘူး။

ဘုန်းကြီး​ကျောင်းထဲက​သေဆုံးသူ​တွေကိုသဂြိုလ် ခွင့်ရချိန်မှသာကိုမောင် (အမည်လွှဲ)
အပါအဝင် ဖမ်းဆီးခံထားရသူတွေဟာ သူတို့မိသားစုဝင်​တွေဘယ်သူသေဆုံးသွားတယ်ဆိုတာကို သိခွင့်ရကြတာလည်းဖြစ်ပါတယ်။စစ်တပ်ကအခုလို ပြည်သူ​တွေကို အစုလိုက်
အပြုံလိုက်သတ်ဖြတ်​နေတာဟာ စစ်တပ်အာဏာသိမ်းပြီး​​နောက်ပိုင်းအကြိမ်​ပေါင်းရာ​ချီ​နေပြီဖြစ်ပါတယ် ။

ကံဆိုးချင်​တော့ကိုမောင်ရဲ့အမျိုးသမီးဟာလည်းစစ်တပ်ကဘုန်းကြီးကျောင်းကို ဗုံးကြဲစဥ် သေဆုံးခဲ့ပါတယ် ။သားနဲ့ သမီးတွေက
တော့ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။



https://www.ludunwayoo.com/feature-mm/2026/03/14/151094/
🤬41❤5😡5🔥4🤣3
လိင်အမြတ်ထုတ်မှုစွပ်စွဲချက်နဲ့ ရင်ဆိုင်နေရတဲ့ICCအစိုးရရှေ့နေချုပ် ရာထူးဆိုင်းငံ့ခံရ

ဇွန်-၉၊၂၀၂၆။People's Spring

လိင်အမြတ်ထုတ်မှု စွပ်စွဲချက်တွေကို အ
ကြောင်းပြုပြီးအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC)ရဲ့အစိုးရရှေ့နေချုပ်ကာရင်မ်ခန်းဟာရာထူးတာဝန်ကနေဆိုင်းငံ့ ခံခဲ့ရပါတယ်။

ICCရဲ့စီမံကွပ်ကဲမှုကော်မတီကခန်းကို အလုပ်
တာဝန်တွေကနေ ဆိုင်းငံ့ထားမယ့် ဆုံးဖြတ်
ချက်ကို ဇွန်လ ၈ ရက်နေ့မှာ အတည်ပြု ချ
မှတ်ခဲ့ပါတယ်။ အခုလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုဟာကော်မတီရဲ့အဖွဲ့ဝင် ၂၁ ဦးက မဲပေး ဆုံးဖြတ်မှု ရလဒ်အပြီးမှာထွက်ပေါ်လာတာပါ။ ICCမှာခန်းရဲ့ အနာဂတ် ဆက်ရှိ၊မရှိ ဆိုတာကတော့အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘော
ထား ဆန္ဒအပေါ် မူတည်လာမှာ ဖြစ်ပါတယ်။

မဲပေးကြတဲ့ ကော်မတီဝင်တွေထဲက အများစုကတော့ ခန်းဟာလိင်အမြတ်ထုတ်မှု စွပ်စွဲ
ချက်တွေနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ မလျော်မကန်အပြုအမူတွေတကယ်ပဲကျူးလွန်ခဲ့တယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

ဗြိတိန်ရဲ့ထင်ရှားတဲ့ရှေ့နေတစ်ဦးဖြစ်သူ ခန်းအပေါ် အခုလို စွပ်စွဲမှုတွေဟာ ၂၀၂၄ ခုနှစ်မှာ စတင် ထွက်ပေါ်လာခဲ့ပါတယ်။ ICC ဌာနချုပ်ရှိရာနယ်သာလန်နိုင်ငံ၊ဟိဂ်မြို့မှာခန်းရဲ့ လက်
အောက်ဝန်ထမ်းအဖြစ်အလုပ်လုပ်ခဲ့တဲ့ အ
မျိုးသမီး တစ်ဦးက အဲဒီစွပ်စွဲမှုကို အစပြုခဲ့တာ ဖြစ်ပါတယ်။

သူ့ဆန္ဒမပါတဲ့ လိင်ပိုင်းဆိုင်ရာ အနှောင့်အ
ယှက် ပေးမှုတွေကို ၂၀၂၃ ကနေ ၂၀၂၄ ခုနှစ်အတွင်း ခန်းက ကျူးလွန်ခဲ့ကြောင်း၊ ပြည်ပ ခရီးစဉ် တစ်ခုမှာလည်း ဟိုတယ်ခန်းမှာ သူနဲ့အတူ လာအိပ်ဖို့လည်း တောင်းဆိုခဲ့ကြောင်း၊ ရုံးခန်းတံခါးကိုသော့ပိတ်ပြီးခန်းကသူ့အိတ်
ကပ်ကို လက်နှိုက်တာမျိုးတွေလည်း လုပ်ခဲ့ကြောင်း အသက် ၃၀ ကျော်အရွယ် အမျိုး
သမီးက စွပ်စွဲခဲ့ပါတယ်။

ဒါ့အပြင်သူ့အလိုကိုမလိုက်တဲ့အတွက်နစ်နာသူနဲ့ တခြားလုပ်ဖော်ကိုင်ဖက်နှစ်ဦးကို လုပ်
ငန်းခွင်မှာ ပစ်မှတ်ထား လက်စားချေတာတွေကိုလည်း ခန်းက လုပ်ခဲ့သေးတယ်လို့ တိုင်
ကြားမှုမှာ ပါရှိခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ၁၈ လကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ICCက ခန်းကိုလုပ်ငန်းတာဝန်တွေကနေဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။ခန်းကတော့သူဟာအပြစ်ကင်းကြောင်း အစဉ်တစိုက် ခုခံ ပြောကြားခဲ့ပါတယ်။

ခန်းကို ICC ရှေ့နေချုပ်အဖြစ် ဆက်ထားသင့် မသင့်ကို အဖွဲ့ဝင် နိုင်ငံတွေဆီ မဲပေး ဆုံးဖြတ်ခိုင်းတယ်ဆိုတဲ့ ကိစ္စမျိုးဟာ အရင်က မကြုံဖူးတဲ့ ကိစ္စမျိုးလို့လည်းဆိုနိုင်ပါတယ်။ကော်မ
တီဖက်ကတော့ ခန်းကို ရာထူးကဆိုင်းငံ့လိုက်တာဟာနောက်ဆုံးအပြီးသတ်ဆုံးဖြတ်ချက် မဟုတ်သေးဘူးလို့လည်းပြောကြားထားပါတယ်။

ခန်းဟာ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICCဆီ တရားဝင် လျှောက်ထား တောင်းဆိုခဲ့ဖူးသူ ဖြစ်ပါတယ်။၂၀၁၆နဲ့ ၂၀၁၇ ခုနှစ်တွေအ
တွင်းရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေဟာလူသာမျိုးနွယ်အပေါ် ရာဇ
ဝတ်မှုကျူးလွန်ခြင်းအထမြောက်တဲ့အတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ ခန်းက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ လကုန်ပိုင်းမှာ ICC
ဆီ အဆိုပြုခဲ့တာဖြစ်ပါတယ်။

ကိုးကား- The Guardian
👍29❤6🥴2🥰1🤔1
ဓါတ်ပုံ-The Guardian
👍24💩6👎2❤1
မြစ်ခြေက နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေ အိမ်ပြန်ဆောက်ဖို့ ဝါးနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ဇွန် ၉၊ ၂၀၂၆။ဟာနာဆန်/People's Spring

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြစ်ခြေဒေသကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ (၁,၀၀၀) နီးပါး ပြာကျပျက်စီးခဲ့ရပြီး ပြည်သူ (၄၀) ကျော်လည်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း၊ယခုအခါ ပြန်လည်ထူထောင်ရေးအတွက် အခြေခံပစ္စည်းများဖြစ်တဲ့ အဆောက်အဦးအတွက် ဝါးနဲ့ အခြေခံစားသောက်ကုန် ဆန်တို့ လိုအပ်နေတာကြောင့် ပါဝင်ကူညီထောက်ပံ့ကြဖို့ ပခုက္ကူပအဖအဖွဲ့က မေတ္တာရပ်ခံပါတယ်။

ပျက်စီးဆုံးရှုံးအိမ်ထောင်စု များပြားတဲ့အတွက် Campaign ကာလ ၁လခန့်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ Page Messenger မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားပါတယ်။

လက်ရှိ မြစ်ခြေမြို့ပေါ်မှာ မီးရှိူ့ခံရတဲ့ ရုပ်အလောင်းတွေလည်း ထပ်မံတွေ့ရှိနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အရိုးပဲကျန်တဲ့ အနေအထားကြီးတွေနဲ့ တွေ့ရတာပါ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမြစ်ခြေမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၈ သောင်းခန့် ရှိနေပြီး ၎င်းတို့ဟာ တောတောင်တွေနဲ့ နီးစပ်ရာ ဘေးလွတ်ရာနေရာတွေမှာ ဖြစ်သလို ခိုလှုံနေကြရပါတယ်။

လူနေထူထပ်တဲ့ စစ်ရှောင်စခန်းတွေမှာ လက်ရှိ မိုးရာသီဖြစ်တာကြောင့် မိုးကာတွေ အရေးပေါ်လိုအပ်နေသလို၊ အိုးအိမ်မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အတွက် ဒန်အိုးဒန်ခွက်များ၊ ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာ အကူအညီတွေ အလွန်အမင်း လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
😢42🤬4❤2🔥1🤮1
(စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မြစ်ခြေမြို့က နေအိမ် ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
😢43🤬6👍3🤮1
လက်နက်ကိုင်ပဋိပက္ခ ပိုပြင်းထန်လာစေနိုင်လို့ မြစ်ဆုံစီမံကိန်းအပြီးတိုင် ရပ်တန့်ဖို့ အဖွဲ့အစည်း ၁၀၀ ကျော် ပူးတွဲထုတ်ပြန်

ဇွန် ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် နောင်အချိန်မှာ ကြီးမားတဲ့ သဘာ၀ဘေးကို တားဆီးဖို့ မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်တန့်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

၂၀၁၁ ဇွန်လ ၉ရက်က စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကြား ပဋိပက္ခ ပြန်လည်စတင်ခဲ့ရာ ဒေသခ့ ပြည်သူ သိန်းချီ စစ်ရှောင်ခဲ့ရာ အခုဆို ၁၅နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

စာရင်းတွေအရ စစ်ရှောင်ပြည်သူ ၂၄၄၅၀၀ ကျော်ရှိတယ်လို့ ဆိုပေမယ့် လက်တွေ့မှာ စစ်ရှောင်ဦးရေ ပိုများလိမ့်မယ်လို့ အဖွဲ့အစည်း ၁၂၉ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ ခန့်မှန်းထားပါတယ်။

“စစ်ကောင်စီ၏ ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် အဓမ္မစစ်သားစုဆောင်း ခြင်းတို့သည် ပြည်သူများကို အဆက်မပြတ် အိုးအိမ်စွန့်ခွာထွက်ပြေးစေပြီး၊ မြန်မာနိုင်ငံမှ ထွက်ခွာသွား စေရန် တွန်းအားပေးနေသည်” လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်မှု သယ်ယူပို့ဆောင်ရေးလမ်းတွေ ပိတ်ထားမှု စတာတွေအပါအဝင် ကချင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းများကို ပစ်မှတ်ထား ဖြတ်တောက်မှုတွေလုပ်ဆောင်ခဲ့လို့ အစား အစာ၊ ကျန်းမာရေးနဲ့ ပညာရေးအတွက် အရေးပေါ်လိုအပ်ချက်များကို ဖြစ်ပေါ်စေကာ ကလေးများ၊ အမျိုးသမီးများနဲ့ မသန်စွမ်းသူများအပေါ် ဆိုးရွားစွာ ထိခိုက်စေကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် မကြာသေးမီက နိုင်ငံတကာထောက်ပံ့မှုများ လျော့ကျသွားခြင်းက အရေးပေါ်လိုအပ်ချက်များကို ပိုမိုဆိုးရွားစေကြောင်း ထုတ်ပြန်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြားမှာ စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ကြီးမားသော ကန့်ကွက်မှုကြောင့် ယခင်က ရပ်ဆိုင်းထားခဲ့ရတဲ့ မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည် အသက်သွင်းရန် ရန်လိုစွာ ကြိုးပမ်းနေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ကြိုးပမ်းနေတဲ့ မြစ်ဆုံဆည်စီမံကိန်းဟာ မြန်မာတစ်နိုင်ငံလုံး အတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေကြောင်း၊ ဧရာဝတီမြစ်သည် ပဋိပက္ခဖြစ်ပွားနေ တဲ့ ကချင်ပြည်နယ် မြောက်ပိုင်း တောင်တန်းများမှသည် ငလျင်ဒဏ်သင့် အလယ်ပိုင်းဒေသ၊ မြစ်ဝ ကျွန်း ပေါ်ဒေသအထိ လူမှုအသိုင်းအဝိုင်းပေါင်းစုံကို အသက်ဆက်ပေးနေတဲ့ နိုင်ငံရဲ့ အဓိက သွေးကြောဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

အဖွဲ့အစည်း ၁၂၉ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဦးစားပေးရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တောင်းဆိုထားပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးရသူများအတွက် ရန်ပုံငွေတိုးမြှင့်ပေးဖို့၊ ဒေသတွင်းဦးဆောင်သော အဖွဲ့အစည်းများကို ပံ့ပိုးကူညီဖို့၊ ခုခံတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော နယ်မြေများသို့ အကူအညီများ ရောက်ရှိစေဖို့ တောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။

“အရပ်သားများကို ကာကွယ်စောင့်ရှောက်ရေးကို ဦးစားပေးရန်၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်စေရန် လိုအပ်သည့် သံတမန်ရေးရာ အစီအမံအားလုံးကို လုပ်ဆောင်ပေးရန် တိုက်တွန်းပါသည်” လို့ ပူးတွဲကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အရပ်သားများ၊ အထူးသဖြင့် ကလေးများ၊ အမျိုးသမီးများနဲ့ မသန်စွမ်းသူများရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ပံ့ပိုးပေးဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းထံ ခိုလှုံခွင့်ရှာဖွေနေသူများကို ကာကွယ် စောင့်ရှောက်ဖို့လည်း တိုက်တွန်းထားပါတယ်။
👍43❤7🥰2👏1😁1🤮1
(မြစ်ဆုံစီမံကိန်းရပ်တန့်ပေးဖို့ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေခံပြည်သူ ၈၀ ကျော်ဟာ၂၀၂၆ ဧပြီ ၂၉ ရက်ကဧရာဝတီမြစ်ကမ်းတနေရာမှာ ဆန္ဒပြတောင်းဆိုနေစဉ်။ ဓာတ်ပုံ - KHRW)
👍49🥰4❤2🔥2😁1
စစ်တပ်ကို ပံ့ပိုးတာတွေ မပြုလုပ်ဖို့ စင်ကာပူကို JFM တောင်းဆို

■စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

ဇွန်-၉၊ ၂၀၂၆။ တေဇ/People's Spring

ပြည်သူတွေအပေါ် အကြမ်းဖက်မှူတွေ ကျူးလွန်နေတဲ့ စစ်တပ်အတွက် လက်နက်၊ စက်ပစ္စည်းနဲ့ လေယာဉ်ဆီရောင်းဝယ်ပေးနေတဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီတွေရဲ့ လုပ်
ရပ်ကိုရပ်တန့်ပေးဖို့Justice For Myanmar
(JFM)က တောင်းဆိုလိုက်ပါတယ်။

“မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အားပေးကူညီနေတဲ့ စင်ကာပူကုမ္ပဏီတွေကို ဖော်ထုတ်ခဲ့တာ လေးနှစ်နီးပါးရှိလာခဲ့ပေ
မယ့် ဒီလောက်များပြားတဲ့ စီးပွားရေးလုပ်ငန်းတွေက အရေးယူမခံရဘဲ ဆက်လက်လည်
ပတ်နေတာကတော့ လက်ခံနိုင်စရာ မရှိပါဘူး။ အရေးယူမှုတွေ ပြုလုပ်ခဲ့တာကို ကြိုဆိုပေမယ့်စစ်အုပ်စုက မြန်မာပြည်သူတွေအ
ပေါ် နေ့စဉ်နဲ့အမျှ အကြမ်းဖက်နိုင်ဖို့ လိုအပ်နေတဲ့ စစ်လက်နက်တွေ၊ စက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်နိုင်ဖို့ စင်ကာပူအနေနဲ့ အခုထက်ပိုမို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်"လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

ဒါကြောင့် စင်ကာပူအခြေစိုက်စီးပွားရေးလုပ်
ငန်းတွေအနေနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ အရောင်းအဝယ်ပြုလုပ်တာတွေကို ရပ်တန့်ဖို့နဲ့ ဒီလိုပါဝင်ပတ်သက်နေတာက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားတဲ့ အာဆီယံ ဘုံသဘောတူညီမှု ငါးရပ်အပေါ် စင်ကာပူရဲ့ ကတိကဝတ်ကို ထိ
ခိုက်စေတယ်လို့ ‌မရတနာမောင်က ထောက်ပြထားပါတယ်။

စင်ကာပူနိုင်ငံက ၂၀၂၇ မှာ အာဆီယံဥက္ကဌ ဖြစ်လာမှာကြောင့် နိုင်ငံတွင်းက ကုမ္ပဏီတွေအနေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာကြောင်း၊ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတွေကို လေးစားလိုက်နာကြောင်း၊ မြန်မာစစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကူညီအားပေးခြင်း မရှိကြောင်း အာမခံနိုင်ဖို့အတွက် လိုအပ်တယ်လို့ ဆိုပါတယ်။

စင်ကာပူအနေနဲ့ ၎င်းတို့ရဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကိုလေးစားလိုက်နာပြီးစစ်အုပ်စု
ရဲ့စစ်လက်နက်တွေ၊စစ်အသုံးအဆောင်
ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေ ရရှိနိုင်မှုတွေကို ပိတ်ဆို့တားဆီးနိုင်ဖို့အတွက် ခိုင်မာလက်
တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြု
လုပ်ရမယ့် အချိန်ဖြစ်တယ်လို့ မရတနာမောင်က ဆက်ပြောပါတယ်။

မြန်မာစစ်တပ်ဆီကို စစ်လက်နက်တွေ ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်စည်တွေနဲ့ နည်းပညာ‌တွေ ထောက်ပံ့ပေးနေတဲ့ စင်ကာပူ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီ ၃၃ ခုကို JFM က ၂၀၂၂မှာဖော်ထုတ်ခဲ့ပြီးလက်ရှိအချိန်မှာ ကုမ္ပဏီ ၂၀ က ပယ်ဖျက်ခံထားရပေမယ့် ၁၃ ခုကတော့ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်တယ်လို့ JFM က ထုတ်ပြန်ပါတယ်။

စင်ကာပူကုမ္ပဏီမှတ်ပုံတင်စာရင်းက ပယ်
ဖျက်ခံခဲ့ရတဲ့ ကုမ္ပဏီတွေမှာ အစ္စရေးနိုင်ငံက Super Dvora Mk III ၊အမြန်တိုက်ခိုက်ရေးရေယာဉ်တွေနဲ့ Skylark မောင်းသူမဲ့လေယာဉ် (UAV) တွေအပါအဝင် လက်နက်ဝယ်ယူရေးမှာ ပါဝင်ပတ်သက်ခဲ့တဲ့ Star Sapphire Group ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခု၊ ဂျာမန်ကုမ္ပဏီ ND Satcom ရဲ့ရွေ့လျားဆက်သွယ်ရေးစနစ်များ(COTM) ကို စစ်တပ်ရဲ့ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးကို ရောင်း
ချထောက်ပံ့ပေးခဲ့တဲ့ A1 Group ကုမ္ပဏီများအုပ်စုရဲ့ လက်အောက်ခံ Bright Sky Group Pte. Ltd နဲ့ မြန်မာရေတပ်ရဲ့ ဖရီးဂိတ် စစ်ရေယာဉ် တည်ဆောက်ရေးစီမံကိန်းအတွက် စက်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ကြားခံပွဲစားအနေနဲ့ ဆောင်ရွက်ပေးခဲ့တဲ့ Atland Services Pte Ltd နဲ့ General Machinery Trading Pte. Ltd တို့ ပါဝင်တယ်လို့ JFM ကဖော်ပြထားပါတယ်။

လက်ရှိအချိန်အထိ မှတ်ပုံတင်ထားတဲ့ ကုမ္ပ
ဏီတွေထဲမှာစစ်တပ်ရဲ့လက်နက်ပွဲစား ကွန်
ရက်တွေကိုတွေ့နေရတယ်လို့ဖော်ပြပါတယ်။

အဲဒီကုမ္ပဏီတွေကတော့ဘီလာရုစ်ကနေ စစ်
တပ်အတွက် စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ကြားခံဝယ်ယူပေးနေတဲ့ ဒေါက်တာအောင်မိုးမြင့် ပိုင်ဆိုင်တဲ့ Dynasty Excellency Pte. Ltd၊ လေတပ်အတွက် Mi-2 နဲ့ Mi-17 ရဟတ်ယာဉ်အစိတ်အပိုင်း‌တွေ ၊ ကြည်းတပ်အတွက် BTR-3U သံချပ်ကာတပ်ဖွဲ့ဝင် သယ်ယူပို့ဆောင်ရေးယာဉ် တွေနဲ့ ရေတပ်အတွက် တွန်းကန်မောင်းနှင်စနစ်တွေနဲ့ သင်္ဘောပဲ့ပိုင်းတည်ဆောက်မှုဆိုင်ရာ အ
စိတ်အပိုင်းတွေ အပါအဝင် ရေယာဥ်အစိတ်
အပိုင်းတွေကို ဝယ်ယူပေးနေတဲ့ အောင်လှိုင်ဦး ရဲ့ Myanmar Chemical & Machinery (MCM) Group ၊ မြန်မာစစ်တပ်အတွက် Thales Coast Watcher 100 ကမ်းရိုးတန်း
စောင့်ကြည့်ရေးရေဒါစနစ်တွေ ဝယ်
ယူပေးရာမှာ ပါဝင်ခဲ့တဲ့အပြင်လေတပ်အ
တွက် ATR နဲ့ Fokker လေယာဉ်တွေ ဝယ်ယူပေးခဲ့တဲ့ KT Group နဲ့ Ky-Tha Group တို့ပါ
ဝင်တယ်လို့​ဖော်ပြပါတယ်။KT Group နဲ့ Ky-Tha Group တို့ဟာ လက်နက်ပွဲစားခရိုနီ​ဂျော်နသန်​ကျော်​သောင်းပိုင်ဆိုင်တာပါ။
❤27👍13🥰2🤮2🤬1
ဒါ့အပြင် Air Mandalayရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း စိုင်းခမ်းပါ့ခ်ဖ ရှယ်ယာ ၄၅ ရာ
ခိုင်နှုန်း ပိုင်ဆိုင်တဲ့ Asia Trading Group Pte. Ltd ၊ စစ်အုပ်စုရဲ့မြန်မာ့ရေနံဓာတုဗေဒလုပ်
ငန်း (MPE) နဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ PEIA Pte. Ltd တို့လည်း မဖျက်သိမ်းရသေးတဲ့ ကုမ္ပဏီစာရင်းမှာပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် အစီရင်ခံစာမှာ ဖော်ထုတ်ထားတဲ့ ကုမ္ပဏီများနဲ့ လူပုဂ္ဂိုလ်များအပြင်အဲဒီနောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ အခြားအဖွဲ့အစည်းများရဲ့ အစီရင်ခံစာများမှာ ဖော်ထုတ်ထားတဲ့ ကုမ္ပဏီများနဲ့ လူပုဂ္ဂိုလ်များအပေါ် ချက်ချင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဖို့ စင်ကာပူအစိုးရကို တောင်းဆိုထားပါတယ်။ဒါ့အပြင် စင်ကာပူနိုင်ငံအတွင်းရှိ မည်သည့်ကုမ္ပဏီ သို့
မဟုတ် လူပုဂ္ဂိုလ်မျှ စစ်အုပ်စုရဲ့ အကြမ်းဖက်ထောက်ပံ့ရေးကွင်းဆက်အတွက် ပွဲစား သို့
မဟုတ် ကြားခံအဖြစ် ဆောင်ရွက်နေခြင်း မရှိစေရေး အာမခံချက်ပေးဖို့လည်း JFM က တောင်းဆိုထားပါတယ်။
👏25👍12🤮3❤1
စစ်တပ်အတွက် လက်နက်၊ စစ်သုံး ၊စစ်ဘက်-အရပ်ဘက်သုံး ပစ္စည်း​တွေ နဲ့​လေယာဥ်ဆက်စပ်ပစ္စည်း​တွေတင်သွင်း​ပေး​နေတဲ့ပွဲစား​တွေ
🖕32🤬7👎2🔥2🤮2🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ရေတွင်းကုန်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ Fortify Rights ထုတ်ပြန်

ပဲခူးတိုင်း ညောင်းလေးပင်မြို့ ရေတွင်းကုန်းရွာမှာ မတ်လ ၅ ရက်က အရပ်သားပြည်သူတွေအပေါ် စစ်‌တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်ပစ်ခတ်မှု​တွေနဲ့ ပြည်သူ ၂၈ ဦးကို သတ်ဖြတ်ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်​တယ်လို့ Fortify Rightsအဖွဲ့က ဒီနေ့ ဇွန်လ ၉ ရက်မှာထုတ်ပြန်လိုက်ပါတယ်။ အရပ်သားပြည်သူ‌တွေ‌ ခိုလှုံကြတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်တာက စစ်ရေးပစ်မှတ်အရ ကျူးလွန်တာလို့ ဘယ်လိုမှ သတ်မှတ်လို့ မရသလို ကလေးငယ်တွေအပါအဝင် အရပ်သားတွေကို သတ်ဖြတ်ခဲ့တာတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ပြီး ဒီလုပ်ရပ်တွေဟာ နိုင်ငံတကာကအရေးယူတာဝန်ခံမှုရှိလာရေး ဘယ်လောက်အထိ အရေးတကြီးလိုအပ်နေပြီလဲဆိုတာကို ပိုမိုထင်ရှားစေတယ်လို့ Fortify Rights ဒါရိုက်တာဂျွန်ကွင်လေက ပြောပါတယ်။ ဒါ​ကြောင့် စစ်တပ်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို နိုင်ငံတကာက အ​ရေးယူ​ဆောင်ရွက်မှုများပြုလုပ်ဖို့ အထူးလိုအပ်​နေ​ကြောင်းလည်းFortify Rightsက တိုက်တွန်းပါတယ်။ ပဲခူးတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟာ တရားမျှတမှုဖော်ဆောင်ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်ဖို့ ချက်ချင်းလိုအပ်နေပြီ ဖြစ်ကြောင်းကို ပြသနေတာဖြစ်တယ်လို့ Fortify Rights ဒါရိုက်တာဂျွန်ကွင်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အာဆီယံအိမ်နီးချင်းနိုင်ငံများနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေနဲ့လည်း အခုထက်ပိုပြီး ဆောင်ရွက်နိုင်သင့်တယ်လို့ သူက တိုက်တွန်းထားပါတယ်။

◾️စစ်တပ်ကို ပံ့ပိုးတာတွေ မပြုလုပ်ဖို့ စင်ကာပူကို JFM တောင်းဆို

ပြည်သူတွေအပေါ် အကြမ်းဖက်မှူတွေ ကျူးလွန်နေတဲ့ စစ်တပ်အတွက် လက်နက်၊ စက်ပစ္စည်းနဲ့ လေယာဉ်ဆီရောင်းဝယ်ပေးနေတဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီတွေရဲ့ လုပ်ရပ်ကိုရပ်တန့်ပေးဖို့Justice For Myanmar(JFM)က တောင်းဆိုလိုက်ပါတယ်။ စင်ကာပူနိုင်ငံက ၂၀၂၇ မှာ အာဆီယံဥက္ကဌ ဖြစ်လာမှာကြောင့် နိုင်ငံတွင်းက ကုမ္ပဏီတွေအနေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာကြောင်း၊ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတွေကို လေးစားလိုက်နာကြောင်း၊ မြန်မာစစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကူညီအားပေးခြင်း မရှိကြောင်း အာမခံနိုင်ဖို့အတွက် လိုအပ်တယ်လို့ ဆိုပါတယ်။ စင်ကာပူအနေနဲ့ ၎င်းတို့ရဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကိုလေးစားလိုက်နာပြီးစစ်အုပ်စုရဲ့စစ်လက်နက်တွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေ ရရှိနိုင်မှုတွေကို ပိတ်ဆို့တားဆီးနိုင်ဖို့အတွက် ခိုင်မာလက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရမယ့် အချိန်ဖြစ်တယ်လို့ မရတနာမောင်က ဆက်ပြောပါတယ်။ မြန်မာစစ်တပ်ဆီကို စစ်လက်နက်တွေ ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်စည်တွေနဲ့ နည်းပညာ‌တွေ ထောက်ပံ့ပေးနေတဲ့ စင်ကာပူ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီ ၃၃ ခုကို JFM က ၂၀၂၂မှာဖော်ထုတ်ခဲ့ပြီးလက်ရှိအချိန်မှာ ကုမ္ပဏီ ၂၀ က ပယ်ဖျက်ခံထားရပေမယ့် ၁၃ ခုကတော့ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်တယ်လို့ JFM က ထုတ်ပြန်ပါတယ်။ ဒီလောက်များပြားတဲ့ စီးပွားရေးလုပ်ငန်းတွေက အရေးယူမခံရဘဲ ဆက်လက်လည်ပတ်နေတာကတော့ လက်ခံနိုင်စရာ မရှိဘူးလို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။ စင်ကာပူက အရေးယူမှုတွေ ပြုလုပ်ခဲ့တာကို ကြိုဆိုပေမယ့် စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် နေ့စဉ်နဲ့အမျှ အကြမ်းဖက်နိုင်ဖို့ လိုအပ်နေတဲ့ စစ်လက်နက်တွေ၊ စက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်နိုင်ဖို့ စင်ကာပူအနေနဲ့ အခုထက်ပိုမို လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ တိုက်တွန်းပါတယ်။

◾️လက်နက်ကိုင်ပဋိပက္ခ ပိုပြင်းထန်လာစေနိုင်လို့ မြစ်ဆုံစီမံကိန်းအပြီးတိုင် ရပ်တန့်ဖို့ အဖွဲ့အစည်း ၁၀၀ ကျော် ပူးတွဲထုတ်ပြန်

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ ပါဝင်ပတ်သက်သူများ အကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင် အဖွဲ့အစည်း ၁၂၉ဖွဲ့က ပူးတွဲထုတ်ပြန်ပါတယ်။ နောင်အချိန်မှာ ကြီးမားတဲ့ သဘာ၀ဘေးကို တားဆီးဖို့ မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်တန့်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၁ ဇွန်လ ၉ရက်က စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကြား ပဋိပက္ခ ပြန်လည်စတင်ခဲ့ရာ ဒေသခံ ပြည်သူ သိန်းချီ စစ်ရှောင်ခဲ့ရာ အခုဆို ၁၅နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ စာရင်းတွေအရ စစ်ရှောင်ပြည်သူ ၂၄၄,၅၀၀ ကျော်ရှိတယ်လို့ ဆိုပေမယ့် လက်တွေ့မှာ စစ်ရှောင်ဦးရေ ပိုများလိမ့်မယ်လို့ အဖွဲ့အစည်း ၁၂၉ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ ခန့်မှန်းထားပါတယ်။

◾️ရခိုင်-ဧရာဝတီအစပ် ရိုးမတိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်အထိနာ
👍21❤3🤬3🔥2