ကုလားတန်စီမံကိန်း အမြန်ပြီးစေလိုပြီး
လုပ်ပေးနိုင်တာအားလုံး ကူညီပေးမယ်လို့ AA ပြော
■ စီမံကိန်း ဒေသအားလုံးနီးပါးAAထိန်းချုပ်ထားပေမယ့် အာဏာသိမ်းခေါင်းဆောင်ကအိန္ဒိယနဲ့ စီမံကိန်းအကြောင်းဆွေးနွေး
ဇွန်-၈၊ ၂၀၂၆။ခိုင်မြတ်၊ထားမြတ်/People’s Spring
မြန်မာနဲ့ အိန္ဒိယတို့ပူးပေါင်အကောင်အ
ထည်ဖော်ခဲ့တဲ့ ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း အမြန်ဆုံးပြီးစီးစေလိုကြောင်း အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထပ်
လောင်းပြောကြားခဲ့ပြီး လုပ်ပေးနိုင်တာ အားလုံးကူညီပေးမယ်လို့ အသိပေးပါတယ်။
၂၀၂၃ နိုဝင်ဘာ ကစတင်ခဲ့တဲ့ AA ရဲ့ ထိုးစစ်မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ် နဲ့ ရက္ခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာ ကုလားတန်စီမံကိန်း ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ စစ်တွေ-ပလက်၀ ရေလမ်းကြောင်း တခုလုံးနီးပါးကို AAက ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။
"ကုလားတန်စီမံကိန်းနှင့်ပတ်သက်လို့ နော်တို့ရဲ့သဘောထားကိုအကြိမ်ကြိမ်ထုတ်ပြော
ထားပြီးဖြစ်ပါတယ်။အခုလဲအရင်သဘော
ထားအတိုင်းပါဘဲ ၊ ဘာမှအပြောင်းအလဲမရှိပါဘူး။ အဲဒီကုလားတန်စီမံကိန်းကို မြန်နိုင်သမျှအမြန်ပြီးစေချင်တယ်။အဲဒီအတွက် ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနှင့် လုပ်ပေးနိုင်တာအားလုံးကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"လို့ ဦးခိုင်သုခက People's Spring ကိုပြောပါတယ်။
AAဟာ အရင်ကလည်း ကုလားတန်စီမံကိန်းနဲ့ပတ်သက်ပြီး သဘောထားတွေကို သတင်းစာရှင်းလင်းပွဲတွေ မီဒီယာအင်တာဗျူးတွေက
တဆင့် အသိပေးထားရာ အိန္ဒိယ အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုကြောင်း၊ စီမံကိန်းတွေကို အကာအကွယ်ပေးသွားမှာ ဖြစ်သလို ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ စီမံကိန်းဖြစ်လို့ အပြုသဘောဆောင်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
တဖက်မှာလည်းအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့အပါတ်က အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ရာ ကုလားတန်စီမံကိန်း အပြီးသတ်ရေး အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်တပ် ဝါဒဖြန့်မီဒီယာတွေကတဆင့် ဖော်ပြထားပါတယ်။
မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံစဉ် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာပါ။ ဒါပေမယ့် နာလည်မှုစာချွန်လွှာ ၊စာချုပ် တစ်ခုမှသဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့တာမရှိပါဘူး။
ရက္ခိုင်ပြည်နယ် တခုလုံးနီးပါး လက်လွှတ်ဆုံးရှုံးထားရတဲ့ အာဏာသိမ်းခေါင်းဆောင်ဟာမြန်မာ-အိန္ဒိယရေကြောင်းကုန်သွယ်ရေးအပါအဝင် ရင်းနှီးမြှပ်နှံမှုတွေလာလုပ်ဖို့ ဖိတ်ခေါ်ပြီး နိုင်ငံရေးခိုင်မာအောင်လုပ်မယ်၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမရှိဘဲ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့လည်းအိန္ဒိယ ခရီးစဉ်မှာ ပြောကြားခဲ့ပြီး အာမခံချက် ပေးနိုင်တယ်လို့လည်းဆိုထားပါတယ်။
ဒါပေမဲ့ ကုလားတန်စီမံကိန်းရဲ့ အရေးပါတဲ့
ပလက်၀ကနေ စစ်တွေသွားတဲ့ ကုလားတန်မြစ်ကြောင်းတလျှောက် အဓိက မြို့နယ်တွေဖြစ်တဲ့ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စတာတွေကို AAက သိမ်းပိုက်ထိန်း
ချုပ်စိုးမိုးထားတာဖြစ်ပါတယ်။
ကုလားတန်စီမံကိန်းဟာ အိန္ဒိယနိုင်ငံတွင်း ကုန်းတွင်းပိတ် ပြည်နယ်တွေကို ပင်လယ်ရေ
ကြောင်း၊ ကုလားတန်မြစ်ကြောင်း၊ ကုန်း
ကြောင်း စတာတွေကနေ အချိန်နဲ့ ကုန်ကျ
စရိတ်သက်သာစွာနဲ့ ပိုမိုအဆင်ပြေပြေသွားလာနိုင်ဖို့ ရည်ရွယ်လုပ်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ ရက္ခိုင်ပြည်နယ်အတွက်လည်း ကုန်သွယ်မှု ပိုမိုဖွံ့ဖြိုးကာ ဒေသခံတွေ အလုပ်အကိုင်ပိုမိုရရှိနိုင်မယ့် အခွင့်အလမ်းတွေရှိနေတာဖြစ်ပါတယ်။
စီမံကိန်း အစိတ်အပိုင်းတခုဖြစ်တဲ့ စစ်တွေရေနက်ဆိပ်ကမ်းနေရာကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားတာဖြစ်ပေမယ့် AA ဘက်ကတော့ ရက္ခိုင်မှာ သိမ်းပိုက်ဖို့ ကျန်နေတဲ့ စစ်တွေ၊ ကျောက်ဖြူ အပါအဝင် မြို့နယ် အားလုံးကို အခုနှစ်ပိုင်းတွေအတွင်း အပြီး
သတ်သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။လက်ရှိမှာလည်းစစ်
တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အထိနာနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေ၊ဒေသကွပ်ကွဲစစ်ဌာနချုပ်
(ဒကစ စစ်တွေ)ရဲ့ကာကင်းတွေနဲ့ ကျောက်
ဖြူမြို့နယ် တောင်မောင်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးလက်ကျန်အ၀တောင်ကာကင်းစခန်းတို့ ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
“ရခိုင်မှာ တိုက်ပွဲမဖြစ်တဲ့ရက်မရှိဘူး။ နေ့တိုင်းတိုက်ပွဲပြင်းတယ်။တပ်တော်ကလည်း ထိုးစစ်ကို တော်တော်ပြင်း ပြင်းထန်ထန်လုပ်နေတယ်။အရှိန်အဟုန် ပြင်းပြင်းနဲ့တိုက်နေတာ။ စစ်တွေမှာဆိုရင် ရွှေမင်းဂံကို အဓိကတိုက်နေတယ်။ဒကစကိုလည်း လက်နက်ကြီး

❤28👍15🤣2💩1
တွေ၊ ဒရုန်းတွေနဲ့ ခြိမ်းခြောက်နေတယ်” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်း ရင်းမြစ်တဦးက ပြောပါတယ်။
လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒကစစစ်တွေအပါ
အဝင် အခြေစိုက်တပ်ရင်း ဆယ်ခုဝန်းကျင်၊ ကျောက်ဖြူမြို့နယ်မှာ အခြေစိုက်တပ်ရင်း ၃ ခု၊ ရဲတပ်ရင်း ၁ ခု နဲ့ ရေတပ်ဌာနချုပ်အပါ
အဝင် ရေတပ်စခန်းသုံးခု ရှိပါတယ်။ မာန်အောင်မြို့နယ်မှာတော့ အခြေစိုက်တပ်ရင်းမရှိဘဲ ရေတပ်စခန်းနဲ့ တပ်စခန်းအချို့သာ ရှိပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ ရက္ခိုင်ပြည်
နယ်တခုလုံးနီးပါးလက်လွှတ်ဆုံးရှုံးထားရတဲ့အပြင် ရက္ခိုင်-မကွေး၊ ရက္ခိုင်-ပဲခူး၊ ရက္ခိုင် - ဧရာ၀တီ အစပ်ဒေသ တွေမှာလည်း AAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိပါတယ်။

❤25👍14🤣4👏1💩1
စစ်တပ်လက်အောက်မှာမြန်မာ့ရုပ်ရှင်ဘာလို့ လူမကြည့်တော့တာလဲ။ အရည်အသွေးညံ့တာတွေ၊ ပေါကားတွေ စတဲ့အကြောင်းရင်းတွေကတော့ အသစ်မဟုတ်တော့ပါဘူး။ လက်ရှိ ရုပ်ရှင်ကြည့်ပရိသတ် ဘာတွေဖြစ်နေလဲဆိုတာကိုကော ရုပ်ရှင်သမားတွေ စဥ်းစားကြည့်ဖူးပါသလား။ နိုင်ငံတစ်ဝန်းစစ်တပ်ကအိမ်တွေကို မီးရှို့ ၊ကျောင်းတွေဆေးရုံတွေကိုဗုံးကြဲ နေ့စဥ်နဲ့အမျှ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ် နေတဲ့အချိန်မှာ ရုပ်ရှင်သမားတွေက ခေတ်ကို ကိုယ်စားပြုတဲ့ ဇာတ်ကားဇာတ်ဝင်ခန်း ဘယ်နှစ်ခုရိုက်ဖူးပါလဲ။ အဖိနှိပ်ခံပြည်သူတွေကို ကိုယ်စားပြုပြီး ခေတ်ကာလကိုထင်ဟပ်တဲ့ အနုပညာဘယ်နှစ်ခုထုတ်လုပ်ဖူးကြပါလဲ။
ရန်ကုန်လိုမြို့ကြီးမှာတောင် နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးတာတွေရှိလာချိန် လူငယ်အများစုဟာ ရုပ်ရှင်ကို စိတ်ဖြောင့်ဖြောင့်လာကြည့်နိုင်မယ်ထင်ပါသလား။တက်ပြီးရင်းတက်နေတဲ့ ကုန်စျေးနှူန်းနဲ့ တဟုန်ထိုးကျဆင်းနေတဲ့ မြန်မာငွေတန်ဖိုးတွေကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ပြည်သူတွေဟာ ရုပ်ရှင် လာကြည့်နိုင်မယ်လို့ မျှော်လင့်နေတုန်းလား။ ဒါဆိုရင်တော့ ရုပ်ရှင်သမားတွေ ဆေးသောက်ဖို့ လိုနေပါပြီ။
https://www.ludunwayoo.com/opinion-mm/2026/06/09/159474/

LuduNwayOo
ဇာတ်မင်းသားကိုအကူအညီတောင်းလာရတဲ့ စစ်တပ်လက်အောက်ကရုပ်ရှင် | LuduNwayOo
ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။
👏25👍12🤣5❤3🔥3🤮2
လှည်းကူးမြို့နယ် NLD ပါတီနာယက ဦးဝင်းတင် မဲဆောက်မြို့မှာ ကွယ်လွန်
ဇွန်-၉ ၊ ၂၀၂၆။ဇေအောင်/People's Spring
လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။
အသက် (၈၆)နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းတင်ဟာ မနေ့က (ဇွန် ၈ ရက်) ည ၉နာရီခန့်မှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ၎င်းနဲ့နီးစပ်သူတွေက အသိပေးပါတယ်။
ဦးဝင်းတင်ဟာ ကွယ်လွန်ချိန်အထိ စစ်အာဏာရှင်ကို တော်လှန်လိုစိတ် ပြင်းပြနေမြဲဖြစ်တဲ့အပြင်၊ မကွယ်လွန်မီ နောက်ဆုံးအချိန်အထိ လက်သုံးချောင်းထောင်ကာ နွေဦးတော်လှန်ရေးကို အလေးအနက်ပြု ထောက်ခံအားပေးသွားခဲ့ကြောင်း သိရပါတယ်။
"ဓမ္မဘက်ကရဲဝံ့စွာ ၁၉၉၀မတိုင်ခင်ကတည်းက သတ္တိရှိရှိနဲ့ခိုင်မာစွာရပ်တည်ခဲ့ပြီး စစ်အာဏာရှင်ကို တော်လှန်နေသူ ပြည်သူလူထုမှန်သမျှနဲ့ ပူးပေါင်းကာ တော်လှန်တိုက်ပွဲတိုင်း အစဥ်အမြဲပါဝင်ခဲ့တာ ယနေ့ထက်ထိပါပဲ။...ဘဘက မသေဆုံးခင်အချိန်ထိ စကစ ကို တော်လှန်လိုစိတ်ပြင်းပြနေမြဲပါ"လို့ ၎င်းနဲ့နီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်နှင့် မတရားမှုမှန်သမျှကို ရဲဝံ့စွာ ဆန့်ကျင်တော်လှန်ခဲ့တဲ့ ဦးဝင်းတင် ကွယ်လွန်သွားခြင်းအပေါ် NLD အလုပ်အမှုဆောင်အဖွဲ့အသီးသီးနဲ့ ရဲဘော်ရဲဘက်တွေ၊ မိတ်ဆွေတွေက ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွေမှာ ရေးသားထားကြပါတယ်။

😢67❤7👍5🙏2👏1🤮1
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပွဲ အမေရိကန်ရောက် မြန်မာတွေ ပြုလုပ်
ဇွန်-၉၊၂၀၂၆။သုည/People's Spring
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖလိုမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုဆုတောင်းပွဲကို ဇွန် ၆ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။
အမေရိကန်ရောက် မြန်မာတွေက "ဒေါ်အောင်ဆန်းစုကြည် သက်ရှည်ကျန်းမာပါစေ" လို့ ဆုတောင်းခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားတွေ အားလုံး အမြန်ဆုံးလွတ်မြောက်စေဖို့ကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် "Proof of Life" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တိုက်တွန်းတဲ့ "Proof Of Life Campaign" ကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

❤39👍8👏4🥰1🤮1🤣1