People's Spring
✔
59.8K subscribers
71.9K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - TNLA
👍28🤣8❤2🥰2👎1🤮1
တန့်ယန်းမှာ မိုးကြီး၊ မြေပြိုလို့ လူတစ်ဦး သေဆုံး

ဇွန်-၈၊ ၂၀၂၆။ ‌စိုင်းနော်/People's Spring

မိုးတွင်းကာလ ရေဘေးနဲ့ မြေပြိုမှုဘေး မကြာခဏရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်မှာ ဒီနေ့ ဇွန်လ ၈ရက် မနက်ပိုင်းမှာ မိုးကြီးလို့ မြေပြိုပြီး လူတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

တန့်ယန်းမြို့မှာ မိုးကြီးပြီး အမှတ်(၆)ရပ်ကွက်၊ အုပ်စု(၅)မှာရှိတဲ့ လူနေအိမ်တစ်လုံးပေါ်ကို မြေထိန်းနံရံပြိုကျတာလို့ ဒေသခံတွေက ပြောပါတယ်။

" မိုးက ရှေ့ရက်တွေမှာ နည်းနည်းရွာတာကနေ ဒီမနက်ပိုင်းမှာ သည်းကြီးမဲကြီး ရွာတာ။ အိမ်ပေါ်ကို မြေပြိုကျတာဆိုတော့ အခြေအနေဆိုးသွားတာ"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေဆုံးသူက အသက်(၄၉)နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ တန့်ယန်းမြို့မှာ မိုးဆက်ရွာနေပြီး မြေပြိုကျမယ့် အန္တရာယ်ရှိတဲ့နေရာအချို့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ရှမ်းပြည်နယ်မှာ ပြီးခဲ့တဲ့မေလကလည်း မိုးကြီးပြီး လူနဲ့ အိမ်‌မွေးတိရိစ္ဆာန်တွေ ထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုနဲ့ မိုးကြိုးထိမှန်တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

မေလ ၁၂ရက်မှာ‌ မိုးကြီးပြီး ပင်းတယမြို့၊ မြို့မဈေးအနီးမှာ အုတ်တံတိုင်းပြိုကျခဲ့လို့ စျေးသည်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။ မေလ ၁၃ရက်မှာ တောင်ကြီးမြို့၊ တောင်ပြိုကျေးရွာမှာ မြေပြိုမှုထပ်ဖြစ်ခဲ့ပါတယ်။ မေလ၂၁ရက်မှာလည်း ဆီဆိုင်မြို့နယ်အတွင်း မိုးကြိုးပစ်လို့ နွား ၄၉ကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းမိုးရွာတဲ့အရှိန်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ယာစိုက်ခင်းအများအပြားလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းဟာ မိုးတွင်းကာလရောက်တိုင်း ရေဘေးနဲ့မြေပြိုမှုဘေးကို နှစ်စဉ်ရင်ဆိုင်နေရပါတယ်။ ၂၀၂၄ ခုနှစ် မိုးရာသီကာလက ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးပြီး ရေဘေးနဲ့ မြေပြိုမှု ဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသလို ၂၀၂၅ ခုနှစ် မိုးရွာသီကလည်း ရေဘေးကြုံတွေ့ခဲ့ပါတယ်။

ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြားမှာ ဇွန်လ ၁၄ရက် မတိုင်ခင်အထိ နေရာကွက်ပြီး မိုးကြီးနိုင်လို့ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဒီနေ့ မနက်ပိုင်းမှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
😢27❤3👎1🔥1🤮1
😢25❤4🔥2👎1
စစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲရက်ဆက်ပြင်းထန်​နေပြီး စစ်တပ်အထိနာနေ

■စစ်တပ်ကရွာတွေကိုလေကြောင်းမှဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်လို့ပြည်သူအချို့ဒဏ်ရာရ

ဇွန်-၈၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်​တော်
(AA)မသိမ်းရ​သေးတဲ့မြို့တွေဖြစ်တဲ့ မြို့တော်စစ်တွေနဲ့တရုတ်စီမံကိန်းတွေရှိရာကျောက်
ဖြူမြို့နယ် တို့အတွင်းမှာ နေ့စဉ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်အထိနာ​နေတယ်လို့ ဒေသတွင်း​စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

တိုက်ပွဲ​တွေမှာ စစ်တပ်ကအထိနာပြီး​တော့
လူနေကျေးရွာတွေဆီ လေကြာင်း၊လက်နက်
ကြီးတွေနဲ့ စစ်တပ်ကပစ်ခတ်နေပါတယ်။

စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေ၊ဒေသကွပ်ကွဲစစ်ဌာနချုပ်
(ဒကစ စစ်တွေ)ရဲ့ကာကင်းတွေနဲ့ ကျောက်
ဖြူမြို့နယ် တောင်မောင်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးလက်ကျန်အ၀တောင်ကာကင်းစခန်းတို့ ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

“ရခိုင်မှာ တိုက်ပွဲမဖြစ်တဲ့ရက်မရှိဘူး။ နေ့တိုင်းတိုက်ပွဲပြင်းတယ်။တပ်တော်ကလည်း ထိုးစစ်ကို တော်တော်ပြင်း ပြင်းထန်ထန်လုပ်နေတယ်။အရှိန်အဟုန် ပြင်းပြင်းနဲ့တိုက်နေတာ။ စစ်တွေမှာဆိုရင် ရွှေမင်းဂံကို အဓိကတိုက်နေတယ်။ ဒကစကိုလည်း လက်နက်
ကြီးတွေ၊ ဒရုန်းတွေနဲ့ ခြိမ်းခြောက်နေတယ်” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်း ရင်းမြစ်
တဦးက ပြောပါတယ်။

ရွှေမင်းဂံရေတပ်စခန်းရဲ့ကာကင်းစခန်းဖြစ်တဲ့ ရွှေမင်းဂံရွာစစ်စခန်းကို တိုက်ခိုက်နေတာဖြစ်ပြီး ဒကစအနီးပတ်လည် ရှိ တောကန်၊ ကျားမသောက်၊ ကံ့ကော်ကျွန်းကျေးရွာတဝိုက်တို့မှာလည်း AA က မြေပြင်ထိုးစစ်လုပ်နေတာပါ။ ဒါ့အပြင် အဝေးပစ်လက်နက်ကြီးတွေနဲ့ စစ်တွေအခြေစိုက် အာဏာသိမ်းစစ်
တပ် ဒကစဌာနချုပ်၊ တပ်ရင်းတွေကိုပစ် ခတ်
တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင်ကျောက်ဖြူမြို့နယ်မှာဆိုရင်လည်း ဓည၀တီရေတပ်ဌာနချုပ်ပြီးရင်ဒုတိယအ
ကြီးဆုံးဖြစ်တဲ့ တောင်မော် ဦးရေတပ်စခန်းရဲ့ တခုတည်းသာ ကျန်တော့တဲ့ နောက်ဆုံးကာကင်း အ၀တောင်စခန်းကို ထိုးစစ်ဆင်တိုက်
ခိုက်နေပြီးစစ်တပ်ဘက်ကအထိအခိုက်၊အ
ကျအဆုံးများနေတယ်လို့ ဆိုပါတယ်။

AAဟာလက်ရှိမှာ တောင်မော်ဦးရေတပ်စခန်းဝင်းထဲကို ဟောင်ဝစ်ဇာ(လက်နက်ကြီး)တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီးအ၀တောင်စခန်းကိုလည်းအပြီးပြတ်သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတာပါ။

“အ၀တောင်မှာလည်း သိပ်မကျန်တော့ဘူး။ အရင်ကရာဂဏန်းရှိတာ၊အခုအဲဒီလောက်မကျန်တော့ဘူး။သူတို့စစ်ကူပို့တယ်၊သေတယ်ဆိုတော့စစ်ကူလည်းထပ်မပို့တော့ဘူး။လေ
ကြောင်းကနေပဲတောက်လျှောက်ကြဲ​နေတယ်”လို့ကျောက်ဖြူဒေသခံမြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

အဲဒီလိုမြေပြင်တိုက်ပွဲမှာအထိနာနေတဲ့ စစ်
တပ်ဟာကျောက်ဖြူမြို့နယ်အတွင်းရှိအရပ်ဘက်လူနေကျေးရွာတွေ ကို ဂျက်ဖိုက်တာ၊ တိုက်ရိုက်ရေးဒရုန်း၊ဆူဆိုက်ဒရုန်းအပါအဝင် စစ်ရေယာဉ်တို့ကနေဗုံးကြဲ၊ပစ်ခတ်နေပါတယ်။

ဇွန်လ၆ ရက်ညကလည်း ကျောက်ဖြူမြို့နယ် ဘယာ၊ ကုလားတွင်းနဲ့ သစ်ကတိုးကျေးရွာတွေကို စစ်တပ်က Y 12 လေယာဉ်နဲ့ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တဦးနဲ့ သက်ကြီးပိုင်း အမျိုးသားနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လ ၅ ရက်နေ့ကလည်း ကျောက်
ဖြူမြို့နယ်နဲ့ ထိစပ်နေတဲ့ ရမ်းဗြဲမြို့နယ် လေးတောင်မြို့ကိုဗုံးကြဲခဲ့ရာစစ်ဘေးရှောင်လူငယ်တဦးသေဆုံးခဲ့ပါတယ်။ဇွန်လ၄ ရက်နဲ့ ဇွန်လ ၁ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ် စပါးတုံရွာနဲ့ ကြောင်ချတွင်းရွာတို့ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့်အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး
၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန် လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့နယ်တို့ကိုသာ သိမ်း ပိုက်ဖို့ကျန်တော့ကာ အဲဒီမြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီး ပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားပါတယ်။

လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒကစစစ်တွေအပါ
အဝင် အခြေစိုက်တပ်ရင်း ဆယ်ခုဝန်းကျင်၊ ကျောက်ဖြူမြို့နယ်မှာ အခြေစိုက်တပ်ရင်း ၃ ခု၊ ရဲတပ်ရင်း ၁ ခု နဲ့ ရေတပ်ဌာနချုပ်အပါ
အဝင် ရေတပ်စခန်းသုံးခု ရှိပါတယ်။ မာန်အောင်မြို့နယ်မှာတော့ အခြေစိုက်တပ်ရင်းမရှိဘဲ ရေတပ်စခန်းနဲ့ တပ်စခန်းအချို့သာ ရှိပါတယ်။
👍37❤12🥰2👏2😁2🤣1
👍37🥰7❤5😁3🤣1
ခါမ်းပတ်ကို ဦးတည်တဲ့စစ်ကြောင်းတွေကြောင့် အိန္ဒိယနယ်စပ်လမ်းကြောင်းပေါ်မှာ စစ်ရေးတင်း‌မာနေ

ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People's Spring

​ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)နဲ့မ
ဟာမိတ်တပ်​တွေသိမ်းပိုက်ထားတဲ့ခါမ်းပတ်
မြို့ကို အာဏာသိမ်းစစ်တပ်က ကလေးနဲ့ တမူးမြို့​တွေကဘက်ကနေတပြိုင်နက်စစ်
ကြောင်းထိုးလာလို့ လမ်းပိုင်းကို ဒေသခံပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်
ရေးတပ်တွေက သတိပေးထားပါတယ်။

ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ခါမ်းပတ်မြို့ကို ဦးတည်ပြီးစစ်ကြောင်းထိုးလာတာလို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

"နှစ်ဘက်ညှပ်ပြီးစစ်ကြောင်းဝင်လာတာ။ ပြည်သူတွေလုံခြုံရေးအတွက် ခဏဆုတ်ပေးထားတဲ့နေရာတချို့ရှိတယ်။အခုကတော့
လမ်းပိုင်းအသုံးပြုခွင့် ပိတ်ထားတယ်"လို့ တော်လှန်‌ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အာရှအဝေးပြေးလမ်းမကြီးမှာ တစ်စိပ်တစ်ပိုင်းပါဝင်ပါတယ်။ အဲ့ဒီလမ်းကြောင်းကို မိုးမကျမီ ဖွင့်လှစ်ဖို့ ကြိုးစားမယ်လို့ အာဏာ
သိမ်း​​ခေါင်း​ဆောင်က အိန္ဒိယခရီးစဥ်မှာအိန္ဒိ
ယအစိုးရကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ခါမ်းပတ်မြို့ကို လေကြောင်းကနေဗုံးကြဲပြီး စစ်ကြောင်းတွေပါ ဦးတည်လာတာဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းတွေဝင်လာလို့ ကလေး -ခါမ်းပတ်-တမူး ကားလမ်းမ ဘေး ရွာတွေဖြစ်တဲ့ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတော့ရေရှင်၊နန်ကတိတ်၊နန်မွန်းတားနဲ့ခွန်မွန်းနွမ်ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကကြရပါတယ်။နန်မွန်းတားရွာဟာ တော်
လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ရွာဖြစ်ပြီး ဒေသခံတွေလုံခြုံရေးအတွက် ယာယီဆုတ်
ခွာပေးထားတယ်လို့သိရပါတယ်။ ဒါ့အပြင်တမူးနဲ့ ခါမ်းပတ်မြို့ကြားက ရွာတချို့မှာ အခုအခါ တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

ကလေးနဲ့ တမူးမြို့ဟာ တော်လှန်ရေးအား
ကောင်းတဲ့ဒေသတွေဖြစ်ပြီး စစ်တပ်ကမြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပါတယ်။PDF ​တွေနဲ့မဟာမိတ်​တွေက ၂၀၂၃ ခုနှစ်
နိုဝင်ဘာ ၇ ရက်မှာသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ခါမ်းပတ်မြို့ဟာ တမူးခရိုင်ထဲမှာ တည်ရှိပါတယ်။အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်ထဲက ခါမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကထိန်းချုပ်ထားတာပါ။ လက်ရှိဒေသတွင်းစစ်ရေးအခြေအနေကြောင့် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်
တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်
(SNA)နဲ့ ကသည်းလက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်တယ်လို့​တော်လှန်​ရေးတပ်​တွေက​ပြောပါတယ်။အိန္ဒိယအစိုးရကို တိုက်ခိုက်နေတယ်ဆိုတဲ့ ကသည်းလက်နက်ကိုင်တပ်
ဖွဲ့‌တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်က စတင်ပြီး တမူးခရိုင်၊ တမူးမြို့နယ်နှင့် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွေမှာ စစစ်တပ်နဲ့ပူးပေါင်းပြီး ကာကွယ်ရေးတပ်တွေကိုတိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်
ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်
(၁) စစ်ဒေသက၂၀၂၅စက်တင်ဘာလထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။
👍29❤4👎3🥰2🤣2
၂၀၂၃ နိုဝင်ဘာ ၇ ရက်မှာ PDF နဲ့မဟာမိတ်​တပ်တွေကခမ်းပါတ်မြို့ကိုသိမ်းပိုက်ပြီးနောက်စစ်တပ်အလံဖြုတ်ပြီး PDF အလံ​တော်လွှင့်​ထူရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-NUG
👍41🥰3🔥1🤣1
■အ​တွေးအမြင်

ဇာတ်မင်းသားကိုအကူအညီတောင်းလာရတဲ့
စစ်တပ်​လက်​အောက်ကရုပ်ရှင်​

ဝဇီရာ/People's Spring

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ရုပ်ရှင်တွေရဲ့ ရုံတင်စနစ်က ရုံရှင်တွေရွေး
ချယ်ထားတဲ့ ဇာတ်ကားတွေထဲကနေ တစ်ပတ်ကို မြန်မာကားသစ်နှစ်ကား အပြိုင်ရုံတင်ပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက်တင်ပြီးတဲ့အချိန်မှာ ဝင်ငွေပေါ်မူတည်ပြီး နောက်တစ်ပတ်ဆက်လက်ပြသခွင့်ရမရ ဆုံးဖြတ်ပါတယ်။ တင်သမျှကားတိုင်း နှစ်ပတ်ပြသခွင့်မရဘဲ တစ်ပတ်တည်းနဲ့ ရုံဆင်းပေးလိုက်ရတယ်။ နေတိုးလိုမင်းသားပါတဲ့ဇာတ်ကားတောင် တစ်ပတ်နဲ့ ရုံဆင်းပေးရတဲ့အခြေအနေ ရောက်လာခဲ့ပါတယ်။

ဒါကြောင့် စစ်တပ်လက်​အောက်မှာ ရုပ်ရှင်ရုံ​တွေဖြစ်ပျက်​နေတာ​တွေအတွက် ရုပ်ရှင်လော
ကသားတွေ ခေါင်းချင်းဆိုင်ကြရပါပြီ။ အဲဒီပြဿနာကို ဖြေရှင်းဖို့၊ ကျဆင်းနေတဲ့ရုပ်ရှင်ကို ပြန်လည်လှုပ်နှိုးမယ်ဆိုတဲ့ ကြွေးကြော်မှုတွေနဲ့ တန်းစီထားတဲ့ကားတွေ ၁၀ ကားလောက်ရှိနေတဲ့ကြားကနေ ဇာတ်ကားနှစ်ကားကို ဖြတ်တင်ဖို့ စီစဥ်လာပါ​တော့တယ်။

တစ်ကားကတော့ အာဏာသိမ်းစစ်တပ်အလိုကျ ဇာတ်ကားတွေတစ်ကားပြီးတစ်ကား ရိုက်ကူးနေတဲ့၊ ထိပ်တန်းမင်းသားနှစ်ဦးဖြစ်တဲ့ နေတိုးနဲ့ ​မြင့်​မြတ်ရဲ့ ညိုကီတွေဆိုတဲ့ဇာတ်ကားပါ။ နောက်တစ်ကားကတော့ ခြေ
ထောက်နဲ့အကန်ခံရပြီးမှ စန်းတွေဒလဟောတက်လာပြီး မြို့ကြီးတွေမှာ စစ်ကောင်စီအလိုကျ လှည့်လည်ကပြ အသုံးတော်ခံနေတဲ့ အောင်ဇမ္ဗူရဲ့ ပထမဆုံးရုပ်ရှင် အငြှိုးအတေးပါ။ နှစ်ကားလုံးကိုတော့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နဲ့ ၎င်းလက်အောက်ခံ ခရိုနီတွေရဲ့ TMW ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဖူးဖူးရုပ်ရှင်ထုတ်လုပ်ရေးတို့က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဖူးဖူးရုပ်ရှင်ထုတ်လုပ်ရေးကိုတော့ ခင်သီရိသက်မွန်နဲ့ လုပ်ငန်းအတူလုပ်နေတဲ့ ရွှေမန်းက သူ့ဇနီး ဒေါက်တာဖူးပွင့်ခိုင်နာမည်နဲ့ ထူထောင်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဇာတ်သဘင်ဘက်က နာမည်ကျော်နှစ်ဦးလုံးကိုပါ သူတို့ရဲ့ဝါဒဖြန့်ချိရေးကွန်ရက်ထဲမှာ သိမ်းသွင်းထားလိုက်ပြီဖြစ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင်သမီးရဲ့ကျော
ထောက်နောက်ခံနဲ့ ရွှေမန်းအင်ပါယာဟာ
စစ်တပ်ဝါဒဖြန့်ချီ​ရေးအတွက်​ ကုန်းဘောင်
ခေတ်ရုပ်ရှင်ကိုလည်း ကျပ်သိန်းပေါင်းသိန်းချီအကုန်အကျခံကာ ရိုက်ကူးဖို့ ပြင်ဆင်နေပြန်ပါတယ်။ ဒီဇာတ်ကားဟာ စစ်တပ်အလိုကျ ဘယ်​လောက်​တောင် ဝါဒဖြန့်ချီမှု​တွေပါမလဲဆိုရင် ရခိုင်တိုင်းရင်းသား​နေတိုးကို သမိုင်းမှာ ရခိုင်ပြည်သူ​တွေအရမ်းမုန်းတီးနာကျည်းတဲ့ ရခိုင်ပြည်ကိုကျူး​ကျော်ခဲ့တဲ့ ဘို​တော်ဗဒုံမင်းအ​နေနဲ့သရုပ်​ဆောင်ခိုင်း ထားတာဖြစ်ပါတယ်။ မင်း​အောင်လှိုင် သမီး ခင်သီရိသက်မွန် ​က​​ အရင်ကတည်းက ငွေပုံ​ပေးပြီး ​မွေးထားတဲ့ မင်းသား၊မင်းသမီး​တွေ၊အနုပညာရှင်​တွေ ဒီဝါဒဖြန့်ကားမှာ များစွာပါဝင်ပါတယ်။ခင်သီရီသက်မွန်ရဲ့ မင်းသား ​နေတိုးဟာ ဒီတစ်ကြိမ်မှာ​တော့ ရခိုင်​တွေ
မုန်းတီလှတဲ့ ဘိုး​တော်ဗဒုံမင်း ဖြစ်လာ​တော့မှာပါ။

စစ်တပ်လက်​အောက်မှာမြန်မာ့ရုပ်ရှင်ဘာလို့ လူမကြည့်တော့တာလဲ။ အရည်အသွေးညံ့တာတွေ၊ ပေါကားတွေ စတဲ့အကြောင်းရင်းတွေကတော့ အသစ်မဟုတ်တော့ပါဘူး။ လက်ရှိ ရုပ်ရှင်ကြည့်ပရိသတ် ဘာတွေဖြစ်နေလဲဆိုတာကိုကော ရုပ်ရှင်သမားတွေ စဥ်းစားကြည့်ဖူးပါသလား။ နိုင်ငံတစ်ဝန်းစစ်တပ်ကအိမ်​တွေကို မီးရှို့ ၊​ကျောင်း​တွေ​ဆေးရုံ​တွေကိုဗုံးကြဲ ​နေ့စဥ်နဲ့အမျှ ပြည်သူ​တွေကို အကြမ်း
ဖက်သတ်ဖြတ် ​နေတဲ့အချိန်မှာ ရုပ်ရှင်သမား​တွေက ​ခေတ်ကို ကိုယ်စားပြုတဲ့ ဇာတ်ကားဇာတ်ဝင်ခန်း ဘယ်နှစ်ခုရိုက်ဖူးပါလဲ။ အဖိနှိပ်ခံပြည်သူ​တွေကို ကိုယ်စားပြုပြီး ​ခေတ်ကာ
လကိုထင်ဟပ်တဲ့ အနုပညာဘယ်နှစ်ခုထုတ်လုပ်ဖူးကြပါလဲ ။

ရန်ကုန်လိုမြို့ကြီးမှာတောင် နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးတာတွေရှိလာချိန် လူငယ်အများစုဟာ ရုပ်ရှင်ကို စိတ်ဖြောင့်ဖြောင့်လာကြည့်နိုင်မယ်ထင်ပါသလား။တက်ပြီးရင်းတက်နေတဲ့ ကုန်စျေးနှူန်းနဲ့ တဟုန်ထိုးကျဆင်းနေတဲ့ ​မြန်မာငွေတန်ဖိုးတွေကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ပြည်သူတွေဟာ ရုပ်ရှင် လာကြည့်နိုင်မယ်လို့ မျှော်လင့်နေတုန်းလား။ ဒါဆိုရင်တော့ ရုပ်ရှင်သမားတွေ ဆေးသောက်ဖို့ လိုနေပါပြီ။

မကြာခင် ရုပ်ရှင်ရုံတွေတစ်ရုံပြီးတစ်ရုံပိတ်ရတဲ့အနေအထား ရောက်လာဖို့ အတော်လေးနီးကပ်နေပါပြီ။ ပြင်ဆင်ထားကြပါ။ ။
👍39❤9🤮4👏1
🤮23🖕9❤3👏1🤣1
တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကူမှာ မြို့ခံတွေ စစ်ရှောင်ဖို့ KIA သတိပေး

▪️မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

ဇွန် ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးကို ဒီကနေ့ ဇွန် ၈ရက်မှစတင်ပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၂) က ထုတ်ပြန်ခဲ့ပြီး ရွှေကူမြို့ခံတွေ စစ်ဘေးတိမ်းရှောင်ကြဖို့ သတိပေးလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်က ရွှေကူမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ မေလကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခြေအနေမှာ KIAက အခုလို သတိပေးတာ၊ လမ်းပိတ်တာ တွေ ပြုလုပ်လာတာဖြစ်ပါတယ်။

အမှတ် (၁၁) တပ်မဟာ၊ အမှတ် (၁၂) တပ်ရင်းနယ်မြေဖြစ်သော ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးပိတ်ထားချိန် ပြည်သူတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရမယ်လို့ ဖော်ပြပါတယ်။

ပိတ်ပင်ထာသော လမ်းပိုင်းများကို သွားလာပါက နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာများကို လုံး၀ တာဝန်မယူဟု အသိပေးပါတယ်။

ရွှေကူမြို့အတွင်းရှိ ပြည်သူအားလုံး ထွက်ခွာတိမ်းရှောင်ကြဖို့ သတိပေးထားသလို ရွှေကူမြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ခြင်းမရှိဘဲ မြို့အတွင်းသာ နေထိုင်နေသော ပြည်သူတွေ အနေနဲ့ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကို KIO/KIA ဘက်က လုံး၀တာဝန်ယူသွားမှာ မဟုတ်ဘူလို့ သတိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရွှေကူမြို့နယ်အတွင်း နယ်မြေတွေအပါအဝင် KIO/KIA စိုးမိုးထိန်းချုပ်ထားတဲ့ဒေသတွေ ပြန်ရဖို့ စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

“စစ်တပ်ကကတော့ ရွှေ့ကူမြို့ပဲ မဟုတ်ဘူး စစ်ရေး နိုင်ငံရေးအထိနာစေတဲ့ KIA တိုက်ခိုက်သိမ်းယူထားတဲ့ ကချင်-ရှမ်းနယ်စပ်မှာဆိုရင် စစ်ရေး ပထဝီဝင်အနေအထားအရ အရေးပါတဲ့ မဘိမ်းကိုလည်း သူကတော့ ပြန်ထိုးစစ်ဆင်မှာပဲ” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
ကချင်ဒေသကိုသာမက တရုတ်အစိုးရကို အားကိုးပြီး ရှမ်းမြောက်ပိုင်းက KIA အပါအဝင် တိုင်းရင်းသားတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ပြန်ရဖို့ စစ်တပ်က ကြိုးစားနေမှာလို့ ပြောပါတယ်။

“KIA ဘက်ကတော့ တရုတ်အစိုးရရဲ့ ဖိအားအပါအဝင်ပေါ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တကျော့ပြန်ထိုးစစ်ဆင်လာမယ့် လေကြောင်းအပါအဝင် ကုန်းကြောင်းတွေအတွက်ရော အကောင်းဆုံး ပြင်ဆင်ထားပြီလို့ မြင်ပါတယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
KIAကို စစ်တပ်က ထိုးစစ်ဆင်ချိန် ကျန်တဲ့ တော်လှန်ရေးတပ်ဖွဲ့များကလည်း တပြိုင်တည်း စစ်ရေးဖော်ဆောင်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။

“ချုပ်ပြီးပြောရရင် အာဏာရှင်စစ်တပ် မတရားအာဏာသိမ်းယူထားတဲ့ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် ပြုတ်ကျနိုင်ရေး အာဏာရှင်စနစ်ဖြုတ်သိမ်းနိုင်ရေးအတွက် မြန်မာပြည်သူလူထုတွေရော တိုင်းရင်းသားလက်နက်ကိုင်တွေရော PDF တပ်ဖွဲ့ဝင်တွေရော အားလုံး စစ်ရေး နိုင်ငံရေးအားလုံးတက်ညီလက်ညီတပြိုင်နက်ပူးပေါင်းဆောင်ရွက်နိုင်မှ အောင်မြင်မယ်လို့ ပြောကြားချင်ပါတယ်။” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
👍40❤2🥰2🤬1🤣1
👍34🤣3👎1🤬1
မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး KIO ရဲ့သဘောထား ထုတ်ပြန်ပေးဖို့ KHRW တာဝန်ရှိသူ တောင်းဆို

ဇွန် ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး မြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့ လှုပ်ရှားမှု၊ ထုတ်ပြန်ပြောဆိုမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နေတဲ့ KHRW တာဝန်ရှိသူထံ သဘောထားမှတ်ချက် မေးမြန်းရာ အခုလို ပြောကြားလိုက်တာပါ။

“မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ကတော့ အခုလောလောဆယ်ကတော့ သိပ်ပြီးမှ အကောင်အထည်ဖော်လှုပ်ရှားတာတော့ မတွေ့ရဘူး။ ပြည်သူလူထုတွေ ကန့်ကွက်တာကတော့ ကျနော့်အနေနဲ့တော့ အားပေးပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ဇွန်လပထမပတ်မှာ People’s Spring ရဲ့ မေးမြန်းချက်အပေါ် ဖြေကြားခဲ့ပါတယ်။

စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောကြားမှုဟာ ပြည်သူတွေအတွက် ခွန်အားတခုဖြစ်စေတယ်လို့ မဆိုင်းမိုင်က ပြောပါတယ်။

" ဆက်လက်ပြီး ကေအိုင်အိုအဖွဲ့ကနေပြီး မြစ်ဆုံးကိစ္စကို လုံးဝဖျက်သိမ်းဖို့ ထုတ်ပြန်ချက်ထုတ်ပြန်တာတို့၊ ပြည်သူတွေကို ခြိမ်းခြာက်နေတဲ့လုပ်ရပ်တွေ၊ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး (အလွှဲသုံးစား)လူထုတွေ့ဆုံပြီး လူထုဆန္ဒခံယူသလိုလို လုပ်နေတဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့ ထုတ်ပြန်ပေးစေချင်တယ်။ မတရားဖမ်းဆီးခံရမှု၊ ခြိမ်းခြောက်ခံရမှု၊ စောင့်ကြည့်ခံရနေတဲ့ ကချင်ပြည်နယ်ဒေသခံတွေကို ကာကွယ်ပေးမှုများလုပ်ပေးဖို့ တင်ပြပြောကြားချင်ပါတယ်” လို့ KHRW ဒါရိုက်တာ မဆိုင်းမိုင်က ပြောပါတယ်။

စစ်တပ်ဟာ ၂၀၂၅ ဒီဇင်ဘာကစပြီး စီမံကိန်း ပြန်စဖို့ လိုအပ်ကြောင်း ပြောကြားကာ ကချင်ဒေသမှာ လူထုတွေ့ဆုံပွဲတွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်လျက်ရှိသလို စီမံကိန်းကို ကန့်ကွက်ရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။ မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ကြိုးပမ်းရာမှာ ကချင်လူမျိုးအချို့ကို စစ်ကောင်စီက အသုံးချပြီး လူထုတွေ့ဆုံမှုတွေ၊ စီမံကိန်း ပြန်စနိုင်ရေး ဒေသခံတွေကို မက်လုံးပေး ပြောကြားတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း စစ်တပ်က တရုတ်အစိုးရ အလိုရှိတဲ့ မြစ်ဆုံစီမံကိန်း ပြန်စဖို့ ကြိုးပမ်းနေတာကို မြစ်ကြီးနား၊ ၀ိုင်းမော် ဒေသခံတွေက ဆန်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တာ၊ ကချင်ပြည်နယ်ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး စီမံကိန်း အပြီးဖျက်သိမ်းဖို့ တောင်းဆိုတာ စတဲ့ ကြေညာချက်ထုတ်ပြန်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) အပါအဝင် အဖွဲ့ ၆ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ရက်ရဲ့ ဧပြီ၁ရက် ကြေညာချက်မှာတော့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒများကို အပြည့်အဝ လေးစားလိုက်နာဖို့၊ စီမံကိန်းကို ကန့်ကွက်တဲ့ ပြည်သူများအပေါ် အရေးယူမယ်လို့ ခြိမ်းခြောက်နေမှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ ဒေသခံပြည်သူများနဲ့ မြန်မာတစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် မြစ်ဆုံရေကာတာ စီမံကိန်း အပြီးတိုင် ဖျက်သိမ်းဖို့ တောင်းဆိုထားပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်း ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်မှုတွေမှာ လူထုတွေ ပါဝင်မှုများစွာ အရေးကြီးတယ်လို့လည်း KHRWဒါရိုက်တာ မဆိုင်းမိုင်က ပြောပါတယ်။

“ကျမတို့ မကြိုက်တာကို မကြိုက်ဘူးဆိုတဲ့ဟာကို ပွင့်ပွင့်လင်းလင်း ဆက်ပြီးတော့ ဖော်ထုတ်သွားဖို့ လိုအပ်ပါတယ်။ ကျမတို့ကို ကူညီမယ့်သူတွေ ရှိရင်တောင်မှ ကျမတို့ မပြောဘူး မထုတ်ဖော်ဘူးဆိုရင် ကျမတို့က ဒါကို လက်ခံနေပါလားဆိုတဲ့ အမြင်တွေ တလွဲယူသွားနိုင်ပါတယ်။ အဲဒါကြောင့် မြန်မာပြည်သူ ပြည်သားတွေ ဧရာ၀တီမြစ်ကြောင်းတလျှောက်က ပြည်သူတွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ဒီလို မြစ်ဆုံရေကာတာ စီမံကိန်း အလိုမရှိကြောင်း လုပ်ငန်းတွေ ထုတ်ဖော်ပြောဆိုမှုတွေကို ရဲရဲဝံ့ဝံ့ ဆက်ပြီးတော့ ဖော်ပြရအောင်” လို့ မဆိုင်းမိုင်က စီမံကိန်း ဖျက်သိမ်းရေးလှုပ်ရှားမှုတွေမှာ ပြည်သူတွေ ပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။
👍40❤11👏3🤣2🤮1
(၂၀၂၆ မေလ ၂၅ ရက်က မြစ်ဆုံစီမံကိန်းရပ်တန့်ရေး လှုပ်ရှားမှုပြုလုပ်စဥ်။ ဓာတ်ပုံ -KHRW)
👍45❤10👏4🥰1🤮1🤣1
ရွှေကူမြို့ဝင်ရောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် သေဆုံးမှုများနေလို့ မူလစီစဉ်ထားတဲ့ မြို့အ၀င်ကြိုဆိုပွဲ ဖျက်သိမ်း

ဇွန်-၈၊၂၀၂၆။မိုမို/People's Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့အတွင်း ဝင်ရောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ပွဲအတွင်း သေဆုံးမှုများနေတာကြောင့် မူလစီစဉ်ထားတဲ့ မြို့အ၀င်ကြိုဆိုပွဲအခမ်းအနား ဖျက်သိမ်းလိုက်တယ်လို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရွှေကူမြို့အတွင်း စစ်တပ်၀င်ရောက်ရင် ဂုဏ်ပြုအလံတွေနဲ့ စစ်တပ်ထောက်ခံသူတွေက ကြိုဆိုပွဲ အခမ်းအနားကို မေလ ၂၅ ရက်မှာလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားတာ၊ စစ်တပ်ဘက သေဆုံးသူ ရုပ်အလောင်းတွေ မြို့ထဲရောက်လာတာကြောင့် အခမ်းအနားဖျက်သိမ်းခဲ့ရတာလို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက လူမှုကွန်ယက်ကတဆင့် ဒီကနေ့ ‌ဇွန်လ ၈ရက်မှာ ဖော်ပြပါတယ်။

"ရွှေကူမြို့ထဲသို့ ပြီးခဲ့တဲ့ မေလ ၂၅ ရက်က အကြမ်းဖက်စစ်တပ်ဝင်ရောက်ရန် ဂုဏ်ပြုအလံများ စီစဥ်ထားခဲ့ပြီး စစ်တပ်အသိုင်းဝိုင်းများနှင့် ကြိုဆိုပွဲ အခမ်းအနားများပြုလုပ်ထားခဲ့ရာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် စစ်ကော်မရှင်ရဲ့ သေဆုံး ရုပ်အလောင်းမျာသာ ရွှေကူမြို့ထဲသို့ ကားဖြင့် မကြာခဏဝင်ရောက်နေပြီး အတိတ်နိမိတ် မကောင်းဟုဆိုကာ အခမ်းအနားအစီးအစဥ်များ ဖျက်သိမ်းခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သူ အသိုင်းအဝိုင်းမှ သိရသည်"လို့ သူရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွှေကူမြို့နယ်ကို စစ်ရေးအရ အသားစီးရယူဖို့ စစ်တပ်က ရွှေကူမြို့နယ်ရဲ့ အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ အမှတ်(၁၂၁)ခြေလျင်တပ်ရင်း (ခလရ-၁၂၁) အခြေစိုက် ငအိုးကျေးရွာမှာ အင်အားစုဖွဲ့ပြီး ရွှေကူမြို့အတွင်း ၀င်ရောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

လက်တလောမှာ အဲဒီစစ်ကြောင်းဟာ ရွှေကူမြို့အတွင်း ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ မြို့ရဲ့အနောက်‌တောင်ဘက်ခြမ်းက ငအိုးရွာနဲ့ ရွှေကူမြို့ကြားမှာ ရပ်တန့်နေရာ အဲဒီနေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေရာ နေ့စဉ်တိုက်ပွဲ ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း ဇွန်လ ၆ ရက်က ရွှေကူ KPDF တာ၀န်ရှိသူက အသိပေးထားပါတယ်။

"ငအိုးနဲ့ ရွှေကူအကြား နေ့စဥ်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ခွေးသေဆုံးမှု နေ့စဥ်များပြားနေပြီး အလောင်းများကို ကျွင်းတကျွင်းထဲ ပေါင်းမြုပ်နေရတဲ့ အနေအထားပါ"လို့ သူက ပြောပါတယ်။

စစ်ရေးအရ အချက်အချာကျတဲ့ ရွှေကူမြို့အထွက်နဲ့ အဓိကလမ်းဆုံ‌တွေ ပေါင်းစပ်ရာနေရာဖြစ်တဲ့ ငါးလမ်းဆုံနေရာမှာ တိုက်ပွဲတွေဖြစ်နေတာလို့ ဒေသတွင်း သတင်းရင်းမြစ်က အတည်ပြုထားပါတယ်။

တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ (ဇွန်လ ၈ ရက်)ကပြီး ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးကို ရက်အကန့် အသတ်မရှိသွားလာခွင့်ပိတ်လိုက်တဲ့အပြင် ရွှေကူမြို့က ပြည်သူအားလုံး မြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ပေးဖို့ KIA တပ်မဟာ ၁၁ တပ်ရင်း(၁၂)က သတိပေးထုတ်ပြန်ထားပါတယ်။

စစ်တပ်က အင်အားထောင်ချီစုဖွဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေဆက်ပြင်းထန်နိုင်တယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက အသိပေးပါတယ်။စစ်တပ်က ရွှေကူမြို့ကတဆင့် ဗန်းမော်မြို့ကို စစ်ကူပို့ဖို့လုပ်ဆောင်နေတာလို့ သုံးသပ်မှုတွေရှိပါတယ်။

ရွှေကူမြို့ပေါ်နဲ့ အနီးဒေသတွေထိန်းချုပ်ထားနိုင်တဲ့ စစ်တပ်က ရွှေကူမြို့နယ်ကို စစ်အုပ်ချုပ်ရေးအရေးပေါ် အခြေအနေကြေညာထားပါတယ်။

ဇွန်လ ၄ ရက်က ရွှေကူမြို့နယ် စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ ရွှေကူနယ်မှာထိုးစစ်ဆင်နေသလို KIA သိမ်းထားတဲ့ ရှမ်းမြောက်က မဘိမ်းမြို့ကို ပြန်ထိန်းချုပ်ဖို့လည်း မိုးမိတ်မြို့ဘက်မှာ တပ်အင်အားတွေ စုစည်းစစ်ပြင်နေတယ်လို့ သိရပါတယ်။
👏28🤣11❤7🥰1😁1
🤣30👎4❤2👏2👍1💩1
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ သြစတြေးလျရောက်မြန်မာတွေ တောင်းဆိုဆန္ဒပြ

ဇွန်-၈၊၂၀၂၆။သုည/People's Spring

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြမှု ဇွန်လ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သြစတြေးလျရောက် မြန်မာတွေက "Proof of Life" ၊ "အမေစု ကျန်းမာပါစေ" ၊ "အမေစုနဲ့တကွ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ" စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက်မွေးနေ့အတွက် "81 for 81 Challenge" အဖြစ် (၈.၁) ကီလိုမီတာပြေးခြင်း၊ လမ်းလျှောက်ခြင်း တို့ကို ပြုလုပ်ခဲ့ပြီး ဆရာမ မသီတာ(စမ်းချောင်း)နဲ့ ဒေါက်တာမြင့်မိုရ်ဦး တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

"81 for 81 Challenge" ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုရင်း သူမရဲ့ အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက် အာရုံစိုက်နေစေဖို့ ရည်ရွယ်တဲ့ Global Proof of Life Challenge ရဲ့ အစိတ်အပိုင်းတခု ဖြစ်ကြောင်း သြစ​​တြေးလျရောက် မြန်မာတွေက ဆိုပါတယ်။
👍28🥰8❤7🤮1🤣1
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ - Proof of Life for Amay Su- Sydney
👍29❤9🥰5🤮1💩1