သတင်းပေးမှုကြောင့် အင်းလေး PDF ရဲဘော် ၂ဦး ဖမ်းဆီးခံရ
ဇွန် -၈၊၂၀၂၆။ဇော်၀င်း/People's Spring
စစ်တပ်သတင်းပေးမှုကြောင့် ရဲဘော် ၂ဦး ဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)က ထုတ်ပြန်ပါတယ်။
ဒီကနေ့(ဇွန် ၈ရက်)က ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်းနဲ့ ရဲဘော် AD (ခ) ကောင်းစည်သူ တို့ကို အင်းလေးဒေသရွာမကျေးရွာမှာ စစ်တပ်က ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
ရွာမကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဒလန်၊သတင်းပေး သားကြီး (ခ)အောင်နိုင်ဦးရဲ့ သတင်းပေး တိုင်တန်းမှုကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး စစ်တပ်က ကွင်းဆက်လိုက်လံဖမ်းဆီးဖို့လည်း အပြင်းအထန် ကြိုးပမ်းနေတယ်လို့ အသိပေးပါတယ်။
"အားလုံးဘေးလွတ်ရာကို ရှောင်တိမ်းကြပါ။လုံခြုံစိတ်ချရတဲ့နေရာကိုရွှေ့ပြောင်းကြပါ"လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရသူ ရဲဘော် ၂ဦးနဲ့ ပတ်သက်ဆက်နွယ်သူတွေ ကျေးရွာအသီးသီးက တာဝန်ရှိသူတွေနဲ့ရဲဘော်တွေအားလုံး ဘေးလွတ်ရာအရေးပေါ် ချက်ချင်း ရှောင်ရှားကြဖို့ IPDF ကသတိပေးပါထားတယ်။
ဖမ်းဆီးခံရမှုဖြစ်စဉ် အသေးစိတ်နဲ့ ဖမ်းခံရတဲ့ ရဲဘော် ၂ဦးရဲ့ နောက်ဆက်တွဲ အခြေအနေကို IPDF တာ၀န်ရှိသူထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
စစ်တပ် သတင်းပေးတွေရဲ့ လုပ်ရပ်တွေကို ပြင်းထန်တဲ့တုံ့ပြန်မှုနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လူငယ်တွေကို လိုက်လံရှာဖွေပေးဖို့ အုပ်ကြီးဟောင်း သားကြီးနဲ့ အင်းလေးပျူစောထီး ဖိုးသာထူးတို့ကို စစ်တပ်က ပိုက်ဆံနဲ့ မက်လုံးပေးထားတယ်လို့လည်း စုံစမ်းသိရပါတယ်။

🤬25😢15🔥3❤2👍2👎2👏1😡1
■ဆောင်းပါး
စာဖတ်ခြင်း
"စိတ်ကျန်းမာရေးအတွက် မမြင်ရတဲ့ ဆေးတစ်ခွက်"
-ခါကာဘို ရေးသားသည်။
“လူတွေ စုဝေးတဲ့ပွဲဆိုရင် စကားတွေပြောမယ်၊ သီချင်းဆိုကြမယ်၊ ဂိမ်းတွေ အတူဆော့မယ်၊ ဓာတ်ပုံတွေရိုက်မယ်” လို့ပဲ အများစုက ထင်ကြပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ အတ္တလန်တာမြို့မှာ ပြုလုပ်တဲ့ စုဝေးပွဲတစ်ခုကတော့ ထူးခြားပါတယ်။
စာပေဝါသနာပါသူ မိတ်ဆွေတွေ တနေရာမှာဆုံကြတယ်၊စကားစမြည်ပြောကြတယ်၊ သောက်စရာတွေ သောက်ကြတယ်။
ဒါပေမဲ့ ခဏအကြာမှာတော့ အားလုံး တိတ်
ဆိတ်သွားပြီး ကိုယ့်စာအုပ်ကိုယ် ဖွင့်ဖတ်နေကြပါတယ်။
ဒီလို စာဖတ်ဖို့အတွက် စုဝေးကြတဲ့အဖွဲ့ကို “Silent Book Club” လို့ ခေါ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အဖွဲ့ခွဲတွေ ရှိနေပြီး စာဖတ်ဝါသ
နာတူသူတွေ အတူတကွ တွေ့ဆုံနိုင်တဲ့ နေရာတစ်ခု ဖြစ်လာနေပါတယ်။
ဒီနေ့ခေတ်မှာ လူအများစုရဲ့ လက်ထဲက ဖုန်းမျက်နှာပြင်ဟာစာအုပ်တစ်အုပ်ထက် အချိန်
ပိုယူနေပါတယ်။ လူမှုကွန်ရက်တွေ၊ ဗီဒီယိုတိုတွေ၊ အဆုံးမရှိတဲ့ News Feed တွေကြားမှာ စာဖတ်ဖို့ အချိန်ပေးသူ နည်းလာပါတယ်။
လေ့လာမှုတွေအရ အမေရိကန်မှာအပန်းဖြေဖတ်ရှုတဲ့ အလေ့အထဟာ လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းသိသိသာသာကျဆင်းလာခဲ့ပါတယ်။
ဒါကြောင့် Silent Book Clubလိုစာဖတ်ပွဲတွေ၊ BookTok လို စာအုပ်အကြောင်း ဆွေးနွေးတဲ့ အွန်လိုင်းအသိုင်းအဝိုင်းတွေဟာ စာဖတ်ခြင်း ယဉ်ကျေးမှုကို ပြန်လည်အသက်သွင်းဖို့ ကြိုး
စားနေတဲ့ လှုပ်ရှားမှုအသစ်တစ်ရပ်လို ဖြစ်
လာပါတယ်။
ဒီပွဲတွေကို တက်ရောက်သူတွေကတော့ စာ
အုပ်ဖတ်ဖို့ အချိန်သီးသန့် ဖယ်ထားနိုင်တဲ့အတွက် ယခင်ကထက် ပိုပြီး စာဖတ်ဖြစ်လာတယ်လို့ ဆိုကြပါတယ်။
လူတော်တော်များများက စာဖတ်တာကို ဗဟု
သုတရဖို့၊စာမေးပွဲအတွက်ဒါမှမဟုတ် အလုပ်အတွက်လို့ပဲ တွေးတတ်ကြပါတယ်။
အမေရိကန် စာကြည့်တိုက်အသင်း ဥက္ကဋ္ဌ Sam Helmick ရဲ့ အဆိုအရ “အပန်းဖြေစာဖတ်ခြင်းကဦးနှောက်ကို စိတ်ဖိအားကို လျှော့စေတဲ့၊ စိတ်ကို အနားရစေတဲ့ “decompress” လုပ်ပေးနိုင်ပါတယ်”။
ဆိုလိုတာက ရည်ရွယ်ချက်တစ်ခုခုအတွက် မဟုတ်ဘဲအချက်အလက်တွေ၊ဇာတ်လမ်းတွေကို သဘာဝကျကျ လက်ခံဖတ်ရှုနေတဲ့အချိန်မှာ ဦးနှောက်က ဖိအားတွေကို လျော့ချနိုင်တယ်ဆိုတဲ့ သဘောပါ။
ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ အိပ်မပျော်ခြင်း ပြဿနာတွေ တိုးလာနေတဲ့အချိန် တစ်ဦးတည်းဖြစ်စေ၊ မိတ်ဆွေတွေနဲ့တွေ့ဆုံကြပြီးဖြစ်စေ စာဖတ်တဲ့အလေ့အထက စိတ်ကျန်းမာရေးအတွက်အရေးကြီးတဲ့အထောက်
အကူတစ်ခု ဖြစ်လာနိုင်ပါတယ်။
စာဖတ်တဲ့ အလေ့အထက ဝေါဟာရကြွယ်ဝစေတယ်၊ ဗဟုသုတတိုးပွားစေတယ်၊ စိတ်
ကူးစိတ်သန်းတွေကို ကျယ်ပြန့်စေတယ်ဆိုတာ လူသိများပါတယ်။
ဒါတင်မကသေးပါဘူး။သုတေသနတွေက ပုံမှန်စာဖတ်တဲ့သူတွေမှာ အသက်ကြီးလာချိန် ဦးနှောက်စွမ်းရည် ကျဆင်းနိုင်ခြေ လျော့
နည်းကြောင်း ဖော်ပြထားပါတယ်။
စာဖတ်ခြင်းက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှု လက္ခဏာတွေကို လျော့ပါးစေပြီး အိပ်စက်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
အချို့သော လေ့လာမှုတွေမှာတော့ ပုံမှန်စာဖတ်သူတွေဟာ သက်တမ်းပိုရှည်နိုင်ကြောင်းတောင် တွေ့ရှိထားပါတယ်။
စာဖတ်ခြင်းဟာတစ်ယောက်တည်း လုပ်ရတဲ့ လှုပ်ရှားမှုလို့ ထင်ရပေမယ့်တကယ်တော့ လူမှုဆက်ဆံရေးစွမ်းရည်နဲ့ ကိုယ်ချင်းစာစိတ်ကို တိုးတက်စေပါတယ်။
ဇာတ်ကောင်တစ်ယောက်ရဲ့ ဘဝကို လိုက်ပါခံစားရင်း၊ ကိုယ်မကြုံဖူးတဲ့ အတွေ့အကြုံတွေကို စိတ်ကူးနဲ့ ဖြတ်သန်းရင်း လူသားတွေရဲ့ ခံစားချက်၊ အခက်အခဲနဲ့ အမြင်အမျိုးမျိုးကို နားလည်လာစေပါတယ်။
တစ်နည်းအားဖြင့် စာအုပ်တွေက ကျွန်တော်တို့ကို ဘဝသင်တန်းကြေး မပေးဘဲ အတွေ့
အကြုံတွေ သင်ယူခွင့် ပေးနေကြတာပါပဲ။
လူတိုင်းရဲ့ အာရုံစိုက်နိုင်စွမ်းကို ဖုန်းနဲ့ လူမှုကွန်ရက်တွေက အမြဲယှဉ်ပြိုင်လုယူနေကြတဲ့ ဒီနေ့ခေတ်မှာ စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်ဖို့ အချိန်ပေးခြင်းဟာ ဖျော်ဖြေရေးတစ်ခုသာ မဟုတ်တော့ပါဘူး။ ဦးနှောက်အတွက် အနား
ယူချိန်တစ်ခု၊ စိတ်ကျန်းမာရေးအတွက် ဆေးတစ်ခွက်လို အထောက်အကူတစ်ခု ဖြစ်လာပါတယ်။
တစ်ခါတစ်ရံ မိတ်ဆွေအသစ်တစ်ယောက်နဲ့ တွေ့ဆုံဖို့အတွက် စကားလုံးတွေ အများကြီး မလိုအပ်ပါဘူး။ စာအုပ်ကောင်းတစ်အုပ်နဲ့ တိတ်တဆိတ် ထိုင်ဖတ်နေတဲ့ အချိန်လေးကတောင် လူတွေကို အတူတကွ ချိတ်ဆက်ပေးနိုင်ပါတယ်။
စာဖတ်ခြင်းဟာ အသိပညာရဖို့သာမက ဘဝကို ပိုမိုနားလည်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ပိုမိုနားထောင်ဖို့နဲ့ လူသားဆန်မှုကို ပိုမိုနက်ရှိုင်းစေဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်နေဆဲပါပဲ။ ။
ကိုးကား-CNN Health

❤26👍12🥰3🤮1🤣1
ရက် ၁၀၀ စီမံချက်ဆိုပြီး ပစ္စည်းဂိုဒေါင်တွေ စစ်တပ် ဝင်စီး၊ ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်
ဇွန်၈၊၂၀၂၆၊ကတ်သရင်းနှင်း/People's Spring
ရက် ၁၀၀ စီမံကိန်းဆိုပြီး စစ်တပ်က မြို့ကြီးတွေကဂိုဒေါင်တွေ ဝင်ရောက်စီးနင်းဖမ်းဆီးတာတွေ လုပ် နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဧပြီ၂၀ ရက်ကနေ ဇူလိုင် ၃၁ရက်အထိ ရက်၁၀၀ စီမံချက်ဟု ကြေညာထားပြီး ပြည်ပကသွင်းကုန်အားလုံးကို တားမြစ်ထားတာလို့ သိရပါတယ်။
" ယိုးဒယား၊တရုတ်ထုတ်ကုန်ပစ္စည်း အကုန်ပိတ်ထားတာ။အဝတ်အစား၊အသုံးအဆောင်လည်း သယ်မရဘူး"လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကုန်ပစ္စည်းသယ်ယူတဲ့ကားတွေကိုပါ ဖမ်းကာကုန်ပစ္စည်းသိမ်းယူမှု တွေရှိနေသလို ရန်ကုန်၊မန္တလေးလို စစ်တပ်ထိန်းချုပ်မြို့ကြီး တွေမှာလည်း ပစ္စည်းဂိုဒေါင်တွေကို ဝင်ရောက်စီးနင်းမှုတွေရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
"သတင်းရတဲ့ ဂိုဒေါင်တွေအကုန်လိုက်စီးနေတာ။မပေါ့ဆစေချင်ဘူး။အရင်ကပစ္စည်း လက်ကျန်တွေကအစ အကုန်ဖမ်းနေတာ"လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အခုစီမံကိန်းမတိုင်မီက မှာယူထားတဲ့ ပစ္စည်းတွေလည်း မြို့အဝင်ဂိတ်တွေမှာ အကုန်ဖမ်းဆီးခံ နေကြရပြီး ပစ္စည်းတွေ ပြန်ထုတ်လို့လည်းမရဘူးလို့ သိရပါတယ်။
" ဒီနောက်ဆက်တွဲက ကုန်ပစ္စည်းရှားပြီး ဈေးတွေတက်နောက်ဆုံးပြည်သူတွေပဲထိမှာ။ ပိတ်ဆို ဘာစီမံမှုနဲ့ မရှိဘဲအကုန်ပိတ်၊အကုန်ဖမ်းပစ္စည်းတွေ သိမ်းသွားတယ်။ကုန်ပစ္စည်းပြတ်လပ်မှု တွေအတွက် အစီစဉ် လုပ်ထားတာမရှိဘူး။အခုဆို မဖြစ်မနေသုံးရတဲ့ သွားတိုက်ဆေးတွေ၊ဆေးဝါးတွေကအစ ဈေးကွက်ထဲ ပျက် နေပြီ"လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်တပ်က အတုယောင် ရွေးကောက်ခံအစိုးရဖွဲ့ပြီးနောက် ရက်၁၀၀စီမံချက်လုပ်ကာ ရုံးဌာနတိုင်း ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

🤬24❤6🥰3🔥2🤮2😡2🎉1
နမ့်ခမ်းပေါက်ကွဲမှုဖြစ်စဉ်အပေါ် TNLA က နစ်နာသူမိသားစုတွေ သွားရောက်တောင်းပန်
ဇွန်-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။
မေလ ၃၁ရက်က ဖြစ်ပွားခဲ့တဲ့ ယမ်းသိုလှောင်ရုံပေါက်ကွဲမှုကြောင့် ကွယ်လွန်သွားသူများအတွက် ရက်လည်တရားနာအခမ်းအနားကို ဇွန်လ ၆ရက်က ကျင်းပခဲ့ရာ PSLF/TNLA ၏ ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဋ္ဌ (၂)ဗိုလ်ချုပ် တားခူလန်၊ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တားပါင်လနဲ့ တာဝန်ရှိသူတွေ၊ ဒေသခံ တွေနဲ့ ကျန်ရစ်သူမိသားစုတွေ တက်ရောက်ခဲ့ရာ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးရသူတွေ ထိခိုက်နစ်နာခဲ့ရသူမိသားစုတွေအပေါ် တောင်းပန်ကြောင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို TNLA သီးသန့်ရန်ပုံငွေနဲ့ ထောက်ပံ့မှု လုပ်ဆောင်ခဲ့ရာ ကွယ်လွန်သူ တစ်ဦးကို ကျပ်သိန်း ၁၀၀ နှုန်း ထောက်ပံ့ခဲ့ကြောင်း အသိပေးပါတယ်။ ကောင်းတပ်ရပ်ကွက်ပေါက်ကွဲမှုမှာ သေဆုံးသူ ၄၃ဦးရှိပြီး ဒဏ်ရာရသူ ၁၁၂ဦးရှိတယ်လို့ TNLA က ထုတ်ပြန်ထားပေမယ့် ဒေသခံ အဖွဲ့တွေရဲ့ အသိပေးချက်အရ သေဆုံးသူ ၅၀ကျော်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက်လည်း လိုအပ်တဲ့ဆေးဝါးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနဲ့ အခြားလိုအပ်တဲ့ အကူအညီများ ဆက်လက် ကူညီပံ့ပိုးပေးနေကြောင်း ဖော်ပြပါတယ်။
ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ နစ်နာဆုံးရှုံးမှုများအပေါ် အလေးအနက်ထား၍ တာဝန်ယူဆောင်ရွက်သွားမယ်လို့လည်း TNLA ခေါင်းဆောင်တွေက ပြောကြားခဲ့သလို ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အစွမ်းကုန် ကူညီဆောင်ရွက်သွားမယ်လို့ ထပ်လောင်း အသိပေးပါတယ်။
ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဖွဲ့စည်းထားတဲ့ ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးကော်မတီ ကို ပြည်တွင်း ပြည်ပ စေတနာရှင်တွေ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကလည်း အလှူငွေများ ပေးအပ်ခဲ့ရာ တရုတ်ယွမ်ငွေ ၂သိန်းကျော်နဲ့ ကျပ်သိန်း ၉၀၀၀ ကျော် လက်ခံရရှိထားဟု အသိပေးပါတယ်။
အဲဒီ အလှူငွေတွေကိုတော့ ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်သာ သီးသန့်ထိန်းသိမ်းထားရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ချိန်တွင် စနစ်တကျ စီမံခန့်ခွဲအသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ကောင်းတပ်ရပ်ကွက်အတွင်း ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်များ၊ အခြေခံအဆောက်အအုံများနဲ့ ပြည်သူများရဲ့လူမှုဘဝများ ပြန်လည်ကောင်းမွန်လာစေဖို့ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနဲ့ ပူးပေါင်းပြီး ဆက်လက်ဖော်ဆောင်နေကြောင်းလည်း အသိပေးကာ ပြည်သူတွေရဲ့ လူမှုဘ၀ ပုံမှန်ပြန်လည်ပတ်နိုင်ရေးလိုအပ်တာတွေ ကူညီပံ့ပိုးမှု ဆက်လုပ်သွားမယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

👍23🤣4❤2🥰2💩2🔥1
တန့်ယန်းမှာ မိုးကြီး၊ မြေပြိုလို့ လူတစ်ဦး သေဆုံး
ဇွန်-၈၊ ၂၀၂၆။ စိုင်းနော်/People's Spring
မိုးတွင်းကာလ ရေဘေးနဲ့ မြေပြိုမှုဘေး မကြာခဏရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်မှာ ဒီနေ့ ဇွန်လ ၈ရက် မနက်ပိုင်းမှာ မိုးကြီးလို့ မြေပြိုပြီး လူတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။
တန့်ယန်းမြို့မှာ မိုးကြီးပြီး အမှတ်(၆)ရပ်ကွက်၊ အုပ်စု(၅)မှာရှိတဲ့ လူနေအိမ်တစ်လုံးပေါ်ကို မြေထိန်းနံရံပြိုကျတာလို့ ဒေသခံတွေက ပြောပါတယ်။
" မိုးက ရှေ့ရက်တွေမှာ နည်းနည်းရွာတာကနေ ဒီမနက်ပိုင်းမှာ သည်းကြီးမဲကြီး ရွာတာ။ အိမ်ပေါ်ကို မြေပြိုကျတာဆိုတော့ အခြေအနေဆိုးသွားတာ"လို့ ဒေသခံတစ်ဦးကပြောပါတယ်။
သေဆုံးသူက အသက်(၄၉)နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ တန့်ယန်းမြို့မှာ မိုးဆက်ရွာနေပြီး မြေပြိုကျမယ့် အန္တရာယ်ရှိတဲ့နေရာအချို့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ရှမ်းပြည်နယ်မှာ ပြီးခဲ့တဲ့မေလကလည်း မိုးကြီးပြီး လူနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုနဲ့ မိုးကြိုးထိမှန်တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
မေလ ၁၂ရက်မှာ မိုးကြီးပြီး ပင်းတယမြို့၊ မြို့မဈေးအနီးမှာ အုတ်တံတိုင်းပြိုကျခဲ့လို့ စျေးသည်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။ မေလ ၁၃ရက်မှာ တောင်ကြီးမြို့၊ တောင်ပြိုကျေးရွာမှာ မြေပြိုမှုထပ်ဖြစ်ခဲ့ပါတယ်။ မေလ၂၁ရက်မှာလည်း ဆီဆိုင်မြို့နယ်အတွင်း မိုးကြိုးပစ်လို့ နွား ၄၉ကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းမိုးရွာတဲ့အရှိန်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ယာစိုက်ခင်းအများအပြားလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းဟာ မိုးတွင်းကာလရောက်တိုင်း ရေဘေးနဲ့မြေပြိုမှုဘေးကို နှစ်စဉ်ရင်ဆိုင်နေရပါတယ်။ ၂၀၂၄ ခုနှစ် မိုးရာသီကာလက ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးပြီး ရေဘေးနဲ့ မြေပြိုမှု ဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသလို ၂၀၂၅ ခုနှစ် မိုးရွာသီကလည်း ရေဘေးကြုံတွေ့ခဲ့ပါတယ်။
ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြားမှာ ဇွန်လ ၁၄ရက် မတိုင်ခင်အထိ နေရာကွက်ပြီး မိုးကြီးနိုင်လို့ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဒီနေ့ မနက်ပိုင်းမှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

😢27❤3👎1🔥1🤮1
စစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲရက်ဆက်ပြင်းထန်နေပြီး စစ်တပ်အထိနာနေ
■စစ်တပ်ကရွာတွေကိုလေကြောင်းမှဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်လို့ပြည်သူအချို့ဒဏ်ရာရ
ဇွန်-၈၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်
(AA)မသိမ်းရသေးတဲ့မြို့တွေဖြစ်တဲ့ မြို့တော်စစ်တွေနဲ့တရုတ်စီမံကိန်းတွေရှိရာကျောက်
ဖြူမြို့နယ် တို့အတွင်းမှာ နေ့စဉ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်အထိနာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
တိုက်ပွဲတွေမှာ စစ်တပ်ကအထိနာပြီးတော့
လူနေကျေးရွာတွေဆီ လေကြာင်း၊လက်နက်
ကြီးတွေနဲ့ စစ်တပ်ကပစ်ခတ်နေပါတယ်။
စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေ၊ဒေသကွပ်ကွဲစစ်ဌာနချုပ်
(ဒကစ စစ်တွေ)ရဲ့ကာကင်းတွေနဲ့ ကျောက်
ဖြူမြို့နယ် တောင်မောင်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးလက်ကျန်အ၀တောင်ကာကင်းစခန်းတို့ ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
“ရခိုင်မှာ တိုက်ပွဲမဖြစ်တဲ့ရက်မရှိဘူး။ နေ့တိုင်းတိုက်ပွဲပြင်းတယ်။တပ်တော်ကလည်း ထိုးစစ်ကို တော်တော်ပြင်း ပြင်းထန်ထန်လုပ်နေတယ်။အရှိန်အဟုန် ပြင်းပြင်းနဲ့တိုက်နေတာ။ စစ်တွေမှာဆိုရင် ရွှေမင်းဂံကို အဓိကတိုက်နေတယ်။ ဒကစကိုလည်း လက်နက်
ကြီးတွေ၊ ဒရုန်းတွေနဲ့ ခြိမ်းခြောက်နေတယ်” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်း ရင်းမြစ်
တဦးက ပြောပါတယ်။
ရွှေမင်းဂံရေတပ်စခန်းရဲ့ကာကင်းစခန်းဖြစ်တဲ့ ရွှေမင်းဂံရွာစစ်စခန်းကို တိုက်ခိုက်နေတာဖြစ်ပြီး ဒကစအနီးပတ်လည် ရှိ တောကန်၊ ကျားမသောက်၊ ကံ့ကော်ကျွန်းကျေးရွာတဝိုက်တို့မှာလည်း AA က မြေပြင်ထိုးစစ်လုပ်နေတာပါ။ ဒါ့အပြင် အဝေးပစ်လက်နက်ကြီးတွေနဲ့ စစ်တွေအခြေစိုက် အာဏာသိမ်းစစ်
တပ် ဒကစဌာနချုပ်၊ တပ်ရင်းတွေကိုပစ် ခတ်
တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင်ကျောက်ဖြူမြို့နယ်မှာဆိုရင်လည်း ဓည၀တီရေတပ်ဌာနချုပ်ပြီးရင်ဒုတိယအ
ကြီးဆုံးဖြစ်တဲ့ တောင်မော် ဦးရေတပ်စခန်းရဲ့ တခုတည်းသာ ကျန်တော့တဲ့ နောက်ဆုံးကာကင်း အ၀တောင်စခန်းကို ထိုးစစ်ဆင်တိုက်
ခိုက်နေပြီးစစ်တပ်ဘက်ကအထိအခိုက်၊အ
ကျအဆုံးများနေတယ်လို့ ဆိုပါတယ်။
AAဟာလက်ရှိမှာ တောင်မော်ဦးရေတပ်စခန်းဝင်းထဲကို ဟောင်ဝစ်ဇာ(လက်နက်ကြီး)တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီးအ၀တောင်စခန်းကိုလည်းအပြီးပြတ်သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတာပါ။
“အ၀တောင်မှာလည်း သိပ်မကျန်တော့ဘူး။ အရင်ကရာဂဏန်းရှိတာ၊အခုအဲဒီလောက်မကျန်တော့ဘူး။သူတို့စစ်ကူပို့တယ်၊သေတယ်ဆိုတော့စစ်ကူလည်းထပ်မပို့တော့ဘူး။လေ
ကြောင်းကနေပဲတောက်လျှောက်ကြဲနေတယ်”လို့ကျောက်ဖြူဒေသခံမြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
အဲဒီလိုမြေပြင်တိုက်ပွဲမှာအထိနာနေတဲ့ စစ်
တပ်ဟာကျောက်ဖြူမြို့နယ်အတွင်းရှိအရပ်ဘက်လူနေကျေးရွာတွေ ကို ဂျက်ဖိုက်တာ၊ တိုက်ရိုက်ရေးဒရုန်း၊ဆူဆိုက်ဒရုန်းအပါအဝင် စစ်ရေယာဉ်တို့ကနေဗုံးကြဲ၊ပစ်ခတ်နေပါတယ်။
ဇွန်လ၆ ရက်ညကလည်း ကျောက်ဖြူမြို့နယ် ဘယာ၊ ကုလားတွင်းနဲ့ သစ်ကတိုးကျေးရွာတွေကို စစ်တပ်က Y 12 လေယာဉ်နဲ့ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တဦးနဲ့ သက်ကြီးပိုင်း အမျိုးသားနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ဇွန်လ ၅ ရက်နေ့ကလည်း ကျောက်
ဖြူမြို့နယ်နဲ့ ထိစပ်နေတဲ့ ရမ်းဗြဲမြို့နယ် လေးတောင်မြို့ကိုဗုံးကြဲခဲ့ရာစစ်ဘေးရှောင်လူငယ်တဦးသေဆုံးခဲ့ပါတယ်။ဇွန်လ၄ ရက်နဲ့ ဇွန်လ ၁ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ် စပါးတုံရွာနဲ့ ကြောင်ချတွင်းရွာတို့ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့်အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး
၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန် လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့နယ်တို့ကိုသာ သိမ်း ပိုက်ဖို့ကျန်တော့ကာ အဲဒီမြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီး ပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားပါတယ်။
လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒကစစစ်တွေအပါ
အဝင် အခြေစိုက်တပ်ရင်း ဆယ်ခုဝန်းကျင်၊ ကျောက်ဖြူမြို့နယ်မှာ အခြေစိုက်တပ်ရင်း ၃ ခု၊ ရဲတပ်ရင်း ၁ ခု နဲ့ ရေတပ်ဌာနချုပ်အပါ
အဝင် ရေတပ်စခန်းသုံးခု ရှိပါတယ်။ မာန်အောင်မြို့နယ်မှာတော့ အခြေစိုက်တပ်ရင်းမရှိဘဲ ရေတပ်စခန်းနဲ့ တပ်စခန်းအချို့သာ ရှိပါတယ်။

👍37❤12🥰2👏2😁2🤣1
ခါမ်းပတ်ကို ဦးတည်တဲ့စစ်ကြောင်းတွေကြောင့် အိန္ဒိယနယ်စပ်လမ်းကြောင်းပေါ်မှာ စစ်ရေးတင်းမာနေ
ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People's Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့မ
ဟာမိတ်တပ်တွေသိမ်းပိုက်ထားတဲ့ခါမ်းပတ်
မြို့ကို အာဏာသိမ်းစစ်တပ်က ကလေးနဲ့ တမူးမြို့တွေကဘက်ကနေတပြိုင်နက်စစ်
ကြောင်းထိုးလာလို့ လမ်းပိုင်းကို ဒေသခံပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်
ရေးတပ်တွေက သတိပေးထားပါတယ်။
ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ခါမ်းပတ်မြို့ကို ဦးတည်ပြီးစစ်ကြောင်းထိုးလာတာလို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
"နှစ်ဘက်ညှပ်ပြီးစစ်ကြောင်းဝင်လာတာ။ ပြည်သူတွေလုံခြုံရေးအတွက် ခဏဆုတ်ပေးထားတဲ့နေရာတချို့ရှိတယ်။အခုကတော့
လမ်းပိုင်းအသုံးပြုခွင့် ပိတ်ထားတယ်"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အာရှအဝေးပြေးလမ်းမကြီးမှာ တစ်စိပ်တစ်ပိုင်းပါဝင်ပါတယ်။ အဲ့ဒီလမ်းကြောင်းကို မိုးမကျမီ ဖွင့်လှစ်ဖို့ ကြိုးစားမယ်လို့ အာဏာ
သိမ်းခေါင်းဆောင်က အိန္ဒိယခရီးစဥ်မှာအိန္ဒိ
ယအစိုးရကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ခါမ်းပတ်မြို့ကို လေကြောင်းကနေဗုံးကြဲပြီး စစ်ကြောင်းတွေပါ ဦးတည်လာတာဖြစ်ပါတယ်။
စစ်တပ်စစ်ကြောင်းတွေဝင်လာလို့ ကလေး -ခါမ်းပတ်-တမူး ကားလမ်းမ ဘေး ရွာတွေဖြစ်တဲ့ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတော့ရေရှင်၊နန်ကတိတ်၊နန်မွန်းတားနဲ့ခွန်မွန်းနွမ်ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကကြရပါတယ်။နန်မွန်းတားရွာဟာ တော်
လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ရွာဖြစ်ပြီး ဒေသခံတွေလုံခြုံရေးအတွက် ယာယီဆုတ်
ခွာပေးထားတယ်လို့သိရပါတယ်။ ဒါ့အပြင်တမူးနဲ့ ခါမ်းပတ်မြို့ကြားက ရွာတချို့မှာ အခုအခါ တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။
ကလေးနဲ့ တမူးမြို့ဟာ တော်လှန်ရေးအား
ကောင်းတဲ့ဒေသတွေဖြစ်ပြီး စစ်တပ်ကမြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပါတယ်။PDF တွေနဲ့မဟာမိတ်တွေက ၂၀၂၃ ခုနှစ်
နိုဝင်ဘာ ၇ ရက်မှာသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ခါမ်းပတ်မြို့ဟာ တမူးခရိုင်ထဲမှာ တည်ရှိပါတယ်။အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်ထဲက ခါမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကထိန်းချုပ်ထားတာပါ။ လက်ရှိဒေသတွင်းစစ်ရေးအခြေအနေကြောင့် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။
စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်
တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်
(SNA)နဲ့ ကသည်းလက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်တယ်လို့တော်လှန်ရေးတပ်တွေကပြောပါတယ်။အိန္ဒိယအစိုးရကို တိုက်ခိုက်နေတယ်ဆိုတဲ့ ကသည်းလက်နက်ကိုင်တပ်
ဖွဲ့တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်က စတင်ပြီး တမူးခရိုင်၊ တမူးမြို့နယ်နှင့် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွေမှာ စစစ်တပ်နဲ့ပူးပေါင်းပြီး ကာကွယ်ရေးတပ်တွေကိုတိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်
ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်
(၁) စစ်ဒေသက၂၀၂၅စက်တင်ဘာလထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

👍29❤4👎3🥰2🤣2
■အတွေးအမြင်
ဇာတ်မင်းသားကိုအကူအညီတောင်းလာရတဲ့
စစ်တပ်လက်အောက်ကရုပ်ရှင်
ဝဇီရာ/People's Spring
ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။
ရုပ်ရှင်တွေရဲ့ ရုံတင်စနစ်က ရုံရှင်တွေရွေး
ချယ်ထားတဲ့ ဇာတ်ကားတွေထဲကနေ တစ်ပတ်ကို မြန်မာကားသစ်နှစ်ကား အပြိုင်ရုံတင်ပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက်တင်ပြီးတဲ့အချိန်မှာ ဝင်ငွေပေါ်မူတည်ပြီး နောက်တစ်ပတ်ဆက်လက်ပြသခွင့်ရမရ ဆုံးဖြတ်ပါတယ်။ တင်သမျှကားတိုင်း နှစ်ပတ်ပြသခွင့်မရဘဲ တစ်ပတ်တည်းနဲ့ ရုံဆင်းပေးလိုက်ရတယ်။ နေတိုးလိုမင်းသားပါတဲ့ဇာတ်ကားတောင် တစ်ပတ်နဲ့ ရုံဆင်းပေးရတဲ့အခြေအနေ ရောက်လာခဲ့ပါတယ်။
ဒါကြောင့် စစ်တပ်လက်အောက်မှာ ရုပ်ရှင်ရုံတွေဖြစ်ပျက်နေတာတွေအတွက် ရုပ်ရှင်လော
ကသားတွေ ခေါင်းချင်းဆိုင်ကြရပါပြီ။ အဲဒီပြဿနာကို ဖြေရှင်းဖို့၊ ကျဆင်းနေတဲ့ရုပ်ရှင်ကို ပြန်လည်လှုပ်နှိုးမယ်ဆိုတဲ့ ကြွေးကြော်မှုတွေနဲ့ တန်းစီထားတဲ့ကားတွေ ၁၀ ကားလောက်ရှိနေတဲ့ကြားကနေ ဇာတ်ကားနှစ်ကားကို ဖြတ်တင်ဖို့ စီစဥ်လာပါတော့တယ်။
တစ်ကားကတော့ အာဏာသိမ်းစစ်တပ်အလိုကျ ဇာတ်ကားတွေတစ်ကားပြီးတစ်ကား ရိုက်ကူးနေတဲ့၊ ထိပ်တန်းမင်းသားနှစ်ဦးဖြစ်တဲ့ နေတိုးနဲ့ မြင့်မြတ်ရဲ့ ညိုကီတွေဆိုတဲ့ဇာတ်ကားပါ။ နောက်တစ်ကားကတော့ ခြေ
ထောက်နဲ့အကန်ခံရပြီးမှ စန်းတွေဒလဟောတက်လာပြီး မြို့ကြီးတွေမှာ စစ်ကောင်စီအလိုကျ လှည့်လည်ကပြ အသုံးတော်ခံနေတဲ့ အောင်ဇမ္ဗူရဲ့ ပထမဆုံးရုပ်ရှင် အငြှိုးအတေးပါ။ နှစ်ကားလုံးကိုတော့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နဲ့ ၎င်းလက်အောက်ခံ ခရိုနီတွေရဲ့ TMW ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဖူးဖူးရုပ်ရှင်ထုတ်လုပ်ရေးတို့က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဖူးဖူးရုပ်ရှင်ထုတ်လုပ်ရေးကိုတော့ ခင်သီရိသက်မွန်နဲ့ လုပ်ငန်းအတူလုပ်နေတဲ့ ရွှေမန်းက သူ့ဇနီး ဒေါက်တာဖူးပွင့်ခိုင်နာမည်နဲ့ ထူထောင်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဇာတ်သဘင်ဘက်က နာမည်ကျော်နှစ်ဦးလုံးကိုပါ သူတို့ရဲ့ဝါဒဖြန့်ချိရေးကွန်ရက်ထဲမှာ သိမ်းသွင်းထားလိုက်ပြီဖြစ်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်သမီးရဲ့ကျော
ထောက်နောက်ခံနဲ့ ရွှေမန်းအင်ပါယာဟာ
စစ်တပ်ဝါဒဖြန့်ချီရေးအတွက် ကုန်းဘောင်
ခေတ်ရုပ်ရှင်ကိုလည်း ကျပ်သိန်းပေါင်းသိန်းချီအကုန်အကျခံကာ ရိုက်ကူးဖို့ ပြင်ဆင်နေပြန်ပါတယ်။ ဒီဇာတ်ကားဟာ စစ်တပ်အလိုကျ ဘယ်လောက်တောင် ဝါဒဖြန့်ချီမှုတွေပါမလဲဆိုရင် ရခိုင်တိုင်းရင်းသားနေတိုးကို သမိုင်းမှာ ရခိုင်ပြည်သူတွေအရမ်းမုန်းတီးနာကျည်းတဲ့ ရခိုင်ပြည်ကိုကျူးကျော်ခဲ့တဲ့ ဘိုတော်ဗဒုံမင်းအနေနဲ့သရုပ်ဆောင်ခိုင်း ထားတာဖြစ်ပါတယ်။ မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန် က အရင်ကတည်းက ငွေပုံပေးပြီး မွေးထားတဲ့ မင်းသား၊မင်းသမီးတွေ၊အနုပညာရှင်တွေ ဒီဝါဒဖြန့်ကားမှာ များစွာပါဝင်ပါတယ်။ခင်သီရီသက်မွန်ရဲ့ မင်းသား နေတိုးဟာ ဒီတစ်ကြိမ်မှာတော့ ရခိုင်တွေ
မုန်းတီလှတဲ့ ဘိုးတော်ဗဒုံမင်း ဖြစ်လာတော့မှာပါ။
စစ်တပ်လက်အောက်မှာမြန်မာ့ရုပ်ရှင်ဘာလို့ လူမကြည့်တော့တာလဲ။ အရည်အသွေးညံ့တာတွေ၊ ပေါကားတွေ စတဲ့အကြောင်းရင်းတွေကတော့ အသစ်မဟုတ်တော့ပါဘူး။ လက်ရှိ ရုပ်ရှင်ကြည့်ပရိသတ် ဘာတွေဖြစ်နေလဲဆိုတာကိုကော ရုပ်ရှင်သမားတွေ စဥ်းစားကြည့်ဖူးပါသလား။ နိုင်ငံတစ်ဝန်းစစ်တပ်ကအိမ်တွေကို မီးရှို့ ၊ကျောင်းတွေဆေးရုံတွေကိုဗုံးကြဲ နေ့စဥ်နဲ့အမျှ ပြည်သူတွေကို အကြမ်း
ဖက်သတ်ဖြတ် နေတဲ့အချိန်မှာ ရုပ်ရှင်သမားတွေက ခေတ်ကို ကိုယ်စားပြုတဲ့ ဇာတ်ကားဇာတ်ဝင်ခန်း ဘယ်နှစ်ခုရိုက်ဖူးပါလဲ။ အဖိနှိပ်ခံပြည်သူတွေကို ကိုယ်စားပြုပြီး ခေတ်ကာ
လကိုထင်ဟပ်တဲ့ အနုပညာဘယ်နှစ်ခုထုတ်လုပ်ဖူးကြပါလဲ ။
ရန်ကုန်လိုမြို့ကြီးမှာတောင် နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးတာတွေရှိလာချိန် လူငယ်အများစုဟာ ရုပ်ရှင်ကို စိတ်ဖြောင့်ဖြောင့်လာကြည့်နိုင်မယ်ထင်ပါသလား။တက်ပြီးရင်းတက်နေတဲ့ ကုန်စျေးနှူန်းနဲ့ တဟုန်ထိုးကျဆင်းနေတဲ့ မြန်မာငွေတန်ဖိုးတွေကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ပြည်သူတွေဟာ ရုပ်ရှင် လာကြည့်နိုင်မယ်လို့ မျှော်လင့်နေတုန်းလား။ ဒါဆိုရင်တော့ ရုပ်ရှင်သမားတွေ ဆေးသောက်ဖို့ လိုနေပါပြီ။
မကြာခင် ရုပ်ရှင်ရုံတွေတစ်ရုံပြီးတစ်ရုံပိတ်ရတဲ့အနေအထား ရောက်လာဖို့ အတော်လေးနီးကပ်နေပါပြီ။ ပြင်ဆင်ထားကြပါ။ ။

👍39❤9🤮4👏1
တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကူမှာ မြို့ခံတွေ စစ်ရှောင်ဖို့ KIA သတိပေး
▪️မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်
ဇွန် ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ် ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးကို ဒီကနေ့ ဇွန် ၈ရက်မှစတင်ပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၂) က ထုတ်ပြန်ခဲ့ပြီး ရွှေကူမြို့ခံတွေ စစ်ဘေးတိမ်းရှောင်ကြဖို့ သတိပေးလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်က ရွှေကူမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ မေလကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခြေအနေမှာ KIAက အခုလို သတိပေးတာ၊ လမ်းပိတ်တာ တွေ ပြုလုပ်လာတာဖြစ်ပါတယ်။
အမှတ် (၁၁) တပ်မဟာ၊ အမှတ် (၁၂) တပ်ရင်းနယ်မြေဖြစ်သော ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးပိတ်ထားချိန် ပြည်သူတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရမယ်လို့ ဖော်ပြပါတယ်။
ပိတ်ပင်ထာသော လမ်းပိုင်းများကို သွားလာပါက နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာများကို လုံး၀ တာဝန်မယူဟု အသိပေးပါတယ်။
ရွှေကူမြို့အတွင်းရှိ ပြည်သူအားလုံး ထွက်ခွာတိမ်းရှောင်ကြဖို့ သတိပေးထားသလို ရွှေကူမြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ခြင်းမရှိဘဲ မြို့အတွင်းသာ နေထိုင်နေသော ပြည်သူတွေ အနေနဲ့ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကို KIO/KIA ဘက်က လုံး၀တာဝန်ယူသွားမှာ မဟုတ်ဘူလို့ သတိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွှေကူမြို့နယ်အတွင်း နယ်မြေတွေအပါအဝင် KIO/KIA စိုးမိုးထိန်းချုပ်ထားတဲ့ဒေသတွေ ပြန်ရဖို့ စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
“စစ်တပ်ကကတော့ ရွှေ့ကူမြို့ပဲ မဟုတ်ဘူး စစ်ရေး နိုင်ငံရေးအထိနာစေတဲ့ KIA တိုက်ခိုက်သိမ်းယူထားတဲ့ ကချင်-ရှမ်းနယ်စပ်မှာဆိုရင် စစ်ရေး ပထဝီဝင်အနေအထားအရ အရေးပါတဲ့ မဘိမ်းကိုလည်း သူကတော့ ပြန်ထိုးစစ်ဆင်မှာပဲ” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
ကချင်ဒေသကိုသာမက တရုတ်အစိုးရကို အားကိုးပြီး ရှမ်းမြောက်ပိုင်းက KIA အပါအဝင် တိုင်းရင်းသားတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ပြန်ရဖို့ စစ်တပ်က ကြိုးစားနေမှာလို့ ပြောပါတယ်။
“KIA ဘက်ကတော့ တရုတ်အစိုးရရဲ့ ဖိအားအပါအဝင်ပေါ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တကျော့ပြန်ထိုးစစ်ဆင်လာမယ့် လေကြောင်းအပါအဝင် ကုန်းကြောင်းတွေအတွက်ရော အကောင်းဆုံး ပြင်ဆင်ထားပြီလို့ မြင်ပါတယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
KIAကို စစ်တပ်က ထိုးစစ်ဆင်ချိန် ကျန်တဲ့ တော်လှန်ရေးတပ်ဖွဲ့များကလည်း တပြိုင်တည်း စစ်ရေးဖော်ဆောင်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။
“ချုပ်ပြီးပြောရရင် အာဏာရှင်စစ်တပ် မတရားအာဏာသိမ်းယူထားတဲ့ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် ပြုတ်ကျနိုင်ရေး အာဏာရှင်စနစ်ဖြုတ်သိမ်းနိုင်ရေးအတွက် မြန်မာပြည်သူလူထုတွေရော တိုင်းရင်းသားလက်နက်ကိုင်တွေရော PDF တပ်ဖွဲ့ဝင်တွေရော အားလုံး စစ်ရေး နိုင်ငံရေးအားလုံးတက်ညီလက်ညီတပြိုင်နက်ပူးပေါင်းဆောင်ရွက်နိုင်မှ အောင်မြင်မယ်လို့ ပြောကြားချင်ပါတယ်။” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

👍40❤2🥰2🤬1🤣1