People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍28🔥3❤1🤣1
"ဇတ်တူသားချင်းအစားခံရတာ”လို့စစ်သုံ့ပန်းတဦးရဲ့ ပြောစကားကို ကြားချိန်မှာ မယုံကြည်နိုင်လောက်အောင် အထိတ်တလန့်ဖြစ်သွားရတယ်လို့ နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော်(AA)နဲ့အတူတိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ အာဏာသိမ်းစစ်တပ်ကတပ်ဖွဲ့ဝင်အချင်းချင်းသတ်ဖြတ်တဲ့ဖြစ်ရပ်တွေ ကြားဖူးပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ အစုလိုက်
အပြုံလိုက်ဗုံးကြဲသတ်ဖြတ်ပစ်ကြတဲ့ ဖြစ်စဉ်ကို စစ်သုံ့ပန်းတဦးက ရင်ဖွင့်လာတာဖြစ်ပါတယ်။

“လူ ၃၀၀ လောက်ရှိတဲ့ရှေ့တန်းနေရာကိုစစ်တပ်က ဒရုန်းနဲ့ ပြန်ကြဲတာ။ စစ်တပ်ကချတဲ့ ဒရုန်းကြောင့် စစ်သားတွေပဲ သေကြတာ။ ဒါကြီး ပြောလာချိန် ကျတော်ကိုယ်တိုင်တောင် နားမလည်ဘူး”

နတ်ရေကန်ဗျူဟာကိုသိမ်းယူတဲ့တိုက်ပွဲမှာ ဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေနဲ့ အခုရက်ပိုင်း အေးအေးလူလူစကားဖောင်ဖွဲ့ခဲ့တဲ့ တော်လှန်ရေးရဲဘော်က People’s Spring ကိုပြောပြတာပါ။ ဒီဖြစ်ရပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် စက်တင်ဘာ
လကဖြစ်ပွားခဲ့တာဆိုပေမယ့် စစ်မြေပြင်ကအနိဋ္ဌာရုံတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ သုံ့ပန်းတွေဟာ စိတ်ဒဏ်ရာရရှိနေတဲ့ ကြားကနေ စစ်‌မြေပြင်ကတရားမဲ့မှုတွေကို ရင်ဖွင့်​​ပြောပြဖို့ စိတ်အားထက်သန်လာကြတယ်လို့ ​တော်လှန်​ရေးရဲ​ဘော်ကဆိုပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်ကနတ်ရေကန်ဗျူဟာကုန်းစစ်မြေပြင်ဟာ AAနဲ့ ပူးပေါင်းတပ်တွေ လပေါင်းများစွာကြာအောင်ထိုးစစ်ဆင်နေတဲ့ စစ်တပ်ရဲ့အမာခံစခန်းကြီးဖြစ်သလို၊အဲဒီ​နေရာဟာစစ်မြေ
ပြင်ရောက်စစ်သားတွေရဲ့ ဧရာမငရဲခန်းလည်းဖြစ်ပါတယ်။


https://www.ludunwayoo.com/feature-mm/2026/06/05/159057/
👍49❤12😁4🤣2
ချောင်းဦးကစစ်ရှောင်တွေ စားသောက်နေထိုင်ရေး အခက်တွေ့နေ

ဇွန် ၈၊ ၂ဝ၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တောင်ဘက်ခြမ်းမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၁၁ ရွာထက်မနည်း တိမ်းရှောင်နေရပြီး တစ်ပတ်ကျော်လာလို့ စားသောက်နေထိုင်ရေး အခက်အခဲရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁ ရက်ကတည်းက ချောင်းဦးမြို့နယ် တောင်ဘက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေပြီး အသေခံဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ စက်သေနတ်တွေနဲ့ပါ ပစ်ခတ်နေလို့ ရွာတော်လေး၊ မှန်ချို၊ ဆင်မြေ၊ငါးလုံးတင်၊ မထိသာ၊ မင်းခေါင်၊ မင်းတည်၊ မကျည်းခွ၊ ပေါက်ပင်၊ ညောင်ပင်တဲနဲ့ ရှမ်းထူးကျေးရွာတို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

"အခုထိ အသေခံ ဒရုန်းတွေ ချနေတာ။ ပွိုင့်5ပါ ကားရော ရမ်းသမ်းပစ်နေတာ။ ထွေအုပ်ရုံးထဲကရော တနေကုန်လက်နက်ကြီး ပစ်ကူသဘောနဲ့ရမ်းသမ်းပစ်နေတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ရှောင်နေရတာ အချိန်ကြာမြင့်လာတာနဲ့အမျှ စစ်ဘေးရှောင်စခန်းတွေနဲ့ တောတောင်တွေထဲမှာ ခိုလှုံနေရတဲ့ အသက်ကြီးရွယ်အို ဘိုးဘွားတွေဟာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် ကျန်းမာရေးနဲ့ နေထိုင်ရေးမှာ ဒုက္ခရောက်နေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။

"ချောင်းဦးမြို့နယ်တောင်ဘက်ခြမ်းကိုတအားမဲနေတာ။ မြို့ပေါ်က ပြည်သူ၃၀လောက်
လူသားဒိုင်းဖမ်းပြီး စစ်ကြောင်းထိုးလာတာကြားတယ်"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်တပ်ဟာ ဇွန်လပထမပတ်အတွင်း ချောင်းဦးမြို့နယ်ကို မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေတာဖြစ်ပြီး ဇွန်လ ၅ ရက်က ရှမ်းထူးကျေးရွာက ဂျိုင်ရိုကော်ပတာ ၄စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက် ၄၅ နှစ်အရွယ် ကိုဝင်းကျော်ဆိုသူ သေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာမှာလည်း ပါရာမိုတာ၊ ဂွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ ပြည်သူ့နေအိမ်တွေနဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ်ဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာ ၆ ရက်က ချောင်းဦးမြို့နယ်က ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲကျင်းပနေချိန် စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲလို့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၄၀ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ဖူးပါတယ်။
😢31👍3❤2🔥2🤬2👏1
(၂၀၂၂ ခုနှစ် မတ်လက ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးမီးရှို့သွားခဲ့ပြီးနောက် တွေ့ရစဥ် ဓါတ်ပုံ-မိုးသားရိပ်)
🤬25👍5🔥2👎1👏1
လောင်းလုံးမှာ ကျောင်းကြို/ပို့ကားတွေ စစ်တပ်က အကာအကွယ်ယူလှုပ်ရှားနေဟု PDF ပူးပေါင်းတပ် ထုတ်ပြန်

▪️မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ

ဇွန်-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

တင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာအပြင် ကျောင်းကြို/ပို့ယာဉ်တွေကိုပါ အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ(၃၃) လက်အောက်ခံ PDF အပါအဝင်ဒေသတွင်း တော်လှန်ရေးတပ်တွေက အသိပေးထုတ်ပြန်ပါတယ်။

မြို့ပေါ်ကျောင်းအပ်နှံထားသော ပြည်သူတွေကို အသိပေးမေတ္တာရပ်ခံတဲ့ အခုကြေညာချက်ကို လောင်းလုံးမြို့ နယ် (၈၀ဝ၃) တပ်ရင်း ၊(ပအဖ) (ပကဖ) (ပလဖ)၊ သံမဏိလိပ်ပြာတပ်ဖွဲ့၊အထူးပြောက်ကျားတပ်ဖွဲ့(SGF) နဲ့ လောင်းလုံးပညာရေး(ဘုတ်အဖွဲ့)တို့မှ ပူးတွဲထုတ်ပြန်ခဲ့တာပါ။

မြို့နယ်အတွင်း တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီအကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေမျာ အရပ်သားတွေကို ရန်သူစစ်ကောင်စီက လူသားဒိုင်းသဖွယ်အသုံးပြုနေတာ ပြည်သူတွေ အသိပင်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အခုနောက်ပိုင်းမှာလည်း စစ်တပ်ဟာ ကျောင်းကြို/ပို့ ယာဉ်များကိုလည်း အကာကွယ်ယူပြီး သွားလာလှုပ်ရှားနေတာကြောင့် ကျောင်းတက်နေသော ကလေးသူငယ်များရဲ့ ဘေး ကင်းလုံခြုံမှုရှိရေးအတွက် ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာတယ်လို့ အသိပေးပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့များသည်လည်း ၎င်းမြို့နယ်အတွင်းမှာ စစ်ဆင်ရေးများကို အရှိန်ဟုန်မြှင့် ဖော်ဆောင်သွားနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပြီး မြို့ပေါ်ကျောင်းအပ်နှံထားသော မိဘများအနေဖြင့် မိမိတို့၏ကလေးငယ်များအား လုံခြုံရေးကိုရှေ့ရှု၍ မြို့ပေါ်၌ ပြောင်းရွေ့နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်”လို့ ထုတ်ပြန်ပါတယ်။

ယခုလိုတားမြစ်ရတာဟာ ကျောင်းသူ၊ကျောင်းသားများအား လွတ်လပ်စွာပညာသင်ယူခွင့်ကို တားမြစ် ဟန့်တားခြင်းမဟုတ်ကြောင်းလည်း အသိပေးပါတယ်။

ဒါပေမဲ့ စစ်ရေးနယ်မြေဖြစ်နေတာကြောင့် ကျောင်းကားများနဲ့ အတူ စကစ ကားများပါလိုက်ပါလာနိုင်တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားနိုင်တာ၊ မလိုလားအပ်ဘဲ ကျောင်းသူကျောင်းသားများကိုထိခိုက်လာနိုင်တာကြောင့် ပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားတွေကို အခုလို အလေးအနက် မေတ္တာရပ်ခံရတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်တပ်က ကျောင်းကြိုပို့ယာဉ်တွေကို အကာအကွယ်ယူ စစ်ရေးလှုပ်ရှားတာအပါအဝင် ဒေသတွင်း စစ်ရေး အခြေအနေတွေမေးမြန်းဖို့ ဗျူဟာ (၃၃)တာဝန်ရှိသူအချို့ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းနဲ့ ရဲစခန်းအချို့ကို တော်လှန်ရေးတပ်တွေက အခုနှစ်အတွင်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့သလို တော်လှန်ရေးတပ်အချို့ကလည်း ဒေသတွင်းအချိန်မရွေးတိုက်ပွဲဖြစ်နိုင်လို့ ခရီးသွားလာတာတွေ မလုပ်ဖို့ သတိပေးထားတာတွေရှိပါတယ်။
👍30❤4🔥3🤬3👎1🤣1
(တနင်္သာရီတိုင်း၊လောင်းလုံမြို့နယ်မှာ ယာဥ်အန္တရာယ်ကင်းစင်ရေးအတွက် မြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့က အသိပညာပေးမှုလိုက်လံဆောင်ရွက်နေစဉ်။ ဓာတ်ပုံ - PVTV)
👍29🔥5❤2😢1🤣1
သတင်းပေး‌မှုကြောင့် အင်းလေး PDF ရဲဘော် ၂ဦး ဖမ်းဆီးခံရ

ဇွန် -၈၊၂၀၂၆။ဇော်၀င်း/People's Spring

စစ်တပ်သတင်းပေး‌မှုကြောင့် ရဲဘော် ၂ဦး ဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)က ထုတ်ပြန်ပါတယ်။

ဒီကနေ့(ဇွန် ၈ရက်)က ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်းနဲ့ ရဲဘော် AD (ခ) ကောင်းစည်သူ တို့ကို အင်းလေးဒေသရွာမကျေးရွာမှာ စစ်တပ်က ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

ရွာမကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဒလန်၊သတင်းပေး သားကြီး (ခ)အောင်နိုင်ဦးရဲ့ သတင်းပေး တိုင်တန်းမှုကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး စစ်တပ်က ကွင်းဆက်လိုက်လံဖမ်းဆီးဖို့လည်း အပြင်းအထန် ကြိုးပမ်းနေတယ်လို့ အသိပေးပါတယ်။

"အားလုံးဘေးလွတ်ရာကို ရှောင်တိမ်းကြပါ။လုံခြုံစိတ်ချရတဲ့နေရာကိုရွှေ့ပြောင်းကြပါ"လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူ ရဲဘော် ၂ဦးနဲ့ ပတ်သက်ဆက်နွယ်သူတွေ ကျေးရွာအသီးသီးက တာဝန်ရှိသူတွေနဲ့ရဲဘော်တွေအားလုံး ဘေးလွတ်ရာအရေးပေါ် ချက်ချင်း ရှောင်ရှားကြဖို့ IPDF ကသတိပေးပါထားတယ်။

ဖမ်းဆီးခံရမှုဖြစ်စဉ် အသေးစိတ်နဲ့ ဖမ်းခံရတဲ့ ရဲဘော် ၂ဦးရဲ့ နောက်ဆက်တွဲ အခြေအနေကို IPDF တာ၀န်ရှိသူထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

စစ်တပ် သတင်းပေးတွေရဲ့ လုပ်ရပ်တွေကို ပြင်းထန်တဲ့တုံ့ပြန်မှုနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လူငယ်တွေကို လိုက်လံရှာဖွေပေးဖို့ အုပ်ကြီးဟောင်း သားကြီးနဲ့ အင်းလေးပျူစောထီး ဖိုးသာထူးတို့ကို စစ်တပ်က ပိုက်ဆံနဲ့ မက်လုံးပေးထားတယ်လို့လည်း စုံစမ်းသိရပါတယ်။
🤬25😢15🔥3❤2👍2👎2👏1😡1
😢39👍5🤬2👎1🔥1👏1
■​ဆောင်းပါး

စာဖတ်ခြင်း
"စိတ်ကျန်းမာရေးအတွက် မမြင်ရတဲ့ ဆေးတစ်ခွက်"

-ခါကာဘို ရေးသားသည်။

“လူတွေ စုဝေးတဲ့ပွဲဆိုရင် စကားတွေပြောမယ်၊ သီချင်းဆိုကြမယ်၊ ဂိမ်းတွေ အတူဆော့မယ်၊ ဓာတ်ပုံတွေရိုက်မယ်” လို့ပဲ အများစုက ထင်ကြပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ အတ္တလန်တာမြို့မှာ ပြုလုပ်တဲ့ စုဝေးပွဲတစ်ခုကတော့ ထူးခြားပါတယ်။

စာပေဝါသနာပါသူ မိတ်ဆွေတွေ တနေရာမှာဆုံကြတယ်၊စကားစမြည်ပြောကြတယ်၊ သောက်စရာတွေ သောက်ကြတယ်။

ဒါပေမဲ့ ခဏအကြာမှာတော့ အားလုံး တိတ်
ဆိတ်သွားပြီး ကိုယ့်စာအုပ်ကိုယ် ဖွင့်ဖတ်နေကြပါတယ်။

ဒီလို စာဖတ်ဖို့အတွက် စုဝေးကြတဲ့အဖွဲ့ကို “Silent Book Club” လို့ ခေါ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အဖွဲ့ခွဲတွေ ရှိနေပြီး စာဖတ်ဝါသ
နာတူသူတွေ အတူတကွ တွေ့ဆုံနိုင်တဲ့ နေရာတစ်ခု ဖြစ်လာနေပါတယ်။

ဒီနေ့ခေတ်မှာ လူအများစုရဲ့ လက်ထဲက ဖုန်းမျက်နှာပြင်ဟာစာအုပ်တစ်အုပ်ထက် အချိန်
ပိုယူနေပါတယ်။ လူမှုကွန်ရက်တွေ၊ ဗီဒီယိုတိုတွေ၊ အဆုံးမရှိတဲ့ News Feed တွေကြားမှာ စာဖတ်ဖို့ အချိန်ပေးသူ နည်းလာပါတယ်။

လေ့လာမှုတွေအရ အမေရိကန်မှာအပန်းဖြေဖတ်ရှုတဲ့ အလေ့အထဟာ လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းသိသိသာသာကျဆင်းလာခဲ့ပါတယ်။

ဒါကြောင့် Silent Book Clubလိုစာဖတ်ပွဲတွေ၊ BookTok လို စာအုပ်အကြောင်း ဆွေးနွေးတဲ့ အွန်လိုင်းအသိုင်းအဝိုင်းတွေဟာ စာဖတ်ခြင်း ယဉ်ကျေးမှုကို ပြန်လည်အသက်သွင်းဖို့ ကြိုး
စားနေတဲ့ လှုပ်ရှားမှုအသစ်တစ်ရပ်လို ဖြစ်
လာပါတယ်။

ဒီပွဲတွေကို တက်ရောက်သူတွေကတော့ စာ
အုပ်ဖတ်ဖို့ အချိန်သီးသန့် ဖယ်ထားနိုင်တဲ့အတွက် ယခင်ကထက် ပိုပြီး စာဖတ်ဖြစ်လာတယ်လို့ ဆိုကြပါတယ်။

လူတော်တော်များများက စာဖတ်တာကို ဗဟု
သုတရဖို့၊စာမေးပွဲအတွက်ဒါမှမဟုတ် အလုပ်အတွက်လို့ပဲ တွေးတတ်ကြပါတယ်။

အမေရိကန် စာကြည့်တိုက်အသင်း ဥက္ကဋ္ဌ Sam Helmick ရဲ့ အဆိုအရ “အပန်းဖြေစာဖတ်ခြင်းကဦးနှောက်ကို စိတ်ဖိအားကို လျှော့စေတဲ့၊ စိတ်ကို အနားရ‌စေတဲ့ “decompress” လုပ်ပေးနိုင်ပါတယ်”။

ဆိုလိုတာက ရည်ရွယ်ချက်တစ်ခုခုအတွက် မဟုတ်ဘဲအချက်အလက်တွေ၊ဇာတ်လမ်းတွေကို သဘာဝကျကျ လက်ခံဖတ်ရှုနေတဲ့အချိန်မှာ ဦးနှောက်က ဖိအားတွေကို လျော့ချနိုင်တယ်ဆိုတဲ့ သဘောပါ။

ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ အိပ်မပျော်ခြင်း ပြဿနာတွေ တိုးလာနေတဲ့အချိန် တစ်ဦးတည်းဖြစ်စေ၊ မိတ်ဆွေတွေနဲ့တွေ့ဆုံကြပြီးဖြစ်စေ စာဖတ်တဲ့အလေ့အထက စိတ်ကျန်းမာရေးအတွက်အရေးကြီးတဲ့အထောက်
အကူတစ်ခု ဖြစ်လာနိုင်ပါတယ်။

စာဖတ်တဲ့ အလေ့အထက ဝေါဟာရကြွယ်ဝစေတယ်၊ ဗဟုသုတတိုးပွားစေတယ်၊ စိတ်
ကူးစိတ်သန်းတွေကို ကျယ်ပြန့်စေတယ်ဆိုတာ လူသိများပါတယ်။

ဒါတင်မကသေးပါဘူး။သုတေသနတွေက ပုံမှန်စာဖတ်တဲ့သူတွေမှာ အသက်ကြီးလာချိန် ဦးနှောက်စွမ်းရည် ကျဆင်းနိုင်ခြေ လျော့
နည်းကြောင်း ဖော်ပြထားပါတယ်။

စာဖတ်ခြင်းက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှု လက္ခဏာတွေကို လျော့ပါးစေပြီး အိပ်စက်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

အချို့သော လေ့လာမှုတွေမှာတော့ ပုံမှန်စာဖတ်သူတွေဟာ သက်တမ်းပိုရှည်နိုင်ကြောင်းတောင် တွေ့ရှိထားပါတယ်။

စာဖတ်ခြင်းဟာတစ်ယောက်တည်း လုပ်ရတဲ့ လှုပ်ရှားမှုလို့ ထင်ရပေမယ့်တကယ်တော့ လူမှုဆက်ဆံရေးစွမ်းရည်နဲ့ ကိုယ်ချင်းစာစိတ်ကို တိုးတက်စေပါတယ်။

ဇာတ်ကောင်တစ်ယောက်ရဲ့ ဘဝကို လိုက်ပါခံစားရင်း၊ ကိုယ်မကြုံဖူးတဲ့ အတွေ့အကြုံတွေကို စိတ်ကူးနဲ့ ဖြတ်သန်းရင်း လူသားတွေရဲ့ ခံစားချက်၊ အခက်အခဲနဲ့ အမြင်အမျိုးမျိုးကို နားလည်လာစေပါတယ်။

တစ်နည်းအားဖြင့် စာအုပ်တွေက ကျွန်တော်တို့ကို ဘဝသင်တန်းကြေး မပေးဘဲ အတွေ့
အကြုံတွေ သင်ယူခွင့် ပေးနေကြတာပါပဲ။

လူတိုင်းရဲ့ အာရုံစိုက်နိုင်စွမ်းကို ဖုန်းနဲ့ လူမှုကွန်ရက်တွေက အမြဲယှဉ်ပြိုင်လုယူနေကြတဲ့ ဒီနေ့ခေတ်မှာ စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်ဖို့ အချိန်ပေးခြင်းဟာ ဖျော်ဖြေရေးတစ်ခုသာ မဟုတ်တော့ပါဘူး။ ဦးနှောက်အတွက် အနား
ယူချိန်တစ်ခု၊ စိတ်ကျန်းမာရေးအတွက် ဆေးတစ်ခွက်လို အထောက်အကူတစ်ခု ဖြစ်လာပါတယ်။

တစ်ခါတစ်ရံ မိတ်ဆွေအသစ်တစ်ယောက်နဲ့ တွေ့ဆုံဖို့အတွက် စကားလုံးတွေ အများကြီး မလိုအပ်ပါဘူး။ စာအုပ်ကောင်းတစ်အုပ်နဲ့ တိတ်တဆိတ် ထိုင်ဖတ်နေတဲ့ အချိန်လေးကတောင် လူတွေကို အတူတကွ ချိတ်ဆက်ပေးနိုင်ပါတယ်။

စာဖတ်ခြင်းဟာ အသိပညာရဖို့သာမက ဘဝကို ပိုမိုနားလည်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ပိုမိုနားထောင်ဖို့နဲ့ လူသားဆန်မှုကို ပိုမိုနက်ရှိုင်းစေဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်နေဆဲပါပဲ။ ။

ကိုးကား-CNN Health
❤26👍12🥰3🤮1🤣1
👍23🤮3❤2🤣1
ရက် ၁၀၀ စီမံချက်ဆိုပြီး ပစ္စည်းဂိုဒေါင်တွေ စစ်တပ် ဝင်စီး၊ ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်

ဇွန်၈၊၂၀၂၆၊ကတ်သရင်းနှင်း/People's Spring

ရက် ၁၀၀ စီမံကိန်းဆိုပြီး စစ်တပ်က မြို့ကြီးတွေကဂိုဒေါင်တွေ ဝင်ရောက်စီးနင်းဖမ်းဆီးတာတွေ လုပ် နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဧပြီ၂၀ ရက်ကနေ ဇူလိုင် ၃၁ရက်အထိ ရက်‌‌၁၀၀ စီမံချက်ဟု ကြေညာထားပြီး ပြည်ပကသွင်းကုန်အားလုံးကို တားမြစ်ထားတာလို့ သိရပါတယ်။

" ယိုးဒယား၊တရုတ်ထုတ်ကုန်ပစ္စည်း အကုန်ပိတ်ထားတာ။အဝတ်အစား၊အသုံးအဆောင်လည်း သယ်မရဘူး"လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ကုန်ပစ္စည်းသယ်ယူတဲ့ကားတွေကိုပါ ဖမ်းကာကုန်ပစ္စည်းသိမ်းယူမှု တွေရှိနေသလို ရန်ကုန်၊မန္တလေးလို စစ်တပ်ထိန်းချုပ်မြို့ကြီး တွေမှာလည်း ပစ္စည်းဂိုဒေါင်တွေကို ဝင်ရောက်စီးနင်းမှုတွေရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

"သတင်းရတဲ့ ဂိုဒေါင်တွေအကုန်လိုက်စီးနေတာ။မပေါ့ဆစေချင်ဘူး။အရင်ကပစ္စည်း လက်ကျန်တွေကအစ အကုန်ဖမ်းနေတာ"လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခုစီမံကိန်းမတိုင်မီက မှာယူထားတဲ့ ပစ္စည်းတွေလည်း မြို့အဝင်ဂိတ်တွေမှာ အကုန်ဖမ်းဆီးခံ နေကြရပြီး ပစ္စည်းတွေ ပြန်ထုတ်လို့လည်းမရဘူးလို့ သိရပါတယ်။

" ဒီနောက်ဆက်တွဲက ကုန်ပစ္စည်းရှားပြီး ဈေးတွေတက်နောက်ဆုံးပြည်သူတွေပဲထိမှာ။ ပိတ်ဆို ဘာစီမံမှုနဲ့ မရှိဘဲအကုန်ပိတ်၊အကုန်ဖမ်းပစ္စည်းတွေ သိမ်းသွားတယ်။ကုန်ပစ္စည်းပြတ်လပ်မှု တွေအတွက် အစီစဉ် လုပ်ထားတာမရှိဘူး။အခုဆို မဖြစ်မနေသုံးရတဲ့ သွားတိုက်ဆေးတွေ၊ဆေးဝါးတွေကအစ ဈေးကွက်ထဲ ပျက် နေပြီ"လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်တပ်က အတုယောင် ရွေးကောက်ခံအစိုးရဖွဲ့ပြီးနောက် ရက်၁၀၀စီမံချက်လုပ်ကာ ရုံးဌာနတိုင်း ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
🤬24❤6🥰3🔥2🤮2😡2🎉1
(မြဝတီလမ်းပိုင်မှာ ကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ ကုန်ကားတစ်စီးကို စစ်တပ် လက်အောက်ခံတွေက စစ်ဆေးနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
👎18🤮8🖕5👍3🤬3🥰2❤1🎉1😡1
နမ့်ခမ်းပေါက်ကွဲမှုဖြစ်စဉ်အပေါ် TNLA က နစ်နာသူမိသားစုတွေ သွားရောက်တောင်းပန်

ဇွန်-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။

မေလ ၃၁ရက်က ဖြစ်ပွားခဲ့တဲ့ ယမ်းသိုလှောင်ရုံပေါက်ကွဲမှုကြောင့် ကွယ်လွန်သွားသူများအတွက် ရက်လည်တရားနာအခမ်းအနားကို ဇွန်လ ၆ရက်က ကျင်းပခဲ့ရာ PSLF/TNLA ၏ ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဋ္ဌ (၂)ဗိုလ်ချုပ် တားခူလန်၊ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တားပါင်လနဲ့ တာဝန်ရှိသူတွေ၊ ဒေသခံ တွေနဲ့ ကျန်ရစ်သူမိသားစုတွေ တက်ရောက်ခဲ့ရာ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးရသူတွေ ထိခိုက်နစ်နာခဲ့ရသူမိသားစုတွေအပေါ် တောင်းပန်ကြောင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို TNLA သီးသန့်ရန်ပုံငွေနဲ့ ထောက်ပံ့မှု လုပ်ဆောင်ခဲ့ရာ ကွယ်လွန်သူ တစ်ဦးကို ကျပ်သိန်း ၁၀၀ နှုန်း ထောက်ပံ့ခဲ့ကြောင်း အသိပေးပါတယ်။ ကောင်းတပ်ရပ်ကွက်ပေါက်ကွဲမှုမှာ သေဆုံးသူ ၄၃ဦးရှိပြီး ဒဏ်ရာရသူ ၁၁၂ဦးရှိတယ်လို့ TNLA က ထုတ်ပြန်ထားပေမယ့် ဒေသခံ အဖွဲ့တွေရဲ့ အသိပေးချက်အရ သေဆုံးသူ ၅၀ကျော်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက်လည်း လိုအပ်တဲ့ဆေးဝါးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနဲ့ အခြားလိုအပ်တဲ့ အကူအညီများ ဆက်လက် ကူညီပံ့ပိုးပေးနေကြောင်း ဖော်ပြပါတယ်။

ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ နစ်နာဆုံးရှုံးမှုများအပေါ် အလေးအနက်ထား၍ တာဝန်ယူဆောင်ရွက်သွားမယ်လို့လည်း TNLA ခေါင်းဆောင်တွေက ပြောကြားခဲ့သလို ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အစွမ်းကုန် ကူညီဆောင်ရွက်သွားမယ်လို့ ထပ်လောင်း အသိပေးပါတယ်။

ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဖွဲ့စည်းထားတဲ့ ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးကော်မတီ ကို ပြည်တွင်း ပြည်ပ စေတနာရှင်တွေ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကလည်း အလှူငွေများ ပေးအပ်ခဲ့ရာ တရုတ်ယွမ်ငွေ ၂သိန်းကျော်နဲ့ ကျပ်သိန်း ၉၀၀၀ ကျော် လက်ခံရရှိထားဟု အသိပေးပါတယ်။

အဲဒီ အလှူငွေတွေကိုတော့ ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်သာ သီးသန့်ထိန်းသိမ်းထားရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ချိန်တွင် စနစ်တကျ စီမံခန့်ခွဲအသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ကောင်းတပ်ရပ်ကွက်အတွင်း ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်များ၊ အခြေခံအဆောက်အအုံများနဲ့ ပြည်သူများရဲ့လူမှုဘဝများ ပြန်လည်ကောင်းမွန်လာစေဖို့ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနဲ့ ပူးပေါင်းပြီး ဆက်လက်ဖော်ဆောင်နေကြောင်းလည်း အသိပေးကာ ပြည်သူတွေရဲ့ လူမှုဘ၀ ပုံမှန်ပြန်လည်ပတ်နိုင်ရေးလိုအပ်တာတွေ ကူညီပံ့ပိုးမှု ဆက်လုပ်သွားမယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
👍23🤣4❤2🥰2💩2🔥1
ဓာတ်ပုံ - TNLA
👍28🤣8❤2🥰2👎1🤮1