People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🤬30👎3😡3🔥2❤1
■အ​တွေးအမြင်

မင်းထင်ကိုကိုကြီး- သွေးကြီးတဲ့ ကဗျာဆရာ

-လင်းဆက်ငြိမ်းချမ်း ​ရေးသားသည်။

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။

၂၀၂၆၊မတ်လ၁၇ရက်နေ့။ “ကျန်းမာရေးကြောင့် Facebook နဲ့ ခဏဝေးနေခဲ့တယ်။စိတ်မကောင်းစရာကောင်းတာက အဲဒါကိုသတိထားမိတဲ့သူ မရှိသလောက်ပါပဲ”လို့ Ko Ko Gyi ဆိုတဲ့ သူ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကနေ ပြောခဲ့တယ်။ပြီးတော့ အဲဒီပို့စ်ကလည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် သူ နောက်ဆုံး ရေးသားခဲ့တာမို့ အားလုံးကို နှုတ်ဆက်ခဲ့တဲ့ နောက်ဆုံးစာသား။

မေ ၁၇ ရက်မတိုင်ခင် တစ်ပတ်၊၁၀ရက်လောက်ကပဲ ကျနော်နဲ့ အစ်ကိုတော်ကဗျာဆရာတစ်ယောက် ပင့်ကူမျှင်ကွန်ရက်ပေါ် စကားဆက်ခဲ့စဉ်က “ကိုမင်းထင်တစ်ယောက် နေမကောင်းဘူးထင် တယ်။လိုင်းပေါ် မတွေ့ရဘူး”လို့ ပြောဖြစ်ကာ သူ့အ
ကြောင်း ဟိုတစ်စ ဒီတစ်စ ဖွဲ့နွဲ့မိကြသေး။

ဒါပေ မဲ့၊ ကျနော်တို့၂ယောက်စလုံးက နှုတ်နည်းပြီး အများမြင်ပလက်ဖောင်းပေါ် စကားလုံးချွေ
တာတတ်သူတွေမို့ ‘မမေ့မလျော့ ကိုမင်းထင်အ
ကြောင်း ပြောဖြစ်သေးတယ်’ဆိုတာမျိုး ကွန်မန့်တွေ ဘာတွေမှာ လည်း ထုတ်မရေးဖြစ်။

သူ့ကျန်းမာရေးအခြေအနေကိုသူဖေ့စ်ဘွတ်ခ်သုံး၊မသုံးဆိုတာနဲ့ တိုင်းတာရတယ်။ကိုမင်းထင်က အသည်းကင်ဆာနဲ့လုံးထွေးနေရတဲ့သူ။ သူ့နေထိုင်မှုဘဝမှာ လွန်တာကျွံတာ ဘာမှမရှိခဲ့ပေမဲ့ ဘီပိုးကနေ အသည်းကင်ဆာအထိ ဖြစ်သွားရတဲ့သူ။သူ့ညီလည်းဘီပိုးကနေအသည်းကင်ဆာ။ပြီးတော့ ကမ္ဘာကြီးရဲ့ ဟိုတစ်ဖက် အရင်ထွက်ခွာ။ ထား။

ကိုမင်းထင်ရဲ့ဒုတိယမြောက်နောက်ဆုံးပို့စ်ကိုဧပြီ ၂၃ ရက်က တင်ထားတာ တွေ့ရတယ်။ ဧရာဝတီမှာ ဖော်ပြထားတဲ့ ‘ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် သား ဖြစ်သူ တောင်းဆို” သတင်းကို ရှဲကာ အပေါ်မှာ သူ့ရဲ့ Captionက ‘အမေ’ တစ်လုံးတည်း။ကိုမင်း ထင်က ဒေါ်အောင်ဆန်းစုကြည် ကို အင်မတန်လေးစားချစ်ခင်တဲ့သူ။ပြီးတော့ အဲဒီအချိန်ကတည်းက စာတစ်ကြောင်းလောက် ရေးဖို့တောင် သူ့ဝေဒနာက ခွင့်မပြုတော့တဲ့ပုံ။

ဧပြီ၂၃ပြီးတော့ ဖေ့စ်ဘွတ်ခ်ပေါ်ကနေပျောက်သွားတာမို့ အသည်းကင်ဆာရဲ့ နောက်ဆုံးအ ဆင့် ထိုးနှက်တိုက်ခိုက်မှုဒဏ် သူအတော်ခံနေရတဲ့ပုံ။မေ
၁၇ရက်မှာ နောက်ဆုံးစာသား သူ ရေးသား ခဲ့ပြီးနောက် ဇွန်၂ရက်အထိ ဖုန်းလေးတစ်ချက် မကြည့်နိုင်တော့တဲ့အထိ။အသည်းကင်ဆာရဲ့ နောက် ဆုံးနေ့များ။

ကိုယ့်ကိုယ်ကိုယ် လူမှန်းသူမှန်းသိပြီး လူ့ဘဝအဓိပ္ပါယ်ကို ယုံကြည်မှုလည်း ရှိခဲ့ကြတဲ့ NLD အစိုးရလက်ထက်တုန်းက ကင်ဆာအမြစ်တွေ တွယ်နေတဲ့ သူ့အသည်းတစ်စိတ်တစ်ပိုင်းကို
စင်ကာပူ ထွက်ပြီး လှီးထုတ်ပစ်ခဲ့တယ်။ပြီးတော့ ဘယ်ကြာလိမ့်မလဲ။အခြေခံဥပဒေပြင်ဆင်ရေး ‘နွားသို့မေ တ္တာစာ’လို့ ခေါင်းစဉ်တပ်ကာ စစ်တပ်ကို ခပ်ပြင်းပြင်းဝေဖန်။ နှာနုဖြတ်ရိုက်ခံလိုက်ရတဲ့ စစ်တပ်မခံမရပ်နိုင်ဖြစ်ကာတရားစွဲဆို။အဲဒီကာလက အလွယ်တကူ တိမ်းရှောင်လို့ရပေမဲ့ အေးအေး
ဆေးဆေးပဲ ကိုမင်းထင် အဖမ်းခံခဲ့တယ်။

ပြီးတော့သူ့ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်ထားတဲ့ နွားသို့မေတ္တာစာကြောင့် လူလိုမတွေးနိုင်စွမ်း တဲ့ စစ်
တပ်ကလက်ထိပ်ခတ်မှန်းသိလျက် အဲဒီပိုစ့်ကိုလည်း ပြန်မဖျက်။တရားခွင်ထဲမှာလည်း အဲဒီ ပို့စ်ကို သူရေးသားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုကာ အကြောတင်းလှတဲ့ ကဗျာဆရာတစ်ဦးရဲ့ မာဂုဏ် ကို သက်သေထူခဲ့ တယ်။

အသည်းလှီးထုတ်ထားမှုအခြေအနေ စင်ကာပူဆေးရုံ ပြန်ပြဖို့ ရက်ချိန်းကရောက်လာပေမဲ့ ထောင်ထဲ ရောက်နေတော့လည်း ဘယ်ပြနိုင်မလဲ။၂၀၂၀မှာ ထောင်ကနေ ပြန်ထွက်လာတော့ စင် ကာပူထွက် ဆေးရုံပြန်ပြဖို့ ကြိုးစားခဲ့ပေမဲ့ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲက အပိတ်အဆို့ အထစ်အ ငေါ့တွေကြောင့် အဆင်မပြေ။

မိစ္ဆာတွေ ဂျိုကြွတဲ့ ၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီ၁ရက်ရောက်တော့ညသန်းခေါင် ၁၂နာရီကျော်က တည်း
ကကိုမင်းထင်ရဲ့အိမ်ကိုစစ်တပ်ကဝိုင်းလိုက်တယ်။မနက်လင်းအားကြီးအချိန်ရောက်တော့ အင်းစိန်
ထောင်သို့ ဒုတိယအကြိမ်မြောက် အလည်တစ်ခေါက်နဲ့ တတိယအကြိမ်မြောက်ဖမ်းဆီးခံရခြင်း။

၂၀၀၇ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဂျပန်သတင်းထောက်ကို စစ်တပ်က ပစ်သတ် တဲ့နေ့မှာပဲ ကိုမင်းထင်သည်လည်း ဗိုလ်ချုပ်ဈေးနားမှာ ၈ချက်ချုပ်ရတဲ့အထိ သေနတ်ဒင်နဲ့ ခေါင်း ရိုက်ခွဲခံရကာ အင်းစိန်မှာနေပြီး ဂျီတီအိုင်ကျောင်းဆင်းခဲ့သူတစ်ဦးကို အင်းစိန်ဂျီတီအိုင်ကျောင်းပို့ ယာယီ ဖမ်းချုပ်ခြင်းခံခဲ့ရဖူး။အဲဒါက ပထမဆုံးအကြိမ် စစ်တပ်ရဲ့ အကြမ်းဖက်မှု။

ဒုတိယအကြိမ်မြောက် အင်းစိန်ထောင်ရောက်တော့ ဆေးကုသခွင့်မရှိတဲ့ အသည်းကင်ဆာနဲ့ သောက်သောက်လဲ အသေကြမ်းခဲ့တဲ့ တတိယလှိုင်းကိုဗစ်နဲ့။မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်မှာ ကူ သူကယ်သူမဲ့ ဖြတ်သန်းခဲ့ရပေမဲ့ ဒင်းတို့ထောင်ထဲမှာ အသေမခံနိုင်တဲ့ ကိုမင်းထင် ၂၀၂၂ နိုဝင်
ဘာမှာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တယ်။

ဒါပေမဲ့၊ထောင်ကနေ ပြန်ထွက်လာပြီး မကြာခင် ဝရမ်းကပ်ခံရပြန်တော့ ရန်ကုန်မြို့မှာပဲ လှည့်ပတ် တိမ်းရှောင် သိုသိုသိပ်သိပ်။အသည်းကင်ဆာက လုံးဝကျွမ်းသွားပြီမို့ ဘဝဆိုတာ သိပ်မ ကြာတော့ပါဘူးဆိုတဲ့ အသိကိုလည်း နက်နက်ရှိုင်းရှိုင်း ပွေ့ဖက်ကာ အရွေ့တစ်ခုဟာ ညင်သာဖို့ ဆေးထိုး ဆေးသောက် ဆေးရုံသို့ အခေါက်ခေါက်။ ကျမယ်ဆို စိတ်ဓာတ်က မြေကြီးအောက် ၂မိုင်၊ ၃မိုင်မက ရောက်နိုင်ပေမဲ့
❤24👍8🤮1
မင်းထင်ကိုကိုကြီး ဆိုတာ သွေးကြီးတဲ့ကဗျာဆရာမို့ သေခြင်းတရားကို ခေါက်ကာ သူ့ဖေ့စ်ဘွတ်ခ်ပေါ်က‌နေ စစ် အာဏာရှင်ကို ဆက်စိန်ခေါ်တယ်။

သူ့ဆီ တရွေ့ရွေ့လှမ်းလာနေတဲ့ သေမင်းရဲ့ ခြေ
လှမ်းတွေကို မြင်နေရပေမဲ့ သူ့ကဗျာသူ ဆက် ရေးတယ်။နေရထိုင်ရ မဆိုးတဲ့ရက်တွေမှာ သူ့ရဲ့ပရော်ဖယ်ရှင်နယ် ဇာတ်ညွှန်းပညာ သင်ကြားရေးကို အွန်လိုင်းပေါ်ကနေ လုပ်တယ်။ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ကြည့်လိုက်၊ ရံဖန်ရံခါ သူ့ဘဝရဲ့ တစ်ခု တည်းသော ကြိုးတစ်မျှင် သမီးလေး မယ်မင်းထင်အကြောင်း တင်ဖြစ်တာကလွဲလို့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆိုတာချည်း။ မသေမချင်း စစ်အာဏာရှင်တွေကို တိုက်မယ်ဆိုတဲ့ သူ့ရည်မှန်းချက်၊ လှမ်းလာနေတဲ့ သေခြင်းတရားက သူ့ လက်သီးဆုပ်တွေကို ဖြည်ထုတ်လို့ မရခဲ့တာ ကျနော်တို့ တ လေးတစား ငေးခဲ့ရတယ်။

၂၀၂၅ နှစ်ကုန်တဲ့ရက် သူ့အကြောင်း သူ့စာမျက်
နှာပေါ် ရှားရှားပါးပါး တက်လာလို့ ဖတ်ကြည့် မိတယ်။ “ မနက်ဖြန်ဆို ၂၀၂၆ ဖြစ်ပြီ။ဒီနေ့ကတော့ ၂၀၂၅ ရဲ့ နောက်ဆုံးနေ့ပေါ့။ ၂၀၂၅ က ကျွန် တော့်အတွက် နည်းနည်း ထူးခြားခဲ့ပါတယ်။ ၂၀၁၈ မှာ အသည်းကင်ဆာ စဖြစ်တယ်။ တစ်ခါမှ လစ်ရတော့မယ်ထင်တယ်လို့ မခံစားခဲ့ရဘူး။ ဒါပေမဲ့ ၂၀၂၅ ထဲမှာတော့ လစ်ရတော့မယ်လို့ ခံစားခဲ့ရတယ်။ အသည်းလဲလည်း မထူးတော့ဘူးတို့၊ ကင်ဆာက ပျံ့နေပြီတို့၊ stage 4 ရောက်နေပြီတို့၊ ထပ်ခွဲရင် လည်း အသည်းပြန်ပြည့်ဖို့ မလွယ်တော့ဘူးတို့။ အမျိုးမျိုး အထွေထွေ။ငါတော့ လစ်ရတော့မယ်လို့ ထင်မိတယ်။ အဲဒီလိုနဲ့ပဲ ၂၀၂၅ ရဲ့ နောက်ဆုံးနေ့ကို ရောက်ခဲ့ပြီ။ ဒီနေ့ည ၁၂ နာရီကျော်ရင်တော့ ၂၀၂၆ထဲ ရောက်မယ်ပေါ့။သိပ်ကြီးတော့ မဆိုးလှပါဘူး”တဲ့။

အဲဒီလိုအများသူငါ အကြောက်ကြီးကြောက်ကြတဲ့ သေခြင်းတရားဆိုတာကြီးကိုသက်သောင့်သက်
သာရှိလှတဲ့ အရေးအသားနဲ့ ဖွဲ့နွဲ့ပြတော့ ကျနော်တို့ ရှေ့ဆောင် ကဗျာဆရာ မောင် ချောနွယ်ရဲ့ ကဗျာတစ်စကို သတိရ။ “သေခြင်းတရားဆိုတာ လေယာဉ်ပျံတစ်စင်းကနေ လေယာဉ် ပျံတစ်စင်း ပြောင်းစီးသလောက်ပါကွာ တဲ့…”။

၂၀၂၅တုန်းကပဲ အသည်းကင်ဆာနဲ့ ရွေ့သွားတဲ့ ဗိုလ်ကွန်(ကဗျာဆရာကွန်စစ်ကောင်း)ရဲ့ ပုံရိပ်တွေလည်း ကျနော့်အာရုံထဲ ပြေးဝင်လာခဲ့တယ်။ ဗိုလ်ကွန်ဆိုရင်လည်း အဆင်မပြေမှုတွေ ပတ် လည်ဝိုင်းနေပေမဲ့ တစ်ချက်မညည်းဘဲ အေးအေးဆေး
ဆေးသေပြသွားခဲ့တဲ့သူ။

ပြီးတော့ကျနော်တို့ရဲ့အစ်ကိုတော် ကဗျာဆရာလှသန်း။သေတော့မယ်ဆိုတာ အသေအချာ သိနေပေမဲ့ မထီမဲ့မြင် ခပ်ရင့်ရင့် သူ့စတိုင် နည်းနည်းလေးတောင် လျော့မသွား။ ‘သေရဲမှ လှသန်းကို ဖတ်’လို့ ခေါင်းစဉ်တပ်ကာ ကဗျာတစ်ပုဒ် ကျနော်ရေးဖြစ်ခဲ့တဲ့အထိ၊ ကျနော်တို့ သေရဲအောင် သေပြ သွားလေသလားလို့ အံ့အားသင့်ရတဲ့အထိ။

အခုကိုမင်းထင်ဆိုရင်လည်း သူ့နောက်ဆုံးအချိန်ထိ သေခြင်းတရားရှေ့ ဒူးမထောက်။ခံ စားခဲ့ရသမျှ ဝေဒနာအကြောင်း တစ်ချက်ညီးညူမပြဘဲ ဇွန်၂ရက်မှာ ခပ်ဆိတ်ဆိတ်နေတတ်တဲ့ သူ့ စတိုင်အတိုင်း တိတ်တိတ်ဆိတ်ဆိတ်ပဲ ထွက်ခွာသွားတယ်။

ရောက်အောင်လာကြတဲ့ သူ့မိတ်ဆွေ ကဗျာဆရာနည်းနည်းလေးနဲ့ပဲ ရေဝေးမှာ သူ့နောက် ဆုံးခရီးဟာ ပြီးမြောက်ခဲ့တယ်။ဆေးရုံကနေ ရောက်လာတဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်စက်ထဲ တန်းထည့်လိုက်တာမို့ သူ့အမှာ သူ့သေတမ်းစာကိုလည်း အမှတ်ရမိတယ်။

သေတမ်းစာ
=======================
သေတမ်းစာကို ပုလင်းထဲထည့်မျှောလိုက်ရတယ်
မင်းထင်ကိုကိုကြီးသေပြီ
အလောင်းကို ဓာတ်ပုံမရိုက်ရ
မလွတ်လပ်မချင်း သရဏဂုံမတင်ရ
အမျှမဝေရ
ဆုပ်ထားတဲ့ လက်သီးမဖြည်ရ
မငိုရ ။

မင်းထင်ကိုကိုကြီး ( ၁၇ အောက်တိုဘာ ၂၀၂၃ )

တစ်ချိန်မှာ နွေဦးတော်လှန်ရေးထဲက သွေးကြီးခဲ့တဲ့ ကဗျာဆရာတွေအကြောင်း ပြောကြရင် မင်းထင်ကိုကိုကြီး ကို အရေးတကြီးထည့်ပြောရမယ်လို့ ကျနော် ယုံကြည်တယ်။ ။
👍24❤9🤮1
❤28👍10🥰1🤮1
ဒေါ်အောင်ဆန်းစုကြည်(၈၁)နှစ်ပြည့် မွေးနေ့အ
ထိမ်းအမှတ် (၈.၁)မိုင် လမ်းလျှောက်လှုပ်ရှားမှု
ဗြိတိန်ရောက်မြန်မာတွေ ပြုလုပ်

ဇွန်-၇၊၂၀၂၆။သုည/People's Spring

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ့ဒီမိုကရေစီအရေး လိုလားသူတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်(၈၁)နှစ်မြောက်
မွေးနေ့အထိမ်းအမှတ်(၈.၁)မိုင်လမ်းလျှောက်လှုပ်
ရှားမှုအဖြစ် ဇွန်လ ၆ရက်က ပြုလုပ်ခဲ့ပါတယ်။

အဲဒီလမ်းလျှောက်လှုပ်ရှားမှုကို Stars of Myanmar Friendship အဖွဲ့ဝင်တွေကလုပ်ခဲ့တာ ဖြစ်ပြီး လန်ဒန်မြို့ရှိ သိမ်းမြစ်ကို ပတ်ကာ (၈.၁) မိုင်လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် "We Demand Proof of Life" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြပေးဖို့လည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
❤29👍3🥰1🤮1
ဓာတ်ပုံ - Stars of Myanmar Friendship
❤43👏7🤮2🥰1
စစ်တောင်မြစ်အရှေ့ဘက်ကမ်းမှာ တိုက်ပွဲဖြစ်နေ

■စစ်တပ်ကရွာတွေဗုံးကြဲ၊ပြည်သူ၁ဦး သေဆုံး

ဇွန် -၇၊၂၀၂၆။နော်/People's Spring

ပဲခူးတိုင်း၊စစ်တောင်မြစ်အရှေ့ဘက်ကမ်းမှာတိုက်
ပွဲဆက်ဖြစ်နေတယ်လို့ ရေတာရှည်မြို့နယ်အ
ခြေစိုက် PDF (၃၅၀၄)တပ်ရင်းက ဇွန်လ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်က သေဆုံးထိခိုက်သူများနေတာကြောင့် စစ်ရေးနဲ့သက်ဆိုင်မှုမရှိတဲ့ ကျေးရွာတွေကိုလေ
ကြောင်းကနေ ဗုံးကြဲနေတယ်လို့လည်း ဆိုပါတယ်။

ဇွန် ၆ ရက်ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက နဂျပ်ကျေးရွာကို စစ်တပ်က Y12 လေယာဥ်အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

"မြေပြင်မှာ တိုက်ပွဲတွေတော့တော်တော်များများဖြစ်နေတယ်။ဆွာရွာမ၊အုတ်မြေတူးကို လေယာဉ် လက်နက်ကြီး နဲ့တိုက်ခိုက်တာတွေကြောင့် အဲဒီနားက ရွာခြောက်ရွာ တွေလည်းစစ်ရှောင်နေရတယ်။အများစုကနီးစပ်ရာဆွာမြို့ကိုရှောင်ကြရတာပေါ့"
လို့ ရေတာရှည်မြို့နယ်သတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၂လုံးပျက်စီးခဲ့ပြီး ပြည်သူ ၁ဦး ဗုံးစထိမှန် သေဆုံးကာ နောက် ၁ဦးလည်း ဒဏ်ရာပြင်းထန်စွာရရှိတယ်လို့ သိရပါတယ်။

စစ်တပ်က ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ အတွက် လေ
ကြောင်းအန္တရာယ်အတွက်အထူးဂစိုက်ဖို့တော်လှန်
ရေးအဖွဲ့တွေက သတိပေး ထားပါတယ်။

အခုဇွန်လ ၃ ရက်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဆွာရွာမကြီးကျေးရွာမှာ အာဏာသိမ်းစစ်
တပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေ ၀င်ရောက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးသူများတဲ့အပြင် လက်နက်အများအပြားရရှိခဲ့တာကြောင့် စစ်တပ်က အရပ်သားပစ်မှတ်နေရာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်လို့ PDF (၃၅၀၄)တပ်ရင်း တာ၀န်ရှိသူက သုံးသပ်ပါတယ်။

ရေတာရှည်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအ
ချက်အလက်တွေအရ ပိတောက်ကုန်း၊ အုတ်မြေလူး၊ဆီဆိုင်၊ အေးရွာလေး၊ကျွန်းကုန်း၊ရေတာရှည်လေး၊ ရေငံ၊အင်းကြီးပေါက်၊ခင်တန်းရွာသစ်၊ကံလှ ဂွေးသဲ၊တောင်အင်းကုန်း၊ကြာအင်းကုန်းနဲ့ ကြိတ်ပုတီးကျေးရွာက ‌ဒေသခံတွေ ရွာလုံးကျွတ်စစ်ရှောင်နေရပါတယ်။
👍22❤8🔥4
ရေတာရှည်မြို့နယ်မှPDFတပ်ဖွဲ့ဝင် ​တွေ။
ဓာတ်ပုံ -တပ်ရင်း (၃၅၀၄) ရေတာရှည်မြို့နယ်
🥰31👍9❤5🔥2
လူထုအခွင့်အရေး၊ လူထုအကာအကွယ်ပေးရေး
ပိုအားကောင်းလာရေး ကြိုးပမ်းမယ်လို့ ကော်သူးလေတရားမျှတမှုဖိုရမ် ထုတ်ပြန်

ဇွန် ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

လူထုအခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ လူထုလုံခြုံ
ရေးကို အခြေခံပြီးလက်တွေ့ကျတဲ့ အကာအကွယ်
ပေးရေးနဲ့ တုံ့ပြန်ဆောင်ရွက်မှုများကို ပိုမိုအား
ကောင်းလာစေဖို့ ကြိုးပမ်းသွားမယ်လို့ ကော်သူးလေ တရားမျှတမှုဖိုရမ်က ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီဖိုရမ်ကို ဇွန်လ (၁) ရက်နေ့မှ ၃ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး ကရင်အမျိုးသားအစည်း အရုံး(KNU) ဗဟိုခေါင်းဆောင်များ၊ ခရိုင်ခေါင်း
ဆောင်များ၊ ဌာနဆိုင်ရာခေါင်းဆောင်များ၊ ဗဟိုကော်မတီခေါင်းဆောင်များ၊တော်လှန်ရေးကာလ ကော်သူးလေအတိုင်ပင်ခံကောင်စီလူမျိုးစုကိုယ်
စားလှယ်ခေါင်းဆောင်များ၊ တော်လှန်ရေး ကာလ ကော်သူးလေအုပ်ချုပ်ရေးကောင်စီကိုယ်စားလှယ်
ခေါင်းဆောင်များ၊ ကရင့်အမျိုးသား လွတ်မြောက်
ရေး တပ်မတော် ခေါင်းဆောင်များ၊ ဗဟိုနှင့် ခရိုင် ကရင့်အမျိုးသားရဲတပ်ဖွဲ့မှ ခေါင်းဆောင်များ၊ လူထုအခြေပြု ကရင့်အရပ်ဖက် အဖွဲ့ အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်း၊ လူငယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၇၇ ဦး တက်ရောက်ခဲ့တယ်လို့ အသိပေးထားပြီး အခုလိုဖိုရမ်ရဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။အရပ်ဘက်အဖွဲ့အစည်း​ပေါင်း ၁၇ ဖွဲ့တက်​ရောက်ခဲ့တာကိုလည်း​ဖော်ပြထားပါတယ်။

ဖိုရမ်ကို ကော်သူးလေ ဒေသအတွင်း တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးအားကောင်းလာစေဖို့ သက်ဆိုင် သူများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့နဲ့ လူထုအတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများ ဖော်ထုတ်နိုင်ဖို့ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့လည်း အသိပေးပါတယ်။

ဖိုရမ်အတွင်း ကော်သူးလေဒေသရှိ တရားမျှတမှု၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားရေးအခြေအနေများ၊ မြေယာအငြင်းပွားမှုများ၊ အွန်လိုင်းလိမ်
လည်မှုစင်တာများ၊ လုပ်ထုံးလုပ်နည်းမညီညွတ်သည့် သတ္တုတွင်းလုပ်ငန်းများ၏ သက် ရောက်မှုများ၊ လူထုလုံခြုံရေး၊ လူ့အခွင့်အရေးနှင့် လူထုအတွက် တရားမျှတမှုရရှိနိုင်ရေးဆိုင်ရာ အရေး
ကြီးသော အကြောင်းအရာများကို ပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆွေးနွေးမှုများမှ ကော်သူးလေအတွင်း လက်ရှိ ပဋိပက္ခ အခြေအနေများ၊ နေရပ်စွန့်ခွာတိမ်းရှောင်မှုများနဲ့ လုံခြုံရေးမတည်ငြိမ်မှုများကြားတွင် လူ
ထုများဟာ တရားမျှတမှုနဲ့ အခြေခံအခွင့်အရေးများရရှိရေးစိန်ခေါ်မှုများစွာကိုရင်ဆိုင်နေရကြောင်း တွေ့ရှိရတယ်လို့ဖော်ပြထားပါတယ်။

အခုဖိုရမ်ဟာ လူထုရဲ့ အသံ၊ အတွေ့အကြုံနဲ့ ပါဝင်မှုတွေဟာ တရားမျှတမှုနှင့်တရားဥပဒေစိုးမိုးရေး တည်ဆောက် ရေးအတွက် အရေးကြီးကြောင်း အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

ဖိုရမ်တွင် ပါဝင်တက်ရောက်သူများက အရေး
ကြီးတဲ့ ဘုံစိုးရိမ်ပူပန်မှုတွေနဲ့ ပူးတွဲ ကတိကဝတ်အဖြစ် လက်ခံခဲ့တဲ့ အချက်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

တရားမျှတမှုနဲ့တရားဥပဒေစိုးမိုးရေး အားကောင်း
စေဖို့ ကော်သူးလေဒေသအတွင်း လူထုအတွက် လက်လှမ်းမီပြီး တရားမျှတသော တရားရေးစနစ်တစ်ခု တည်ဆောက် နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။ တရားဥပဒေစိုးမိုးရေးကို အားကောင်းစေရန် တရားရေးရာ မူဝါဒများ၊ ဥပဒေများကို ထုတ်ပြန်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်
ရွက်ခြင်းများ အပါအဝင် လူထု အသိပညာပေး အစီအစဉ်များကို ပိုမိုမြှင့်တင်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ထို့အတူ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေး အားကောင်းလာစေရန်မှာလူထုပါဝင်မှုဟာ အရေး
ကြီးကြောင်း အသိ အမှတ်ပြုပြီး လူထုများပိုမိုပါဝင်လာစေဖို့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုအပေါ် အခြေခံ လုပ်ဆောင် သွားရန် လိုအပ်ကြောင်း သဘောတူတယ်လို့ ဖော်ပြပါတယ်။

လူထုအခွင့်အရေးနဲ့ လုံခြုံရေး ကာကွယ်စောင့်
ရှောက်ရေးနဲ့ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများ၊ လူမှုစီးပွားရေးအခက်အခဲများ၊ မြေ
ယာပြဿနာများ၊ အွန်လိုင်းလိမ်လည်မှု စင်တာများ၊ မူးယစ်ဆေးဝါးများနဲ့ လုပ်ထုံးလုပ်နည်းမညီညွတ်တဲ့ သတ္တုတွင်းလုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု၊ လူထုဘဝလုံ
ခြုံရေး၊အသက်မွေးဝမ်းကျောင်းမှုများအပါအဝင်
အမျိုးသမီးနဲ့ ကလေး သူငယ်များအပေါ် ထိခိုက်မှုများ ရှိနေကြောင်း အသိအမှတ်ပြုတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါကြောင့်လူထုအခွင့်အရေး၊လူ့ဂုဏ်သိက္ခာနဲ့ လူ
ထုလုံခြုံရေးကို အခြေခံ၍ လက်တွေ့ကျသော အကာအကွယ် ပေးရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းသွားမယ်လို့ အသိပေးပါတယ်။

“ကော်သူးလေ တရားမျှတမှုဖိုရမ်”သည်ဆွေးနွေးမှုတစ်ခုတည်းမဟုတ်ဘဲ၊ကော်သူးလေဒေသအ
တွင်း ပိုမို တရားမျှတ ပြီး လူထုယုံကြည်မှုရှိသော အနာဂတ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများရဲ့ အစပြုခြင်း တစ်ခုဖြစ်ပြီး ကော်သူးလေဒေသအတွင်း တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေး အားကောင်းလာစေရန် ပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်တိုးမြှင့်သွားဖို့ အတည်ပြုကြောင်းလည်းထုတ်ပြန်ပါတယ်။
❤25👍8🥰1🤮1
ကော်သူးလေတရားမျှတမှုဖိုရမ်ကျင်းပစဥ်။
ဓါတ်ပုံ-KNU
❤23👍5🤮1💩1
တောင်ဥက္ကလာပမှာအမျိုးသမီး၁ဦးဓာတ်လိုက်သေဆုံး

ဇွန်-၇၊၂၀၂၆။ရောင်နီ/People's Spring

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်
လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

"မနက်က တောင်ဥက္ကလာ မှာ စိတ်မကောင်းခြင်းများစွာနဲ့ သယ်ရတဲ့ Dead Body ။ဖြစ်စဉ်ကသေ
ဆုံးသွားတဲ့အန်တီက မနက်၇ နာရီဝန်းကျင် လမ်းလျှောက်ပီးအပြန် ဓာတ်လိုက်ပြီးဆုံးသွားတာ" လို့ အထက်ပါပရဟိတအသင်းက ရေးသားထားပါတယ်။

အဲဒီဖြစ်စဉ်က တောင်ဥက္ကလာပမြို့နယ် (၁၅)
ရပ်ကွက်မြင်သာ(၁)လမ်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ သားဖြစ်သူလည်း မိခင်ကို ကယ်ရင်းဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။

ဓာတ်လိုက်ခံရတဲ့ အမျိုးသမီးက အခင်းနေရာမှာ သေဆုံးသွားတာကြောင့် အသင်းရဲ့ လူနာတင်
ယာဉ်နဲ့ စံပြဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

ဒဏ်ရာရရှိသူကိုတော့ ဓမ္မစိန်ရောင်လူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

"မိုးတွင်းသတိပြုစရာထဲမှာ မိမိအိမ်ရောမိမိ ပတ်
ဝန်းကျင်မှာရော လျှပ်စစ် အန္တရာယ်ကိုသတိရှိကြဖို့ လိုအပ်ပါတယ်။" လို့ အဆိုပါအသင်းကသတိ
ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ မိုးရာသီ​ရောက်လာပြီဖြစ်ပြီး ယခုရက်ပိုင်းရန်ကုန်အပါအဝင်​ဒေသအများစုမှာ မိုး​ရွာသွန်းခဲ့ပါတယ် ။ ဓါတ်လိုက်​သေဆုံးမှု​တွေဟာမိုးရာသီမှာပိုအဖြစ်များပါတယ် ။
😭23❤7😱2😢1
ဓာတ်ပုံ - မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်း
😭22😢8❤3👍1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တောင်မြစ်အရှေ့ဘက်ကမ်းမှာ တိုက်ပွဲဖြစ်နေ

ပဲခူးတိုင်း၊စစ်တောင်မြစ်အရှေ့ဘက်ကမ်းမှာတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် PDF (၃၅၀၄)တပ်ရင်းက ဇွန်လ ၇ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်တပ်က သေဆုံးထိခိုက်သူများနေတာကြောင့် စစ်ရေးနဲ့သက်ဆိုင်မှုမရှိတဲ့ ကျေးရွာတွေကိုလေကြောင်းကနေ ဗုံးကြဲနေတယ်လို့လည်း ဆိုပါတယ်။ဇွန် ၆ ရက်ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက နဂျပ်ကျေးရွာကို စစ်တပ်က Y12 လေယာဥ်အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၂လုံးပျက်စီးခဲ့ပြီး ပြည်သူ ၁ဦး ဗုံးစထိမှန် သေဆုံးကာ နောက် ၁ဦးလည်း ဒဏ်ရာပြင်းထန်စွာရရှိတယ်လို့ သိရပါတယ်။

◾️မလှိုင် လေကြောင်းတိုက်ခိုက်မှု ကျောင်းသားငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံး

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ဇွန်လ ၅ ရက် ညနေ ၃နာရီခွဲခန့်က မလှိုင်မြို့နယ်​မြောက်ခြမ်းရှိ သရက်ကောင်းပင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၅ နှစ်အရွယ် ဦးရဲရွှေနဲ့ ၎င်းရဲ့သမီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် မလှလှဝင်း၊ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသား မောင်ဟိန်းထက်၊ အသက် ၁၀ နှစ်အရွယ် ၅ တန်းကျောင်း
သား မောင်ကျော်ဇင်နဲ့ အသက် ၁၃ နှစ်အရွယ် မောင်ရှိုင်းထက်တို့ သေဆုံးခဲ့ကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ အဆိုပါ သေဆုံးကလေးငယ် တွေနဲ့အတူ ကျောင်းကပြန်လာတဲ့ ကျောင်းသားကျောင်း
သူ ကလေးငယ် ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

◾️ရွှေလီမြို့က အထည်ချုပ်စက်ရုံမှာ မြန်မာလုပ်သားတွေ လုပ်အား​ခေါင်းပုံဖြတ်ခံရတဲ့အပြင်ညှဉ်းပန်းနှိပ်စက်ခံနေရ

တရုတ်နိုင်ငံ ရွှေလီမြို့က အထည်ချုပ်စက်ရုံတစ်ရုံမှာ မြန်မာအလုပ်သမားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရပြီး ထွက်ပြေးသူတွေကို ရိုက်နှက်ကာ စက်ရုံသူဌေးက ရဲတွေငွေပေးပြီး ဖမ်းဆီးထားတယ်လို့ သတင်းရပါတယ်။တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့က "Ruining Xinjiang Garment" စက်ရုံဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်
အားခေါင်းပုံဖြတ်ခံပြီးအဓမ္မခိုင်းစေတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ပြင်းထန်စွာ လုပ်ဆောင်နေတယ်လို့ အလုပ်သမားအခွင့်အရေးဆောင်ရွက်နေတဲ့ STUM အဖွဲ့အစည်းက ဒီကနေ့ ဇွန်လ ၇ရက်မှာ ထုတ်ပြန်ပါတယ်။အဲဒီစက်ရုံမှာ အလုပ်သမားတွေကို အချိန်ပို (OT)ကြေး အပြည့်
အဝမပေဘဲခိုင်းစေပြီး နားရက်မရှိ လုပ်ကိုင်ခိုင်းတာနဲ့စက်ရုံတွင်းကျန်းမာရေးစောင့်ရှောက်မှုအား
နည်းမှုတို့ကြောင့်အလုပ်သမားအများအပြားကျန်း
မာရေးထိခိုက်နေကြရတယ်လို့လည်း ဆိုပါတယ်။

◾️ထန်တလန်မြို့အနီးအရေးပါတဲ့တောင်ကုန်းနေရာ ချင်းတပ်ဖွဲ့ ဆုတ်ခွာရ

ချင်းပြည်နယ်၊ ဟားခါးမြို့ကနေ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ချင်းအမျိုးသားတပ်မတော်(CNA) ပါဝင်တဲ့ ချင်းပြည်ကောင်စီ တော်လှန်ရေးတပ်တွေနဲ့ ၂ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့သလို ချင်းတပ်ကလည်း မြို့အနီး တောင်ကုန်းနေရာကို ယာယီလက်လွှတ်ခဲ့ရဟု ချင်းသတင်းရင်းမြစ်က ပြောပါတယ်။ဟားခါးမြို့ကနေ အင်
အား ၂၅၀ လောက်ပါတဲ့ စစ်တပ်ဟာ ဟားခါးနဲ့ ထန်တလန်ကြားရှိ မူလ တပ်တွေနဲ့ပေါင်းပြီး ထန်တလန်မြို့ကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာလို့ မေလ ၅ရက်နဲ့ ၆ရက်တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ရက်တာ တိုက်ပွဲအတွင်း ချင်းတော်လှန်ရေးရဲဘော်တွေဘက်က ကျဆုံးမှုမရှိကြောင်း၊ လက်ရှိမှာ ချင်းအမျိုးသားတပ်မ
တော်(CNA)က စစ်အင်အားတွေထည့်ဖြည့်ထားလို့ တိုက်ပွဲတွေ ဆက်ရှိနိုင်ကြောင်း ပြောပါတယ်။လက်ရှိမှာ စစ်ကောင်စီတပ်တွေ မြို့တွင်းဝင်နိုင်ခြင်းမရှိသေးဟုလည်း ပြောပါတယ်။

◾️ရေတာရှည်မှာစိတ်ကျန်းမာရေးမကောင်းသူလက်နက်ကြီးထိမှန်

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်မှာစိတ်ကျန်းမာရေး
မကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်
ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။ မနေ့က ဇွန်လ ၆ရက်က ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နားကျပ်ရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ၎င်းကျေးရွာနေ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၄၇ နှစ်အရွယ် ဦးချစ်ဖွယ်ဆိုသူ ကျောရိုးထိခိုက်သွားကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။ ၎င်းလူနာရဲ့ လက်ရှိ ဆေးဖိုး၊ စားစရိတ်နဲ့ နေပြည်တော်အသွား
အပြန်လူနာတင်ကားစရိတ်တွေကို အသင်းက ကူညီပေးထားပြီး အောက်ပိုင်းမသေဖို့နဲ့ လက်ရှိထိခိုက်ဒဏ်ရာကုသနိုင်ဖို့ဆေးကုသစရိတ် အကူ
အညီလိုအပ်နေကြောင်း သိရပါတယ်။
❤8👍5🤮1
◾️မောင်တောကို ဂဏန်းသွားရောင်းတဲ့
စစ်ရှောင် ၅ဦး နှစ်လကျော်တိုင်ပျောက်​နေ

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တောမြို့နယ်ကို ဒေသထွက် ဂဏန်း၊ ပုဇွန်သွားရောင်းပြီးပြန်လာတဲ့ လူငယ် ၅ ဦးဟာ ပျောက်ဆုံးနေတာ နှစ်လကျော်ကြာပြီလို့ မိသားစုဝင်တွေက ပြောကြပါတယ်။ သူတို့ငါးဦဟာဖိုင်ဘာစက်လှေနှစ်စီးနဲ့ဂဏန်း၊ပုဇွန်တွေတင်ပြီး ၂၀၂၆ မတ်လ ၃၁ ရက်မှာ ပေါက်တောမြို့နယ် ငွေတွင်းဒွေကျေးရွာမှ မောင်တောမြို့ကို သွားခဲ့ပါတယ်။ ဧပြီ ၁ ရက်နေ့မှာ မောင်တောမြို့ကနေ ပြန်လာခဲ့ပြီး ရသေ့ တောင်မြို့နယ်အရောက်မှာ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီ ၁ ရက်က ရသေ့တောင်မြို့နယ် လောင်းချောင်းဆိပ်ကမ်းမှာ​နောက်ဆုံး အဆက်အသွယ်ရပြီး အဲ​နောက်​ပျောက်သွားတာမို့ အခုဆိုရင် မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတာ နှစ်လကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

◾️ဖားကန့်မှာ စစ်တပ်စစ်ကြောင်းကို KIA၊KPDF တိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီး
ကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ‌မနေ့က ဇွန်လ ၆ရက် ညနေမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။အဲဒီစစ်ကြောင်းက ဇွန်လ ၄ရက်မှာ မိုးကြိုးပစ်ခံခဲ့ရပြီး ငါးဦးသေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပေမယ့် လူထုနွေဦးက အတည်မပြုနိုင်ပါဘူး။ စစ်တပ်က အင်အားတွေဖြည့်တင်းနေတဲ့ ဖားကန့်ဒေသမှာ မေလလယ်ခန့်ကနေ ဇွန်လဆန်းပိုင်းအထိ ထိပ်
တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတာကနေ ယခုတကြိမ် ပြန်ဖြစ်တာပါ။

◾️KIA တပ်မဟာ(၉)နယ်မြေကို စစ်တပ် ဗုံးကြဲ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ
(၉)နယ်မြေ ဖားကန့်မြို့နယ် လိုင်ဆိုင်းဒေသကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။ဇွန်လ ၆ရက် မနက်က လေကြောင်းတိုက်ခိုက်မှု ၁ကြိမ်ပြုလုပ်ခဲ့သလို နေ့လည်ပိုင်းမှာ ၂ကြိမ် ပြုလုပ်ခဲ့ကြောင်း အသိပေးပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ပျက်စီးမှုရှိခဲ့ကြောင်း ဖော်ပြထားပေမယ့် ထိခိုက်ဒဏ်ရာရသူရှိမရှိ မသိရသေးဘူးလို့ ဆိုပါတယ်။လေကြောင်း တိုက်ခိုက်ရာမှာ ဗုံးကြဲတာအပြင် ရော့ကတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ အသိပေးထားပြီး နေအိမ် ၅လုံး ပျက်စီးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ အခု စစ်တပ် လေကြောင်းဗုံးကြဲခဲ့တဲ့ နယ်မြေဟာ KIA တပ်မဟာ(၉) တပ်ရင်း(၃၁) နယ်မြေဖြစ်ပါတယ်။ ကချင်ဒေသခံ သတင်းရင်းမြစ်တစ်ဦးကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ပျက်စီးမှု ရှိပေမယ့် လူအထိအခိုက်မရှိဘူးလို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

◾️ကျောမြို့ ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်
တပ်လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ၂ဦး ဒဏ်
ရာရ

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ဇွန် ၆ ရက်ကျောမြို့ရဲစခန်းအနီးကစစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တိုက်
ခိုက်မှုအတွင်း စစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် စစ်တပ်က ၆၀ မမ ၊ဒရုန်း အပါအ၀င် လက်နက်ငယ်တွေ နဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ကျောင်းသား ၁ ဦးနဲ့ ပြည်သူ ၁ဦး ခြေထောက် ထိမှန်ဒဏ်ရာရတယ်လို့ အသိပေးပါတယ်။ လက်ရှိစစ်ရေးအခြေအနေတွေကြောင့် ကျောမြို့က ပြည်သူတွေအနေနဲ့ စစ်တပ်၊ပျူစောထီးတွေ နေထိုင်ရာအနီး မသွားလို့ဖို့လည်း ကျောပကဖက တိုက်တွန်းထားပါတယ်။

◾️ရေဘေး ဆက်တိုက်ကြုံနေရတဲ့ ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီးဇွန်လ ၆ရက်ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။
ရွှေညောင်မြို့မှာ ဇွန်လ ၅ရက်နဲ့ ၆ ရက်က မိုးကြီးခဲ့ပြီး တာယောချောင်းရေလျှံတာကြောင့် ရေကြီး၊ရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။ ဒီနေ့ ဇွန်လ ၇ရက် မနက်ပိုင်းမှာ ရေပြန်ကျသွားပေမယ့် မိုးဆက်ရွာမယ့် သတိပေးချက်ကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ပြီးခဲ့တဲ့မေလကလည်း မိုးကြီးပြီး လူနဲ့ အိမ်‌မွေးတိရိစ္ဆာန်တွေထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုနဲ့ မိုးကြိုးထိမှန်တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

◾️နတ်မောက်မှာ အိမ်စီးကား ချောင်းအတွင်းမျောပါပြီး ကိုယ်ပိုင်ကျောင်းပိုင်ရှင် သေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အိမ်စီးကား ချောင်းဖြတ်ကူးစဉ် မျောပါလို့ ကားပေါ်လိုက်ပါလာတဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ကျောင်း
ဆရာတစ်ဦး သေဆုံးခဲ့ပါတယ်။ ဇွန်လ ၅ ရက်ည ၇ နာရီ ၄၅ မိနစ်ခန့်ကနတ်မောက်မြို့နယ်၊ တံခွန်
တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ရွာချောင်းအတွင်း အိမ်စီးကားတစ်စီး ဖြတ်ကူးစဉ် ရေစီးနဲ့အတူ မျောပါသွားခဲ့ကြောင်း၊ ကားပေါ်ပါ အမျိုးသား ၄ ဦးအနက် ၃ ဦး ကယ်ဆယ်နိုင်ခဲ့ပေမဲ့ အမျိုးသား ၁ဦးမှာ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
👍13❤1🤮1
■တောင်ဥက္ကလာပမှာအမျိုးသမီး၁ဦးဓာတ်လိုက်သေဆုံး

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်၊ (၁၅)ရပ်
ကွက်မြင်သာ(၁)လမ်းမှာ မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။
"မနက်က တောင်ဥက္ကလာ မှာ စိတ်မကောင်းခြင်းများစွာနဲ့ သယ်ရတဲ့ Dead Body ။ဖြစ်စဉ်ကသေ
ဆုံးသွားတဲ့အန်တီက မနက်၇ နာရီဝန်းကျင် လမ်းလျှောက်ပီးအပြန် ဓာတ်လိုက်ပြီးဆုံးသွားတာ" လို့ အထက်ပါပရဟိတအသင်းက ရေးသားထားပါတယ်။

အမျိုးသမီးရဲ့ သားဖြစ်သူလည်း မိခင်ကို ကယ်ရင်းဒဏ်ရာရှိခဲ့ပါတယ်။ဓာတ်လိုက်ခံရတဲ့ အမျိုးသမီးက အခင်းနေရာမှာ သေဆုံးသွားတာကြောင့် အသင်းရဲ့ လူနာတင်ယာဉ်နဲ့ စံပြဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရရှိသူကိုတော့ ဓမ္မစိန်ရောင်လူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

■ချင်းတောင်ပိုင်း စစ်မြေပြင်ကရဲဘော်တွေအတွက် ပြည်သူတွေရဲ့လှူဒါန်းပစ္စည်းတွေ ရှေ့
တန်းပို့ဆောင်

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။ချင်းတောင်ပိုင်းမှာ စစ်တပ် ထိုးစစ်ခုခံနေတဲ့ တော်လှန်ရေးတပ်ရဲဘော်တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ပြည်သူလူထုတွေ လှူဒါန်းတဲ့ အခြေအနေတွေကို ဆလိုင်းယောမာန်က လူမှုကွန်ရက်မှာ ရေးသားဖော်ပြရာမှာ အခုလို အသိပေးထားပါတယ်။
ချင်းတောင်ပိုင်းက ရဲဘော်တွေအတွက် ပြည်သူ
လူထု လှူဒါန်းခဲ့တဲ့ အလှူငွေ ကျပ်သိန်း ၂၀၀ ဝန်းကျင်နဲ့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူပြီး ရှေ့
တန်းကို ပို့ထားပြီးဖြစ်ကြောင်း ဆလိုင်းယောမာန်က မှတ်တမ်းဓာတ်ပုံ ဖော်ပြ ပါတယ်။Grade One ကျည်ကာ ဦးထုပ် ၁၀ လုံး၊ ဆေးအဖွဲ၊ ထောက်ပို၊ ရှေ့တန်း အတွက် အိုင်ကွန် - ၁၀၀ လုံး၊ အားဆေး၊ တူရွင်းပြား၊ ပေါက်ချွန်း၊ power banks၊ မီးစက်
စတာတွေ ပံ့ပိုးထားတာလို့သိရပါတယ်။

■ကောင်းတပ်ရွာပေါက်ကွဲမှု
ပြန်ထူထောင်ရေး KIO ကျပ်သိန်း ၅၀၀ လှူဒါန်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။
ထိခိုက်သူတွေအတွက် ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသအသီးသီးကနေ အလှူငွေပေးပို့နေတာတွေရှိပြီး KIO အစိုးရကလည်း ကျပ်သိန်း ၅၅ဝ ထောက်ပံ့တာလို့ ကောင်းတပ်ကျေးရွာပြန်လည်ထူထောင်ရေးကော်မတီကဇွန်လ ၇ရက်
မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၃၁ရက်က ကောင်းတပ်ရွာမှာ ယမ်းသို
လှောင်ရုံပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၃ဦးထက်မနည်းရှိခဲ့ပြီး ၁၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာအတွင်း နေအိမ်အဆောက်အအုံပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ကောင်းတပ်ရွာဘေးသင့်သူများ ပြန်လည် ထူထောင်ရေးအတွက် KIO ဗဟို ကော်မတီက ဇွန်လ ၆ရက်မှာ အလှူငွေ သွားရောက်လှူဒါန်းခဲ့တာပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ (၈၁)နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲ သြစတြေးလျရောက် မြန်မာတွေ ပြုလုပ်

သြစ​တြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ အသက် (၈၁) နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကိုဇွန်လ ၆
ရက်က ပြုလုပ်ခဲ့ပါတယ်။ယင်းဆုတောင်းပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်အဲရစ် (ခေါ်) ထိန်လင်း နဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းမော်
ကွန်းတို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။သြစတြေးလျရောက် မြန််မာတွေက မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာပြီး ကြုံတွေ့ရတဲ့ အချုပ်
အနှောင်တွေက လွတ်မြှောက်စေဖို့ မေတ္တာဖြန်ဝေ ဆုတောင်းခဲ့ကြပါတယ်။
👍21🤮1
❤26🔥1🥰1🤮1