မောင်တောကို ဂဏန်းသွားရောင်းတဲ့ စစ်ရှောင် ၅ဦး နှစ်လကျော်တိုင်ပျောက်နေ
ဇွန်-၇၊၂၀၂၆။ ခိုင်မြတ်/People's Spring
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တောမြို့နယ်ကို ဒေသထွက် ဂဏန်း၊ ပုဇွန်သွားရောင်းပြီးပြန်လာတဲ့ လူငယ် ၅ ဦးဟာ ပျောက်ဆုံးနေတာ နှစ်လကျော်ကြာပြီလို့ မိသားစုဝင်တွေက ပြောကြပါတယ်။
သူတို့ငါးဦဟာဖိုင်ဘာစက်လှေနှစ်စီးနဲ့ဂဏန်း၊ပုဇွန်တွေတင်ပြီး ၂၀၂၆ မတ်လ ၃၁ ရက်မှာ ပေါက်တောမြို့နယ် ငွေတွင်းဒွေကျေးရွာမှ မောင်တောမြို့ကို သွားခဲ့ပါတယ်။ ဧပြီ ၁ ရက်နေ့မှာ မောင်တောမြို့ကနေ ပြန်လာခဲ့ပြီး ရသေ့ တောင်မြို့နယ်အရောက်မှာ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
“ဂဏန်းသွင်းပြီးလို့ ရသေ့တောင်မြို့ လောင်းချောင်းဆိပ်ကမ်းကို ဆင်းလာတော့မယ်ဆိုတဲ့အကြောင်းကို မနက် ၁၁ နာရီလောက်မှာ အိမ်ကိုဖုန်းဆက်ပြောခဲ့တယ်။ ညနေ ၇ နာရီလောက်မှာ လောင်းချောင်းဆိပ်ကမ်းကို ရောက်နေပြီ၊ ရွာကို ပြန်လာတော့မယ်လို့ ဖုန်းဆက်ခဲ့တယ်။ အဲဒီအချိန်ကနေ အဆက်အသွယ်မရခဲ့တော့ဘူး”လို့ ပျောက်
ဆုံးနေ သူတွေထဲက တဦးဖြစ်တဲ့ ကိုနိုင်လင်းစိုးရဲ့ ဇနီးဖြစ်သူ မရွှေယဉ်ဝင်းက ပြောပါတယ်။
ဧပြီ ၁ ရက်က ရသေ့တောင်မြို့နယ် လောင်းချောင်းဆိပ်ကမ်းမှာနောက်ဆုံး အဆက်အသွယ်ရပြီး အဲနောက်ပျောက်သွားတာမို့ အခုဆိုရင် မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတာ နှစ်လကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အဲဒီလို အဆက်အသွယ်ပြတ်နေတာကြောင့် မိသားစုအနေနဲ့ အာရက္ခတပ်တော်(AA)လက်
အောက်ခံ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေဖြစ်တဲ့ သပြေကန်စခန်း၊ ပေါက်တောမြို့မစခန်း၊ ရသေ့တောင်မြို့မစခန်း၊ မင်းပြားခရိုင်၊ မြောက်ဦးခရိုင်ရဲဌာနတို့မှာ တိုင်ကြားခဲ့ပေမယ့် အခုထိ တစုံတရာအကြောင်းပြန်ကြားချက်မရဘူးလို့ ဆိုပါတယ်။
“ဘယ်လိုပျောက်သွားလဲ စဉ်းစားလို့လည်း မရဘူး။ ဘယ်က ဖမ်းလို့ ဖမ်းသွားမှန်းလဲမသိဘူး။ အဲဒီလို အစအန လည်း မရ၊ စုံစမ်းလို့လည်း လုံး၀ အစအနမရ။ အတိအကျလည်း မပြောနိုင်ဘူး ဘယ်ကဖမ်းသွားတယ်ဆိုတာကို။ အဲဒါကြောင့်မို့လို့ ကျွန်မတို့လည်း စောင့်နေတာပေ့ါ။လုံး၀ မသိရသေးဘူး။ ဖမ်းသွားတာကိုလည်း မသိရသေးဘူး။ ဘာမှ မသိရသေးဘူး အခု” လို့ မရွှေယဉ်ဝင်းက ပြောပါတယ်။
အခုပျောက်ဆုံးနေသူတွေဟာ ပေါက်တောမြို့ အမှတ်(၄)ရပ်ကွက်မှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ပေါက်တောမြို့ တွင်း တိုက်ပွဲကြောင့် နေအိမ်တွေ ပျက်စီး၊ စစ်ဘေးရှောင်ခဲ့ကြရကာ အရင်းအနှီးချေးငှားပြီး ပုဇွန်၊ ဂဏန်း ဝယ်၊ ရောင်းတဲ့ အလုပ်ကို ပေါင်းလုပ်နေကြသူတွေဖြစ်ပါတယ်။
“ကျွန်တော်တို့အပိုင်းက လူတွေ၊ ရိုးရိုးသားသားလုပ်စားနေကြတာ။ ငါးယောက်မှာ သုံးယောက်က မိသားစုတွေ၊ ညီ အစ်ကို၊ ယောက်ဖတွေပါ။ စိတ်မကောင်းဘူး။ဘယ်ကိုရောက်နေလဲမသိဘူး။ သ
တင်းတွေ သိရရင်ကောင်းမယ်” လို့ ပေါက်တောမြို့၊ အမှတ်(၄)ရပ်ကွက်မှ ပျောက်ဆုံးနေသူတွေရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။
အမျိုးသားဖြစ်သူနဲ့ နှစ်လကျော်ကြာ အဆက်
အသွယ်ပြတ်နေတဲ့ မရွှေယဉ်ဝင်းက ပျောက်ဆုံးနေသူတွေကို ရှာပေးဖို့ တောင်းဆိုပါတယ်။
“ကျွန်မတို့ ကိုယ့်လူတွေ ပျောက်သွားတဲ့လူတွေနဲ့ အဆက်အသွယ်တခု ရရင် ကျေနပ်ပါပြီ။ အဲဒီ လူတွေနဲ့ အဆက်အသွယ်ရဖို့တခုပဲ လိုလားတာပါ။ အဲဒါတခုရရင် ကျွန်မ ကျေနပ်ပါပြီ”လို့ ဆိုပါတယ်။
အခုပျောက်ဆုံးနေသူတွေဟာ ကိုနိုင်လင်းစိုး(၂၈နှစ်)၊ ကိုမောင်သန်းဌေး(၂၁ နှစ်)၊ ကိုမင်းထက်အောင်(၃၂ နှစ်)၊ ကိုခင်မောင်အေး(၄၂ နှစ်)နဲ့ ကိုမောင်ဘသိန်း(၃၃ နှစ်)တို့ ဖြစ်ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ခရီးသွားလူငယ်အချို့ကို အာရက္ခတပ်တော်(AA)က ဖမ်းဆီး၊ ထိန်းသိမ်းပြီး စစ်မှုထမ်းဥပဒေရ စစ်သင်တန်းပို့တာမျိုးတွေရှိတယ်လို့ ဒေသခံအချို့ကပြောပါတယ်။AA က
အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို၂၀၂၅ မေလမှာထုတ်ပြန်ပြီး စစ်မှုထမ်းဖိုြလူစာရင်းကောက် တာတွေ ရှိသလို ၊လူငယ်တွေကိုယ်တိုင် AA တပ်ဖွဲ့ဝင်အဖြစ်သွားရောက်စစ်မှုထမ်းတာတွေလည်းရှိပါတယ်။

🤬22❤6😱4🔥3👏1
■ရသစာတမ်းငယ်
“အမေတမ်းချင်း”
◼️မြရဲလွင် (ဝေးလွင့်ငှက်)
သမီးနဲ့ဇနီး လက်ကိုဆွဲပြီး အမေ့အိမ်တခါးကို ကျနော်ပြန်ခေါက်ခွင့် ရတဲ့အခါ အမေဟာ အပြုံးတွေနဲ့ ဆီးကြိုမယ်…
အမေရဲ့ အကျွမ်းကျင်ဆုံးဟင်းလျာဖြစ်တဲ့ ငပိချက်စပ်စပ်ကို ကျနော့်ရဲ့ ညာလက်ငါးချောင်းနဲ့ အားပါးတရ ထိုင်စားနေတဲ့အခါ အမေဟာ ကျနော့်ကို ပြုံးပြုံးကြီးကြည့်ရင်း စကားတွေ ဖောင်ဖွဲ့နေလိမ့်မယ်။
အတုယောင်မရှိတဲ့ အမေ့ရဲ့မေတ္တာနဲ့ ဟန်ဆောင်မှုကင်းစွာ ကျနော့်ရဲ့ပါးကို အမေနမ်းမယ်၊ နောက် ကျနော့်သမီးကိုအမေနမ်းမယ်။ အမေ့ရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်စတွေ ကျနော်တွေ့ရမယ်။
အဲ့ဒီအချိန်ဆို အမေ့လက်တွေဟာ တုန်ရင်ကောင်းတုန်ရင်နေမယ်၊ မျက်လုံးတွေ မွဲချင်မွဲနေလိမ့်မယ်။ နားတွေ ထိုင်းချင်ထိုင်းနေလိမ့်မယ်။
ဒါပေမယ့် ကျနော်ဟာ အမေ့ကို လွမ်းတဲ့စိတ်တွေရယ်၊ ဖြစ်ပျက်ခဲ့ရတဲ့ ဘဝအတွေ့ကြုံတွေရယ်ကို ပြန်ပြောပြမိနေလိမ့်မယ်။
ပီတိတွေနဲ့ နားထောင်နေမယ့် အမေ့ရဲ့မျက်နှာကို ကျနော် မြင်ယောင်မိပါတယ်။
ကျနော်ရှိနေတဲ့ မြို့ကလေး ဗုံးကြဲခံလိုက်ရပုံတွေ။ ဘဝမှာ ပေါက်ကွဲမှုကို ပထမဆုံး နီးနီးကပ်ကပ် ကြားလိုက်ရတဲ့အချိန် ဖြစ်ပေါ်လာတဲ့ ခံစားမှု၊ ခံစားချက်တွေ၊ နောက် …
ငိုချင်စိတ် ပေါက်ခဲ့ရပေမယ့် မငိုမိအောင် ထိန်းထားရင်း ဝမ်းနည်းကြောက်ရွံ့နေတဲ့ ကလေးလေးတွေ၊ ဆရာမတွေရဲ့ မျက်နှာကို သေချာ ငေးကြည့်နေမိပုံတွေ …
ကတုတ်ကျင်းထဲမှာ ကိုယ့်လူမျိုးကြဲတဲ့ ဗုံးမထိဖို့အရေး ဗုဒ္ဓဘာသာတိုင်း ရွတ်လေ့ရှိတဲ့ တရားစာတွေရွတ်သံ ကြားမိခဲ့တဲ့အခိုက်၊ ကြဲနေတဲ့သူတွေလည်း ဒါပဲရွတ်မယ် အကြဲခံနေရသူတွေလည်း ဒါပဲ ရွတ်နေကြရတယ် ဆိုတဲ့အကြောင်းတွေ …
တနှစ်အရွယ်သာရှိသေးတဲ့ အမေ့မြေးဟာ အသံ
ကျယ်ကျယ် ထွက်တတ်တဲ့ ကားသံ၊ ဆိုင်ကယ်သံတချို့ ကြားရင် တောင် သူ့အမေနဲ့နီးရင် သူ့အမေ့ဆီ၊ အဖေနဲ့နီးရင် အဖေ့ဆီ လေးဘက်ကလေး ပြေးလာပုံတွေ …
ကျနော် သုံးကြိမ်ထက်မနည်း ထိုင်ခဲ့ဖူးတဲ့ လက်ဘက်ရည်ဆိုင်ကအမျိုးသမီးလေးတဦးလေယာဥ်ပေါ်က ချတဲ့ဗုံးထိမှန်သေဆုံးသွားတဲ့အကြောင်း။ သူဟာ ဘဝကို အောက်ခြေက စခဲ့ရတဲ့သူလို့ ကျနော်ကြားမိတဲ့အကြောင်းနဲ့ ဝမ်းနည်းဖွယ်ကောင်းပုံတွေ။
ဗုံးကြဲနေစဥ် စိတ်လုံခြုံမှုတခုအဖြစ် ကလေးနဲ့ဇနီးကို လွတ်ရာ ခေါ်ထုတ်ပေးသွားခဲ့တဲ့ ဆရာမလေးတဦးအကြောင်း …
အဲဒီဆရာမလေးကပဲ စိတ်ဓာတ်ကျခဲ့တဲ့ ကျနော်တို့မိသားစုကို နွေးနွေးထွေးထွေးဆက်ဆံရင်း သူ့အိမ်မှာ ငြူစူမှုမရှိ ခိုလှုံခွင့် ပေးခဲ့ပုံတွေ …
ကျနော့်စကားတွေ နားထောင်ရင်း အမေ့မျက်ရည်တွေဟာ အမေ့ပါးပြင်ပေါ်မှာ တလိမ့်လိမ့်စီးကျလျက် … အဲဒီအချိန် …
တုန်ရင်နေတဲ့ အမေ့လက်ကို ကျနော်ဆွဲကိုင်ရင်း အမေ့ကို နွေးထွေးစွာ ဖက်မိမယ်ထင်ပါရဲ့ အမေ။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'မြရဲလွင် (ဝေးလွင့်ငှက်)' ရေးဖွဲ့တဲ့ "အမေတမ်းချင်း”ရသစာတမ်းငယ်ကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,248 followers · 295 talking about this. News & media website
🥰18❤12🤮1
■စကားပြေကဗျာ
“မြိုင်”
▪️ဘဘဝ
“ရမ်းစတိန်း အစည်းအဝေးက အဓိကပေးမယ့်သတင်းစကားကတော့ လက်နက်အကြီးစားတွေ ခေတ်ပိုမီတဲ့ လက်နက်တွေ ထောက်ပံ့ဖို့ပဲပေါ့၊ ဒီစစ်ပွဲဟာ ငါတို့ရဲ့ဂုဏ်သိက္ခာတန်ဖိုးအတွက် တိုက်နေတဲ့ပွဲတပွဲဖြစ်လို့ပဲ” လို့ Jens Stoltenberg ရဲ့ဒါဗို့စ်ဖိုရမ် ယူကရိန်းတပ်လှန့်သံက ငါ့ရွာထိ မြည် ဟီး လို့။
ငါ့နှလုံးရဲ့ညာဘက်ခြမ်းမှာ မြေပုံတပုံရှိတယ်။ အမြင့်ဘုံကို လမ်းညွှန်တယ်။ ဘယ်ဘက်အခြမ်းကတော့ လူ့ငရဲသို့သွားတဲ့ စာရင်းပဲ။ အညာအကြေက လရောင်ဟာ မြေပေါ် ပြန့်ကျဲ ကွဲကြေနေတဲ့ ဖန်ခွက်ထဲက နွားနို့အရောင်ပဲ၊ ဒီလရောင်ရဲ့ အေးမြမှုတွေ၊ လှပမှုတွေကို နွားနို့ကတဆင့် ငါ့ညာဘက် နှလုံးသည်းပွတ်မှာ သိုမှီးထားနေဆဲပဲ။ ဘယ်ဘက်အချမ်းရဲ့ လူ့ငရဲကျနေတဲ့ အပူလွင်ပြင်ဟာ ငါ့ရွာတနေရာက ပြာပုံထဲက အဖြူစတွေ ဝိဉာဉ်တွေပဲ။
သူတို့နိုင်ငံအလိုက် ဂုဏ်သိက္ခာအတွက် တိုက်တဲ့စစ်ပွဲတွေလို မြိုင်နဲ့ အညာအကြေတကြောမှာ စစ်ကျွန်စနစ်မှ လွတ်မြောက်ဖို့ဖြစ်တယ်။ လင်ကွန်းရဲ့ ဂက်တာဘီမေးခွန်းကို အညာသားတွေ နားမထောင်ဖူးဘူး။ ဒီမေးခွန်းထဲက လူမဲတွေ လွတ်လပ်ခွင့်ကို အညာသားတွေ အသဲထဲ အူထဲအထိ ခါးသက်မှုနဲ့အတူ ချစ်မြတ်နိုးတယ်။ လင်ကွန်းရဲ့ လူမဲတွေဟာ မြိုင်နဲ့ အညာအကြေက ငါ့ရွာသားတွေပဲ၊ ဂလိုဘယ်ရွာသားတွေ၊ လွတ်မြောက်လိုတဲ့ အမှတ်တံဆိပ် ကို အသဲထဲမှာချိတ်လို့။ ဂျူးလီယက်ဆီဆာ ပြဇာတ်ထဲက ဘရူးတတ်ဟာ ပျူတွေပေါ့။
ပျူတွေ၊ ပျူတွေကိုဖန်တီးတဲ့ အစိမ်းရောင်တွေ၊ သူတို့ မချစ်နိုင်ခြင်းဟာ ဒီ ဂတ်စ်ဘီထဲက လူမဲကျွန်ဘဝကို အဆုံးသတ်စေသလို အညာသားတွေရဲ့ ပြာပုံအတိပြီးရတဲ့ စစ်ကျွန်ဘဝကို အပြီးတိုင် သုတ်သင်လိုက်ဖို့။ အဓမ္မသူတွေရေးတဲ့သမိုင်းဟာ လျှပ်တပျက်၊ ထီးတရိပ်၊ မြိုင်တို့ကဗျည်းနဲ့သာ သမိုင်းကိုလှစေမှာ။ ဘရူးတတ်လို ပျူတွေကို ငါတို့မမုန်းသော်လည်း ငါ့ရဲ့နှလုံးဟာ နွားပုခုံးလိုနာလို့ မြေပုံထဲမှာ ထည့်ထားတယ်။ ငါတို့ မှားခဲ့သလား။
ကျွန်ဘဝနှင့် ကျွန်ဒဿနဟာ အတူတူဖြစ်တယ်လို့ အညာသားတယောက်ရဲ့ တော်လှန်ရေးဒိုင်ယာရီမှာ ရေးထိုးခဲ့သလို မိန်းမတယောက်ကို အိပ်ယာပေါ်တင်ဖို့ ဒိန်ခဲနဲ့ မျှားစရာ မလိုပါဖူးဆိုတဲ့ ဖေးမနစ်တွေ ဖိုဒိန်ခဲကို မယုံကြည်သလိုမျိုး။ အညာအကြေတော်လှန်ရေးဟာ လူမှုတော်လှန်ရေးဖြစ်သလို အလုံးစုံပြောင်းလဲရေးဖြစ်တယ်။ ဘာနှင့်မျှားမျှား တော်လှန်ရေးဓါးသွားက ချွန်ထက်ပြီးသား။
ဒါကြောင့်ငါ့ခေါင်းမှာ မြေပုံနှစ်ချပ် ရှိလာရတယ်။
တခုက ပြည်သူ သန်း ၅၀ ကျော် မတရားတာကို အသက်နဲ့လဲ၊ မဲတင်းထားသူတွေ။ ကျန်တချပ်က ဘာသာ သာသနာကနေ စစ်အာဏာဆိုတဲ့ မအလတွေဖြစ်တယ်။ ဘယ်ကမ္ဘာမှာ ကျေနိုင်မလဲ။ ကျေအေးရမလား၊ ဒီမေးခွန်းရဲ့ အလုံးစုံအဖြေဟာ တော်လှန်ရေးအောင်မြင်ဖို့ခရီးမှာ ဆုံးခန်းတိုင် မြေမြှုပ်ပစ်ရမည့် အမေးပဲ။ အဖြေက win-win မရှိဘူး။ ငါတို့ဖုန်းဆိုးမြေမှာ ငါတို့သွေးနဲ့ ငါတို့ ပြန်ဆေးကြောသန့်စင်မယ်။ နဂါးနဲ့ လင်းယုန်တို့ကြား အချစ်တပွဲ ထက် စစ်ပွဲတရာ နွှဲလိုက်ချင်တယ်ဆိုတဲ့ အညာအကြေက ရွာသားတွေ ကိုတွံတေးတွေလို ဟဲလို့။
ဒါဗို့စ်ကလည်း
ကြားလို့
ပျော်လို့
ဆော်လို့
ဆော်စို့၊
မြိုင်သို့။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ဘဘဝ' ရေးဖွဲ့တဲ့ "မြိုင်" စကားပြေကဗျာကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍27❤9🤮1
မလှိုင် လေကြောင်းတိုက်ခိုက်မှု ကျောင်းသားငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံး
■ဒဏ်ရာပြင်းထန်တဲ့ ကလေးငယ် ၅ ဦး
ထက်မနည်းရှိနေ
ဇွန်-၇၊ ၂၀၂၆။ ဟာနာဆန်/People's Spring
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါ
အဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့က
လေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဇွန်လ ၅ ရက် ညနေ ၃နာရီခွဲခန့်က မလှိုင်မြို့နယ်မြောက်ခြမ်းရှိ သရက်ကောင်းပင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၅ နှစ်အရွယ် ဦးရဲရွှေနဲ့ ၎င်းရဲ့သမီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် မလှလှဝင်း၊ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသား မောင်ဟိန်းထက်၊ အသက် ၁၀ နှစ်အရွယ် ၅ တန်းကျောင်းသား မောင်ကျော်ဇင်နဲ့ အသက် ၁၃ နှစ်အရွယ် မောင်ရှိုင်းထက်တို့ သေဆုံးခဲ့ကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ သေဆုံးကလေးငယ်တွေနဲ့အတူ ကျောင်းကပြန်လာတဲ့ ကျောင်းသားကျောင်းသူ ကလေးငယ် ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
"ကလေးတစ်ယောက်က လက်တစ်ဖက်ဆုံးရှုံးတယ်။ တစ်ယောက်က ခြေတစ်ဖက် နဲ့ စုစုပေါင်း ပြင်းထန်ဒါဏ်ရာရ ၅ဦးလို့သိရတယ်။ အဲဒီ၂ဦးတော့မန္တလေးဆေးရုံကြီး ပို့ကုတယ်ကြားတယ်"
လို့ လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်ဟာ သရက်ကောင်းပင်ကျေးရွာထဲကို ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာတွင်း ၃ လုံးပေါက်ကွဲကာ နေအိမ် ၆ လုံးခန့်ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဗုံးကြဲတိုက်ခိုက်မှူကြောင့် ကျန်ကျောင်းသားကလေးငယ်တွေ ကြောက်ရွံ့နေကြတယ်လို့ ဒေသ
ခံတွေက ပြောပါတယ်။
မလှိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းအားလုံးဟာ စစ်တပ်လက်အောက်ခံNON CDM ပညာ
ရေးဝန်ထမ်းတွေနဲ့ ဖွင့်လှစ်ထားတာဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့ နှောင့်ယှက်ခြင်းမရှိဘဲ ကျောင်းပညာကိုသာလွတ်လပ်စွာ ဦးစားပေးသင်ကြားကြဖို့ ဆရာ၊ဆရာမတွေကို မှာကြားထားတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
အာဏာသိမ်း ကာလအတွင်း မလှိုင်မြို့နယ်အ
တွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာ ၅ ရွာကို ၅ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ဖူးပြီး ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

🤬32🔥8❤6👎2😭2😡1
သရက်ကောင်းပင်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-လူထုသတင်းကွန်ယက်-မလှိုင်မြို့
😢25🤬16❤2🔥2👎1
ရွှေလီမြို့က အထည်ချုပ်စက်ရုံမှာ မြန်မာလုပ်
သားတွေ လုပ်အားခေါင်းပုံဖြတ်ခံရတဲ့အပြင်ညှဉ်းပန်းနှိပ်စက်ခံနေရ
■တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို
ဇွန် -၇၊၂၀၂၆။ဇော်၀င်း/People's Spring
တရုတ်နိုင်ငံ ရွှေလီမြို့က အထည်ချုပ်စက်ရုံတစ်ရုံမှာ မြန်မာအလုပ်သမားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရပြီး ထွက်ပြေးသူတွေကို ရိုက်နှက်ကာ စက်ရုံသူဌေးက ရဲတွေငွေပေးပြီး ဖမ်းဆီးထားတယ်လို့ သတင်းရပါတယ်။
တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့က "Ruining Xinjiang Garment" စက်ရုံဖြစ်ပြီး မြန်မာရွှေ့
ပြောင်းအလုပ်သမားတွေကို လုပ်အားခေါင်းပုံ
ဖြတ်ခံပြီးအဓမ္မခိုင်းစေတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ပြင်းထန်စွာ လုပ်ဆောင်နေတယ်လို့ အလုပ်သမားအခွင့်အရေးဆောင်ရွက်နေတဲ့ STUM အဖွဲ့အစည်းက ဒီကနေ့ ဇွန်လ ၇ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီစက်ရုံမှာ အလုပ်သမားတွေကို အချိန်ပို (OT) ကြေး အပြည့်အဝမပေဘဲခိုင်းစေပြီး နားရက်မရှိ လုပ်ကိုင်ခိုင်းတာနဲ့ စက်ရုံတွင်း ကျန်းမာရေးစောင့်
ရှောက်မှုအားနည်းမှုတို့ကြောင့် အလုပ်သမားအများအပြား ကျန်းမာရေးထိခိုက်နေကြရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မကြာသေးမီက စက်ရုံမှာ အလုပ်သမား မိန်းကလေးတစ်ဦး ကွယ်လွန်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီးရုပ်အလောင်းပြန်ရှာဖွေမရ
အောင် ဖုံးကွယ်ထားမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။
အလွန်အမင်း ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် အ
လုပ်သမား ၃ ဦးစက်ရုံကနေ ထွက်ပြေးဖို့ကြိုးပမ်းခဲ့ပေမယ့် တရုတ်သူဌေးနဲ့ လုံခြုံရေးတွေက ပြန်ဖမ်းမိပြီးတဲ့နောက် လမ်းဘေးမှာပဲ ခေါင်းကွဲတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်လို့လည်း STUMက ဖော်ပြထားပါတယ်။
ထွက်ပြေးသူတွေကို စက်ရုံရုံးခန်းမှာထပ်မံရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် အလုပ်သမားတစ်ဦး ပြင်းထန်ဒဏ်ရာတွေရရှိထားတယ်လို့ အသိပေးပါတယ်။
ဖြစ်စဉ်ကို ဖုံးကွယ်ဖို့အတွက် တရုတ်ရဲတွေကိုငွေပေးပြီး အမှုဖျောက်ဖို့ စက်ရုံဘက်က စီစဉ်နေတဲ့အပြင် မြန်မာအလုပ်သမား မိန်းကလေးနဲ့ အမျိုး
သား စုစုပေါင်း (၅၀) ဝန်းကျင်ဟာ ရွှေလီရဲစခန်းမှာ ချုပ်နှောင်ခံထားရတယ်လို့ သိရပါတယ်။
စက်ရုံတွင်းသတင်းရင်းမြစ်တွေကနေတဆင့် အ
တည်ပြုချက်နဲ့ နှိပ်စက်ခံထားရတဲ့ မြန်မာအလုပ်
သမား တွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေကို STUM က ဖော်ပြပါတယ်။ရိုက်နှက်ခံရပြီး ခေါင်းကွဲတာ ၊ကျောကုန်းမှာ အညိုအမည်းစွဲအောင်ရိုက်ခံရတာစတဲ့ ဒဏ်ရာတွေကို ဓါတ်ပုံတွေမှာတွေ့ရပါတယ်။
နစ်နာသူမြန်မာလုပ်သားတွေကို တိုက်ရိုက်ချိတ်
ဆက်နိုင်ဖို့ကိုလူထုနွေဦးကချိတ်ဆက်နေဆဲ
ဖြစ်ပါတယ်။
ဒါ့အပြင် မူဆယ်မြို့နယ်စပ်မှာ အလုပ်ရဖို့ စောင့်
ဆိုင်းနေကြရတဲ့ မြန်မာအလုပ်သမားတချို့လည်း စားဝတ်နေရေး ခက်ခဲကာ ရိက္ခာပြတ်လပ်လုနီးပါး အခြေအနေနဲ့ ရင်ဆိုင်နေရတာတွေရှိတယ်လို့ သိရပါတယ်။
"ရွှေလီမှာလစာကောင်းတယ်ဆိုပြီး ပြောတိုင်းမယုံကြနဲ့။သေချာစေ့စေ့စပ်စပ်လုပ်ပြီးမှလာကြပါ။ပွဲစားတွေ ပြောတိုင်းမယုံကြစေချင်ဘူး။အလုပ်ခေါ်စာ တိုက်ရိုက် နဲ့ကတော့ အကောင်းဆုံးပဲ"လို့ ရွှေလီမြို့ အထည်ချုပ်စက်ရုံတစ်ခုက မြန်မာလုပ်သားတစ်ဦးက တိုက်တွန်းပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာအ
လုပ်အကိုင်ရှားပါးမှုနဲ့ လုပ်အားခ နည်းပါးမှုအပြင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို ထွက်ခွာလုပ်ကိုင်နေကြပါတယ်။ အိမ်နီးခြင်း ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံ ရွှေလီမြို့မှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေကို မြန်မာလုပ်သားတွေ အများအပြား ရွှေ့ပြောင်းလုပ်ကိုင်နေကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၅နှစ်အတွင်း ပြည်
တွင်းအထည်ချုပ်ကဏ္ဍကနေ ထွက်ခွာသွားတဲ့ လုပ်ငန်း ၂၀၀ ကျော်ရှိခဲ့ပြီး လက်ရှိမှာ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံ ၆၀၈ ခုရှိပါတယ်။
အများစုက တရုတ်နိုင်ငံသားပိုင်စက်ရုံ တွေဖြစ်ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ နဲ့ လုပ်ခ လစာကြောင့် ဆန္ဒပြခံရမှုတွေ မကြာခဏရှိနေပါတယ်။

🤬31❤6🔥5👎3👍2🤮1😡1
(တရုတ်နိုင်ငံ ရွှေလီမြို့က အထည်ချုပ်စက်ရုံတစ်ရုံမှာ မြန်မာအလုပ်သမားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရတာနဲ့ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးဆောင်ရွက်နေတဲ့ STUM အဖွဲ့က ထုတ်ပြန်လာတဲ့ ရုပ်ပုံတွေ။ ဓာတ်ပုံ - STUM
🤬29👎5😡4🔥2🖕1