People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ရှမ်းတောင်မှာ တောင်ကျရေကြောင့် ရေကြီးမှု ဖြစ်နေစဉ်။ ဓာတ်ပုံ - CJ)
👎23❤5👍3🔥3😢3
ကျောမြို့ ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရ

ဇွန်-၇၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မနေ့က(ဇွန် ၆ ရက်)ကျောမြို့ရဲစခန်းအနီးက စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်တပ်က ၆၀ မမ ၊ဒရုန်း အပါအ၀င် လက်နက်ငယ်တွေ နဲ့ ပြန်လည်ပစ်ခတ်တာကြောင့်
ကျောင်းသား ၁ ဦးနဲ့ ပြည်သူ ၁ဦး ခြေထောက် ထိမှန်ဒဏ်ရာရတယ်လို့ အသိပေးပါတယ်။

"အဲဒီဂိတ်က ပျူစောထီးရော ရဲရော ၁၀ ယောက်လောက်ရှိတယ်။ထိတဲ့သူကတော့ သေနတ်မှန်တယ်ကြားတာပဲ"လို့ ကျောမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေတွေကြောင့် ကျောမြို့က ပြည်သူတွေအနေနဲ့ စစ်တပ်၊ပျူစောထီးတွေ နေထိုင်ရာအနီး မသွားလို့ဖို့လည်း ကျောပကဖက တိုက်တွန်းထားပါတယ်။

ကျောမြို့မှာ စစ်တပ်နဲ့ စစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးအင်အား ၁၂၀ဝန်းကျင် ရှိပါတယ်။

ကျောမြို့ရဲစခန်းနဲ့ ပုလဲမြို့နယ်နဲ့ ထိစပ်နေတဲ့ ကန်းဒေါင့်ကျေးရွာအနီးရှိတဲ့ အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၃)မှာ စစ်တပ်က အခိုင်မာတပ်စွဲထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောမြို့မှာရှိတဲ့ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နဲ့ ရေနံကျင်းကင်းစခန်းသိမ်းတိုက်ပွဲတွေ ရှိခဲ့ဖူးပါတယ်။


( ၂၀၂၄ ဩဂုတ် ၁၅ရက်မှာ ကျောမြို့ရှိ Well-1 ထုတ်လုပ်ရေးစခန်း နယ်မြေရဲစခန်းအား PDFများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Earthquake People Defence Force)
❤26👍9🔥2🥰1👏1🤬1
🥰22👍6🔥3❤2
KIA တပ်မဟာ(၉)နယ်မြေကို စစ်တပ် ဗုံးကြဲ

ဇွန်-၇၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉)နယ်မြေ ဖားကန့်မြို့နယ် လိုင်ဆိုင်းဒေသကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။

ဇွန်လ ၆ရက် မနက်က လေကြောင်းတိုက်ခိုက်မှု ၁ကြိမ်ပြုလုပ်ခဲ့သလို နေ့လည်ပိုင်းမှာ ၂ကြိမ် ပြုလုပ်ခဲ့ကြောင်း အသိပေးပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ပျက်စီးမှုရှိခဲ့ကြောင်း ဖော်ပြထားပေမယ့် ထိခိုက်ဒဏ်ရာရသူရှိမရှိ မသိရသေးဘူးလို့ ဆိုပါတယ်။လေကြောင်း တိုက်ခိုက်ရာမှာ ဗုံးကြဲတာအပြင် ရော့ကတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ အသိပေးထားပြီး နေအိမ် ၅လုံး ပျက်စီးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

အခု စစ်တပ် လေကြောင်းဗုံးကြဲခဲ့တဲ့ နယ်မြေဟာ KIA တပ်မဟာ(၉) တပ်ရင်း(၃၁) နယ်မြေဖြစ်ပါတယ်။

ကချင်ဒေသခံ သတင်းရင်းမြစ်တစ်ဦးကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ပျက်စီးမှု ရှိပေမယ့် လူအထိအခိုက်မရှိဘူးလို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ကချင်ပြည်နယ် ရွှေကူမြို့နယ်က တာစီရွာကို လေကြောင်းဗုံးကြဲခဲ့ပါတယ်။

တာစီရွာတိုက်နယ်ဆေးရုံနဲ့ KIO အုပ်ချုပ်ရေးရုံးနေရာတွေကို စစ်တပ်က ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ ၃ဦးသေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့ပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်ကို စစ်အင်အားအလုံးအရင်းဖြည့်တင်းတာ၊ အချို့ဒေသမှာထိုးစစ်ဆင်တာ ပြုလုပ်နေလို့ တိုက်ပွဲဖြစ်တာတွေရှိနေသလို လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေလည်းမကြာခဏ လုပ်ဆောင်လျက်ရှိပါတယ်။

စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် KIA ဘက်ကလည်း လမ်းပိုင်းအချို့ကို ယာယီပိတ်ထားမျိုးရှိပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဖားကန့်မြို့နယ် အပါအဝင် ကချင်ဒေသ က နေရာတွေကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်လျက်ရှိပါတယ်။


(KIA တပ်မဟာ(၉)နယ်မြေကို စစ်တပ် ဗုံးကြဲမှုကြောင့် နေအိမ်ပျက်စီးနေတာကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Naw Tu Awng)
🤬35❤5👎4🔥3👍1👏1😁1
🤬39🔥4👎1👏1😁1
ကောင်းတပ်ရွာ TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှု ပြန်ထူထောင်ရေး KIO ကျပ်သိန်း ၅၀၀ လှူဒါန်း

ဇွန် ၇၊ ၂၀၂၆။ ထားမြတ်၊​ဇော်ရမ်း/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။

ထိခိုက်သူတွေအတွက် ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသအသီးသီးကနေ အလှူငွေပေးပို့နေတာတွေရှိပြီး KIO အစိုးရကလည်း ကျပ်သိန်း ၅၅ဝ ထောက်ပံ့တာလို့ ကောင်းတပ်ကျေးရွာပြန်လည်ထူထောင်ရေးကော်မတီကဇွန်လ ၇ရက်
မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၃၁ရက်က ကောင်းတပ်ရွာမှာ ယမ်းသို
လှောင်ရုံပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၃ဦးထက်မနည်းရှိခဲ့ပြီး ၁၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာအတွင်း နေအိမ်အဆောက်အအုံပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ကောင်းတပ်ရွာဘေးသင့်သူ
များ ပြန်လည် ထူထောင်ရေးအတွက် KIO ဗဟို ကော်မတီက ဇွန်လ ၆ရက်မှာ အလှူငွေ သွား
ရောက်လှူဒါန်းခဲ့တာပါတယ်။

​ကောင်းတစ်ရွာပေါက်ကွဲမှုမှာ ဒေသခံပြည်သူ ၄၃ ဦး​သေဆုံးပြီး ၁၁၂ ဦး ဒဏ်ရာရတယ်လို့ TNLA ကထုတ်ပြန်ခဲ့ပေမယ့်တအာင်းပြည်ကောင်စီ
(TLC) က​တော့၅၅ ဦး သေဆုံးပြီး ၇၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒေသခံတွေကတော့ သေဆုံးသူ ၆၀ထက်မနည်းရှိပြီး ဆေးကုသမှုခံယူနေသူ ၇၀ခန့်ရှိတယ်လို့ ​ပြောပါတယ်။

ပေါက်ကွဲအား ပြင်းထန်တာကြောင့် အိမ်ခြေ ၂၀၀ ခန့် ထိခိုက်ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် အကူအညီတွေပေးကြဖို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေကတောင်းဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာရဲ့ပတ်ချာလည်က အိမ်တစ်ရာကျော် ပျက်စီးခဲ့ပြီး နောက်ထပ်တစ်ရာကျော်ခန့်က အနည်းငယ်ပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးကူညီလုပ်ဆောင်နေသူကပြောပါတယ်။

အိမ်ပျက်စီးလို့နေစရာမရှိတော့သူတွေကိုTNLA
က နေရာချထား‌ရေးဆောက်ရွက်နေပေမယ့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ရွာလုံးကျွတ်နီးပါး အိုးမဲ့၊အိမ်မဲ့ဖြစ်ရပြီး အဲဒီအတွက် ကူညီပေးနိုင်ဖို့ မြို့ခံတွေကလည်း ကြိုး
ပမ်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီး သက်ဆိုင်သူတွေကို အရေးယူသွားမယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။တအာင်းတပ်မတော်(PSLF/TNLA)ခေါင်းဆောင်ပိုင်းအနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ်အကြောင်းရင်းအမှန်ကိုအသေးစိတ်စုံစမ်းစစ်ဆေးပြီး ဖြစ်စဉ်အပေါ် တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိဖို့၊ တာဝန်ရှိသူ တွေကို ဥပဒေနဲ့အညီ အရေးယူဖို့၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံး ဆောင်ရွက်ပေးဖို့နဲ့ မည်သည့်ကိစ္စရပ်မျိုးကိုမဆို ပြုလုပ်ပါက ပြည်သူလူထု အန္တရာယ်
ကင်းရှင်း‌‌ရေးနဲ့ လုံခြုံရေးကိုအထူးဂရုပြုလုပ်
ဆောင်ဖို့တအာင်းပြည်ကောင်စီက တိုက်တွန်းထားပါတယ်။

KIO က​ကောင်းတစ်ရွာအတွက် အလှူ​ငွေ​ပေးတာနဲ့ပတ်သက်ပြီး သတင်းရင်းမြစ်တဦးက
"အခုလို KIO ဗဟိုကနေ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲ ဘေးသင့် ပြည်သူတွေရဲ့ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေတွေ လူသားချင်းစာနာ ထောက်
ထားမှု မေတ္တာစေတနာတွေ ပြသကူညီနိုင်တာဟာ နိုင်ငံရေးရင့်ကျင့်မှု အပိုင်းလည်းဖြစ်တယ် တဖက်က လူသားပီသခြင်းလည်းဖြစ်တယ်။ မဟာမိတ်အဖြစ်ဆက်လက်ရပ်တည်နေတယ်ဆိုတဲ့ သက်
သေလည်းဖြစ်တယ်”လို့ပြောပါတယ်။

KIAနဲ့ TNLA တို့ဟာ ၂၀၂၄နဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းတွေမှာ နယ်မြေဆိုင်ရာ အငြင်းပွားမှုကြောင့် ရှမ်းမြောက်ဒေသမှာ အောက်ခြေတပ်ဖွဲ့တွေအကြား ပြဿနာအချို့ရှိခဲ့ပေမယ့် ပြဿနာတွေကို ဆွေးနွေးဖြေရှင်းခဲ့ကြလို့ သေနတ်ပေါက်တာ တိုက်ပွဲဖြစ်တာတွေမရှိခဲ့ပါဘူး။

KIO/KIAနဲ့ PSLF/TNLAတို့ဟာ မဟာမိတ်စာချုပ်ချုပ်ဆိုထားတဲ့ အဖွဲ့အစည်းတွေလည်းဖြစ်ပြီး အခုနှစ်ထဲမှာ KIO ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ရဲ့ ရှမ်းမြောက်ခရီးစဉ်မှာ နမ့်ခမ်းမြို့ကိုလည်း ဝင်ရောက်ခဲ့ပါသေးတယ်။

KIAနဲ့ TNLA အကြား စစ်ရေးနိုင်ငံရေး ပူးပေါင်းမှုတွေ ပြန်လည်လုပ်ဆောင်နိုင်ပါက ရှမ်းမြောက်က ထိန်းချုပ်နယ်မြေတွေကို ဆက်လက် ခုခံကာကွယ်နိုင်မယ်လို့ မြင်ကြောင်း သတင်းရင်းမြစ်တဦးက သုံးသပ်ပါတယ်။

“နယ်မြေပိုင်းဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကြောင့် TNLAနဲ့ KIA အကြား မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စရပ်တွေ ဘယ်လောက်ပဲ ဖြစ်ပျက်ခဲ့ ဖြစ်ပျက်ခဲ့ KIAနဲ့ TNLAဟာ ထာ၀ရ မဟာမိတ်အနေနဲ့ အတူတကွ ရပ်တည်ကြဖို့ တိုက်တွန်းနေတာဖြစ်ပါတယ်။ TNLAနဲ့ KIAဟာ ထာ၀ရ မဟာမိတ်အဖြစ် အမြဲတမ်း ထာ၀ရ ဆက်လက်ရှိနေမယ်ဆိုတဲ့ ပူးတွဲထုတ်ပြန်ချက်တွေ ဆက်လက်ထုတ်ပြန်လာနိုင်ရင်တော့ အချို့သော လူမျိုးစုတွေအကြား ဒီလူမှုကွန်ရက်စာမျက်နှာတွေမှာ အမုန်းပွားစရာတွေ ရေးသားငြင်းခုန်နေတဲ့အရာတွေ လျော့ကျသွားနိုင်ခြေရှိပါတယ်။ပထဝီဝင် စစ်ရေး နိုင်ငံရေးအရရော ရှမ်းမြောက်ရဲ့ အနေအထားအရရော TNLAနဲ့ KIAဟာ ပေါင်းကို ပေါင်းမှ ဖြစ်မယ့်အနေအထားပါ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ဒေသခံ ပြည်သူလူထုတွေ ဘေးကင်းလုံခြုံရေးအတွက် စဉ်းစားပြီး တအာင်းနဲ့ ကချင်တပ်တွေ အကြား စစ်ရေး၊နိုင်ငံရေး မဟာမိတ်အဖြစ် ရပ်တည်နေဖို့ လိုကြောင်း ပြောပါတယ်။
❤39👍14🥰3😁2
ကောင်းတပ်ရွာ TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှု ပြန်ထူထောင်ရေးအတွက် KIO က ကျပ်သိန်း ၅၀၀ လှူဒါန်းနေစဉ်။ ဓာတ်ပုံ - ဒေသခံ
❤41👍11🥰4😁3
လူ့အခွင့်အရေးကိုအလေးထားကြတဲ့ အနောက်ဒီမိုကရေစီနိုင်ငံတွေမှာလည်း စောင့်ကြည့်နည်းပညာတွေရှိပေမဲ့ဥပဒေကြောင်းအရငြင်းခုံဆွေးနွေးမှုတွေရှိပါတယ်။တရုတ်မှာတော့ဘာငြင်းခုံမှုမှမရှိဘဲ ရဲတပ်ဖွဲ့နဲ့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက သူတို့လုပ်ချင်တာကို စိတ်ကြိုက်လုပ်နေကြတာပါ။

ဒီစနစ်အောက်မှာ သတင်းထောက်ပဲဖြစ်ဖြစ်၊ ကမ္ဘာလှည့်ခရီးသွားပဲဖြစ်ဖြစ် နောက်ဆုံးတော့ လူသားအားလုံးဟာ data dashboard ကြီးပေါ်က code တွေ၊ နံပါတ်တွေနဲ့ vector တွက်ချက်မှုတွေအဖြစ်ပဲ သူတို့ စိတ်ကြိုက် “ထိန်းချုပ်၊ ပုံဖော်၊ ဖိအားပေးလို့ရတဲ့ ဒေတာထုထည်ကြီး” အဖြစ် အထိန်းချုပ်ခံကြရပါတယ်။

ဒီအစီရင်ခံစာကို ဖတ်ပြီး “ဒါက တရုတ်နိုင်ငံမှာပဲ ဖြစ်တာပါ၊ ငါတို့နဲ့ မဆိုင်ပါဘူး” လို့ ပေါ့ပေါ့တန်တန် သဘောထားလို့ လုံးဝမရပါဘူး။ တရုတ်ရဲ့ စစ်ရေး၊ သံတမံရေး၊ နည်းပညာနဲ့ အဘက်ဘက်က ပံ့ပိုးမှုတွေကို မှီခိုနေရတဲ့ စစ်အာဏာရှင်လက်အောက်က မြန်မာနိုင်ငံကိုလည်း “လူတွေရဲ့လွတ်လပ်ခွင့်ကို ခြေချုပ်ချရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာအထိပါ လွှမ်းမိုးချုပ်ကိုင်ပြီး ကြိုတင်တွက်ချက်နိုင်မယ့် ဒီလိုဒစ်ဂျစ်တယ်အကျဉ်းထောင်ကြီး” ကအနှေးနဲ့အမြန် ရောက်လာမှာ သေချာပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ လုံခြုံရေးတွေနဲ့ပတ်သက်ရင် ဒီအနာဂတ် အိမ်မက်ဆိုးကြီးကို ကြိုတင်မျှော်တွေးပြီး အားလုံးက အထူးအကြီးအကျယ်သတိထားကြဖို့၊အသိတရား
နဲ့ သတိတရားကိုအမြဲလက်ကိုင်ထားကြဖို့လေးလေးနက်နက် တိုက်တွန်းပါရစေ။



https://www.ludunwayoo.com/opinion-mm/2026/05/27/158293/
👍37❤11👎2🤮2👀2🔥1🤬1
မောင်တောကို ဂဏန်းသွားရောင်းတဲ့ စစ်ရှောင် ၅ဦး နှစ်လကျော်တိုင်ပျောက်​နေ

ဇွန်-၇၊၂၀၂၆။ ခိုင်မြတ်/People's Spring

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တောမြို့နယ်ကို ဒေသထွက် ဂဏန်း၊ ပုဇွန်သွားရောင်းပြီးပြန်လာတဲ့ လူငယ် ၅ ဦးဟာ ပျောက်ဆုံးနေတာ နှစ်လကျော်ကြာပြီလို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သူတို့ငါးဦဟာဖိုင်ဘာစက်လှေနှစ်စီးနဲ့ဂဏန်း၊ပုဇွန်တွေတင်ပြီး ၂၀၂၆ မတ်လ ၃၁ ရက်မှာ ပေါက်တောမြို့နယ် ငွေတွင်းဒွေကျေးရွာမှ မောင်တောမြို့ကို သွားခဲ့ပါတယ်။ ဧပြီ ၁ ရက်နေ့မှာ မောင်တောမြို့ကနေ ပြန်လာခဲ့ပြီး ရသေ့ တောင်မြို့နယ်အရောက်မှာ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

“ဂဏန်းသွင်းပြီးလို့ ရသေ့တောင်မြို့ လောင်းချောင်းဆိပ်ကမ်းကို ဆင်းလာတော့မယ်ဆိုတဲ့အကြောင်းကို မနက် ၁၁ နာရီလောက်မှာ အိမ်ကိုဖုန်းဆက်ပြောခဲ့တယ်။ ညနေ ၇ နာရီလောက်မှာ လောင်းချောင်းဆိပ်ကမ်းကို ရောက်နေပြီ၊ ရွာကို ပြန်လာတော့မယ်လို့ ဖုန်းဆက်ခဲ့တယ်။ အဲဒီအချိန်ကနေ အဆက်အသွယ်မရခဲ့တော့ဘူး”လို့ ပျောက်
ဆုံးနေ သူတွေထဲက တဦးဖြစ်တဲ့ ကိုနိုင်လင်းစိုးရဲ့ ဇနီးဖြစ်သူ မရွှေယဉ်ဝင်းက ပြောပါတယ်။

ဧပြီ ၁ ရက်က ရသေ့တောင်မြို့နယ် လောင်းချောင်းဆိပ်ကမ်းမှာ​နောက်ဆုံး အဆက်အသွယ်ရပြီး အဲ​နောက်​ပျောက်သွားတာမို့ အခုဆိုရင် မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတာ နှစ်လကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အဲဒီလို အဆက်အသွယ်ပြတ်နေတာကြောင့် မိသားစုအနေနဲ့ အာရက္ခတပ်တော်(AA)လက်
အောက်ခံ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေဖြစ်တဲ့ သပြေကန်စခန်း၊ ပေါက်တောမြို့မစခန်း၊ ရသေ့တောင်မြို့မစခန်း၊ မင်းပြားခရိုင်၊ မြောက်ဦးခရိုင်ရဲဌာနတို့မှာ တိုင်ကြားခဲ့ပေမယ့် အခုထိ တစုံတရာအကြောင်းပြန်ကြားချက်မရဘူးလို့ ဆိုပါတယ်။

“ဘယ်လိုပျောက်သွားလဲ စဉ်းစားလို့လည်း မရဘူး။ ဘယ်က ဖမ်းလို့ ဖမ်းသွားမှန်းလဲမသိဘူး။ အဲဒီလို အစအန လည်း မရ၊ စုံစမ်းလို့လည်း လုံး၀ အစအနမရ။ အတိအကျလည်း မပြောနိုင်ဘူး ဘယ်ကဖမ်းသွားတယ်ဆိုတာကို။ အဲဒါကြောင့်မို့လို့ ကျွန်မတို့လည်း စောင့်နေတာပေ့ါ။လုံး၀ မသိရသေးဘူး။ ဖမ်းသွားတာကိုလည်း မသိရသေးဘူး။ ဘာမှ မသိရသေးဘူး အခု” လို့ မရွှေယဉ်ဝင်းက ပြောပါတယ်။

အခုပျောက်ဆုံးနေသူတွေဟာ ပေါက်တောမြို့ အမှတ်(၄)ရပ်ကွက်မှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ပေါက်တောမြို့ တွင်း တိုက်ပွဲကြောင့် နေအိမ်တွေ ပျက်စီး၊ စစ်ဘေးရှောင်ခဲ့ကြရကာ အရင်းအနှီးချေးငှားပြီး ပုဇွန်၊ ဂဏန်း ဝယ်၊ ရောင်းတဲ့ အလုပ်ကို ပေါင်းလုပ်နေကြသူတွေဖြစ်ပါတယ်။

“ကျွန်တော်တို့အပိုင်းက လူတွေ၊ ရိုးရိုးသားသားလုပ်စားနေကြတာ။ ငါးယောက်မှာ သုံးယောက်က မိသားစုတွေ၊ ညီ အစ်ကို၊ ယောက်ဖတွေပါ။ စိတ်မကောင်းဘူး။ဘယ်ကိုရောက်နေလဲမသိဘူး။ သ
တင်းတွေ သိရရင်ကောင်းမယ်” လို့ ပေါက်တောမြို့၊ အမှတ်(၄)ရပ်ကွက်မှ ပျောက်ဆုံးနေသူတွေရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။

အမျိုးသားဖြစ်သူနဲ့ နှစ်လကျော်ကြာ အဆက်
အသွယ်ပြတ်နေတဲ့ မရွှေယဉ်ဝင်းက ပျောက်ဆုံးနေသူတွေကို ရှာပေးဖို့ တောင်းဆိုပါတယ်။

“ကျွန်မတို့ ကိုယ့်လူတွေ ပျောက်သွားတဲ့လူတွေနဲ့ အဆက်အသွယ်တခု ရရင် ကျေနပ်ပါပြီ။ အဲဒီ လူတွေနဲ့ အဆက်အသွယ်ရဖို့တခုပဲ လိုလားတာပါ။ အဲဒါတခုရရင် ကျွန်မ ကျေနပ်ပါပြီ”လို့ ​ဆိုပါတယ်။

အခုပျောက်ဆုံးနေသူတွေဟာ ကိုနိုင်လင်းစိုး(၂၈နှစ်)၊ ကိုမောင်သန်းဌေး(၂၁ နှစ်)၊ ကိုမင်းထက်အောင်(၃၂ နှစ်)၊ ကိုခင်မောင်အေး(၄၂ နှစ်)နဲ့ ကိုမောင်ဘသိန်း(၃၃ နှစ်)တို့ ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ခရီးသွားလူငယ်​အချို့ကို အာရက္ခတပ်တော်(AA)က ဖမ်းဆီး၊ ထိန်းသိမ်းပြီး စစ်မှုထမ်းဥပဒေရ စစ်သင်တန်းပို့တာမျိုး​တွေရှိတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။AA က
အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို၂၀၂၅ ​မေလမှာထုတ်ပြန်ပြီး စစ်မှုထမ်းဖိုြလူစာရင်းကောက် တာတွေ ရှိသလို ၊လူငယ်​တွေကိုယ်တိုင် AA တပ်ဖွဲ့ဝင်အဖြစ်သွား​​ရောက်စစ်မှုထမ်းတာ​တွေလည်းရှိပါတယ်။
🤬22❤6😱4🔥3👏1
ပျောက်ဆုံး​နေတဲ့ အမျိုးသား ငါးဦး။
ဓါတ်ပုံ-Shwe Yin Win ​ဖေစ်ဘွခ်
😢33👍4❤1👎1🔥1
■ရသစာတမ်းငယ်

“အမေတမ်းချင်း”

◼️မြရဲလွင် (ဝေးလွင့်ငှက်)

သမီးနဲ့ဇနီး လက်ကိုဆွဲပြီး အမေ့အိမ်တခါးကို ကျနော်ပြန်ခေါက်ခွင့် ရတဲ့အခါ အမေဟာ အပြုံးတွေနဲ့ ဆီးကြိုမယ်…

အမေရဲ့ အကျွမ်းကျင်ဆုံးဟင်းလျာဖြစ်တဲ့ ငပိချက်စပ်စပ်ကို ကျနော့်ရဲ့ ညာလက်ငါးချောင်းနဲ့ အားပါးတရ ထိုင်စားနေတဲ့အခါ အမေဟာ ကျနော့်ကို ပြုံးပြုံးကြီးကြည့်ရင်း စကားတွေ ဖောင်ဖွဲ့နေလိမ့်မယ်။

အတုယောင်မရှိတဲ့ အမေ့ရဲ့မေတ္တာနဲ့ ဟန်ဆောင်မှုကင်းစွာ ကျနော့်ရဲ့ပါးကို အမေနမ်းမယ်၊ နောက် ကျနော့်သမီးကိုအမေနမ်းမယ်။ အမေ့ရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်စတွေ ကျနော်တွေ့ရမယ်။

အဲ့ဒီအချိန်ဆို အမေ့လက်တွေဟာ တုန်ရင်ကောင်းတုန်ရင်နေမယ်၊ မျက်လုံးတွေ မွဲချင်မွဲနေလိမ့်မယ်။ နားတွေ ထိုင်းချင်ထိုင်းနေလိမ့်မယ်။

ဒါပေမယ့် ကျနော်ဟာ အမေ့ကို လွမ်းတဲ့စိတ်​တွေရယ်၊ ဖြစ်ပျက်ခဲ့ရတဲ့ ဘဝအတွေ့ကြုံတွေရယ်ကို ပြန်ပြောပြမိနေလိမ့်မယ်။

ပီတိတွေနဲ့ နားထောင်နေမယ့် အမေ့ရဲ့မျက်နှာကို ကျနော် မြင်ယောင်မိပါတယ်။

ကျနော်ရှိနေတဲ့ မြို့ကလေး ဗုံးကြဲခံလိုက်ရပုံတွေ။ ဘဝမှာ ပေါက်ကွဲမှုကို ပထမဆုံး နီးနီးကပ်ကပ် ကြားလိုက်ရတဲ့အချိန် ဖြစ်ပေါ်လာတဲ့ ခံစားမှု၊ ခံစားချက်တွေ၊ နောက် …

ငိုချင်စိတ် ပေါက်ခဲ့ရပေမယ့် မငိုမိအောင် ထိန်းထားရင်း ဝမ်းနည်းကြောက်ရွံ့နေတဲ့ ကလေးလေးတွေ၊ ဆရာမတွေရဲ့ မျက်နှာကို သေချာ ငေးကြည့်နေမိပုံတွေ …

ကတုတ်ကျင်းထဲမှာ ​ကိုယ့်လူမျိုးကြဲတဲ့ ဗုံးမထိဖို့အရေး ဗုဒ္ဓဘာသာတိုင်း ရွတ်လေ့ရှိတဲ့ တရားစာတွေရွတ်သံ ကြားမိခဲ့တဲ့အခိုက်၊ ကြဲနေတဲ့သူတွေလည်း ဒါပဲရွတ်မယ် အကြဲခံနေရသူတွေလည်း ဒါပဲ ရွတ်နေကြရတယ် ဆိုတဲ့အကြောင်းတွေ …

တနှစ်အရွယ်သာရှိသေးတဲ့ အမေ့မြေးဟာ အသံ
ကျယ်ကျယ် ထွက်တတ်တဲ့ ကားသံ၊ ဆိုင်ကယ်သံတချို့ ကြားရင် တောင် သူ့အ​မေနဲ့နီးရင် သူ့အမေ့ဆီ၊ အဖေနဲ့နီးရင် အဖေ့ဆီ လေးဘက်ကလေး ပြေးလာပုံတွေ …

ကျနော် သုံးကြိမ်ထက်မနည်း ထိုင်ခဲ့ဖူးတဲ့ လက်ဘက်ရည်ဆိုင်ကအမျိုးသမီးလေးတဦးလေယာဥ်ပေါ်က ချတဲ့ဗုံးထိမှန်သေဆုံးသွားတဲ့အကြောင်း။ သူဟာ ဘဝကို အောက်ခြေက စခဲ့ရတဲ့သူလို့ ကျနော်ကြားမိတဲ့အကြောင်းနဲ့ ဝမ်းနည်းဖွယ်ကောင်းပုံတွေ။

ဗုံးကြဲနေစဥ် စိတ်လုံခြုံမှုတခုအဖြစ် ကလေးနဲ့ဇနီးကို လွတ်ရာ ခေါ်ထုတ်ပေးသွားခဲ့တဲ့ ဆရာမလေးတဦးအကြောင်း …

အဲဒီဆရာမလေးကပဲ စိတ်ဓာတ်ကျခဲ့တဲ့ ကျနော်တို့မိသားစုကို နွေးနွေးထွေးထွေးဆက်ဆံရင်း သူ့အိမ်မှာ ငြူစူမှုမရှိ ခိုလှုံခွင့် ပေးခဲ့ပုံတွေ …

ကျနော့်စကားတွေ နားထောင်ရင်း အမေ့မျက်ရည်တွေဟာ အမေ့ပါးပြင်ပေါ်မှာ တလိမ့်လိမ့်စီးကျလျက် … အဲဒီအချိန် …

တုန်ရင်နေတဲ့ အမေ့လက်ကို ကျနော်ဆွဲကိုင်ရင်း အမေ့ကို နွေးထွေးစွာ ဖက်မိမယ်ထင်ပါရဲ့ အမေ။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'မြရဲလွင် (ဝေးလွင့်ငှက်)' ရေးဖွဲ့တဲ့ "အမေတမ်းချင်း”ရသစာတမ်းငယ်ကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
🥰18❤12🤮1
❤28🥰1🤮1
■စကားပြေကဗျာ

“မြိုင်”

▪️ဘဘဝ

“ရမ်းစတိန်း အစည်းအဝေးက အဓိကပေးမယ့်သတင်းစကားကတော့ လက်နက်အကြီးစားတွေ ခေတ်ပိုမီတဲ့ လက်နက်တွေ ထောက်ပံ့ဖို့ပဲပေါ့၊ ဒီစစ်ပွဲဟာ ငါတို့ရဲ့ဂုဏ်သိက္ခာတန်ဖိုးအတွက် တိုက်နေတဲ့ပွဲတပွဲဖြစ်လို့ပဲ” လို့ Jens Stoltenberg ရဲ့ဒါဗို့စ်ဖိုရမ် ယူကရိန်းတပ်လှန့်သံက ငါ့ရွာထိ မြည် ဟီး လို့။

ငါ့နှလုံးရဲ့ညာဘက်ခြမ်းမှာ မြေပုံတပုံရှိတယ်။ အမြင့်ဘုံကို လမ်းညွှန်တယ်။ ဘယ်ဘက်အခြမ်းကတော့ လူ့ငရဲသို့သွားတဲ့ စာရင်းပဲ။ အညာအကြေက လရောင်ဟာ မြေပေါ် ပြန့်ကျဲ ကွဲကြေနေတဲ့ ဖန်ခွက်ထဲက နွားနို့အရောင်ပဲ၊ ဒီလရောင်ရဲ့ အေးမြမှုတွေ၊ လှပမှုတွေကို နွားနို့ကတဆင့် ငါ့ညာဘက် နှလုံးသည်းပွတ်မှာ သိုမှီးထားနေဆဲပဲ။ ဘယ်ဘက်အချမ်းရဲ့ လူ့ငရဲကျနေတဲ့ အပူလွင်ပြင်ဟာ ငါ့ရွာတနေရာက ပြာပုံထဲက အဖြူစတွေ ဝိဉာဉ်တွေပဲ။

သူတို့နိုင်ငံအလိုက် ဂုဏ်သိက္ခာအတွက် တိုက်တဲ့စစ်ပွဲတွေလို မြိုင်နဲ့ အညာအကြေတကြောမှာ စစ်ကျွန်စနစ်မှ လွတ်မြောက်ဖို့ဖြစ်တယ်။ လင်ကွန်းရဲ့ ဂက်တာဘီမေးခွန်းကို အညာသားတွေ နားမထောင်ဖူးဘူး။ ဒီမေးခွန်းထဲက လူမဲတွေ လွတ်လပ်ခွင့်ကို အညာသားတွေ အသဲထဲ အူထဲအထိ ခါးသက်မှုနဲ့အတူ ချစ်မြတ်နိုးတယ်။ လင်ကွန်းရဲ့ လူမဲတွေဟာ မြိုင်နဲ့ အညာအကြေက ငါ့ရွာသားတွေပဲ၊ ဂလိုဘယ်ရွာသားတွေ၊ လွတ်မြောက်လိုတဲ့ အမှတ်တံဆိပ် ကို အသဲထဲမှာချိတ်လို့။ ဂျူးလီယက်ဆီဆာ ပြဇာတ်ထဲက ဘရူးတတ်ဟာ ပျူတွေပေါ့။

ပျူတွေ၊ ပျူတွေကိုဖန်တီးတဲ့ အစိမ်းရောင်တွေ၊ သူတို့ မချစ်နိုင်ခြင်းဟာ ဒီ ဂတ်စ်ဘီထဲက လူမဲကျွန်ဘဝကို အဆုံးသတ်စေသလို အညာသားတွေရဲ့ ပြာပုံအတိပြီးရတဲ့ စစ်ကျွန်ဘဝကို အပြီးတိုင် သုတ်သင်လိုက်ဖို့။ အဓမ္မသူတွေရေးတဲ့သမိုင်းဟာ လျှပ်တပျက်၊ ထီးတရိပ်၊ မြိုင်တို့ကဗျည်းနဲ့သာ သမိုင်းကိုလှစေမှာ။ ဘရူးတတ်လို ပျူတွေကို ငါတို့မမုန်းသော်လည်း ငါ့ရဲ့နှလုံးဟာ နွားပုခုံးလိုနာလို့ မြေပုံထဲမှာ ထည့်ထားတယ်။ ငါတို့ မှားခဲ့သလား။

ကျွန်ဘဝနှင့် ကျွန်ဒဿနဟာ အတူတူဖြစ်တယ်လို့ အညာသားတယောက်ရဲ့ တော်လှန်ရေးဒိုင်ယာရီမှာ ရေးထိုးခဲ့သလို မိန်းမတယောက်ကို အိပ်ယာပေါ်တင်ဖို့ ဒိန်ခဲနဲ့ မျှားစရာ မလိုပါဖူးဆိုတဲ့ ဖေးမနစ်တွေ ဖိုဒိန်ခဲကို မယုံကြည်သလိုမျိုး။ အညာအကြေတော်လှန်ရေးဟာ လူမှုတော်လှန်ရေးဖြစ်သလို အလုံးစုံပြောင်းလဲရေးဖြစ်တယ်။ ဘာနှင့်မျှားမျှား တော်လှန်ရေးဓါးသွားက ချွန်ထက်ပြီးသား။

ဒါကြောင့်ငါ့ခေါင်းမှာ မြေပုံနှစ်ချပ် ရှိလာရတယ်။
တခုက ပြည်သူ သန်း ၅၀ ကျော် မတရားတာကို အသက်နဲ့လဲ၊ မဲတင်းထားသူတွေ။ ကျန်တချပ်က ဘာသာ သာသနာကနေ စစ်အာဏာဆိုတဲ့ မအလတွေဖြစ်တယ်။ ဘယ်ကမ္ဘာမှာ ကျေနိုင်မလဲ။ ကျေအေးရမလား၊ ဒီမေးခွန်းရဲ့ အလုံးစုံအဖြေဟာ တော်လှန်ရေးအောင်မြင်ဖို့ခရီးမှာ ဆုံးခန်းတိုင် မြေမြှုပ်ပစ်ရမည့် အမေးပဲ။ အဖြေက win-win မရှိဘူး။ ငါတို့ဖုန်းဆိုးမြေမှာ ငါတို့သွေးနဲ့ ငါတို့ ပြန်ဆေးကြောသန့်စင်မယ်။ နဂါးနဲ့ လင်းယုန်တို့ကြား အချစ်တပွဲ ထက် စစ်ပွဲတရာ နွှဲလိုက်ချင်တယ်ဆိုတဲ့ အညာအကြေက ရွာသားတွေ ကိုတွံတေးတွေလို ဟဲလို့။

ဒါဗို့စ်ကလည်း
ကြားလို့
ပျော်လို့
ဆော်လို့
ဆော်စို့၊
မြိုင်သို့။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ဘဘဝ' ရေးဖွဲ့တဲ့ "​​မြိုင်" စကား​ပြေကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍27❤9🤮1
❤21🤮1
မလှိုင် လေကြောင်းတိုက်ခိုက်မှု ကျောင်းသားငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံး

■ဒဏ်ရာပြင်းထန်တဲ့ ကလေးငယ် ၅ ဦး
ထက်မနည်းရှိ​​နေ

ဇွန်-၇၊ ၂၀၂၆။ ဟာနာဆန်/People's Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါ
အဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့က
လေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဇွန်လ ၅ ရက် ညနေ ၃နာရီခွဲခန့်က မလှိုင်မြို့နယ်​မြောက်ခြမ်းရှိ သရက်ကောင်းပင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၅ နှစ်အရွယ် ဦးရဲရွှေနဲ့ ၎င်းရဲ့သမီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် မလှလှဝင်း၊ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသား မောင်ဟိန်းထက်၊ အသက် ၁၀ နှစ်အရွယ် ၅ တန်းကျောင်းသား မောင်ကျော်ဇင်နဲ့ အသက် ၁၃ နှစ်အရွယ် မောင်ရှိုင်းထက်တို့ သေဆုံးခဲ့ကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ သေဆုံးကလေးငယ်တွေနဲ့အတူ ကျောင်းကပြန်လာတဲ့ ကျောင်းသားကျောင်းသူ ကလေးငယ် ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

"ကလေးတစ်ယောက်က လက်တစ်ဖက်ဆုံးရှုံးတယ်။ တစ်ယောက်က ခြေတစ်ဖက် နဲ့ စုစုပေါင်း ပြင်းထန်ဒါဏ်ရာရ ၅ဦးလို့သိရတယ်။ အဲဒီ၂ဦးတော့မန္တလေးဆေးရုံကြီး ပို့ကုတယ်ကြားတယ်"
လို့ လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ဟာ သရက်ကောင်းပင်ကျေးရွာထဲကို ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာတွင်း ၃ လုံးပေါက်ကွဲကာ နေအိမ် ၆ လုံးခန့်ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဗုံးကြဲတိုက်ခိုက်မှူကြောင့် ကျန်ကျောင်းသားကလေးငယ်တွေ ​ကြောက်ရွံ့နေကြတယ်လို့ ဒေသ
ခံတွေက ပြောပါတယ်။

မလှိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းအားလုံးဟာ စစ်တပ်လက်အောက်ခံNON CDM ပညာ
ရေးဝန်ထမ်းတွေနဲ့ ဖွင့်လှစ်ထားတာဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့ ​နှောင့်ယှက်ခြင်းမရှိဘဲ ကျောင်းပညာကိုသာလွတ်လပ်စွာ ဦးစားပေးသင်ကြားကြဖို့ ဆရာ၊ဆရာမတွေကို မှာကြားထားတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

အာဏာသိမ်း ကာလအတွင်း မလှိုင်မြို့နယ်အ
တွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာ ၅ ရွာကို ၅ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ဖူးပြီး ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
🤬32🔥8❤6👎2😭2😡1
သရက်ကောင်းပင်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-လူထုသတင်းကွန်ယက်-မလှိုင်မြို့
😢25🤬16❤2🔥2👎1