အချက်အလက်တွေအရလည်း အိန္ဒိယဟာ မြန်မာအာဏာသိမ်းစစ်အုပ်စုကို သတိကြီးကြီးနဲ့ ကြိုဆိုလက်ခံခဲ့တာ တွေ့ရတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကသုံးသပ်ပြောကြားပါတယ်။ မင်းအောင်လှိုင်ရဲ့ သမ္မတအမည်ခံ ပွဲဦးထွက် ၅ ရက်ကြာခရီးစဥ်မှာ အိန္ဒိယနဲ့ နားလည်မှုစာချွန်လွှာ(MoU)တစ်ခုမှ ရေးထိုးနိုင်ခဲ့ခြင်းမရှိသလို နှစ်နိုင်ငံသဘောတူညီချက်လည်း ဘာတစ်ခုမှ မရခဲ့ပါဘူး။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာလည်း နှစ်ဖက်လုံးက ဆွေးနွေးဆဲ နားလည်မှုစာချွန်လွှာတွေရဲ့အခြေအနေကို မှတ်သားထားရှိကြောင်းနဲ့ အဲဒီနားလည်မှုစာချွန်လွှာတွေ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့သာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ခံ အရပ်သားအစိုးရရဲ့ နိုင်ငံတော်သမ္မတတွေဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးဝင်းမြင့်တို့ရဲ့ နိုင်ငံတော်အဆင့်(State-Visit)တွေမှာ နားလည်မှုစာချွန်လွှာ MoU ၉ ခုနဲ့ သဘောတူညီချက် ၅ ခု စုစုပေါင်း ၁၄ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ အာဏာလုခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ခရီးစဥ်အတွင်း သူရောက်ရှိခဲ့တဲ့ နေရာတွေရဲ့ ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ရေးထိုးတာပဲလုပ်နိုင်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်ရဲ့ ခရီးစဥ်လမ်းကြောင်းအတိုင်း ဗုဒ္ဓဂါယာက ခရီးစဥ်စတင်ပြီး အုပ်ချုပ်ရေးမြို့တော် နယူးဒေလီဆီခရီးဆက်ပါတယ်။ ဒီနေရာမှာလည်း အရပ်သားအစိုးရလက်ထက် နိုင်ငံတော်သမ္မတတွေကို ဝန်ကြီးချုပ်မိုဒီနဲ့ သမ္မတတို့က လက်ခံကြိုဆိုတဲ့ ပုံစံနဲ့ မင်းအောင်လှိုင်ကို ကြိုဆိုပုံက ကွာခြားလွန်းပါတယ်။ အရပ်သားအစိုးရရဲ့ နိုင်ငံတော်သမ္မတတွေကို အိန္ဒိယ ကြည်း၊ရေ၊လေ တပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဂုဏ်ပြုတပ်ဖွဲ့က အဆောင်အယောင်အပြည့်နဲ့ သမ္မတအိမ်တော်ကွင်းပြင်ကျယ်မှာ တခမ်းတနားကြိုဆိုခဲ့ကြတာပါ။
မင်းအောင်လှိုင်ကိုတော့ အိန္ဒိယသမ္မတက သူ့ရဲ့ဧည့်ခန်းမဆောင်မှာပဲ လက်ခံတွေ့ဆုံခဲ့သလို ဝန်ကြီးချုပ်မိုဒီကလည်း သူ့ရဲ့ဝန်ကြီးချုပ်အိမ်တော်ကနေပဲ ကြိုဆိုခဲ့ပါတယ်။
https://www.ludunwayoo.com/feature-mm/2026/06/06/159188/

LuduNwayOo
MOU တစ်ခုမှမထိုးနိူင်တဲ့ အာဏာသိမ်းခေါင်းဆောင် အိန္ဒိယခရီးစဥ် | LuduNwayOo
မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။
🤣22💩11❤3🤮2👎1
ချင်းတောင်ပိုင်း စစ်မြေပြင်ကရဲဘော်တွေအတွက် ပြည်သူတွေရဲ့လှူဒါန်းပစ္စည်းတွေ ရှေ့တန်းပို့ဆောင်
တိုက်ပွဲ ဆက်ပြင်းထန်နေဟု ချင်းတပ် CPU အသိပေး
ဇွန်-၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။
ချင်းတောင်ပိုင်းမှာ စစ်တပ် ထိုးစစ်ခုခံနေတဲ့ တော်လှန်ရေးတပ်ရဲဘော်တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ပြည်သူလူထုတွေ လှူဒါန်းတဲ့ အခြေအနေတွေကို ဆလိုင်းယောမာန်က လူမှုကွန်ရက်မှာ ရေးသားဖော်ပြရာမှာ အခုလို အသိပေးထားပါတယ်။
ချင်းတောင်ပိုင်းက ရဲဘော်တွေအတွက် ပြည်သူလူထု လှူဒါန်းခဲ့တဲ့ အလှူငွေ ကျပ်သိန်း ၂၀၀ ဝန်းကျင်နဲ့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူပြီး ရှေ့တန်းကို ပို့ထားပြီးဖြစ်ကြောင်း ဆလိုင်းယောမာန်က မှတ်တမ်းဓာတ်ပုံ ဖော်ပြ ပါတယ်။
“အခုလို ယုံယုံကြည်ကြည်နဲ့ အားပေးလှူဒါန်းကြလိုလည်း အများကြီး ကျေးဇူးတင်ပါတယ်” လို့ ဆလိုင်းယောမာန်က ပြောကြားခဲ့ပြီး ဆက်လက် ပါဝင်ကူညီကြဖို့ တောင်းဆိုထားပါတယ်။
လက်ရှိမှာ Grade One ကျည်ကာ ဦးထုပ် ၁၀ လုံး၊ ဆေးအဖွဲ၊ ထောက်ပို၊ ရှေ့တန်း အတွက် အိုင်ကွန် - ၁၀၀ လုံး၊ အားဆေး၊ တူရွင်းပြား၊ ပေါက်ချွန်း၊ power banks၊ မီးစက်စတာတွေ ပံ့ပိုးထားတာလို့ ဆိုပါတယ်။
“နိုင်ငံတဝန်းက တိုက်ပွဲတွေထဲမှာ ဒီစစ်မျက်နှာဟာ စစ်ကော်မရှင်တပ်ကို ဟန့်တားရုံမက တပ်လန်သွားအောင်လုပ်နိုင်ဖို အခွင့်အရေးအများဆုံး စစ်မျက်နှာဖြစ်ပါတယ်။ အားလုံးဝိုင်းကူရင် ကျနော်တို ဖြစ်အောင်လုပ်နိုင်တယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မေလလယ်ကစပြီး ချင်းတောင်ပိုင်း ကန်ပက်လက်နဲ့ မင်းတပ်နယ်တွေကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လို့ တိုက်ပွဲတွေဖြစ်နေတာပါ။
စစ်တပ်က အင်အား ၂၀၀၀ ခန့် အသုံးပြု ထိုးစစ်ဆင်လာတာဖြစ်ပြီး ချင်းတော်လှန်ရေးရဲဘော်တွေရဲ့ ကာကွယ်ခုခံမှုကြောင့် စစ်တပ်ထိုးစစ် ရှေ့မတိုးနိုင်ဘဲ လေကြောင်း ပစ်ကူအများအပြား အသုံးပြုတိုက်ခိုက်နေကြောင်းလည်း ချင်းတပ်က အသိပေးထားပါတယ်။
ချင်းတပ် CPU/CPAဟာ ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ပြီး ၂၀၂၄မှာ မတူပီ၊ ကျင်ဒွေး၊ ကန်ပက်လက်၊ မင်းတပ်မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာပါ။ သိမ်းထားတဲ့မြို့တွေ စစ်လက်ထံ ပြန်မရောက်ရေး ပြည်သူတွေ ကျရာနေရာက တိုက်ပွဲဝင်ဖို့လည်း CPU/CPA ခေါင်းဆောင်တဦးဖြစ်တဲ့ ဆလိုင်းပီတာသန်းရွှေက နှိုးဆော်ထားပါတယ်။

❤33🥰8👍6🤣3👏1
(ချင်းတောင်ပိုင်း စစ်မြေပြင်ကရဲဘော်တွေအတွက် ပေးပို့တဲ့ ပစ္စည်းတွေ။ ဓာတ်ပုံ - Yaw Mang/FB)
🥰18🔥3🤣2❤1
နတ်မောက်မှာ အိမ်စီးကား ချောင်းအတွင်းမျောပါပြီး ကိုယ်ပိုင်ကျောင်းပိုင်ရှင် သေဆုံး
ဇွန်-၇၊ ၂၀၂၆။ဟာနာဆန်/People's Spring
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အိမ်စီးကား ချောင်းဖြတ်ကူးစဉ် မျောပါလို့ ကားပေါ်လိုက်ပါလာတဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ပါတယ်။
ဇွန်လ ၅ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာချောင်းအတွင်း အိမ်စီးကားတစ်စီး ဖြတ်ကူးစဉ် ရေစီးနဲ့အတူ မျောပါသွားခဲ့ကြောင်း၊ ကားပေါ်ပါ အမျိုးသား ၄ ဦးအနက် ၃ ဦး ကယ်ဆယ်နိုင်ခဲ့ပေမဲ့ အမျိုးသား ၁ဦးမှာ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
"မကွေးကအပြန် တံခွန်တိုင်ချောင်းရေကြီးတုန်း ရေစီးနဲ့အတူ ကားရောလူပါ မျောပါသွားတာ။
တံခွန်တိုင်ချောင်းရေ ကျရင် ဖြတ်လို့ မရဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ နတ်မောက်မြို့က ထွန်းတောက်ကြယ် ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ကျောင်းဆရာဦးဝင်းမော်ဖြစ်ပြီး ၎င်းရဲ့ရုပ်အလောင်းကို ၁နာရီကျော်အကြာမှာ ဆယ်ယူတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်း မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းပေါ်မှာ တောင်ကျချောင်းရေကြောင့် ကားတစ်စီးမျောပါပြီး လူ ၁၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

😢18😱14❤8👍3🤔1
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ (၈၁)နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲ သြစတြေးလျရောက် မြန်မာတွေ ပြုလုပ်
ဇွန်-၇၊၂၀၂၆။သုည/People's Spring
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ အသက် (၈၁) နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကို မနေ့(ဇွန်လ ၆)က ပြုလုပ်ခဲ့ပါတယ်။
ယင်းဆုတောင်းပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်အဲရစ် (ခေါ်) ထိန်လင်း နဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းတို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
သြစတြေးလျရောက် မြန််မာတွေက မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာပြီး ကြုံတွေ့ရတဲ့ အချုပ်အနှောင်တွေက လွတ်မြှောက်စေဖို့ မေတ္တာဖြန်ဝေ ဆုတောင်းခဲ့ကြပါတယ်။
"မေမေ့ကျန်းမာရေး၊ သုခချမ်းသာရှိဖို့နဲ့ လွတ်မြောက်ရေးတို့အတွက် မြန်မာ့ထုံးတမ်းယဉ်ကျေးမှုနဲ့အညီ ရက်ရောစွာလှုဒါန်းမှု၊ တောင်းဆုပြုမှုတွေနဲ့ ပြည့်ဝနေတဲ့ ညနေခင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အားလုံးရဲ့ ဆန္ဒပြင်းပြခိုင်မာမှုက ကျွန်တော့်ကို မျှော်လင့်ချက်နဲ့ ခွန်အားဖြစ်စေပါတယ်" လို့လည်း ကင် က လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။
ယင်းပွဲမှာ ရရှိတဲ့ သြစတေးလျ ဒေါ်လာ ၆သောင်း ကျော် (AUD 60,000) ကိုလည်း နိုင်ငံရေး အကျဉ်းသားများကို ကူညီထောက်ပံ့ဖို့နဲ့ မြန်မာနိုင်ငံရှိ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်သွားမယ်လို့ ကင် က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာတစ်ခုကနေ အခြားတစ်နေရာကို ပြောင်းရွှေ့ခြင်းဟာ လွတ်လပ်မှု မဟုတ်ကြောင်း၊ ဓားစာခံအဖြစ် ရှိနေသေးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ ကမ္ဘာလုံးဆိုင်ရာ Global Proof of Life Challenge ကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ကင်က ရေးသားဖော်ပြခဲ့ပါတယ်။
ဓာတ်ပုံ- Kim Aris

❤40👍6🥰6👏3😁2🤮2
ရေဘေး ဆက်တိုက်ကြုံနေရတဲ့ ရှမ်းတောင်
ဇွန်-၇၊၂၀၂၆။စိုင်းနော်/People's Spring
ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။
ရွှေညောင်မြို့မှာ ဇွန်လ ၅ရက်နဲ့ ၆ ရက်က မိုးကြီးခဲ့ပြီး တာယောချောင်းရေလျှံတာကြောင့် ရေကြီး၊ရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
" တောင်လေးလုံးဘက်မှာ အဆိုးဆုံးဖြစ်တာပဲ။ တောင်ကျရေတွေကချောင်းထဲကိုဝင်ပြီးချောင်းရေလျှံတာ။ လူအသေပျောက်သတင်းမကြားရပေမယ့် ထိခိုက်တာတော်တော်များတယ်" လို့ ရွှေညောင်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဇွန်လ ၇ရက် မနက်ပိုင်းမှာ ရေပြန်ကျသွားပေမယ့် မိုးဆက်ရွာမယ့် သတိပေးချက်ကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ပြီးခဲ့တဲ့မေလကလည်း မိုးကြီးပြီး လူနဲ့ အိမ်မွေးတိရိစ္ဆာန်တွေထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုနဲ့ မိုးကြိုးထိမှန်တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
မေလ ၁၂ရက်မှာ မိုးကြီးပြီး ပင်းတယမြို့မဈေးအနီးမှာ အုတ်တံတိုင်းပြိုကျခဲ့လို့ စျေးသည် ၁ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။မေလ ၁၃ရက်နေ့မှာတော့ တောင်ကြီးမြို့၊ တောင်ပြိုကျေးရွာမှာ မြေပြိုမှုထပ်ဖြစ်ခဲ့ပါတယ်။ မေလ ၂၁ရက်မှာ ဆီဆိုင်မြို့နယ်အတွင်း မိုးကြိုးပစ်လို့ နွား ၄၉ကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ယခုရက်ပိုင် မိုးရွာတဲ့အရှိန်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ယာစိုက်ခင်းအများအပြားလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းဟာ မိုးတွင်းကာလရောက်တိုင်း ရေဘေးနဲ့မြေပြိုမှုဘေးကို နှစ်စဉ်ရင်ဆိုင်နေရပါတယ်။ ၂၀၂၄ ခုနှစ် မိုးရာသီကာလက ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးပြီးရေဘေးနဲ့ မြေပြိုမှု ဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသလို ၂၀၂၅ မိုးရွာသီကလည်း ရေဘေးကြုံတွေ့ခဲ့ပါတယ်။
လက်ရှိ ဇွန်လဆန်းပိုင်းအတွင်း နေရာကွက်မိုးကြီးမှုကြောင့် ရန်ကုန်မြို့မှာလည်း ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သလို မန္တလေးတိုင်းထဲကမြို့နယ်အချို့မှာလည်း တောင်ကျရေကြောင့်ရေ ဘေးကြုံတွေ့ခဲ့ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ယခုရက်ပိုင်း လေဖိအားနည်းရပ်ဝန်းထပ်မံ ဖြစ်ပေါ်နေပါတယ်။လေဖိအားနည်း ရပ်ဝန်းအရှိန်နဲ့ အနောက်တောင်မုတ်သုန်လေအားကောင်းမှုကြောင့် မြန်မာနိုင်ငံဒေသအနှံ့မှာ မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲမွန်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

👍26❤5🔥3😭2😢1
(ရှမ်းတောင်မှာ တောင်ကျရေကြောင့် ရေကြီးမှု ဖြစ်နေစဉ်။ ဓာတ်ပုံ - CJ)
👎23❤5👍3🔥3😢3