◾️စစ်တပ်ထိုးစစ် တပ်လန်အောင်လုပ်ဖို့ အခွင့်အရေးအများဆုံးနေရာကို ချင်းညီနောင် ထုတ်ပြော
ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက် စစ်မြေပြင်ဟာ စစ်တပ်ရဲ့ ထိုးစစ် တပ်လန်အောင်လုပ်ဖို့ အခွင့်အရေးအများဆုံးဖြစ်ကြောင်း ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံတဝန်း ထိုးစစ်ဆင်မှု အခြေအနေတွေနဲ့ ချင်းတောင်ပိုင်း စစ်ရေး အခြေအနေတွေကို ဆလိုင်းယောမာန်က ဒီနေ့ ဇွန်လ ၆ရက်မှာကျင်းပတဲ့ ချင်းညီနောင်ရန်ပုံငွေ ရှာဖွေပွဲမှာ ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးတွေမှာ ပြည်သူ့စစ်မှုထမ်းတပ်သားသစ်တွေကို ထိုးကြွေးတာ၊ တော်လှန်ရေးတပ်တွေရဲ့ ကျည်ခဲယမ်း ပြုန်းတီးစေဖို့ လူလှိုင်းနဲ့ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်နေကြောင်း ဆလိုင်းယောမာန်က ပြောပါတယ်။ ချင်းတောင်ပိုင်းက ကန်ပက်လက်ထိုးစစ်မှာ စစ်တပ်ဟာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လို့ ရှေ့တိုးလာနိုင်ပေမယ့် တော်လှန်ရေးတပ်တွေက နေရာယူ တန်ပြန်ထိုးစစ်ဆင်ချိန်မှာ ရှေ့မတိုးနိုင်တော့ဘဲ လေယာဉ်ကို များစွာ အသုံးပြု တိုက်ခိုက်လာနေတယ်လို့ ရှင်းပြပါတယ်။ စစ်တပ်က လေယာဉ်သုံးရင် သူတို့ အကြပ်အတည်းကြုံနေရတာ မှန်းဆနိုင်ကြောင်းလည်း ဆလိုင်းယောမာန်က ပြောပါတယ်။
◾️အာဏာသိမ်းစစ်တပ်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး လော်ဘီလုပ်ပေးနေ
အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ဟာ မြန်မာအာဏာသိမ်းစစ်တပ်နဲ့ပတ်သက်လို့ သူတို့ရဲ့ချဥ်းကပ်မှုတွေကို ပြန်လည်သုံးသပ်ဖို့ ဆန္ဒရှိမှု မြင့်တက်လာနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က CNA သတင်းဌာနကို ပြောပါတယ်။ မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပခဲ့တဲ့ ထိပ်သီးညီလာခံမှာ အာဆီယံခေါင်းဆောင်တွေအကြား ဆွေးနွေးမှုတွေက အဲဒီအချက်ကို ညွှန်ပြနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စင်ကာပူအခြေစိုက် CNA သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။ စစ်တပ်လွှမ်းမိုးတဲ့လွှတ်တော်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သမ္မတတင်မြှောက်အပြီး နေပြည်တော်ကို ပထမဆုံးလာရောက်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံရဲ့အခြေအနေတွေ အတော်ကလေးပြောင်းလဲလာနေပြီလို့ ခံစားရကြောင်း ပြောပါတယ်။ အာဆီယံခေါင်းဆောင်တွေက မြန်မာကို အထီးကျန်နိုင်ငံမဖြစ်စေလိုဘူးလို့လည်း သူထင်မြင်ကြောင်း CNA ကို ပြောပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်ဟာ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့ ပြန်လည်ထိတွေ့မှုတွေကို အားပေးထောက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။ ဇွန်လ ၄ရက်မှာ ပြင်သစ်သမ္မတမက်ခရွန်ရဲ့အကြံပေးနဲ့ တွေ့ဆုံစဥ်မှာ တိုက်တွန်းခဲ့တာဖြစ်ပြီး အာဆီယံချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ရပ်ဟာ အနည်းငယ်တိုးတက်မှုရှိနေပြီလို့ ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်က ပြောပါတယ်။
◾️စစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုမှန်သမျှ သတိကြီးစွာချင့်ချိန်တွက်ဆဖို့ နိုင်ငံတကာကို ICG အကြံပြု
အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုမှန်သမျှကို သတိကြီးစွာချင့်ချိန်တွက်ဆသင့်ကြောင်း နိုင်ငံတကာအစိုးရတွေကို အပြည်ပြည်ဆိုင်ရာပဋိပက္ခလေ့လာရေးအဖွဲ့(ICG)က အကြံပြုထုတ်ပြန်လိုက်ပါတယ်။ ICG ဟာ ‘မြန်မာ့အုပ်ချုပ်ရေးယန္တရားအသစ် - အသွင်ကူးပြောင်းမှုမဟုတ်ဘဲ စစ်အာဏာကို ပိုမိုခိုင်မာအောင်တည်ဆောက်ခြင်း’ဆိုတဲ့ အစီရင်ခံစာကို ဇွန်လ ၃ရက်မှာထုတ်ပြန်လိုက်ပြီး နိုင်ငံကာအစိုးရတွေအနေနဲ့ မြန်မာ့အရေးကို ဦးစားပေးလုပ်ငန်းစဥ်တစ်ခုအဖြစ် သတ်မှတ်သင့်ကာ အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ထားရှိသင့်ကြောင်း တိုက်တွန်းထားပါတယ်။ စနစ်တကျကြိုတင်စီမံထားတဲ့ ရွေးကောက်ပွဲတွေကတဆင့် တက်လာတဲ့ အုပ်ချုပ်ရေးယန္တရားအသစ် မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတရာထူး ရယူထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အရပ်သားအုပ်ချုပ်မှုယန္တရားအဖြစ် ဟန်ပြမျက်နှာဖုံးတပ်ဆင်ထားပေမယ့် စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုဟာ မြဲမြံစွာတည်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ထောက်ခံမှုကြောင့် အာဏာသိမ်းစစ်တပ်ဟာ သံတမန်ရေးရာနဲ့ စစ်ရေးမျက်နှာစာနှစ်ခုလုံးမှာ အခြေအနေကောင်းများ ရရှိလာကြောင်းလည်း ဖော်ပြပါတယ်။ ဒါပေမဲ့ နေပြည်တော်စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားအသစ်ဟာ နိုင်ငံရေးအရ တရားဝင်မှုမရှိတဲ့အပြင် စီးပွားရေးကျဆင်းမှုတွေကြောင့် မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဟာ သက်ဆိုးရှည်နေဆဲဖြစ်တယ်လို့ ICG က အစီရင်ခံပါတယ်။
◾️မလှိုင်မှာ စစ်တပ်ဗုံးကြဲလို့ ကျောင်းသားငယ်တွေပါ သေဆုံး

👍11🔥3❤2🤮1
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းက ပြန်လာတဲ့ ကျောင်းသား၊ ကျောင်းသူ ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဇွန်လ ၅ ရက် မနေ့ ညနေ ၃ နာရီခွဲလောက်က မလှိုင်မြို့နယ်မြောက်ခြမ်းရှိ သရက်ကောင်းပင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်းက ပြန်လာတဲ့ မူလတန်းကျောင်းသားကျောင်းသူ ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရ မူလတန်းကျောင်းသားတွေထဲက ဒဏ်ရာပြင်းတဲ့ ကလေး ၃ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၅ ဦးအထိ ရှိလာကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ စစ်တပ်ဟာ သရက်ကောင်းပင်ကျေးရွာထဲကို ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာအတွင်း ၃ လုံးပေါက်ကွဲကာ လူနေအိမ် ၆ လုံးလောက် ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျန်ကျောင်းသားကလေးငယ်တွေ ကြောက်ရွံ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ပျူရွာနဲ့ တပ်စခန်းတိုက်ခိုက်သိမ်းပိုက်ခံနေရတဲ့ ပေါက်မြို့နယ်ကို စစ်တပ် ဗုံးကြဲနေ
ပျူစောထီးရွာနဲ့ စစ်တပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံနေရတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေလို့ ပြည်သူတွေထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့ ဇွန်လ ၆ ရက် မနက် ၉ နာရီခွဲခန့်က ပေါက်မြို့နယ်တောင်ပိုင်း၊ တဲတော်ယာကျေးရွာကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ၂ ဦးထိထားတယ်လို့ အကြမ်းဖျင်းသိရသေးတယ်လို့ ပေါက်တောင်ပိုင်းက တော်လှန်ရေးအဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။ တဲတော်ယာကျေးရွာအနီးမှာ စစ်တပ်လက်အောက်ခံ ပျူစောထီးရွာတွေဖြစ်တဲ့ ကိုင်းလယ်နဲ့ တပ်ကုန်းကျေးရွာ ရှိတယ်လို့ သိရပါတယ်။
◾️ရွှေကူမြို့တိုက်ပွဲတွေမှာ စစ်တပ် သေဆုံးသူများနေတယ်လို့ KPDF ပြော
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးသူများနေပြီး ရုပ်အလောင်းတွေကို မြေမြုပ်နေရတယ်လို့ ရွှေကူ KPDF တာ၀န်ရှိသူက ပြောပါတယ်။ ရွှေကူမြို့ရဲ့ အနောက်တောင်ဘက်ခြမ်းက ငအိုးရွာနဲ့ ရွှေကူမြို့ကြားမှာ နေ့စဉ်တိုက်ပွဲ ဖြစ်နေတာလို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက သူရဲ့ လူမှုကွန်ရက်ကတဆင့် ဒီနေ့ အသိပေးဖော်ပြပါတယ်။ စစ်ရေးအရအချက်အချာကျတဲ့ ရွှေကူမြို့အထွက်နဲ့ အဓိကလမ်းဆုံတွေ ပေါင်းစပ်ရာနေရာဖြစ်တဲ့ ငါးလမ်းဆုံ နေရာမှာ တိုက်ပွဲတွေ ဖြစ်နေတာလို့ ဒေသတွင်း သတင်းရင်းမြစ်က အသိပေးပါတယ်။ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသုံး ထိုးစစ်ဆင်နေတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးဘူးလို့တော့ သူက ပြောပါတယ်။
◾️ငါန်းဇွန်မှာ စစ်တပ်က အဘွားအို ၁ဦးကို ပစ်သတ်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီးပြီး အသက်(၈၀)ကျော်အဘွားအို ၁ဦးကို သတ်ဖြတ်ကာ ဖုန်းတွေသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၄ရက်က ပျူစောထီးနဲ့စစ်သား ပူးပေါင်းစစ်ကြောင်းဟာ မနက်ပိုင်းမှာ ငါန်းဇွန်မြို့နယ်က ထွက်လာပြီး မြို့တောင်ဘက်က ထွန်းသာကျေးရွာ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းကာ ဆေးကင်းရွာကနေ စစ်ဘေးရှောင်နေတဲ့ အသက်(၈၀) အရွယ် အဘွားအိုကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ ဆေးကင်းရွာက စစ်ဘေးရှောင်ပြည်သူ ၇၀ကျော်ရှိပြီး စစ်တပ်က ဝင်ရောက်စီးနင်းချိန်မှာ သံဃာတွေကိုပါ ဝမ်းလျားမှောက်ခိုင်းပြီး စစ်ရှောင်တွေရဲ့ ဖုန်းနဲ့ ဆိုင်ကယ်တွေ သိမ်းယူသွားတယ်လို့ သိရပါတယ်။ ဒီနေ့မှာလည်း ငါးဇွန်မြို့ရဲ့ အရှေ့ဘက်က ကျေးရွာတွေကို မနက်ပိုင်းကတည်းက ပျူနဲ့ စစ်သားတွေ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
◾️ချောင်းဦးမြို့နယ် စစ်တပ် ဗုံးကြဲလို့ ပြည်သူ ၁ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာကို စစ်တပ်က ဂျွိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၅ ရက် နေ့လယ်ပိုင်းက ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၄ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် ကိုဝင်းကျော်ဆိုသူ အမျိုးသားတစ်ဦးသေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဟာ ဇွန်လ ၄ ရက်ကလည်း ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။ ဇွန်လ ၃ ရက်ကလည်း ချောင်းဦးမြို့နယ်က ဆင်မြေရွာနဲ့ ငါးလုံးတင်ရွာကို ပါရာမိုတာ ၃စီး၊ ဂွိုင်ရိုကော်ပတာ ၃စီး စုစုပေါင်း ၆စီး ဟာ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ်တွေနဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
◾️SCEF သံတမန်ရေးရာ ရှင်းလင်းပွဲ နိုင်ငံ ၂၄ခုက ကိုယ်စားလှယ်တွေ တက်ရောက်

👍10🔥3❤1
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ သံတမန်ရေးရာရှင်းလင်းပွဲကို ဇွန်လ ၅ရက်က ကျင်းပခဲ့ရာ နိုင်ငံ ၂၄ခုက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းအချို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အသိပေးပါတယ်။ ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး တက်ရောက်တဲ့ နိုင်ငံတွေရဲ့ အမည်ကို အသေးစိတ် ဖော်ပြမထားပေမယ့် SCEF ကိုယ်စားလှယ်တွေက နိုင်ငံတဝန်း ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများ၊ ပေါင်းစည်းညီညွတ်မှု ရရှိရေးရဲ့ အရေးပါပုံနဲ့ ရေရှည်တည်တံ့သော ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်နိုင်မယ့် အခြေအနေများ ပေါ်ထွန်းလာရေး လုပ်ဆောင်နေမှုတွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ အခု ရှင်းလင်းပွဲဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံရေး မြှင့်တင်ဖို့၊ မြန်မာနိုင်ငံအတွက် အားလုံးပါဝင်သော၊ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ အနာဂတ်သို့ ဦးတည်နိုင်မယ့် လမ်းကြောင်းများပေါ်မှာ ဆက်လက်ဆွေးနွေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုတွေရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြတဲ့ သံတမန် ကိုယ်စားလှယ်များအားလုံးကို ကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်။
◾️အာရက္ခထီ စိတ်ဝင်စားမှုများပြီး ဝယ်ယူသူများပြား
အာရက္ခတပ်တော်(AA)က ရောင်းချနေတဲ့ ထီလက်မှတ်တွေကို ပထမဆုံးလမှာ စိတ်ဝင်တစားဝယ်ယူသူအများအပြားရှိနေပြီး ရခိုင်ပြည်တွင်းအပြင် ပြည်မနဲ့ ပြည်ပရောက်နေသူတွေပါ ဝယ်ယူကြတယ်လို့ ထီလက်မှတ်ရောင်းချသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။ ရခိုင်ပြည်နယ် မြို့နယ်၁၄ ခု၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေး ၊ တရားစီရင်ရေးနဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်နေတဲ့ AA ဟာ တလမှာ တကြိမ်ဖွင့်လှစ်မယ့် အာရက္ခလောင်ပေါ်(အာရက္ခထီ)ကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်မှာ စတင်ရောင်းချနေခဲ့တာပါ။ စရောင်းတဲ့နေ့မှာပဲ ဝယ်တဲ့သူတွေ အရမ်းများကြောင်းနဲ့ ပြည်ပက လူတွေပါ ဆက်သွယ်ပြီး ဝယ်ကြကြောင်း AA လက်အောက်ခံအခွန်ဌာန ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ တနေ့ကုန်ရောင်းတာမှာ ဝယ်တဲ့လူက မစဲဘူး၊ တော်တော် စိတ်ဝင်စားမှုရှိတယ်ပြောရမယ်လို့ သူက ဆက်ပြောပါတယ်။ AA က ရောင်းချတဲ့ထီမှာ ထီဆုတွေအနေနဲ့ ဂဏန်းခြောက်လုံးတူ ပထမဆု ကျပ်သိန်းငါးရာ၊ ဂဏန်းခြောက်လုံးတူ ဒုတိယဆု ကျပ်သိန်းသုံးရာ၊ ဂဏန်းခြောက်လုံးတူ တတိယဆု ကျပ်သိန်းတရာ နဲ့ ကျပ်သိန်း ငါးဆယ်တန် စတုတ္ထ ဆုခြောက်ဆု၊ ကျပ်ဆယ်သိန်းတန် ပဉ္စမဆု ဆယ်ဆု၊ ကျပ်ငါးသိန်းတန် ဆဌမဆု နှစ်ဆယ်ဆု၊ စုစုပေါင်း ဆု ၃၉ ဆု ပါဝင်ပါတယ်။ စုစုပေါင်းဆုကြေးငွေကျပ်သိန်း ၁,၄၀၀ ပါဝင်တဲ့ AA ရဲ့ ထီကို တစ်လမှာ တကြိမ်ဖွင့်လှစ်မှာဖြစ်ပြီး ပထမဆုံးလအတွက် ထီကို လာမယ့် ဇူလိုင် ၁ ရက်မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။

👍17❤3🔥2👏1
■ဆောင်းပါး
ရန်ကုန်က လူငယ်တွေ ဘယ်ရောက်သွားလဲ
ဟာနာဆန်/People's Spring
အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။
ပြီးခဲ့တဲ့ မေလ ၈ ရက် ည ၉ နာရီခွဲခန့်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနော်ရထာလမ်း၊ ၅၀ ရပ်ကွက်မှာ ထိတ်လန့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အိမ်ထဲမှာ မိသားစုနဲ့အတူ ထမင်းစားနေတဲ့ အ
သက် ၃၁ နှစ်အရွယ် လူငယ် ကိုကျော်ကျော်အောင်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှစိန် အပါအဝင် အဖွဲ့ဝင်တွေက အင်အားသုံး ဝင်ရောက်လာပြီး လက်ထိပ်ခတ် ဖမ်းဆီးသွားခဲ့တာပါ။
"စစ်မှုထမ်းထဲကို ထည့်မလို့ ခေါ်တာ။ နင်တို့ မေးစရာအကြောင်းမရှိဘူး" ဆိုပြီး အာဏာပြခဲ့တဲ့အ
ပြင် လိုက်လံတောင်းပန်တဲ့ မိခင်ဖြစ်သူကိုပါ ရိုက်နှက်ဖို့အထိ ခြိမ်းခြောက်ခဲ့တယ်လို့ မိခင်ဖြစ်သူက ဆရာတော်တစ်ပါးထံ ရင်ဖွင့်လျှောက်ထားစဉ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အလားတူပဲ မတ်လ ၁၆ ရက်နေ့က တာမွေမြို့နယ်မှာ ဆိုက္ကားနင်းပြီး ဝမ်းစာရှာနေတဲ့ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ဆိုင်ဆိုသူဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။
ပျောက်ဆုံးပြီး ၂ လခွဲအကြာ မေလ ၁၀ ရက်နေ့ကျမှ သူဟာ ရမည်းသင်းမြို့၊ အမှတ် (၃) စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း (ခွဲ-၁) မှာ ရောက်ရှိနေကြောင်း မိသားစုထံ ပြန်လည်ဆက်သွယ်လာခဲ့ပါတယ်။ အဲဒီနောက် မေလ ၃၁ ရက်မှာ ဇနီးဖြစ်သူ ဒေါ်ခင်စိုးရီက သင်တန်းကျောင်းအထိ လိုက်လံတွေ့ဆုံခဲ့ပါတယ်။
တွေ့တဲ့အခါအသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဦးမြင့်ဆိုင်ကို စစ်တပ်နဲ့ ပွဲစားတွေပူးပေါင်းပြီး မူလမှတ်ပုံတင် (၈/မထန(နိုင်)၀၈၄၄၃၁) အစား မှတ်ပုံတင်အသစ် (၈/ရနခ(နိုင်)၁၀၆၈၈၅) နဲ့ လဲလှယ်ကာ၊ အသက်ကိုလည်း ၃၅ နှစ်လို့ လိမ်လည် ပြောင်းလဲပြီး စစ်တပ်ထဲ လူစားထိုး ရောင်းစားထားတာကို တွေ့ရှိခဲ့ရတာပါ။လက်ရှိမှာတော့သားသမီးသုံးယောက်ရဲ့ ပညာရေးနဲ့ ကျန်းမာရေးမကောင်းတဲ့ ဇနီးသည်တို့အတွက် နှုတ်ထွက်ခွင့်ပြုဖို့ အသနားခံစာ တင်
ပြထားရပါတယ်။
ရန်ကုန်မြို့ပေါ်က လူပြန်ပေးဆွဲမှုတွေဟာ အ
ချိန်အခါမရွေး ဖြစ်ပွားနေတာဖြစ်ပြီး မေလ ၁၂ ရက် ညသန်းခေါင်ကျော်မှာလည်း ကြည့်မြင်တိုင်မြို့နယ်၊ နေအိမ်ရှေ့က ကားအနီးမှာ အိပ်ပျော်နေတဲ့ လူငယ်တစ်ဦးကို အိမ်စီးကားတစ်စီးနဲ့ လာတဲ့ အရပ်ဝတ်လူနှစ်ဦးက CCTV မှတ်တမ်းတွေအရ အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
မြို့ခံတစ်ဦးရဲ့ အဆိုအရ "ကြည့်မြင်တိုင် ကမ်းနားလမ်းနဲ့ ပန်းခြံတွေမှာ ရဲနဲ့ပေါင်းပြီး လူဖမ်းစား၊ ပြန်ပေးဆွဲနေတဲ့ အဖွဲ့တွေရှိတယ်။ ကျွန်တော့်ညီတုန်းက ၃ သိန်းခွဲနဲ့ လိုက်ရွေးခဲ့ရတယ်" လို့ သိရပါတယ်။
ဒါ့အပြင် မေလ ၂၄ ရက် ည ၁ နာရီခန့်ကလည်း ရွှေပြည်သာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်က ဂိုဒေါင်တစ်ခုရှေ့မှာ အိပ်ပျော်နေတဲ့ ကောင်လေးတစ်ဦးကို အိမ်စီးကားတစ်စီးနဲ့ လူနှစ်ဦး လာရောက် ဖမ်းဆီးသွားခဲ့ပြန်ပါတယ်။
"လူကို လူကလာဆွဲပြီး တပ်ထဲမှာ စစ်မှုထမ်းရမယ့်သူတွေနဲ့ လဲလှယ်ဖို့ ပြန်ရောင်းစားနေတာ။လူပွဲစားတွေ၊ လူကုန်သည်တွေကရန်ကုန်မှာ အသည်းအ
သန်ကို လှုပ်ရှားနေကြတာ"လို့မိသားစုဝင် ပျောက်
ဆုံးနေတဲ့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အဓိက ပစ်မှတ်ထားခံရသူတွေကတော့ ညဘက် အချိန်ပိုဆင်းပြီး ပြန်လာတတ်တဲ့ စက်မှုဇုန်လုပ်
သား လူငယ်တွေ ဖြစ်ပါတယ်။ ဒဂုံမြို့သစ်ဘက်က စစ်တပ်ထောက်ခံသူ အမျိုးသားတစ်ဦးဟာ မေလ တတိယပတ် ည ၈ နာရီလောက်မှာ ဆိုင်ကယ်မောင်းလာရင်း ပေါ်တာဆွဲမယ့်အဖွဲ့နဲ့ ထိပ်
တိုက်တိုးခဲ့ပါသေးတယ်။ သူကတော့ စစ်ကြောင်းမှူးတွေနဲ့ သိကျွမ်းတဲ့ အသိုင်းအဝိုင်းမို့ အော်ဟစ်ပြောဆိုပြီး လွတ်မြောက်ခဲ့ပါတယ်။
"စက်မှုဇုန်က ကလေးတွေ ညဘက် အလုပ်ဆင်းပြီးအိမ်ပြန်မရောက်လာလို့စုံစမ်းပေးဖို့ အကြောင်း
ကြားလာတာတင် ၅ ယောက်လောက် ရှိပြီ။ ရွာသာကြီးစက်မှုဇုန်လမ်းနဲ့ အင်းဝလမ်းတွေမှာ အဓိက လှုပ်ရှားနေတာ" လို့ သူက ဖွင့်ဟခဲ့ပါတယ်။
ဒါ့အပြင် မြို့တွင်းဧရိယာတွေမှာတောင် အလုပ်ကပြန်လာချိန် ပေါ်တာဆွဲခံရတာရှိပါတယ်။ တောင်ဥက္ကလာပမြို့နယ်မှာ အလုပ်ကပြန်လာရင်းပေါ်တာဆွဲခံရတာရှိသလို ၊ပိုဆိုးတာကတော့ တိုက်ပေါ်ကနေ အိမ်အောက်ဆင်း ဆေးလိပ်သောက်တုန်းပေါ်တာဆွဲခံရတာမျိုးပါ တောင်ဥက္ကလာပမြို့နယ်မှာဖြစ်ခဲ့ပါတယ် ။ပေါ်တာဆွဲပြီး ရက်ပိုင်းအကြာမှာပဲ ရခိုင်ပြည်နယ်ကိုပို့လိုက်လို့ မိသားစုဝင်တွေဘာမှလုပ်မရတော့ပဲရင်ကွဲပက်လက်ဖြစ်ခဲ့ရပါတယ်။
စစ်ကောင်စီထောက်ခံသူတွေနဲ့ ပိုင်ရာဆိုင်ရာရှိသူတွေဟာ အဖမ်းခံရရင်တောင် ပြန်လွတ်လာတာမျိုး ရှိတတ်ပေမဲ့၊ နောက်ခံမရှိတဲ့ သာမန်ပြည်သူတွေကတော့ငွေနဲ့မရွေးနိုင်ရင်စစ်သင်တန်းကျောင်းတွေ ရောက်သွားကြရပါတယ်။

👍16❤6😢2🥰1🤬1🤮1
တောင်ဥက္ကလာမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးဆိုရင် သူ့သူငယ်ချင်းအိမ် သွားလည်ရင်း ရပ်
ကွက်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး စစ်မှုထမ်းဖို့ ရောင်းစားခံလိုက်ရပါတယ်။ လက်ရှိမှာ ဖုန်းပြောခွင့်၊ လူတွေ့ခွင့်လုံးဝမရဘဲ ပျောက်
ဆုံးနေလို့ မိဘတွေမှာ မစားနိုင်မအိပ်နိုင် ဖြစ်နေကြရတယ်လို့ သိရပါတယ်။
ဒီထက် ပိုဆိုးတာကတော့ စစ်သင်တန်းဆင်းပြီး တိုက်ပွဲတွင်း အတင်းအဓမ္မ စေလွှတ်ခံရခြင်းပါပဲ။ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက "ညီမဦးလေးလည်း လူပွဲစားတွေ ညဘက် ဓားထောက်ဖမ်းသွားပြီး တပ်ထဲ လူစားထိုး ရောင်းစားခံရတာ။ ဘယ်လိုမှ လိုက်ထုတ်လို့မရဘဲ စစ်သင်တန်းပြီးသုံးလအကြာမှာ ရှေ့တန်းပို့ခံရပြီး မနေ့ကပဲ သေဆုံးသွားပါပြီ" လို့ ရေးသားထားပါတယ်။
အလားတူ လှိုင်သာယာမြို့နယ်က လူငယ်တစ်ဦးလည်းအဆွဲခံရပြီးလက်ရှိရခိုင်ပြည်နယ်၊ ကျောက်
ဖြူရှေ့တန်း စစ်မျက်နှာပြင်သို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။
စစ်တပ်က ဒီနောက်ပိုင်းဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်ရဖို့ စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေကိုအဓိကထားပြီး စစ်မျက်နှာအစုံကိုအင်အားထောင်ချီ စစ်ကြောင်းထိုးစေပြီး တန်ပြန်ထိုးစစ်ဆင်လာပါတယ် ။တော်လှန်ရေးတပ်တွေက ပြန်လည်ခုခံတိုက်ခိုက်တာမှာ ဒီလပိုင်းအတွင်းသေဆုံး၊ဒဏ်ရာရသူတွေဟာအလွန်များနေပြီး အများစုက စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေဖြစ်နေပါတယ်။
ဒါကြောင့်တော်လှန်ရေးတပ်တွေ ပြည်သူတွေကို မိသားစုဝင်တွေစစ်မှုထမ်းအခေါ်မခံရအောင် ၊ပေါ်တာအဆွဲမခံရအောင်သတိထားပြီး ပါးပါးနပ်နပ်နေထိုင်ကြဖို့တိုက်တွန်းနေကြပါတယ်။
လက်ရှိမှာတော့ ပြည်သူတွေဟာ မခံမရပ်နိုင်ဖြစ်
လာပြီး ပြီးခဲ့တဲ့မေလအတွင်းက တာမွေမြို့နယ်မှာ ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ ရဲဆိုသူတစ်ဦးကို လူထုက ဝိုင်းဝန်းရိုက်နှက်တဲ့အထိ တုံ့ပြန်မှုတွေ ရှိလာနေပါတယ်။စစ်ကောင်စီကတော့ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ နေအိမ်ပေါ်အထိတက်ပြီး အ
တင်းအဓမ္မ ပေါ်တာဆွဲမှုတွေကို ပိုလုပ်ရင်း စစ်မှု
ထမ်း အပတ်စဉ် (၂၅)ကို စတင်နေပြီဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်
ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မ
တော်(PDF) စစ်ရုံးချုပ် ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က ဒီလပိုင်းအတွင်းနိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာစစ်တပ်ကသေဆုံးသူဒဏ်ရာရသူ အလွန်အင်မတန်များနေတယ်လို့ မြေပြင်စစ်ရေးသတင်းအချက်အလက်တွေကို ကိုးကားပြီး ပြောပါတယ်။
“အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားတွေ အတင်းအဓမ္မစုဆောင်းခံရတဲ့ ပစတွေအတွက်ကတော့ ရွေးချယ်စရာရှိပါတယ်။အဲ့ဒီ ရွေးချယ်စရာကတော့ အခွင့်အရေးရရင် လွတ်အောင်သာ ပြေးကြပါ ။ တိုက်ရည်ခိုက်ရည် အပုံကြီးကွာနေတဲ့ စစ်ပွဲထဲမှာ ပစတွေအနေနဲ့ ကိုယ့်ကိုကိုယ် အလကား အသေမခံပါနဲ့ ။ကိုယ့်ရဲ့ ဘဝ အနာဂါတ်တွေကို ရင်းပြီးမှ စစ်ပွဲထဲမှာ လာပြီး အလကား အသေမခံပါနဲ့ “ လို့ PDF စစ်ရုံးချုပ် တာဝန်ရှိသူက ပြောပါတယ်။
တော်လှန်ရေးဘက်ကို ကူးပြောင်းလာရင် အသက်မသေစေဘဲ ကောင်းမွန်စွာ စောင့်ရှောက် ကျွေး
မွေးထားတယ်လို့ အသိပေးပါတယ်။
“ဒီတော့ …… အတင်းအဓမ္မ စုဆောင်းမခံရအောင်လည်း ရှောင်ပါ။ မတော်လို့ စုဆောင်းခံရရင်လည်း ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ လွတ်အောင်သာပြေးပါ ။ ကိုယ့်လွတ်လမ်းကို ရအောင် မရှာနိုင်ဘဲ စစ်မြေပြင်ကို ရောက်လာပြီဆိုရင်လည်း တော်လှန်
ရေးဘက်ကို ကူးပြောင်းပြီး လက်နက်ချပါ ။ တိုက်ရည်ခိုက်ရည် အပုံကြီးကွာနေတာကို ခံမတိုက်ပါနဲ့ ။ ခံတိုက်လို့ အသက်မရှင်နိုင်ပါဘူး ။ လက်နက်ချမှသာလျှင် အသက်အာမခံချက် အပြည့်အဝ ရမှာ ဖြစ်ပါတယ်”လို့ဒေါက်တာစိုးသူရဇော်က သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့်အသိပေးထားပါတယ်။ ။

🤮16👍5❤4🔥4
Media is too big
VIEW IN TELEGRAM
စစ်မှုထမ်းသင်တန်းတက်ဖို့ စစ်တပ်က ပုံစံမျိုးစုံနဲ့ စုဆောင်းထားသူတွေ ၊ပေါ်တာဆွဲထားသူတွေကို စုဆောင်းရေးနဲ့ သင်တန်းပို့ဆောင်နေ
စဥ် ။ရုပ်သံ-စစ်တပ်တစ်တော့များ
စဥ် ။ရုပ်သံ-စစ်တပ်တစ်တော့များ
👎33🤬3🥴3❤2👍1🤮1🖕1