People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စခန်းသိမ်းတိုက်ပွဲအတွင်းမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ/စစ်နပ်ရိက္ခာ၊ စစ်တပ်တွင်းလုံခြုံ​ရေးအချက်အလက်​တွေနဲ့ ​စစ်သားအ​လောင်း​တွေ။ ။ဓါတ်ပုံ-​နေပြည်​တော်PDF
❤34👏14👍5🥰2👻2🔥1
■ရုပ်ရှင်ခံစားမှု

စာဘယ်လိုသင်ချင်ပါသလဲ

Teach You a Lesson(2026)

ဝဇီရာ/People's Spring

ကျောင်းကော်ရစ်တာမှာ ကျောင်းသားတစ်ယောက်က နောက်တစ်ယောက်ကို မျက်နှာတွေ တဖြန်းဖြန်း ရိုက်နေတယ်။ အရိုက်ခံရတဲ့ကျောင်း
သား မျက်နှာမှာလည်း သွေးစသွေးနတွေနဲ့။ ဝင်ဆွဲမယ့်သူလည်း မရှိဘူး။ကျောင်းသားဆိုးကတော့ အနိုင်ကျင့်ခံရတဲ့ ကျောင်းသားလေးကို ပါးတွေချည့်လှိမ့်ရိုက်တယ်။ ကျောင်းသားလေး လဲသွားတယ်။

ကျောင်းသားဆိုးက ဆွဲထူပြီး သူ့ပါးကို ရိုက်စမ်းဆိုပြီး ပြောတယ်။ ကျောင်းသားလေး ဘယ်ရိုက်ရဲမလဲ။ ဒါပေမဲ့ ကျောင်းသားဆိုး ပါးပေါ် လက်ဖဝါးတစ်ခု ကအရှိန်ပြင်းပြင်းရိုက်ချလိုက်တယ်။ ကျောင်းသားဆိုး လွင့်ထွက်သွားတယ်။ သူ့ကို ဘယ်သူရိုက်လိုက်တာလဲလို့ ကြည့်လိုက်တော့ ဆရာတဲ့။ ဒီဆရာကို ဘယ်သူမှမမြင်ဖူးဘူး။ ဆရာအသစ်ရဲ့အပြင်းစားရိုက်ချက်တွေကြောင့် ကျောင်းသားဆိုး ကော်ရစ်တာမှာ မေ့လဲသွားခဲ့တယ်။

ကျောင်းကတာဝန်ရှိသူတွေအပြေးအလွှားရောက်
လာကြတယ်။ခင်ဗျားဘယ်သူလဲမေးတော့ ကတ်
ပြားထုတ်ပြတယ်။ တောင်ကိုရီးယား ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာနက ကြီး
ကြပ်ရေးမှူး နာဟွာဂျင်းပါတဲ့။ အဲဒီဌာနက ဘယ်သူမှ မကြားဖူးကြဘူး။ နာဟွာဂျင်းက ပြန်ဖြေပါတယ်။တည်ထောင်ထားတာ မကြာသေးပါဘူးတဲ့။

ကျောင်းကိုနာဟွာဂျင်းရောက်လာရတဲ့အ
ကြောင်းရင်းကတော့ ကျောင်းတွင်းအနိုင်ကျင့်မှုကြောင့် ကျောင်းသားတစ်ဦး ကျောင်းအ
ဆောက်အအုံပေါ်ကနေ ခုန်ချသေဆုံးသွားတဲ့ဖြစ်စဥ်ကြောင့်ပါ။ ကျောင်းကဆရာတွေက ပြောတယ်။ ကျောင်းသားတစ်ယောက်ကို ဒီလိုရိုက်လို့ရလားတဲ့။ နာဟွာဂျင်းက ပြန်ဖြေပါတယ်။ ရပါတယ်တဲ့။ ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာန ကြီးကြပ်ရေးမှူးမှာ အထူးလုပ်ပိုင်ခွင့် တစ်ခုရှိပါတယ်။ ပညာပေးတဲ့နည်းလမ်းမှာ ဘယ်လိုကန့်သတ်ချက်မှ မရှိဘူးတဲ့။ "စကားနဲ့ပြောလို့ နား
ထောင်တဲ့သူကို စကားနဲ့၊ ရိုက်နှက်မှ နားထောင်တဲ့သူကိုတော့ ရိုက်နှက်ပြီးတော့ပဲဖြစ်ဖြစ် သင်ကြားပေးပါတယ်"တဲ့။ အဆန်းကြီး။

ဆရာ နာဟွာဂျင်းက ပြုံးပြုံးလေး ဆက်ပြောတယ်။ "ဒီကျောင်းမှာ တောင်ကိုရီးယား ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာနကနေ
ဒီနေ့ကစပြီး ပညာပေးဆုံးမသွားပါ့မယ်"တဲ့။

Netflix ကနေ မနေ့က ဇွန်လ ၅ ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့တဲ့ စီးရီးဖြစ်ပြီး အပိုင်း ၁၀ ပိုင်းပါဝင်ပါတယ်။ ဒီဇာတ်ကားကို စတင်ရိုက်ကူးစဥ်ကတည်း
က ပညာရေးလောကရဲ့ ကန့်ကွက်မှုတွေ ရှိခဲ့တယ်လို့ သိရတယ်။ ကျောင်းတွင်းအနိုင်ကျင့်မှုကို ကာကွယ်ဖို့ဆိုပြီး လူကြီးတစ်ယောက် (ဆရာ) က အရွယ်မရောက်သေးတဲ့ ကျောင်းသားတွေကို ပြန်လည်ရိုက်နှက်တာဟာ နောက်ထပ် အကြမ်း
ဖက်မှုပုံစံတစ်ခုကို တရားဝင်အောင် လုပ်ပေးသလို ဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။

ကိုရီးယားနိုင်ငံဟာ ကျောင်းတွေမှာ ဆရာတွေက ကျောင်းသားတွေကို ရိုက်နှက်ဆုံးမတဲ့စနစ်ကို ဥပဒေအရ လုံးဝပိတ်ပင်ထားပြီး ဒီကားထဲကလို ဆရာက ကျောင်းသားကို ရိုက်တာမျိုးကို သူရဲ
ကောင်းဆန်ဆန် ပုံဖော်တာဟာ အတိတ်က ပညာ
ရေးစနစ်ဆိုးဆီကို ပြန်သွားဖို့ လှုံ့ဆော်နေသလို ဖြစ်နေတယ်လို့ထောက်ပြကြပါတယ်။ဘယ်
လောက်ပဲ ဆိုးတဲ့ကျောင်းသားဖြစ်ပါစေ၊ ဥပဒေပြင်ပကနေ ခန္ဓာကိုယ်နာကျင်အောင် လုပ်ပိုင်ခွင့်ကို ဘယ်သူ့ကိုမှ မပေးသင့်ဘူးလို့ ဝေဖန်ခဲ့ကြတာပါ။

တဖက်က အမြင်ကျတော့အပြင်လောကမှာ လက်
တွေ့ဖြစ်ပျက်နေတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှုတွေမှာ ကျောင်းသားလူမိုက်တွေဟာ "အရွယ်မရောက်သေးတဲ့သူတွေအတွက် အကာအကွယ်ပေးထားတဲ့ ဥပဒေကို အသုံးချပြီးလူသတ်တဲ့အထိ ရိုက်နှက်တာတောင် ထိရောက်တဲ့ ပြစ်ဒဏ်မရကြပါဘူးလို့ ဆိုပါတယ်။

လက်ရှိ ကိုရီးယားမှာ ကျောင်းသားတွေနဲ့ မိဘတွေက ဆရာတွေကို ပြန်လည်အနိုင်ကျင့်တာ၊ တရားစွဲတာတွေကြောင့် ဆရာ/ဆရာမတွေ စိတ်ကျရောဂါရပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိ ဖြစ်ရပ်တွေ အများကြီးရှိလာပါတယ်။ ဒီကားက အဲဒီလို ပျက်စီးနေတဲ့ ပညာရေးလောကကို ထိထိရောက်ရောက် သတိပေးလိုက်တာဖြစ်တယ်လို့ ထောက်ခံသူတွေက ဆိုကြပါတယ်။

​ဒီဇာတ်လမ်းတွဲက ပေးချင်တဲ့ သတင်းစကားကတော့ ဆိုးသွမ်းကျောင်းသားတွေကို အား
ပေးအားမြှောက်လုပ်နေတဲ့ ခေတ်သစ်ဥပဒေတွေရဲ့ အားနည်းချက်ကို သရော်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆရာက ကျောင်းသားကို မျက်
နှာညိုမည်းစွဲအောင် ရိုက်နှက်တဲ့ ပြကွက်တွေကတော့ တော်တော်လေး စည်းကျော်ပြီး ရဲတင်းလွန်းတယ်လို့ ဝေဖန်ရေးသမားတွေက သတ်မှတ်ခဲ့ကြပါတယ်။

ပြင်ပလောကမှာ ဇာတ်ကားထဲကလိုသာ ဆိုးသွမ်းကျောင်းသားတွေကို ဆရာက ဆော်ပလော်တီးနေရင်တော့အဲဒီဆရာထောင်ထဲကကိုထွက်ရမှာမ
ဟုတ်ပါဘူး။

ဇာတ်ကားကြည့်ရင်း ကိုယ့်နိုင်ငံက ကျောင်းသားတွေကိုလည်း သတိရမိပါသေးတယ်။ စစ်တပ်အာဏာသိမ်းလိုက်လို့ ကျောင်းတွေမတက်ကြတော့ ပြန်တက်ကြချိန် လူကောင်တွေက ကြီးလာခဲ့တယ်။ ဒီကြားထဲ ပညာရေးစနစ်က ၁၂ တန်းအထိ တိုးလိုက်တော့ ကျောင်းသားတွေက တက္ကသိုလ်ကျောင်းသားအရွယ်တွေ ဖြစ်လာခဲ့တယ်။ လိမ္မာသူတွေရှိပေမဲ့ ဆိုးသွမ်းတဲ့ အရွယ်ကြီးကောင်ကြီးမားတွေကျ ဆရာတွေလည်းမနိုင်။
❤13👍9🤮1
Tiktok မှာလည်း သူတို့တတွေရဲ့ ကျောင်းတွင်းက ရန်ပွဲတွေ မမြင်ချင်မှအဆုံး။ ကျောင်းသားတွေတင်မက ကျောင်းသူတွေလည်း အုပ်စုလိုက်ရန်ပွဲတွေ နွှဲကြပါသေးတယ်။ ဆရာဆရာမဆိုသည်မှာလည်း အရည်အချင်းပြည့်ဝတဲ့ ဆရာတော်တော်များများက CDM လုပ်ထားကြတော့ ကျောင်းတွေမှာ ဖရိုဖရဲတွေဖြစ်။ တချို့ကျောင်းတွေမှာဆို မူး
ယစ်ဆေးဝါးကအစ အလွယ်တကူသုံးစွဲနေကြပြီတဲ့။ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ။ ဖရိုဖရဲဖြစ်နေတဲ့ ကိုယ့်နိုင်ငံက ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ကတော့
ရင်မောစရာချည့်။ ။
👍13🤮3
❤13👍9🥰1🤮1
ဖွင့်ဆိုရှင်းပြ သတင်းစာပညာလက်စွဲစာအုပ်
(The Explainer’s Journalism Handbook)

အခန်း (၁၁) - နိဂုံး

အခုလက်စွဲစာအုပ်ရဲ့ အမှာစာမှာ ဖော်ပြခဲ့တဲ့အတိုင်း သတင်းအချက်အလက်တွေ အလွနအကျွံများနေတဲ့ ကနေ့ခေတ်ကာလမှာ "ဘာဖြစ်သလဲ" ဆိုတာထက် "ဘာကြောင့် အရေးကြီးလဲ" ဆိုတာကို ပိုပြီးအလေးထားတဲ့ ဖွင့်ဆိုရှင်းပြသတင်းစာပညာ (Explainer Journalism) ရဲ့ အရေးပါမှု၊ စိတ်ကူးစိတ်သန်း၊ လိုက်နာသင့်တဲ့အကြံပြုချက်တွေနဲ့ ရေးသားတဲ့ပုံစံတွေကို နမူနာတွေနဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

သတင်းထူး၊ သတင်းဦးတွေကို ဆိုရှယ်မီဒီယာတွေကနေတဆင့် အချိန်နဲ့တပြေးညီ သိရှိနေကြတဲ့ စာဖတ်သူတွေအတွက် သတင်းဌာနတွေရဲ့ အဓိကတာဝန်ဟာ ဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ "ပျောက်ဆုံးနေတဲ့ ကွင်းဆက်တွေ" (Missing Links) ကို ရှာဖွေဖော်ထုတ်ပေးဖို့နဲ့ ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို ရိုးရှင်းစွာ နားလည်သွားစေဖို့ ကူညီပေးတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေသတင်းစာဆရာတွေအနေနဲ့ အခုလက်စွဲစာအုပ်မှာ ဖော်ပြထားတဲ့ အရေးအသားပုံစံတွေ၊ ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ အကြံပြုချက်တွေကို လိုအပ်သလို အသုံးချကာ စာဖတ်သူတို့ရဲ့ နေ့စဉ်ဘဝအပေါ် တကယ်တမ်း သက်ရောက်မှုရှိနိုင်မယ့် ဖွင့်ဆိုရှင်းပြဆောင်းပါးတွေကို ပိုမိုရေးသားလာနိုင်ကြလိမ့်မယ်လို့ ယုံကြည်ရပါတယ်။
❤9👍3🤮1
👍18🤮1
ဖက်ဒရယ်ဦးဆောင်ကောင်စီရဲ့ သံတမန်ရေးရာ ရှင်းလင်းပွဲ နိုင်ငံ ၂၄ခုက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အချို့ တက်ရောက်

ဇွန် ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ သံတမန်ရေးရာရှင်းလင်းပွဲ ကို ဇွန်လ ၅ရက်က ကျင်းပခဲ့ရာ နိုင်ငံ ၂၄ခုက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းအချို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အသိပေးပါတယ်။

ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး တက်ရောက်တဲ့ နိုင်ငံတွေရဲ့ အမည်ကို အသေးစိတ် ဖော်ပြမထားပေမယ့် SCEF ကိုယ်စားလှယ်တွေက နိုင်ငံတစ်ဝန်း ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများ၊ ပေါင်းစည်းညီညွတ်မှု ရရှိရေးရဲ့ အရေးပါပုံနဲ့ ရေရှည်တည်တံ့သော ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်နိုင်မယ့် အခြေအနေများ ပေါ်ထွန်းလာရေး လုပ်ဆောင်နေမှုတွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

အခု ရှင်းလင်းပွဲဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံရေး မြှင့်တင်ဖို့၊ မြန်မာနိုင်ငံအတွက် အားလုံးပါဝင်သော၊ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ အနာဂတ်သို့ ဦးတည်နိုင်မယ့် လမ်းကြောင်းများပေါ်မှာ ဆက်လက်ဆွေးနွေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် နေမှုတွေရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြတဲ့ သံတမန် ကိုယ်စားလှယ်များအားလုံးကို ကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်။

မြန်မာပြည်သူများနဲ့ အနာဂတ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

အရပ်သားများ ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်လှမ်းမီ ရရှိရေး၊ နိုင်ငံရေး ပါဝင်မှုရဲ့ အရေးပါပုံများနဲ့ လက်ရှိအနေ အထားအောက်မှာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိနိုင်ရန် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြောင်းလည်း အသိပေးပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ လက်နက်ကိုင် ပဋိပက္ခ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အခြေအနေ တစ်ရပ်အဖြစ်သာ သုံးသပ်၍မရကြောင်း SCEFက ပြောကြားပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံဟာ နက်ရှိုင်းသော နိုင်ငံရေး အသွင်ကူးပြောင်းမှုတစ်ရပ်ကို ဖြတ်သန်းနေသော ကာလဖြစ်ပြီး အုပ်ချုပ်ရေး၊ တရားဝင်မှု၊ ကိုယ်စားပြုမှုနဲ့ ရေရှည်တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများနဲ့ ချဉ်းကပ်အဖြေရှာရန် လိုအပ်နေကြောင်း ထောက်ပြခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ပဋိပက္ခရဲ့ မူလဇစ်မြစ်ကို မဖြေရှင်းပါက ရေရှည် တည်တံ့သော တည်ငြိမ်ရေးကို မရရှိနိုင်ကြောင်း အလေးထား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ရေရှည်ငြိမ်းချမ်းရေးအတွက် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး အသွင်ကူးပြောင်းမှု၊ ကျယ်ပြန့်သော ပါဝင်မှုနဲ့ နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာနေတဲ့ အခြေအနေမှန်များကို အသိအမှတ်ပြုခြင်းတို့ လိုအပ်မယ်ဆိုတာလည်း အသိပေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် SCEFဟာ စုပေါင်းနိုင်ငံရေး ပူးပေါင်းညှိနှိုင်းမှု၊ အားလုံးပါဝင်နိုင်မှု၊ တာဝန်ယူမှုရှိသော တည်ငြိမ်ရေး လုပ်ငန်းစဉ်များနဲ့ မြန်မာပြည်သူများရဲ့ မျှော်မှန်းချက်များ၊ မတူကွဲပြားမှုများကို ထင်ဟပ်တဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာနိုင်ရေးအတွက် ထပ်လောင်း ကတိကဝတ်ပြုခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

SCEFဟာ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံရေးမြင့်တင်နိုင်ဖို့ ဆောင်ရွက်နေသလို တဖက်မှာလည်း SCEF စုဖွဲ့မှု ပိုမိုအားကောင်းရေး ကြိုးပမ်းနေကြောင်း SCEF တာဝန်ရှိသူတွေက အသိပေးထားပါတယ်။

SCEFကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ဖွဲ့စည်းခဲ့ကြောင်း မတ်လ ၃၀ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီလို စုဖွဲ့လိုက်တာဟာ နိုင်ငံရေး၊ စစ်ရေး အပါအဝင် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားဖို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ဖြစ်တယ် လို့ အသိပေးထားပါတယ်။
👍31❤12🤮1
(ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အဖွဲ့ဝင်တွေ အစည်းအဝေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - SCEF)
👍27❤9🥰1🤮1
ချောင်းဦးမြို့နယ် စစ်တပ် ဗုံးကြဲလို့ ပြည်သူ ၁ဦး သေဆုံး

ဇွန် ၆ ၊ ၂ဝ၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာကို စစ်တပ်က ဂျွိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၅ ရက် နေ့လယ်ပိုင်းက ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေတက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၄ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် ကိုဝင်းကျော်ဆိုသူ အမျိုးသားတစ်ဦးသေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဂျိုင်ရိုကော်ပတာတွေလာလို့ အဆောက်အဦးကြီးတာအောက် ရှောင်ပုန်းကြတာ နေမှာရယ်။ အဲဒီဆီ ဦးတည်ချတာဆိုတော့ အခုလိုတွေဖြစ်သွားကြတာ။ PDFတွေ နေတယ်ထင်ပြီး သေချာလုပ်တာ။ အထင်လေးနဲ့ သူတို့ကလုပ်တာ။ သေရတာက ပြည်သူတွေ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ ဇွန်လ ၄ ရက်ကလည်း ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

ဇွန်လ ၃ ရက်ကလည်း ချောင်းဦးမြို့နယ်က ဆင်မြေရွာနဲ့ ငါးလုံးတင်ရွာကို ပါရာမိုတာ ၃စီး၊ ဂွိုင်ရိုကော်ပတာ ၃စီး စုစုပေါင်း ၆စီး ဟာ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ်တွေနဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လဆန်းက စစ်တပ်စစ်ကြောင်းဟာ ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

ချောင်းဦးမြို့နယ်ဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာ ၆ ရက်က ချောင်းဦးမြို့နယ်ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲကျင်းပနေချိန် စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲလို့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၄၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ဖူးပါတယ်။
🤬29❤4👎1🔥1
🔥13😢7👎2
စစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုမှန်သမျှ သတိကြီးစွာချင့်ချိန်တွက်ဆဖို့ နိုင်ငံတကာကို ICG အကြံပြု

ဇွန်-၆၊ ၂၀၂၆။ People’s Spring

အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုမှန်သမျှကို သတိကြီးစွာချင့်ချိန်တွက်ဆသင့်ကြောင်း နိုင်ငံတကာအစိုးရတွေကို အပြည်ပြည်ဆိုင်ရာပဋိပက္ခလေ့လာရေးအဖွဲ့(ICG)က အကြံပြုထုတ်ပြန်လိုက်ပါတယ်။

ICG ဟာ ‘မြန်မာ့အုပ်ချုပ်ရေးယန္တရားအသစ် - အသွင်ကူးပြောင်းမှုမဟုတ်ဘဲ စစ်အာဏာကို ပိုမိုခိုင်မာအောင်တည်ဆောက်ခြင်း’ဆိုတဲ့ အစီရင်ခံစာကို ဇွန်လ ၃ရက်မှာထုတ်ပြန်လိုက်ပြီး နိုင်ငံကာအစိုးရတွေအနေနဲ့ မြန်မာ့အရေးကို ဦးစားပေးလုပ်ငန်းစဥ်တစ်ခုအဖြစ် သတ်မှတ်သင့်ကာ အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ထားရှိသင့်ကြောင်း တိုက်တွန်းထားပါတယ်။

စနစ်တကျကြိုတင်စီမံထားတဲ့ ရွေးကောက်ပွဲတွေကတဆင့် တက်လာတဲ့ အုပ်ချုပ်ရေးယန္တရားအသစ် မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတရာထူး ရယူထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အရပ်သားအုပ်ချုပ်မှုယန္တရားအဖြစ် ဟန်ပြမျက်နှာဖုံးတပ်ဆင်ထားပေမယ့် စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုဟာ မြဲမြံစွာတည်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ထောက်ခံမှုကြောင့် အာဏာသိမ်းစစ်တပ်ဟာ သံတမန်ရေးရာနဲ့ စစ်ရေးမျက်နှာစာနှစ်ခုလုံးမှာ အခြေအနေကောင်းများ ရရှိလာကြောင်းလည်း ဖော်ပြပါတယ်။

ဒါပေမဲ့ နေပြည်တော်စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားအသစ်ဟာ နိုင်ငံရေးအရ တရားဝင်မှုမရှိတဲ့အပြင် စီးပွားရေးကျဆင်းမှုတွေကြောင့် မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဟာ သက်ဆိုးရှည်နေဆဲဖြစ်တယ်လို့ ICG က အစီရင်ခံပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က တပ်ချုပ်ရာထူးကနေ အနားယူပြီး နိုင်ငံတော်သမ္မတရာထူး ရယူခဲ့တာဟာ နိုင်ငံရေးအသွင်ကူးပြောင်းမှု ဒါမှမဟုတ် ပဋိပက္ခလျှော့ချရေးတို့ကို ဦးတည်တာထက် ဖိနှိပ်ရက်စက်တဲ့ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာလာအောင်တည်ဆောက်ခြင်းသာဖြစ်တယ်လို့ ICG က သတိပေးပါတယ်။

လက်ရှိကာလကို အောင်မြင်မှုတစ်ခုလို့ သတ်မှတ်ရမယ့်အစား ပိုမိုစိုးရိမ်ရတဲ့ အခြေအနေတရပ်အဖြစ် ရှုမြင်နိုင်တယ်လို့ ICG က ဆိုပါတယ်။

၂၀၂၃-၂၄ နှစ်များအတွင်း နယ်မြေများဆုံးရှုံးရပြီးနောက် စစ်တပ်ဟာ အောင်ပွဲတချို့ ပြန်လည်ရရှိခဲ့ပါတယ်။ အဲဒီအောင်ပွဲများရရှိခြင်းဟာ အဓမ္မစစ်မှုထမ်းစေခိုင်းခြင်းနဲ့ အဆင့်မြင့်တဲ့ ဒရုန်းများ ပိုမိုအသုံးပြုလာခြင်းအပြင် အဓိကအကျဆုံးမှာ တရုတ်ရဲ့အကူအညီရရှိခြင်းကြောင့် ဖြစ်တယ်လို့ ICG က သုံးသပ်ပါတယ်။

စစ်တပ်ဟာ အရင် စစ်မြေပြင်အရှုံးတွေကို ပြောင်းပြန်လှန်နိုင်ခဲ့ပေမယ့် ပြန်လည်သိမ်းပိုက်နိုင်တဲ့ ပမာဏဟာ အာဏာသိမ်းမှုမတိုင်ခင်က ထိန်းချုပ်ခဲ့တဲ့နယ်မြေ အကျယ်အဝန်းအထိ မဟုတ်ကြောင်း ICG က ဖော်ပြပါတယ်။ စစ်တပ်ဟာ အာရက္ခတပ်တော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့လို စစ်ရေးအတွေ့အကြုံပြည့်ဝပြီး ဘဏ္ဍာငွေအင်အားတောင့်တင်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ရင်ဆိုင်ရာမှာ ရုန်းကန်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်းလုံး တည်ငြိမ်အေးချမ်းမယ့် အခြေအနေတရပ်က ဝေးကွာနေဆဲဖြစ်တယ်လို့ ICG က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအတွင်းက မတည်ငြိမ်မှုအကျိုးဆက်ဟာ အိမ်နီးချင်းနိုင်ငံတွေကိုပါ ရိုက်ခတ်နေပြီး နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေးကျဆင်းမှုတို့ကြောင့် အွန်လိုင်ငွေလိမ်စင်တာများပေါများလာခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ဥပဒေပြင်ပ ငွေကြေးစီးဆင်းမှု၊ လူကုန်ကူးမှုစတဲ့ စနစ်တကျ ကြံစည်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ထူပြောလာပြီး အန္တရာယ်များတဲ့ နယ်စပ်ဖြတ်ကျော်လုပ်သားရွှေ့ပြောင်းမှုလည်း မြင့်တက်လာတယ်လို့ ICG က သတိပေးပါတယ်။

နိုင်ငံခြားအစိုးရတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဒုက္ခအကျပ်အတည်းကို မျက်ခြည်မပြတ်စောင့်ကြည့်သင့်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းဟာ လက်တွေ့ကျတဲ့ ရည်မှန်းချက်များ ချမှတ်ထားရှိမှသာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ ပိုမိုထိရောက်စွာ ချဥ်းကပ်နိုင်မှာဖြစ်တယ်လို့ ICG က ဆိုပါတယ်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ ၎င်းတို့ အချင်းချင်းအကြား အရင်ကထက် ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ အဲဒီလို ဆောင်ရွက်ရာမှာ ဖြစ်နိုင်ခြေရှိတဲ့အခါတိုင်း တရုတ်နိုင်ငံနဲ့ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံသင့်ကြောင်း ICG က တိုက်တွန်းပါတယ်။
👍29❤5🥰1😁1🤮1
(စစ်ခေါင်းဆောင်မင်းအောင်လှိုင် သမ္မတရာထူးရယူအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော်သို့ လာရောက်တွေ့ဆုံစဥ်။ ဓာတ်ပုံ - Xinhua)
🖕27💩7🙏4🔥1🤬1
■ဝတ္ထုတို

“သံတိုင်အပြင်ဘက်က အိမ်ကလေးတလုံး”

◾️မပိုးအိမ်

အပြင်ဘက်မှာ နေရောင်ခြည်က သေလုမျိုးပါးပုံစံမျိုးနဲ့ အားနည်းနေခဲ့ပြီ။ ဒီ အခန်းကျဉ်းလေးထဲမှာတော့ အမှောင်ထုက နံရံတွေကို လာရောက် ပွတ်တိုက်နေကြတယ်။ အသေးငယ်ဆုံး ဖုန်မှုန့်လေးတွေတောင် လေထဲမှာ မကူးခတ်နိုင်တော့ဘဲ တိတ်ဆိတ် ငြိမ်သက်လို့။ ကျမ ခြေထောက်တွေကတော့ အပ်ချုပ်စက်ကို တချောက်ချောက်မြည်အောင် နင်းနေဆဲ။ တချက်ချင်း ကျလာတဲ့ အပ်ချက်တွေဟာ ကျမရဲ့ တရက်ချင်းစီကို သူနဲ့နီးအောင် ဖာထေးပေးနေသလိုမျိုးပဲ။

‘စစ်ကြောရေးမှာ သူ့တကိုယ်လုံး ဆေးလိပ်မီးတွေနဲ့ ထိုးခံရတယ်တဲ့လား....’။ ကိုယ့်နားထဲမှာတင် သူစိမ်းဆန်နေတဲ့ ကိုယ့်အသံကို ကိုယ်ပြန်ကြားနေရတယ်။ ဆေးလိပ်မီးနဲ့ ထိုးခံထားရတဲ့ သူ့ရဲ့ ရုပ်ခန္ဓာအစိပ်စိပ်အမွှာမွှာကို ကျမရဲ့ အာရုံထဲမှာတင် ကျမကိုယ်ကျမ စိတ်သက်သာရစေဖို့အတွက် တချက်ချင်း ပြန်ချုပ်နေရတယ်။ ဆေးလိပ်မီးရာ တခုဟာ ကျွန်မရဲ့ အပ်ချက်ရာ တချက်။ သူ နာကျင်တိုင်း ကျမရဲ့ လက်ချောင်းတွေက အပ်ချည်မျှင်တွေကြားထဲမှာ တုန်ရီသွားတတ်တယ်။ ကျောက်စရစ်ခဲပေါ်မှာ ဒူးထောက်ခိုင်းထားတဲ့ သူ့ ဒူးခေါင်းတွေအကြောင်း တွေးမိရင် ကျမရဲ့ ဒူးတွေကပါ အလိုလို ပူထူလာသလိုပဲ။ အိတ်အမည်းစွပ်ခံထားရတဲ့ သူ့မျက်နှာ။ အမှောင်အတိကျနေမယ့် သူ့ကမ္ဘာ။ ကျမလည်း အခု သူမရှိတဲ့ ဘာမှ ပျော်ရွှင်စရာ နေပျော်စရာမရှိတဲ့ အိတ်အမည်းအကြီးကြီး တလုံးထဲမှာ ပိတ်မိနေတာပဲ မဟုတ်လား။

‘ကတိ’လား။ တကယ်တော့ကျမတို့ကြားမှာ ဘာကတိမှ မရှိခဲ့ဘူး။ "စောင့်နေပါ" လို့ သူ မပြောခဲ့သလို၊ "စောင့်နေမယ်" လို့လည်း ကျမ ကတိမပေးခဲ့မိဘူး။ ဒါပေမဲ့ ဒီကတိမဲ့တဲ့ စောင့်ဆိုင်းခြင်းက ကတိတွေထက် ပိုပြီး ခိုင်မြဲနေတာကို ကျမ ကိုယ်တိုင်တောင် အံ့သြမိရဲ့။ သစ္စာတရားဆိုတာ ဘာလဲဆိုတာ ကျမ သေသေချာချာ နားမလည်ပါဘူး။ ကျမ နားလည်တာကတော့ အပ်ချုပ်စက်ရဲ့ အပ်ဖျားအောက်မှာ တချက်ချင်း စုစည်းနေတဲ့ သူ့အတွက် ကျမရဲ့ "စေတနာ" တွေပါပဲ။ သူကလည်း သူ့မျိုးဆက်အတွက်၊ မတရား ကြွေသွားတဲ့ ကြယ်လေးတွေအတွက် ‘စေတနာ’ အရင်းခံခဲ့တာပဲမဟုတ်လား။

အတိတ်က သူ့ အပြုံးတွေကို ပြန်တွေးမိတဲ့အခါ ကျမ ရင်ထဲမှာ နွေးခနဲ ဖြစ်သွားတတ်တယ်။ သူ့ရဲ့ အကြည့်တွေက အမြဲတမ်း အေးချမ်းတယ်။ ကျမအပေါ် သူ ထားခဲ့တဲ့ အချစ်ဆိုတာ "စေတနာ" အခြေခံတဲ့ အချစ်မျိုးပါ။ ကျမ နေမကောင်းဖြစ်တဲ့အခါ သူ ပြုစုပေးခဲ့တဲ့ နူးညံ့မှုတွေ၊ ကျမရဲ့ အမှားတွေကို ပြုံးပြုံးလေး ခွင့်လွှတ်ပေးခဲ့တဲ့ သူ့ရဲ့ စိတ်ထားတွေ။ ပြီးတော့ ဆယ်တန်းအောင်ပြီး တက္ကသိုလ် မတက်ခဲ့ရတဲ့ ကျမအတွက် ကျမ သင်ချင်တဲ့ အဝတ်အစား ဒီဇိုင်းသင်တန်း၊ စက်ချုပ် သင်တန်းတွေကို သူ အလုပ်လုပ်လို့ ရတဲ့ ဝင်ငွေလေးနဲ့ တက်စေခဲ့တာတွေ။

အချစ်ရဲ့ အဓိပ္ပာယ်က တယောက်အပေါ်တယောက် စေတနာ ထားကြတာမျိုးလား။ ဒါဆို အခု ကျမ သူ့အပေါ် ထားနေတဲ့ စေတနာကတော့ သူ ပြန်လာမယ့်နေ့မှာ နွေးထွေးတဲ့ အိမ်လေးတလုံး အသင့်ရှိနေစေဖို့ပဲ။

ကျမတို့ဆီက မတရား သိမ်းပိုက်သွားကြတဲ့ သူ့အိမ်ကလေး မရှိတော့ပေမဲ့ ကျမ စွမ်းအား၊ ကျမ အရည်အချင်းနဲ့ သူ့အတွက် အိမ်သေးသေးလေးတလုံး ကျမ လိုချင်မိတယ်။
ကျမတို့ မြို့ရဲ့ ဌာနဆိုင်ရာ ရုံးတရုံးမှာ ဗုံးပေါက်ကွဲတဲ့နေ့ကတည်းက သူနဲ့ ကျမတို့ရဲ့ အချိန်နာရီတွေဟာ ရပ်တန့်သွားခဲ့တာပဲ။ သံသယဆိုတဲ့ စကားလုံးတလုံးနဲ့ ကျမတို့ရဲ့ အိမ်တံခါးကို လာခေါက်ပြီး သူ့ကို ကြမ်းကြမ်းတမ်းတမ်း လာ ခေါ်ထုတ်သွားခဲ့တယ်။ ဘယ်ကိုလဲ... ဘယ်လောက်ကြာမှာလဲ... ဘယ်သူမှ မဖြေနိုင်တဲ့ မေးခွန်းတွေဟာ ကျမရဲ့ အပ်ချုပ်စက်အောက်မှာ အထည်အလိပ်တွေလိုပဲ ပုံနေခဲ့ပြီ။ ကျမရဲ့ လက်ရှိရုန်းကန်မှုက ငွေကြေးအတွက်တင် မဟုတ်ဘူး။ ဒီနာကျင်မှုတွေကို ဘယ်လို ရှင်သန်ကျော်ဖြတ်ရမလဲဆိုတဲ့ "ဝေဒနာနဲ့ ယဉ်ပါးရေး" သင်ခန်းစာကိုပါ ကျမ သင်ယူနေခဲ့ရတာ။ အပ်ချုပ်စက်နင်းရင်း အပ်စူးသွားတဲ့အခါ ထွက်လာတဲ့ သွေးစက်လေးကို ကြည့်ပြီး ကျမ ပြုံးမိတယ်။ အနည်းဆုံးတော့... ငါ့မှာ နာကျင်မှုကို ခံစားနိုင်သေးတဲ့ "လူသားအရေပြား" ရှိပါသေးလားဆိုတဲ့ အသိနဲ့ပေါ့။

စစ်ကြောရေးရဲ့ ဒဏ်ရာတွေ၊ သံတိုင်နောက်က အမှောင်ထုတွေကြောင့် သူ့ရဲ့ စိတ်ရော ရုပ်ပါ ကြေမွပျက်စီးနေလိမ့်မယ်ဆိုတာ ကျမ သိတယ်။ သူ ပြန်လာတဲ့အခါ... သူ့ရဲ့ တုန်ရီနေတဲ့ လက်တွေကို ဆုပ်ကိုင်ပေးဖို့၊ သူ့ရဲ့ ခြောက်ခြားနေတဲ့ အိပ်မက်တွေကို ဖေးမပေးဖို့ ကျမ ဒီနေရာမှာ ရှိနေရမယ်။ ဒါကြောင့်လည်း ကျမ ဒီအပ်ချုပ်စက်ကို မနားတမ်း နင်းနေတာ။ ကျမ နေ့ရော ညပါ အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်။ ပေါ့ပေါ့ ပါးပါး တနေ့တာကို ကုန်ဆုံးသွားတယ်ဆိုတဲ့ နေ့ရက်ဆိုတာ ကျမအတွက် အတော် ရှားပါး လာခဲ့တယ်။ ကျမကိုယ်တိုင်အတွက် ကိုယ်ရှာတဲ့ ငွေကို ရက်ရက်ရောရော သုံးလိုက်တယ်ဆိုတဲ့ အချိန်တွေက ကျမအတွက် ရှိကို ရှိမလာတော့ဘူး။ မဖြစ်မနေ သုံးရမှာတွေက လွဲရင်ပေါ့။ တရက် ကုန်ဆုံးသွားတိုင်း "သူနဲ့ နီးဖို့ တရက် နီးလာပြီ" ဆိုတဲ့ မျှော်လင့်ချက်အလင်းစလေးကို အပ်ချည်မျှင်တွေကြားထဲမှာ အသာအယာ ဝှက်ထားမိတယ်။
👍12❤4🤮3