People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပဲခူးတိုင်း၊စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက စစ်ရေးအရ အရေးပါတဲ့ စစ်တပ်စခန်း(ဆွာမကြီးစခန်း)
ကို နေပြည်တော်တိုင်းစစ်ဌာနက သိမ်းပိုက်လိုက်ပါတယ်။

စစ်တပ်က အင်အား ၆၀ ၀န်းကျင်နဲ့တပ်စွဲထားတဲ့ ဆွာမကြီးစခန်းကို ဇွန်လ ၃ ရက်မနက် ၆ နာရီခွဲမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ဗိုလ်မှူးအဆင့်အပါအ၀င် သေဆုံးသူ ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန တိုင်းတာ၀န်ခံ ဗိုလ်လကျာ်က ဆိုပါတယ်။

"အရင်နှစ်က ၂၀၂၅ မှာတခါသိမ်းဖူးတယ်။တပြိုင်တည်းမှာပဲ စစ်ဆင်ရေးလေးခု တပြိုင်တည်းလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ သိမ်းဖူးတယ်။အဲဒီတုန်းက မအောင်မြင်ခဲ့ဘူး။မအောင်မြင်တာ အကြောင်းအရင်းတွေရှိပါတယ်။မအောင်မြင်တဲ့အကြောင်းအရင်းတွေကို သင်ခန်းစာယူပြီး ဒီတခေါက်တော့ ရလိုက်တာပေါ့။ဆွာမကြီး ကိုအောင်မြင်လိုက်တာပေါ့"လို့ သူက လူထုနွေဦးကို ပြောပါတယ်။

ဆွာမကြီးစခန်းဟာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက အဓိက ပင်မစခန်းတစ်ခုဖြစ်ပြီး အုတ်မြေတူး နဲ့ ရွာသစ် ရွာတွေက စစ်တပ်စခန်းတွေကိုပါ လူနဲ့ ရိက္ခာထောက်ပံ့ပေးနေတာလို့ အသိပေးပါတယ်။

"စခန်းနှစ်ခုကို ပင်မ မိန်းထောက်ပံ့နေတဲ့ အခြေခံစခန်းဖြစ်တယ်။အဓိက အုတ်မြေဒူးစခန်းရယ်။ရွာသစ်စခန်းရယ်။အရင်တခေါက်က ရွာသစ်လည်း သိမ်းဖူးတယ်။အုတ်‌မြေဒူးစခန်းကိုလည်း သိမ်းဖူးတယ်။အောင်အောင်မြင်မြင်သိမ်းဖူးတယ်။အဲဒီစခန်းနှစ်ခုကိုထောက်ပံ့ပေးနေတာက လူအင်အားပို့ပြီးစစ်ကူပေးတာတွေက ပင်မက ဆွာမကြီးဖြစ်တယ်။ဆွာမကြီးက အဓိက ပင်မလမ်းကြောင်းဖြစ်တယ်။စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာဆို ဆွာမကြီးက မိန်းပဲ။ရန်သူ့စစ်ကူလမ်းကြောင်းရော၊ထောက်ပံ့ရေးလမ်းကြောင်းရော အဓိက ဆွာမကြီးပဲ"လို့ နေပြည်တော်တိုင်း စစ်ဌာန တိုင်းတာ၀န်ခံက သိမ်းဆည်းရရှိတဲ့ စခန်းအခြေအနေကို ရှင်းပြပါတယ်။

ဆွာမကြီး စခန်းတိုက်ပွဲမှာ တကရ (၆၀၁၇) တင့်ကားတပ်ရင်းက ဗိုလ်မှူး ကျော်လင်းအောင် (ကြည်း - ၄၄၇၂၉) အပါအဝင်စစ်တပ်ဘက်က ၂၀ ကျော် သေဆုံးပြီး ကျန်ရန်သူတွေက အထိအခိုက်တွေနဲ့ ဆုတ်ခွါထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကနေ G-3 (၁၁)လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ ပစ္စတို (၁)လက် နဲ့ ခဲယမ်းမျိုးစုံ(၁၀၀၀) ကျော် ၊ အီ နာဂါ(၅)ခု၊ နင်းမိုင်း (၂)လုံး၊ ၁၄ မိုင်း (၃)လုံး၊ ၆၀ မမ ပို့ယမ်း (၁၅) တောင့် ၊ G3 ကျည်ဘောက် (၇)ဘောက်၊ MA ဘောက် (၂) ဘောက် သိမ်းဆည်းရရှိတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဇွန်လ ၄ ရက်ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကွင်းကြီးကျေးရွာအနီးမှာ စိုင်ကောင်းရဲစခန်းမှူး လိုက်ပါလာတဲ့ ယာဉ်တန်းကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၇) လက် အောက်ခံ တပ်ရင်း (၉၀၂၊ ၉၀၃)တို့ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့သမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စိုင်ကောင်း ရဲစခန်းမှူးအပါအဝင် အရာရှိအချို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားတယ်လို့ ‌ဖော်ပြပါတယ်။

လက်ရှိမှာစစ်တပ်ကစစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရေတာရှည်မြို့နယ် နဲ့ ဆွာမြို့နယ်အတွင်းက ကျေးရွာတွေထဲစစ်ကြောင်းထိုးဝင်ရောက်နေပြီး တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့လက်နက်ကြီး ၊ ဒရုန်းနဲ့ ဗုံးကြဲချမှု‌တွေ ကြောင့် ပြည်သူတချို့ ထိခိုက်ဆုံးပါးမှုတွေ နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှု‌တွေ လည်း ရှိနေတယ်လို့ ဆိုပါတယ်။

တချို့ကျေးရွာ‌တွေမှာ စစ်တပ်က ပြည်သူတွေကို စာသင်ကျောင်း ဒါမှ မဟုတ် ဘုန်းကြီးကျောင်း‌
တွေမှာ ပိတ်လှောင်ထားပြီး လူသားဒိုင်းလုပ်တာ၊ပြည်သူတွေကြိ ရိုက်နှက်တာ၊ ပြည်သူပိုင် ဥစ္စာ
ပစ္စည်းတွေကို ယူနေတယ်လို့လည်း အသိပေးပါတယ်။

"အင်အား ၆၀၀ လောက်နဲ့စစ်ကြောင်းထိုးနေတာ။ရွာတော်တော်များများရှောင်နေကြရတယ်။ဒီမ
နက်လည်း ဗုံးကြဲလို့ သေတဲ့သူတစ်ဦးရှိတယ်"လို့ ရေတာရှည်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ဘေးရှောင်ကူညီရေးအချင်အလက်တွေအရ ပိတောက်ကုန်း၊ အုတ်မြေလူး၊ဆီဆိုင်၊ အေးရွာလေး၊ကျွန်းကုန်း၊ရေတာရှည်လေး၊ ရေငံ၊အင်းကြီးပေါက်၊ခင်တန်းရွာသစ်၊ကံလှ ဂွေးသဲ၊တောင်အင်းကုန်း၊ကြာအင်းကုန်းနဲ့ ကြိတ်ပုတီးတွေ က ဒေသ
ခံတွေ ရွာလုံးကျွတ်စစ်ရှောင်နေရပါတယ်။
❤30👏9🥰2🔥1
စခန်းသိမ်းတိုက်ပွဲအတွင်းမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ/စစ်နပ်ရိက္ခာ၊ စစ်တပ်တွင်းလုံခြုံ​ရေးအချက်အလက်​တွေနဲ့ ​စစ်သားအ​လောင်း​တွေ။ ။ဓါတ်ပုံ-​နေပြည်​တော်PDF
❤34👏14👍5🥰2👻2🔥1
■ရုပ်ရှင်ခံစားမှု

စာဘယ်လိုသင်ချင်ပါသလဲ

Teach You a Lesson(2026)

ဝဇီရာ/People's Spring

ကျောင်းကော်ရစ်တာမှာ ကျောင်းသားတစ်ယောက်က နောက်တစ်ယောက်ကို မျက်နှာတွေ တဖြန်းဖြန်း ရိုက်နေတယ်။ အရိုက်ခံရတဲ့ကျောင်း
သား မျက်နှာမှာလည်း သွေးစသွေးနတွေနဲ့။ ဝင်ဆွဲမယ့်သူလည်း မရှိဘူး။ကျောင်းသားဆိုးကတော့ အနိုင်ကျင့်ခံရတဲ့ ကျောင်းသားလေးကို ပါးတွေချည့်လှိမ့်ရိုက်တယ်။ ကျောင်းသားလေး လဲသွားတယ်။

ကျောင်းသားဆိုးက ဆွဲထူပြီး သူ့ပါးကို ရိုက်စမ်းဆိုပြီး ပြောတယ်။ ကျောင်းသားလေး ဘယ်ရိုက်ရဲမလဲ။ ဒါပေမဲ့ ကျောင်းသားဆိုး ပါးပေါ် လက်ဖဝါးတစ်ခု ကအရှိန်ပြင်းပြင်းရိုက်ချလိုက်တယ်။ ကျောင်းသားဆိုး လွင့်ထွက်သွားတယ်။ သူ့ကို ဘယ်သူရိုက်လိုက်တာလဲလို့ ကြည့်လိုက်တော့ ဆရာတဲ့။ ဒီဆရာကို ဘယ်သူမှမမြင်ဖူးဘူး။ ဆရာအသစ်ရဲ့အပြင်းစားရိုက်ချက်တွေကြောင့် ကျောင်းသားဆိုး ကော်ရစ်တာမှာ မေ့လဲသွားခဲ့တယ်။

ကျောင်းကတာဝန်ရှိသူတွေအပြေးအလွှားရောက်
လာကြတယ်။ခင်ဗျားဘယ်သူလဲမေးတော့ ကတ်
ပြားထုတ်ပြတယ်။ တောင်ကိုရီးယား ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာနက ကြီး
ကြပ်ရေးမှူး နာဟွာဂျင်းပါတဲ့။ အဲဒီဌာနက ဘယ်သူမှ မကြားဖူးကြဘူး။ နာဟွာဂျင်းက ပြန်ဖြေပါတယ်။တည်ထောင်ထားတာ မကြာသေးပါဘူးတဲ့။

ကျောင်းကိုနာဟွာဂျင်းရောက်လာရတဲ့အ
ကြောင်းရင်းကတော့ ကျောင်းတွင်းအနိုင်ကျင့်မှုကြောင့် ကျောင်းသားတစ်ဦး ကျောင်းအ
ဆောက်အအုံပေါ်ကနေ ခုန်ချသေဆုံးသွားတဲ့ဖြစ်စဥ်ကြောင့်ပါ။ ကျောင်းကဆရာတွေက ပြောတယ်။ ကျောင်းသားတစ်ယောက်ကို ဒီလိုရိုက်လို့ရလားတဲ့။ နာဟွာဂျင်းက ပြန်ဖြေပါတယ်။ ရပါတယ်တဲ့။ ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာန ကြီးကြပ်ရေးမှူးမှာ အထူးလုပ်ပိုင်ခွင့် တစ်ခုရှိပါတယ်။ ပညာပေးတဲ့နည်းလမ်းမှာ ဘယ်လိုကန့်သတ်ချက်မှ မရှိဘူးတဲ့။ "စကားနဲ့ပြောလို့ နား
ထောင်တဲ့သူကို စကားနဲ့၊ ရိုက်နှက်မှ နားထောင်တဲ့သူကိုတော့ ရိုက်နှက်ပြီးတော့ပဲဖြစ်ဖြစ် သင်ကြားပေးပါတယ်"တဲ့။ အဆန်းကြီး။

ဆရာ နာဟွာဂျင်းက ပြုံးပြုံးလေး ဆက်ပြောတယ်။ "ဒီကျောင်းမှာ တောင်ကိုရီးယား ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာနကနေ
ဒီနေ့ကစပြီး ပညာပေးဆုံးမသွားပါ့မယ်"တဲ့။

Netflix ကနေ မနေ့က ဇွန်လ ၅ ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့တဲ့ စီးရီးဖြစ်ပြီး အပိုင်း ၁၀ ပိုင်းပါဝင်ပါတယ်။ ဒီဇာတ်ကားကို စတင်ရိုက်ကူးစဥ်ကတည်း
က ပညာရေးလောကရဲ့ ကန့်ကွက်မှုတွေ ရှိခဲ့တယ်လို့ သိရတယ်။ ကျောင်းတွင်းအနိုင်ကျင့်မှုကို ကာကွယ်ဖို့ဆိုပြီး လူကြီးတစ်ယောက် (ဆရာ) က အရွယ်မရောက်သေးတဲ့ ကျောင်းသားတွေကို ပြန်လည်ရိုက်နှက်တာဟာ နောက်ထပ် အကြမ်း
ဖက်မှုပုံစံတစ်ခုကို တရားဝင်အောင် လုပ်ပေးသလို ဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။

ကိုရီးယားနိုင်ငံဟာ ကျောင်းတွေမှာ ဆရာတွေက ကျောင်းသားတွေကို ရိုက်နှက်ဆုံးမတဲ့စနစ်ကို ဥပဒေအရ လုံးဝပိတ်ပင်ထားပြီး ဒီကားထဲကလို ဆရာက ကျောင်းသားကို ရိုက်တာမျိုးကို သူရဲ
ကောင်းဆန်ဆန် ပုံဖော်တာဟာ အတိတ်က ပညာ
ရေးစနစ်ဆိုးဆီကို ပြန်သွားဖို့ လှုံ့ဆော်နေသလို ဖြစ်နေတယ်လို့ထောက်ပြကြပါတယ်။ဘယ်
လောက်ပဲ ဆိုးတဲ့ကျောင်းသားဖြစ်ပါစေ၊ ဥပဒေပြင်ပကနေ ခန္ဓာကိုယ်နာကျင်အောင် လုပ်ပိုင်ခွင့်ကို ဘယ်သူ့ကိုမှ မပေးသင့်ဘူးလို့ ဝေဖန်ခဲ့ကြတာပါ။

တဖက်က အမြင်ကျတော့အပြင်လောကမှာ လက်
တွေ့ဖြစ်ပျက်နေတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှုတွေမှာ ကျောင်းသားလူမိုက်တွေဟာ "အရွယ်မရောက်သေးတဲ့သူတွေအတွက် အကာအကွယ်ပေးထားတဲ့ ဥပဒေကို အသုံးချပြီးလူသတ်တဲ့အထိ ရိုက်နှက်တာတောင် ထိရောက်တဲ့ ပြစ်ဒဏ်မရကြပါဘူးလို့ ဆိုပါတယ်။

လက်ရှိ ကိုရီးယားမှာ ကျောင်းသားတွေနဲ့ မိဘတွေက ဆရာတွေကို ပြန်လည်အနိုင်ကျင့်တာ၊ တရားစွဲတာတွေကြောင့် ဆရာ/ဆရာမတွေ စိတ်ကျရောဂါရပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိ ဖြစ်ရပ်တွေ အများကြီးရှိလာပါတယ်။ ဒီကားက အဲဒီလို ပျက်စီးနေတဲ့ ပညာရေးလောကကို ထိထိရောက်ရောက် သတိပေးလိုက်တာဖြစ်တယ်လို့ ထောက်ခံသူတွေက ဆိုကြပါတယ်။

​ဒီဇာတ်လမ်းတွဲက ပေးချင်တဲ့ သတင်းစကားကတော့ ဆိုးသွမ်းကျောင်းသားတွေကို အား
ပေးအားမြှောက်လုပ်နေတဲ့ ခေတ်သစ်ဥပဒေတွေရဲ့ အားနည်းချက်ကို သရော်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆရာက ကျောင်းသားကို မျက်
နှာညိုမည်းစွဲအောင် ရိုက်နှက်တဲ့ ပြကွက်တွေကတော့ တော်တော်လေး စည်းကျော်ပြီး ရဲတင်းလွန်းတယ်လို့ ဝေဖန်ရေးသမားတွေက သတ်မှတ်ခဲ့ကြပါတယ်။

ပြင်ပလောကမှာ ဇာတ်ကားထဲကလိုသာ ဆိုးသွမ်းကျောင်းသားတွေကို ဆရာက ဆော်ပလော်တီးနေရင်တော့အဲဒီဆရာထောင်ထဲကကိုထွက်ရမှာမ
ဟုတ်ပါဘူး။

ဇာတ်ကားကြည့်ရင်း ကိုယ့်နိုင်ငံက ကျောင်းသားတွေကိုလည်း သတိရမိပါသေးတယ်။ စစ်တပ်အာဏာသိမ်းလိုက်လို့ ကျောင်းတွေမတက်ကြတော့ ပြန်တက်ကြချိန် လူကောင်တွေက ကြီးလာခဲ့တယ်။ ဒီကြားထဲ ပညာရေးစနစ်က ၁၂ တန်းအထိ တိုးလိုက်တော့ ကျောင်းသားတွေက တက္ကသိုလ်ကျောင်းသားအရွယ်တွေ ဖြစ်လာခဲ့တယ်။ လိမ္မာသူတွေရှိပေမဲ့ ဆိုးသွမ်းတဲ့ အရွယ်ကြီးကောင်ကြီးမားတွေကျ ဆရာတွေလည်းမနိုင်။
❤13👍9🤮1
Tiktok မှာလည်း သူတို့တတွေရဲ့ ကျောင်းတွင်းက ရန်ပွဲတွေ မမြင်ချင်မှအဆုံး။ ကျောင်းသားတွေတင်မက ကျောင်းသူတွေလည်း အုပ်စုလိုက်ရန်ပွဲတွေ နွှဲကြပါသေးတယ်။ ဆရာဆရာမဆိုသည်မှာလည်း အရည်အချင်းပြည့်ဝတဲ့ ဆရာတော်တော်များများက CDM လုပ်ထားကြတော့ ကျောင်းတွေမှာ ဖရိုဖရဲတွေဖြစ်။ တချို့ကျောင်းတွေမှာဆို မူး
ယစ်ဆေးဝါးကအစ အလွယ်တကူသုံးစွဲနေကြပြီတဲ့။ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ။ ဖရိုဖရဲဖြစ်နေတဲ့ ကိုယ့်နိုင်ငံက ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ကတော့
ရင်မောစရာချည့်။ ။
👍13🤮3
❤13👍9🥰1🤮1
ဖွင့်ဆိုရှင်းပြ သတင်းစာပညာလက်စွဲစာအုပ်
(The Explainer’s Journalism Handbook)

အခန်း (၁၁) - နိဂုံး

အခုလက်စွဲစာအုပ်ရဲ့ အမှာစာမှာ ဖော်ပြခဲ့တဲ့အတိုင်း သတင်းအချက်အလက်တွေ အလွနအကျွံများနေတဲ့ ကနေ့ခေတ်ကာလမှာ "ဘာဖြစ်သလဲ" ဆိုတာထက် "ဘာကြောင့် အရေးကြီးလဲ" ဆိုတာကို ပိုပြီးအလေးထားတဲ့ ဖွင့်ဆိုရှင်းပြသတင်းစာပညာ (Explainer Journalism) ရဲ့ အရေးပါမှု၊ စိတ်ကူးစိတ်သန်း၊ လိုက်နာသင့်တဲ့အကြံပြုချက်တွေနဲ့ ရေးသားတဲ့ပုံစံတွေကို နမူနာတွေနဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

သတင်းထူး၊ သတင်းဦးတွေကို ဆိုရှယ်မီဒီယာတွေကနေတဆင့် အချိန်နဲ့တပြေးညီ သိရှိနေကြတဲ့ စာဖတ်သူတွေအတွက် သတင်းဌာနတွေရဲ့ အဓိကတာဝန်ဟာ ဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ "ပျောက်ဆုံးနေတဲ့ ကွင်းဆက်တွေ" (Missing Links) ကို ရှာဖွေဖော်ထုတ်ပေးဖို့နဲ့ ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို ရိုးရှင်းစွာ နားလည်သွားစေဖို့ ကူညီပေးတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေသတင်းစာဆရာတွေအနေနဲ့ အခုလက်စွဲစာအုပ်မှာ ဖော်ပြထားတဲ့ အရေးအသားပုံစံတွေ၊ ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ အကြံပြုချက်တွေကို လိုအပ်သလို အသုံးချကာ စာဖတ်သူတို့ရဲ့ နေ့စဉ်ဘဝအပေါ် တကယ်တမ်း သက်ရောက်မှုရှိနိုင်မယ့် ဖွင့်ဆိုရှင်းပြဆောင်းပါးတွေကို ပိုမိုရေးသားလာနိုင်ကြလိမ့်မယ်လို့ ယုံကြည်ရပါတယ်။
❤9👍3🤮1
👍18🤮1
ဖက်ဒရယ်ဦးဆောင်ကောင်စီရဲ့ သံတမန်ရေးရာ ရှင်းလင်းပွဲ နိုင်ငံ ၂၄ခုက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အချို့ တက်ရောက်

ဇွန် ၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ သံတမန်ရေးရာရှင်းလင်းပွဲ ကို ဇွန်လ ၅ရက်က ကျင်းပခဲ့ရာ နိုင်ငံ ၂၄ခုက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းအချို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အသိပေးပါတယ်။

ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး တက်ရောက်တဲ့ နိုင်ငံတွေရဲ့ အမည်ကို အသေးစိတ် ဖော်ပြမထားပေမယ့် SCEF ကိုယ်စားလှယ်တွေက နိုင်ငံတစ်ဝန်း ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများ၊ ပေါင်းစည်းညီညွတ်မှု ရရှိရေးရဲ့ အရေးပါပုံနဲ့ ရေရှည်တည်တံ့သော ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်နိုင်မယ့် အခြေအနေများ ပေါ်ထွန်းလာရေး လုပ်ဆောင်နေမှုတွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

အခု ရှင်းလင်းပွဲဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံရေး မြှင့်တင်ဖို့၊ မြန်မာနိုင်ငံအတွက် အားလုံးပါဝင်သော၊ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ အနာဂတ်သို့ ဦးတည်နိုင်မယ့် လမ်းကြောင်းများပေါ်မှာ ဆက်လက်ဆွေးနွေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် နေမှုတွေရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြတဲ့ သံတမန် ကိုယ်စားလှယ်များအားလုံးကို ကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်။

မြန်မာပြည်သူများနဲ့ အနာဂတ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

အရပ်သားများ ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်လှမ်းမီ ရရှိရေး၊ နိုင်ငံရေး ပါဝင်မှုရဲ့ အရေးပါပုံများနဲ့ လက်ရှိအနေ အထားအောက်မှာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိနိုင်ရန် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြောင်းလည်း အသိပေးပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ လက်နက်ကိုင် ပဋိပက္ခ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အခြေအနေ တစ်ရပ်အဖြစ်သာ သုံးသပ်၍မရကြောင်း SCEFက ပြောကြားပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံဟာ နက်ရှိုင်းသော နိုင်ငံရေး အသွင်ကူးပြောင်းမှုတစ်ရပ်ကို ဖြတ်သန်းနေသော ကာလဖြစ်ပြီး အုပ်ချုပ်ရေး၊ တရားဝင်မှု၊ ကိုယ်စားပြုမှုနဲ့ ရေရှည်တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများနဲ့ ချဉ်းကပ်အဖြေရှာရန် လိုအပ်နေကြောင်း ထောက်ပြခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ပဋိပက္ခရဲ့ မူလဇစ်မြစ်ကို မဖြေရှင်းပါက ရေရှည် တည်တံ့သော တည်ငြိမ်ရေးကို မရရှိနိုင်ကြောင်း အလေးထား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ရေရှည်ငြိမ်းချမ်းရေးအတွက် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး အသွင်ကူးပြောင်းမှု၊ ကျယ်ပြန့်သော ပါဝင်မှုနဲ့ နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာနေတဲ့ အခြေအနေမှန်များကို အသိအမှတ်ပြုခြင်းတို့ လိုအပ်မယ်ဆိုတာလည်း အသိပေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် SCEFဟာ စုပေါင်းနိုင်ငံရေး ပူးပေါင်းညှိနှိုင်းမှု၊ အားလုံးပါဝင်နိုင်မှု၊ တာဝန်ယူမှုရှိသော တည်ငြိမ်ရေး လုပ်ငန်းစဉ်များနဲ့ မြန်မာပြည်သူများရဲ့ မျှော်မှန်းချက်များ၊ မတူကွဲပြားမှုများကို ထင်ဟပ်တဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာနိုင်ရေးအတွက် ထပ်လောင်း ကတိကဝတ်ပြုခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

SCEFဟာ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံရေးမြင့်တင်နိုင်ဖို့ ဆောင်ရွက်နေသလို တဖက်မှာလည်း SCEF စုဖွဲ့မှု ပိုမိုအားကောင်းရေး ကြိုးပမ်းနေကြောင်း SCEF တာဝန်ရှိသူတွေက အသိပေးထားပါတယ်။

SCEFကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ဖွဲ့စည်းခဲ့ကြောင်း မတ်လ ၃၀ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီလို စုဖွဲ့လိုက်တာဟာ နိုင်ငံရေး၊ စစ်ရေး အပါအဝင် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားဖို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ဖြစ်တယ် လို့ အသိပေးထားပါတယ်။
👍31❤12🤮1
(ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အဖွဲ့ဝင်တွေ အစည်းအဝေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - SCEF)
👍27❤9🥰1🤮1
ချောင်းဦးမြို့နယ် စစ်တပ် ဗုံးကြဲလို့ ပြည်သူ ၁ဦး သေဆုံး

ဇွန် ၆ ၊ ၂ဝ၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာကို စစ်တပ်က ဂျွိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၅ ရက် နေ့လယ်ပိုင်းက ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေတက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၄ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် ကိုဝင်းကျော်ဆိုသူ အမျိုးသားတစ်ဦးသေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဂျိုင်ရိုကော်ပတာတွေလာလို့ အဆောက်အဦးကြီးတာအောက် ရှောင်ပုန်းကြတာ နေမှာရယ်။ အဲဒီဆီ ဦးတည်ချတာဆိုတော့ အခုလိုတွေဖြစ်သွားကြတာ။ PDFတွေ နေတယ်ထင်ပြီး သေချာလုပ်တာ။ အထင်လေးနဲ့ သူတို့ကလုပ်တာ။ သေရတာက ပြည်သူတွေ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ ဇွန်လ ၄ ရက်ကလည်း ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

ဇွန်လ ၃ ရက်ကလည်း ချောင်းဦးမြို့နယ်က ဆင်မြေရွာနဲ့ ငါးလုံးတင်ရွာကို ပါရာမိုတာ ၃စီး၊ ဂွိုင်ရိုကော်ပတာ ၃စီး စုစုပေါင်း ၆စီး ဟာ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ်တွေနဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လဆန်းက စစ်တပ်စစ်ကြောင်းဟာ ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

ချောင်းဦးမြို့နယ်ဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာ ၆ ရက်က ချောင်းဦးမြို့နယ်ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲကျင်းပနေချိန် စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲလို့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၄၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ဖူးပါတယ်။
🤬29❤4👎1🔥1
🔥13😢7👎2
စစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုမှန်သမျှ သတိကြီးစွာချင့်ချိန်တွက်ဆဖို့ နိုင်ငံတကာကို ICG အကြံပြု

ဇွန်-၆၊ ၂၀၂၆။ People’s Spring

အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုမှန်သမျှကို သတိကြီးစွာချင့်ချိန်တွက်ဆသင့်ကြောင်း နိုင်ငံတကာအစိုးရတွေကို အပြည်ပြည်ဆိုင်ရာပဋိပက္ခလေ့လာရေးအဖွဲ့(ICG)က အကြံပြုထုတ်ပြန်လိုက်ပါတယ်။

ICG ဟာ ‘မြန်မာ့အုပ်ချုပ်ရေးယန္တရားအသစ် - အသွင်ကူးပြောင်းမှုမဟုတ်ဘဲ စစ်အာဏာကို ပိုမိုခိုင်မာအောင်တည်ဆောက်ခြင်း’ဆိုတဲ့ အစီရင်ခံစာကို ဇွန်လ ၃ရက်မှာထုတ်ပြန်လိုက်ပြီး နိုင်ငံကာအစိုးရတွေအနေနဲ့ မြန်မာ့အရေးကို ဦးစားပေးလုပ်ငန်းစဥ်တစ်ခုအဖြစ် သတ်မှတ်သင့်ကာ အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ထားရှိသင့်ကြောင်း တိုက်တွန်းထားပါတယ်။

စနစ်တကျကြိုတင်စီမံထားတဲ့ ရွေးကောက်ပွဲတွေကတဆင့် တက်လာတဲ့ အုပ်ချုပ်ရေးယန္တရားအသစ် မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတရာထူး ရယူထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အရပ်သားအုပ်ချုပ်မှုယန္တရားအဖြစ် ဟန်ပြမျက်နှာဖုံးတပ်ဆင်ထားပေမယ့် စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုဟာ မြဲမြံစွာတည်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ထောက်ခံမှုကြောင့် အာဏာသိမ်းစစ်တပ်ဟာ သံတမန်ရေးရာနဲ့ စစ်ရေးမျက်နှာစာနှစ်ခုလုံးမှာ အခြေအနေကောင်းများ ရရှိလာကြောင်းလည်း ဖော်ပြပါတယ်။

ဒါပေမဲ့ နေပြည်တော်စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားအသစ်ဟာ နိုင်ငံရေးအရ တရားဝင်မှုမရှိတဲ့အပြင် စီးပွားရေးကျဆင်းမှုတွေကြောင့် မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဟာ သက်ဆိုးရှည်နေဆဲဖြစ်တယ်လို့ ICG က အစီရင်ခံပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က တပ်ချုပ်ရာထူးကနေ အနားယူပြီး နိုင်ငံတော်သမ္မတရာထူး ရယူခဲ့တာဟာ နိုင်ငံရေးအသွင်ကူးပြောင်းမှု ဒါမှမဟုတ် ပဋိပက္ခလျှော့ချရေးတို့ကို ဦးတည်တာထက် ဖိနှိပ်ရက်စက်တဲ့ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာလာအောင်တည်ဆောက်ခြင်းသာဖြစ်တယ်လို့ ICG က သတိပေးပါတယ်။

လက်ရှိကာလကို အောင်မြင်မှုတစ်ခုလို့ သတ်မှတ်ရမယ့်အစား ပိုမိုစိုးရိမ်ရတဲ့ အခြေအနေတရပ်အဖြစ် ရှုမြင်နိုင်တယ်လို့ ICG က ဆိုပါတယ်။

၂၀၂၃-၂၄ နှစ်များအတွင်း နယ်မြေများဆုံးရှုံးရပြီးနောက် စစ်တပ်ဟာ အောင်ပွဲတချို့ ပြန်လည်ရရှိခဲ့ပါတယ်။ အဲဒီအောင်ပွဲများရရှိခြင်းဟာ အဓမ္မစစ်မှုထမ်းစေခိုင်းခြင်းနဲ့ အဆင့်မြင့်တဲ့ ဒရုန်းများ ပိုမိုအသုံးပြုလာခြင်းအပြင် အဓိကအကျဆုံးမှာ တရုတ်ရဲ့အကူအညီရရှိခြင်းကြောင့် ဖြစ်တယ်လို့ ICG က သုံးသပ်ပါတယ်။

စစ်တပ်ဟာ အရင် စစ်မြေပြင်အရှုံးတွေကို ပြောင်းပြန်လှန်နိုင်ခဲ့ပေမယ့် ပြန်လည်သိမ်းပိုက်နိုင်တဲ့ ပမာဏဟာ အာဏာသိမ်းမှုမတိုင်ခင်က ထိန်းချုပ်ခဲ့တဲ့နယ်မြေ အကျယ်အဝန်းအထိ မဟုတ်ကြောင်း ICG က ဖော်ပြပါတယ်။ စစ်တပ်ဟာ အာရက္ခတပ်တော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့လို စစ်ရေးအတွေ့အကြုံပြည့်ဝပြီး ဘဏ္ဍာငွေအင်အားတောင့်တင်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ရင်ဆိုင်ရာမှာ ရုန်းကန်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်းလုံး တည်ငြိမ်အေးချမ်းမယ့် အခြေအနေတရပ်က ဝေးကွာနေဆဲဖြစ်တယ်လို့ ICG က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအတွင်းက မတည်ငြိမ်မှုအကျိုးဆက်ဟာ အိမ်နီးချင်းနိုင်ငံတွေကိုပါ ရိုက်ခတ်နေပြီး နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေးကျဆင်းမှုတို့ကြောင့် အွန်လိုင်ငွေလိမ်စင်တာများပေါများလာခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ဥပဒေပြင်ပ ငွေကြေးစီးဆင်းမှု၊ လူကုန်ကူးမှုစတဲ့ စနစ်တကျ ကြံစည်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ထူပြောလာပြီး အန္တရာယ်များတဲ့ နယ်စပ်ဖြတ်ကျော်လုပ်သားရွှေ့ပြောင်းမှုလည်း မြင့်တက်လာတယ်လို့ ICG က သတိပေးပါတယ်။

နိုင်ငံခြားအစိုးရတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဒုက္ခအကျပ်အတည်းကို မျက်ခြည်မပြတ်စောင့်ကြည့်သင့်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းဟာ လက်တွေ့ကျတဲ့ ရည်မှန်းချက်များ ချမှတ်ထားရှိမှသာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ ပိုမိုထိရောက်စွာ ချဥ်းကပ်နိုင်မှာဖြစ်တယ်လို့ ICG က ဆိုပါတယ်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ ၎င်းတို့ အချင်းချင်းအကြား အရင်ကထက် ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ အဲဒီလို ဆောင်ရွက်ရာမှာ ဖြစ်နိုင်ခြေရှိတဲ့အခါတိုင်း တရုတ်နိုင်ငံနဲ့ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံသင့်ကြောင်း ICG က တိုက်တွန်းပါတယ်။
👍29❤5🥰1😁1🤮1