People's Spring
✔
59.9K subscribers
71.7K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(သရက်ကောင်းပင်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-လူထုသတင်းကွန်ယက်-မလှိုင်မြို့)
🤬33👎5❤3
အာဏာသိမ်းစစ်တပ်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး လော်ဘီလုပ်ပေးနေ

ဇွန်-၆၊ ၂၀၂၆။ သော်မွန်/People’s Spring

အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ဟာ မြန်မာ(အာဏာသိမ်းစစ်တပ်)နဲ့ပတ်သက်လို့ သူတို့ရဲ့ချဥ်းကပ်မှုတွေကို ပြန်လည်သုံးသပ်ဖို့ ဆန္ဒရှိမှုမြင့်တက်လာနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က CNA သတင်းဌာနကို ပြောပါတယ်။

မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပခဲ့တဲ့ ထိပ်သီးညီလာခံမှာ အာဆီယံခေါင်းဆောင်တွေအကြား ဆွေးနွေးမှုတွေက အဲဒီအချက်ကို ညွှန်ပြနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စင်ကာပူအခြေစိုက် CNA သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။

စစ်တပ်လွှမ်းမိုးတဲ့လွှတ်တော်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သမ္မတတင်မြှောက်အပြီး နေပြည်တော်ကို ပထမဆုံးလာရောက်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံရဲ့အခြေအနေတွေ အတော်ကလေးပြောင်းလဲလာနေပြီလို့ ခံစားရကြောင်း ပြောပါတယ်။ အာဆီယံခေါင်းဆောင်တွေက မြန်မာကို အထီးကျန်နိုင်ငံမဖြစ်စေလိုဘူးလို့လည်း သူထင်မြင်ကြောင်း CNA ကို ပြောပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံဟာ အာဆီယံရဲ့လက်ရှိအလှည့်ကျဥက္ကဋ္ဌမဟုတ်သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်ဟာလည်း အာဆီယံရဲ့ပြောရေးဆိုခွင့်ရှိသူမဟုတ်ပါဘူး။

ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတအမည်ခံ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နေပြည်တော်ကို သွားရောက်တွေ့ဆုံပြီးနောက်ပိုင်းမှာ အာဆီယံအနေနဲ့ စစ်အာဏာသိမ်းထားတဲ့ မြန်မာကို ပြန်လည်ထိတွေ့ဆက်ဆံဖို့ ဆော်သြခဲ့သလို အာဆီယံနဲ့ မြန်မာစစ်တပ်ပြန်လည်ထိတွေ့ဖို့ ထိုင်းအနေနဲ့ ပေါင်းကူးတံတားထိုးပေးချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဆီယံကတော့ ပြီးခဲ့တဲ့ စီဘူးထိပ်သီးညီလာခံမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုရော၊ စစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီးကိုရော တက်ရောက်ခွင့်မပြုဘဲ ဆက်လက်ဖယ်ကြဥ်ခဲ့ပါတယ်။ အာဆီယံခေါင်းဆောင်တွေက ၂၀၂၁ ဧပြီကတည်းက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အာဏာသိမ်းမြန်မာစစ်တပ်က လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိတာကြောင့် ထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာပါ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက် နေပြည်တော်ပြန်လာပြီးနောက်ပိုင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ ထိုင်းအနေနဲ့ မြန်မာနိုင်ငံကို သတိကြီးကြီးထား ထိတွေ့ဆက်ဆံဖို့ အကြံပြုခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၅ရက်မှာ CNA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “ငြိမ်းချမ်းရေးဆီ ဦးတည်တဲ့လမ်းက တဆင့်ချင်းသွားမယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ထိတွေ့ဆက်ဆံမှုတွေ လိုအပ်ပါတယ်။ ကျွန်တော် ထင်တာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကလည်း သူတို့ရဲ့ချဥ်းကပ်မှုတွေကို ပြန်လည်သုံးသပ်နေကြပါပြီ” လို့ ပြောပါတယ်။

ထိုင်းဟာ စစ်တပ်ရွေးကောက်ပွဲတွေအပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြုလုပ်နေပေမယ့် ဘန်ကောက်ရဲ့ထိတွေ့ဆက်ဆံမှုက ခြွင်းချက်မရှိ မူဝါဒမဟုတ်ဘူးလို့ ဆီဟာဆက်က ဆိုပါတယ်။

“အာဏာသိမ်းစစ်တပ်(မူရင်းမှာ မြန်မာအစိုးရ)အနေနဲ့လည်း အကြမ်းဖက်မှုလျှော့ချရေး၊ အများယုံကြည်လက်ခံတဲ့ဆွေးနွေးပွဲတွေဖြစ်မြောက်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးရေးစတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို ဖြေရှင်းဆောင်ရွက်ပေးရပါလိမ့်မယ်”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။

အဲဒီလိုလုပ်ဆောင်မှသာ မြန်မာ(စစ်တပ်)အနေနဲ့ အာဆီယံရဲ့လုပ်ငန်းစဥ်တွေမှာ အပြည့်အဝပြန်လည် ပူးပေါင်းပါဝင်လာနိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်လာမှာလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ရည်မှန်းချက်ကတော့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို စွန့်ပယ်လိုက်ဖို့မဟုတ်ဘဲ လက်တွေ့ကျတဲ့နည်းလမ်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရေးကို ရည်ရွယ်တာလို့ ဆီဟာဆက်က ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်ဟာ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့ ပြန်လည်ထိတွေ့မှုတွေကို အားပေးထောက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။ ဇွန်လ ၄ရက်မှာ ပြင်သစ်သမ္မတမက်ခရွန်ရဲ့အကြံပေးနဲ့ တွေ့ဆုံစဥ်မှာ တိုက်တွန်းခဲ့တာဖြစ်ပြီး အာဆီယံချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ရပ်ဟာ အနည်းငယ်တိုးတက်မှုရှိနေပြီလို့ ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်က ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကတော့ မြန်မာအာဏာသိမ်းစစ်တပ်အနေနဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ရာမှာ အားနည်းနေဆဲလို့ မှတ်ချက်ပြုထားပြီး စစ်တပ်က ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်မဖော်မချင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးတို့ကို ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။
🤬30👎7❤2💩2😡1
လက်တွေ့မြေပြင်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ အင်အားအလွန်အကျွံသုံး စစ်ကြောင်းထိုးမှုတွေနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ ကျူးလွန်နေဆဲဖြစ်တယ်လို့ ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားပါတယ်။

နောက်ပြီး ပြည်သူရွေးကောက်ခံ အရပ်သားအစိုးရခေါင်းဆောင် အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ အာဆီယံတို့က တောင်းဆိုထားပေမယ့် အာဏာသိမ်းစစ်တပ်က ဒီနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိပါဘူး။ ဒါကြောင့် အာဆီယံဘုံသဘောတူညီချက် ၅ရပ်ထဲမှာ ပါဝင်တဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးဟာလည်း အလှမ်းဝေးနေဆဲပါ။ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ဧပြီမှာ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်ဆီ ပြောင်းရွှေ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် မိသားစု၊ ရှေ့နေအပါအဝင် အများယုံကြည်ရသူတစ်ဦးတစ်ဖွဲ့နဲ့မျှ တွေ့ဆုံခွင့်မရသေးပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်ဦးဆောင်ပြီး ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သူတွေက အသက်ရှင်ကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်းကို လုပ်ဆောင်နေကြပါတယ်။

ကိုးကား - CNA၊ Thai Enquirer
👎22❤7🖕4💩2😡1
(ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်။ ဓာတ်ပုံ - CNA)
🖕37💩12👎8❤2🔥2
ချင်းတောင်ပိုင်းစစ်မြေပြင်ဟာ စစ်တပ်ထိုးစစ် တပ်လန်အောင်လုပ်ဖို့ အခွင့်အရေးများဆုံးနေရာဟု ချင်းညီနောင် ပြော

ဇွန်-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက် စစ်မြေပြင်ဟာ စစ်တပ်ရဲ့ ထိုးစစ် တပ်လန်အောင်လုပ်ဖို့ အခွင့်အရေးအများဆုံးဖြစ်ကြောင်း ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) အထွေထွေအတွင်းရေးမှူးဆလိုင်းယောမာန်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံတဝန်း ထိုးစစ်ဆင်မှု အခြေအနေတွေနဲ့ ချင်းတောင်ပိုင်း စစ်ရေး အခြေအနေတွေကို ဆလိုင်းယောမာန်က ဒီကနေ့ ကျင်းပတဲ့ ချင်းညီနောင်ရန်ပုံငွေ ရှာဖွေပွဲမှာ ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးတွေမှာ ပြည်သူ့စစ်မှုထမ်းတပ်သားသစ်တွေကို ထိုးကြွေးတာ၊တော်လှန်ရေးတပ်တွေရဲ့ ကျည်ခဲယမ်း ပြုန်းတီးစေဖို့ လူလှိုင်းနဲ့ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်နေကြောင်း ဆလိုင်းယောမာန်က ပြောပါတယ်။

“စစ်ကော်မရှင်တပ်တွေကတော့ နယ်မြေတွေ ပြန်သိမ်းတယ် နယ်မြေတွေ ပြန်ချဲ့ဖို့ လုပ်တဲ့နေရာမှာ အရင်ကထက်ပိုပြီးမှ ကြမ်းတမ်းလာတယ်။ အရင်ကထက် ပို မိုက်ရူးရဲဆန်လာတယ်။ အရင်ကထက် ပိုပြီးမှ သွေးရူးသွေးတန်းဆန်လာတာမျိုးတွေ့ရပါတယ်။ သူတို့ လေကြောင်း တိုက်ခိုက်တဲ့အခါမှာဖြစ်စေ မြေပြင်စစ်ကြောင်းထိုးတဲ့ အခါမှာ ဖြစ်စေပေါ့နော် အကုန်လုံးကို မဲမဲမြင်ရာ သတ်တာ ဖြတ်တာ မီးရှို့တာတွေပေါ့နော်။ ပြီးတော့မှ သူတို့ရဲ့ ပြည်သူ့စစ်ကိုသော်လည်းကောင်း တခြား စစ်ကော်မရှင်တပ်တွေမှာ တချို့ အခြေအနေတွေမှာ မူးယစ်ဆေးဝါးတွေ သုံးပြီးမှ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးတွေ အဲဒါမျိုးတွေ သုံးပြီးမှ အလွန်အကျွံထိုးတက်တဲ့ ပုံစံမျိုးတွေ တွေ့ရပါတယ်။” လို့ ဆလိုင်းယောမာမန်က ပြောပါတယ်။

ချင်းတောင်ပိုင်းက ကန်ပက်လက်ထိုးစစ်မှာ စစ်တပ်ဟာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လို့ ရှေ့တိုးလာနိုင်ပေမယ့် တော်လှန်ရေးတပ်တွေက နေရာယူ တန်ပြန်ထိုးစစ်ဆင်ချိန်မျာ ရှေ့မတိုးနိုင်တော့ဘဲ လေယာဉ်ကို များစွာ အသုံးပြု တိုက်ခိုက်လာနေတယ်လို့ ရှင်းပြပါတယ်။ စစ်ကောင်စီ လေယာဉ်သုံးရင် သူတို့ အကြပ်အတည်းကြုံနေရတာ မှန်းဆနိုင်ကြောင်းလည်း ပြောပါတယ်။

တနိုင်ငံလုံးမှာ လက်မထောင်ပြီးမှ ထင်ရာဆိုင်း နေအိမ်တွေ မီးရှို့နေတဲ့ စစ်တပ်ရဲ့ တပ်တွေ တပ်လန်ဖို့ ဟာ ချင်းတောင်ပိုင်းစစ်မြေပြင်ဟာ ဖြစ်နိုင်ခြေအများအဆုံးလို့ ပြောပါတယ်။

“ချင်းပြည်တောင်ပိုင်းထိုးစစ်မှာတော့ ကျနော်တို့အတွက် အခွင့်အရေးအများဆုံး တပ်လန်သွားအောင် လုပ်ဖို့ အခွင့်အရေးအများဆုံးနေရာ ဒီနေရာပဲဖြစ်တယ်။ အဲဒါကို ကျနော်တို့ ၀ိုင်းဝန်းအားစိုက်ကြမယ်ဆိုရင် တကယ်တပ်လန်သွားအောင်လုပ်နိုင်ဖို့ ဖြစ်နိုင်ခြေအများဆုံး ဒီနေရာပဲရှိတယ် ဆိုတာပေါ့။ ဒါကို အားလုံးအားစိုက်ကြဖို့လိုမယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ကို မရမက တွန်းလှန်ရမယ်လို့လည်း သူက နှိုးဆော်ပါပါတယ်။

“ဒီလောက်ဒီအခြေအနေရောက်ပြီးတော့မှ ဒီလူတွေနဲ့ ကျနော်တို့က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတာမျိုးနဲ့ သွားလို့မရဘူး။ ဒီလူတွေကို မရမက တော်လှန်ရမယ်။ မဖြစ်မနေ တော်လှန်ရမယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

လက်ရှိ တော်လှန်ရေးကနေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းတွေ ပထဝီ အခင်းအကျင်းတွေ အကုန်လုံးကို ပြောင်းလဲ ပစ်ရမယ့် လူထုတော်လှန်ရေးဖြစ်လို့ ပါဝင်ကြဖို့လိုကြောင်းလည်း ပြောပါတယ်။

တော်လှန်ရေးဟာ ဒီတကြိမ်မအောင်မြင်ရင် စစ်အာဏာရှင်တွေ မတရားတဲ့သူတွေ ယုတ်မာအောက်တန်းကျတဲ့ သူတွေကို လုပ်ချင်ရာ လုပ်ခွင့် ပေးလိုက်ရပြီး အမှန်တရားနဲ့ လူသားချင်းစာနာမှုတွေ ထုတ်ပြောလို့ မရတဲ့ အခြေအနေ ကြုံရမယ်လို့ သတိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပုံစံမျိုးစုံ နဲ့ အောက်တန်းကျနေတာဖြစ်လို့ ရန်သူကို ရန်သူလိုမြင်ပြီး အလုပ်ကြိုးစားနေကြောင်းလည်း ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ချင်းတောင်ပိုင်းက ကန်ပက်လက်မြို့ကို မေလ ၁၈ရက်မှာ စတင်ထိုးစစ်ဆင်နေတာဖြစ်ပြီး မင်းတပ်မြို့ကိုတော့ မေလကုန်ပိုင်းမှာ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေပြီး စစ်တပ်က မင်းတပ်၊ ကန်ပက်လက်အပါအဝင် ချင်း-မကွေးအစပ်ဒေသတွေကို လေကြောင်း တိုက်ခိုက်တာ စစ်အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။
❤33👍8👏3🥰2🥴1
(မကွေးတိုင်း ကျောက်ထုမြို့မှ ချင်းပြည်နယ် မင်းတပ်မြို့သို့ ဦးတည်လာတဲ့ စစ်ယာဉ်တန်းကို ၂၀၂၂မတ် ၂၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CDF Mindat)
👍35❤8👎2🥰2🥴1
ငါန်းဇွန်မှာ စစ်ရှောင်တွေရှိတဲ့ဘုန်းကြီးကျောင်း စစ်တပ်စီးနင်းပြီး အဘွားအို ၁ဦး ပစ်သတ်

ဇွန်-၆၊၂၀၂၆။ကတ်သရင်းနှင်း/People's Spring

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီးပြီး အသက်(၈၀)ကျေ ာ်အဘွားအို ၁ဦးကိုသတ်ဖြတ်ကာ ဖုန်းတွေသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၄ရက်က ပျူစောထီး နဲ့စစ်သား ပူးပေါင်း စစ်ကြောင်းဟာ မနက်ပိုင်းမှာ ငါန်းဇွန်မြို့နယ်ကထွက်လာပြီး မြို့တောင်ဘက်က ထွန်းသာကျေးရွာ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းကာ ဆေးကင်းရွာကနေ စစ်ဘေးရှောင်နေတဲ့ အသက်(၈၀) အရွယ် အဘွားအိုကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

အဲဒီဘုန်းကြီးကျောင်းမှာ ဆေးကင်းရွာက စစ်ဘေးရှောင်ပြည်သူ ၇၀ကျော်ရှိပြီး စစ်တပ်က ဝင်ရောက်စီးနင်းချိန်မှာ သံဃာ‌တွေကိုပါ ဝမ်းလျားမှောက်ခိုင်းပြီး စစ်ရှောင်တွေရဲ့ ဖုန်းနဲ့ ဆိုင်ကယ်တွေ သိမ်းယူသွားတယ်လို့ သိရပါတယ်။

" ဘာလို့စစ်ကြောင်းထိုး နေသလဲဆိုတာကို ပြောရခက်ပါတယ်။ပတ်လည်ကို ပတ်ချာလှည့်ထိုးနေတာ။တချို့စစ်ကြောင်း တွေကလူသတ်တယ်။တချို့စစ်ကြောင်း တွေကဘာမှလုပ်မသွားဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့မှာလည်း ငါးဇွန်မြို့ရဲ့ အရှေ့ဘက်က ကျေးရွာတွေကို မနက်ပိုင်းကတည်းက ပျူနဲ့ စစ်သားတွေ စစ်ကြောင်းထိုး နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ၂‌‌၇ ရက်ကလည်း ငါန်းဇွန်မြို့ရဲ့ မြောက်ဘက်က ကုလားရွာနဲ့ဓာတ်တော်ကျေးရွာတို့ကို စစ်တပ်က စီးနင်းပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ဦး သေဆုံးခဲ့ပါတယ်။
🤬34👎4❤2
(အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
🤬31👎6❤2🤮2👍1🖕1
တောင်မော်ဦးရေတပ်စခန်းမှာ အထိနာနေတဲ့ စစ်တပ်က လေးတောင်မြို့ကို ဗုံးကြဲ

▪️စစ်ဘေးရှောင် လူငယ် ၁ဦး သေဆုံး

ဇွန်-၆၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲမှာ သေဆုံးမှုများ၊ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရမ်းဗြဲမြို့နယ် လေးတောင်မြို့ကို အသေခံဒရုန်းနဲ့ ဗုံးကြဲ စစ်သင်္ဘောနဲ့ ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်လူငယ် ၁ဦး သေဆုံးသွားခဲ့ပါတယ်။

မနေ့က ဇွန်လ ၅ ရက် ညနေပိုင်းမှာ စစ်တပ်က လေးတောင်မြို့ကို အသေခံဒရုန်းနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး စစ်သင်္ဘောက လက်နက်ကြီးနဲ့ အကြိမ်ဆယ်ချီ တပြိုင်နက် ပစ်ခတ်ခဲ့တာဖြစ်ပြီး လေးတောင်မြို့ အမှတ်(၂)ရပ်ကွက် တောလယ်ရပ်မှာ ရေနံတူးနေတဲ့အလုပ်သမား ၁ဦး သေဆုံးသွားခဲ့တာပါ။

“မြို့ထဲပါပဲ ဗုံးကျတဲ့နေရာက။ ရေနံတွင်းမှာ အလုပ်လုပ်နေတဲ့ စစ်ရှောင်ကောင်လေး၊ သနားစရာလေးပါ၊ ပင်ပန်း ဆင်းရဲကြတယ်။ စစ်ရှောင်တွေ၊ အဲဒါ တခါတည်းသေသွားခဲ့တယ်” လို့ ရမ်းဗြဲမြို့နယ် လေးတောင်မြို့ခံ တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲမှာ ကာကင်းစခန်းတွေ လက်လွှတ်ထားရပြီး ရေတပ်စခန်းအထိ အာရက္ခတပ်တော်(AA)ထိုးစစ် ရောက်လာခါနီးအချိန်မှာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ မြို့ပေါ်၊ ကျေးရွာတွေထိပါ ဗုံးကြဲတိုက်ခိုက်လာတာပါ။

မနေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူဟာ ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ကျေးရွာမှ စစ်ဘေးရှောင်လာတဲ့ အသက် ၁၉နှစ်အရွယ် မောင်ကြည်အေး ဖြစ်ပြီး ဘယ်ရင်အုံ နှလုံးတည့်တည့်ကို ထိမှန်ခဲ့ပြီး ဆေးရုံအသွား လမ်းခုလတ်မှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင် လူနေကျေးရွာတွေနဲ့ ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်အတွင်းရှိ လူနေကျေးရွာတွေကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်ကလည်း ရမ်းဗြဲမြို့နယ် စပါးတုံကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျွဲ၊ နွားအချို့ သေဆုံးကာ ဇွန်လ ၁ ရက်က ရမ်းဗြဲမြို့နယ် ကြောင်ချတွင်းရွာကို တိုက်ခိုက်မှုမှာလည်း အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သည်။

စစ်တပ်ဟာ ဂျက်တိုက်လေယာဉ် ၃စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန် လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။
🤬31❤8👎2😡2
(ရမ်းဗြဲမြို့နယ် လေးတောင်မြို့ကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🤬32👍4🔥4👎2
ဆွာမကြီးရွာရှိ စစ်တပ်စခန်းကို PDF ပူးပေါင်းတပ်သိမ်းပိုက်ဗိုလ်မှူးအပါအဝင်စစ်သား၂၀ကျော်သေ

■လက်နက်မျိုးစုံ ၁၄ လက်နဲ့ခဲယမ်း​တွေသိမ်းရ

ဇွန်-၆၊၂၀၂၆။ထားမြတ်၊ဖိုးသား/People’s Spring

ပဲခူးတိုင်း၊ဆွာမြို့နယ်၊ဆွာမကြီးစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် ၂၀ ဦးကျော်ဆေသုံး လက်နက်ခဲယမ်းတွေသိမ်းရခဲ့ကြောင်း နေပြည်
တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

နေပြည်တော်တိုင်းစစ်ဌာနရဲ့စစ်ဆင်ရေးအခြေ
အနေကိုဇွန်လ ၆ရက်မှာထုတ်ပြန်ခဲ့တာဖြစ်ပြီး ဇွန်လ ၃ရက်နံနက်အ​စော ၅ နာရီ ၁၀ မိနစ်မှာ
ပဲခူးတိုင်းဆွာမြို့နယ်၊စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်​ရေးအရ အချက်အချာကျတဲ့ဆွာမကြီးရွာတပ်စခန်းကို စခန်းသိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီမနက် ၆ နာရီ ၄၀ မှာရွာသစ်ရွာ တပ်စခန်းကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။အလားတူ ဇွန်လ ၄ ရက်မှာလည်းနတ်မောက်မြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အင်အား ၆၀ ခန့်တပ်စွဲထားတဲ့ ဆွာမကြီးရွာစစ်စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်က တင့်ကားတပ်
ရင်း (တကရ-၆၀၁၇) က ဗိုလ်မှူး ကျော်လင်းအောင်အပါအဝင်စစ်တပ်က ၂၀ ကျော် သေဆုံးပြီး အထိအခိုက်များစွာနဲ့ ဆုတ်ခွာသွားပြီး ​PDF ​တွေက ထိုးစစ်ဆင် တိုက်ခိုက်ပြီး ၁ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ စခန်းကိုသိမ်းနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲဒီစခန်းကို PDF ​တွေက ၂၀၂၅ ခုနှစ်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူး​ပေမယ့် မသိမ်းပိုက်နိုင်ခဲ့ပဲ ဒီတစ်ကြိမ်မှာ သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ နေပြည်
တော်တိုင်းစစ်ဌာန၊တိုင်းတာ၀န်ခံဗိုလ်လကျာ် က​ပြောပါတယ် ။

"မအောင်မြင်တဲ့အကြောင်းအရင်းတွေကို သင်
ခန်းစာယူပြီး ဒီတခေါက်တော့ ရလိုက်တာပေါ့။ဆွာမကြီး ကိုအောင်မြင်လိုက်တာပေါ့။"လို့ ဗိုလ်
လကျာ် က​ပြောပါတယ် ။

ဆွာမကြီးစခန်းဟာ PDF ​တွေကသိမ်းပိုက်ခဲ့တဲ့ အုတ်မြေဒူးစခန်း ၊ရွာသစ်စခန်းတို့အတွက် လူအင်အား နဲ့ လက်နက်ခဲယမ်းရိက္ခာတို့ကိုအဓိက​ထောက်ပံ့တဲ့စခန်းဖြစ်တယ်လို့ သူကဆက်​ပြောပါတယ်။

"စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာဆို ဆွာမကြီးက မိန်းပဲ။ရန်သူ့စစ်ကူလမ်းကြောင်းရော၊ထောက်
ပံ့ရေးလမ်းကြောင်းရောအဓိကဆွာမကြီးပဲ"

ဆွာမကြီးစခန်း သိမ်းပိုက်မှုမှာ လက်နက်မျိုးစုံ ၁၄ လက် နဲ့ စစ်အသုံးအဆောင်တွေ သိမ်းရခဲ့တယ်လို့ သတင်းဓါတ်ပုံ​တွေနဲ့တကွ​ဖော်ပြထား
ပါတယ်။G-3 (၁၁)လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ ပစ္စတို (၁)လက် နဲ့ ကျည်ခဲယမ်းမျိုးစုံ(၁၀၀၀) ကျော် ၊ အီနာဂါ(၅)ခု၊ နင်းမိုင်း (၂)လုံး၊ ၁၄ မိုင်း (၃)လုံး၊ ၆၀ မမ ပို့ယမ်း (၁၅) တောင့် ၊ G3 ကျည်ဘောက် (၇)ဘောက်၊ MA ဘောက် (၂) ဘောက်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးများ ဖြစ်တယ်လို့ ​​ဖော်ပြထားပါတယ်။

ဆွာမကြီးရွာ စစ်ဆင်ရေးကို နေပြည်တော်တိုင်းစစ်ဌာန၊ဗျူဟာအမှတ်(၁၈)၊ဗျူဟာအမှတ်(၁၉)လက်
အောက်ရှိ PDF တပ်ရင်းများနဲ့ နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ပူးပေါင်း တိုက်
ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊နတ်မောက်မြို့နယ်အရှေ့ခြမ်းရှိ ကွင်းကြီးကျေးရွာအနီးမှာလည်း စိုင်ကောင်းရဲစခန်းမှူး လိုက်ပါလာတဲ့ ယာဉ်တန်းကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၇) လက်အောက်ခံ တပ်ရင်း (၉၀၂၊ ၉၀၃)တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စိုင်ကောင်း ရဲစခန်းမှူးအပါအဝင် အရာရှိအချို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားတယ်လို့ ဖော်ပြထားပါတယ်။စစ်တပ်ဘက်
ကလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု၊ဒရုန်းဖြင့် ဗုံး
ကြဲချမှုများကြောင့် ပြည်သူအချို့ ထိခိုက်ဆုံးပါးမှုများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုများလည်း ရှိနေကြောင်း အသိပေးပါတယ်။

အချို့ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ပြည်သူတွေကိုစာသင်ကျောင်း၊ဘုန်းကြီးကျောင်းတွေမှာ ပိတ်လှောင်ထားပြီး လူသားဒိုင်းပြုလုပ်ခြင်း၊ ပြည်သူများအား ရိုက်နှက်ခြင်း၊ပြည်သူပိုင် ဥစ္စာပစ္စည်းများကို ခိုးဝှက်ယူငင်ခြင်းများ ပြုလုပ်နေကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်ကပဲခူးတိုင်းရေတာရှည်မြို့နယ်နဲ့ ဆွာမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေလို့ နေပြည်တော်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိဗျူဟာ(၁၈၊ ၁၉)
တပ်ရင်းများ၊နေပြည်တော်ပကဖများ၊ရေတာရှည် ပကဖ၊ ၃၅၀၄ တပ်ရင်း၊ ပူးပေါင်း မဟာမိတ်များနဲ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွါးလျက်ရှိဟုလည်း အသိပေးထားပါတယ်။

အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊နေပြည်တော်တိုင်းစစ်ဌာနအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)ရဲ့ လမ်းညွှန်ချက်များအတိုင်း ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံကာ နေပြည်တော်ကို ဝိုင်းပတ်ပြီး စစ်ဆင်ရေးအရှိန်
အဟုန်မြှင့် ကာ စစ်ကောင်စီတပ်ကို ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်နေတယ်လို့ လည်း ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့လည်း စစ်ကောင်စီကို စစ်မျက်နှာအသီးသီးမှာတိုက်ပွဲဝင်လျက်ရှိရာ ပြည်သူတွေအနေနဲ့လည်း PDF တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ကူညီဖေးမ ကြဖို့လည်း​နေပြည်​တော်တိုင်းစစ်ဌာနက မေတ္တာရပ်ခံထားပါတယ်။
❤43👏6🔥2🥰2
ပဲခူးတိုင်း၊စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက စစ်ရေးအရ အရေးပါတဲ့ စစ်တပ်စခန်း(ဆွာမကြီးစခန်း)
ကို နေပြည်တော်တိုင်းစစ်ဌာနက သိမ်းပိုက်လိုက်ပါတယ်။

စစ်တပ်က အင်အား ၆၀ ၀န်းကျင်နဲ့တပ်စွဲထားတဲ့ ဆွာမကြီးစခန်းကို ဇွန်လ ၃ ရက်မနက် ၆ နာရီခွဲမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ဗိုလ်မှူးအဆင့်အပါအ၀င် သေဆုံးသူ ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန တိုင်းတာ၀န်ခံ ဗိုလ်လကျာ်က ဆိုပါတယ်။

"အရင်နှစ်က ၂၀၂၅ မှာတခါသိမ်းဖူးတယ်။တပြိုင်တည်းမှာပဲ စစ်ဆင်ရေးလေးခု တပြိုင်တည်းလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ သိမ်းဖူးတယ်။အဲဒီတုန်းက မအောင်မြင်ခဲ့ဘူး။မအောင်မြင်တာ အကြောင်းအရင်းတွေရှိပါတယ်။မအောင်မြင်တဲ့အကြောင်းအရင်းတွေကို သင်ခန်းစာယူပြီး ဒီတခေါက်တော့ ရလိုက်တာပေါ့။ဆွာမကြီး ကိုအောင်မြင်လိုက်တာပေါ့"လို့ သူက လူထုနွေဦးကို ပြောပါတယ်။

ဆွာမကြီးစခန်းဟာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက အဓိက ပင်မစခန်းတစ်ခုဖြစ်ပြီး အုတ်မြေတူး နဲ့ ရွာသစ် ရွာတွေက စစ်တပ်စခန်းတွေကိုပါ လူနဲ့ ရိက္ခာထောက်ပံ့ပေးနေတာလို့ အသိပေးပါတယ်။

"စခန်းနှစ်ခုကို ပင်မ မိန်းထောက်ပံ့နေတဲ့ အခြေခံစခန်းဖြစ်တယ်။အဓိက အုတ်မြေဒူးစခန်းရယ်။ရွာသစ်စခန်းရယ်။အရင်တခေါက်က ရွာသစ်လည်း သိမ်းဖူးတယ်။အုတ်‌မြေဒူးစခန်းကိုလည်း သိမ်းဖူးတယ်။အောင်အောင်မြင်မြင်သိမ်းဖူးတယ်။အဲဒီစခန်းနှစ်ခုကိုထောက်ပံ့ပေးနေတာက လူအင်အားပို့ပြီးစစ်ကူပေးတာတွေက ပင်မက ဆွာမကြီးဖြစ်တယ်။ဆွာမကြီးက အဓိက ပင်မလမ်းကြောင်းဖြစ်တယ်။စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာဆို ဆွာမကြီးက မိန်းပဲ။ရန်သူ့စစ်ကူလမ်းကြောင်းရော၊ထောက်ပံ့ရေးလမ်းကြောင်းရော အဓိက ဆွာမကြီးပဲ"လို့ နေပြည်တော်တိုင်း စစ်ဌာန တိုင်းတာ၀န်ခံက သိမ်းဆည်းရရှိတဲ့ စခန်းအခြေအနေကို ရှင်းပြပါတယ်။

ဆွာမကြီး စခန်းတိုက်ပွဲမှာ တကရ (၆၀၁၇) တင့်ကားတပ်ရင်းက ဗိုလ်မှူး ကျော်လင်းအောင် (ကြည်း - ၄၄၇၂၉) အပါအဝင်စစ်တပ်ဘက်က ၂၀ ကျော် သေဆုံးပြီး ကျန်ရန်သူတွေက အထိအခိုက်တွေနဲ့ ဆုတ်ခွါထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကနေ G-3 (၁၁)လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ ပစ္စတို (၁)လက် နဲ့ ခဲယမ်းမျိုးစုံ(၁၀၀၀) ကျော် ၊ အီ နာဂါ(၅)ခု၊ နင်းမိုင်း (၂)လုံး၊ ၁၄ မိုင်း (၃)လုံး၊ ၆၀ မမ ပို့ယမ်း (၁၅) တောင့် ၊ G3 ကျည်ဘောက် (၇)ဘောက်၊ MA ဘောက် (၂) ဘောက် သိမ်းဆည်းရရှိတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဇွန်လ ၄ ရက်ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကွင်းကြီးကျေးရွာအနီးမှာ စိုင်ကောင်းရဲစခန်းမှူး လိုက်ပါလာတဲ့ ယာဉ်တန်းကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၇) လက် အောက်ခံ တပ်ရင်း (၉၀၂၊ ၉၀၃)တို့ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့သမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စိုင်ကောင်း ရဲစခန်းမှူးအပါအဝင် အရာရှိအချို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားတယ်လို့ ‌ဖော်ပြပါတယ်။

လက်ရှိမှာစစ်တပ်ကစစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရေတာရှည်မြို့နယ် နဲ့ ဆွာမြို့နယ်အတွင်းက ကျေးရွာတွေထဲစစ်ကြောင်းထိုးဝင်ရောက်နေပြီး တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့လက်နက်ကြီး ၊ ဒရုန်းနဲ့ ဗုံးကြဲချမှု‌တွေ ကြောင့် ပြည်သူတချို့ ထိခိုက်ဆုံးပါးမှုတွေ နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှု‌တွေ လည်း ရှိနေတယ်လို့ ဆိုပါတယ်။

တချို့ကျေးရွာ‌တွေမှာ စစ်တပ်က ပြည်သူတွေကို စာသင်ကျောင်း ဒါမှ မဟုတ် ဘုန်းကြီးကျောင်း‌
တွေမှာ ပိတ်လှောင်ထားပြီး လူသားဒိုင်းလုပ်တာ၊ပြည်သူတွေကြိ ရိုက်နှက်တာ၊ ပြည်သူပိုင် ဥစ္စာ
ပစ္စည်းတွေကို ယူနေတယ်လို့လည်း အသိပေးပါတယ်။

"အင်အား ၆၀၀ လောက်နဲ့စစ်ကြောင်းထိုးနေတာ။ရွာတော်တော်များများရှောင်နေကြရတယ်။ဒီမ
နက်လည်း ဗုံးကြဲလို့ သေတဲ့သူတစ်ဦးရှိတယ်"လို့ ရေတာရှည်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ဘေးရှောင်ကူညီရေးအချင်အလက်တွေအရ ပိတောက်ကုန်း၊ အုတ်မြေလူး၊ဆီဆိုင်၊ အေးရွာလေး၊ကျွန်းကုန်း၊ရေတာရှည်လေး၊ ရေငံ၊အင်းကြီးပေါက်၊ခင်တန်းရွာသစ်၊ကံလှ ဂွေးသဲ၊တောင်အင်းကုန်း၊ကြာအင်းကုန်းနဲ့ ကြိတ်ပုတီးတွေ က ဒေသ
ခံတွေ ရွာလုံးကျွတ်စစ်ရှောင်နေရပါတယ်။
❤30👏9🥰2🔥1
စခန်းသိမ်းတိုက်ပွဲအတွင်းမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ/စစ်နပ်ရိက္ခာ၊ စစ်တပ်တွင်းလုံခြုံ​ရေးအချက်အလက်​တွေနဲ့ ​စစ်သားအ​လောင်း​တွေ။ ။ဓါတ်ပုံ-​နေပြည်​တော်PDF
❤34👏14👍5🥰2👻2🔥1