People's Spring
✔
59.9K subscribers
71.7K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
■အ​တွေးအမြင်

အာဏာသိမ်း​ခေါင်း​ဆောင်ရဲ့ ဘာသာပြန်

-ဘရန်ဆိုင်းနော်/ People's Spring

အာဏာသိမ်းခေါင်းဆောင်ရဲ့ အိန္ဒိယအပြန်ခရီးမှာ ဒေါက်တာခိုင်ခိုင်စိုးဆိုတဲ့အမျိုးသမီးအကြောင်း၊ဦးထုပ်အနက်ကြီးဆောင်ထားတဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင်ဦးအောင်ကိုဝင်း ဦးဆောင်တဲ့ ခရိုနီတစ်သိုက်အကြောင်းလူပြောများနေပေမယ့် သူ့တို့ထက်ပိုပြီး အာဏာရှင်ကိုကူညီ​နေသူတစ်ယောက်ကိုတော့ဘယ်သူမှသတိမထားမိလိုက်ကြပါဘူး။

ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ဆိုတဲ့ ပုဂ္ဂိုလ်ပါ။

ဒေါက်တာခိုင်ခိုင်စိုးက မြန်မာလူထုကိုဦးတည်တဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးလက်နက်ငယ်ဆိုရင် ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က အာဏာလုစစ်တပ်အာဘော်တွေကို နိုင်ငံတကာခေါင်းဆောင်တွေနားထဲ တိုင်ရိုက်သွတ်သွင်းပေးနိုင်စွမ်းရှိတဲ့ ဝါဒဖြန့်ချိရေးအနုမြူဗုံးပါပဲ။

ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က ရှမ်းတိုင်း
ရင်းသားတစ်ဦးဖြစ်ပြီး စစ်တက္ကသိုလ် (DSA)
ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၄ ဆင်းဖြစ်ပါတယ်။မင်းအောင်လှိုင်ရဲ့ အထူးယုံကြည်အားကိုးခြင်းခံရတဲ့ လက်စွဲတော် Interpreter (စကားပြန်) ဖြစ်ပြီး အင်္ဂလိပ်အသံထွက် ကောင်းပါတယ်။

လူမှုဆက်ဆံရေးပါးနပ်ပြီးအာဏာသိမ်းခေါင်း
ဆောင်မျက်စိကျအောင် စွမ်းဆောင်နိုင်ပါတယ်။ စစ်ခေါင်းဆောင်က နိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့ခွင့်ရတိုင်း သူမတတ်တဲ့ အင်္ဂလိပ်စကားအတွက် ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ကို အများဆုံး ခေါ်သုံးပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း သွားခဲ့တဲ့နိုင်ငံခြားခရီးစဥ်တိုင်းမှာ သူ လိုက်ပါခွင့်ရခဲ့ပါတယ်။ ဒီလိုခေါ်သုံးလွန်းအား
ကြီးလို့ တပ်ချုပ်ကြီးရဲ့မျက်နှာသာပေးခံရတယ်ဆိုပြီး စစ်တပ်အသိုင်းအဝိုင်းInterpreter ကြားမှာ မျက်မုန်းကျိုးခံရသူဖြစ်ပါတယ်။

"တပ်ချုပ်ကြီးက စိုင်းစိုင်းလို့ခေါ်တာ။လူကြီးခရီး
စဉ်ဆို သူပဲ။ မျက်နှာသာလည်းအပေးခံရတယ်။ မြိုးမြိုးမြက်မြက်လည်းရတတ်တယ်" လို့ စစ်တပ်အသိုင်းအဝိုင်းသတင်းရင်းမြစ်က ဆိုပါတယ်။

ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က သူနဲ့ သူ့မိသားစုလုံခြုံရေးအန္တရာယ်ကြောင့် လူတွေအာ
ရုံစိုက်မှာကို ရှောင်လွှဲဖို့လူမြင်ကွင်းနဲ့ ရုပ်သံကင်မ
ရာတွေရဲ့ ကွယ်ရာမှာ သ်ိုသိုသိပ်သိပ်နေလေ့ရှိပါတယ်။ဒါပေမယ့် နိုင်ငံတကာမှာလူရာဝင်ချင်တဲ့ အပယ်ခံစစ်ဘုရင် မင်းအောင်လှိုင်က အိန္ဒိယနိုင်ငံထဲကို မျက်နှာအောက်ကျို့ဝင်ပြီး လူရှေ့သူရှေ့ကို အတင်းကာရောထွက်ပြချိန်မှာတော့သူလည်း
ပုန်းရှိုးကွယ်ရှိုးနေလို့မရတော့ပါဘူး။

အိန္ဒိယခရီးစဉ်မှာ ဝန်ကြီးချုပ်မိုဒီ နဲ့စစ်ခေါင်း
ဆောင်မင်းအောင်လှိုင်ကြားမှာ ဘာသာပြန်ပေးနေတဲ့ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ရဲ့ ဓာတ်ပုံမှတ်တမ်းတွေက ဖုံးမရ၊ဖိမရရအောင်ပေါ်လာခဲ့ပါတယ်။

မြစ်ကြီးနားမြို့က အဆင့်မြင့်တဲ့ KTV အခန်းတစ်ခုမှာ ဖျော်ဖြေရေးမိန်းကလေးတစ်သိုက်နဲ့ အပျော်
ကြူးနေတဲ့စစ်တပ်အရာရှိဟောင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကအဲ့ဒီဓာတ်ပုံကို လူမှုကွန်ရက်ကတဆင့်မြင်ရချိန်မှာ ဟားတိုက်ရယ်မောပြီး ဆဲရေးတိုင်းထွာတဲ့အထိ မျက်စိ စပါးမွှေးစူးခံရသူဖြစ်ပါတယ်။ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်အကြောင်း ဒီဆောင်းပါးက စစ်တပ်အရာရှိတွေနဲ့စီးပွားရေးလုပ်ငန်းရှင်အချို့ ဖျော်ဖြေရေးမယ်တွေနဲ့အတူ တောင်ယာဝင်ချိန်သီချင်းကို အတူတူဆိုခဲ့ကခဲ့ကြတဲ့ KTV ကနေ စတင်ခဲ့တာပါ။

ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က စစ်ခေါင်း
ဆောင်အပေါ် အစဉ်တစိုက်သစ္စာခံခဲ့သူဖြစ်ပါတယ်။၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတော့နှစ်လ
အကြာ နေပြည်တော်မှာ CNN သတင်းဌာနက ဗိုလ်ချုပ်ဇော်မင်းထွန်းကိုအင်တာဗျူးတော့ စကားပြန်ဖြစ်လုပ်ပေးတာလည်း သူပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လူထုတော်
လှန်ရေးနဲ့ပတ်သက်ပြီး လက်ရှိနိုင်ငံရေးအခြေ
အနေတွေကို CNN သတင်းထောက်က မေးမြန်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေရင် ဒေါ်အောင်ဆန်းစုကြည်ကို " မိုက်လိုက်တာငါ့သမီးရယ်"လို့ ပြောမယ်လို့ယုံကြည်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေခဲ့ဖူးပါတယ်။ ဒီအဖြေကို "How stupid my daughter" လို့ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က CNN သတင်းဌာနကို ဘာသာပြန်ပေးခဲ့ပါတယ်။ CNN သတင်းဌာနနဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း ရုပ်သံအင်တာဗျူးကို YouTube မှာ ပြန်ရှာကြည့်ပါ။ မျက်နှာကိုမဖော်ပြခဲ့ဘဲ ကင်မရာကိုကျောခိုင်းထားတဲ့အနေ
အထားနဲ့ ဘာသာပြန်ပေးနေသူဟာ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ပါပဲ။

သူဟာ စစ်တပ်အတွက်လိမ်လည်ဝါဒဖြန့်ရင်း လူပြက်လို့ ပြည်သူတွေက ပြစ်တင်ရှုတ်ချထားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကစိတ်ထင်ရာ လျှောက်ပြောနေတာကို နိုင်ငံတကာအထိပေါက်အောင် ကြားခံဝါဒဖြန့်သူ ဖြစ်သလို အင်္ဂလိပ်စာကို မီးကြိုးမောင်းပျက်တောင်မတက်တဲ့ စစ်ခေါင်းဆောင်ပြောနေသမျှကိုလည်း နိုင်ငံခေါင်းဆောင်တွေနားထဲကို သွတ်သွင်းပေးနေသူလည်းဖြစ်ပါတယ်။

တရုတ်၊ ရုရှ၊ ဘယ်လာရုလို့ အာဏာရှင်နိုင်ငံတွေအပြင် အိန္ဒိယလိုနိုင်ငံရဲ့ခေါင်းဆောင်တွေကပါ စစ်အာဏာရှင်လက်အောက်က မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေကိုမမြင်ဘဲ စစ်တပ်ကိုထောက်ခံပေးနေတာတွေရဲ့ လက်သည်တရားခံတွေထဲမှာ ဒုတိ
ယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်တို့လို စစ်တပ်လက်
စွဲတော် Interpreter (စကားပြန်) တွေပါဝင်နေပါတယ်။
💩26❤15👍6🥴4🖕2
တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကိုသူဦးဆောင်လုပ်မယ်လို့ ဟစ်ကြွေးထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က Ethnic Armed Organizations (EAOs) ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သတ်တဲ့အသုံးအနှုန်းကိုတောင် အသံထွက်ရောစာလုံးပေါင်းအမှန်ပါ မပြောတတ်ပါဘူး။ အိန္ဒိယခရီးစဉ်မှာ သတင်းဌာနတစ်ခုနဲ့အင်တာဗျူးတော့ EAOs ဆိုတာကို မီးကြိုးမောင်းပျက်အသံထွက်နဲ့ ပြောသွားလို့ ငတုံးငအအဖြစ် လှောင်ပြောင်ခံနေရပြန်ပါတယ်။ ဒါပေမယ့် ဒုတိ
ယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ကျေးဇူးနဲ့ အိန္ဒိယအစိုး
ရကို လိမ်တယ်ဝါဒဖြန့်နိုင်ခဲ့ပါတယ်။

ဇော်မဲလုံးလို့လူသိများတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းနေရာမှာ အာဏာရှင်ရဲ့ပြန်ကြားရေးတာဝန်ခံအနေနဲ့ လူရှေ့သူရှေ့ကိုထွက်လာတဲ့နေပြည်တော်လူ
ဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကတော့ အခုအချိန်မှာလူထုရဲ့မျက်မုန်းကျိုးမှုနဲ့ဆဲရေးတိုင်း
ထွာခံနေရပြီဖြစ်ပါတယ်။စစ်တပ်အတွက် လိမ်
လည်ဝါဒဖြန့်မိတဲ့အကျိုးဆက်ကြောင့် ဇော်မဲလုံးနဲ့ယှဉ်ပြီး ဆဲဆိုခံနေရပါပြီ။ ဧရာဝတီသတင်းဌာနကဆိုရင် "နေပြည်တော်ပြောရေးဆိုခွင့်ရှိသူသစ်က ရယ်ရမလား"လို့ သရော်ထားပါတယ်။

အရင်က သက်တောင့်သက်သာနေခဲ့ပေမယ့် အခုတော့ လူတောမတိုးရဲတော့ပါဘူး။ လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ သူ့မိသားစုပုံတွေကို hide လုပ်လိုက်ရပါပြီ။၅နှစ်လုံးလုံး သိုသိုသိပ်သိပ်နေခဲ့တဲ့ နောက်ကိုဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်တစ်ယောက်လည်းဒေါက်တာခိုင်ခိုင်စိုးထုံးကို နှလုံးမူရဖို့ ရှိနေပါပြီ။ ။

(
💩35👍6🥴4❤2🖕2👎1
မင်း​အောင်လှိုင်နဲ့စကားပြန် ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ် တို့ကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ နဲ့သူ့စကားပြန်တို့နဲ့အတူ​တွေ့ရစဥ်
👎31💩23🖕17❤3👍2🤮1
နတ်ရေကန်ငရဲခန်းမီးက ထင်ထားတာထက် ပိုပြီး စစ်တပ်ကို လှိုက်လောင်ကျွမ်းနေပါတယ်။ ဒီအခြေအနေတွေကို ရေငုံနုတ်ပိတ်နေခဲ့တဲ့ စစ်သုံ့
ပန်းတွေက တော်လှန်ရေးရဲဘော်တွေကိုယုံကြည်လာကြတဲ့အခါ ထုတ်ဖော်ပြောကြားလာကြတာပါ။

၂၀၂၅ခုနှစ် စက်တင်ဘာလက တိုက်ပွဲတွေမှာ စစ်တပ်က ရှေ့တန်းစစ်မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့စစ်သင်တန်းဆင်းတွေကို အစုလိုက် အပြုံလိုက်လိုက်သတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီအချိန်ကတိုက်ပွဲတွေမှာ နတ်‌ရေကန်ဗျူဟာရဲ့ရှေ့တန်းကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းတပ်တွေက တစ်ခုပြီးတစ်ခုသိမ်းပိုက်ခဲ့ပါတယ်။ ဗျူဟာကိုဝိုင်းပိတ်ပြီးတိုက်ခိုက်နေစဉ်မှာ စစ်တပ်အင်းအားရာချီပါတဲ့ စစ်ကြောင်းသုံးကြောင်းနဲ့ နောက်ကနေ ပြန်ဝိုင်းပါတယ်။ AAနဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အခါ အဲဒီစစ်ကြောင်းတွေလည်း ရှေ့မတိုးရဲတော့တဲ့အခြေအနေဖြစ်လာပါတယ်။ ဒီအချိန်မှာပဲ ဇာတ်တူသားကို ပြန်စားမယ့် စစ်ဘီလူးတွေ နတ်ရေကန်ဗျူဟာမှာ ပွဲတော်တည်တာဖြစ်ပါတယ်။

“မတက်ရင် ပစ်သတ်မယ်ဆိုပြီး ‌နောက်ကနေ ပစ်တာ။ နောက်ပြီး ပစတွေရော စစ်သားတွေပါ အစုလိုက်ရှိနေကြတဲ့နေရာကိုဒရုန်းနဲ့ ဗုံးကြဲတာ။ အသေတော်တော်များပြီး ကျနော်တို့ဖမ်းမိတာတွေလည်းများတယ်”လို့ စစ်မြေပြင်ကတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

”နောက်ကျည်နဲ့ပဲ သေတာ မနည်းဘူး။ဒရုန်းကိုပဲပြန်ရှောင်နေကြရတာလို့ပြောတယ်။ခြေထောက်ပြတ်ပြီးဒဏ်ရာရတဲ့သူတွေ(စစ်သား​တွေ)ဆိုရင်သယ်လို့မရတော့မယ့်အတူတူဆိုပြီး သတ်ပစ်တာ” လို့ ​တော်လှန်​ရေးရဲ​ဘော်က ​ပြောပါတယ်။

AAထုတ်ပြန်ခဲ့တဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်သံနဲ့ဝန်
ခံချက်​တွေမှာနတ်ရေကန်တိုက်ပွဲအတွင်း အသား
စားကြူးတဲ့ စစ်ဘီလူးရဲ့ အင်္ဂါရုပ်ကို စစ်သုံ့ပန်းတွေက ဖွင့်ချထားပါတယ်။


https://www.ludunwayoo.com/feature-mm/2026/06/05/159057/
👍43🤮3❤2👏2👎1😢1🥴1
“မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်”

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရဲ့မလှမ်းမကမ်းမှာရှိတဲ့ မြစ်ခြေမြို့က အမျိုးသမီးတစ်ဦးက အဝေးတနေရာမှာ အလုပ်လုပ်နေတဲ့ သူ့သမီးစိတ်သက်သာရအောင် မီးလောင်ပြင်အနီးကနေ ထွက်ပြေးခါနီး အားတင်းပြောလိုက်တဲ့စကားသံပါ။

အားပေးစကားပြောတဲ့ မိခင်ရဲ့ရှေ့ ခပ်လှမ်းလှမ်းမှာတော့ နေအိမ် တွေမီးဟုန်းဟုန်းတောက်လောင်နေပြီး ကောင်းကင်ပေါ် မီးခိုးတွေ အလိပ်လိုက်အလိပ်လိုက်တက်နေပါတယ်။မေလ၂၈ ရက်နေ့က ဒီမြင်ကွင်းကို မိသားစုစားဝတ်နေရေးအတွက် အဝေးတစ်နေရာမှာအလုပ်လုပ်နေရတဲ့သမီးဖြစ်သူကလည်း လူမှုကွန်ယက်ကတစ်ဆင့်မြင်တွေ့ရပါတယ်။ မိသားတစုလုံးလုပ်အားနဲ့ ကုတ်ခြစ်စုဆောင်းပြီး ဆောက်ထားတဲ့အိမ် မိနစ်ပိုင်းအတွင်းမီးလောင်တိုက်သွင်းခံရတာကို ထိုင်ကြည့်နေရတဲ့မိခင်ဖြစ်သူရဲ့ဝမ်းနည်းပူဆွေးမှုကို သမီးဖြစ်သူက အခုလိုရင်ဖွင့်ရှာပါတယ်။

ငါ့သမီး အမေတို့အတွက် စိတ်မပူနဲ့တော့တဲ့။ မကျန်လည်း ဘာတတ်နိုင်မလဲတဲ့။သူ့စိတ်တွေ လျှော့ချလိုက်တယ်ထင်ပါတယ်။ လေသံတိုးတိုးလေးနဲ့ရယ်”

တစ်နေရာစီရှိနေကြတဲ့ သားအမိအပြင် လူနှစ်သောင်းနီးပါးရဲ့ အိုးအိမ်တွေကို မီးလောင်တိုက်သွင်းနေသူတွေကတော့ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့လက်သည်တရားခံ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုပဲဖြစ်ပါတယ်။

https://youtu.be/f3sqUOiacfQ?si=5t4abAMs6RdjO03j
😢46👍3🥴2❤1🔥1
အာရက္ခထီ စိတ်ဝင်စားမှုများပြီး ဝယ်ယူသူများပြား

ဇွန်-၆၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)က ရောင်းချနေတဲ့ ထီလက်မှတ်တွေကို ပထမဆုံးလမှာ စိတ်ဝင်တစားဝယ်ယူသူအများအ ပြားရှိနေပြီး ရခိုင်ပြည်တွင်းအပြင် ပြည်မနဲ့ ပြည်မရောက်နေသူတွေပါ ဝယ်ယူကြတယ်လို့ထီလက်မှတ်ရောင်းချသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်မြို့နယ်၁၄ ခု၊ ချင်းပြည်နယ် ပလက်
၀မြို့နယ်တို့ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေး ၊ တရားစီရင်ရေးနဲ့ ပြည်သူ့​ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်နေတဲ့ AA ဟာ တလမှာတကြိမ်ဖွင့်လှစ်မယ့် အာရက္ခလောင်​ပေါ်(အာရက္ခထီ)ကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကနေ စတင်ရောင်းချနေခဲ့တာပါ။

“စရောင်းတဲ့နေ့မှာပဲ ဝယ်တဲ့သူတွေ အရမ်းများတယ်။ပြည်ပကလူတွေရော၊ကျွန်မတို့ဆီကို ဆက်သွယ်ပြီး ဝယ်ကြ တယ်။ တနေ့ကုန်ရောင်းတာ ဝယ်တဲ့လူက မစဲဘူး။ တော်တော် စိတ်ဝင်စားမှုရှိတယ်ပြောရမယ်” လို့ AA လက် အောက်ခံအခွန်ဌာနမှ ဝန်ထမ်းတဦးက ပြောပါတယ်။

အမြင့်ဆုံးဆုကျပ်သိန်းငါးရာပါဝင်တဲ့အဲဒီထီလက်
မှတ်တွေကို AA လက်အောက်ခံ အခွန်ဌာနကနေ ရောင်းချနေ တာဖြစ်ပြီး နောက်လတွေမှာတော့
အရောင်းကိုယ်စားလှယ်တွေကို ခွဲဝေရောင်းချစေမယ်လို့ အခွန်ဌာန တာဝန်ရှိ သူတွေက ပြောပါတယ်။

မြောက်ဦးမြို့နယ်မှ ထီထိုးသူအမျိုးသမီးတဦးက “ကျွန်မဆိုရင် အစောင် ငါးဆယ်ထိုးထားတယ်။ ငါးသောင်းဖိုးတစောင်ကိုတထောင်ဆိုတော့ စျေးလည်း မကြီးဘူးလေ။ လူတိုင်း ထိုးနိုင်တဲ့စျေးဖြစ်တယ်။ သာမာန် လက်လုပ် လက်စားတွေတောင် အနည်းဆုံးနှစ်စောင်၊သုံးစောင်လောက်ကထိုးကြတယ်” လို့ ပြောပါတယ်။

AA က ရောင်းချတဲ့ထီမှာထီဆုတွေအနေနဲ့ ဂဏန်း
ခြောက်လုံးတူ ပထမဆု ကျပ်သိန်းငါးရာ၊ ဂဏန်းခြောက်လုံးတူ ဒုတိယဆု ကျပ်သိန်းသုံးရာ၊ ဂဏန်းခြောက်လုံးတူ တတိယဆု ကျပ်သိန်းတရာ နဲ့ ကျပ်သိန်း ငါးဆယ်တန် စတုတ္ထ ဆုခြောက်ဆု၊ ကျပ်ဆယ်သိန်း တန် ပဉ္စမဆု ဆယ်ဆု၊ ကျပ်ငါးသိန်းတန် ဆဌမဆု နှစ်ဆယ်ဆု၊ စုစုပေါင်း ဆု ၃၉ ဆု ပါဝင်ပါတယ်။

စုစုပေါင်းဆုကြေးငွေကျပ်သိန်း ၁၄၀၀ ပါဝင်တဲ့ AA ရဲ့ ထီကို တစ်လမှာ တကြိမ်ဖွင့်လှစ်မှာဖြစ်ပြီး ပထမဆုံးလအ တွက် ထီကို လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။

“အခုရောင်းတာခြောက်ရက်ပဲ ရှိသေးတယ်။ သိန်းတစ်ထောင်ကျော်ရင်တောင် တစ်ထောင်လောက်ကရနေ လောက် ပြီ။ တော်တော်ရောင်းရတာ။ ထီရောင်းတဲ့အနားမှာ ရှိနေတော့ ဝယ်တဲ့သူတွေများတာကို သိတာ။ အခုလို စိတ်ဝင် စားပြီး ထိုးကြလို့ ဝမ်းသာတယ်။ များများထိုးကြမှ အခွန်များများရပြီး ပြည်သူတွေအတွက် များများလုပ်ပေးနိုင် မှာပေ့ါ” လို့ မင်းပြားမြို့မှ ဒေသခံဆိုင်သည်တဦးက ပြောပါတယ်။

AA အနေနဲ့ ထီလက်မှတ်တွေရောင်းချရတာဟာ ထီရောင်းရာကနေ ရတဲ့အခွန်ငွေတွေကို ပြည်သူ့ဝန်ဆောင်မှု လုပ် ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ရောင်းချတာလို့ ဗဟိုအ အကောက်ခွန်နဲ့ အခွန်ဌာန၊ ထီဌာနခွဲက အသိပေးထားပါတယ်။
ဒါဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပထမအဆုံးဖွင့်လှစ်၊ ရောင်းချတဲ့ ထီလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း ဒေ
သခံတွေဟာ စစ်ကော်မရှင်က ရောင်းချတဲ့ထီတွေ မထိုးကြတော့ဘဲ နှစ်လုံး၊ သုံးလုံး ချဲထီတွေ ထိုးလာကြတယ်လို့ ဒေသခံတွေ ကေ ပြောပါတယ်။
အခုထီလက်မှတ်တွေ ရောင်းချတဲ့အခါမှာတော့ ချဲထီတွေလည်း အတိုင်းအတာတခုထိ လျော့နည်းသွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

အာရက္ခတပ်တော်(AA)ဟာပြီးခဲ့တဲ့၂၀၂၄နှစ်လယ်
ပိုင်း မြို့တွေသိမ်းပိုက်ပြီးနောက်ပိုင်းကနေစပြီး ဒေသတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေ၊ တရားစီရင်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်
ငန်းတွေကိုတိုးပြီးဆောင်ရွက်လာနေခဲ့တာဖြစ်ပါတယ်။
❤42👍20😁3🥰2👏2
အာရက္ခလောင်​ပေါ်(အာရက္ခထီ)ဝယ်ယူကံစမ်းနေကြသူများ။ဓါတ်ပုံ-Arakan Princess Media
❤43👍9🥰4👏3😁1
ကုက္ကိုလ်စုရွာတိုက်ပွဲက ထွက်ပြေးသွားတဲ့ ပျူ ၇၀ကျော်ကို လက်နက်တွေနဲ့ ဖမ်းမိ

ဇွန် -၆၊၂၀၂၆။ဖိုးသား/People's Spring

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ် ကုက္ကိုလ်စု ပျူစောထီးရွာက ထွက်ပြေးသွားတဲ့ ပျူစောထီးအဖွဲ့ဝင် ၇၀ကျော်ကို လက်နက်တွေနဲ့ ဖမ်းမိတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ ဇွန်လ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

ကုက္ကိုစုကျေးရွာကနေ စစ်တပ် အခြေစိုက်ထားတဲ့ မြိုင်မြို့နယ်က တပ်မတော်အကြီးစားစက်ရုံ(ဒေသအခေါ် စက်မှု(၂)ဘက် ထွက်ပြေးတဲ့ ပျူစောထီးအဖွဲ့၀င် ၇၀ ကျော်ကို မနေ့က(ဇွန် ၅ ရက်)မှာ ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

ပျူစောထီးရာချီရှိပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့ အားအထားရဆုံး ကုက္ကိုစုပျူရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက ‌ဇွန်လ ၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီးတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ အညံ့မခံဘဲ လက်နက်အပြည့်အစုံနဲ့ စက်မှု(၂)ဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ အသိပေးပါတယ်။

ဒါကြောင့် အညာမြေတပ်ပေါင်းစုနဲ့ ဒေသတွင်း တပ်ဖွဲ့အသီးသီး ပူးပေါင်းပြီး တောနင်းရှာဖွေတာ၊ ကင်းထောက်မှုတွေကြောင့် ‌မနေ့က ဇွန်လ ၅ရက် ည ၇ နာရီမှာ ပေါက်နယ်က တောတွင်းတနေရာမှာ အစုလိုက် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ကုက္ကိုလ်စုရွာ ပျူခေါင်းဆောင်နဲ့ စစ်ကောင်စီတပ်သား ၆ဦး လွတ်မြောက်နေဆဲ ဖြစ်တယ်လို့အညာမြေတပ်ပေါင်းစုတာ၀န်ရှိသူက ပြောပါတယ်။

လက်ရှိ ဖမ်းမိထားတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့၀င်တွေဟာ လက်နက်မချတာ၊အညံ့မခံတာနဲ့ ပြန်လည်ခုခံတာတွေကြောင့် ဂျနီဗာကွန်ဗန်းရှင်းဥပဒေတွေအရ စစ်သုံ့ပန်းစာရင်းဝင်တွေလို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာ ဖမ်းမိသူတွေကို ဘေးကင်းစွာ‌စောင့်ရှောက်ထားတယ်လို့လည်း အသိပေးပါတယ်။

"လက်နက်ချတာရော။ဖမ်းမိမှုတွေပါ ဆိုရင် ၁၀၀ လောက်ရှိတယ်။လက်နက်ကလည်း မျိုးစုံရထားတယ်။စစ်ရေးအရတော့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်"လို့ ပေါက်မြို့နယ်စစ်ရေး တာ၀န်ရှိသူက စစ်တပ်အခြေစိုက်စခန်းတွေ သိမ်းပိုက်ရရှိမှုနဲ့ပတ်သက်ပြီး ပြောပါတယ်။

ကုက္ကိုလ်စုရွာဟာ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာရှိပြီး ပေါက်မြို့အတွက် အရေးပါသော ဆက်သွယ်ရေးလမ်းပေါ်မှာ ရှိပါတယ်။

အခုဇွန်လ ၂ ရက်မှာ ပေါက်မြို့နယ်အရှေ့ခြမ်းက ရေပြာရဲစခန်းကို တော်လှန်ရေးတပ်တွေက ကနဦးသိမ်းပိုက်ခဲ့ပြီးနောက် (၂)မိုင်ခန့်အကွာက ကုက္ကိုလ်စုရွာကို ထပ်မံထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်းက မြို့နယ်တွေထဲမှာ ပေါက်မြို့နယ်ဟာ စစ်တပ်အမာခံ ကျေးရွာအများစုရှိပြီး ဇီးပြား၊ ဝန်ကျုံး၊ သစ်ချိုကုန်းနဲ့ ကုက္ကိုလ်စုရွာတွေဟာ ‌ဒေသတွင်းပြည်သူ့စစ်(ပျူစောထီး)ရွာကြီးတွေအဖြစ် နာမည်ကြီးပါတယ်။

ပေါက်မြို့နယ်နဲ့ကပ်လျက်ရှိတဲ့ မြိုင်မြို့နယ်မှာလည်း စစ်တပ်အ‌ခြေစိုက်ထားတဲ့ သရက်ကန် ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်က မေလ ၂၃ ရက်က သိမ်းပိုက်ထားပါတယ်။
👍43❤9🥰4👏3🤣1
(ကုက္ကိုလ်စုရွာတိုက်ပွဲအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု)
👍49❤12👏5🥰2😁2
ရွှေကူမြို့တိုက်ပွဲတွေမှာ စစ်တပ် သေဆုံးသူများနေတယ်လို့ KPDF ပြော

ဇွန်-၆၊၂၀၂၆။မိုမို/People's Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးသူများနေပြီး ရုပ်အလောင်းတွေကို မြေမြုပ်နေရတယ်လို့ ရွှေကူ KPDF တာ၀န်ရှိသူက ပြောပါတယ်။

ရွှေကူမြို့ရဲ့ အနောက်‌တောင်ဘက်ခြမ်းက ငအိုးရွာနဲ့ ရွှေကူမြို့ကြားမှာ နေ့စဉ်တိုက်ပွဲ ဖြစ်နေတာလို့ ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူက သူရဲ့ လူမှုကွန်ရက်ကတဆင့် ဒီကနေ့ အသိပေးဖော်ပြပါတယ်။

" ငအိုးနဲ့ ရွှေကူ အကြားနေ့စဥ် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ခွေးသေဆုံးမှု နေ့စဥ်များပြားနေပြီး အလောင်းများကို ကျွင်း တကျွင်းထဲ ပေါင်းမြုပ်နေရတဲ့ အနေအထားပါ"လို့ သူက ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူကို လူထုနွေဦးကဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

စစ်ရေးအရအချက်အချာကျတဲ့ ရွှေကူမြို့အထွက်နဲ့ အဓိကလမ်းဆုံ‌တွေ ပေါင်းစပ်ရာနေရာဖြစ်တဲ့ ငါးလမ်းဆုံ နေရာမှာ တိုက်ပွဲတွေ ဖြစ်နေတာလို့ ဒေသတွင်း သတင်းရင်းမြစ်က အသိပေးပါတယ်။

စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသုံး ထိုးစစ်ဆင်နေတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးဘူးလို့‌တော့သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွှေကူမြို့နယ်ကို စစ်ရေးအရအသားစီးရယူဖို့ ရွှေကူမြို့နယ်ရဲ့ အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ အမှတ်(၁၂၁)ခြေလျင်တပ်ရင်း (ခလရ-၁၂၁) အခြေစိုက် ငအိုးကျေးရွာမှာ အင်အားစုဖွဲ့ပြီး ရွှေကူမြို့နယ်ထဲ၀င်ရောက်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။

စစ်တပ်က အင်အားထောင်ချီစုဖွဲ့ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေဆက်ပြင်းထန်နိုင်တယ်လို့လည်းအသိပေးပါတယ်။စစ်တပ်က ရွှေကူမြို့ကတဆင့် ဗန်းမော်မြို့ကို စစ်ကူပို့ဖို့လုပ်ဆောင်နေတာလို့ သုံးသပ်မှုတွေရှိပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက၂၀၂၄ ဒီဇင်ဘာမှာ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို စတင်ခဲ့ရာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်တွေအပါအ
ဝင် စခန်းနဲ့ တပ်စွဲရာ နေရာအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ လက်ကျန်တပ်စခန်းတွေ သိမ်းပိုက်နိုင်ဖို့ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

ရွှေကူမြို့ပေါ်နဲ့ အနီးတဝိုက်ဒေသတွေကို ထိန်းချုပ်ထားနိုင်တဲ့ စစ်တပ်ဟာ ရွှေကူမြို့နယ်ကို စစ်အုပ်ချုပ်ရေးအရေးပေါ် အခြေအနေကြေညာထားပါတယ်။

ဒါ့အပြင် ဇွန်လ ၄ ရက်က ရွှေကူမြို့နယ် စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၅ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တာရှိပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ ရွှေကူနယ်မှာထိုးစစ်ဆင်နေသလို KIAသိမ်းထားတဲ့ ရှမ်းမြောက်က မဘိမ်းမြို့ကို ပြန်ထိန်းချုပ်ဖို့လည်း မိုးမိတ်မြို့ဘက်မှာ တပ်အင်အားတွေ စုစည်းစစ်ပြင်နေတယ်လို့ သိရပါတယ်။
👏37👍10❤5👻2🥰1
(ရွှေကူမြို့နယ် တိုက်ပွဲတွေမှာ စစ်တပ် မီးရှို့ဖျက်ဆီးလို့ ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - People Defense Force - ShweGu)
😢29👍10🤬4❤3🔥2🥰1
သိမ်းပြီးမြို့တွေ စစ်တပ် လက်ထဲမရောက်အောင် ပြည်သူတွေ ကျရာကဏ္ဍကတိုက်ပွဲဝင်ကြဖို့ ချင်းတပ် CPU/CPA တိုက်တွန်း

စစ်တပ်ထိုးစစ် ခုခံနိုင်မှု ရှိ၊မရှိလာမယ့် လအနည်းငယ်မှာ အဖြေပေါ်မယ်လို့ဆို

ဇွန်-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့အပါအဝင် သိမ်းထားပြီးမြို့တွေ စစ်တပ်လက်ထဲ ပြန်မရောက်ရေး ပြည်သူလူထုတွေအားလုံး ကျရာကဏ္ဍက တိုက်ပွဲဝင်ကြဖို့ ချင်းပြည်နယ်တောင်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုဖွဲ့ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ဗဟိုကောင်စီဝင် ဆလိုင်းပီတာသန်းရွှေက တိုက်တွန်းပြောပါတယ်။

ဒီကနေ့ ဇွန်လ ၆ရက်မှာ ကျင်းပတဲ့ ချင်းညီနောင်အတွက် ရန်ပုံငွေရှာဖွေပွဲမှာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ CPU/CPA ခေါင်းဆောင်တွေတက်ရောက်ပြီး ဒေသတွင်း စစ်ရေး အခြေအနေ အကျဉ်းကို အသိပေးရှင်းပြလာတာဖြစ်ပါတယ်။ အခု ရံပုံငွေဟာ CPU/CPA စစ်ဒေသတွေ အတွက် အရေးပေါ် ရန်ပုံငွေ ရှာဖွေမှု ဖြစ်ပါတယ်။

CPU ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းပီတာသန်းရွှေက တော်လှန်ရေးမှာ စစ်ရေးအပါအဝင် အချို့ သတင်းစကားတွေ ပြည်သူတွေ အသိမပေးတာဟာ ပြည်သူတွေနဲ့ ရဲဘော်တွေရဲ့ လုံခြုံမှုနဲ့ အောင်ပွဲများအတွက် ရှေးရှုလုပ်ဆောင်ရတာဖြစ်တယ်လို့ပြောကြားပြီး ပြည်သူတွေ သိသင့်သိထိုက်တာတွေ ထုတ်ပြန်တာတွေရှိသလို သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ပြည်သူတွေကို ချပြရှင်းလင်းတာ လုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။

အခုဆိုရင် CPU/CPA ရဲ့ ထိန်းချုပ်မှုနယ်မြေမှာ စစ်တပ်က အင်အား ၂၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာပြီး CPU/CPAသိမ်းပိုက်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ကနဦး ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်။

“လွန်ခဲ့တဲ့ မေလလယ်လောက်က စတင်ထိုးစစ်ဆင်လာတယ် အခုက ဇွန်လ ရောက်ပြီ။ သူက မတိုးနိုင်ဘဲနဲ့ ရှေ့မတိုးနိုင်ဘဲ ရှိတာရှိတယ်ပေါ့နော် ။ဆိုတော့ ကျနော်တို့ မြို့သိမ်းတဲ့အရာတွေကို ပြန်မပေးရလေအောင် စစ်ကောင်စီ လက်ထဲ မရောက်ရလေအောင် မိဘပြည်သူတွေအနေနဲ့ အတက်နိုင်ဆုံး ကျရာကဏ္ဍက တိုက်ပွဲဝင်ကြဖို့ ဖြစ်တယ်။ရဲဘော်တွေက ရှေ့ကနေ တိုက်ပွဲဝင်သလို နောက်ကနေ ကိုယ်တက်နိုင်တဲ့ဘက်ကနေ မိဘပြည်သူတွေက တိုက်ပွဲဝင်ကြဖို့လိုတယ်” လို့ ဆလိုင်းပီတာသန်းရွှေက ပြောပါတယ်။
စစ်တပ်ဟာ လေယာဉ်အပါအဝင် ရှိသမျှ နည်းပညာ စက်ပစ္စည်းတွေ သုံးပြီး နေ့ညမပြတ် ထိုးစစ်ဆင်နေတာလို့ အသိပေးပါတယ်။

“ကျနော်တို့ကြံ့ကြံ့ခိုင်နိုင်ဖို့အတွက် ကျနော်တို့ မိဘပြည်သူတွေအနေနဲ့ ရှေ့တန်းမှာ လက်နက်ခဲယမ်းအတွက်သော်လည်းကောင်း စားနပ်ရိက္ခာအတွက် သော်လည်းကောင်း လိုအပ်တဲ့နေရာမှာ အသုံးပြု နိုင်ဖို့ တက်နိုင်တဲ့ဘက်ကနေ တိုက်ပွဲဝင်ကြဖို့ လိုပါတယ်” လို့ ဆလိုင်းပီတာသန်းရွှေက ပြောပါတယ်။

ငွေကြေးပါဝင်ခြင်းဟာ တိုက်ပွဲဝင်ခြင်းဖြစ်ပြီး ကျရာကဏ္ဍက တော်လှန်ရေးလုပ်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကလည်း စစ်တပ်ရဲ့ ထိုးစစ်ဆင်လာမှုဟာ အရင်ကနဲ့ မတူဘဲ အင်အားအလုံးအရင်းကို ဖြန့်ကျက်ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။

“ဥပမာ သူတို့ ထိုးစစ်ထိုးတဲ့ ပုံစံဆိုရင် ကန်ပက်လက်ကို ထိုးထိုး မင်းတပ်ကို ထိုးထိုး တကြောင်းတည်းမထိုးဘဲနဲ့ သူတို့ ဖြန့်လိုက်တဲ့ဟာကိုကပဲ တမိုင်စာ နှစ်မိုင်စာ လောက်ကို လူတွေ ကို ဖြန့်ကြက်လိုက်ပြီးနည်းနည်းချင်းစီ ၀ိုင်းထိုးတက်ကြတာပေါ့။ဆိုတော့ ခံစစ်လုပ်တဲ့သူကလည်း သူတို့ ဖြန့်ထားတဲ့အတိုင်း ပြန်ဖြန့်နေရတာပေါ့” လို့ ဆလိုင်းယောမာန်က စစ်ရေး အခြေအနေကို ပြောပါတယ်။

စစ်တပ်က လူအင်အား နဲ့ လက်နက်ကျည်အင်အား သုံးနိုင်ကြောင်း၊ ချင်းတပ်တွေဘက်ကလည်း အခု လို ကြုံလာတဲ့ စာမေးပွဲကို အကောင်းဆုံးဖြေနိုင်ဖို့ မြန်မြန်ဆန်ဆန် လှုပ်ရှား တုံ့ပြန်ခဲ့ရကြောင်း ရှင်းပြပါတယ်။ စားနပ်ရိက္ခာ ၊ ဆေးဝါး ပြင်ဆင်တာ၊ ရဲဘော်တွေကို လေ့ကျင့်ပေးတာအပါအဝင် ထောက်ပို့ ကိစ္စရပ်တွေကို အချိန်အနည်းငယ်အတွင်း အကောင်အထည်ဖော်ကြရတာလို့ ဆိုပါတယ်။

“တကယ့်တကယ်ထိတွေ့မှု လည်းဖြစ်တော့ ဒီအဆင်သင့်မဖြစ်သေးတဲ့အရာနဲ့ပဲ ကျနော်တို့ နည်းနည်းနောက်ဆုတ်ရသလိုဖြစ်တာပေါ့။ ဒါပေမဲ့ ကျနော်တို့ ပြန်ဟန်ချက်မိတဲ့အခါ ရန်သူ့ရဲ့ နည်းနာတွေ ရန်သူ့ရဲ့လှုပ်ရှားမှု ပုံစံတွေ နားလည်သွားတဲ့အခါ ထိုးစစ်ကို တားထားနိုင်တယ်။ တချို့နေရာဆို သူတို့ နည်းနည်းနောက်ပြန်ဆုတ်သွားအောင် ပြန်တွန်းလှန်ထားနိုင်တဲ့ အခြေအနေတွေရှိတယ်။” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

လက်ရှိ ချင်းတောင်ပိုင်းတိုက်ပွဲဟာ ပြောက်ကျားနည်းနဲ့ တိုက်ရတာမဟုတ်ဘဲ သမရိုးကျစစ်ပွဲကဲ့သို့ စစ်တပ် စစ်ကြောင်းတွေ လုံး၀ ရှေ့ မတိုးနိုင်အောင် ကာကွယ်ကြရတယ်လို့ ပြောကြားပါတယ်။
👍39❤15🥰2😁1🥴1
“သူတို့က ပတ်ကျော်ဖို့ ပတ်လှည့်ဖို့ ဗျူဟာကျ ရှောင်ကွင်းသွားလာ ပတ်လှည့်တာ ပတ်တက်တာတွေ ပေါ့နော် တိုက်ခိုက်ပုံတွေကအစ ဗျူဟာကျ လုပ်တော့ ကျနော်တို့ အကုန်လုံး ဗျူဟာကျ ပြန်တုန့်ပြန်ရတဲ့ အပိုင်းတွေရှိတာပေါ့။ တချို့နေရာတွေက နည်းနည်းနောက်ဆုတ်လိုက်ရလို့ ကျနော်တို့ ရှုံးသွားတာ မဟုတ်ဘူး။ စစ်ကောင်စီ တချို့နေရာတွေမှာ ကျနော်တို့က နေရာပြန်ယူလိုက်လို့ တွန်းထုတ်လိုက်နိုင်လို့ ကျနော်တို့ အောင်ပွဲရတာ မဟုတ်သေးဘူး။ ဒီအောင်ပွဲက နောက် နှစ်လ သုံးလ လောက်ကြာမှာ အောင်ပွဲက ကောင်းကောင်းသတ်မှတ်နိုင်မှာ ဖြစ်တယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မကွေး-ချင်းအစပ်ဒေသတွေကို စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီး ကန်ပက်လက်ကို မေလ ၁၈ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့သလို မင်းတပ်ကို မေလကုန်ပိုင်းမှာ ထိုးစစ်ဆင်ခဲ့တာပါ။

CPU/CPA ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထုတ်ပြန်ချက်မှာ စစ်တပ်ရဲ့ ထိုးစစ်တွေကို ဟန်ပတားထားနိုင်ပြီး စစ်ကောင်စီတပ်တွေ အခြေအနေမကောင်းဟု ဖော်ပြထားပါတယ်။
❤36👍11🥰3🥴1
(မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ ‌ချင်းတပ် ရဲဘော်တွေ။ ဓာတ်ပုံ - Chin Defence Force - Mindat)
❤41👍9🥰3🤮1
■​ကဗျာ


"မြို့ပြ မိခင်"


မှောင်ပြပြ တိုက်ခန်းကျဉ်းလေးထဲ
အိပ်နေတဲ့
သားရဲ့ မျက်နှာကို ကြည့်ရင်း
လမ်းထဲက ညဉ့်နက်ခွေးဟောင်သံတွေ ကြားတိုင်း
အမေ့ရင်ခုန်သံဟာ
သေနတ်သံထက်တောင် ကျယ်လောင်နေခဲ့တယ်...

စက္ကန့်တိုင်းမှာ
‘ငါ့သားကို လုယူသွားကြမလား...’ ဆိုတဲ့
ကြောက်ရွံ့မှုတွေနဲ့
မိုးမလင်းနိုင်တဲ့ စိတ္တဇညပေါင်းများစွာကို
အမေ ဖြတ်သန်းခဲ့ရတယ်...

အိမ်ရှေ့ အိမ်နောက်
တိတ်ဆိတ်စွာ ကင်းစောင့်ရင်း
တတ်သမျှ၊ မှတ်သမျှ
ဆုတောင်းတွေနဲ့
သားကို အမေ အကာအကွယ်ပေးနေခဲ့တယ်...

လမ်းမပေါ်က သွေးစက်တွေကြား
တောတောင်ထဲက သေနတ်သံတွေကြား

‘ငါ့သားလေးရဲ့အသွေးအသားနဲ့
အော်သံတွေများ ပါနေမလား...’ ဆိုတဲ့

အိပ်မက်ဆိုးတွေကို
နိုးရက်နဲ့ ခံစားခဲ့ရတာ
လက နှစ်ချီ ကြာလာခဲ့ပြီ...

စစ်မှုထမ်း ဖမ်းခေါ်မတဲ့လား
အာဏာရူးတွေ လက်နက်အဖြစ်သုံးဖို့
နိုင်ငံနဲ့ ပြည်သူကို မီးတိုက်ခိုင်းဖို့
ငါ့သားရဲ့ အသက်နဲ့ ခန္ဓာကို
တောင်းဆိုလာတဲ့
အဓမ္မလှိုင်းထဲမှာ…

သားရဲ့ အသက်နဲ့ အနာဂတ်ကို
အမေ အရာအားလုံးနဲ့
လဲလှယ်ပြီး ကာကွယ်ပေးမယ်...

မစိုးရိမ်နဲ့ ငါ့သား
အားချင်းယှဉ်ရင်
စစ်ဘီလူးနဲ့ မိခင်မေတ္တာ
ဘယ်သူ နိုင်မယ်ထင်သလဲ...

အမေ့မေတ္တာဟာ
သားအတွက် ‘အကြံ့ခိုင်ဆုံးခံတပ်’
ဖြစ်စေရမယ်...

သားရဲ့ “အသက်” ထက်
အရေးကြီးတာ
ဒီလောကမှာ ဘာမှမရှိဘူး သားရယ်...

ပစ္စည်းဥစ္စာတွေထက်
တန်ဖိုးဖြတ်မရတဲ့
ငါ့သားရဲ့ အသက်ရှူသံဟာ
အမေ့ဘဝရဲ့
အကြီးမားဆုံး ပိုင်ဆိုင်မှုပါ...

သွားတော့ ငါ့သား
အမေ့အတွက် ဘာမှ နောက်ဆန်မတင်းနဲ့

ငါ့သားလေး... လွတ်မြောက်ပါစေ
ငါ့သားလေး... ရောက်လေရာမှာ
ဘေးကင်းပါစေ...
ငါ့သားလေး သူတော်ကောင်းတွေနဲ့ တွေ့ပါစေ.....

မေကြီး
🥰25❤6👍2👏1🤮1