အာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေ၊ ရိက္ခာတွေ တင်ဆောင်တာ လုံး၀ မပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)-ပူတာအိုက ဒီနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်တပ်က အရပ်သား ခရီးသွားတွေရဲ့မော်တော်ယာဉ်တွေကို စစ်ရေးလှုပ်ရှားမှု၊ စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းမှုတွေမှာ အကာအကွယ်အဖြစ် အသုံးပြုနေလို့ ပူတာအို PDFက ဇွန်လ ၅ရက်က စတင်ပြီး မြစ်ကြီးနား -ဆွမ်ပရာဘွမ်-ပူတာအို ကာလမ်းမှာ ပြည်သူတွေ ရှောင်ရမယ့် အချက် ၃ချက်ကို အသိပေးထုတ်ပြန်ခဲ့တာပါ။ စစ်တပ်နဲ့ ပတ်သက်တာတွေ မတင်ဖို့ ၊ Non CDM ဝန်ထမ်းတွေ မတင်ဖို့၊ စစ်ကောင်စီ စစ်သားများနဲ့ အတူတကွ ရောနောလိုက်ပါခြင်း၊ နေထိုင်ခြင်း ၊ စစ်ကောင်စီတပ်သားတွေကို တင်ဆောင်ခြင်းမပြုဖို့ သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။ အဲဒီအချက်တွေကို ပြင်းထန်စွာတားမြစ်ကြောင်း ဖော်ပြထားပြီး တားမြစ်ချက်တွေ မလိုက်နာရင် မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းမဆို နောက်ဆက်တွဲ ကိစ္စရပ်တွေ အတွက် တာဝန်ယူမှာ မဟုတ်တဲ့အပြင် ထိရောက်ပြတ်သားစွာ အရေးယူမယ်လို့လည်း အသိပေးထားပါတယ်။
◾️ပြည်သူတွေရဲ့ မြစ်ဆုံစီမံကိန်းကန့်ကွက်မှု အားပေးကြောင်း KIO တာဝန်ရှိသူပြော
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။ ၂၀၂၅ ဒီဇင်ဘာကစပြီး စစ်တပ်က မြစ်ဆုံစီမံကိန်း ပြန်စမယ်ဆိုတဲ့ ပြောဆိုချက်တွေ၊ လူထုတွေဆုံပွဲတွေ ဆက်တိုက်ပြုလုပ်တာတွေ လုပ်ဆောင်နေတဲ့အပေါ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဝိုင်းမော်မြို့နယ် အပါအဝင် ဒေသခံပြည်သူတွေကလည်း စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ၊ သဘောထား ထုတ်ပြန်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။ အာဏာသိမ်းစစ်တပ်က မြစ်ဆုံရေကာတာစီမံကိန်းပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာကို အပြီးဖျက်သိမ်းဖို့ မြစ်ကြီးနားဒေသခံ လူငယ်တွေက မေလ ၂၅ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြသလို ကချင်ပြည်နယ် ဒေသခံတွေနဲ့ ကချင်အရပ်ဘက်အဖွဲ့အစည်းပေါင်း(၄၉)ဖွဲ့ကလည်း မေလ ပထမပတ်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်း အသိပေးထားပါတယ်။
◾️ဆင်ပေါင်ဝဲက အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို PDF ပစ်ခတ်ရှင်းလင်း
ကာရာအိုကေ KTVက ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။ သာဂရ-ကိုးပင် လမ်းပိုင်းတနေရာမှာ ရှောင်တခင်စစ်ဆေးမှုအတွင်း ဘဝသစ်အကျဉ်းထောင် အကျဉ်းဦးစီးအရာရှိ သက်စိုးနဲ့ ထောင်တန်းစီးကိုယ်တိုင် မောင်းနှင်လာတဲ့ကားကို ပြီးခဲ့တဲ့ မေလ ၁ ရက်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီဘဝသစ် ထောင်ဦးစီးအရာရှိနဲ့ ထောင်တန်းစီး ကိုယ်တိုင်မောင်းနှင်လာတဲ့ ကားကို စစ်ဆေးရာ မောင်းနှင်ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ သူတို့ဆီကနေ MA5 အတိုတစ်လက်နဲ့ ကျည်ဘောက် ၃ခုကို သိမ်းဆည်းရရှိတယ်လို့ သရက်ခရိုင်တပ်ရင်း (၅) တာ၀န်ရှိသူက ပြောပါတယ်။
◾️မြိုင်မှာ စစ်တပ်က ကျေးရွာ၂ ရွာ မီးရှို့
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၂ ရွာက အိမ်ခြေ ၇၀ နီးပါး ပြာကျခဲ့ပါတယ်။ ဇွန်လ ၁ရက် မနက်ပိုင်းက မြိုင်မြို့အနောက်တောင်ဘက် စက်မှု(၂)ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကုန်းရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၄လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။ ဇွန်လ ၄ ရက် မနက်ပိုင်းကလည်း စစ်တပ်စစ်ကြောင်းဟာ ဝက်ပုတ်ရွာကို ဝင်ရောက်မီးရှို့လို့ နေအိမ် ၄၅ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။

🔥11❤4
■အတွေးအမြင်
အာဏာသိမ်းခေါင်းဆောင်ရဲ့ ဘာသာပြန်
-ဘရန်ဆိုင်းနော်/ People's Spring
အာဏာသိမ်းခေါင်းဆောင်ရဲ့ အိန္ဒိယအပြန်ခရီးမှာ ဒေါက်တာခိုင်ခိုင်စိုးဆိုတဲ့အမျိုးသမီးအကြောင်း၊ဦးထုပ်အနက်ကြီးဆောင်ထားတဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင်ဦးအောင်ကိုဝင်း ဦးဆောင်တဲ့ ခရိုနီတစ်သိုက်အကြောင်းလူပြောများနေပေမယ့် သူ့တို့ထက်ပိုပြီး အာဏာရှင်ကိုကူညီနေသူတစ်ယောက်ကိုတော့ဘယ်သူမှသတိမထားမိလိုက်ကြပါဘူး။
ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ဆိုတဲ့ ပုဂ္ဂိုလ်ပါ။
ဒေါက်တာခိုင်ခိုင်စိုးက မြန်မာလူထုကိုဦးတည်တဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးလက်နက်ငယ်ဆိုရင် ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က အာဏာလုစစ်တပ်အာဘော်တွေကို နိုင်ငံတကာခေါင်းဆောင်တွေနားထဲ တိုင်ရိုက်သွတ်သွင်းပေးနိုင်စွမ်းရှိတဲ့ ဝါဒဖြန့်ချိရေးအနုမြူဗုံးပါပဲ။
ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က ရှမ်းတိုင်း
ရင်းသားတစ်ဦးဖြစ်ပြီး စစ်တက္ကသိုလ် (DSA)
ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၄ ဆင်းဖြစ်ပါတယ်။မင်းအောင်လှိုင်ရဲ့ အထူးယုံကြည်အားကိုးခြင်းခံရတဲ့ လက်စွဲတော် Interpreter (စကားပြန်) ဖြစ်ပြီး အင်္ဂလိပ်အသံထွက် ကောင်းပါတယ်။
လူမှုဆက်ဆံရေးပါးနပ်ပြီးအာဏာသိမ်းခေါင်း
ဆောင်မျက်စိကျအောင် စွမ်းဆောင်နိုင်ပါတယ်။ စစ်ခေါင်းဆောင်က နိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့ခွင့်ရတိုင်း သူမတတ်တဲ့ အင်္ဂလိပ်စကားအတွက် ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ကို အများဆုံး ခေါ်သုံးပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း သွားခဲ့တဲ့နိုင်ငံခြားခရီးစဥ်တိုင်းမှာ သူ လိုက်ပါခွင့်ရခဲ့ပါတယ်။ ဒီလိုခေါ်သုံးလွန်းအား
ကြီးလို့ တပ်ချုပ်ကြီးရဲ့မျက်နှာသာပေးခံရတယ်ဆိုပြီး စစ်တပ်အသိုင်းအဝိုင်းInterpreter ကြားမှာ မျက်မုန်းကျိုးခံရသူဖြစ်ပါတယ်။
"တပ်ချုပ်ကြီးက စိုင်းစိုင်းလို့ခေါ်တာ။လူကြီးခရီး
စဉ်ဆို သူပဲ။ မျက်နှာသာလည်းအပေးခံရတယ်။ မြိုးမြိုးမြက်မြက်လည်းရတတ်တယ်" လို့ စစ်တပ်အသိုင်းအဝိုင်းသတင်းရင်းမြစ်က ဆိုပါတယ်။
ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က သူနဲ့ သူ့မိသားစုလုံခြုံရေးအန္တရာယ်ကြောင့် လူတွေအာ
ရုံစိုက်မှာကို ရှောင်လွှဲဖို့လူမြင်ကွင်းနဲ့ ရုပ်သံကင်မ
ရာတွေရဲ့ ကွယ်ရာမှာ သ်ိုသိုသိပ်သိပ်နေလေ့ရှိပါတယ်။ဒါပေမယ့် နိုင်ငံတကာမှာလူရာဝင်ချင်တဲ့ အပယ်ခံစစ်ဘုရင် မင်းအောင်လှိုင်က အိန္ဒိယနိုင်ငံထဲကို မျက်နှာအောက်ကျို့ဝင်ပြီး လူရှေ့သူရှေ့ကို အတင်းကာရောထွက်ပြချိန်မှာတော့သူလည်း
ပုန်းရှိုးကွယ်ရှိုးနေလို့မရတော့ပါဘူး။
အိန္ဒိယခရီးစဉ်မှာ ဝန်ကြီးချုပ်မိုဒီ နဲ့စစ်ခေါင်း
ဆောင်မင်းအောင်လှိုင်ကြားမှာ ဘာသာပြန်ပေးနေတဲ့ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ရဲ့ ဓာတ်ပုံမှတ်တမ်းတွေက ဖုံးမရ၊ဖိမရရအောင်ပေါ်လာခဲ့ပါတယ်။
မြစ်ကြီးနားမြို့က အဆင့်မြင့်တဲ့ KTV အခန်းတစ်ခုမှာ ဖျော်ဖြေရေးမိန်းကလေးတစ်သိုက်နဲ့ အပျော်
ကြူးနေတဲ့စစ်တပ်အရာရှိဟောင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကအဲ့ဒီဓာတ်ပုံကို လူမှုကွန်ရက်ကတဆင့်မြင်ရချိန်မှာ ဟားတိုက်ရယ်မောပြီး ဆဲရေးတိုင်းထွာတဲ့အထိ မျက်စိ စပါးမွှေးစူးခံရသူဖြစ်ပါတယ်။ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်အကြောင်း ဒီဆောင်းပါးက စစ်တပ်အရာရှိတွေနဲ့စီးပွားရေးလုပ်ငန်းရှင်အချို့ ဖျော်ဖြေရေးမယ်တွေနဲ့အတူ တောင်ယာဝင်ချိန်သီချင်းကို အတူတူဆိုခဲ့ကခဲ့ကြတဲ့ KTV ကနေ စတင်ခဲ့တာပါ။
ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က စစ်ခေါင်း
ဆောင်အပေါ် အစဉ်တစိုက်သစ္စာခံခဲ့သူဖြစ်ပါတယ်။၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတော့နှစ်လ
အကြာ နေပြည်တော်မှာ CNN သတင်းဌာနက ဗိုလ်ချုပ်ဇော်မင်းထွန်းကိုအင်တာဗျူးတော့ စကားပြန်ဖြစ်လုပ်ပေးတာလည်း သူပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လူထုတော်
လှန်ရေးနဲ့ပတ်သက်ပြီး လက်ရှိနိုင်ငံရေးအခြေ
အနေတွေကို CNN သတင်းထောက်က မေးမြန်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေရင် ဒေါ်အောင်ဆန်းစုကြည်ကို " မိုက်လိုက်တာငါ့သမီးရယ်"လို့ ပြောမယ်လို့ယုံကြည်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေခဲ့ဖူးပါတယ်။ ဒီအဖြေကို "How stupid my daughter" လို့ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်က CNN သတင်းဌာနကို ဘာသာပြန်ပေးခဲ့ပါတယ်။ CNN သတင်းဌာနနဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း ရုပ်သံအင်တာဗျူးကို YouTube မှာ ပြန်ရှာကြည့်ပါ။ မျက်နှာကိုမဖော်ပြခဲ့ဘဲ ကင်မရာကိုကျောခိုင်းထားတဲ့အနေ
အထားနဲ့ ဘာသာပြန်ပေးနေသူဟာ ဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ပါပဲ။
သူဟာ စစ်တပ်အတွက်လိမ်လည်ဝါဒဖြန့်ရင်း လူပြက်လို့ ပြည်သူတွေက ပြစ်တင်ရှုတ်ချထားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကစိတ်ထင်ရာ လျှောက်ပြောနေတာကို နိုင်ငံတကာအထိပေါက်အောင် ကြားခံဝါဒဖြန့်သူ ဖြစ်သလို အင်္ဂလိပ်စာကို မီးကြိုးမောင်းပျက်တောင်မတက်တဲ့ စစ်ခေါင်းဆောင်ပြောနေသမျှကိုလည်း နိုင်ငံခေါင်းဆောင်တွေနားထဲကို သွတ်သွင်းပေးနေသူလည်းဖြစ်ပါတယ်။
တရုတ်၊ ရုရှ၊ ဘယ်လာရုလို့ အာဏာရှင်နိုင်ငံတွေအပြင် အိန္ဒိယလိုနိုင်ငံရဲ့ခေါင်းဆောင်တွေကပါ စစ်အာဏာရှင်လက်အောက်က မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေကိုမမြင်ဘဲ စစ်တပ်ကိုထောက်ခံပေးနေတာတွေရဲ့ လက်သည်တရားခံတွေထဲမှာ ဒုတိ
ယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်တို့လို စစ်တပ်လက်
စွဲတော် Interpreter (စကားပြန်) တွေပါဝင်နေပါတယ်။

💩26❤15👍6🥴4🖕2
တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကိုသူဦးဆောင်လုပ်မယ်လို့ ဟစ်ကြွေးထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က Ethnic Armed Organizations (EAOs) ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သတ်တဲ့အသုံးအနှုန်းကိုတောင် အသံထွက်ရောစာလုံးပေါင်းအမှန်ပါ မပြောတတ်ပါဘူး။ အိန္ဒိယခရီးစဉ်မှာ သတင်းဌာနတစ်ခုနဲ့အင်တာဗျူးတော့ EAOs ဆိုတာကို မီးကြိုးမောင်းပျက်အသံထွက်နဲ့ ပြောသွားလို့ ငတုံးငအအဖြစ် လှောင်ပြောင်ခံနေရပြန်ပါတယ်။ ဒါပေမယ့် ဒုတိ
ယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်ကျေးဇူးနဲ့ အိန္ဒိယအစိုး
ရကို လိမ်တယ်ဝါဒဖြန့်နိုင်ခဲ့ပါတယ်။
ဇော်မဲလုံးလို့လူသိများတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းနေရာမှာ အာဏာရှင်ရဲ့ပြန်ကြားရေးတာဝန်ခံအနေနဲ့ လူရှေ့သူရှေ့ကိုထွက်လာတဲ့နေပြည်တော်လူ
ဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကတော့ အခုအချိန်မှာလူထုရဲ့မျက်မုန်းကျိုးမှုနဲ့ဆဲရေးတိုင်း
ထွာခံနေရပြီဖြစ်ပါတယ်။စစ်တပ်အတွက် လိမ်
လည်ဝါဒဖြန့်မိတဲ့အကျိုးဆက်ကြောင့် ဇော်မဲလုံးနဲ့ယှဉ်ပြီး ဆဲဆိုခံနေရပါပြီ။ ဧရာဝတီသတင်းဌာနကဆိုရင် "နေပြည်တော်ပြောရေးဆိုခွင့်ရှိသူသစ်က ရယ်ရမလား"လို့ သရော်ထားပါတယ်။
အရင်က သက်တောင့်သက်သာနေခဲ့ပေမယ့် အခုတော့ လူတောမတိုးရဲတော့ပါဘူး။ လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ သူ့မိသားစုပုံတွေကို hide လုပ်လိုက်ရပါပြီ။၅နှစ်လုံးလုံး သိုသိုသိပ်သိပ်နေခဲ့တဲ့ နောက်ကိုဒုတိယဗိုလ်မှူးကြီးစိုင်းစိုင်းဟတ်တစ်ယောက်လည်းဒေါက်တာခိုင်ခိုင်စိုးထုံးကို နှလုံးမူရဖို့ ရှိနေပါပြီ။ ။
(

💩35👍6🥴4❤2🖕2👎1
နတ်ရေကန်ငရဲခန်းမီးက ထင်ထားတာထက် ပိုပြီး စစ်တပ်ကို လှိုက်လောင်ကျွမ်းနေပါတယ်။ ဒီအခြေအနေတွေကို ရေငုံနုတ်ပိတ်နေခဲ့တဲ့ စစ်သုံ့
ပန်းတွေက တော်လှန်ရေးရဲဘော်တွေကိုယုံကြည်လာကြတဲ့အခါ ထုတ်ဖော်ပြောကြားလာကြတာပါ။
၂၀၂၅ခုနှစ် စက်တင်ဘာလက တိုက်ပွဲတွေမှာ စစ်တပ်က ရှေ့တန်းစစ်မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့စစ်သင်တန်းဆင်းတွေကို အစုလိုက် အပြုံလိုက်လိုက်သတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီအချိန်ကတိုက်ပွဲတွေမှာ နတ်ရေကန်ဗျူဟာရဲ့ရှေ့တန်းကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းတပ်တွေက တစ်ခုပြီးတစ်ခုသိမ်းပိုက်ခဲ့ပါတယ်။ ဗျူဟာကိုဝိုင်းပိတ်ပြီးတိုက်ခိုက်နေစဉ်မှာ စစ်တပ်အင်းအားရာချီပါတဲ့ စစ်ကြောင်းသုံးကြောင်းနဲ့ နောက်ကနေ ပြန်ဝိုင်းပါတယ်။ AAနဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အခါ အဲဒီစစ်ကြောင်းတွေလည်း ရှေ့မတိုးရဲတော့တဲ့အခြေအနေဖြစ်လာပါတယ်။ ဒီအချိန်မှာပဲ ဇာတ်တူသားကို ပြန်စားမယ့် စစ်ဘီလူးတွေ နတ်ရေကန်ဗျူဟာမှာ ပွဲတော်တည်တာဖြစ်ပါတယ်။
“မတက်ရင် ပစ်သတ်မယ်ဆိုပြီး နောက်ကနေ ပစ်တာ။ နောက်ပြီး ပစတွေရော စစ်သားတွေပါ အစုလိုက်ရှိနေကြတဲ့နေရာကိုဒရုန်းနဲ့ ဗုံးကြဲတာ။ အသေတော်တော်များပြီး ကျနော်တို့ဖမ်းမိတာတွေလည်းများတယ်”လို့ စစ်မြေပြင်ကတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
”နောက်ကျည်နဲ့ပဲ သေတာ မနည်းဘူး။ဒရုန်းကိုပဲပြန်ရှောင်နေကြရတာလို့ပြောတယ်။ခြေထောက်ပြတ်ပြီးဒဏ်ရာရတဲ့သူတွေ(စစ်သားတွေ)ဆိုရင်သယ်လို့မရတော့မယ့်အတူတူဆိုပြီး သတ်ပစ်တာ” လို့ တော်လှန်ရေးရဲဘော်က ပြောပါတယ်။
AAထုတ်ပြန်ခဲ့တဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်သံနဲ့ဝန်
ခံချက်တွေမှာနတ်ရေကန်တိုက်ပွဲအတွင်း အသား
စားကြူးတဲ့ စစ်ဘီလူးရဲ့ အင်္ဂါရုပ်ကို စစ်သုံ့ပန်းတွေက ဖွင့်ချထားပါတယ်။
https://www.ludunwayoo.com/feature-mm/2026/06/05/159057/

LuduNwayOo
နတ်ရေကန်ထဲက အစားကြူးစစ်ဘီလူး | LuduNwayOo
"ဇတ်တူသားချင်းအစားခံရတာ"လို့စစ်သုံ့ပန်းတဦးရဲ့ ပြောစကားကို ကြားချိန်မှာ မယုံကြည်နိုင်လောက်အောင် အထိတ်တလန့်ဖြစ်သွားရတယ်လို့ နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော်(AA)နဲ့အတူတိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။
👍43🤮3❤2👏2👎1😢1🥴1
“မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်”
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရဲ့မလှမ်းမကမ်းမှာရှိတဲ့ မြစ်ခြေမြို့က အမျိုးသမီးတစ်ဦးက အဝေးတနေရာမှာ အလုပ်လုပ်နေတဲ့ သူ့သမီးစိတ်သက်သာရအောင် မီးလောင်ပြင်အနီးကနေ ထွက်ပြေးခါနီး အားတင်းပြောလိုက်တဲ့စကားသံပါ။
အားပေးစကားပြောတဲ့ မိခင်ရဲ့ရှေ့ ခပ်လှမ်းလှမ်းမှာတော့ နေအိမ် တွေမီးဟုန်းဟုန်းတောက်လောင်နေပြီး ကောင်းကင်ပေါ် မီးခိုးတွေ အလိပ်လိုက်အလိပ်လိုက်တက်နေပါတယ်။မေလ၂၈ ရက်နေ့က ဒီမြင်ကွင်းကို မိသားစုစားဝတ်နေရေးအတွက် အဝေးတစ်နေရာမှာအလုပ်လုပ်နေရတဲ့သမီးဖြစ်သူကလည်း လူမှုကွန်ယက်ကတစ်ဆင့်မြင်တွေ့ရပါတယ်။ မိသားတစုလုံးလုပ်အားနဲ့ ကုတ်ခြစ်စုဆောင်းပြီး ဆောက်ထားတဲ့အိမ် မိနစ်ပိုင်းအတွင်းမီးလောင်တိုက်သွင်းခံရတာကို ထိုင်ကြည့်နေရတဲ့မိခင်ဖြစ်သူရဲ့ဝမ်းနည်းပူဆွေးမှုကို သမီးဖြစ်သူက အခုလိုရင်ဖွင့်ရှာပါတယ်။
ငါ့သမီး အမေတို့အတွက် စိတ်မပူနဲ့တော့တဲ့။ မကျန်လည်း ဘာတတ်နိုင်မလဲတဲ့။သူ့စိတ်တွေ လျှော့ချလိုက်တယ်ထင်ပါတယ်။ လေသံတိုးတိုးလေးနဲ့ရယ်”
တစ်နေရာစီရှိနေကြတဲ့ သားအမိအပြင် လူနှစ်သောင်းနီးပါးရဲ့ အိုးအိမ်တွေကို မီးလောင်တိုက်သွင်းနေသူတွေကတော့ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့လက်သည်တရားခံ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုပဲဖြစ်ပါတယ်။
https://youtu.be/f3sqUOiacfQ?si=5t4abAMs6RdjO03j

YouTube
ပုဂံဘုရားရိပ်က မီးလောင်ပြင် | People's Spring
ပုဂံဘုရားရိပ်က မီးလောင်ပြင်
ကဖေး/People's Spring
" မီးတောက်တွေကလည်း များလိုက်တာ။အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရဲ့မလှမ်းမကမ်းမှာရှိတဲ့ မြစ်ခြေမြို့က အမျိုးသမီးတစ်ဦးက အဝေးတနေရာမှာ အလုပ်လုပ်နေတဲ့ သူ့သမီးစိတ်သက်သာရအောင်…

😢46👍3🥴2❤1🔥1
အာရက္ခထီ စိတ်ဝင်စားမှုများပြီး ဝယ်ယူသူများပြား
ဇွန်-၆၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာရက္ခတပ်တော်(AA)က ရောင်းချနေတဲ့ ထီလက်မှတ်တွေကို ပထမဆုံးလမှာ စိတ်ဝင်တစားဝယ်ယူသူအများအ ပြားရှိနေပြီး ရခိုင်ပြည်တွင်းအပြင် ပြည်မနဲ့ ပြည်မရောက်နေသူတွေပါ ဝယ်ယူကြတယ်လို့ထီလက်မှတ်ရောင်းချသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်မြို့နယ်၁၄ ခု၊ ချင်းပြည်နယ် ပလက်
၀မြို့နယ်တို့ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေး ၊ တရားစီရင်ရေးနဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်နေတဲ့ AA ဟာ တလမှာတကြိမ်ဖွင့်လှစ်မယ့် အာရက္ခလောင်ပေါ်(အာရက္ခထီ)ကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကနေ စတင်ရောင်းချနေခဲ့တာပါ။
“စရောင်းတဲ့နေ့မှာပဲ ဝယ်တဲ့သူတွေ အရမ်းများတယ်။ပြည်ပကလူတွေရော၊ကျွန်မတို့ဆီကို ဆက်သွယ်ပြီး ဝယ်ကြ တယ်။ တနေ့ကုန်ရောင်းတာ ဝယ်တဲ့လူက မစဲဘူး။ တော်တော် စိတ်ဝင်စားမှုရှိတယ်ပြောရမယ်” လို့ AA လက် အောက်ခံအခွန်ဌာနမှ ဝန်ထမ်းတဦးက ပြောပါတယ်။
အမြင့်ဆုံးဆုကျပ်သိန်းငါးရာပါဝင်တဲ့အဲဒီထီလက်
မှတ်တွေကို AA လက်အောက်ခံ အခွန်ဌာနကနေ ရောင်းချနေ တာဖြစ်ပြီး နောက်လတွေမှာတော့
အရောင်းကိုယ်စားလှယ်တွေကို ခွဲဝေရောင်းချစေမယ်လို့ အခွန်ဌာန တာဝန်ရှိ သူတွေက ပြောပါတယ်။
မြောက်ဦးမြို့နယ်မှ ထီထိုးသူအမျိုးသမီးတဦးက “ကျွန်မဆိုရင် အစောင် ငါးဆယ်ထိုးထားတယ်။ ငါးသောင်းဖိုးတစောင်ကိုတထောင်ဆိုတော့ စျေးလည်း မကြီးဘူးလေ။ လူတိုင်း ထိုးနိုင်တဲ့စျေးဖြစ်တယ်။ သာမာန် လက်လုပ် လက်စားတွေတောင် အနည်းဆုံးနှစ်စောင်၊သုံးစောင်လောက်ကထိုးကြတယ်” လို့ ပြောပါတယ်။
AA က ရောင်းချတဲ့ထီမှာထီဆုတွေအနေနဲ့ ဂဏန်း
ခြောက်လုံးတူ ပထမဆု ကျပ်သိန်းငါးရာ၊ ဂဏန်းခြောက်လုံးတူ ဒုတိယဆု ကျပ်သိန်းသုံးရာ၊ ဂဏန်းခြောက်လုံးတူ တတိယဆု ကျပ်သိန်းတရာ နဲ့ ကျပ်သိန်း ငါးဆယ်တန် စတုတ္ထ ဆုခြောက်ဆု၊ ကျပ်ဆယ်သိန်း တန် ပဉ္စမဆု ဆယ်ဆု၊ ကျပ်ငါးသိန်းတန် ဆဌမဆု နှစ်ဆယ်ဆု၊ စုစုပေါင်း ဆု ၃၉ ဆု ပါဝင်ပါတယ်။
စုစုပေါင်းဆုကြေးငွေကျပ်သိန်း ၁၄၀၀ ပါဝင်တဲ့ AA ရဲ့ ထီကို တစ်လမှာ တကြိမ်ဖွင့်လှစ်မှာဖြစ်ပြီး ပထမဆုံးလအ တွက် ထီကို လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။
“အခုရောင်းတာခြောက်ရက်ပဲ ရှိသေးတယ်။ သိန်းတစ်ထောင်ကျော်ရင်တောင် တစ်ထောင်လောက်ကရနေ လောက် ပြီ။ တော်တော်ရောင်းရတာ။ ထီရောင်းတဲ့အနားမှာ ရှိနေတော့ ဝယ်တဲ့သူတွေများတာကို သိတာ။ အခုလို စိတ်ဝင် စားပြီး ထိုးကြလို့ ဝမ်းသာတယ်။ များများထိုးကြမှ အခွန်များများရပြီး ပြည်သူတွေအတွက် များများလုပ်ပေးနိုင် မှာပေ့ါ” လို့ မင်းပြားမြို့မှ ဒေသခံဆိုင်သည်တဦးက ပြောပါတယ်။
AA အနေနဲ့ ထီလက်မှတ်တွေရောင်းချရတာဟာ ထီရောင်းရာကနေ ရတဲ့အခွန်ငွေတွေကို ပြည်သူ့ဝန်ဆောင်မှု လုပ် ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ရောင်းချတာလို့ ဗဟိုအ အကောက်ခွန်နဲ့ အခွန်ဌာန၊ ထီဌာနခွဲက အသိပေးထားပါတယ်။
ဒါဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပထမအဆုံးဖွင့်လှစ်၊ ရောင်းချတဲ့ ထီလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း ဒေ
သခံတွေဟာ စစ်ကော်မရှင်က ရောင်းချတဲ့ထီတွေ မထိုးကြတော့ဘဲ နှစ်လုံး၊ သုံးလုံး ချဲထီတွေ ထိုးလာကြတယ်လို့ ဒေသခံတွေ ကေ ပြောပါတယ်။
အခုထီလက်မှတ်တွေ ရောင်းချတဲ့အခါမှာတော့ ချဲထီတွေလည်း အတိုင်းအတာတခုထိ လျော့နည်းသွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
အာရက္ခတပ်တော်(AA)ဟာပြီးခဲ့တဲ့၂၀၂၄နှစ်လယ်
ပိုင်း မြို့တွေသိမ်းပိုက်ပြီးနောက်ပိုင်းကနေစပြီး ဒေသတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေ၊ တရားစီရင်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်
ငန်းတွေကိုတိုးပြီးဆောင်ရွက်လာနေခဲ့တာဖြစ်ပါတယ်။

❤42👍20😁3🥰2👏2
အာရက္ခလောင်ပေါ်(အာရက္ခထီ)ဝယ်ယူကံစမ်းနေကြသူများ။ဓါတ်ပုံ-Arakan Princess Media
❤43👍9🥰4👏3😁1