People's Spring
✔
59.9K subscribers
71.7K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဒါ​ကြောင့်အာဏာသိမ်းစစ်တပ်နဲ့ အိန္ဒိယခွဲထွက်ရေးလက်နက်ကိုင်လှုပ်ရှားသူတွေကြားမှာ ဆက်
နွှယ်မှုရှိပြီး သူတို့နှစ်ဖွဲ့ပေါင်းကာ ပြည်သူ့ကာ
ကွယ်ရေးတပ်ဖွဲ့(PDF)တွေကို တိုက်ခိုက်ခဲ့တာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားတာ ရှိပါတယ်။

ဝန်ကြီးချုပ်မိုဒီကတော့ မြန်မာနိုင်ငံရဲ့အချုပ်
အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အိန္ဒိယက ထောက်ခံကြောင်းနဲ့ တဖက်နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်စေမယ့် မလျော်ကန်တဲ့ ဆောင်ရွက်မှုတွေကို တားဆီးကာကွယ်သွားဖို့ အရေးကြီးကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံပူးတွဲကြေညာချက်ထဲမှာ မပါပေမယ့် အရင်ထဲက မြန်မာ-အိန္ဒိယနှစ်နိုင်ငံစစ်တပ်ချင်း ဆက်ဆံရေးက ကောင်းမွန်တာကြောင့် အခုခရီးစဥ်မှာလည်း စစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးကြလိမ့်မယ်လို့ မြန်မာ-အိန္ဒိ
ယဆက်ဆံရေး အကဲခတ်တချို့က သုံးသပ်ပါတယ်။

မြန်မာစစ်တပ် ပထမဆုံးပိုင်တဲ့ တပတ်ရစ်ရေငုပ်
သင်္ဘောကို အိန္ဒိယက ရောင်းချပေးခဲ့သလို အိန္ဒိယဟာ စစ်တပ်အာဏာမသိမ်းခင်ကရော၊ အာဏာ
သိမ်းအပြီးမှာပါ စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်သုံးပစ္စည်းတွေ ရောင်းချပေးခဲ့ပါတယ်။ အခုလည်း စစ်လက်နက်ပစ္စည်းနဲ့ပတ်သက်ရင် ရုရှားနဲ့ တရုတ်ကိုသာ အားကိုးနေရတဲ့ မြန်မာစစ်တပ်အတွက် အိန္ဒိယက အရေးပါတဲ့ တင်ပို့ရောင်းချတဲ့နိုင်ငံ ဖြစ်လာနေပြီလို့ စစ်ရေးစောင့်ကြည့်သူတချို့က မှတ်ချက်ပြုပါတယ်။

“အိန္ဒိယက မြန်မာပြည်မှာ တရုတ် တန်ခိုးထွားလာတာကို power-balance(အာဏာထိန်းညှိမှု)လုပ်ချင်တာက တပိုင်း၊ တဖက်မှာလည်း တရုတ်နဲ့တူတာက မြန်မာပြည်မှာ စစ်တပ်ပြိုလဲသွားတာကို
မမြင်ချင်တဲ့ တိုင်းပြည်ဖြစ်တယ်”လို့ စစ်ရေးအကဲခတ်တစ်ဦးက ဆိုပါတယ်။

စင်ကာပူအခြေစိုက် သုတေသီကလည်း “လက်ရှိမှာ မြန််မာရေတပ်က အခြားစစ်တပ်ရဲ့လက်နက်တွေနဲ့စာရင် အိန္ဒိယရဲ့လက်နက်တွေကို အားကိုးရတာ များတယ်။ လေတပ်နဲ့ ကြည်းတပ်ကတော့ တရုတ်၊ ရုရှားတို့ရဲ့ လက်နက်တွေကို အားကိုးရတာ များတယ်။ ရေတပ်ကတော့ အိန္ဒိယလက်နက်တွေကို အားပြုတယ်။ အခုဆို ရခိုင်မှာဆိုရင် ရေတပ်ကို ပိုအားပြုလာရတယ်။ ရေတပ်လက်
နက်တွေ ဝယ်ယူတာမျိုး၊ နောက်ပြီး ဒရုန်းတွေကိုလည်း တရုတ်နိုင်ငံကနေပဲ ဝယ်ယူနေရတာကနေ အိန္ဒိယဘက်ကနေ ဝယ်ချင်တာမျိုးလည်း ရှိမယ်”လို့ မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်တို့စစ်တပ်အနေနဲ့ တရုတ်က သူ့ကို လွှမ်းမိုးလာတာကို မကြိုက်တဲ့အတွက်ကြောင့် အိန္ဒိယနဲ့ နီးစပ်ပြပြီး တရုတ်ကို အားကိုးရတာကို အတိုင်းအတာတစ်ခုအထိ လျှော့ချလိုနေကြောင်း လက်နက်အရောင်းအဝယ်ကိစ္စမှာ အိန္ဒိယအတွက်ရော၊ မြန်မာစစ်တပ်အတွက်ပါ နှစ်ဖက်စလုံး အကျိုးရှိနိုင်ကြောင်း အဲဒီသုတေသီက ပြောပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ အာဏာသိမ်း စစ်အုပ်စုကို စစ်လက်နက်ရောင်းချမှုနဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အားလုံးကို ချက်ချင်းအဆုံးသတ်ဖို့ Justice For Myanmar က ၂၀၂၅ ခုနှစ် သြဂုတ်က တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ စစ်အုပ်စုစစ်သည်အရာရှိများကို အိန္ဒိယမှာ လေ့ကျင့်သင်ကြားပေးပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေသလို စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးကိရိယာတွေကို ရောင်းချပေးရာပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ JFM က ဖော်ထုတ်ထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီး
စဥ်အတွင်း DD India သတင်းဌာနကို အင်တာဗျူးလက်ခံဖြေဆိုခဲ့ပြီး လက်ရှိသူ့အစိုးရသစ် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးရအောင် ကြိုးစားဆောင်မယ်ဖြစ်ကြောင်းနဲ့ လာမယ့် ၅နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမှာဖြစ်ကြောင်း ပြောပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်နေတဲ့အဖွဲ့တွေနဲ့ပတ်သက်လို့ မင်းအောင်လှိုင်က နှစ်ပိုင်းခွဲပြောပြီး ပထမပိုင်းဖြစ်တဲ့ PDF(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တွေကို ငြိမ်းချမ်းရေးရော၊ လုံခြုံရေးပိုင်းရော ဦးစားပေးရှင်းမယ်လို့ ပြောပါတယ်။ ဒုတိယအပိုင်းဖြစ်တဲ့ EAO(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)တွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးကဏ္ဍကနေ သွားမယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ ဒါပေမဲ့ EAO တွေရဲ့လိုလားချက်က မျိုးစုံဖြစ်နေကြောင်းနဲ့ ဖြစ်ချင်တာတွေ လျှောက်ပြောနေမယ့်အစား ဖြစ်နိုင်တာတွေနဲ့ဖြစ်သင့်တာတွေပဲ လုပ်တာ ပိုကောင်းတယ်လို့ စစ်ခေါင်း
ဆောင်က DD India နဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။ ​မေးမြန််းခန်းမှာ တိုင်းရင်းသားကို အဂ်လိပ်အသံထွက်နဲ့ မှား​ပြောတဲ့ အာဏာသိမ်း​ခေါင်း​ဆောင်တစ်​ယောက် လူမှုကွန်ယက်မှာ ​ဝေဖန်စရာ ၊​လှောင်​ပြောင်စရာလည်းဖြစ်​နေပါတယ်။

ဒါ့အပြင် အိန္ဒိယခရီးစဥ်အတွင်း မြန်မာ-အိန္ဒိယစီးပွားရေးဖိုရမ်ပြုလုပ်ခဲ့ပြီး အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာပြည်ကို လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ မင်းအောင်လှိုင်က ဖိတ်ခေါ်ပါတယ်။ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုံခြုံရေးကို စိတ်မပူကြဖို့နဲ့ မြန်မာ့နိုင်ငံရေးအ
ကြောင်း သူ ကောင်းကောင်းသိကြောင်း မင်းအောင်လှိုင်က ကြွားလုံးထုတ်ပါတယ်။
❤13🔥3👎2👍1
“အခုဟာက ဒီစကားကို ထုတ်ပြောရတယ်ဆိုကတည်းက သူ့မှာ အဲ့လောက်အထိ ယုံနိုင်စရာ မဖြစ်နေသေးလို့ သူကိုယ်တိုင်ထုတ်ပြောပြီး လာကြပါလို့ ခေါ်နေရတဲ့ အနေအထားမျိုးဖြစ်နေတာပေါ့လေ။ ဆိုတော့ အိန္ဒိယလုပ်ငန်းရှင်တွေအနေနဲ့ ဒါကိုတော့ မြင်မယ်လို့ ထင်တယ်။ လာလိမ့်မယ်လို့ မထင်ဘူး”လို့ မြန်မာ့အရေးသုတေသီက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အိန္ဒိယခရီးစဥ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကတော့ အဲဒီခရီးစဥ်ဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယက အခုလို အာဏာ
သိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားတွေ့ဆုံခြင်းအပေါ် NUG အနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်းလည်း ပြောထားပါတယ်။

အိန္ဒိယနဲ့ နယ်နိမိတ်ချင်းကပ်လျက် ချင်းပြည်နယ်က ချင်းအမျိုးသားတပ်ဦး(CNF)ပြောရေးဆို
ခွင့်ရှိသူ ဆလိုင်းထက်နီကလည်း အိန္ဒိယအစိုးရအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်
လှိုင်ကို ဖိတ်ခေါ်ခဲ့တာဟာ ဒီမိုကရေစီနိုင်ငံမပီသတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ဘယ်လိုပဲတွေ့တွေ့ပါ။ ဒါက တရားမဝင်တဲ့ စစ်အာဏာရှင်၊ အတုအယောင်အစိုးရကို အသိအ
မှတ်ပြုလိုက်တာပဲ။ ဒီမိုကရေစီ နိုင်ငံကြီး မပီသဘူးလို့ပဲ မှတ်ချက်ပြုချင်တယ်”လို့ ဆလိုင်းထက်နီက ပြောပါတယ်။ ။
👎20👍6🔥3❤2😁2
အာဏာသိမ်း​ခေါင်း​ဆောင်ကို အိန္ဒိယက ကြိုဆိုခဲ့ပုံနဲ့ ​ရွေး​ကောက်ခံသမ္မတ ဦးဝင်းမြင့်၊ဦးထင်​ကျော်တို့ကို အိန္ဒိယကကြိုဆိုခဲ့ပုံ)
🔥18🖕11👍6❤2😁2🤣1🍌1
စစ်တပ်ရဲ့အသုံးချမခံရဖို့ စစ်တပ်နဲ့ ဝေးရာနေကြဖို့ ပူတာအို PDF ထုတ်ပြန်

ဇွန်-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေ၊ ရိက္ခာတွေ တင်ဆောင်တာ လုံး၀ မပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)-ပူတာအိုက ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်က အရပ်သား ခရီးသွားတွေရဲ့မော်တော်ယာဉ်တွေကို စစ်ရေးလှုပ်ရှားမှု၊ စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းမှုတွေမှာ အကာအကွယ်အဖြစ် အသုံးပြုနေလို့ ပူတာအို PDFက ဇွန်လ ၅ရက်နေ့က စတင်ပြီး မြစ်ကြီးနား -ဆွမ်ပရာဘွမ်-ပူတာအို ကာလမ်းမှာ ပြည်သူတွေ ရှောင်ရမယ့် အချက် ၃ချက်ကို အသိပေးထုတ်ပြန်ခဲ့တာပါ။

စစ်တပ်နဲ့ ပတ်သက်တာတွေ မတင်ဖို့ ၊ Non CDM ဝန်ထမ်းတွေ မတင်ဖို့၊ စစ်ကောင်စီ စစ်သားများနဲ့ အတူတကွ ရောနောလိုက်ပါခြင်း၊ နေထိုင်ခြင်း ၊ စစ်ကောင်စီတပ်သားတွေကို တင်ဆောင်ခြင်းမပြုဖို့ သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

အထက်ပါ အချက်တွေကို ပြင်းထန်စွာတားမြစ်ကြောင်း ဖော်ပြထားပြီး တားမြစ်ချက်တွေ မလိုက်နာရင် မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းမဆို နောက်ဆက်တွဲ ကိစ္စရပ်တွေ အတွက် တာဝန်ယူမှာ မဟုတ်တဲ့အပြင် ထိရောက်ပြတ်သားစွာ အရေးယူမယ်လို့လည်း အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မေလကုန်ပိုင်းမှာ မန္တလေးဘက်ကနေ မြစ်ကြီးနားကို စစ်ကားအစီး ၂၀၀ ခန့်နဲ့ စစ်အင်အားဖြည့်တင်းခဲ့ပါတယ်။ အဲဒီယာဉ်တန်းမှာ ဘာတွေ ပါတယ်ဆိုတာ အတိအကျ မသိပေမယ့် အချက် ၂ချက် သုံးသပ်ရကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ဇွန်လ ၁ရက်မှာ ပြောပြထားပါတယ်။

“ပထမကတော့ ကျနော်တို့ ကချင်ပြည်နယ်မှာ ကုန်းလမ်းဆက်သွယ်မှု လည်း အခက်အခဲတွေ အများကြီးရှိတဲ့အခါကျတော့ စားနပ်ရိက္ခာတွေ တခြားသော လိုအပ်တဲ့ဟာတွေ အခုကတည်းက ထောက်ပို့ထားတာလည်းဖြစ်နိုင်တာပေါ့။ မိုးတွင်းအတွက်ပေါ့လေနော်။ နောက်တခုကတော့ သူတို့ စစ်ဆင်ရေး ဖော်ဆောင်ဖို့ လိုအပ်တာတွေကို သူတို့ ပြင်ဆင်ထားတာလည်း ဖြစ်နိုင်တာပေါ့။ သူတို့ ရက် ၁၀၀ စီမံကိန်းထဲမှာ ကျနော်တို့ ကချင်ပြည်နယ် မြို့နယ် ၅ခုကို သူတို့ စစ်ဆင်ရေးလုပ်ဖို့ သူတို့ ပြောထားတာရှိတယ်လေ။ ဆိုတော့ အဲဒါအတွက် သူတို့ လိုအပ်တာတွေ ပြင်ဆင်ထားတာလည်းဖြစ်နိုင်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဧပြီ နောက်ဆုံးပတ်က စစ်အုပ်စုရဲ့အရေးပေါ် အခြေအနေ စစ်အုပ်ချုပ်ရေးကြေညာချက်မှာ မြို့နယ်ပေါင်း ၆၀ ရှိပြီး ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေစတဲ့ မြို့ နယ် ၅ခု ပါဝင်ပါတယ်။

လက်ရှိမှာ ရွှေကူမြို့နယ်အတွင်း စစ်တပ်နဲ့ KIA အကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါး ပြင်းထန်လျက်ရှိပါတယ်။
👍35❤6🤣1
(ပူတာအို​ဒေသရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်(KPDF) တပ်ဖွဲ့ဝင်အချို့။ဓာတ်ပုံ - ပူတာအို PDF)
👍29🥰9❤6🔥2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မြန်မာ့အရေးမှာ လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေပြသဖို့ အမေရိကန်ကို BRI တိုက်တွန်း

မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ ပိုပြီး ထိရောက် အားကောင်းတဲ့ လက်တွေ့ လုပ်ဆောင်မှုတွေ ပြသပေးဖို့ အမေရိကန်အစိုးရကို Burma Research Institute(BRI)က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် အစိုးရ အနေနဲ့ စကားလုံးတွေနဲ့အညီ လေးနက်တဲ့ လက်တွေ့ လုပ်ဆောင်မှုတွေကိုလည်း အာရုံစိုက်ပေးဖို့လိုကြောင်း BRIရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ဇိုတွမ်မှုန်က ထောက်ပြပါတယ်။ ဒါ့အပြင် မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ပူးပေါင်း အလုပ်လုပ်ဖို့ အမေရိကန် အစိုးရကို BRIက အကြံပြု တောင်းဆိုခဲ့ပါတယ်။ တဆက်တည်းမှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာပိုင် နိုင်ငံခြားငွေကြေး ဒေါ်လာ ၁ ဘီလီယံနဲ့ ဆက်စပ် အတိုးနှုန်းတွေကိုလည်း SCEFကို လွှဲပေးဖို့ BRIက ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။ နောက်ပြီး ၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာအတွက် အကူအညီပေးဖို့ ခွဲတမ်းသတ်မှတ်ထားတဲ့ ဒေါ်လာ ၁၂၁ သန်းကိုလည်း SCEFကနေ ခွဲဝေပေးဖို့၊ တိုင်းရင်းသားတွေနဲ့ လူနည်းစု ခရစ်ယာန်တွေအပေါ် စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ပေးဖို့၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ခရစ်ယာန် ဓမ္မဆရာတွေနဲ့ တခြား မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်လာအောင် ဖိအားပေးဖို့လည်း BRIက တောင်းဆိုထားပါတယ်။

◾️စစ်တပ်က မြစ်​​​ခြေမြို့မှာ ပြည်သူ ၄၀ကျော်ကို သတ်ဖြတ်

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ မြစ်ခြေမြို့မှာ ကလေးငယ်တွေအပါအဝင် အရပ်သား ၄၀ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်အား ၄၀၀ ကနေ ၅၀၀ နီးပါးရှိတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ မေလ ၁၀ ရက်ကစတင်ပြီး မြစ်ခြေမြို့ကို အကြမ်းဖက်စီးနင်းခဲ့တာပါ။ စစ်တပ်စစ်​ကြောင်း​တွေ ဝင်လာကတည်းက​ သောင်းနဲ့ချီတဲ့ပြည်သူ​တွေဟာ ​ဘေးလွတ်မယ်ထင်တဲ့​နေရာ​တွေကို ထွက်​ပြေးတိမ်း​ရှောင်ကြ​ပေမယ့်​ဒေသခံအချို့က​တော့ ထွက်မ​ပြေးခဲ့ပါဘူး။ စစ်တပ်စစ်ကြောင်းတွေ တခြားနေရာ​တွေသွားနေတုန်း မြို့ထဲကိုဝင်ကြည့်တဲ့အခါ သတ်ဖြတ်ခံရတဲ့ အလောင်းတွေ ဆယ်နဲ့ချီပြီးတွေ့တာလို့ ဒေသခံတချို့က ပြောပါတယ်။ အသတ်ခံရတာ ၄၀ ကျော်ပြီး ၂၅လောင်းကို တွေ့ရပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ် စစ်ကြောင်းက ရှိနေသေးပြီး ဒေသခံတချို့ကတော့ ဝင်လို့ရသလောက် ပြန်ဝင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

◾️အမျိုးသမီးငယ်တွေကို လိင်ကျွန်ပြု နှိပ်စက်ခဲ့တဲ့ ရွှေရိုးရာ KTV ပိုင်ရှင်ကို လူကုန်ကူးမှုနဲ့ အမှုဖွင့်

အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။ AA ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်မှာ ရွှေရိုးရာ KTV ပိုင်ရှင် ဒေါ်ခင်မိုးမိုးဝင်း(၅၆နှစ်)၊ မန်နေဂျာ ဒေါ် လှလှဝင်း(ခ)မေခ (၄၅နှစ်)နဲ့ ဒု-မန်နေဂျာ ဒေါ်ပြည့်ပြည့်ဝင်း(ခ)ထိပ်ထား(၄၁နှစ်)တို့ကို ဖမ်းဆီးကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ နဲ့ အမှုဖွင့်ခဲ့တာပါ။ ရွှေရိုးရာ KTV ပိုင်ရှင်တွေဟာ KTV လို့ အမည်ခံထားပြီး ဝန်ထမ်းအမျိုးသမီးတွေကို KTV မှာ သီချင်းဆို၊ ဝန်ဆောင်မှုပေးရုံမကဘဲ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မလုပ်ခိုင်းတာ၊ ရိုက်နှက်နှိပ်စက်တာတွေလုပ်တဲ့အပြင် ရလာတဲ့ ငွေတွေကိုလည်း ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေ လုပ်နေခဲ့တာဖြစ်တယ်လို့ AA ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အဲဒီ KTV ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ လိင်ကျွန်ပြုခံခဲ့ရသူအမျိုးသမီးတစ်ဦးကလည်း သူနှိပ်စက်၊ လိင်ကျွန်ပြုခံခဲ့ရတဲ့အကြောင်း ထုတ်ဖော်ထားပါတယ်။ သူမဟာ ပေါက်တောမြို့နယ်က ဖြစ်ပြီး အသက် ငါးနှစ်အရွယ် သားတစ်ဦးရှိကာ စစ်တွေမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးရဲ့ ချိတ်ဆက်မှုနဲ့ ရွှေရိုးရာ KTV မှာ အလုပ်စလုပ် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

◾️စစ်ကိုင်းမြို့အဝင်မှာစစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ
👍8🔥4❤2
စစ်ကိုင်းမြို့အ​ခြေစိုက်၊ တပ်မ(၃၃)ကို ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီနေ့မှာ မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်း-မုံရွာလမ်း၊ ညောင်ပင်ဝန်းရွာက သံပြားကာ စစ်ကား ၅စီးဟာ တပ်မ(၃၃)ပြန်ဝင်ဖို့ ထွက်လာချိန် စစ်ကိုင်းမြို့အဝင်နားက ကျောက်ဆည်ရွာနဲ့ ကုန်းကျေးရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲခဲ့တာလို့ ​ဒေသခံအချို့က​ ပြောပါတယ်။ အဲဒီ စစ်ကား​တွေဟာ ဇွန်လ ၅ ရက်​​၊​နေ့ခင်းပိုင်းမှာ စစ်ကိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)အတွင်း ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ ​ညောင်ပင်ဝန်းရွာက​နေ စစ်ကိုင်းမြို့ကို ပြန်လာစဥ် မိုင်းဆွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ စစ်တပ်က ကားတန်းမိုင်းဆွဲခံရပြီး​တော့ သေနတ်တွေနဲ့ အချိန်တော်ကြာအနီးဝန်းကျင်ကို ပစ်ခတ်ပြီး မိုင်းဆွဲခံရတဲ့ကားကိုထားခဲ့ကာ ဒဏ်ရာရတဲ့ စစ်သားတွေကို ခေါ်ဆောင်ကာ တပ်မ(၃၃)အတွင်း ဝင်သွားတယ်လို့ စုံစမ်းသိရပါတယ်။

◾️နတ်မောက်အရှေ့ခြမ်းက ရွာတွေကို စစ်တပ် ဗုံးကြဲနေ

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဇွန်လ ၅ ရက် နေ့လယ်ပိုင်းမှာ နတ်မောက်အရှေ့ခြမ်းက ရုံးပင်ကွက်‌ကျေးရွာဘုန်းတော်ကြီးကျောင်းကို ရော့ကတ် ၂လုံး၊ ပေါင် ၅၀၀ဗုံး ၁လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ နတ်မောက်မြို့မှာ အင်အားစုဖွဲ့ထားတဲ့ စစ်တပ်က စစ်ကြောင်း ၂ကြောင်းနဲ့ ဇွန်လ ၃ရက်က ထပ်မံထိုးစစ်ဆင်လာတာလို့ နတ်မောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေလည်းမကြာခဏ ဖြစ်နေပြီး စစ်ရေးအရ လတ်တလောအခြေအနေအသေးစိတ်ကို သီးခြားထုတ်ပြန်မယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။ ဇွန်လ ၃ ရက် နေ့လယ်ပိုင်းကလည်း နတ်မောက်-ပျော်ဘွယ်လမ်းမကြီးဘေးက သမှုန်းကုန်းကြီးရွာကို စစ်တပ်စစ်ကြောင်းက မီးရှို့ခဲ့ပါတယ်။

◾️ရခိုင်ရိုးမ တက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကနေ ရခိုင်ရိုးမဆီ တက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အထိနာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့ တာ၀န်ရှိသူတချို့က ပြောပါတယ်။ သရက်မြို့အခြေစိုက် အမှတ်(၄၄)ခြေလျင်တပ်ရင်း(ခလရ-၄၄)၊ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေက အင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်း ၃ကြောင်းခွဲပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမကို ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။ အဲဒီစစ်တပ်စစ်ကြောင်းတွေနဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာတွေလည်းရှိပြီး စစ်တပ်ဘက်က လေကြောင်းအကူအညီသုံးကာ တိုက်ခိုက်ခဲ့တာရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် သရက်ခရိုင် တာဝန်ရှိသူက ပြောပါတယ်။ စစ်တပ်က အထိနာနေတဲ့အနေအထားမှာရှိပြီး အခု နှစ်ရက်သုံးရက်မှာ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ အဲဒီတာ၀န်ရှိသူက ဆက်ပြောပါတယ်။

◾️မင်းတပ်မှာ တိုက်ပွဲဆက်ဖြစ်၊ နှစ်ဖက် ကျဆုံးထိခိုက်မှုရှိ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံက ဒီနေ့ ဇွန်လ ၅ရက် ညနေမှာ ပြောပါတယ်။ ချင်းတော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို မေလမှာ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ချင်းတော်လှန်ရေးရဲဘော်အချို့နဲ့ ချင်းသတင်းရင်းမြစ်အချို့ရဲ့ အသိပေးချက်အရ မင်းတပ်နဲ့ ကန်ပက်လက်တိုက်ပွဲအတွင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) မတူပီ၊ CDF ဒိုင်ရ်နဲ့ CDF ကန်ပက်လက် ရဲဘော်အချို့ ကျဆုံးခဲ့တယ်လို့ ကျဆုံးရဲဘော်အချို့ရဲ့ ပုံတွေ ဖော်ပြ အသိပေးထားပါတယ်။

◾️ရွှေကူက တိုက်နယ်ဆေးရုံနဲ့ KIO အုပ်ချုပ်ရေးရုံးနေရာ စစ်တပ် ဗုံးကြဲ၊ အရပ်သား သေဆုံးထိခိုက်မှုရှိ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဇွန်လ ၄ရက် မနက်က စီတာကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တိုက်နယ်ဆေးရုံနဲ့ KIO ရုံးထိခိုက်ပျက်စီးမှု သတင်းတွေအပေါ် အခုလိုအတည်ပြု ရှင်းပြပေးတာပါ။ ထိခိုက်သူ ၃ဦးအနက် ၂ဦးသေဆုံးတယ်လို့ ကြားရပေမယ့် အတိအကျ အတည်မပြုနိုင်သေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIA နယ်မြေအတွင်း သတင်းတွေဖော်ပြနေတဲ့ 7Stars News ရဲ့ ဖော်ပြချက်မှာတော့ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦး သေဆုံးကာ ဒဏ်ရာ ပြင်းထန်သူ ၂ဦး အပါအဝင် ၇ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

◾️စစ်တပ်ရဲ့အသုံးချမခံရဖို့ စစ်တပ်နဲ့ ဝေးရာနေကြဖို့ ပူတာအို PDF ထုတ်ပြန်
👍13🔥3❤2
အာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေ၊ ရိက္ခာတွေ တင်ဆောင်တာ လုံး၀ မပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)-ပူတာအိုက ဒီနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်တပ်က အရပ်သား ခရီးသွားတွေရဲ့မော်တော်ယာဉ်တွေကို စစ်ရေးလှုပ်ရှားမှု၊ စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းမှုတွေမှာ အကာအကွယ်အဖြစ် အသုံးပြုနေလို့ ပူတာအို PDFက ဇွန်လ ၅ရက်က စတင်ပြီး မြစ်ကြီးနား -ဆွမ်ပရာဘွမ်-ပူတာအို ကာလမ်းမှာ ပြည်သူတွေ ရှောင်ရမယ့် အချက် ၃ချက်ကို အသိပေးထုတ်ပြန်ခဲ့တာပါ။ စစ်တပ်နဲ့ ပတ်သက်တာတွေ မတင်ဖို့ ၊ Non CDM ဝန်ထမ်းတွေ မတင်ဖို့၊ စစ်ကောင်စီ စစ်သားများနဲ့ အတူတကွ ရောနောလိုက်ပါခြင်း၊ နေထိုင်ခြင်း ၊ စစ်ကောင်စီတပ်သားတွေကို တင်ဆောင်ခြင်းမပြုဖို့ သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။ အဲဒီအချက်တွေကို ပြင်းထန်စွာတားမြစ်ကြောင်း ဖော်ပြထားပြီး တားမြစ်ချက်တွေ မလိုက်နာရင် မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းမဆို နောက်ဆက်တွဲ ကိစ္စရပ်တွေ အတွက် တာဝန်ယူမှာ မဟုတ်တဲ့အပြင် ထိရောက်ပြတ်သားစွာ အရေးယူမယ်လို့လည်း အသိပေးထားပါတယ်။

◾️ပြည်သူတွေရဲ့ မြစ်ဆုံစီမံကိန်းကန့်ကွက်မှု အားပေးကြောင်း KIO တာဝန်ရှိသူပြော

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။ ၂၀၂၅ ဒီဇင်ဘာကစပြီး စစ်တပ်က မြစ်ဆုံစီမံကိန်း ပြန်စမယ်ဆိုတဲ့ ပြောဆိုချက်တွေ၊ လူထုတွေဆုံပွဲတွေ ဆက်တိုက်ပြုလုပ်တာတွေ လုပ်ဆောင်နေတဲ့အပေါ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဝိုင်းမော်မြို့နယ် အပါအဝင် ဒေသခံပြည်သူတွေကလည်း စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ၊ သဘောထား ထုတ်ပြန်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။ အာဏာသိမ်းစစ်တပ်က မြစ်ဆုံရေကာတာစီမံကိန်းပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာကို အပြီးဖျက်သိမ်းဖို့ မြစ်ကြီးနားဒေသခံ လူငယ်တွေက မေလ ၂၅ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြသလို ကချင်ပြည်နယ် ဒေသခံတွေနဲ့ ကချင်အရပ်ဘက်အဖွဲ့အစည်းပေါင်း(၄၉)ဖွဲ့ကလည်း မေလ ပထမပတ်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်း အသိပေးထားပါတယ်။

◾️ဆင်ပေါင်ဝဲက အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို PDF ပစ်ခတ်ရှင်းလင်း

ကာရာအိုကေ KTVက ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။ သာဂရ-ကိုးပင် လမ်းပိုင်းတနေရာမှာ ရှောင်တခင်စစ်ဆေးမှုအတွင်း ဘဝသစ်အကျဉ်းထောင် အကျဉ်းဦးစီးအရာရှိ သက်စိုးနဲ့ ထောင်တန်းစီးကိုယ်တိုင် မောင်းနှင်လာတဲ့ကားကို ပြီးခဲ့တဲ့ မေလ ၁ ရက်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီဘဝသစ် ထောင်ဦးစီးအရာရှိနဲ့ ထောင်တန်းစီး ကိုယ်တိုင်မောင်းနှင်လာတဲ့ ကားကို စစ်ဆေးရာ မောင်းနှင်ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ သူတို့ဆီကနေ MA5 အတိုတစ်လက်နဲ့ ကျည်ဘောက် ၃ခုကို သိမ်းဆည်းရရှိတယ်လို့ သရက်ခရိုင်တပ်ရင်း (၅) တာ၀န်ရှိသူက ပြောပါတယ်။

◾️မြိုင်မှာ စစ်တပ်က ကျေးရွာ၂ ရွာ မီးရှို့

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၂ ရွာက အိမ်ခြေ ၇၀ နီးပါး ပြာကျခဲ့ပါတယ်။ ဇွန်လ ၁ရက် မနက်ပိုင်းက မြိုင်မြို့အနောက်တောင်ဘက် စက်မှု(၂)ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကုန်းရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၄လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။ ဇွန်လ ၄ ရက် မနက်ပိုင်းကလည်း စစ်တပ်စစ်ကြောင်းဟာ ဝက်ပုတ်ရွာကို ဝင်ရောက်မီးရှို့လို့ နေအိမ် ၄၅ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။
🔥11❤4
🔥10👍9