စစ်ကိုင်းမြို့မှာ လဝကရုံး ဗုံးပေါက်၊ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ
ဇွန်-၅၊၂၀၂၆၊ကတ်သရင်းနှင်း/People's Spring
စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)အတွင်း ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ စစ်ကိုင်း- မုံရွာလမ်း၊ညောင်ပင်ဝန်းရွာက သံပြားကာ စစ်ကား ၅စီးဟာ တပ်မ (၃၃) ပြန်ဝင်ဖို့ထွက်လာချိန် စစ်ကိုင်းမြို့အဝင်နားက ကျောက်ဆည်နဲ့ ကုန်းကျေးရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။
"ကားတစ်စီးကတော့ တော်တော်လေးစုတ်ပျက်သွားတယ်။ဖြစ်ပြီးတော့ အတူတူလာတဲ့ ကားတွေက သေနတ်တွေနဲ့ လျှောက်ပစ်နေလို့ အနားကပ်မရခဲ့ဘူး။အထိခိုက် အသေးစိတ်ကိုမသိရဘူး"လို့ ဖြစ်စဉ်ကို သိရှိထားသူ တဦးက ပြောပါတယ်။
စစ်တပ်က သေနတ်တွေနဲ့ အချိန်တော်ကြာ ပစ်ခတ်ပြီး မိုင်းဆွဲခံရတဲ့ကားကို နေရာမှာထားခဲ့ပြီး ဒဏ်ရာရတဲ့ စစ်သားတွေကို ခေါ်ဆောင်ကာ တပ်မ(၃၃)အတွင်း ဝင်သွားတယ်လို့ သိရပါတယ်။
စစ်တပ်က စစ်မှုထမ်းတပ်သားသစ်အင်အားတွေသုံးကာ နယ်မြေအများစုကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေစဉ် စစ်ကိုင်းမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်မှာ ပြောက်ကျားတိုက်ခိုက်ခံရမှုတွေ ပြန်ဖြစ်လာခဲ့တာလို့ သိရပါတယ်။

👍40❤14👏4🤣2🥰1
အမျိုးသမီးငယ်တွေကို လိင်ကျွန်ပြု နှိပ်စက်ခဲ့တဲ့ ရွှေရိုးရာ KTV ပိုင်ရှင်ကို လူကုန်ကူးမှုနဲ့ အမှုဖွင့်
ဇွန်-၄၊ ၂၀၂၆။ ခိုင်မြတ်/People's Spring
အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။
AA ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်မှာ ရွှေရိုးရာ KTV ပိုင်ရှင် ဒေါ်ခင်မိုးမိုးဝင်း(၅၆နှစ်)၊ မန်နေဂျာ ဒေါ် လှလှဝင်း(ခ)မေခ (၄၅နှစ်)နဲ့ ဒု-မန်နေဂျာ ဒေါ်ပြည့်ပြည့်ဝင်း(ခ)ထိပ်ထား(၄၁နှစ်)တို့ကို ဖမ်းဆီးကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ နဲ့ အမှုဖွင့်ခဲ့တာပါ။
“ရမန်ကြီးနှစ်ပတ်ယူထားတာ ရုံးမှာတော့ မစစ်သေးဘူး။ တရားရုံးကလည်း ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူမှာပါ။ ဒီလိုအမှုတွေက လျှော့ပေ့ါလို့ မရဘူးလေ”လို့ အာရက္ခတပ်တော်လက်အောက်ခံ မြောက်ဦးခရိုင် ရဲဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ရွှေရိုးရာ KTV ပိုင်ရှင်တွေဟာ KTV လို့ အမည်ခံထားပြီး ဝန်ထမ်းအမျိုးသမီးတွေကို KTV မှာ သီချင်းဆို၊ ဝန်ဆောင်မှုပေးရုံမကဘဲ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မလုပ်ခိုင်းတာ၊ ရိုက်နှက်နှိပ်စက်တာတွေလုပ်တဲ့အပြင် ရလာတဲ့ ငွေတွေကိုလည်း ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေ လုပ်နေခဲ့တာဖြစ်တယ်လို့ AA ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီ KTV ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ လိင်ကျွန်ပြုခံခဲ့ရသူအမျိုးသမီးတစ်ဦးကလည်း သူနှိပ်စက်၊ လိင်ကျွန်ပြုခံခဲ့ရတဲ့အကြောင်း ထုတ်ဖော်ထားပါတယ်။ သူမဟာ ပေါက်တောမြို့နယ်က ဖြစ်ပြီး အသက် ငါးနှစ်အရွယ် သားတစ်ဦးရှိကာ စစ်တွေမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးရဲ့ ချိတ်ဆက်မှုနဲ့ ရွှေရိုးရာ KTV မှာ အလုပ်စလုပ် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ရွှေရိုးရာ KTV ကို မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်၊ အမ်း-ကျောက်တော်ကားလမ်းမဘေးမှာ ဖွင့်လှစ်ထားတာပါ။
ရွှေရိုးရာ KTV ဝင်ရောက်စီးနင်းဖမ်းဆီးတဲ့အခါ ပြည့်တန်ဆာအဖြစ် ဝန်ဆောင်မှုပြုလုပ်ပေးနေကြရတဲ့ အမျိုးသမီး (၁၀)ဦး ၊ ပြည့်တန်ဆာလုပ်ငန်းဆီ ပျော်ပါးဖို့ ရောက်ရှိနေတဲ့ ယောင်္ကျားများနဲ့အတူ ပိုင်ရှင်ဖြစ်သူ ဒေါ် ခင်မိုးမိုးဝင်း၊ မန်နေဂျာ ဒေါ် လှလှဝင်းနဲ့ ဒု-မန်နေဂျာ ဒေါ်ပြည့်ပြည့်ဝင်းတို့ကို တွေ့ခဲ့ရပြီး တခြားအသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဖမ်းဆီးခံထားရသူသုံးဦးဟာ အမျိုးသမီးငယ်တွေ ဘဝရပ်တည်ရေးခက်ခဲနေတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး KTV မှာ လုပ်ကိုင်ဖို့ အကြောင်းပြကာ မသိနားမလည်သူတွေကို ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ဖို့ အတင်းအဓမ္မခိုင်းစေတာ၊ ကာမဆိုင်ရာကိစ္စအတွက် တနည်းနည်းနဲ့ အဓမ္မဝန်ဆောင်မှုပေးစေတာ၊ ငွေ ကြေးခေါင်းပုံဖြတ်တာတွေကို လုပ်ခဲ့ကြတယ်လို့ ရဲဌာနအစီရင်ခံစာက ဆိုပါတယ်။
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ မှာ မည်သူမဆို အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို လူကုန် ကူးမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ်တသက်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ ဒေသတွင်းတိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း စားဝတ်နေရေးကြပ်တည်းမှုဒဏ်ကြောင့် ပြည့်တန်ဆာအလုပ်ကို ရွေးချယ်ခဲ့ရတဲ့ အမျိုးသမီးငယ်တွေများစွာ ရှိလာခဲ့ပြီး အချို့ဆိုရင် လိင်ပိုင်းဆိုင်ရာ ကျွန်ပြု၊ အတင်းအဓမ္မစေခိုင်းခံခဲ့ကြရတာပါ။
“ရခိုင်မှာ KTV နာမည်ခံတွေ ပေါလာတယ်။ ဒီအတိုင်းဆိုရင် KTV ပဲပေါ့၊ ဒါပေမဲ့ မာဆတ်ရော၊ တခြား လိင်ကိစ္စတွေရောရတယ်။ အဲဒီမှာ ဝန်ထမ်းတွေကလည်း ကြပ်တည်းတော့ အကုန်လုပ်ကြရတာ။ ရခိုင်က KTV အများစုက နာမည်ခံတွေပဲ။ ရွှေရိုးရာလိုပဲ။ နာမည်မထွက်လို့ မဖမ်းကြတာ”လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်တစ်ဦးက ပြောပါတယ်။
ဒေသတွင်းတိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက်ပိုင်း ရခိုင်မှာ လူဦးရေခြောက်သိန်းဝန်းကျင် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပြီး လမ်းဘေးဝဲယာ တဲအိမ်တွေ၊ ဘာသာရေးအဆောက်အဦးတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရကာ စစ်ဘေးရှောင်အပါအ၀င် နေရပ်မစွန့်ခွာရတဲ့ ဒေသခံတွေဟာလည်း စားဝတ်နေရေးအကြပ်အတည်းတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

👍29❤14👏4🥴2🥰1
(ရွှေရိုးရာ KTV ပိုင်ရှင်၊ မန်နေဂျာ၊ ဒုမန်နေဂျာနဲ့ သက်သေခံပစ္စည်းတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - DLEPS အေအေရဲတပ်ဖွဲ့)
👍31🥴5🔥3👏3
စစ်ကိုင်းမြို့အဝင်မှာစစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ
ဇွန်-၅၊၂၀၂၆၊ကတ်သရင်းနှင်း/People's Spring
စစ်ကိုင်းမြို့အခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီကနေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်း- မုံရွာလမ်း၊ညောင်ပင်ဝန်းရွာက သံပြားကာ စစ်ကား ၅စီးဟာ တပ်မ (၃၃) ပြန်ဝင်ဖို့ထွက်လာချိန် စစ်ကိုင်းမြို့အဝင်နားက ကျောက်ဆည်ရွာနဲ့ ကုန်းကျေးရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲခဲ့တာလို့ ဒေသခံအချို့ကပြောပါတယ်။
အဲဒီ စစ်ကားတွေဟာ ဇွန် ၅ ရက်၊နေ့ခင်းပိုင်းမှာစစ်ကိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)အတွင်း ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ ညောင်ပင်ဝန်းရွာကနေ စစ်ကိုင်းမြို့ကိုပြန်လာစဥ် မိုင်းဆွဲတိုက်
ခိုက်ခံရတာဖြစ်ပါတယ်။
"ကားတစ်စီးကတော့ တော်တော်လေးစုတ်ပျက်သွားတယ်။ဖြစ်ပြီးတော့ အတူတူလာတဲ့ ကားတွေက သေနတ်တွေနဲ့ လျှောက်ပစ်နေလို့ အနားကပ်မရခဲ့ဘူး။အထိခိုက် အသေးစိတ်ကိုမသိရဘူး"လို့ ဖြစ်စဉ်ကို သိသူတဦးက ပြောပါတယ်။
စစ်တပ်က ကားတန်းမိုင်းဆွဲခံရပြီးတော့သေနတ်တွေနဲ့ အချိန်တော်ကြာအနီးဝန်းကျင်ကို ပစ်ခတ်ပြီး မိုင်းဆွဲခံရတဲ့ကားကိုထားခဲ့ကာ ဒဏ်ရာရတဲ့ စစ်သားတွေကို ခေါ်ဆောင်ကာ တပ်မ(၃၃)အတွင်း ဝင်သွားတယ်လို့ စုံစမ်းသိရပါတယ်။
စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကိုသုံးပြီးဆုံးရှုံးထားတဲ့ နယ်မြေတွေကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေစဉ် စစ်ကိုင်းမြို့အနီးဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

👍32❤5👏4🥰2🥴1
မင်းတပ်မှာ တိုက်ပွဲဆက်ဖြစ်၊ နှစ်ဖက် ကျဆုံးထိခိုက်မှုရှိ
ဇွန်-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ ချင်းတော်လှန်ရေး တပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေဟု ဒေသခံက ဒီကနေ့ ဇွန်လ ၅ရက် ညနေမှာ ပြောကြားပြီး ချင်းတော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို မေလမှာ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ချင်းတော်လှန်ရေးရဲဘော်အချို့နဲ့ ချင်းသတင်းရင်းမြစ်အချို့ရဲ့ အသိပေးချက်အရ မင်းတပ်နဲ့ ကန်ပက်လက်တိုက်ပွဲအတွင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) မတူပီ၊ CDF ဒိုင်ရ်နဲ့ CDF ကန်ပက်လက် ရဲဘော်အချို့ ကျဆုံးခဲ့တယ်လို့ ကျဆုံးရဲဘော်အချို့ရဲ့ ပုံတွေ ဖော်ပြ အသိပေးထားပါတယ်။
လက်ရှိ ချင်းတောင်ပိုင်းမှာ စစ်တပ်ကို ခုခံနေတဲ့ CPU/CPAဟာ CDF မတူပီ၊ CDFဒိုင်ရ်၊ CDF မင်းတပ်နဲ့ CDF ကန်ပက်လက်တို့ကို စုစည်းဖွဲ့စည်းထားတဲ့ တပ်ဖြစ်ပါတယ်။
ရဲဘော်တွေကျဆုံးထိခိုက် အခြေအနေတွေကို CPU/CPAက တရားဝင် သတင်းထုတ်ပြန်တာ မရှိပေမယ့် ဇွန်လ ၄ရက်ညပိုင်းက ဒေသစစ်ရေး အခြေအနေကို အသိပေးထားရာ အင်အား နှစ်ထောင်ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မေလလယ်မှစ၍ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ရဲ့ ထိုးစစ်ကို အောင်မြင်စွာ ခုခံဟန့်တားထားကြောင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာ စစ်မြေပြင်မှာ အခြေအနေ မကောင်းတာကြောင့် တိုက်လေယာဉ် Y12 လေယာဉ်တွေနဲ့ အကြိမ် ပေါင်းများစွာ တိုက်ခိုက်နေကြောင်းလည်း CPA က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းမြောက်ပိုင်းက ဖလမ်းမြို့နယ်ကို ထိုးစစ်ဆင်ရာမှာလည်း မြေပြင်က စစ်အင်အားအလုံးအရင်းသုံးတိုက်ခိုက်ခဲ့တဲ့အပြင် လေကြောင်းပစ်ကူပေး တိုက်ခိုက်မှုတွေလည်း အများအပြားပြုလုပ်ခဲ့ပါတယ်။ ချင်းမြောက်ပိုင်း ခုခံတိုက်ပွဲမှာလည်း ချင်းတော်လှန်ရေးရဲဘော်တွေ ကျဆုံးမှု ရှိခဲ့ရာ လေကြောင်း တိုက်ခိုက်ခံရမှုဟာလည်း တော်လှန်ရေးရဲဘော်တွေ ကျဆုံးမှုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းဖြစ်တယ်လို့ ချင်းရေးရာအဖွဲ့က အသိပေးထားပါတယ်။

❤23👍13🤣2👎1🔥1🥰1
■ဆောင်းပါး
MOU တစ်ခုမှမထိုးနိူင်တဲ့ အာဏာသိမ်းခေါင်းဆောင် အိန္ဒိယခရီးစဥ်
-သော်မွန်/People’s Spring
မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်ရဲ့လွှတ်တော်တွေက နိုင်ငံတော်သမ္မတခန့်အပ်ခဲ့ပြီး အဲဒီရာထူးနဲ့ သွားရောက်တဲ့ ပထမဆုံးပြည်ပခရီးစဥ်ဖြစ်ခဲ့ကာ အောင်မြင်တဲ့ခရီးစဥ်အဖြစ် စစ်အုပ်စုက အောင်ပွဲခံပါတယ်။
ဒါပေမဲ့ ကာလရှည် နဝတ/နအဖ စစ်အစိုးရကို ထိတွေ့ဆက်ဆံခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံ အိန္ဒိယက အာဏာသိမ်းစစ်အုပ်စုကို ဆက်ဆံတာက အရေးပါတဲ့အိမ်နီးချင်းနိုင်ငံကို မိတ်ဝတ်မပျက်ပြောဆိုဆက်ဆံတာလို့ ကာကွယ်ပြောဆိုပါတယ်။ မင်းအောင်လှိုင်ရဲ့ ခရီးစဥ်အတွင်းမှာပဲ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က နေပြည်တော်စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာက သူ့ရဲ့နိုင်ငံရေးစနစ်ကို အတည်ပြုထောက်ခံတာမဟုတ်ဘူးလို့ အခိုင်
အမာဆိုခဲ့ပါတယ်။
အချက်အလက်တွေအရလည်း အိန္ဒိယဟာ မြန်မာအာဏာသိမ်းစစ်အုပ်စုကို သတိကြီးကြီးနဲ့ ကြိုဆိုလက်ခံခဲ့တာ တွေ့ရတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကသုံးသပ်ပြောကြားပါတယ်။ မင်းအောင်လှိုင်ရဲ့ သမ္မတအမည်ခံ ပွဲဦးထွက် ၅ ရက်ကြာခရီးစဥ်မှာ အိန္ဒိယနဲ့ နားလည်မှုစာချွန်လွှာ(MoU)တစ်ခုမှ ရေးထိုးနိုင်ခဲ့ခြင်းမရှိသလို နှစ်နိုင်ငံသဘောတူညီချက်လည်း ဘာတစ်ခုမှ မရခဲ့ပါဘူး။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာလည်း နှစ်ဖက်လုံးက ဆွေးနွေးဆဲ နားလည်မှုစာချွန်လွှာတွေရဲ့အခြေအနေကို မှတ်သားထားရှိကြောင်းနဲ့ အဲဒီနားလည်မှုစာချွန်လွှာတွေ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့သာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ခံ အရပ်သားအစိုးရရဲ့ နိုင်ငံ
တော်သမ္မတတွေဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးဝင်းမြင့်တို့ရဲ့ နိုင်ငံတော်အဆင့်(State-Visit)တွေမှာ နားလည်မှုစာချွန်လွှာ MoU ၉ ခုနဲ့ သဘောတူညီချက် ၅ ခု စုစုပေါင်း ၁၄ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ အာဏာလုခေါင်းဆောင်မင်းအောင်
လှိုင်ကတော့ ခရီးစဥ်အတွင်း သူရောက်ရှိခဲ့တဲ့ နေရာတွေရဲ့ ဧည့်သည်တော်မှတ်တမ်းမှာ လက်
မှတ်ရေးထိုးတာပဲလုပ်နိုင်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်ရဲ့ ခရီးစဥ်လမ်း
ကြောင်းအတိုင်း ဗုဒ္ဓဂါယာက ခရီးစဥ်စတင်ပြီး အုပ်ချုပ်ရေးမြို့တော် နယူးဒေလီဆီခရီးဆက်ပါတယ်။ ဒီနေရာမှာလည်း အရပ်သားအစိုးရလက်ထက် နိုင်ငံတော်သမ္မတတွေကို ဝန်ကြီးချုပ်မိုဒီနဲ့ သမ္မတတို့က လက်ခံကြိုဆိုတဲ့ ပုံစံနဲ့ မင်းအောင်လှိုင်ကို ကြိုဆိုပုံက ကွာခြားလွန်းပါတယ်။ အရပ်သားအစိုးရရဲ့ နိုင်ငံတော်သမ္မတတွေကို အိန္ဒိယ ကြည်း၊ရေ၊လေ တပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဂုဏ်ပြုတပ်ဖွဲ့က အဆောင်အယောင်အပြည့်နဲ့ သမ္မတအိမ်တော်ကွင်းပြင်ကျယ်မှာ တခမ်းတနားကြိုဆိုခဲ့ကြတာပါ။
မင်းအောင်လှိုင်ကိုတော့ အိန္ဒိယသမ္မတက သူ့ရဲ့
ဧည့်ခန်းမဆောင်မှာပဲ လက်ခံတွေ့ဆုံခဲ့သလို ဝန်ကြီးချုပ်မိုဒီကလည်း သူ့ရဲ့ဝန်ကြီးချုပ်အိမ်တော်ကနေပဲ ကြိုဆိုခဲ့ပါတယ်။
နေ့စဥ်နှင့်အမျှ ကိုယ့်ပြည်သူတွေကို ဗုံးကြဲမီးရှို့သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုကို ဘာကြောင့် ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံ အိန္ဒိယက အခုလိုထိတွေ့ဆက်ဆံနေရတာပါလဲ။ မင်းအောင်လှိုင်ရဲ့ခရီးစဥ်အတွင်းမှာပဲ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ကတော့ အဆက်
ဖြတ်ထားခြင်းက ထိတွေ့ဆက်ဆံမှုထက် ပိုကောင်းတဲ့ ဘယ်လိုရလဒ်ကိုမျှ မပေးဘူးဆိုတာ သမိုင်းက ပြသပြီးဖြစ်တယ်လို့ အကြောင်းပြပါတယ်။ တဖက်မှာလည်း အဆက်ဖြတ်ထားခြင်းကထိခိုက်နစ်နာစေမယ့် ဟာကွက်တစ်ခုဖြစ်ပေါ်စေပြီး အဲဒီဟာကွက်ကို တခြားသူတွေက ဖြည့်ဆည်းသွားမှာ ဖြစ်ကြောင်းနဲ့ အဲဒီတခြားသူတွေဆိုတာလည်း ဒီမိုကရေစီကို နည်းနည်းလေးမှ စိတ်ဝင်
စားမှုမရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ်မိုဒီ နဲ့ မင်းအောင်လှိုင်တို့ သီးသန့်တွေ့
ဆုံမှုအတွင်း မိုဒီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့အခြေအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်
လည် ရောက်ရှိရေးကိစ္စရပ်တွေကို အလေးပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဝန်ကြီး
ချုပ်မိုဒီရဲ့ အဲဒီပြောဆိုမှုတွေအပေါ် အာဏာသိမ်းစစ်ခေါင်းဆောင်က ဘယ်လို တု့န်ပြန်ခဲ့သလဲဆိုတာတော့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ရှင်းလင်းပြောဆိုတာ မရှိပါဘူး။
မြန်မာ-အိန္ဒိယဆက်ဆံရေးလေ့လာသူတချို့က
တော့ မြန်မာပြည်မှာ အာဏာသိမ်းစစ်တပ်အပေါ် အိမ်နီးချင်း ကမ္ဘာ့စူပါပါဝါ တရုတ်နိုင်ငံရဲ့ သြဇာကြီးထွားမြင့်တက်လာနေတာကို အိန္ဒိယရော၊ မြန်မာစစ်တပ်ရောက ဟန်ချက်ထိန်းညှိလိုနေတာ တွေ့ရကြောင်း မှတ်ချက်ပြုကြပါတယ်။
“(စစ်တပ်အနေနဲ့)တရုတ်ကို အရမ်းအားကိုးနေရတယ်ဆိုရင်တောင် တခြားတနိုင်ငံငံကို သုံးပြီးတော့ တရုတ်ရဲ့ သြဇာကို တန်ပြန်ဖို့ သုံးတာက အစဥ်အလာလို ဖြစ်နေတာ”လို့ စင်ကာပူအခြေစိုက် သုတေသီတစ်ဦးက ပြောပါတယ်။

❤22👍13💩1
အိန္ဒိယအနေနဲ့ကလည်း မြန်မာကို သူ့ရဲ့ မဟာဗျူ
ဟာမြောက် လိုအပ်ချက်တစ်ခုကြောင့် ချဥ်းကပ်ဆက်ဆံတာဖြစ်ပြီး အခုနောက်ပိုင်း စစ်ရေးနဲ့ နည်းပညာပိုင်းမှာ အဓိကအရေးပါတဲ့ မြေရှားသတ္တုကို တရုတ်ကိုသာ အားကိုးနေရတာကလည်း အိန္ဒိယရဲ့ အမျိုးသားလုံခြုံရေးအတွက် မျက်ခုံးလှုပ်စရာဖြစ်နေတယ်လို့ အဲဒီသုတေသီက သုံးသပ်ပါတယ်။ ဒါပေမဲ့လည်း မြေရှားသတ္တုနဲ့ အာဏာ
သိမ်းစစ်အုပ်စုနဲ့ တစုံတရာသဘောတူညီချက် ရရှိတာ၊လက်မှတ်ရေးထိုးတာ မရှိသေးသလို ၊အိန္ဒိယဟာ မြောက်ပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့
(KIO/KIA)တို့နဲ့ ထိတွေ့ဆက်ဆံနေတာရှိပါတယ်။
တွေ့ဆုံမှုမှာ မြေရှားသတ္ထုရှာဖွေထုတ်လုပ်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယအစိုးရကထုတ်ပြန်ခဲ့ပေမယ့် မြန်မာနိုင်ငံတွင်းမှာ မြေရှားသတ္ထုအဓိကထုတ်လုပ်နေတဲ့နေရာတွေကို အာဏာသိမ်းစစ်တပ်က ထိန်းချုပ်မထားနိုင်ပါဘူး။
စင်ကာပူအခြေစိုက်သုတေသီကတော့ အိန္ဒိယအရှေ့မြောက်ပိုင်းမှာ တချို့သော မြေရှားသန့်စင်ရေးနဲ့ပတ်သက်တဲ့ စက်ရုံတွေကို အိန္ဒိယကုမ္မဏီတွေ စတင် တည်ဆောက်နေတာရှိပြီး အဲဒါက စိတ်ဝင်စားဖွယ်ဖြစ်ကြောင်း ပြောပါတယ်။
“ဒါကတော့ အစိုးရက မြန်မာဘက်က မြေရှားတွေကို မြင်ပြီး တည်ဆောက်ခိုင်းတာလား၊ ဒါမှမဟုတ် သူတို့ဘာသာသူတို့ အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် တည်ဆောက်တာလားတော့ မပြောတတ်ဘူးပေါ့လေ”လို့ သူက ဆိုပါတယ်။
အိန္ဒိယဟာ လက်ရှိမြန်မာပြည်တွင်းမှာ ထုတ်နေတဲ့ မြေရှားကို လိုချင်တာမဟုတ်ဘဲ သူတို့နယ်စပ်နဲ့နီးတဲ့ ဒေသတွေမှာ မထုတ်ရသေးတဲ့ မြေရှားကို စူး
စမ်းရှာဖွေ(explore)လိုတာကြောင့် မြေရှားထွက်နိုင်တဲ့ဒေသတွေက မြေသားနမူနာတွေကို ယူပြီး ဓာတ်ခွဲစမ်းသပ်တဲ့ကာလပဲ ရှိသေးကြောင်း စင်ကာပူအခြေစိုက်သုတေသီက ပြောပါတယ်။
“ဒီ(မြေရှား)ကိစ္စကို ဆွေးနွေးတယ်ဆိုတာလောက်ပဲ တော်တော်များများမှာပါတယ်ပေါ့လေ။ စာချုပ်
လက်မှတ်ထိုးလို့ မရသေးတာလည်း ပါမယ်”လို့ သူက ဆိုပါတယ်။ ဆက်လက်ပြီး အဲဒီသုတေသီက “ကနဦးစမ်းသပ်ရှာဖွေတဲ့အဆင့်ပဲ ရှိသေးတော့ စာချုပ်ကို လက်မှတ်သွားထိုးလို့ မရသေးဘူး”လို့ ပြောပါတယ်။
မင်းအောင်လှိုင်ရဲ့ အခုခရီးစဥ်မတိုင်ခင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အိမ်နီးချင်းပထမမူဝါဒ၊ အရှေ့မျှော်ဝါဒကျင့်သုံးခြင်းမူဝါဒနဲ့ မဟာဆာဂါ(MAHASAGAR)မူဝါဒတွေနဲ့ ဆုံဆည်းရာအချက်အချာ နိုင်ငံဖြစ်တယ်လို့ ဖော်ပြပါတယ်။ နောက်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်(မူရင်းထုတ်ပြန်ချက်မှာ သမ္မတဦးမင်းအောင်လှိုင်)ရဲ့တရားဝင်ခရီးစဥ်ဟာနှစ်နိုင်ငံအကြားကဏ္ဍစုံဆက်
ဆံရေးတွေမှာ ပိုမိုအားကောင်း၊ နက်ရှိုင်းစေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုအ
တွင်း လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာပါက ဒေသတွင်းမှာ အပြန်အလှန်အကျိုးရှိစေမယ့် စီးပွားရေးချိတ်ဆက်မှုများနဲ့ နှစ်နိုင်ငံ စည်ပင်ထွန်းကားလာစေမှာဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီက အလေးပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးနဲ့ စီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့ကို အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးဟာ အရေးကြီးကြောင်း နှစ်ဖက်စလုံးက လိုလားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီလိုလားချက်တွေက မြန်မာပြည်အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိမနေတာကို အိန္ဒိယဝန်ကြီးချုပ် မိုဒီလည်း သိရှိလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
မြန်မာ-အိန္ဒိယထိစပ်နယ်နမိတ် ၁,၆၀၀ ကီလိုမီတာ
(မိုင်ပေါင်း ၉၉၄ ကျော်)ရှိပေမယ့် နှစ်နိုင်ငံနယ်စပ်ဂိတ်တချို့နဲ့ အဓိက လမ်းပိုင်းတွေကို တော်လှန်
ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှု၊ စိုးမိုးနယ်မြေတွေအတွင်းမှာ ရှိနေပြီး တိုက်ပွဲတွေလည်း အဆက်
မပြတ်ဖြစ်ပွားနေပါတယ်။ ကုလားတန်စီမံကိန်းနဲ့ပတ်သက်လို့လည်း အဓိကမြစ်ကြောင်းတလျှောက်ကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်စိုးမိုးထားတာပါ။ နောက်ပြီး အိန္ဒိယရဲ့အရှေ့မြောက်ပိုင်းကနေ မြန်မာနိုင်ငံရဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ််တို့ကို ဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ဖောက်လုပ်မယ့် သုံးနိုင်ငံအဝေးပြေးစီမံကိန်းဟာလည်း လက်တွေ့မှာ အလှမ်းဝေးသေးတယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ အဲဒီအဝေးပြေးစီမံကိန်းရဲ့ ခရီးမိုင်အများစုကလည်း တော်လှန်ရေးအင်အားအကောင်းဆုံးဒေသတွေအပေါ်မှာ တည်ရှိနေတာပါ။
နောက်ထပ် အိန္ဒိယကို စိတ်ပူစေမှုက မြန်မာနိုင်ငံထဲကို ခြေကုပ်ယူပြီး အိန္ဒိယအစိုးရကို ပုန်ကန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အရေးကိစ္စဖြစ်ပါတယ်။ အိန္ဒိယအစိုးရ နှစ်ပေါင်းရှည်ကြာ ခေါင်းခဲလာခဲ့ရတဲ့ အဲဒီအရေးကိစ္စကို မင်းအောင်လှိုင်ရဲ့ အခုခရီးစဥ်မှာလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ့ပိုက်နက်နယ်မြေကို အိန္ဒိယရဲ့လုံခြုရေးကို ထိ
ခိုက်စေဖို့ လုံးဝအသုံးပြုခွင့်ပေးမှာမဟုတ်ဘူးလို့ စအာဏာလုခေါင်းဆောင်က အာမခံပါတယ်။ ဒါပေ
မဲ့လည်း အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့တွေကို အဓိကကူညီထောက်ပံ့နေတာကမြန်မာစစ်တပ်ဖြစ်နေပါတယ်။

🔥16❤6
ဒါကြောင့်အာဏာသိမ်းစစ်တပ်နဲ့ အိန္ဒိယခွဲထွက်ရေးလက်နက်ကိုင်လှုပ်ရှားသူတွေကြားမှာ ဆက်
နွှယ်မှုရှိပြီး သူတို့နှစ်ဖွဲ့ပေါင်းကာ ပြည်သူ့ကာ
ကွယ်ရေးတပ်ဖွဲ့(PDF)တွေကို တိုက်ခိုက်ခဲ့တာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားတာ ရှိပါတယ်။
ဝန်ကြီးချုပ်မိုဒီကတော့ မြန်မာနိုင်ငံရဲ့အချုပ်
အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အိန္ဒိယက ထောက်ခံကြောင်းနဲ့ တဖက်နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်စေမယ့် မလျော်ကန်တဲ့ ဆောင်ရွက်မှုတွေကို တားဆီးကာကွယ်သွားဖို့ အရေးကြီးကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံပူးတွဲကြေညာချက်ထဲမှာ မပါပေမယ့် အရင်ထဲက မြန်မာ-အိန္ဒိယနှစ်နိုင်ငံစစ်တပ်ချင်း ဆက်ဆံရေးက ကောင်းမွန်တာကြောင့် အခုခရီးစဥ်မှာလည်း စစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးကြလိမ့်မယ်လို့ မြန်မာ-အိန္ဒိ
ယဆက်ဆံရေး အကဲခတ်တချို့က သုံးသပ်ပါတယ်။
မြန်မာစစ်တပ် ပထမဆုံးပိုင်တဲ့ တပတ်ရစ်ရေငုပ်
သင်္ဘောကို အိန္ဒိယက ရောင်းချပေးခဲ့သလို အိန္ဒိယဟာ စစ်တပ်အာဏာမသိမ်းခင်ကရော၊ အာဏာ
သိမ်းအပြီးမှာပါ စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်သုံးပစ္စည်းတွေ ရောင်းချပေးခဲ့ပါတယ်။ အခုလည်း စစ်လက်နက်ပစ္စည်းနဲ့ပတ်သက်ရင် ရုရှားနဲ့ တရုတ်ကိုသာ အားကိုးနေရတဲ့ မြန်မာစစ်တပ်အတွက် အိန္ဒိယက အရေးပါတဲ့ တင်ပို့ရောင်းချတဲ့နိုင်ငံ ဖြစ်လာနေပြီလို့ စစ်ရေးစောင့်ကြည့်သူတချို့က မှတ်ချက်ပြုပါတယ်။
“အိန္ဒိယက မြန်မာပြည်မှာ တရုတ် တန်ခိုးထွားလာတာကို power-balance(အာဏာထိန်းညှိမှု)လုပ်ချင်တာက တပိုင်း၊ တဖက်မှာလည်း တရုတ်နဲ့တူတာက မြန်မာပြည်မှာ စစ်တပ်ပြိုလဲသွားတာကို
မမြင်ချင်တဲ့ တိုင်းပြည်ဖြစ်တယ်”လို့ စစ်ရေးအကဲခတ်တစ်ဦးက ဆိုပါတယ်။
စင်ကာပူအခြေစိုက် သုတေသီကလည်း “လက်ရှိမှာ မြန််မာရေတပ်က အခြားစစ်တပ်ရဲ့လက်နက်တွေနဲ့စာရင် အိန္ဒိယရဲ့လက်နက်တွေကို အားကိုးရတာ များတယ်။ လေတပ်နဲ့ ကြည်းတပ်ကတော့ တရုတ်၊ ရုရှားတို့ရဲ့ လက်နက်တွေကို အားကိုးရတာ များတယ်။ ရေတပ်ကတော့ အိန္ဒိယလက်နက်တွေကို အားပြုတယ်။ အခုဆို ရခိုင်မှာဆိုရင် ရေတပ်ကို ပိုအားပြုလာရတယ်။ ရေတပ်လက်
နက်တွေ ဝယ်ယူတာမျိုး၊ နောက်ပြီး ဒရုန်းတွေကိုလည်း တရုတ်နိုင်ငံကနေပဲ ဝယ်ယူနေရတာကနေ အိန္ဒိယဘက်ကနေ ဝယ်ချင်တာမျိုးလည်း ရှိမယ်”လို့ မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင်တို့စစ်တပ်အနေနဲ့ တရုတ်က သူ့ကို လွှမ်းမိုးလာတာကို မကြိုက်တဲ့အတွက်ကြောင့် အိန္ဒိယနဲ့ နီးစပ်ပြပြီး တရုတ်ကို အားကိုးရတာကို အတိုင်းအတာတစ်ခုအထိ လျှော့ချလိုနေကြောင်း လက်နက်အရောင်းအဝယ်ကိစ္စမှာ အိန္ဒိယအတွက်ရော၊ မြန်မာစစ်တပ်အတွက်ပါ နှစ်ဖက်စလုံး အကျိုးရှိနိုင်ကြောင်း အဲဒီသုတေသီက ပြောပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ အာဏာသိမ်း စစ်အုပ်စုကို စစ်လက်နက်ရောင်းချမှုနဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အားလုံးကို ချက်ချင်းအဆုံးသတ်ဖို့ Justice For Myanmar က ၂၀၂၅ ခုနှစ် သြဂုတ်က တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ စစ်အုပ်စုစစ်သည်အရာရှိများကို အိန္ဒိယမှာ လေ့ကျင့်သင်ကြားပေးပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေသလို စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးကိရိယာတွေကို ရောင်းချပေးရာပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ JFM က ဖော်ထုတ်ထားပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီး
စဥ်အတွင်း DD India သတင်းဌာနကို အင်တာဗျူးလက်ခံဖြေဆိုခဲ့ပြီး လက်ရှိသူ့အစိုးရသစ် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးရအောင် ကြိုးစားဆောင်မယ်ဖြစ်ကြောင်းနဲ့ လာမယ့် ၅နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမှာဖြစ်ကြောင်း ပြောပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်နေတဲ့အဖွဲ့တွေနဲ့ပတ်သက်လို့ မင်းအောင်လှိုင်က နှစ်ပိုင်းခွဲပြောပြီး ပထမပိုင်းဖြစ်တဲ့ PDF(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တွေကို ငြိမ်းချမ်းရေးရော၊ လုံခြုံရေးပိုင်းရော ဦးစားပေးရှင်းမယ်လို့ ပြောပါတယ်။ ဒုတိယအပိုင်းဖြစ်တဲ့ EAO(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)တွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးကဏ္ဍကနေ သွားမယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ ဒါပေမဲ့ EAO တွေရဲ့လိုလားချက်က မျိုးစုံဖြစ်နေကြောင်းနဲ့ ဖြစ်ချင်တာတွေ လျှောက်ပြောနေမယ့်အစား ဖြစ်နိုင်တာတွေနဲ့ဖြစ်သင့်တာတွေပဲ လုပ်တာ ပိုကောင်းတယ်လို့ စစ်ခေါင်း
ဆောင်က DD India နဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။ မေးမြန််းခန်းမှာ တိုင်းရင်းသားကို အဂ်လိပ်အသံထွက်နဲ့ မှားပြောတဲ့ အာဏာသိမ်းခေါင်းဆောင်တစ်ယောက် လူမှုကွန်ယက်မှာ ဝေဖန်စရာ ၊လှောင်ပြောင်စရာလည်းဖြစ်နေပါတယ်။
ဒါ့အပြင် အိန္ဒိယခရီးစဥ်အတွင်း မြန်မာ-အိန္ဒိယစီးပွားရေးဖိုရမ်ပြုလုပ်ခဲ့ပြီး အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာပြည်ကို လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ မင်းအောင်လှိုင်က ဖိတ်ခေါ်ပါတယ်။ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုံခြုံရေးကို စိတ်မပူကြဖို့နဲ့ မြန်မာ့နိုင်ငံရေးအ
ကြောင်း သူ ကောင်းကောင်းသိကြောင်း မင်းအောင်လှိုင်က ကြွားလုံးထုတ်ပါတယ်။

❤13🔥3👎2👍1
“အခုဟာက ဒီစကားကို ထုတ်ပြောရတယ်ဆိုကတည်းက သူ့မှာ အဲ့လောက်အထိ ယုံနိုင်စရာ မဖြစ်နေသေးလို့ သူကိုယ်တိုင်ထုတ်ပြောပြီး လာကြပါလို့ ခေါ်နေရတဲ့ အနေအထားမျိုးဖြစ်နေတာပေါ့လေ။ ဆိုတော့ အိန္ဒိယလုပ်ငန်းရှင်တွေအနေနဲ့ ဒါကိုတော့ မြင်မယ်လို့ ထင်တယ်။ လာလိမ့်မယ်လို့ မထင်ဘူး”လို့ မြန်မာ့အရေးသုတေသီက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အိန္ဒိယခရီးစဥ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကတော့ အဲဒီခရီးစဥ်ဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယက အခုလို အာဏာ
သိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားတွေ့ဆုံခြင်းအပေါ် NUG အနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်းလည်း ပြောထားပါတယ်။
အိန္ဒိယနဲ့ နယ်နိမိတ်ချင်းကပ်လျက် ချင်းပြည်နယ်က ချင်းအမျိုးသားတပ်ဦး(CNF)ပြောရေးဆို
ခွင့်ရှိသူ ဆလိုင်းထက်နီကလည်း အိန္ဒိယအစိုးရအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်
လှိုင်ကို ဖိတ်ခေါ်ခဲ့တာဟာ ဒီမိုကရေစီနိုင်ငံမပီသတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“ဘယ်လိုပဲတွေ့တွေ့ပါ။ ဒါက တရားမဝင်တဲ့ စစ်အာဏာရှင်၊ အတုအယောင်အစိုးရကို အသိအ
မှတ်ပြုလိုက်တာပဲ။ ဒီမိုကရေစီ နိုင်ငံကြီး မပီသဘူးလို့ပဲ မှတ်ချက်ပြုချင်တယ်”လို့ ဆလိုင်းထက်နီက ပြောပါတယ်။ ။

👎20👍6🔥3❤2😁2
အာဏာသိမ်းခေါင်းဆောင်ကို အိန္ဒိယက ကြိုဆိုခဲ့ပုံနဲ့ ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်၊ဦးထင်ကျော်တို့ကို အိန္ဒိယကကြိုဆိုခဲ့ပုံ)
🔥18🖕11👍6❤2😁2🤣1🍌1
စစ်တပ်ရဲ့အသုံးချမခံရဖို့ စစ်တပ်နဲ့ ဝေးရာနေကြဖို့ ပူတာအို PDF ထုတ်ပြန်
ဇွန်-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေ၊ ရိက္ခာတွေ တင်ဆောင်တာ လုံး၀ မပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)-ပူတာအိုက ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်က အရပ်သား ခရီးသွားတွေရဲ့မော်တော်ယာဉ်တွေကို စစ်ရေးလှုပ်ရှားမှု၊ စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းမှုတွေမှာ အကာအကွယ်အဖြစ် အသုံးပြုနေလို့ ပူတာအို PDFက ဇွန်လ ၅ရက်နေ့က စတင်ပြီး မြစ်ကြီးနား -ဆွမ်ပရာဘွမ်-ပူတာအို ကာလမ်းမှာ ပြည်သူတွေ ရှောင်ရမယ့် အချက် ၃ချက်ကို အသိပေးထုတ်ပြန်ခဲ့တာပါ။
စစ်တပ်နဲ့ ပတ်သက်တာတွေ မတင်ဖို့ ၊ Non CDM ဝန်ထမ်းတွေ မတင်ဖို့၊ စစ်ကောင်စီ စစ်သားများနဲ့ အတူတကွ ရောနောလိုက်ပါခြင်း၊ နေထိုင်ခြင်း ၊ စစ်ကောင်စီတပ်သားတွေကို တင်ဆောင်ခြင်းမပြုဖို့ သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။
အထက်ပါ အချက်တွေကို ပြင်းထန်စွာတားမြစ်ကြောင်း ဖော်ပြထားပြီး တားမြစ်ချက်တွေ မလိုက်နာရင် မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းမဆို နောက်ဆက်တွဲ ကိစ္စရပ်တွေ အတွက် တာဝန်ယူမှာ မဟုတ်တဲ့အပြင် ထိရောက်ပြတ်သားစွာ အရေးယူမယ်လို့လည်း အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မေလကုန်ပိုင်းမှာ မန္တလေးဘက်ကနေ မြစ်ကြီးနားကို စစ်ကားအစီး ၂၀၀ ခန့်နဲ့ စစ်အင်အားဖြည့်တင်းခဲ့ပါတယ်။ အဲဒီယာဉ်တန်းမှာ ဘာတွေ ပါတယ်ဆိုတာ အတိအကျ မသိပေမယ့် အချက် ၂ချက် သုံးသပ်ရကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ဇွန်လ ၁ရက်မှာ ပြောပြထားပါတယ်။
“ပထမကတော့ ကျနော်တို့ ကချင်ပြည်နယ်မှာ ကုန်းလမ်းဆက်သွယ်မှု လည်း အခက်အခဲတွေ အများကြီးရှိတဲ့အခါကျတော့ စားနပ်ရိက္ခာတွေ တခြားသော လိုအပ်တဲ့ဟာတွေ အခုကတည်းက ထောက်ပို့ထားတာလည်းဖြစ်နိုင်တာပေါ့။ မိုးတွင်းအတွက်ပေါ့လေနော်။ နောက်တခုကတော့ သူတို့ စစ်ဆင်ရေး ဖော်ဆောင်ဖို့ လိုအပ်တာတွေကို သူတို့ ပြင်ဆင်ထားတာလည်း ဖြစ်နိုင်တာပေါ့။ သူတို့ ရက် ၁၀၀ စီမံကိန်းထဲမှာ ကျနော်တို့ ကချင်ပြည်နယ် မြို့နယ် ၅ခုကို သူတို့ စစ်ဆင်ရေးလုပ်ဖို့ သူတို့ ပြောထားတာရှိတယ်လေ။ ဆိုတော့ အဲဒါအတွက် သူတို့ လိုအပ်တာတွေ ပြင်ဆင်ထားတာလည်းဖြစ်နိုင်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဧပြီ နောက်ဆုံးပတ်က စစ်အုပ်စုရဲ့အရေးပေါ် အခြေအနေ စစ်အုပ်ချုပ်ရေးကြေညာချက်မှာ မြို့နယ်ပေါင်း ၆၀ ရှိပြီး ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေစတဲ့ မြို့ နယ် ၅ခု ပါဝင်ပါတယ်။
လက်ရှိမှာ ရွှေကူမြို့နယ်အတွင်း စစ်တပ်နဲ့ KIA အကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါး ပြင်းထန်လျက်ရှိပါတယ်။

👍35❤6🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မြန်မာ့အရေးမှာ လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေပြသဖို့ အမေရိကန်ကို BRI တိုက်တွန်း
မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ ပိုပြီး ထိရောက် အားကောင်းတဲ့ လက်တွေ့ လုပ်ဆောင်မှုတွေ ပြသပေးဖို့ အမေရိကန်အစိုးရကို Burma Research Institute(BRI)က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် အစိုးရ အနေနဲ့ စကားလုံးတွေနဲ့အညီ လေးနက်တဲ့ လက်တွေ့ လုပ်ဆောင်မှုတွေကိုလည်း အာရုံစိုက်ပေးဖို့လိုကြောင်း BRIရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ဇိုတွမ်မှုန်က ထောက်ပြပါတယ်။ ဒါ့အပြင် မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ပူးပေါင်း အလုပ်လုပ်ဖို့ အမေရိကန် အစိုးရကို BRIက အကြံပြု တောင်းဆိုခဲ့ပါတယ်။ တဆက်တည်းမှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာပိုင် နိုင်ငံခြားငွေကြေး ဒေါ်လာ ၁ ဘီလီယံနဲ့ ဆက်စပ် အတိုးနှုန်းတွေကိုလည်း SCEFကို လွှဲပေးဖို့ BRIက ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။ နောက်ပြီး ၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာအတွက် အကူအညီပေးဖို့ ခွဲတမ်းသတ်မှတ်ထားတဲ့ ဒေါ်လာ ၁၂၁ သန်းကိုလည်း SCEFကနေ ခွဲဝေပေးဖို့၊ တိုင်းရင်းသားတွေနဲ့ လူနည်းစု ခရစ်ယာန်တွေအပေါ် စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ပေးဖို့၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ခရစ်ယာန် ဓမ္မဆရာတွေနဲ့ တခြား မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်လာအောင် ဖိအားပေးဖို့လည်း BRIက တောင်းဆိုထားပါတယ်။
◾️စစ်တပ်က မြစ်ခြေမြို့မှာ ပြည်သူ ၄၀ကျော်ကို သတ်ဖြတ်
အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ မြစ်ခြေမြို့မှာ ကလေးငယ်တွေအပါအဝင် အရပ်သား ၄၀ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်အား ၄၀၀ ကနေ ၅၀၀ နီးပါးရှိတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ မေလ ၁၀ ရက်ကစတင်ပြီး မြစ်ခြေမြို့ကို အကြမ်းဖက်စီးနင်းခဲ့တာပါ။ စစ်တပ်စစ်ကြောင်းတွေ ဝင်လာကတည်းက သောင်းနဲ့ချီတဲ့ပြည်သူတွေဟာ ဘေးလွတ်မယ်ထင်တဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်ကြပေမယ့်ဒေသခံအချို့ကတော့ ထွက်မပြေးခဲ့ပါဘူး။ စစ်တပ်စစ်ကြောင်းတွေ တခြားနေရာတွေသွားနေတုန်း မြို့ထဲကိုဝင်ကြည့်တဲ့အခါ သတ်ဖြတ်ခံရတဲ့ အလောင်းတွေ ဆယ်နဲ့ချီပြီးတွေ့တာလို့ ဒေသခံတချို့က ပြောပါတယ်။ အသတ်ခံရတာ ၄၀ ကျော်ပြီး ၂၅လောင်းကို တွေ့ရပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ် စစ်ကြောင်းက ရှိနေသေးပြီး ဒေသခံတချို့ကတော့ ဝင်လို့ရသလောက် ပြန်ဝင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
◾️အမျိုးသမီးငယ်တွေကို လိင်ကျွန်ပြု နှိပ်စက်ခဲ့တဲ့ ရွှေရိုးရာ KTV ပိုင်ရှင်ကို လူကုန်ကူးမှုနဲ့ အမှုဖွင့်
အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။ AA ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်မှာ ရွှေရိုးရာ KTV ပိုင်ရှင် ဒေါ်ခင်မိုးမိုးဝင်း(၅၆နှစ်)၊ မန်နေဂျာ ဒေါ် လှလှဝင်း(ခ)မေခ (၄၅နှစ်)နဲ့ ဒု-မန်နေဂျာ ဒေါ်ပြည့်ပြည့်ဝင်း(ခ)ထိပ်ထား(၄၁နှစ်)တို့ကို ဖမ်းဆီးကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ နဲ့ အမှုဖွင့်ခဲ့တာပါ။ ရွှေရိုးရာ KTV ပိုင်ရှင်တွေဟာ KTV လို့ အမည်ခံထားပြီး ဝန်ထမ်းအမျိုးသမီးတွေကို KTV မှာ သီချင်းဆို၊ ဝန်ဆောင်မှုပေးရုံမကဘဲ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မလုပ်ခိုင်းတာ၊ ရိုက်နှက်နှိပ်စက်တာတွေလုပ်တဲ့အပြင် ရလာတဲ့ ငွေတွေကိုလည်း ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေ လုပ်နေခဲ့တာဖြစ်တယ်လို့ AA ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အဲဒီ KTV ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ လိင်ကျွန်ပြုခံခဲ့ရသူအမျိုးသမီးတစ်ဦးကလည်း သူနှိပ်စက်၊ လိင်ကျွန်ပြုခံခဲ့ရတဲ့အကြောင်း ထုတ်ဖော်ထားပါတယ်။ သူမဟာ ပေါက်တောမြို့နယ်က ဖြစ်ပြီး အသက် ငါးနှစ်အရွယ် သားတစ်ဦးရှိကာ စစ်တွေမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးရဲ့ ချိတ်ဆက်မှုနဲ့ ရွှေရိုးရာ KTV မှာ အလုပ်စလုပ် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
◾️စစ်ကိုင်းမြို့အဝင်မှာစစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ

👍8🔥4❤2
စစ်ကိုင်းမြို့အခြေစိုက်၊ တပ်မ(၃၃)ကို ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီနေ့မှာ မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်း-မုံရွာလမ်း၊ ညောင်ပင်ဝန်းရွာက သံပြားကာ စစ်ကား ၅စီးဟာ တပ်မ(၃၃)ပြန်ဝင်ဖို့ ထွက်လာချိန် စစ်ကိုင်းမြို့အဝင်နားက ကျောက်ဆည်ရွာနဲ့ ကုန်းကျေးရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲခဲ့တာလို့ ဒေသခံအချို့က ပြောပါတယ်။ အဲဒီ စစ်ကားတွေဟာ ဇွန်လ ၅ ရက်၊နေ့ခင်းပိုင်းမှာ စစ်ကိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)အတွင်း ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ ညောင်ပင်ဝန်းရွာကနေ စစ်ကိုင်းမြို့ကို ပြန်လာစဥ် မိုင်းဆွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ စစ်တပ်က ကားတန်းမိုင်းဆွဲခံရပြီးတော့ သေနတ်တွေနဲ့ အချိန်တော်ကြာအနီးဝန်းကျင်ကို ပစ်ခတ်ပြီး မိုင်းဆွဲခံရတဲ့ကားကိုထားခဲ့ကာ ဒဏ်ရာရတဲ့ စစ်သားတွေကို ခေါ်ဆောင်ကာ တပ်မ(၃၃)အတွင်း ဝင်သွားတယ်လို့ စုံစမ်းသိရပါတယ်။
◾️နတ်မောက်အရှေ့ခြမ်းက ရွာတွေကို စစ်တပ် ဗုံးကြဲနေ
မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဇွန်လ ၅ ရက် နေ့လယ်ပိုင်းမှာ နတ်မောက်အရှေ့ခြမ်းက ရုံးပင်ကွက်ကျေးရွာဘုန်းတော်ကြီးကျောင်းကို ရော့ကတ် ၂လုံး၊ ပေါင် ၅၀၀ဗုံး ၁လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ နတ်မောက်မြို့မှာ အင်အားစုဖွဲ့ထားတဲ့ စစ်တပ်က စစ်ကြောင်း ၂ကြောင်းနဲ့ ဇွန်လ ၃ရက်က ထပ်မံထိုးစစ်ဆင်လာတာလို့ နတ်မောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေလည်းမကြာခဏ ဖြစ်နေပြီး စစ်ရေးအရ လတ်တလောအခြေအနေအသေးစိတ်ကို သီးခြားထုတ်ပြန်မယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။ ဇွန်လ ၃ ရက် နေ့လယ်ပိုင်းကလည်း နတ်မောက်-ပျော်ဘွယ်လမ်းမကြီးဘေးက သမှုန်းကုန်းကြီးရွာကို စစ်တပ်စစ်ကြောင်းက မီးရှို့ခဲ့ပါတယ်။
◾️ရခိုင်ရိုးမ တက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကနေ ရခိုင်ရိုးမဆီ တက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အထိနာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့ တာ၀န်ရှိသူတချို့က ပြောပါတယ်။ သရက်မြို့အခြေစိုက် အမှတ်(၄၄)ခြေလျင်တပ်ရင်း(ခလရ-၄၄)၊ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေက အင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်း ၃ကြောင်းခွဲပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမကို ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။ အဲဒီစစ်တပ်စစ်ကြောင်းတွေနဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာတွေလည်းရှိပြီး စစ်တပ်ဘက်က လေကြောင်းအကူအညီသုံးကာ တိုက်ခိုက်ခဲ့တာရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် သရက်ခရိုင် တာဝန်ရှိသူက ပြောပါတယ်။ စစ်တပ်က အထိနာနေတဲ့အနေအထားမှာရှိပြီး အခု နှစ်ရက်သုံးရက်မှာ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ အဲဒီတာ၀န်ရှိသူက ဆက်ပြောပါတယ်။
◾️မင်းတပ်မှာ တိုက်ပွဲဆက်ဖြစ်၊ နှစ်ဖက် ကျဆုံးထိခိုက်မှုရှိ
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံက ဒီနေ့ ဇွန်လ ၅ရက် ညနေမှာ ပြောပါတယ်။ ချင်းတော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို မေလမှာ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ချင်းတော်လှန်ရေးရဲဘော်အချို့နဲ့ ချင်းသတင်းရင်းမြစ်အချို့ရဲ့ အသိပေးချက်အရ မင်းတပ်နဲ့ ကန်ပက်လက်တိုက်ပွဲအတွင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) မတူပီ၊ CDF ဒိုင်ရ်နဲ့ CDF ကန်ပက်လက် ရဲဘော်အချို့ ကျဆုံးခဲ့တယ်လို့ ကျဆုံးရဲဘော်အချို့ရဲ့ ပုံတွေ ဖော်ပြ အသိပေးထားပါတယ်။
◾️ရွှေကူက တိုက်နယ်ဆေးရုံနဲ့ KIO အုပ်ချုပ်ရေးရုံးနေရာ စစ်တပ် ဗုံးကြဲ၊ အရပ်သား သေဆုံးထိခိုက်မှုရှိ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဇွန်လ ၄ရက် မနက်က စီတာကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တိုက်နယ်ဆေးရုံနဲ့ KIO ရုံးထိခိုက်ပျက်စီးမှု သတင်းတွေအပေါ် အခုလိုအတည်ပြု ရှင်းပြပေးတာပါ။ ထိခိုက်သူ ၃ဦးအနက် ၂ဦးသေဆုံးတယ်လို့ ကြားရပေမယ့် အတိအကျ အတည်မပြုနိုင်သေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIA နယ်မြေအတွင်း သတင်းတွေဖော်ပြနေတဲ့ 7Stars News ရဲ့ ဖော်ပြချက်မှာတော့ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦး သေဆုံးကာ ဒဏ်ရာ ပြင်းထန်သူ ၂ဦး အပါအဝင် ၇ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
◾️စစ်တပ်ရဲ့အသုံးချမခံရဖို့ စစ်တပ်နဲ့ ဝေးရာနေကြဖို့ ပူတာအို PDF ထုတ်ပြန်

👍13🔥3❤2