စစ်တပ်က မြစ်ခြေမြို့မှာ ပြည်သူ လေးဆယ်ကျော်ကိုသတ်ဖြတ်
ဇွန်-၅၊၂၀၂၆။ဇော်ရမ်း/People's Spring
အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်
ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၄၀၀ ကနေ ၅၀၀ နီးပါးရှိတဲ့စစ်တပ်စစ်
ကြောင်းတွေဟာ မေလ ၁၀ ရက်နေ့ကနေစတင်ပြီး မြစ်ခြေမြို့ကို အကြမ်းဖက်စီးနင်းခဲ့တာပါ။ စစ်တပ်စစ်ကြောင်းတွေဝင်လာကတည်းကသောင်းနဲ့ချီတဲ့ပြည်သူတွေဟာ ဘေးလွတ်မယ့်ထင်တဲ့နေရာတွေကိုထွက်ပြေးတိမ်းရှောင်ကြပေ
မယ့်ဒေသခံအချို့ကတော့ထွက်မပြေးခဲ့ပါဘူး။
စစ်တပ်စစ်ကြောင်းတွေတခြားနေရာတွေသွားနေတုန်း မြို့ထဲကိုဝင်ကြည့်တဲ့အခါ သတ်ဖြတ်ခံရတဲ့ အလောင်းတွေ ဆယ်နဲ့ချီပြီးတွေ့တာလို့ ဒေသခံ
အချို့ကပြောပါတယ်။
"အသတ်ခံရတာ ၄၀ ကျော်တယ်။၂၅လောင်းကို တွေ့ရပြီ။ စစ်ကြောင်းက ရှိနေသေးပြီး ဒေသခံတချို့ကတော့ ဝင်လို့ရသလောက် ပြန်ဝင်နေတယ်" လို့ ၎င်းက ပြောပါတယ်။
မြစ်ခြေမြို့ကို စီနင်းတဲ့ စစ်တပ်စစ်ကြောင်းတွေဟာပခုက္ကူတပ်မ (၁၀၁)နဲ့ ညောင်ဦးအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၄၁၅) တို့ဖြစ်တယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
ပျူစောထီးတွေပါ ပါဝင်တဲ့အဆိုပါ စစ်ကြောင်းက မေလ (၁၀)ရက်တွင် ပခုက္ကူဘက်ကနေ စတင်ရောက်ရှိလာပြီး မေလ(၃၁)ရက်အထိသုံးပါတ်အတွင်းတေအိမ်ပေါင်း အိမ်၂၀၀ထက်မနည်းကို မီးရှို့ခဲ့ပါတယ် ။ ဒါ့အပြင် ပြည်သူ(၂၅)ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက မေလ ၃၁ရက်မှာထုတ်ပြန်ထားပါတယ်။
မြစ်ခြေမြို့မဈေးကြီးတစ်ခုလုံးအပြင်မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးနားရှိ မိုးနတ်ကုန်း၊ ဆွဲကြီး၊ ထနောင်းကုန်း၊ ရွာသာအေး၊ကြောင်ပန်းခုံ၊ဖိုလ်ကုန်း၊ ထနောင်းကုန်း ၊မကျီးကုန်း၊ထန်းတော
ချောက်၊ကူကျွန်း၊လက်ပံပင်၊ညောင်ပင်၊နံဂါတ်
စတဲ့ ကျေးရွာ/ရပ်ကွက် ပေါင်း (၁၁) ခုထက်မနည်းကို စစ်တပ်ကနေ့ရော၊ညပါ မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ်ပေါင်းထောင်နဲ့ချီပျက်စီးခဲ့သလို ဒေသခံ ရှစ်သောင်းခန့်လည်း ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။နောက်ဆက်တွဲ အသေး
စိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာပါတဲ့ မြစ်ခြေမြို့ဟာ ယူနက်စကိုစာရင်းဝင် ရှေးဟောင်းယဉ်ကျေး
မှုနယ်မြေ ဖြစ်တဲ့ ပုဂံနဲ့ ဧရာဝတီမြစ်ခြားပြီးတည်ရှိပါတယ်။ ပုဂံနဲ့ ၆မိုင်၊၇မိုင်ခန့်သာ ဝေးပါတယ်။ အဲ့ဒီနေရာကို စစ်တပ်က အကြမ်းဖက်ဖျက်ဆီးနေတာဖြစ်ပါတယ်။

🤬36❤4👎1🔥1👏1🤣1
မြန်မာ့ ဒီမိုကရေစီအရေးအတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေပြသဖို့အမေရိကန်ကိုBRI တိုက်
တွန်း
ဇွန်-၅၊၂၀၂၆။People's Spring
မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ ပိုပြီး ထိရောက် အားကောင်းတဲ့ လက်တွေ့ လုပ်ဆောင်မှုတွေ ပြသပေးဖို့ အမေရိကန်အစိုးရကို Burma Research Institute (BRI)ကတိုက်တွန်းလိုက်ပါတယ်။
ဇွန်လ ၃ ရက်နေ့တုန်းက အမေရိကန် လွှတ်တော် ကြားနာမှု အစီအစဉ်မှာ အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နဲလ်က မြန်မာ့ ဒီမိုကရေစီရေးကို အကူအညီပေးဖို့ရည်ရွယ်ထားတဲ့ဘားမားအက်
ဥပဒေပြဋ္ဌာန်းချက်တွေအတိုင်းရန်ပုံငွေတွေ ထောက်ပံ့ဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး နိုင်
ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကို မေးခွန်းထုတ်
ခဲ့ပါတယ်။ ပြီးတော့မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ အမေရိကန်ရဲ့ အားပေး ထောက်ခံမှု လျော့ကျလာသလားဆိုတဲ့ သူ့ရဲ့ စိုးရိမ်စိတ်ကိုလည်း အသိပေးခဲ့ပါတယ်။
ရူဘီရိုကမြန်မာနိုင်ငံမှာတရုတ်ကကျောထောက်
နောက်ခံ ပေးထားတဲ့ စစ်တပ် အုပ်ချုပ်နေတဲ့အ
စား အရပ်သား ဒီမိုကရေစီ အစိုးရတစ်ရပ် အာ
ဏာရလာတာကို ပိုမိုလိုလားကြောင်း၊ အမေရိကန် အစိုးရဟာ မြန်မာ့ အနာဂတ်ကို ပုံဖော် ပြောင်းလဲနိုင်မယ့် ဒီမိုကရေစီ မိတ်ဖက်တွေကို ရှာဖွေနေကြောင်း တုံ့ပြန် ဖြေကြားသွားပါတယ်။
BRIရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ဇိုတွမ်မှုန်ကတော့ မြန်မာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ နှစ်ရှည်လများ တက်တက်ကြွကြွ အာရုံ
စိုက်ထားပေးခဲ့တဲ့ မစ်ချ်ကော်နဲလ်ကို ကျေးဇူးတင်ကြောင်း၊ ပြီးတော့ မြန်မာ့ ဒီမိုကရေစီကို အမေရိကန် အစိုးရ ဆက်လက် အားပေး ထောက်ခံနေမယ်ဆိုတဲ့ ရူဘီရိုရဲ့ သဘောထားကိုလည်း ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ သူကအမေရိကန် အစိုးရ အနေနဲ့ စကား
လုံးတွေနဲ့အညီ လေးနက်တဲ့ လက်တွေ့ လုပ်ဆောင်မှုတွေကိုလည်း အာရုံစိုက်ပေးဖို့လိုကြောင်း ထောက်ပြခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ မင်းအောင်
လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးချိန် ကတည်းက ဆုတ်ယုတ် ကျဆင်းသွားတဲ့ မြန်မာ့ဒီမိုကရေစီ ရုန်းကန်မှုတွေဟာပိုပြီး အားကောင်း
တဲ့ ထောက်ပံ့မှုတွေ လိုအပ်နေကြောင်း ဇိုတွမ်မှုန်က ဆိုပါတယ်။
ဒါ့အပြင် မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦး
ဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ပူးပေါင်း အလုပ်လုပ်ဖို့ အမေရိကန် အစိုးရကို BRIက အကြံပြု တောင်းဆိုခဲ့ပါတယ်။ SCEFမှာတော့ အမျိုးသား ညီညွတ်ရေး အစိုး (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့ ဖွဲ့စည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာပိုင် နိုင်ငံခြားငွေကြေး ဒေါ်လာ ၁ ဘီလီယံနဲ့ ဆက်စပ် အတိုးနှုန်းတွေကိုလည်း SCEFကို လွှဲပေးဖို့ BRI
က ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာအတွက် အကူ
အညီပေးဖို့ ခွဲတမ်းသတ်မှတ်ထားတဲ့ ဒေါ်လာ ၁၂၁ သန်းကိုလည်း SCEFကနေ ခွဲဝေပေးဖို့၊ တိုင်း
ရင်းသားတွေနဲ့ လူနည်းစု ခရစ်ယာန်တွေအပေါ် စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်
မှတ်ပေးဖို့၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ခရစ်ယာန် ဓမ္မဆရာတွေနဲ့ တခြား မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်
မြောက်လာအောင် ဖိအားပေးဖို့လည်း BRIက တောင်းဆိုထားပါတယ်။
BRIဟာ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်မှာ အခြေစိုက်ပြီး မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်
လပ်ခွင့်၊ လူ့အခွင့်အရေး၊ ဒုက္ခသည်အရေး၊ စစ်ရှောင်အရေးတွေမှာ ပါဝင်နေတဲ့ တက်ကြွလှုပ်
ရှားမှုနဲ့ သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ပြီးတော့ အမေရိကန် အခြေစိုက်ချင်းလူ့အဖွဲ့အစည်းကိုလည်း အကူအညီတွေ ပေးနေပါတယ်။
ကိုးကား- BRI

❤35👍9🥴2🥰1😱1🖕1
ရန်ကုန်က မြို့နယ်အချို့ နေအိမ်တွေအထိရေဝင်
ဇွန်-၅၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့ရဲ့ မြို့နယ်တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စမ်းချောင်း၊ ကြည့်မြင်တိုင် ၊အလုံစတဲ့ မြို့နယ်တွေမှာ နေထိုင်သူတွေက ဇွန်လ ၅ ရက်နံနက် ၂ နာရီလောက်မှာ အိမ်တွေထဲအထိ ရေဝင်တာကြုံခဲ့ရတဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဓာတ်ပုံတွေနဲ့ တင်ထားကြပါတယ်။
"ဒီအခေါက် စမ်းချောင်း မိုးရွာရေကြီးတာအတော်ဆိုးဝါးတယ်။ညသန်းခေါင်ကျော်ကြိး ရေဝင်တဲ့သူတွေအတော်ဒုက္ခတွေ့ရတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇွန်လ ၅ ရက် နံနက် ၁ နာရီလောက်က မိုးသည်းထန်းစွာ ရွာခဲ့တာဖြစ်ပြီး ယခင်က ရေဘေးမကြုံခဲ့ဖူးတဲ့ နေရာတွေမှာပါ ရေကြီးတာတွေ ကြုံခဲ့ရတာလို့ ဆိုပါတယ်။
"ရေဘေး က တော့ မထင်မှတ်ပဲ တရေးနိုး ခံစား ရပီလေ။ ရေလျှံနေတာ က နာဂစ် တုန်း က လိုပဲ အလုံ ရေ။နှစ် ၂၀ နီးပါး အကြာမှာ ဒီလို ပြန်လည် ရေကြီးခြင်း ပါ။" လို့ အလုံမြို့နယ်မှာနေထိုင်သူတစ်ဦးက ဓာတ်ပုံနဲ့အတူတင်ထားပါတယ်။
ကြည့်မြင်တိုင်မြို့နယ်မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး ကွန်ဒိုအဆောက်အဦးတွေရဲ့ ကားပါကင်တွေမှာရေဝင်တာတွေကိုသွားရောက်ကူညီခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။
"ညကမိုးများတယ်။ ကြည့်မြင်တိုင်မှာ မြောင်းကရေလျှံလို့ ရေဝင်တာမဟုတ်ဘူး။ အမိုးပေါ်ကကျတဲရေ နောက်ဖေး ကွန်ကရစ်ပေါ်ကျပြီး ရေပြန်စင်တာ။ အဲ့ရေတံခါးကြားကပြန်ဝင်တာတောင် မနည်းခပ်ထုတ်ရတယ်။ ရေတံခွန်လိုပဲ" လို့ ဒေသခံတစ်ဦးကသူကြုံခဲ့ရတဲ့ အတွေ့အကြုံကိုရင်ဖွင့်ထားပါတယ်။
ရန်ကုန်မြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းပြုပြင်မှုတွေ ပြုလုပ်နေကြပေမယ့်လည်း ရေကြီးရေလျှံမှုတွေက တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာခဲ့တာပါ။
ဒီလိုဖြစ်တာက စည်ပင်တွေရဲ့ လုပ်ဆောင်မှုစနစ်မကျတာလည်း ဖြစ်သလို စည်းကမ်းမဲ့ အမှိုက်ပစ်နေသူတွေကြောင့် ကြုံနေရတာလို့ ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့မေလလယ်ကစတင်ကာ အနောက်တောင်မုတ်သုံလေဝင်ရောက်နေပြီး ဒေသများအပြားမှာ နေရာကွက်၍မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းခြင်းတွေ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြု နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA )က သတိပေးထားပါတယ်။

👍23🔥4👎2😱1
ပြည်သူတွေရဲ့ မြစ်ဆုံစီမံကိန်းကန့်ကွက်မှု အားပေးကြောင်း KIO တာဝန်ရှိသူပြော
ဇွန် ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
၂၀၂၅ ဒီဇင်ဘာကစပြီး စစ်တပ်က မြစ်ဆုံစီမံကိန်း ပြန်စမယ်ဆိုတဲ့ ပြောဆိုချက်တွေ၊ လူထုတွေဆုံပွဲတွေ ဆက်တိုက်ပြုလုပ်တာတွေ လုပ်ဆောင်နေတဲ့အပေါ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ် အပါအဝင် ဒေသခံပြည်သူတွေကလည်း စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ၊ သဘောထား ထုတ်ပြန်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။
ဒီလို လူထုရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး KIO အဖွဲ့ရဲ့ သဘောထားကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက “မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ကတော့ အခုလောလောဆယ်ကတော့ သိပ်ပြီးမှ အကောင်အထည်ဖော်လှုပ်ရှားတာတော့ မတွေ့ရဘူး။ ပြည်သူလူထုတွေ ကန့်ကွက်တာကတော့ ကျနော့်အနေနဲ့တော့ အားပေးပါတယ်” လို့ ပြောကြားပါတယ်။
အာဏာသိမ်းစစ်တပ်က မြစ်ဆုံရေကာတာစီမံကိန်းပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာကို အပြီးဖျက်သိမ်းဖို့ မြစ်ကြီးနားဒေသခံ လူငယ်တွေက မေလ ၂၅ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြသလို ကချင်ပြည်နယ် ဒေသခံတွေနဲ့ ကချင်အရပ်ဘက်အဖွဲ့အစည်းပေါင်း(၄၉)ဖွဲ့ကလည်း မေလ ပထမပတ်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်း အသိပေးထားပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) အပါအဝင် အဖွဲ့ ၆ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ရက်ကလည်း ဧပြီ၁ရက်မှာ ကြေညာချက် ထုတ်ပြန်ပြီး မြစ်ဆုံရေကာတာစီမံကိန်း အပြီးဖျက်သိမ်းဖို့ တောင်းဆိုထားပါတယ်။ မြစ်ဆုံအနီးကျေးရွာတွေက ဒေသခံတွေအနေနဲ့လည်း စီမံကိန်း ပြန်စလာရင် ကန့်ကွက်မှုတွေ လုပ်ဆောင်ဖို့ဆုံးဖြတ်ထားကြောင်း မြစ်ဆုံအနီးကျေးရွာတခုမှ ဒေသခံတဦးက ပြောပါတယ်။
ကချင်နဲ့ စစ်ကိုင်း ဒေသခံအချို့ကလည်း မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်း ဖော်ပြတဲ့ ဆန္ဒပြပွဲအချို့ အခုနှစ်အတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းပညာနဲ့ ကမ္ဘာအရပ်ရပ်တွင် အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ ဘူမိသိပ္ပံပညာရှင်တွေက ဇန်နဝါရီ ၁၅ရက်မှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ သဘောထား ထုတ်ပြန်ခဲ့ရာ မြစ်ဆုံစီမံကိန်း လုပ်ရင် မြစ်ဆုံဒေသအပြင် ကချင် ပြည်နယ်နဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက် ကြီးမားတဲ့ ဆိုးကျိုးအန္တရာယ်တွေ ကျရောက် နိုင်ကြောင်း သတိပေးထားပါတယ်။
မြစ်ဆုံကဲ့သို့သောနေရာမှာ ကြီးမားတဲ့ ရေကာတာတည်ဆောက်ပါက ရေကာတာကြီး ကြောင့် ဖိအားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး အင်အားကြီး ငလျင်တွေ ဖြစ်ပေါ်လာနိုင်တာ၊ သိရှိပြီးသော ဘူမိဗေဒဆိုင်ရာ အချက်အလက်များအရ မြစ်ဆုံဒေသရဲ့ မေခနဲ့ မလိခမြစ်ဝှမ်းတစ်လျှောက်ဟာ တန်ဖိုးကြီးပြီး စီပွားဖြစ်ထုတ်လုပ်နိုင်မယ့် ရွှေနဲ့ မြေရှား သတ္ထုသိုက်ကြီးတွေ အပါအဝင် အဖိုးတန်သယံဇာတတွေ တွေ့ရှိနိုင်မယ့် ဒေသ ဖြစ်တာ၊ မြစ်ဆုံဒေသမှာ မိုးသည်းထန်ခြင်း၊ မတ်စောက်သော တောင်တန်းများရှိခြင်းနဲ့ မတည်ငြိမ် သော ဘူမိဗေဒအနေအထားတွေကြောင့် မြေပြိုမှုကြီးများဖြစ်ပေါ်လာနိုင်တာ တွေကို ပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဓိက မြစ်ကြီးတလျှောက် ရေစီးနှုန်းကို ထိန်းချုပ်ခြင်းဟာ သဘာဝ အတိုင်း ဖြစ်ပေါ်နေတဲ့ အနည်ပို့ချမှုစနစ်ကို ပြောင်းလဲစေကာ နှုံးတင်မြေနု အပေါ်မှီခိုနေရတဲ့ မြစ်ဝှမ်း တလျှောက် ကိုင်းကျွန်းလုပ်ငန်းတွေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ရဲ့ စိုက်ပျိုးရေးကို ထိခိုက် နိုင်တာကိုလည်း ထောက်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတော်လုံခြုံရေးအရ မြစ်ဆုံဒေသမှာ ဆည် ၇ ခု ဆောက်လုပ်ပြီး၊ အခြေအနေ အကြောင်းကြောင်းကြောင့် တစ်ပြိုင်နက် ပျက်စီးမယ်ဆိုရင် မြစ်ဆုံဒေသအပြင် ကချင် ပြည်နယ်နဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက် ကြီးမားသော ဆိုးကျိုးအန္တရာယ်တွေ ကျရောက် နိုင်တာကို သတိပေးထားပါတယ်။
မြစ်ဆုံကဲ့သို့ ကြီးမားတဲ့ ဆည်ကြီးများ ဆောက်လုပ်ရင် ဖော်ပြပါ ဘူမိဗေဒ အချက်အလက်များ၊ နည်းပညာဆိုင်ရာ အချက်အလက်များအရ ဖွံ့ဖြိုးပြီးနိုင်ငံတွေ အပါအဝင် မမျှော်လင့်သော ရေကာတာ ကျိုးပေါက်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဥပမာပေး ဖော်ပြပါတယ်။ဒီလို ဥပမာပေးရာမှာ မြစ်ဆုံဆည်လုပ်ဖို့ လိုလားနေတဲ့ တရုတ်နိုင်ငံတွင် ၁၉၅၄ မှ ၂၀၂၃ အထိ နှစ်ပေါင်း ၇၀နီးပါးအတွင်း ရေကာတာပေါင်း ၃၆၀၀ ကျိုးကျ ပျက်စီး ခဲ့တာရယယ် အဲဒီအထဲမှာ ဘန်ချောင်ဆည်( Banqiao ရေကာတာ) ကျိုးကျမှုကြောင့် လူပေါင်း နှစ်သိန်းသုံးသောင်း – ၂၃၀၀၀၀ သေဆုံးခဲ့တာကို မြန်မာဘူမိပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဥပမာပေး ဖော်ပြထားပါတယ်။အဲဒီလို အချက်အလက်တွေကြောင့် မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းဟာ “လုံးဝ” မလုပ်သင့်သော စီမံကိန်းဖြစ်တယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။

❤36👍4🤮2
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း မြစ်ဆုံစီမံကိန်း လုပ်ရင် အစားထိုးမရတဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုးကျိုးတွေကြုံရမယ်လို ဇန်နဝါရီ ပထမပတ်မှာ အစိုးရရဲ့ သဘောထားကို ဖော်ပြပြီးသတိပေးပါတယ်။
❤31👍10🤮3
ရခိုင်ရိုးမ တက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အထိနာနေ
ဇွန် -၅ ၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကနေ ရခိုင်ရိုးမဆီ တက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီးအထိနာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့ တာ၀န်ရှိသူတချို့က လူထုနွေဦးကို ပြောပါတယ်။
သရက်မြို့အခြေစိုက် အမှတ်(၄၄)ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေက အင်အား ၁၀၀၀ ကျော်နဲ့စစ်ကြောင်း ၃ကြောင်းခွဲပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမကို ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။
" မင်းတုန်းအနောက်ခြမ်းကို အင်အား ၁၀၀၀ကျော်နဲ့ စစ်ကြောင်း ၃ကြောင်းခွဲပြီးတော့ထိုးနေတာရှိပါတယ်။အဲဒီမှာ စစ်ကြောင်း တစ်ကြောင်းက ရိုး(ရခိုင်ရိုးမ)ကို ဦးတည်ထိုးနေတာပေါ့။အဲဒီအတွက် တိုက်ပွဲ တွေ ဖြစ်နေတာရှိတယ်။တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာတွေလည်း ရှိတယ်။စစ်တပ်ဘက်က လေကြောင်းအကူအညီသုံးပြီး တိုက်ခိုက်ခဲ့တာတွေလည်းရှိတယ်။စစ်တပ်က အထိနာနေတဲ့အနေအထားမှာလည်းရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အခု နှစ်ရက်သုံးရက်မှာ တိုက်ပွဲတွေ ငြိမ်နေတယ်"လို့ ပြည်သူ့ကာကွယ်ရေးတပ်၊ သရက်ခရိုင် တာ၀န်ရှိသူက ပြောပါတယ်။
ဒါ့အပြင် မေလ နောက်ဆုံးပတ်နဲ့ အခုဇွန်လ ၃ ရက်က မင်းတုန်းမြို့နယ်တိုက်ပွဲတွေနဲ့ သရက်ခရိုင်အတွင်းမှာ စစ်တပ်ရဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦး ဖမ်းမိထားတယ်လို့ PDF စစ်ရုံးချုပ် ထုတ်ပြန်ထားပါတယ်။
မေလ ၂၂ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦး ၀င်ရောက်ခဲ့ပြီး ရခိုင်ရိုးမတောင်ခြေအထိ စစ်တပ်က တပ်ဖြန့်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ရခိုင်ရိုးခြေက ပြောင်းကျေးရွာကို တပ်စွဲပြီး အနီးပတ်၀န်းကျင်က ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးတာ အပြင် ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကို စစ်တပ်ကကန့်သတ်ထားပါတယ်။
စစ်တပ်ဟာ မင်းတုန်းမြို့နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ ရခိုင်ရိုးမနဲ့ ဆက်နေတဲ့ လမ်းတွေကိုပိတ်ဆို့ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာလို့ ဒေသတွင်း စစ်ရေးတာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။
"မင်းတုန်းအနောက်ခြမ်း ရခိုင်ရိုးနဲ့ဆက်စပ်နေတဲ့နေရာ တွေကို စစ်ကြောင်းထိုးလာတယ်။အဲဒီတော့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ခုခံကြတယ်တိုက်ခိုက်ကြတယ်။အဲဒီအပြင် ရခိုင်ရိုး နဲ့ ရခိုင်ရိုးအနောက် AA(အာရက္ခတပ်တော်)နဲ့ထိစပ်နေတဲ့ ဒေသတွေ ဖြစ်တဲ့အတွက် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေက ရှိမှာပါ"လို့ ဒေသခံစစ်ရေးသတင်းရင်မြစ်က ပြောပါတယ်။
မင်းတုန်းမြို့နယ်အနောက်ဘက်မှာ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော်(AA)က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

❤40👍18🥰3🥴3👏2
စစ်ကိုင်းမြို့မှာ လဝကရုံး ဗုံးပေါက်၊ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ
ဇွန်-၅၊၂၀၂၆၊ကတ်သရင်းနှင်း/People's Spring
စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)အတွင်း ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ စစ်ကိုင်း- မုံရွာလမ်း၊ညောင်ပင်ဝန်းရွာက သံပြားကာ စစ်ကား ၅စီးဟာ တပ်မ (၃၃) ပြန်ဝင်ဖို့ထွက်လာချိန် စစ်ကိုင်းမြို့အဝင်နားက ကျောက်ဆည်နဲ့ ကုန်းကျေးရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။
"ကားတစ်စီးကတော့ တော်တော်လေးစုတ်ပျက်သွားတယ်။ဖြစ်ပြီးတော့ အတူတူလာတဲ့ ကားတွေက သေနတ်တွေနဲ့ လျှောက်ပစ်နေလို့ အနားကပ်မရခဲ့ဘူး။အထိခိုက် အသေးစိတ်ကိုမသိရဘူး"လို့ ဖြစ်စဉ်ကို သိရှိထားသူ တဦးက ပြောပါတယ်။
စစ်တပ်က သေနတ်တွေနဲ့ အချိန်တော်ကြာ ပစ်ခတ်ပြီး မိုင်းဆွဲခံရတဲ့ကားကို နေရာမှာထားခဲ့ပြီး ဒဏ်ရာရတဲ့ စစ်သားတွေကို ခေါ်ဆောင်ကာ တပ်မ(၃၃)အတွင်း ဝင်သွားတယ်လို့ သိရပါတယ်။
စစ်တပ်က စစ်မှုထမ်းတပ်သားသစ်အင်အားတွေသုံးကာ နယ်မြေအများစုကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေစဉ် စစ်ကိုင်းမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်မှာ ပြောက်ကျားတိုက်ခိုက်ခံရမှုတွေ ပြန်ဖြစ်လာခဲ့တာလို့ သိရပါတယ်။

👍40❤14👏4🤣2🥰1
အမျိုးသမီးငယ်တွေကို လိင်ကျွန်ပြု နှိပ်စက်ခဲ့တဲ့ ရွှေရိုးရာ KTV ပိုင်ရှင်ကို လူကုန်ကူးမှုနဲ့ အမှုဖွင့်
ဇွန်-၄၊ ၂၀၂၆။ ခိုင်မြတ်/People's Spring
အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။
AA ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်မှာ ရွှေရိုးရာ KTV ပိုင်ရှင် ဒေါ်ခင်မိုးမိုးဝင်း(၅၆နှစ်)၊ မန်နေဂျာ ဒေါ် လှလှဝင်း(ခ)မေခ (၄၅နှစ်)နဲ့ ဒု-မန်နေဂျာ ဒေါ်ပြည့်ပြည့်ဝင်း(ခ)ထိပ်ထား(၄၁နှစ်)တို့ကို ဖမ်းဆီးကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ နဲ့ အမှုဖွင့်ခဲ့တာပါ။
“ရမန်ကြီးနှစ်ပတ်ယူထားတာ ရုံးမှာတော့ မစစ်သေးဘူး။ တရားရုံးကလည်း ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူမှာပါ။ ဒီလိုအမှုတွေက လျှော့ပေ့ါလို့ မရဘူးလေ”လို့ အာရက္ခတပ်တော်လက်အောက်ခံ မြောက်ဦးခရိုင် ရဲဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ရွှေရိုးရာ KTV ပိုင်ရှင်တွေဟာ KTV လို့ အမည်ခံထားပြီး ဝန်ထမ်းအမျိုးသမီးတွေကို KTV မှာ သီချင်းဆို၊ ဝန်ဆောင်မှုပေးရုံမကဘဲ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မလုပ်ခိုင်းတာ၊ ရိုက်နှက်နှိပ်စက်တာတွေလုပ်တဲ့အပြင် ရလာတဲ့ ငွေတွေကိုလည်း ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေ လုပ်နေခဲ့တာဖြစ်တယ်လို့ AA ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီ KTV ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ လိင်ကျွန်ပြုခံခဲ့ရသူအမျိုးသမီးတစ်ဦးကလည်း သူနှိပ်စက်၊ လိင်ကျွန်ပြုခံခဲ့ရတဲ့အကြောင်း ထုတ်ဖော်ထားပါတယ်။ သူမဟာ ပေါက်တောမြို့နယ်က ဖြစ်ပြီး အသက် ငါးနှစ်အရွယ် သားတစ်ဦးရှိကာ စစ်တွေမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးရဲ့ ချိတ်ဆက်မှုနဲ့ ရွှေရိုးရာ KTV မှာ အလုပ်စလုပ် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ရွှေရိုးရာ KTV ကို မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်၊ အမ်း-ကျောက်တော်ကားလမ်းမဘေးမှာ ဖွင့်လှစ်ထားတာပါ။
ရွှေရိုးရာ KTV ဝင်ရောက်စီးနင်းဖမ်းဆီးတဲ့အခါ ပြည့်တန်ဆာအဖြစ် ဝန်ဆောင်မှုပြုလုပ်ပေးနေကြရတဲ့ အမျိုးသမီး (၁၀)ဦး ၊ ပြည့်တန်ဆာလုပ်ငန်းဆီ ပျော်ပါးဖို့ ရောက်ရှိနေတဲ့ ယောင်္ကျားများနဲ့အတူ ပိုင်ရှင်ဖြစ်သူ ဒေါ် ခင်မိုးမိုးဝင်း၊ မန်နေဂျာ ဒေါ် လှလှဝင်းနဲ့ ဒု-မန်နေဂျာ ဒေါ်ပြည့်ပြည့်ဝင်းတို့ကို တွေ့ခဲ့ရပြီး တခြားအသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဖမ်းဆီးခံထားရသူသုံးဦးဟာ အမျိုးသမီးငယ်တွေ ဘဝရပ်တည်ရေးခက်ခဲနေတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး KTV မှာ လုပ်ကိုင်ဖို့ အကြောင်းပြကာ မသိနားမလည်သူတွေကို ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ဖို့ အတင်းအဓမ္မခိုင်းစေတာ၊ ကာမဆိုင်ရာကိစ္စအတွက် တနည်းနည်းနဲ့ အဓမ္မဝန်ဆောင်မှုပေးစေတာ၊ ငွေ ကြေးခေါင်းပုံဖြတ်တာတွေကို လုပ်ခဲ့ကြတယ်လို့ ရဲဌာနအစီရင်ခံစာက ဆိုပါတယ်။
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ မှာ မည်သူမဆို အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို လူကုန် ကူးမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ်တသက်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ ဒေသတွင်းတိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း စားဝတ်နေရေးကြပ်တည်းမှုဒဏ်ကြောင့် ပြည့်တန်ဆာအလုပ်ကို ရွေးချယ်ခဲ့ရတဲ့ အမျိုးသမီးငယ်တွေများစွာ ရှိလာခဲ့ပြီး အချို့ဆိုရင် လိင်ပိုင်းဆိုင်ရာ ကျွန်ပြု၊ အတင်းအဓမ္မစေခိုင်းခံခဲ့ကြရတာပါ။
“ရခိုင်မှာ KTV နာမည်ခံတွေ ပေါလာတယ်။ ဒီအတိုင်းဆိုရင် KTV ပဲပေါ့၊ ဒါပေမဲ့ မာဆတ်ရော၊ တခြား လိင်ကိစ္စတွေရောရတယ်။ အဲဒီမှာ ဝန်ထမ်းတွေကလည်း ကြပ်တည်းတော့ အကုန်လုပ်ကြရတာ။ ရခိုင်က KTV အများစုက နာမည်ခံတွေပဲ။ ရွှေရိုးရာလိုပဲ။ နာမည်မထွက်လို့ မဖမ်းကြတာ”လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်တစ်ဦးက ပြောပါတယ်။
ဒေသတွင်းတိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက်ပိုင်း ရခိုင်မှာ လူဦးရေခြောက်သိန်းဝန်းကျင် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပြီး လမ်းဘေးဝဲယာ တဲအိမ်တွေ၊ ဘာသာရေးအဆောက်အဦးတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရကာ စစ်ဘေးရှောင်အပါအ၀င် နေရပ်မစွန့်ခွာရတဲ့ ဒေသခံတွေဟာလည်း စားဝတ်နေရေးအကြပ်အတည်းတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

👍29❤14👏4🥴2🥰1
(ရွှေရိုးရာ KTV ပိုင်ရှင်၊ မန်နေဂျာ၊ ဒုမန်နေဂျာနဲ့ သက်သေခံပစ္စည်းတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - DLEPS အေအေရဲတပ်ဖွဲ့)
👍31🥴5🔥3👏3
စစ်ကိုင်းမြို့အဝင်မှာစစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ
ဇွန်-၅၊၂၀၂၆၊ကတ်သရင်းနှင်း/People's Spring
စစ်ကိုင်းမြို့အခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီကနေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်း- မုံရွာလမ်း၊ညောင်ပင်ဝန်းရွာက သံပြားကာ စစ်ကား ၅စီးဟာ တပ်မ (၃၃) ပြန်ဝင်ဖို့ထွက်လာချိန် စစ်ကိုင်းမြို့အဝင်နားက ကျောက်ဆည်ရွာနဲ့ ကုန်းကျေးရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲခဲ့တာလို့ ဒေသခံအချို့ကပြောပါတယ်။
အဲဒီ စစ်ကားတွေဟာ ဇွန် ၅ ရက်၊နေ့ခင်းပိုင်းမှာစစ်ကိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)အတွင်း ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ ညောင်ပင်ဝန်းရွာကနေ စစ်ကိုင်းမြို့ကိုပြန်လာစဥ် မိုင်းဆွဲတိုက်
ခိုက်ခံရတာဖြစ်ပါတယ်။
"ကားတစ်စီးကတော့ တော်တော်လေးစုတ်ပျက်သွားတယ်။ဖြစ်ပြီးတော့ အတူတူလာတဲ့ ကားတွေက သေနတ်တွေနဲ့ လျှောက်ပစ်နေလို့ အနားကပ်မရခဲ့ဘူး။အထိခိုက် အသေးစိတ်ကိုမသိရဘူး"လို့ ဖြစ်စဉ်ကို သိသူတဦးက ပြောပါတယ်။
စစ်တပ်က ကားတန်းမိုင်းဆွဲခံရပြီးတော့သေနတ်တွေနဲ့ အချိန်တော်ကြာအနီးဝန်းကျင်ကို ပစ်ခတ်ပြီး မိုင်းဆွဲခံရတဲ့ကားကိုထားခဲ့ကာ ဒဏ်ရာရတဲ့ စစ်သားတွေကို ခေါ်ဆောင်ကာ တပ်မ(၃၃)အတွင်း ဝင်သွားတယ်လို့ စုံစမ်းသိရပါတယ်။
စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကိုသုံးပြီးဆုံးရှုံးထားတဲ့ နယ်မြေတွေကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေစဉ် စစ်ကိုင်းမြို့အနီးဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

👍32❤5👏4🥰2🥴1
မင်းတပ်မှာ တိုက်ပွဲဆက်ဖြစ်၊ နှစ်ဖက် ကျဆုံးထိခိုက်မှုရှိ
ဇွန်-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ ချင်းတော်လှန်ရေး တပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေဟု ဒေသခံက ဒီကနေ့ ဇွန်လ ၅ရက် ညနေမှာ ပြောကြားပြီး ချင်းတော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို မေလမှာ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ချင်းတော်လှန်ရေးရဲဘော်အချို့နဲ့ ချင်းသတင်းရင်းမြစ်အချို့ရဲ့ အသိပေးချက်အရ မင်းတပ်နဲ့ ကန်ပက်လက်တိုက်ပွဲအတွင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) မတူပီ၊ CDF ဒိုင်ရ်နဲ့ CDF ကန်ပက်လက် ရဲဘော်အချို့ ကျဆုံးခဲ့တယ်လို့ ကျဆုံးရဲဘော်အချို့ရဲ့ ပုံတွေ ဖော်ပြ အသိပေးထားပါတယ်။
လက်ရှိ ချင်းတောင်ပိုင်းမှာ စစ်တပ်ကို ခုခံနေတဲ့ CPU/CPAဟာ CDF မတူပီ၊ CDFဒိုင်ရ်၊ CDF မင်းတပ်နဲ့ CDF ကန်ပက်လက်တို့ကို စုစည်းဖွဲ့စည်းထားတဲ့ တပ်ဖြစ်ပါတယ်။
ရဲဘော်တွေကျဆုံးထိခိုက် အခြေအနေတွေကို CPU/CPAက တရားဝင် သတင်းထုတ်ပြန်တာ မရှိပေမယ့် ဇွန်လ ၄ရက်ညပိုင်းက ဒေသစစ်ရေး အခြေအနေကို အသိပေးထားရာ အင်အား နှစ်ထောင်ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မေလလယ်မှစ၍ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ရဲ့ ထိုးစစ်ကို အောင်မြင်စွာ ခုခံဟန့်တားထားကြောင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာ စစ်မြေပြင်မှာ အခြေအနေ မကောင်းတာကြောင့် တိုက်လေယာဉ် Y12 လေယာဉ်တွေနဲ့ အကြိမ် ပေါင်းများစွာ တိုက်ခိုက်နေကြောင်းလည်း CPA က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းမြောက်ပိုင်းက ဖလမ်းမြို့နယ်ကို ထိုးစစ်ဆင်ရာမှာလည်း မြေပြင်က စစ်အင်အားအလုံးအရင်းသုံးတိုက်ခိုက်ခဲ့တဲ့အပြင် လေကြောင်းပစ်ကူပေး တိုက်ခိုက်မှုတွေလည်း အများအပြားပြုလုပ်ခဲ့ပါတယ်။ ချင်းမြောက်ပိုင်း ခုခံတိုက်ပွဲမှာလည်း ချင်းတော်လှန်ရေးရဲဘော်တွေ ကျဆုံးမှု ရှိခဲ့ရာ လေကြောင်း တိုက်ခိုက်ခံရမှုဟာလည်း တော်လှန်ရေးရဲဘော်တွေ ကျဆုံးမှုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းဖြစ်တယ်လို့ ချင်းရေးရာအဖွဲ့က အသိပေးထားပါတယ်။

❤23👍13🤣2👎1🔥1🥰1
■ဆောင်းပါး
MOU တစ်ခုမှမထိုးနိူင်တဲ့ အာဏာသိမ်းခေါင်းဆောင် အိန္ဒိယခရီးစဥ်
-သော်မွန်/People’s Spring
မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်ရဲ့လွှတ်တော်တွေက နိုင်ငံတော်သမ္မတခန့်အပ်ခဲ့ပြီး အဲဒီရာထူးနဲ့ သွားရောက်တဲ့ ပထမဆုံးပြည်ပခရီးစဥ်ဖြစ်ခဲ့ကာ အောင်မြင်တဲ့ခရီးစဥ်အဖြစ် စစ်အုပ်စုက အောင်ပွဲခံပါတယ်။
ဒါပေမဲ့ ကာလရှည် နဝတ/နအဖ စစ်အစိုးရကို ထိတွေ့ဆက်ဆံခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံ အိန္ဒိယက အာဏာသိမ်းစစ်အုပ်စုကို ဆက်ဆံတာက အရေးပါတဲ့အိမ်နီးချင်းနိုင်ငံကို မိတ်ဝတ်မပျက်ပြောဆိုဆက်ဆံတာလို့ ကာကွယ်ပြောဆိုပါတယ်။ မင်းအောင်လှိုင်ရဲ့ ခရီးစဥ်အတွင်းမှာပဲ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က နေပြည်တော်စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာက သူ့ရဲ့နိုင်ငံရေးစနစ်ကို အတည်ပြုထောက်ခံတာမဟုတ်ဘူးလို့ အခိုင်
အမာဆိုခဲ့ပါတယ်။
အချက်အလက်တွေအရလည်း အိန္ဒိယဟာ မြန်မာအာဏာသိမ်းစစ်အုပ်စုကို သတိကြီးကြီးနဲ့ ကြိုဆိုလက်ခံခဲ့တာ တွေ့ရတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကသုံးသပ်ပြောကြားပါတယ်။ မင်းအောင်လှိုင်ရဲ့ သမ္မတအမည်ခံ ပွဲဦးထွက် ၅ ရက်ကြာခရီးစဥ်မှာ အိန္ဒိယနဲ့ နားလည်မှုစာချွန်လွှာ(MoU)တစ်ခုမှ ရေးထိုးနိုင်ခဲ့ခြင်းမရှိသလို နှစ်နိုင်ငံသဘောတူညီချက်လည်း ဘာတစ်ခုမှ မရခဲ့ပါဘူး။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာလည်း နှစ်ဖက်လုံးက ဆွေးနွေးဆဲ နားလည်မှုစာချွန်လွှာတွေရဲ့အခြေအနေကို မှတ်သားထားရှိကြောင်းနဲ့ အဲဒီနားလည်မှုစာချွန်လွှာတွေ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့သာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ခံ အရပ်သားအစိုးရရဲ့ နိုင်ငံ
တော်သမ္မတတွေဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးဝင်းမြင့်တို့ရဲ့ နိုင်ငံတော်အဆင့်(State-Visit)တွေမှာ နားလည်မှုစာချွန်လွှာ MoU ၉ ခုနဲ့ သဘောတူညီချက် ၅ ခု စုစုပေါင်း ၁၄ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ အာဏာလုခေါင်းဆောင်မင်းအောင်
လှိုင်ကတော့ ခရီးစဥ်အတွင်း သူရောက်ရှိခဲ့တဲ့ နေရာတွေရဲ့ ဧည့်သည်တော်မှတ်တမ်းမှာ လက်
မှတ်ရေးထိုးတာပဲလုပ်နိုင်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်ရဲ့ ခရီးစဥ်လမ်း
ကြောင်းအတိုင်း ဗုဒ္ဓဂါယာက ခရီးစဥ်စတင်ပြီး အုပ်ချုပ်ရေးမြို့တော် နယူးဒေလီဆီခရီးဆက်ပါတယ်။ ဒီနေရာမှာလည်း အရပ်သားအစိုးရလက်ထက် နိုင်ငံတော်သမ္မတတွေကို ဝန်ကြီးချုပ်မိုဒီနဲ့ သမ္မတတို့က လက်ခံကြိုဆိုတဲ့ ပုံစံနဲ့ မင်းအောင်လှိုင်ကို ကြိုဆိုပုံက ကွာခြားလွန်းပါတယ်။ အရပ်သားအစိုးရရဲ့ နိုင်ငံတော်သမ္မတတွေကို အိန္ဒိယ ကြည်း၊ရေ၊လေ တပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဂုဏ်ပြုတပ်ဖွဲ့က အဆောင်အယောင်အပြည့်နဲ့ သမ္မတအိမ်တော်ကွင်းပြင်ကျယ်မှာ တခမ်းတနားကြိုဆိုခဲ့ကြတာပါ။
မင်းအောင်လှိုင်ကိုတော့ အိန္ဒိယသမ္မတက သူ့ရဲ့
ဧည့်ခန်းမဆောင်မှာပဲ လက်ခံတွေ့ဆုံခဲ့သလို ဝန်ကြီးချုပ်မိုဒီကလည်း သူ့ရဲ့ဝန်ကြီးချုပ်အိမ်တော်ကနေပဲ ကြိုဆိုခဲ့ပါတယ်။
နေ့စဥ်နှင့်အမျှ ကိုယ့်ပြည်သူတွေကို ဗုံးကြဲမီးရှို့သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုကို ဘာကြောင့် ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံ အိန္ဒိယက အခုလိုထိတွေ့ဆက်ဆံနေရတာပါလဲ။ မင်းအောင်လှိုင်ရဲ့ခရီးစဥ်အတွင်းမှာပဲ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ကတော့ အဆက်
ဖြတ်ထားခြင်းက ထိတွေ့ဆက်ဆံမှုထက် ပိုကောင်းတဲ့ ဘယ်လိုရလဒ်ကိုမျှ မပေးဘူးဆိုတာ သမိုင်းက ပြသပြီးဖြစ်တယ်လို့ အကြောင်းပြပါတယ်။ တဖက်မှာလည်း အဆက်ဖြတ်ထားခြင်းကထိခိုက်နစ်နာစေမယ့် ဟာကွက်တစ်ခုဖြစ်ပေါ်စေပြီး အဲဒီဟာကွက်ကို တခြားသူတွေက ဖြည့်ဆည်းသွားမှာ ဖြစ်ကြောင်းနဲ့ အဲဒီတခြားသူတွေဆိုတာလည်း ဒီမိုကရေစီကို နည်းနည်းလေးမှ စိတ်ဝင်
စားမှုမရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ်မိုဒီ နဲ့ မင်းအောင်လှိုင်တို့ သီးသန့်တွေ့
ဆုံမှုအတွင်း မိုဒီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့အခြေအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်
လည် ရောက်ရှိရေးကိစ္စရပ်တွေကို အလေးပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဝန်ကြီး
ချုပ်မိုဒီရဲ့ အဲဒီပြောဆိုမှုတွေအပေါ် အာဏာသိမ်းစစ်ခေါင်းဆောင်က ဘယ်လို တု့န်ပြန်ခဲ့သလဲဆိုတာတော့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ရှင်းလင်းပြောဆိုတာ မရှိပါဘူး။
မြန်မာ-အိန္ဒိယဆက်ဆံရေးလေ့လာသူတချို့က
တော့ မြန်မာပြည်မှာ အာဏာသိမ်းစစ်တပ်အပေါ် အိမ်နီးချင်း ကမ္ဘာ့စူပါပါဝါ တရုတ်နိုင်ငံရဲ့ သြဇာကြီးထွားမြင့်တက်လာနေတာကို အိန္ဒိယရော၊ မြန်မာစစ်တပ်ရောက ဟန်ချက်ထိန်းညှိလိုနေတာ တွေ့ရကြောင်း မှတ်ချက်ပြုကြပါတယ်။
“(စစ်တပ်အနေနဲ့)တရုတ်ကို အရမ်းအားကိုးနေရတယ်ဆိုရင်တောင် တခြားတနိုင်ငံငံကို သုံးပြီးတော့ တရုတ်ရဲ့ သြဇာကို တန်ပြန်ဖို့ သုံးတာက အစဥ်အလာလို ဖြစ်နေတာ”လို့ စင်ကာပူအခြေစိုက် သုတေသီတစ်ဦးက ပြောပါတယ်။

❤22👍13💩1