People's Spring
✔
60K subscribers
71.6K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍47❤11😁3🖕1
နတ်​ရေကန် ဗျူဟာ နဲ့ စစ်သား​တွေ ၊နတ်​ရေးကန်ဗျူဟာကစစ်စခန်း​တွေကိုဆက်တိုက်သိမ်း​နေတဲ့ AA တပ်ဖွဲ့ဝင်​တွေ ။ဓါတ်ပုံ-AA Info Desk
👍41❤8😁3🥰2🖕1
မြစ်ခြေမြို့လေးဟာယူနက်စကိုစာရင်းဝင်ရှေး
ဟောင်းယဉ်ကျေးမှုနယ်မြေပုဂံနဲ့ ဧရာဝတီမြစ်ခြားပြီးတည်ရှိပါတယ်။ပုဂံနဲ့ ၆မိုင်၊၇မိုင်ခန့်သာ ဝေးပါတယ်။ စက်လှေတွေနဲ့တစ်မျိုး၊ လှည်းနဲ့တစ်ဖုံ ပုဂံဘုရားဖူးလာခဲ့တဲ့ အတိတ်က အေးချမ်းတဲ့အခြေအနေတွေဟာဟာ အခုဆိုရင် လုံးဝပျက်စီးသွားပြီဖြစ်ပါတယ်။

လက်ရှိမှာ မြစ်ခြေမြို့ကိုစစ်ကောင်စီက အညှိုးတကြီးတိုက်ခိုက် ဖျက်ဆီးနေပါတယ်။အင်အား ၄၀၀ ကနေ ၅၀၀နီးပါးရှိတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာ မေလ၁၀ရက်နေ့ကနေစတင်ပြီး မြစ်ခြေမြို့ကို ဧရာဝတီမြစ်‌ ကြောင်းကနေဝင်ရောက်လာခဲ့တာပါ။‌တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ဒေသခံတွေအထိမနာအောင် စစ်ရေးကို အကန့်အသတ်နဲ့ဖော်ဆောင်နေရချိန်မှာ စစ်တပ်ကတော့ မြို့ကိုပစ်မှတ်ထားဖျက်ဆီးဖို့အထိ သွေးဆာနေပါတယ်။

စစ်တပ်စစ်ကြောင်းတွေက သွေးဆာနေတဲ့ဘီလူးတွေပဲလို့ ဒေသခံတွေကပြောပါတယ်။ မေလ ၁၃ရက်က စပြီး အကြမ်းဖက်မီးရှို့ဖျက်စီးမှုတွေစတင်ခဲ့ပြီး ကလေးငယ်အချို့အပါအဝင် အရပ်သားပြည်သူ၁၂ဦးထက်မနည်းကိုသတ်ဖြတ်သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဖိုကုန်း၊ဆွဲကြီးနဲ့ ရွာသာအေးရပ်ကွက်အပါအဝင် ကျေးရွာဆယ်ခုထက်မနည်းကို မီးရှို့ဖျက်ဆီးလို့ ဒေသခံ ၂၀၀၀၀ ​ခန့် ထွက်
ပြေးတိမ်းရှောင်နေကြရပါတယ်။

https://youtu.be/f3sqUOiacfQ?si=LifL1TCQLMizoB_Z
🤬21❤12😢6👍1👏1🤮1🤣1
မြိုင်မှာ စစ်တပ်က ကျေးရွာ၂ ရွာ မီးရှို့

ဇွန်-၅၊ ၂၀၂၆။ဟာနာဆန်/People's Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၂ ရွာက အိမ်ခြေ ၇၀ နီးပါး ပြာကျခဲ့ပါတယ်။

ဇွန်လ ၁ရက် မနက်ပိုင်းက မြိုင်မြို့အနောက်တောင်ဘက် စက်မှု(၂)ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကုန်းရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၄လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။

အလားတူ ဇွန်လ ၄ ရက် မနက်ပိုင်းကလည်း စစ်တပ်စစ်ကြောင်းဟာ ဝက်ပုတ်ရွာကို ဝင်ရောက်မီးရှို့လို့ နေအိမ် ၄၅ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။

"ဝက်ပုတ်ရွာက အစက ပျူစောထီးကျေးရွာ။ ၂၀၂၄၊ ၈ လပိုင်း ၈ ရက်နေ့တုန်းက အညာမြေတပ်ပေါင်းစုအပါအဝင် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရာကနေ ပြည်သူ့ရွာဖြစ်သွားတာ။ အခုတော့ စက်မှုကနေ စစ်ကြောင်းတွေရောက်လာတဲ့အခါမျိုးဆိုရင် ဝက်ပုတ်ရွာကို ဝင်လုပ်တာမျိုးတွေ ကြုံရတာ"လို့ အညာမြေတပ်ပေါင်းစုရဲ့ တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ မေလ ၂၃ ရက်က ရဟတ်ယာဥ်နဲ့ရောက်လာခဲ့တာဖြစ်ပြီး ၂ပတ်နီးပါးကာလအတွင်း ပြည်သူ ၂ဦးထက်မနည်း သတ်ဖြတ်ကာ ကျေးရွာ ၂ရွာက နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးထားပါတယ်။ အဆိုပါစစ်ကြောင်းကြောင့် ကျေးရွာ ၇ ရွာထက်မတည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

အလားတူ မြိုင်နယ်၊လင်းကတောရဲစခန်းက စစ်တပ်စစ်ကြောင်းကလည်း အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေပြီး ဒေသတွင်း PDF စခန်း ၁ခု စီးနင်းခံရကာ ရဲဘော် ၃ ဦး သတ်ဖြတ်ခံထားရပါတယ်။

အဆိုပါ စစ်ကြောင်းတွေရဲ့ အန္တရာယ်ကြောင့် ဒေသတွင်းပြည်သူတွေအနေနဲ့ လေကြောင်း၊မြေပြင်နဲ့ ဒရုန်းရန်တွေကို အထူး ဂရုပြုဖို့နဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ အညာမြေတပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။
🤬30❤3👎2🔥1👏1
(ဝက်ပုတ်ရွာနှင့် ကုန်းရွာက နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ ဓါတ်ပုံ-We Love Myaing)
🤬38❤2👎1👏1
KTV က ပြန်လာတဲ့ ဆင်ပေါင်ဝဲက အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို PDF ပစ်ခတ်ရှင်းလင်း

ဇွန် -၃၊၂၀၂၆။မိုမို/People's Spring

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သာဂရ-ကိုးပင် လမ်းပိုင်းတနေရာမှာ ရှောင်တခင်စစ်ဆေးမှုအတွင်း ဘဝသစ်အကျဉ်းထောင် အကျဉ်းဦးစီးအရာရှိ သက်စိုးနဲ့ ထောင်တန်းစီးကိုယ်တိုင် မောင်းနှင်လာတဲ့ကားကို မေလ ၁ ရက်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

" မိမိတို့သရက်ခရိုင် အမှတ်(၅)တပ်ရင်းမှ PDF SOLDIERS များသည် ၁ ရက် ၅ လ ၂၀၂၆ ခုနှစ်တွင် မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် သာဂရ ကိုးပင်လမ်းတွင်းပိုင်း တစ်နေရာ KTV မှ ပြန်လာကြသော ဘဝသစ် ထောင်ဦးစီးအရာရှိ နှင့် ထောင်တန်းစီး ကိုယ်တိုင်မောင်းနှင်လာသော ကားအား လမ်းကြုံတာနဲ့ စစ်ဆေးရာ အတင်းမောင်းနှင်ထွက်ပြေးသွားသောကြောင့် •••••• MA5 အတိုတစ်လက် bx3 လက်ခံရရှိခဲ့ပါတယ်"လို့ သရက်ခရိုင်တပ်ရင်း (၅) တာ၀န်ရှိသူက ပြောပါတယ်။

ဘ၀သစ်အကျဉ်းထောင်ဟာ ကိုးပင်-သာစည် စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမှုအတတ်သင်စခန်း (ယခင်အခေါ် ရဲဘက်စခန်း) ဖြစ်ပြီး ကိုးပင်-သာဂရလမ်းပိုင်း အနီးမှာရှိတာ ဖြစ်ပါတယ်။

လက်ရှိ သရက်ခရိုင်က မင်းတုန်းနဲ့ သရက်မြို့နယ်တွေမှာလည်း စစ်တပ်က စစ်ကြောင်းထိုး အင်အားဖြည့်တာတွေကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုတွေမှာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းတွေရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ဇွန်လ ၄ရက်မှာ ထုတ်ပြန်ထားပါတယ်။
👏38❤8👍2🔥1🥰1🖕1
(အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းမှုအတွင်း သိမ်းရတဲ့ လက်နက်နဲ့ စာရွက်စာတန်းတွေ။ ဓာတ်ပုံ - သရက်ခရိုင်တပ်ရင်း-၅)
👍30👏13❤2🔥1🥰1
သူ့နာမည်က ပြည့်စုံအောင်တဲ့။ အသက်က ၈ နှစ်ပဲရှိသေးတယ်။ အရှေ့ဒဂုံ ၁၃ ရပ်ကွက်က ကျူးတဲတွေထဲ နေရတဲ့ သူ့သားကလေးကို အမေက နောင်တချိန် ပြည့်ပြည့်စုံစုံနေရအောင် ပြည့်စုံအောင်လို့ ပေးခဲ့သလားပဲ။ တကယ်တော့ ပြည့်စုံအောင်တို့ မပြည့်စုံပါဘူး။ အဖေရယ်၊ အမေရယ်၊ မောင်နှမ ၃ ယောက်ရှိတဲ့ သူတို့ ဘဝဟာ နုံချာလှပါတယ်။

အများတကာ မိခင်တွေလိုပါပဲ အမေက ပြည့်စုံအောင်ကို ပညာတတ်ကြီးဖြစ်စေချင်ပုံရတယ်။ မေတ္တာသင်္ဂဟပရဟိတအသင်းမှာဖွင့်တဲ့ နွေရာသီစာသင်ဝိုင်းမှာ ထားပေးတယ်။ ဒီနှစ်ကျောင်းဖွင့်ရင် ကျောင်းစထားပေးမယ်တဲ့။

ပြည့်စုံအောင်က ညဆို အမေနဲ့အတူ ပလုံကောက်ထွက်တယ်။ အမှန်တော့ ပလုံကနေ့ခင်းကောက်လို့ရတာပဲ။ မနက်ခင်းစောစောလည်း ကောက်လို့ရတာပဲ မှန်ပါတယ်။ ဒါပေမဲ့ ရန်ကုန်လို မြို့ကြီးမှာပလုံကောက်ရတာ ရိုးရှင်းမနေခဲ့ပါဘူး။

တကယ်တော့ အများသူငါမြင်နေရတဲ့ အမှိုက်ကန်တွေမှာ ပလုံက ကောက်ချင်တိုင်းကောက်မရပါဘူး။ စည်ပင်အချိတ်အဆက်တွေနဲ့ ဘယ်သူကဘယ်ကန်ဆိုတာ ရှိပြီးသား။ အမှိုက်ကန်အတွက် ငွေစကြေးစ ပေးလိုကပေးရနဲ့။

မရှိလို့မှ ပလုံကောက်စားရတဲ့ ပြည့်စုံအောင်တို့အတွက် အမှိုက်ကန်ပေါ်တက်ခွင့်ရဖို့က အဝေးကြီးပေါ့။ ဒါ့ကြောင့် ညကြီးအချိန်မတော်ထပြီး ပလုံကောက်ကြရတယ်။

အဲဒီ မေ ၃၀ရက်ညက ပြည့်စုံအောင်အတွက် ဘဝတစ်သက်စာ မေ့မရတော့မယ့်ညပေါ့။ ည ၁၂ နာရီလောက်မှာ ဒဂုံမြို့သစ်မြောက်ပိုင်း ဦးဝိစာရလမ်းပေါ်မှာ အမေနဲ့ ပလုံတွေကောက်ရင်း လှည်းကလေးကို တွန်းလာခဲ့တယ်။ တွန်းလာရင်း ကားတစ်စီးက သူတို့နှစ်ယောက်လုံးကိုကော လှည်းကလေးကိုကော အရှိန်ပြင်းပြင်းဝင်တိုက်သွားတယ်။

လမ်းပေါ်မှာ ပြည့်စုံအောင်တို့ခက်ခက်ခဲခဲ ကောက်လာတဲ့ ဘူးခွံပုလင်းခွံတွေ ပြန့်ကျဲသွားတယ်။ အရှိန်ဟာ ဘယ်လောက်ပြင်းတယ်မပြင်းတယ် သူတို့လှည်းကလေးဟာဇောက်ထိုးဖြစ်သွားပြီးလှည်းဘီးတွေဟာ မိုးပေါ်ထောင်နေခဲ့တယ်။ ပြည့်စုံအောင်လည်း ဒဏ်ရာအနည်းငယ်ရပေမဲ့ လူးလဲထပြီး အမေ့ကိုကြည့်လိုက်တော့ အမေဟာ လှည်းဘေးနားမှာ ခွေခွေလေး လဲနေခဲ့တာ။ အ​မေအ
သက်တော့ ရှိသေးတယ်။

https://www.ludunwayoo.com/feature-mm/2026/06/04/158957/
😢21🤮5🔥3❤2😭1
စစ်တပ်က မြစ်​​​ခြေမြို့မှာ ပြည်သူ လေးဆယ်​ကျော်ကိုသတ်ဖြတ်

ဇွန်-၅၊၂၀၂၆။ဇော်ရမ်း/People's Spring

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်
ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၄၀၀ ကနေ ၅၀၀ နီးပါးရှိတဲ့စစ်တပ်စစ်
ကြောင်းတွေဟာ မေလ ၁၀ ရက်နေ့ကနေစတင်ပြီး မြစ်ခြေမြို့ကို အကြမ်းဖက်စီးနင်းခဲ့တာပါ။ စစ်တပ်စစ်​ကြောင်း​တွေဝင်လာကတည်းက​သောင်းနဲ့ချီတဲ့ပြည်သူ​တွေဟာ ​ဘေးလွတ်မယ့်ထင်တဲ့​နေရာ​တွေကိုထွက်​ပြေးတိမ်း​ရှောင်ကြ​ပေ
မယ့်​ဒေသခံအချို့က​တော့ထွက်မ​ပြေးခဲ့ပါဘူး။

စစ်တပ်စစ်ကြောင်းတွေတခြားနေရာ​တွေသွားနေတုန်း မြို့ထဲကိုဝင်ကြည့်တဲ့အခါ သတ်ဖြတ်ခံရတဲ့ အလောင်းတွေ ဆယ်နဲ့ချီပြီးတွေ့တာလို့ ဒေသခံ
အချို့ကပြောပါတယ်။

"အသတ်ခံရတာ ၄၀ ကျော်တယ်။၂၅လောင်းကို တွေ့ရပြီ။ စစ်ကြောင်းက ရှိနေသေးပြီး ဒေသခံတချို့ကတော့ ဝင်လို့ရသလောက် ပြန်ဝင်နေတယ်" လို့ ၎င်းက ပြောပါတယ်။

မြစ်ခြေမြို့ကို စီနင်းတဲ့ စစ်တပ်စစ်ကြောင်းတွေဟာပခုက္ကူတပ်မ (၁၀၁)နဲ့ ညောင်ဦးအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၄၁၅) တို့ဖြစ်တယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
ပျူစောထီးတွေပါ ပါဝင်တဲ့အဆိုပါ စစ်ကြောင်းက မေလ (၁၀)ရက်တွင် ပခုက္ကူဘက်က​နေ စတင်ရောက်ရှိလာပြီး မေလ(၃၁)ရက်အထိသုံးပါတ်အတွင်း​တေအိမ်​ပေါင်း အိမ်၂၀၀ထက်မနည်းကို မီးရှို့ခဲ့ပါတယ် ။ ဒါ့အပြင် ပြည်သူ(၂၅)ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက မေလ ၃၁ရက်မှာထုတ်ပြန်ထားပါတယ်။

မြစ်ခြေမြို့မဈေးကြီးတစ်ခုလုံးအပြင်မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးနားရှိ မိုးနတ်ကုန်း၊ ဆွဲကြီး၊ ထနောင်းကုန်း၊ ရွာသာအေး၊ကြောင်ပန်းခုံ၊ဖိုလ်ကုန်း၊ ထနောင်းကုန်း ၊မကျီးကုန်း၊ထန်းတော
ချောက်၊ကူကျွန်း၊လက်ပံပင်၊ညောင်ပင်၊နံဂါတ်
စတဲ့ ကျေးရွာ/ရပ်ကွက် ပေါင်း (၁၁) ခုထက်မနည်းကို စစ်တပ်ကနေ့ရော၊ညပါ မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ်​ပေါင်းထောင်နဲ့ချီပျက်စီးခဲ့သလို ဒေသခံ ရှစ်သောင်းခန့်လည်း ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။နောက်ဆက်တွဲ အသေး
စိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာပါတဲ့ မြစ်ခြေမြို့ဟာ ယူနက်စကိုစာရင်းဝင် ရှေးဟောင်းယဉ်ကျေး
မှုနယ်မြေ ဖြစ်တဲ့ ပုဂံနဲ့ ဧရာဝတီမြစ်ခြားပြီးတည်ရှိပါတယ်။ ပုဂံနဲ့ ၆မိုင်၊၇မိုင်ခန့်သာ ဝေးပါတယ်။ အဲ့ဒီနေရာကို စစ်တပ်က အကြမ်းဖက်ဖျက်ဆီးနေတာဖြစ်ပါတယ်။
🤬36❤4👎1🔥1👏1🤣1
စစ်တပ်ကမြစ်​ခြေက​နေအိမ်​တွေကို မီးရှိူ့ဖျက်
ဆီးခဲ့တာ​ကြောင့် မီး​လောင်ပျက်စီးခဲ့တဲ့​နေအိမ်နဲ့ ဘုရားစင်ကို ​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ
🤬33👎3🔥3👏1🤣1
မြန်မာ့ ဒီမိုကရေစီအရေးအတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေပြသဖို့အမေရိကန်ကိုBRI တိုက်
တွန်း

ဇွန်-၅၊၂၀၂၆။People's Spring

မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ ပိုပြီး ထိရောက် အားကောင်းတဲ့ လက်တွေ့ လုပ်ဆောင်မှုတွေ ပြသပေးဖို့ အမေရိကန်အစိုးရကို Burma Research Institute (BRI)ကတိုက်တွန်းလိုက်ပါတယ်။

ဇွန်လ ၃ ရက်နေ့တုန်းက အမေရိကန် လွှတ်တော် ကြားနာမှု အစီအစဉ်မှာ အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နဲလ်က မြန်မာ့ ဒီမိုကရေစီရေးကို အကူအညီပေးဖို့ရည်ရွယ်ထားတဲ့ဘားမားအက်
ဥပဒေပြဋ္ဌာန်းချက်တွေအတိုင်းရန်ပုံငွေတွေ ထောက်ပံ့ဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး နိုင်
ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကို မေးခွန်းထုတ်
ခဲ့ပါတယ်။ ပြီးတော့မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ အမေရိကန်ရဲ့ အားပေး ထောက်ခံမှု လျော့ကျလာသလားဆိုတဲ့ သူ့ရဲ့ စိုးရိမ်စိတ်ကိုလည်း အသိပေးခဲ့ပါတယ်။

ရူဘီရိုကမြန်မာနိုင်ငံမှာတရုတ်ကကျောထောက်
နောက်ခံ ပေးထားတဲ့ စစ်တပ် အုပ်ချုပ်နေတဲ့အ
စား အရပ်သား ဒီမိုကရေစီ အစိုးရတစ်ရပ် အာ
ဏာရလာတာကို ပိုမိုလိုလားကြောင်း၊ အမေရိကန် အစိုးရဟာ မြန်မာ့ အနာဂတ်ကို ပုံဖော် ပြောင်းလဲနိုင်မယ့် ဒီမိုကရေစီ မိတ်ဖက်တွေကို ရှာဖွေနေကြောင်း တုံ့ပြန် ဖြေကြားသွားပါတယ်။

BRIရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ဇိုတွမ်မှုန်ကတော့ မြန်မာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ နှစ်ရှည်လများ တက်တက်ကြွကြွ အာရုံ
စိုက်ထားပေးခဲ့တဲ့ မစ်ချ်ကော်နဲလ်ကို ကျေးဇူးတင်ကြောင်း၊ ပြီးတော့ မြန်မာ့ ဒီမိုကရေစီကို အမေရိကန် အစိုးရ ဆက်လက် အားပေး ထောက်ခံနေမယ်ဆိုတဲ့ ရူဘီရိုရဲ့ သဘောထားကိုလည်း ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သူကအမေရိကန် အစိုးရ အနေနဲ့ စကား
လုံးတွေနဲ့အညီ လေးနက်တဲ့ လက်တွေ့ လုပ်ဆောင်မှုတွေကိုလည်း အာရုံစိုက်ပေးဖို့လိုကြောင်း ထောက်ပြခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ မင်းအောင်
လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးချိန် ကတည်းက ဆုတ်ယုတ် ကျဆင်းသွားတဲ့ မြန်မာ့ဒီမိုကရေစီ ရုန်းကန်မှုတွေဟာပိုပြီး အားကောင်း
တဲ့ ထောက်ပံ့မှုတွေ လိုအပ်နေကြောင်း ဇိုတွမ်မှုန်က ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦး
ဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ပူးပေါင်း အလုပ်လုပ်ဖို့ အမေရိကန် အစိုးရကို BRIက အကြံပြု တောင်းဆိုခဲ့ပါတယ်။ SCEFမှာတော့ အမျိုးသား ညီညွတ်ရေး အစိုး (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့ ဖွဲ့စည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာပိုင် နိုင်ငံခြားငွေကြေး ဒေါ်လာ ၁ ဘီလီယံနဲ့ ဆက်စပ် အတိုးနှုန်းတွေကိုလည်း SCEFကို လွှဲပေးဖို့ BRI
က ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာအတွက် အကူ
အညီပေးဖို့ ခွဲတမ်းသတ်မှတ်ထားတဲ့ ဒေါ်လာ ၁၂၁ သန်းကိုလည်း SCEFကနေ ခွဲဝေပေးဖို့၊ တိုင်း
ရင်းသားတွေနဲ့ လူနည်းစု ခရစ်ယာန်တွေအပေါ် စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်
မှတ်ပေးဖို့၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ခရစ်ယာန် ဓမ္မဆရာတွေနဲ့ တခြား မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်
မြောက်လာအောင် ဖိအားပေးဖို့လည်း BRIက တောင်းဆိုထားပါတယ်။

BRIဟာ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်မှာ အခြေစိုက်ပြီး မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်
လပ်ခွင့်၊ လူ့အခွင့်အရေး၊ ဒုက္ခသည်အရေး၊ စစ်ရှောင်အရေးတွေမှာ ပါဝင်နေတဲ့ တက်ကြွလှုပ်
ရှားမှုနဲ့ သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ပြီးတော့ အမေရိကန် အခြေစိုက်ချင်းလူ့အဖွဲ့အစည်းကိုလည်း အကူအညီတွေ ပေးနေပါတယ်။

ကိုးကား- BRI
❤35👍9🥴2🥰1😱1🖕1
အ​မေရီကန်နိုင်ငံခြား​ရေးဝန်ကြီး မာကိုရူဘီရို။
ဓါတ်ပုံ-AP
❤34👍12🥴2🥰1😁1
ရန်ကုန်က မြို့နယ်အချို့ နေအိမ်တွေအထိရေဝင်

ဇွန်-၅၊၂၀၂၆။ရောင်နီ/People's Spring

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စမ်းချောင်း၊ ကြည့်မြင်တိုင် ၊အလုံစတဲ့ မြို့နယ်တွေမှာ နေထိုင်သူတွေက ဇွန်လ ၅ ရက်နံနက် ၂ နာရီလောက်မှာ အိမ်တွေထဲအထိ ရေဝင်တာကြုံခဲ့ရတဲ့အ‌ကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဓာတ်ပုံတွေနဲ့ တင်ထားကြပါတယ်။

"ဒီအခေါက် စမ်းချောင်း မိုးရွာရေကြီးတာအတော်ဆိုးဝါးတယ်။ညသန်း‌ခေါင်ကျော်ကြိး ရေဝင်တဲ့သူတွေအတော်ဒုက္ခတွေ့ရတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၅ ရက် နံနက် ၁ နာရီလောက်က မိုးသည်းထန်းစွာ ရွာခဲ့တာဖြစ်ပြီး ယခင်က ရေဘေးမကြုံခဲ့ဖူးတဲ့ နေရာတွေမှာပါ ရေကြီးတာတွေ ကြုံခဲ့ရတာလို့ ဆိုပါတယ်။

"ရေဘေး က တော့ မထင်မှတ်ပဲ တရေးနိုး ခံစား ရပီလေ။ ရေလျှံနေတာ က နာဂစ် တုန်း က လိုပဲ အလုံ ရေ။နှစ် ၂၀ နီးပါး အကြာမှာ ဒီလို ပြန်လည် ရေကြီးခြင်း ပါ။" လို့ အလုံမြို့နယ်မှာနေထိုင်သူတစ်ဦးက ဓာတ်ပုံနဲ့အတူတင်ထားပါတယ်။

ကြည့်မြင်တိုင်မြို့နယ်မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး ကွန်ဒိုအဆောက်အဦးတွေရဲ့ ကားပါကင်တွေမှာရေဝင်တာတွေကိုသွားရောက်ကူညီခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

"ညကမိုးများတယ်။ ကြည့်မြင်တိုင်မှာ မြောင်းကရေလျှံလို့ ရေဝင်တာမဟုတ်ဘူး။ အမိုးပေါ်ကကျတဲရေ နောက်ဖေး ကွန်ကရစ်ပေါ်ကျပြီး ရေပြန်စင်တာ။ အဲ့ရေတံခါးကြားကပြန်ဝင်တာတောင် မနည်းခပ်ထုတ်ရတယ်။ ရေတံခွန်လိုပဲ" လို့ ဒေသခံတစ်ဦးကသူကြုံခဲ့ရတဲ့ အတွေ့အကြုံကိုရင်ဖွင့်ထားပါတယ်။

ရန်ကုန်မြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းပြုပြင်မှုတွေ ပြုလုပ်နေကြပေမယ့်လည်း ရေကြီးရေလျှံမှုတွေက တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာခဲ့တာပါ။

ဒီလိုဖြစ်တာက စည်ပင်တွေရဲ့ လုပ်ဆောင်မှုစနစ်မကျတာလည်း ဖြစ်သလို စည်းကမ်းမဲ့ အမှိုက်ပစ်နေသူတွေကြောင့် ကြုံနေရတာလို့ ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့မေလလယ်ကစတင်ကာ အနောက်တောင်မုတ်သုံ‌လေဝင်ရောက်နေပြီး ဒေသများအပြားမှာ နေရာကွက်၍မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းခြင်းတွေ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြု နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA )က သတိ‌ပေးထားပါတယ်။
👍23🔥4👎2😱1
(ရန်ကုန်မြို့ အလုံမြို့နယ်က နေအိမ်တစ်အိမ်အတွင်း ရေဝင်လာတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Thura Lin/ Fb)
👍17🔥5😢5❤2😱1