အိန္ဒိယအနေနဲ့ မင်းအောင်လှိုင်ကိုကော်ဇောနီအစား
လက်ထိတ်နဲ့ ကြိုခဲ့သင့်တာလို့ဆို
ဇွန်-၄၊၂၀၂၆။People's Spring
အာဏာသိမ်းစစ်ခေါင်းဆောင်ကိုအသိအမှတ်ပြု ကြိုဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရအပေါ် ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ မင်းအောင်လှိုင်ဟာအတုအယောင် ရွေး
ကောက်ပွဲ တစ်ခုကနေ သမ္မတ ရာထူးကို ရယူခဲ့ပြီး ပထမဆုံး ပြည်ပ ခရီးစဉ် အနေနဲ့ မေလ ၃၀ ကနေ ဇွန်လ၃ ရက်နေ့ထိအိန္ဒိယကိုသွားရောက်ခဲ့ပါတယ်။
အိန္ဒိယအစိုးရဟာမင်းအောင်လှိုင်ကိုအသိအမှတ်
ပြု လက်ခံကြိုဆိုခဲ့သလို ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကလည်း လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ ဒေလီမြို့တော်မှာ မိုဒီအပြင် အိန္ဒိယသမ္မတ ဒရူပါဒီ မာရ်မူ အပါအဝင် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို မွမ်ဘိုင်းမှာလည်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ထပ်မံ တွေ့ဆုံခဲ့ပါတယ်။
လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး လေ့
လာစောင့်ကြည့်သူတွေကတော့ မင်းအောင်လှိုင်ကို အိန္ဒိယအစိုးရကထိတွေ့ဆက်ဆံမှုဟာသူ့ရဲ့ အာ
ဏာသိမ်း အစုအဖွဲ့ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ မှားယွင်းတဲ့ သ
တင်းစကားမျိုး ဖြစ်သွားနိုင်ကြောင်း ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။
တကယ်တမ်းမှာ မင်းအောင်လှိုင်ကိုအခမ်းအနားနဲ့ ကြိုဆိုမယ့်အစားသူဦးဆောင်တဲ့ စစ်တပ်က ကျူး
လွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် လက်ထိတ်နဲ့ စောင့်နေသင့်တာလို့ဝေဖန်သူတွေကပြောပါတယ်။ မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်စဉ် နောက်ပိုင်းရော၊ အဲဒီမတိုင်ခင် ရိုဟင်ဂျာ အနွယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ ပြစ်မှုတွေ အတွက်ပါ အဓိက တာဝန်ရှိသူ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
ဗြိတိန်အခြေစိုက်ရိုဟင်ဂျာအရေးတက်ကြွလှုပ်
ရှားသူ ဦးထွန်းခင်က အိန္ဒိယဟာ မင်းအောင်လှိုင်အတွက် ကော်ဇောနီ ခင်းပေးမယ့်အစား လက်
ထိတ်နဲ့ စောင့်နေသင့်တာဖြစ်ကြောင်း၊ တကယ်
တမ်းမှာ မြန်မာစစ်တပ်ဟာ အိန္ဒိယအတွက် ဆယ်စုနှစ်တွေနဲ့ချီပြဿနာတွေဖန်တီးခဲ့ကြောင်း၊ အိန္ဒိ
ယအတွက်နယ်စပ်အရေး၊ဒုက္ခသည်အရေး၊ ကျား
ဖြန့်ကိစ္စနဲ့ စီးပွားရေး အခွင့်အလမ်း ထိခိုက်မှုတွေကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း ဝေဖန် ထောက်ပြခဲ့ပါတယ်။ အိန္ဒိယ အနေနဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်အစားမြန်မာ့ဒီမိုကရေစီအစိုးရတစ်ရပ်ကို ထောက်
ခံတာက ပိုကောင်းမှာဖြစ်ကြောင်း ဦးထွန်းခင်က ဆိုပါတယ်။
နောက်ထပ် နိုင်ငံတကာအရေးစောင့်ကြည့်လေ့
လာသူတွေကလည်း မင်းအောင်လှိုင်အပေါ် ဧည့်
ဝတ်ကျေကြောင်း အိန္ဒိယက ပြသခဲ့တာဟာ ရက်
စက်ကြမ်းကြုတ်တဲ့ သူ့ရဲ့ အုပ်စိုးမှုကိုအသိအမှတ် ပြုလိုက်တဲ့အဓိပ္ပါယ်ဖြစ်သွားနိုင်ကြောင်း ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံဟာ စစ်တပ်က မွှေခဲ့တဲ့ ပြဿနာတွေကြောင့် နိုင်ငံအနှံ့ ပြည်တွင်းစစ်မီး ဆက်လက် တောက်လောင်နေသလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါ
အဝင် နိုင်ငံရေး အကျဉ်းသား အများအပြားဟာလည်း စစ်တပ်ရဲ့ မတရားဖမ်းဆီး ထောင်ချမှုကို ခံထားရဆဲ ဖြစ်ပါတယ်။
အိန္ဒိယ အစိုးရကတော့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကာကွယ် ပြောဆိုခဲ့ပြီး မြန်မာဟာ နယ်စပ်ရှည်ရှည်လျားလျား ထိစပ်နေတဲ့ အိမ်နီး
ချင်း နိုင်ငံဖြစ်တာကြောင့် အခုလို ဆွေးနွေးမှုမျိုးတွေ လိုအပ်တယ်လို့ အကြောင်းပြထားပါတယ်။
ဒါပေမဲ့လည်း အခုလုပ်ရပ်ဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေပြီး ရေရှည်မှာ အိန္ဒိယရဲ့ ဂုဏ်သတင်းနဲ့ အကျိုး
စီးပွားတွေအပေါ် သက်ရောက် ရိုက်ခတ်လာစေနိုင်ကြောင်း ဝေဖန် ထောက်ပြမှုတွေ ရှိနေပါတယ်။
ကိုးကား: Independent

❤26👍22🥴3🤣2😁1🖕1
SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါခရီးစဉ်သွားရောက်
ကနေဒါအစိုးရ၊ လွှတ်တော်၊ မြန်မာ့အရေး ပညာရှင်တွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေး
ဇွန်-၄၊ ၂၀၂၆။ထားမြတ်/People's Spring
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ဟာ ကနေဒါနိုင်ငံကို ရောက်ရှိနေပြီး ကနေဒါအစိုးရ နဲ့ လွှတ်တော်တာဝန်ရှိသူတွေကို သီးခြားစီ တွေ့ဆုံခဲ့သလို တိုရန်တိုတက္ကသိုလ်မှာ မြန်မာ့အရေး သုတေသန ပြုလုပ်နေကြတဲ့ ပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း SCEFက ဇွန် ၃ရက် နဲ့ ၄ရက်တွေမှာ ထုတ်ပြန်ထားပါတယ်။
ကနေဒါနိုင်ငံကို သွားရောက်တဲ့ SCEF ကိုယ်စားလှယ်အဖွဲ့မှာ SCEF အတွင်းရေးမှုးအဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နိုင်ခြားရေးရာအဖွဲ့ဝင်များဖြစ်ကြတဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ နဲနယ်ပလို၊ ကရင်အမျိုးသားအစည်းအရုံးမှ စောနီးမရော့ဒ်တို့ပါဝင်ခဲ့ဟု အသိပေးပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတအကြံပေးဦးကျော်ဇော်လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၃ရက်ထုတ်ပြန်ချက်မှာ SCEF ကိုယ်စားလှယ်အဖွဲ့ ဟာ ကနေဒါနိုင်ငံ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူတွေ အပြင် တက္ကသိုလ်ပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကနေဒါရောက်မြန်မာနွယ်ဖွားများနဲ့လည်းတွေ့ဆုံခဲ့တယ်လို့ အသိပေးထားပါတယ်။
တွေ့ဆုံမှုကို ကနေဒါနိုင်ငံရဲ့ မြို့တော်အိုတာဝါမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကနေဒါနိုင်ငံခြားရေး၀န်ကြီးရဲ့ ပါလီမန်ရေးရာအတွင်းဝန် ရောဘတ်အိုလီဖန့်က ကနေဒါနိုင်ငံဟာ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သော အနာဂတ်ကို ကြိုးပမ်းရာတွင် မြန်မာနိုင်ငံရှိ ပြည်သူများနဲ့ အခိုင်အမာ ရပ်တည်လျက် ရှိကြောင်းပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးကင်းစွာဖြင့် အပြည့်အ၀ ဝင်ရောက်နိုင်ဖို့၊ တိုက်ခိုက်မှုများ ချက်ခြင်းရပ်တန့်ဖို့ အရေးတကြီးလိုအပ်နေကြောင်း အလေးပေးဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့ကလည်း SCEF ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်တွေ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေအပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့သလို ရှေ့ဆက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့ဟာ ဒီမိုကရက်တစ် မြန်မာနိုင်ငံရဲ့ပါလီမန် မိတ်ဆွေများ အဖွဲ့ရဲ့ ဦးဆောင်အဖွဲ့ဝင်များဖြစ်ကြတဲ့ လွှတ်တော်အမတ် ဂါနက်ဂျီးနီယက်၊ အဒမ်ချိန်ဘာတို့နဲ့ လည်းတွေ့ဆုံကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့်အချက်များ ၊ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးနိုင်ရေး၊ အရပ်သားများအပေါ်အကြမ်းဖက်မှုအဆုံးသတ်နိုင်ရေး အတွက် ဆောင်ရွက်ရမယ့် ကိစ္စရပ်များ ဆွေးနွေးခဲ့ဟု SCEFက ထုတ်ပြန်ထားပါတယ်။
ကနေဒါအရပ်ဖက်အဖွဲ့အစည်းများနဲ့ ဆက်လက်တွေ့ဆုံကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိစ္စ၊ ဖက်ဒရယ်ရေးရာကိစ္စရပ်များ ဆွေးနွေးခဲ့ဟု အသိပေးထားပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့ဟာ ကနေဒါနိုင်ငံခရီးစဥ်အတွင်း တိုရန်တိုတက္ကသိုလ်ရဲ့ Munk School of Global Affairs and Public Polic yမှာ ကုသမဂ္ဂဆိုင်ရာ ကနေဒါအမြဲတမ်းကိုယ်စားလှယ်ဟောင်း၊ အွန်တာရီယိုပြည်နယ် ဝန်ကြီးချုပ်ဟောင်း၊ ကနေဒါနိုင်ငံရဲ့ လက်ရှိအာဏာရပါတီ လစ်ဘရယ်ပါတီခေါင်းဆောင်ဟောင်းဖြစ်သူ ဘော့ဘ်ရေး(Hon. Bob Rae) နဲ့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုအကြောင်းနဲ့ ဖက်ဒရယ်ရေးရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီကိစ္စများ၊ နိုင်ငံတကာဆက်ဆံရေးအကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ဟု SCEFက ထုတ်ပြန်ပါတယ်။
ဘော့ဘ်ရေးဟာ ကနေဒါအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် ၂၀၁၇ ခုနှစ်အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ တာဝန်ယူခဲ့ဖူးပြီး ကနေဒါနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေး ကိစ္စရပ်များ၏ မူဝါဒပိုင်းကို အဓိကပုံဖော်ပေးခဲ့သူ ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။

❤32👍6🥰1🤮1🖕1
SCEF ကိုယ်စားလှယ်အဖွဲ့ဟာ တိုရန်တိုတက္ကသိုလ်ရဲ့ မြန်မာ့အရေး မူဝါဒရေးရာ သုတေသနအဖွဲ့ ဖြစ်တဲ့ Myanmar Policy and Community Knowledge (MyPACK) Hub နဲ့ မြန်မာနိုင်ငံ မူဝါဒဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီ ဆွေးနွေးပွဲကို အခြားသော စိတ်ပါဝင်စားတဲ့ သုတေသီများ၊ ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ပရော်ဖက်ဆာ မက်သရူးဝေါလ်တန် က မြန်မာ့အရေးလေ့လာသုံးသပ်ချက်များနဲ့ အကြံပြုချက်များကို ဦးဆောင်ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
SCEF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့နဲ့ စုဖွဲ့ထားတာ ဖြစ်ပြီး စစ်ရေးနဲ့ နိုင်ငံရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများပိုမိုအားကောင်းအောင် တည်ဆောက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်နိုင်ရေး ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။

❤31👍7🥰3🤮1🖕1
(SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါနိုင်ငံ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - SCEF)
❤42👍14🥰4😁4🖕1
ပေါက်ကိုယ်တော်စစ်ကူတောင်းပေးနေတဲ့ ပေါက်မြို့နယ်က ပျူစောထီးရွာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်
ဇွန် -၄၊၂၀၂၆။ဖိုးသား/People's Spring
အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာရှိပြီး ပေါက်မြို့အတွက် အရေးပါတဲ့ လမ်းပိုင်းပေါ်က ကုက္ကိုလ်စုရွာကို ၃ရက်ကြာထိုးစစ်ခဲ့ပြီး ဒီကနေ့(မေလ ၄ ရက်)ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
"ကုက္ကိုလ်စုကို သိမ်းရတာအတည်ပြုတယ်။နောက်ဆက်တွဲကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပါလိမ့်မယ်"လို့ ပေါက်မြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပျူစောထီးကျေးရွာအဖြစ် သတ်မှတ်ထားတဲ့ ကုက္ကိုလ်စုရွာမှာ စစ်တပ်က အခြေစိုက်စခန်းအဖြစ်ထားရှိပြီး အခုသိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းတယ်လို့လည်း သိရပါတယ်။
ကုက္ကိုလ်စုရွာ စတင်တိုက်ခိုက်ခံရချိန်ကစပြီး နေပြည်တော်၊မန္တလေးက စစ်ကောင်စီလူကြီးတွေကို အကူအညီတောင်းခံခဲ့ပြီး လက်နက်ခဲယမ်း နဲ့ လေကြောင်းပစ်ကူစံချိန်တင်ပေးခဲ့တယ်လို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က သူရဲ့လူမှုကွန်ယက်ကတဆင့် ဇွန် ၃ ရက်က အသိပေးထားပါတယ်။
"ကုက္ကိုလ်စုမှာ စစ်တပ်နဲ့ ပြည်သူ့စစ် ၃၀၀ ၀န်းကျင်ရှိပြီး တဖက်အဖွဲ့တွေက အင်အား ၅၀၀ နဲ့ ၇၀၀ ရှိတယ်။ဥဇင်းတို့လည်း ရှိသမျှ လူကြီးတွေဆီ အကုန်ပို့တာပဲ။သိသိချင်းပဲ အကုန်လုံးလည်း ဆောင်ရွက်ပေးကြပါတယ်။ခဲယမ်းလက်နက်ကလည်း အချိန်မီတော်တော် ကြီးကိုရောက်တယ်ပြောရမှာပဲ။နေပြည်တော်ရော မန္တလေးရော အကုန်ပို့ပေးတာပဲ။လုပ်ပေးနိုင်တဲ့လူကြီးတွေဆီပေါ့။လေယာဉ်ဆိုလည်း စံချိန်မီ ပြောရမှာပဲ"လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။
ဒါ့အပြင် ပေါက်မြို့ရဲ့ အန္တရာယ်ဟာ ကုက္ကိုလ်စုတိုက်ပွဲက ဆုံးဖြတ်လိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
အခုဇွန်လ ၂ ရက်မှာ ပေါက်မြို့နယ်အရှေ့ခြမ်းက ရေပြာရဲစခန်းကို တော်လှန်ရေးတပ်တွေက ကနဦးသိမ်းပိုက်ခဲ့ပြီး (၂)မိုင်ခန့်အကွာက ကုက္ကိုလ်စုရွာကို ထပ်မံထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ကုက္ကိုလ်စုရွာသိမ်းပိုက်မှုနဲ့ပတ်သက်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
မကွေးတိုင်းက မြို့နယ်တွေထဲမှာ ပေါက်မြို့နယ်ဟာ စစ်တပ်အမာခံ ကျေးရွာအများစုရှိပြီး ဇီးပြား၊ ဝန်ကျုံး၊ သစ်ချိုကုန်း၊ ကုက္ကိုလ်စု နဲ့ အင်မထီးရွာတွေဟာ ဒေသတွင်း ပျူစောထီးရွာကြီးတွေ အဖြစ် နာမည်ကျော်ပါတယ်။
ပေါက်မြို့နယ်နဲ့ကပ်လျက်ရှိတဲ့ မြိုင်မြို့နယ်မှာလည်း စစ်တပ်အခြေစိုက်ထားတဲ့ သရက်ကန်ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်က ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းပိုက်ထားပါတယ်။

🥰26👏20❤4👍4🤣2🔥1🖕1
မင်းတပ် နဲ့ ကန်ပက်လက်ကို အင်အားနှစ်ထောင်
ဝန်းကျင်သုံးလာတဲ့ စစ်တပ်ထိုးစစ် အခြေအနေမကောင်း
ဇွန်-၄၊၂၀၂၆။ထားမြတ်/People’s Spring
ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်နဲ့ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က အင်အား ၂၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာလို့ မေလလယ်မှ စပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မ
တော်(CPU/CPA)ကထုတ်ပြန်ပြီး စစ်တပ်ဟာ အခြေအနေမကောင်းလို့လေကြောင်းကအကြိမ်ပေါင်းများစွာတိုက်ခိုက်နေတယ်လို့ဖော်ပြပါတယ်။
စစ်တပ်ဟာချင်း-မကွေးအစပ်ဆောမြို့နယ်ကိုစစ်အင်အားအလုံးအရင်းဖြည့်တင်းပြီးချင်းတောင်ပိုင်းကိုထိုးစစ်ဆင်လာလို့ ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။
လက်ရှိမှာစစ်တပ်ထိုးစစ်ကိုအောင်မြင်စွာခုခံဟန့်တာထားကြောင်း ချင်းတပ် CPU/CPA က
ဇွန် ၄ရက်မှာ စစ်ရေးသတင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်ပါတယ်
“စစ်မြေပြင်တွင်အခြေအနေမကောင်းသော အ
ကြမ်းဖက်စစ်တပ်သည် တိုက်လေယာဉ်၊ Y 12 လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ လေ
ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။” လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မင်းတပ်ဒေသခံတဦးကလည်း စစ်တပ်ဟာ မင်းတပ်မြို့နယ်ထဲက လတ်တလောတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို အခုရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
ချင်းတောင်ပိုင်းတိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး သတင်းမှားများ၊ ကောလာဟလသတင်းများ၊ အတည်မပြုနိုင်သော သတင်းမှားများ အွန်လိုင်းပေါ်ရှိ တရားဝင်မဟုတ်သော ဖေ့စ်ဘုတ်စာမျက်နှာများ၊ အကောင့်များတွင် ပျံ့နှံ့လျက်ရှိနေလို့ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တိုက်ပွဲနဲ့ စပ်လျဉ်းတဲ့ထုတ်ပြန်မှုတွေကိုသာ စောင့်
မျှော်နားစွန့်ဖို့လည်း CPUကတိုက်တွန်းပါတယ်။
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မ
တော်အနေနဲ့ မိမိတို့ ပြည်သူ၊ အသက်အိုးအိမ်နဲ့ ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်း
ကုန်ကာကွယ်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။ယခုကဲ့သို့ ထိုးစစ်ဆင် ဝင်ရောက်လာသော အကြမ်းဖက် စစ်ကော်မရှင်တပ်များကို ခုခံတွန်း
လှန်မောင်းထုတ်ရာတွင်လည်း ပြည်သူများအ
နေဖြင့် ကျရာကဏ္ဍအသီးသီးမှ တက်စွမ်းသ
လောက် တတပ်တအား ပါဝင်ပူးပေါင်းကြဖို့လည်း နှိုးဆော်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ထိုးစစ်ကြောင့်ချင်း-မကွေးနယ်စပ်ကဒေသခံပြည်သူတွေစစ်ရှောင်ရတာ၊ စစ်ကောင်စီရန် စိုးရိမ်နေရတာတွေကြုံနေရတယ်လို့ ယောဒေသ သတင်းတွေဖော်ပြနေတဲ့ယောအလင်း
တန်း တာဝန်ရှိသူတဦးက ပြောပြပါတယ်။ ပြည်သူတွေ အနေနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ဝေးဝေး ရှောင်ဖို့ နှိုးဆော်ထားပါတယ်။
“ ဘာလို့လဲဆိုရင် ပြည်သူတွေကို သူတို့က လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုလို့ရှိရင် တော်လှန်ရေးလုပ်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရိုးလုပ်စဉ်တွေ လုပ်ငန်းစဉ်တွေအပေါ်မှာ အနှောက်အယှက်ဖြစ်တယ်ပေါ့နော်။ တချို့ ကိစ္စတွေဆိုရင် ပြည်သူတွေ ပါနေတဲ့အတွက် ရှောင်ပေးလိုက်ရတာမျိုး အဲဒါမျိုးတွေ လည်းရှိတယ်ဆိုတော့ ပြည်သူတွေ စစ်ကြောင်းနဲ့ ဝေးဝေးရှောင်ပါ။ အန္တရာယ်
ကင်းအောင်နေကြပါပေါ့။လက်နက်ကြီး အန္တရာယ်
တွေ လေကြောင်းအန္တရာယ်တွေ ကို ကြိုတင်ပြီးရှောင်ရှားကြဖို့ ရှောင်နိုင်အောင် ထိန်းချုပ်ကြဖို့ပေါ့ အဲဒါပဲ ပြောချင်ပါတယ်။” လို့ ယောအလင်းတန်းတာဝန်ရှိသူက ပြောပါတယ်။
မင်းတပ်ဒေသခံတဦးကလည်းစစ်တပ်ဟာမင်းတပ်မြို့နယ်အတွင်း ဝင်ရောက်စဉ် မင်းတပ်မြို့
နယ် ထင်ချောင်းရွာကို မေ ၃၀ ရက်မှာ မီးရှို့ဖျက်
ဆီးခဲ့သလို ရွာကို ခဏ ပြန်လာကြည့်တဲ့ စစ်ရှောင် ပြည်သူ ၂ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ပြောပြပါတယ်။ သတ်ဖြတ်ခံရတဲ့ ၂ဦးအနက် ၁ဦးဟာ ၁၀တန်းကျောင်းသား ကလေးငယ်ဖြစ်တယ်လို့လည်း ဒေသခံက ပြောပြပြီး ပြည်သူတွေ စစ်တပ်ရဲ့ စစ်ကြောင်းတွေကို ရှောင်တိမ်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

👏33❤6🥴5🥰1🖕1
ဖားကန့်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်း မိုးကြိုးပစ်ခံရ
ဇွန်-၄၊၂၀၂၆။မိထက်/People's Spring
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၅၀ခန့်ရှိတဲ့ စစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေ ၆နာရီခန့်မှာ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ စနေသင်းဘုရားကျောင်းအနီး ရောက်ရှိနေစဉ် မိုးကြိုးပစ်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" ပြည်သူ့စစ်တွေ သေတာလို့ ကြားတယ်။ မင်းဇေသန့်အဖွဲ့လေ။ သူတို့က အတန်းလိုက်ကြီး ခြေလျင်ဝင်လာတာ။ မိုးကြိုးက သူတို့အနီးလေးကိုပစ်တာ"လို့ မရှီကထောင်ရပ်ကွက်ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်ဒေသမှာ ဒီကနေ့ညနေပိုင်းက နေရာကွက်ပြီး မိုးနဲ့လေပြင်းကျခဲ့ပြီး ပြည်သူ့စစ်အဖွဲ့တွေ မိုးကြိုးပစ်ခံရတယ်လို့ ဒေသခံအချို့ကလည်း ပြောပါတယ်။ ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မေလလည်ကစပြီး အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံကိုဝင်ရောက်နေပြီး ဒေသများအပြားမှာ နေရာကွက်မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA )က သတိပေးထားပါတယ်။
မေလနှောင်းပိုင်းမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ နွားတွေ လွှတ်ကျောင်းထားတဲ့အနီးကိုမိုးကြိုးပစ်လို့ နွားအကောင် ၅၀ခန့် သေဆုံးခဲ့ပါတယ်။
ဖားကန့်ဒေသမှာ စစ်တပ်၊ ရှမ်းနီတပ်(SNA)၊ ဝါရာဇွပ်ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ အင်အား ၂ထောင်နီးပါးရှိနေပြီး လက်ရှိမှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDFက စစ်ရေး သတိပေးထားပါတယ်။ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ဗုံးကြဲတာတွေ၊ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

👏46❤8🥴5🔥1🖕1👻1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မင်းတပ်နဲ့ ကန်ပက်လက်ဆီ ဦးတည်တဲ့စစ်တပ်ထိုးစစ် အခြေအနေမကောင်း
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က အင်အား ၂,၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာလို့ မေလလယ်ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ထုတ်ပြန်ပြီး စစ်တပ်ဟာ အခြေအနေမကောင်းလို့ လေကြောင်းကနေ အကြိမ်ပေါင်းများစွာတိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။ စစ်တပ်ဟာ ချင်း-မကွေးအစပ် ဆောမြို့နယ်ကို စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီး ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်လာလို့ ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိမှာ စစ်တပ်ထိုးစစ်ကို အောင်မြင်စွာခုခံဟန့်တာထားကြောင်း ချင်းတပ် CPU/CPA က ဇွန်လ ၄ရက်မှာ စစ်ရေးသတင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်ပါတယ်။ စစ်မြေပြင်မှာ အခြေအနေမကောင်းတဲ့ အကြမ်းဖက်စစ်တပ်ဟာ တိုက်လေယာဉ်၊ Y 12 လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မင်းတပ်ဒေသခံတစ်ဦးကလည်း စစ်တပ်ဟာ မင်းတပ်မြို့နယ်ထဲက လတ်တလောတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို အခုရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
◾️မိုင်းတုံမှာ အဖြိုက်နက်သတ္တုသိုက်တူးဖို့ တရုတ်နဲ့ ရှရှားအပြိုင် ကြိုးပမ်းနေ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်က အမြင့်ဆုံးတောင်ဖြစ်တဲ့ လွယ်ချီလိတ်တောင်တန်းမှာရှိတဲ့ အဖြိုက်နက်သတ္တုသိုက်ကို တရုတ်နဲ့ ရှရှားက အပြိုင်အဆိုင် တူးဖော်ဖို့ ကြိုးပမ်းနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRFက ထုတ်ပြန်ပါတယ်။ လွယ်ချီလိတ်တောင်တန်းရဲ့တောင်ဘက်မှာ တရုတ်ကုမ္ပဏီတစ်ခုက ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နဲ့ပူးပေါင်းပြီး အကြီးစားအဖြိုက်နက်သတ္တုတွင်းတစ်ခုကို မကြာသေးမီက စတင်တူးဖော်လည်ပတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လွယ်ချီလိတ်တောင်တန်းရဲ့ မြောက်ဘက်တောင်စောင်းမှာ ရုရှားကုမ္ပဏီတစ်ခုက အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းပြီး တူးဖော်ရေးလုပ်ငန်းတွေ စတင်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။ စစ်အုပ်စုနဲ့ရုရှားကုမ္ပဏီပူးပေါင်းပြီး သတ္တုတူးဖော်မယ့်နေရာဟာ ထိုင်းနယ်စပ်ကနေ ၂၀ ကီလိုမီတာလောက်အကွာမှာ ရှိတယ်လို့ ဆိုပါတယ်။ ရုရှားကုမ္ပဏီပါဝင်နေတဲ့ အဲဒီစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်ကြဖို့ UWSA တောင်ပိုင်းဌာနချုပ်ရဲ့ လက်အောက်ခံ UWSA အုပ်ချုပ်ရေးမှူးတစ်ဦးက တိုက်တွန်းနေတယ်လို့လည်း သိရပါတယ်။ မိုင်းတုံမြို့နယ်က သတ္တုသ်ိုက်ကို တရုတ်က တူးဖော်နေတာရယ်၊ ရုရှားက တူးဖော်ဖို့ ကြိုးပမ်းနေတာနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ကရော၊ ‘ဝ’တပ် UWSAကပါ ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်ထားခြင်းမရှိပါဘူး။ ရုရှားနဲ့ တရုတ်အစိုးရဟာ အာဏာသိမ်းစစ်တပ်ကို ထောက်ခံထားတဲ့ နိုင်ငံတွေဖြစ်လို့ နိုင်ငံတော်အဆင့်စီမံကိန်းတွေကို လက်သိပ်ထိုးပြီးပေးနေတယ်လို့ ပြည်သူလူထုက ဝေဖန်ထောက်ပြထားပါတယ်။
◾️ပေါက်မြို့နယ်က ပျူရွာကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်
အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာရှိပြီး ပေါက်မြို့အတွက် အရေးပါတဲ့ လမ်းပိုင်းပေါ်က ကုက္ကိုလ်စုရွာကို သုံးရက်ကြာထိုးစစ်ခဲ့ပြီး ဒီနေ့ မေလ ၄ ရက် ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပျူစောထီးကျေးရွာအဖြစ် သတ်မှတ်ထားတဲ့ ကုက္ကိုလ်စုရွာမှာ စစ်တပ်က အခြေစိုက်စခန်းအဖြစ်ထားရှိပြီး အခုသိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့လည်း သိရပါတယ်။
◾️ဖမ်းဆီးခံရတဲ့ သင်္ဘောလှရွာသား ၁၀၀ ကျော်ထဲက ၈၉ဦးကို AA ပြန်လွှတ်ပေး

👍16❤2👏2🔥1
စစ်မှုထမ်းဥပဒေနဲ့ဆက်စပ်တဲ့အစည်းအဝေးတခုမှာ နားလည်မှုလွဲမှားပြီး ဆူပူအုံကြွမှုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာရက္ခတပ်တော်(AA)က ဖမ်းဆီးထားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သင်္ဘောလှရွာသားတွေထဲက ၈၉ ဦးကို ဇွန်လ ၃ ရက် မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် ရွာသား ၁၀၀ကျော်ကို ပြီးခဲ့တဲ့ မေလ ၂၃ ရက်မှာ AAက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးပြီး ၁၂ ရက်အကြာမှာတော့ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၃၃ ဦးနဲ့ ကလေးငယ် ၂၈ ဦး စုစုပေါင်း ၈၉ ဦးကို AAက ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ လူငယ်ပိုင်းတချို့ကို ပြန်မလွှတ်သေးဘဲ ၃၀ လောက် ကျန်နေသေးတယ်လို့ ဖြစ်စဥ်ကို သိတဲ့ မောင်တောဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။ အဲဒီကျန်ရှိတဲ့သူတွေကို ပြန်လွှတ်ရင်လည်း ပြန်လွှတ်လောက်ပေမယ့် စစ်မှုထမ်းဖို့ ခေါ်ထားတာဆိုရင် ပြန်မလွှတ်ဖို့ များတယ်လို့ အဲဒီလူငယ်က ဆက်ပြောပါတယ်။ အကုန်လုံးကို ပြန်လွှတ်ပေးစေလိုကြောင်းလည်း သူက တောင်းဆိုပါတယ်။
◾️မကွေးတိုင်းစစ်ဌာနက ၁လအတွင်း တိုက်ပွဲအကြိမ် ၄၀ကျော် ဖော်ဆောင်
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနက မေလနဲ့ ဇွန်လပထမအပတ် စစ်ဆင်ရေးတွေဖော်ဆောင်မှုအတွင်း တိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်က ၃၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ရုံးချုပ်က ဒီနေ့ ဇွန်လ ၄ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်းအဖြစ် ၁၈ ဦး ဖမ်းမိခဲ့ကြောင်းလည်း PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။ မကွေးတိုင်းစစ်ဌာနအတွင်းရှိ စစ်ဆင်ရေးအခြေအနေတွေကို ထုတ်ပြန်အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။ မေလ ဒုတိယအပတ်ကစလို့ ဇွန်လ ပထမပတ်အတွင်း မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ စစ်ဆင်ရေးနယ်မြေ အသီးသီးမှာ စစ်တပ်နဲ့ တိုက်ပွဲကြီးငယ်ပေါင်း (၄၃) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ တပ်သား (၃၁) ဦး သေဆုံးကာ (၅၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗိုလ်မှူး (၁) ဦး နဲ့ ဗိုလ်ကြီး (၁)ဦး အပါအဝင် သုံ့ပန်း (၁၈) ဦး ဖမ်းမိထားတယ်လို့ အသိပေးထားပါတယ်။ မကွေးတိုင်းက စစ်ဆင်ရေးနယ်မြေအတွင်း လမ်းပိုင်းလုံခြုံရေးဆောင်ရွက်ချိန် ဗိုလ်မှူး၊ ဗိုလ်ကြီး နဲ့ တပ်ကြပ်ကြီး ၁ဦးတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၃) ငါးပြေမတပ်ရင်းကလည်း ထုတ်ပြန်ပါတယ်။
◾️စစ်တပ်ဂိတ်တွေက တရုတ်ကုန်ပစ္စည်းတွေ ဖမ်းပေမယ့် လာဘ်ငွေယူ သယ်ဆောင်ခွင့်ပြု
စစ်ခေါင်းဆောင်ရဲ့ ရက်၁၀၀ စီမံချက်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းဖမ်းဆီးမှုကို စစ်တပ်က အရှိန်မြှင့်လုပ်ဆောင်ပေမယ့် စစ်ဆေးရေးဂိတ်တွေကို လာဘ်ထိုးထားတဲ့ ကားသမားတွေနဲ့ စစ်ကားတွေကတော့ သယ်ယူခွင့်ရတယ်လို့ ကုန်ကားသမားတွေက ပြောပါတယ်။ တရုတ်အကူအညီနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ရေးအသာစီးပြန်ရထားတဲ့ စစ်တပ်ဟာ တရုတ်နိုင်ငံထုတ် လူသုံးကုန်နဲ့ အိမ်သုံးပစ္စည်း တင်သွင်းလာမှုတွေအပေါ်မှာတော့ တင်းကြပ်ထားတာလို့ သိရပါတယ်။ သီပေါမြို့အထွက် ဂိတ်၊ ဝက်ဝံဂိတ်နဲ့ ဘန့်ဘွေးဂိတ်တွေမှာ တင်းတင်းကြပ်ကြပ် ပစ္စည်းတွေကို ဖွင့်၊ဖောက် ရှာဖွေတာမျိုး ပြုလုပ်တယ်လို့ ကုန်ကားသမားတွေက ဆိုပါတယ်။ ဒါပေမဲ့ စစ်တပ်ဂိတ်တွေကို ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ နေရာတိုင်းကို ဆက်တိုက် ပေးနိုင်တဲ့ ကားသမားတွေကိုတော့ အနည်းငယ် ကင်းလွတ်ခွင့်ပေးပြီး တရုတ်ကုန်ပစ္စည်းသယ်ယူခွင့် ပေးထားတယ်လို့ ကားသမားတွေက ပြောပါတယ်။ အဲဒီလမ်းပိုင်းမှာ သီပေါမြို့ကနေ ပြင်ဦးလွင်မြို့အထိ ကြားဖြတ်ကောက်ခံတဲ့ ဂိတ်သေး၊ ရဲဂိတ်၊ ပြည်သူ့စစ်ဂိတ်တွေအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက ဆင်းလာတဲ့ ကားတွေကို ငွေကောက်ခံတဲ့ စစ်တပ်ရဲ့ဂိတ် ၈ ဂိတ်ထပ်မနည်းရှိတယ်လို့ သိရပါတယ်။
◾️မင်းတပ်မှာ တိုက်ပွဲဖြစ်တဲ့နေရာတွေကို စစ်တပ် ဗုံးကြဲ
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားတဲ့နေရာတွေကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ ဇွန်လ ၃ရက် ညပိုင်းမှာ မင်းတပ်မြို့နယ် အရှေ့ခြမ်းတနေရာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ၃ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သလို Y12 လေယာဉ်နဲ့လည်း ၈ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။ မြို့ပေါ် ဆိုတာထက် တိုက်ပွဲဖြစ်တဲ့နေရာတွေဖြစ်တယ်လို့ ဒေသခံက မင်းတပ်မြို့နယ်အတွင်း စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အခြေအနေကို ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၂ရက် ညသန်းခေါင်ကျော်ကလည်း မင်းတပ်မြို့နယ်က တနေရာကို လေကြောင်း တိုက်ခိုက်ခဲ့သလို ဇွန်လ ၂ရက် ည ၉နာရီလောက်မှာလည်း မင်းတပ်မြို့နယ် တနေရာကို လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဇွန်လ ၂ရက်မနက်အစောမှာလည်း မင်းတပ်မြို့နယ် တနေရာကို လေကြောင်းက ၄ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ရဖို့ ထိုးစစ်ဆင်နေလို့ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
◾️SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါခရီးစဉ်သွားရောက်

👍18🔥2
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကိုယ်စားလှယ်အဖွဲ့ဟာ ကနေဒါနိုင်ငံကို ရောက်ရှိနေပြီး ကနေဒါအစိုးရနဲ့ လွှတ်တော်တာဝန်ရှိသူတွေကို သီးခြားစီ တွေ့ဆုံခဲ့သလို တိုရန်တိုတက္ကသိုလ်မှာ မြန်မာ့အရေး သုတေသန ပြုလုပ်နေကြတဲ့ ပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း SCEFက ဇွန်လ ၃ရက် နဲ့ ၄ရက်တွေမှာ ထုတ်ပြန်ထားပါတယ်။ ကနေဒါနိုင်ငံကို သွားရောက်တဲ့ SCEF ကိုယ်စားလှယ်အဖွဲ့မှာ SCEF အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နိုင်ခြားရေးရာအဖွဲ့ဝင်များဖြစ်ကြတဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက နဲနယ်ပလို၊ ကရင်အမျိုးသားအစည်းအရုံးKNUက စောနီးမရော့ဒ်တို့ပါဝင်ခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် NUG သမ္မတအကြံပေးဦးကျော်ဇော်လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
◾️အိန္ဒိယက မင်းအောင်လှိုင်ကို ကော်ဇောနီအစား လက်ထိတ်နဲ့ ကြိုသင့်
အာဏာသိမ်းစစ်ခေါင်းဆောင်ကို အသိအမှတ်ပြု ကြိုဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရအပေါ် ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲ တစ်ခုကနေ သမ္မတ ရာထူးကို ရယူခဲ့ပြီး ပထမဆုံး ပြည်ပ ခရီးစဉ်အနေနဲ့ မေလ ၃၀ ကနေ ဇွန်လ၃ ရက်အထိ အိန္ဒိယကို သွားရောက်ခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ မင်းအောင်လှိုင်ကို အသိအမှတ်ပြု လက်ခံကြိုဆိုခဲ့သလို ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကလည်း လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ ဒေလီမြို့တော်မှာ မိုဒီအပြင် အိန္ဒိယသမ္မတ ဒရူပါဒီ မာရ်မူ အပါအဝင် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို မွမ်ဘိုင်းမှာလည်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ထပ်မံ တွေ့ဆုံခဲ့ပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေကတော့ မင်းအောင်လှိုင်ကို အိန္ဒိယအစိုးရက ထိတွေ့ဆက်ဆံမှုဟာ သူ့ရဲ့ အာဏာသိမ်း အစုအဖွဲ့ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ မှားယွင်းတဲ့ သတင်းစကားမျိုး ဖြစ်သွားနိုင်ကြောင်း ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။ တကယ်တမ်းမှာ မင်းအောင်လှိုင်ကို အခမ်းအနားနဲ့ ကြိုဆိုမယ့်အစား သူဦးဆောင်တဲ့ စစ်တပ်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် လက်ထိတ်နဲ့ စောင့်နေသင့်တာလို့ ဝေဖန်သူတွေက ပြောပါတယ်။
◾️မြိုင်နယ်မှာ တောင်သူတွေရဲ့ မျိုးမြေပဲတွေကို စစ်တပ်စစ်ကြောင်း မီးရှို့ဖျက်ဆီး
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။ မြိုင်မြို့နယ်မှာ အခုအချိန်က မြေပဲစိုက်ပျိုးချိန်ဖြစ်ပြီး ဒေသခံတွေမှာ မျိုးမြေပဲတွေ များစွာရှိနေကြောင်း၊ စစ်တပ်ဟာ ကျေးရွာတွေဝင်ပြီး မျိုးမြေပဲဆံတွေ ယူဆောင်တာ၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေဟာ မျိုးစေ့မျိုးဆံဆုံးရှုံးနေရကြောင်း အညာမြေတပ်ပေါင်းစုက တာဝန်ခံ ကိုဘိိုသန့်ဇင်က ပြောပါတယ်။ ပခုက္ကူကလည်း လမ်းတွေပိတ်ထားတာကြောင့် မျိုးစေ့ပြန်ဝယ်ဖို့ အခက်အခဲရှိနေပြီး နောက်နှစ် မြေပဲစိုက်ပျိုးမှုဟာ စိုးရိမ်စရာဖြစ်လာကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဇွန်လ ၄ ရက် မနက်ပိုင်းမှာလည်း မြိုင် စက်မှု(၂)က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဝက်ပုတ်ကျေးရွာက နေအိမ် ၄ လုံးထက်မနည်း မီးရှို့ပြီး ၆၀မမနဲ့ အနီးဝန်းကျင်ရွာတွေကို ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
◾️နတ်မောက်မှာ PDF အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်သူကို ပကဖ ဖမ်းဆီး
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။ နတ်မောက်မြို့နယ်မှာ PDF ရဲဘော်အဖြစ် အယောင်ဆောင်ကာ ဇနီးမောင်နှံအား ဓားနဲ့ တိုက်ခိုက်ပြီး အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တဲ့ သိန်းသန်းစိုးဆိုသူကို နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နတ်မောက် ပကဖ) က ဖမ်းဆီးထားကြောင်း အဲဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၁ ရက်က နတ်မောက်မြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာမှ သိန်းသန်းစိုး ဆိုသူဟာ ဂွေးပင်ကျေးရွာရှိ နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်ဇနီးမောင်နှံဦးကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း၊ သူဟာ အမျိုးသားဖြစ်သူရဲ့ လည်ပင်းကို ဓားဖြင့်လှီးဖြတ်ခဲ့ပြီး အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါတယ်။ လည်ပင်းလှီးဖြတ်ခံရတဲ့ အမျိုးသားဟာအသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
◾️မင်းအောင်လှိုင်သားရဲ့စီမံကိန်းအနီးရှိ အနီးစခန်းလေဆိပ်ကို နိုင်ငံတကာအဆင့်မီလေဆိပ်အဖြစ် တိုးချဲ့ဆောက်လုပ်နေ

🔥14❤6👍3👏1
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ သားဖြစ်သူရဲ့စီမံကိန်းလုပ်ကွက်အနီးက ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်ကို နိုင်ငံတကာအဆင့်မီ လေဆိပ်အဖြစ် တိုးချဲ့ဆောက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြင်ဦးလွင်မြို့က အနီးစခန်းလေဆိပ်ကို မန္တလေးမြို့က တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်လို ဖြစ်အောင် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် အမိန့်နဲ့ ဆောက်လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေရာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နဲ့ မေလက စစ်ခေါင်းဆောင်လာပြီးနောက် ပြေးလမ်းအသစ်တွေ တိုးချဲ့ဆောက်တာ၊ မြေနေရာချဲ့ထွင်တာတွေပါလုပ်နေပြီး ဧရိယာအလွန်ကြီးမားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အနီးစခန်းလေဆိပ်ဟာ အရင်က စစ်ဘက်သုံး လေဆိပ်သာဖြစ်ပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာ အဓိက အသုံးပြုခဲ့တာပါ။ အဲဒီလေဆိပ်အနီးမှာပဲ ပြီးခဲ့တဲ့ဖေဖော်ဝါရီအတွင်းမှာ ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းဖွင့်ပွဲလုပ်ခဲ့ပြီး မင်းအောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲပြီးနောက် မြေဧက ၁,၀၀၀ သိမ်းယူကာ မြို့သစ်စီမံကိန်း စတင်နေတာလို့ စုံစမ်းသိရပါတယ်။ စီမံကိန်းကို မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံရဲ့ကုမ္ပဏီက အဓိကလုပ်နေတာလို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ အဲဒီစီမံကိန်းအတွက် မြေမလွတ်လို့ဆိုပြီး ပြည်သူတွေရဲ့ အိမ်တွေကို ဇွန်လ ၈ရက် နောက်ဆုံးထားပြီး စစ်အုပ်စုက ဖျက်ခိုင်းထားပါတယ်။
◾️တာမွေမှာ အသက် ၄၇အရွယ် ဆိုက္ကားသမားတစ်ဦး စစ်မှုထမ်းအဖြစ် ရောင်းစားခံရ
ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ အသက် ၄၇အရွယ်ရှိ ဆိုက္ကားသမားတစ်ဦး စစ်မှုထမ်းအဖြစ် ရောင်းစားခံရကြောင်း သတင်းရရှိပါတယ်။ တာမွေမြို့နယ်မှာ ဆိုက္ကားနင်းနေတဲ့ အသက် (၄၇)နှစ်အရွယ် ဦးမြင့်ဆိုင်ဆိုသူဟာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် ၂ လခန့်အကြာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်မှာ မိသားစုဆီ ပြန်လည်ဆက်သွယ်လာခဲ့ပြီး လက်ရှိမှာ ရမည်းသင်း၊ အမှတ် (၃) စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း၊ ခွဲ (၁)မှာ ရောက်ရှိနေကြောင်း သိလိုက်ရတယ်လို့ ဦးမြင့်ဆိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စိုးရီက Tiktok လူမှုကွန်ရက်ကနေတဆင့် အာဏာသိမ်းခေါင်းမင်းအောင်လှိုင် နဲ့ တပ်ချုပ်ရဲဝင်းဦးတို့ကို ဦးတည်ပြီး အသနားခံခဲ့တာဖြစ်ပါတယ်။ အသေးစိတ်ကို တာဝန်ရှိသူတွေက စိစစ်ကာ ဦးမြင့်ဆိုင်ရဲ့ သားသမီး ၃ဦး ဟာလည်း ကျောင်းပညာရေးနဲ့ အားကိုးရာမဲ့ အမျိုးသမီးရဲ့ ကျန်းမာရေးတို့အား ထောက်ထားသောအားဖြင့် နှုတ်ထွက်ခွင့်ပြုဖို့ အသနားခံတင်ပြထားတာကို တွေ့ရပါတယ်။

🔥17❤6