မကွေးတိုင်းစစ်ဌာနက ၁လအတွင်း တိုက်ပွဲအကြိမ် ၄၀ကျော် ဖော်ဆောင်၊ စစ်တပ် ၃၀ကျော် သေ
▪️ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦး ဖမ်းမိဟု PDF စစ်ရုံးချုပ် ထုတ်ပြန်
ဇွန်-၄၊ ၂၀၂၆။/ဒီးဒီPeople’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနက မေလနဲ့ ဇွန်လပထမအပတ် စစ်ဆင်ရေးတွေဖော်ဆောင်မှုအတွင်း တိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၃၀ ကျော် သေဆုံးကာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်းအဖြစ် ၁၈ ဦး ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မကွေးတိုင်းစစ်ဌာနအတွင်းရှိ စစ်ဆင်ရေးအခြေအနေများကို ဒီကနေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
မေလ ၂၂ ရက်မှာ မိတ္ထီလာအခြေစိုက် တပ်မ(၉၉)မှ ချောက်မြို့ က.ပ.စ(၂၁)ထွက်ခွာလာတဲ့ ယာဉ်တန်း (၅)စီးကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မေလ ၂၆ရက်မှာလည်း ချောက်မြို့အခြေစိုက် ခလရ (၁၃)ကနေ က.ပ.စ(၂၁) ထွက်ခွာလာတဲ့ ခဲယမ်းသယ်ဆောင်တဲ့ ယာဉ် (၂)စီးကိုလည်း ခြုံခိုတိုက်ခိုက်ခဲ့တဘ်လို့ ဖော်ပြပါတယ်။
မေလ ၂၆ ရက်မှာဘဲ ဆိပ်ဖြူမြို့မှတဆင့် က.ပ.စ(၂၁) အင်အားဖြည့်တင်းဖို့ ဦးတည်ထွက်ခွာလာတဲ့ ရန်သူ့စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် (၂)စီး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မေလ စတုတ္ထပတ်အတွင်းမှာလည်း သရက်ခရိုင်တပ်ရင်း (၃)က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ခမရ (၅၉၉)တပ်ရင်းမှ စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ကာ ဗိုလ်မှူးအောင်ဖြိုးဝေ နဲ့ ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ပြီး ပစ္စတို (၁၉)လက်၊ ကျည်ဘောက် (၃၈)ခု၊ ဖုန်း (၃)လုံးကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ အသ်ိပေးထားပါတယ်။
ဒါ့အပြင် မေလ ၂၉ ရက်မှာ နတ်မောက်ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် ရန်နိုင် လည်း စစ်ဆင်ရေးနယ်မြေတနေရာတွင် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
မေလ စတုတ္ထပတ်အတွင်း ပုံတောင်တောင်ကြောမှတဆင့် ဂန့်ဂေါခရိုင်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁,၀၀၀ခန့်ရှိ စစ်ကြောင်းနဲ့ ယာယီထိုင်စခန်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဇွန်လ ၃ရက်မှာ မင်းတုန်းမြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်း နဲ့ သရက်ခရိုင်တပ်ရင်း (၄) တို့ တိုက်ပွဲများ ဖြစ်ပြီး သုံ့ပန်း ၁၅ဦးနဲ့ သေနတ် (၁)လက်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် မေလ ဒုတိယအပတ်နဲ့ ဇွန်လ ပထမပတ်အတွင်း မကွေးတိုင်းစစ်ဌာနကွပ်ကဲမှု အောက်ရှိ စစ်ဆင်ရေးနယ်မြေ အသီးသီးမှာ စစ်တပ်နဲ့ တိုက်ပွဲကြီးငယ်ပေါင်း (၄၃) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ တပ်သား (၃၁) ဦး သေဆုံးကာ (၅၂) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ဗိုလ်မှူး (၁) ဦး နဲ့ ဗိုလ်ကြီး (၁)ဦး အပါအဝင် သုံ့ပန်း (၁၈) ဦး ဖမ်းမိထားတယ်လို့ အသိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေနဲ့ စစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက်ရှိရာ ပြည်သူတွေအနေနဲ့လည်း PDF တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က မေတ္တာရပ်ခံထားပါတယ်။

👍39❤12👏2🤣1🖕1
(မကွေးတိုင်းစစ်ဌာနက မေလနဲ့ ဇွန်လပထမအပတ် စစ်ဆင်ရေးတွေဖော်ဆောင်မှုအတွင်း ဖမ်းမိတဲ့ သုံ့ပန်းတွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF)
🥰34❤17👍11👏7🤣1🖕1
မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက တောင်သူတွေရဲ့ မျိုးမြေပဲတွေ မီးရှို့ဖျက်ဆီး
ဇွန် ၄၊ ၂၀၂၆။ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ်မှာ ယခုချိန်ဟာ မြေပဲစိုက်ပျိုးချိန်ဖြစ်ပြီး ဒေသခံတွေမှာ မျိုးမြေပဲတွေ များစွာရှိနေကြောင်း၊ စစ်တပ်ဟာ ကျေးရွာတွေဝင်ပြီး မျိုးမြေပဲဆံတွေ ယူဆောင်တာ၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေဟာ မျိုးစေ့မျိုးဆံဆုံးရှုံးနေရကြောင်း အညာမြေတပ်ပေါင်းစုက တာဝန်ခံ ကိုဘိိုသန့်ဇင်က ပြောပါတယ်။
"မိုးကလည်း ခုမှရွာတယ်ဆိုတော့ မြေပဲစိုက်တောင်သူတွေ မြေပဲစိုက်ကြဖို့အတွက် မျိုးစေ့တွေကို ပြင်ဆင်ထားရတာပေါ့။ အရမ်းအောင်တဲ့ပဲတွေပေါ့လေ။ နှစ်တင်းသုံးတင်း တောင်သူအကြီးအငယ်ပေါ်မှာ မူတည်ပြီးတော့ နှစ်တင်းကနေ တင်းနှစ်ဆယ် တင်းသုံးဆယ်လောက်အထိ ရှိကြတယ်။ မြေပဲ၊ ပဲကြီး၊ ပဲလေး။ ဒါတွေကို စစ်ကြောင်းက လာတဲ့အခါမှာ ကုန်အောင်မသယ်သွားနိုင်တာမျိုးတွေ၊ လူလွတ်ဖို့ အရင်ဦးစားပေးလိုက်ရတာမျိုးတွေဆိုတော့ မြေပဲတွေက ကျန်နေခဲ့တာ။"လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
ပခုက္ကူကလည်း လမ်းတွေပိတ်ထားတာကြောင့် မျိုးစေ့ပြန်ဝယ်ဖို့ အခက်အခဲရှိနေပြီး နောက်နှစ် မြေပဲစိုက်ပျိုးမှုဟာ စိုးရိမ်စရာဖြစ်လာကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဇွန် ၄ ရက်မနက်ပိုင်းမှာလည်း မြိုင် စက်မှု (၂)က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဝက်ပုတ်ကျေးရွာက နေအိမ် ၄ လုံးထက်မနည်း မီးရှို့ပြီး ၆၀မမနဲ့ အနီးဝန်းကျင်ရွာတွေကို ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်းဟာ မေလ ၂၃ ရက်က ရဟတ်ယာဥ်နဲ့ရောက်လာခဲ့တာဖြစ်ပြီး နှစ်ပတ်နီးပါးကာလအတွင်း ပြည်သူနှစ်ဦးထက်မနည်း သတ်ဖြတ်ကာ ရွာနှစ်ရွာက နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးထားပါတယ်။ အဆိုပါစစ်ကြောင်းကြောင့် ကျေးရွာ ၇ ရွာထက်မတည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
အလားတူ မြိုင်နယ်၊လင်းကတောရဲစခန်းက စစ်တပ်စစ်ကြောင်းကလည်း အနီးဝန်းကျင်ရွာတွေ စစ်ကြောင်းထိုး မီးရှို့နေပြီး ဒေသတွင်း PDF စခန်းတစ်ခု စီးနင်းခံရကာ ရဲဘော် ၃ ဦး သတ်ဖြတ်ခံထားရပါတယ်။
အဆိုပါ စစ်ကြောင်းတွေရဲ့ အန္တရာယ်ကြောင့် ဒေသတွင်းပြည်သူတွေအနေနဲ့ လေကြောင်း၊မြေပြင်နဲ့ ဒရုန်းရန်တွေကို အထူး ဂရုပြုဖို့နဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ အညာမြေတပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။
ဇွန်လ ၁ ရက်မနက်ပိုင်းကလည်း မြိုင်နယ်၊ လက်ယက်မကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ပြည်သူ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

🤬27❤3👎2🔥1👏1
ရက် ၁၀၀စီမံကိန်းချက် အကြောင်းပြ တရုတ်ကုန်ပစ္စည်းတွေဖမ်းပြီး စစ်တပ်က ကားနဲ့ ပစ္စည်းပြန်သယ် ပေး
ဇွန် - ၄၊၂၀၂၆၊ရှိန်း/ People's Spring
စစ်ခေါင်းဆောင်ရဲ့ ရက်၁၀၀ စီမံချက်ဆိုတဲ့ အကြောင်းပြပြီး တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းဖမ်းဆီးမှုကို စစ်တပ်က အရှိန်မြှင့်လုပ်ဆောင်ပြိး စစ်ဆေးရေးဂိတ်တွေ လဘ်ထိုးထားတဲ့ ကားသမား တွေနဲ့ စစ်ကားတွေသာ သယ်ယူခွင့်ရတယ်လို့ ကုန်ကားသမားတွေက ပြောပါတယ်။
လားရှိုး- သီပေါ- ကျောက်မဲ- နောင်ချိုမြို့တို့ကို ပြန်တောင်းယူထားတဲ့ စစ်တပ်က တရုတ်နိုင်ငံထုတ်လူသုံးကုန်နဲ့ အိမ်သုံးပစ္စည်း တင်သွင်းလာမှုအပေါ် တင်းကြပ်ထားတာလို့ သိရပါတယ်။
သီပေါမြို့အထွက်ဂိတ်၊ဝက်ဝံဂိတ်နဲ့ ဘန့်ဘွေးဂိတ်တွေမှာ တင်းတင်းကြပ်ကြပ် ပစ္စည်းတွေကို ဖွင့် ဖောက်ရှာ ဖွေတာမျိုးပြုလုပ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် စစ်တပ်ဂိတ်တွေကို ကျပ် ၅၀၀၀ကနေ ၁၀၀၀၀အထိ နေရာတိုင်းကို ဆက်တိုက် ပေးနိုင်တဲ့ ကားသမားတွေကိုတော့ အနည်းငယ်ကင်းလွတ်ခွင့်ပေးပြီး တရုတ်ကုန်ပစ္စည်းသယ်ယူခွင့် ပေးထားတယ်လို့ ကားသမား တွေက ပြောပါတယ်။
"ခရီးသည်တင်ကားပေါ်မှာ ကုန်ကားလို ပစ္စည်းတွေပြည့်နေအောင် တင်မရဘူး။အဲတာကို သီပေါစက် လှေဂိတ်မှာကတည်းက တားထားတာ။စစ်တပ်ကလည်း အဲ့မှာကတည်းကစစ်တာပဲ။ဒါပေမယ့်ပိုင်တဲ့သူက တော့ ကိုကြီး၊ညီလေးနဲ့ ပြီးသွားတာ။တလမ်းလုံးလည်း ဂိတ်တိုင်းပိုက်ဆံပေး သွားရုံပဲ"လို့ ခရီးသည်တင်ကား မောင်းသူတစ်ဦးက ပြောပါတယ်။
အဲဒီလမ်းပိုင်းမှာ သီပေါမြို့ကနေ ပြင်ဦးလွင်မြို့အထိ ကြားဖြတ်ကောက်ခံတဲ့ ဂိတ်သေး ၊ရဲဂိတ်၊ပြည်သူ့စစ်ဂိတ်တွေအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက ဆင်းလာတဲ့ ကားတွေကို ငွေကောက်ခံတဲ့ စစ်တပ်ရဲ့ဂိတ် ၈ ဂိတ်ထပ်မနည်းရှိတယ်လို့ သိရပါတယ်။
အဲဒီအထဲက တပ်မ(၇၇)နဲ့ တပ်မ (၃၃)ထိုင်တဲ့ဂိတ်၊ ဝက်ဝံတိုးဂိတ်(ရဲနဲ့စစ်သားပူး ပေါင်း)ဂိတ်တို့က ခရီးဆောင်အိတ်တွေကိုပါ ဖွင့်ဖောက်စစ် ဆေးတဲ့အထိ တင်းကြပ်တယ်လို့ သိရပါတယ်။
တခါတရံ တရုတ်ကုန်ပစ္စည်းပါလာပါက ပစ္စည်းတွေသိမ်းယူသွားတာမျိုးလည်းရှိတယ်လို့ ကားသမား တွေက ပြောပါတယ်။
ဒီလိုတင်းကြပ်မှုတွေရှိနေ ပေမယ့် စစ်ကားနဲ့ လိုင်စင်မဲ့အိမ်စီးကားတွေဟာ စစ်သားတွေကိုယ်တိုင် မောင်းပြီး သီပေါဆိပ်ကမ်းကနေ မန္တလေးမြို့အထိ တရုတ်ထုတ် ကုန်ပစ္စည်းတွေ သယ်ပေးတာ မျိုးလည်းရှိတယ်လို့ သိရပါတယ်။
"ကျွန် တော်တို့က ဒေသထွက် လိုင်ချီးသီးတင်ဖို့ တောင် ပိုက်ဆံ ပေးပြီးစစ်တပ်ဆီမှာထောက်ခံစာလုပ်ရတယ်။ဒီလမ်းမှာ ခရီးသည်မရရင် လိုင်ချီးသီးလေး တင်ရရင်ကားသမားတွေ နေ့တွက် လေးခံသာတာ ပေါ့ဗျာ။အခုက ကုန်လည်းသူတို့တင် ၊အသီးလည်း�ပိုက်ဆံတောင်းဖြစ်နေတာ"လို့ ယာဉ် မောင်းတဦးက ပြောပါတယ်။
စစ်ကောင်စီကတော့ ရက်၁၀၀ စီမံချက်အကြောင်းပြပြီး စစ်ဆေး ၊ငွေတောင်းရမ်းမှု တင်းကြပ် နေသလို ခရီးသည် တွေဖြတ်သန်းသွားလာတဲ့ သီပေါတံတားကိုလည်းတင်းကြပ် ထားမြစ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

🤬29❤11🔥1🤮1🤣1🖕1
မကွေးတိုင်းစစ်ဆင်ရေးနယ်မြေအတွင်း လမ်းပိုင်းစစ်ဆေးချိန် စစ်တပ်ရဲ့ ဗိုလ်မှူး၊ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးကို ဖမ်းမိဟု ငါးပြေမတပ်ရင်း ထုတ်ပြန်
ဇွန်-၄၊၂၀၂၆၊ရှိန်း/ People's Spring
မကွေးတိုင်းက စစ်ဆင်ရေးနယ်မြေအတွင်း လမ်းပိုင်းလုံခြုံရေးဆောင်ရွက်ချိန် ဗိုလ်မှူး၊ ဗိုလ်ကြီး နဲ့ တပ်ကြပ်ကြီး ၁ဦးတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၃) ငါးပြေမတပ်ရင်းက ထုတ်ပြန်ပါတယ်။
ဇွန်လ ၁ရက်က လမ်းပိုင်းစစ်ဆင်ရေးလုပ်ဆောင်နေချိန်မှာ ကားနဲ့လာတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေ ၊ဗိုလ်ကြီးပြည့်စုံအောင်၊ တပ်ကြပ်ကြီးစာရေး မျိုးဦးတို့ကို ပစ်စတို ၉လက်၊ကျည်ဘောက် ၃၈ခု၊ဖုန်း ၃လုံး၊9MM HPFN Brownတို့ နဲ့အတူ ဖမ်းမိခဲ့တာလို့ သိရပါတယ်။
"လမ်းပိုင်းကိုက လုံခြုံရေးအရ ဖော်ပြပါဘူးဗျ။ကျန်တာကတော့ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ"လို့ ငါးပြေမတပ်ရင်းက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနက မေလနဲ့ ဇွန်လပထမအပတ် စစ်ဆင်ရေးတွေဖော်ဆောင်မှုအတွင်း တိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၃၀ ကျော် သေဆုံးကာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်းအဖြစ် ၁၈ ဦး ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မကွေးတိုင်းစစ်ဌာနအတွင်းရှိ စစ်ဆင်ရေးအခြေအနေများကို ဒီကနေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
မေလ ဒုတိယအပတ်နဲ့ ဇွန်လ ပထမပတ်အတွင်း မကွေးတိုင်းစစ်ဌာနကွပ်ကဲမှု အောက်ရှိ စစ်ဆင်ရေးနယ်မြေ အသီးသီးမှာ စစ်တပ်နဲ့ တိုက်ပွဲကြီးငယ်ပေါင်း (၄၃) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ တပ်သား (၃၁) ဦး သေဆုံးကာ (၅၂) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ဗိုလ်မှူး (၁) ဦး နဲ့ ဗိုလ်ကြီး (၁)ဦး အပါအဝင် သုံ့ပန်း (၁၈) ဦး ဖမ်းမိထားတယ်လို့ အသိပေးထားပါတယ်။

❤37👍11👏2🥰1🥴1🖕1
(ဖမ်းမိတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး၊ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးကို တွေ့ရစဉ်။ ဓာတ်ပုံ - ငါးပြေမ ပြောက်ကျားတပ်ဖွဲ့)
👏45👍8🥴5❤3🥰1
အိန္ဒိယအနေနဲ့ မင်းအောင်လှိုင်ကိုကော်ဇောနီအစား
လက်ထိတ်နဲ့ ကြိုခဲ့သင့်တာလို့ဆို
ဇွန်-၄၊၂၀၂၆။People's Spring
အာဏာသိမ်းစစ်ခေါင်းဆောင်ကိုအသိအမှတ်ပြု ကြိုဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရအပေါ် ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ မင်းအောင်လှိုင်ဟာအတုအယောင် ရွေး
ကောက်ပွဲ တစ်ခုကနေ သမ္မတ ရာထူးကို ရယူခဲ့ပြီး ပထမဆုံး ပြည်ပ ခရီးစဉ် အနေနဲ့ မေလ ၃၀ ကနေ ဇွန်လ၃ ရက်နေ့ထိအိန္ဒိယကိုသွားရောက်ခဲ့ပါတယ်။
အိန္ဒိယအစိုးရဟာမင်းအောင်လှိုင်ကိုအသိအမှတ်
ပြု လက်ခံကြိုဆိုခဲ့သလို ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကလည်း လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ ဒေလီမြို့တော်မှာ မိုဒီအပြင် အိန္ဒိယသမ္မတ ဒရူပါဒီ မာရ်မူ အပါအဝင် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို မွမ်ဘိုင်းမှာလည်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ထပ်မံ တွေ့ဆုံခဲ့ပါတယ်။
လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး လေ့
လာစောင့်ကြည့်သူတွေကတော့ မင်းအောင်လှိုင်ကို အိန္ဒိယအစိုးရကထိတွေ့ဆက်ဆံမှုဟာသူ့ရဲ့ အာ
ဏာသိမ်း အစုအဖွဲ့ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ မှားယွင်းတဲ့ သ
တင်းစကားမျိုး ဖြစ်သွားနိုင်ကြောင်း ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။
တကယ်တမ်းမှာ မင်းအောင်လှိုင်ကိုအခမ်းအနားနဲ့ ကြိုဆိုမယ့်အစားသူဦးဆောင်တဲ့ စစ်တပ်က ကျူး
လွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် လက်ထိတ်နဲ့ စောင့်နေသင့်တာလို့ဝေဖန်သူတွေကပြောပါတယ်။ မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်စဉ် နောက်ပိုင်းရော၊ အဲဒီမတိုင်ခင် ရိုဟင်ဂျာ အနွယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ ပြစ်မှုတွေ အတွက်ပါ အဓိက တာဝန်ရှိသူ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
ဗြိတိန်အခြေစိုက်ရိုဟင်ဂျာအရေးတက်ကြွလှုပ်
ရှားသူ ဦးထွန်းခင်က အိန္ဒိယဟာ မင်းအောင်လှိုင်အတွက် ကော်ဇောနီ ခင်းပေးမယ့်အစား လက်
ထိတ်နဲ့ စောင့်နေသင့်တာဖြစ်ကြောင်း၊ တကယ်
တမ်းမှာ မြန်မာစစ်တပ်ဟာ အိန္ဒိယအတွက် ဆယ်စုနှစ်တွေနဲ့ချီပြဿနာတွေဖန်တီးခဲ့ကြောင်း၊ အိန္ဒိ
ယအတွက်နယ်စပ်အရေး၊ဒုက္ခသည်အရေး၊ ကျား
ဖြန့်ကိစ္စနဲ့ စီးပွားရေး အခွင့်အလမ်း ထိခိုက်မှုတွေကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း ဝေဖန် ထောက်ပြခဲ့ပါတယ်။ အိန္ဒိယ အနေနဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်အစားမြန်မာ့ဒီမိုကရေစီအစိုးရတစ်ရပ်ကို ထောက်
ခံတာက ပိုကောင်းမှာဖြစ်ကြောင်း ဦးထွန်းခင်က ဆိုပါတယ်။
နောက်ထပ် နိုင်ငံတကာအရေးစောင့်ကြည့်လေ့
လာသူတွေကလည်း မင်းအောင်လှိုင်အပေါ် ဧည့်
ဝတ်ကျေကြောင်း အိန္ဒိယက ပြသခဲ့တာဟာ ရက်
စက်ကြမ်းကြုတ်တဲ့ သူ့ရဲ့ အုပ်စိုးမှုကိုအသိအမှတ် ပြုလိုက်တဲ့အဓိပ္ပါယ်ဖြစ်သွားနိုင်ကြောင်း ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံဟာ စစ်တပ်က မွှေခဲ့တဲ့ ပြဿနာတွေကြောင့် နိုင်ငံအနှံ့ ပြည်တွင်းစစ်မီး ဆက်လက် တောက်လောင်နေသလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါ
အဝင် နိုင်ငံရေး အကျဉ်းသား အများအပြားဟာလည်း စစ်တပ်ရဲ့ မတရားဖမ်းဆီး ထောင်ချမှုကို ခံထားရဆဲ ဖြစ်ပါတယ်။
အိန္ဒိယ အစိုးရကတော့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကာကွယ် ပြောဆိုခဲ့ပြီး မြန်မာဟာ နယ်စပ်ရှည်ရှည်လျားလျား ထိစပ်နေတဲ့ အိမ်နီး
ချင်း နိုင်ငံဖြစ်တာကြောင့် အခုလို ဆွေးနွေးမှုမျိုးတွေ လိုအပ်တယ်လို့ အကြောင်းပြထားပါတယ်။
ဒါပေမဲ့လည်း အခုလုပ်ရပ်ဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေပြီး ရေရှည်မှာ အိန္ဒိယရဲ့ ဂုဏ်သတင်းနဲ့ အကျိုး
စီးပွားတွေအပေါ် သက်ရောက် ရိုက်ခတ်လာစေနိုင်ကြောင်း ဝေဖန် ထောက်ပြမှုတွေ ရှိနေပါတယ်။
ကိုးကား: Independent

❤26👍22🥴3🤣2😁1🖕1
SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါခရီးစဉ်သွားရောက်
ကနေဒါအစိုးရ၊ လွှတ်တော်၊ မြန်မာ့အရေး ပညာရှင်တွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေး
ဇွန်-၄၊ ၂၀၂၆။ထားမြတ်/People's Spring
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ဟာ ကနေဒါနိုင်ငံကို ရောက်ရှိနေပြီး ကနေဒါအစိုးရ နဲ့ လွှတ်တော်တာဝန်ရှိသူတွေကို သီးခြားစီ တွေ့ဆုံခဲ့သလို တိုရန်တိုတက္ကသိုလ်မှာ မြန်မာ့အရေး သုတေသန ပြုလုပ်နေကြတဲ့ ပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း SCEFက ဇွန် ၃ရက် နဲ့ ၄ရက်တွေမှာ ထုတ်ပြန်ထားပါတယ်။
ကနေဒါနိုင်ငံကို သွားရောက်တဲ့ SCEF ကိုယ်စားလှယ်အဖွဲ့မှာ SCEF အတွင်းရေးမှုးအဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နိုင်ခြားရေးရာအဖွဲ့ဝင်များဖြစ်ကြတဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ နဲနယ်ပလို၊ ကရင်အမျိုးသားအစည်းအရုံးမှ စောနီးမရော့ဒ်တို့ပါဝင်ခဲ့ဟု အသိပေးပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတအကြံပေးဦးကျော်ဇော်လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၃ရက်ထုတ်ပြန်ချက်မှာ SCEF ကိုယ်စားလှယ်အဖွဲ့ ဟာ ကနေဒါနိုင်ငံ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူတွေ အပြင် တက္ကသိုလ်ပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကနေဒါရောက်မြန်မာနွယ်ဖွားများနဲ့လည်းတွေ့ဆုံခဲ့တယ်လို့ အသိပေးထားပါတယ်။
တွေ့ဆုံမှုကို ကနေဒါနိုင်ငံရဲ့ မြို့တော်အိုတာဝါမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကနေဒါနိုင်ငံခြားရေး၀န်ကြီးရဲ့ ပါလီမန်ရေးရာအတွင်းဝန် ရောဘတ်အိုလီဖန့်က ကနေဒါနိုင်ငံဟာ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သော အနာဂတ်ကို ကြိုးပမ်းရာတွင် မြန်မာနိုင်ငံရှိ ပြည်သူများနဲ့ အခိုင်အမာ ရပ်တည်လျက် ရှိကြောင်းပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးကင်းစွာဖြင့် အပြည့်အ၀ ဝင်ရောက်နိုင်ဖို့၊ တိုက်ခိုက်မှုများ ချက်ခြင်းရပ်တန့်ဖို့ အရေးတကြီးလိုအပ်နေကြောင်း အလေးပေးဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့ကလည်း SCEF ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်တွေ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေအပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့သလို ရှေ့ဆက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့ဟာ ဒီမိုကရက်တစ် မြန်မာနိုင်ငံရဲ့ပါလီမန် မိတ်ဆွေများ အဖွဲ့ရဲ့ ဦးဆောင်အဖွဲ့ဝင်များဖြစ်ကြတဲ့ လွှတ်တော်အမတ် ဂါနက်ဂျီးနီယက်၊ အဒမ်ချိန်ဘာတို့နဲ့ လည်းတွေ့ဆုံကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့်အချက်များ ၊ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးနိုင်ရေး၊ အရပ်သားများအပေါ်အကြမ်းဖက်မှုအဆုံးသတ်နိုင်ရေး အတွက် ဆောင်ရွက်ရမယ့် ကိစ္စရပ်များ ဆွေးနွေးခဲ့ဟု SCEFက ထုတ်ပြန်ထားပါတယ်။
ကနေဒါအရပ်ဖက်အဖွဲ့အစည်းများနဲ့ ဆက်လက်တွေ့ဆုံကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိစ္စ၊ ဖက်ဒရယ်ရေးရာကိစ္စရပ်များ ဆွေးနွေးခဲ့ဟု အသိပေးထားပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့ဟာ ကနေဒါနိုင်ငံခရီးစဥ်အတွင်း တိုရန်တိုတက္ကသိုလ်ရဲ့ Munk School of Global Affairs and Public Polic yမှာ ကုသမဂ္ဂဆိုင်ရာ ကနေဒါအမြဲတမ်းကိုယ်စားလှယ်ဟောင်း၊ အွန်တာရီယိုပြည်နယ် ဝန်ကြီးချုပ်ဟောင်း၊ ကနေဒါနိုင်ငံရဲ့ လက်ရှိအာဏာရပါတီ လစ်ဘရယ်ပါတီခေါင်းဆောင်ဟောင်းဖြစ်သူ ဘော့ဘ်ရေး(Hon. Bob Rae) နဲ့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုအကြောင်းနဲ့ ဖက်ဒရယ်ရေးရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီကိစ္စများ၊ နိုင်ငံတကာဆက်ဆံရေးအကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ဟု SCEFက ထုတ်ပြန်ပါတယ်။
ဘော့ဘ်ရေးဟာ ကနေဒါအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် ၂၀၁၇ ခုနှစ်အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ တာဝန်ယူခဲ့ဖူးပြီး ကနေဒါနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေး ကိစ္စရပ်များ၏ မူဝါဒပိုင်းကို အဓိကပုံဖော်ပေးခဲ့သူ ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။

❤32👍6🥰1🤮1🖕1
SCEF ကိုယ်စားလှယ်အဖွဲ့ဟာ တိုရန်တိုတက္ကသိုလ်ရဲ့ မြန်မာ့အရေး မူဝါဒရေးရာ သုတေသနအဖွဲ့ ဖြစ်တဲ့ Myanmar Policy and Community Knowledge (MyPACK) Hub နဲ့ မြန်မာနိုင်ငံ မူဝါဒဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီ ဆွေးနွေးပွဲကို အခြားသော စိတ်ပါဝင်စားတဲ့ သုတေသီများ၊ ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ပရော်ဖက်ဆာ မက်သရူးဝေါလ်တန် က မြန်မာ့အရေးလေ့လာသုံးသပ်ချက်များနဲ့ အကြံပြုချက်များကို ဦးဆောင်ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
SCEF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့နဲ့ စုဖွဲ့ထားတာ ဖြစ်ပြီး စစ်ရေးနဲ့ နိုင်ငံရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများပိုမိုအားကောင်းအောင် တည်ဆောက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်နိုင်ရေး ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။

❤31👍7🥰3🤮1🖕1
(SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါနိုင်ငံ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - SCEF)
❤42👍14🥰4😁4🖕1
ပေါက်ကိုယ်တော်စစ်ကူတောင်းပေးနေတဲ့ ပေါက်မြို့နယ်က ပျူစောထီးရွာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်
ဇွန် -၄၊၂၀၂၆။ဖိုးသား/People's Spring
အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာရှိပြီး ပေါက်မြို့အတွက် အရေးပါတဲ့ လမ်းပိုင်းပေါ်က ကုက္ကိုလ်စုရွာကို ၃ရက်ကြာထိုးစစ်ခဲ့ပြီး ဒီကနေ့(မေလ ၄ ရက်)ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
"ကုက္ကိုလ်စုကို သိမ်းရတာအတည်ပြုတယ်။နောက်ဆက်တွဲကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပါလိမ့်မယ်"လို့ ပေါက်မြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပျူစောထီးကျေးရွာအဖြစ် သတ်မှတ်ထားတဲ့ ကုက္ကိုလ်စုရွာမှာ စစ်တပ်က အခြေစိုက်စခန်းအဖြစ်ထားရှိပြီး အခုသိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းတယ်လို့လည်း သိရပါတယ်။
ကုက္ကိုလ်စုရွာ စတင်တိုက်ခိုက်ခံရချိန်ကစပြီး နေပြည်တော်၊မန္တလေးက စစ်ကောင်စီလူကြီးတွေကို အကူအညီတောင်းခံခဲ့ပြီး လက်နက်ခဲယမ်း နဲ့ လေကြောင်းပစ်ကူစံချိန်တင်ပေးခဲ့တယ်လို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က သူရဲ့လူမှုကွန်ယက်ကတဆင့် ဇွန် ၃ ရက်က အသိပေးထားပါတယ်။
"ကုက္ကိုလ်စုမှာ စစ်တပ်နဲ့ ပြည်သူ့စစ် ၃၀၀ ၀န်းကျင်ရှိပြီး တဖက်အဖွဲ့တွေက အင်အား ၅၀၀ နဲ့ ၇၀၀ ရှိတယ်။ဥဇင်းတို့လည်း ရှိသမျှ လူကြီးတွေဆီ အကုန်ပို့တာပဲ။သိသိချင်းပဲ အကုန်လုံးလည်း ဆောင်ရွက်ပေးကြပါတယ်။ခဲယမ်းလက်နက်ကလည်း အချိန်မီတော်တော် ကြီးကိုရောက်တယ်ပြောရမှာပဲ။နေပြည်တော်ရော မန္တလေးရော အကုန်ပို့ပေးတာပဲ။လုပ်ပေးနိုင်တဲ့လူကြီးတွေဆီပေါ့။လေယာဉ်ဆိုလည်း စံချိန်မီ ပြောရမှာပဲ"လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။
ဒါ့အပြင် ပေါက်မြို့ရဲ့ အန္တရာယ်ဟာ ကုက္ကိုလ်စုတိုက်ပွဲက ဆုံးဖြတ်လိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
အခုဇွန်လ ၂ ရက်မှာ ပေါက်မြို့နယ်အရှေ့ခြမ်းက ရေပြာရဲစခန်းကို တော်လှန်ရေးတပ်တွေက ကနဦးသိမ်းပိုက်ခဲ့ပြီး (၂)မိုင်ခန့်အကွာက ကုက္ကိုလ်စုရွာကို ထပ်မံထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ကုက္ကိုလ်စုရွာသိမ်းပိုက်မှုနဲ့ပတ်သက်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
မကွေးတိုင်းက မြို့နယ်တွေထဲမှာ ပေါက်မြို့နယ်ဟာ စစ်တပ်အမာခံ ကျေးရွာအများစုရှိပြီး ဇီးပြား၊ ဝန်ကျုံး၊ သစ်ချိုကုန်း၊ ကုက္ကိုလ်စု နဲ့ အင်မထီးရွာတွေဟာ ဒေသတွင်း ပျူစောထီးရွာကြီးတွေ အဖြစ် နာမည်ကျော်ပါတယ်။
ပေါက်မြို့နယ်နဲ့ကပ်လျက်ရှိတဲ့ မြိုင်မြို့နယ်မှာလည်း စစ်တပ်အခြေစိုက်ထားတဲ့ သရက်ကန်ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်က ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းပိုက်ထားပါတယ်။

🥰26👏20❤4👍4🤣2🔥1🖕1