People's Spring
✔
60K subscribers
71.6K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🖕7👍1
👍24🔥2👎1
အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

တရုတ်စီမံကိန်း​တွေကိုအကာအကွယ်ယူပြီး စနဲမြို့ကို ပြန်သိမ်းယူဖို့ ကြည်း၊ရေ၊လေ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့စစ်​ကြောင်းတွေဟာ စစ်ဆင်ရေး ဆယ်ရက်ခန့်အကြာမှာပဲ အထိနာပြီး ပြန်ဆုတ်သွားပြီလို့ကျောက်ဖြူမြို့က သတင်းရင်းမြစ်တွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ စနဲမြို့ကိုတန်ပြန်ထိုးစစ်ဆင်ဖို့ စစ်တပ်က ဧပြီလကတည်းက အင်အားဖြည့်ပြီး မေလ ၁၀ ရက်မှာစစ်ရေးစတင်ဖော်‌ဆောင်လာတာဖြစ်ပါတယ်။

စနဲမြို့ကနေ ၂၈ မိုင်ခန့်သာဝေးနဲ့ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းအနီးက တောင်မော်ဦးရေတပ်စခန်းမှာ အင်အားတွေစုဖွဲ့ပြီး ကြည်း၊ရေ၊လေ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။

"မဒေးကျွန်းမှာက တရုတ်ဓာတ်ငွေ့စီမံကိန်းရှိတယ်။တပ်တော်က အဲ့နေရာကို မတိုက်တော့ စစ်တပ်က အင်အားတွေ စိတ်ကြိုက်ဖြည့်တာ။ အခုကကြတော့ ပင်လယ်ရေကြောင်းကရော၊ လေ
ယာဉ်တွေရော၊‌ ခြေလျင်တပ်ရော စနဲကို ဦးတည်တိုက်တာ။တိုက်ပွဲတွေကအရမ်းပြင်းထန်ပြီးမှ ပြန်ဆုတ်သွားတာပါ"လို့ ကျောက်ဖြူမြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တောင်မော်ဦးရေတပ်စခန်းဟာ ကျောက်ဖြူမြို့က ဓညဝတီရေတပ်ရဲ့ လက်အောက်ခံ စခန်းဖြစ်ပါတယ်။ စနဲမြို့နဲ့ တောင်မော်ဦးရေတပ်ကြားက အဝတောင်ရွာကို စစ်တပ်စစ်ကြောင်းအရောက်မှာ AAကပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"တနေ့တည်းမှာ၁၀၀လောက်သေတဲ့သတင်းလည်းကြားတယ်။ စနဲကိုလည်း ရေတပ်ကနေရော၊ လေယောဉ်နဲ့ပါ ဗုံးကြဲလို့ အပျက်အစီးအရမ်းများတယ်ဗျ။ဒီနေ့အထိနောက်ဆုံးကြားတာက စစ်တပ်က တောင်မော်ဦးဘက်ကို ပြန်ဆုတ်နေပြီကြားတယ်" လို့ စစ်​ရေးသတင်းရင်းမြစ်တဦးက မေလ၂၂ရက်
မနက်ပိုင်းမှာပြောပါတယ်။

https://youtu.be/a01-usnGZtU?si=2VgMzy-mhV15HLvM
❤51👍20👏5🔥2💩2🤣2🖕1
တာမွေမှာ အသက် ၄၇အရွယ် ဆိုက္ကားသမား
ဦးမြင့်ဆိုင် စစ်မှုထမ်းအဖြစ် ရောင်းစားခံရ

■ဇနီးဖြစ်သူ​ဒေါ်ခင်စိုးရီက ခင်ပွန်းကိုပြန်လွတ်​ပေးဖို့ အာဏာသိမ်း​ခေါင်း​ဆောင်​တွေထံအသနားခံ

ဇွန် ၄၊ ၂၀၂၆။ဟာနာဆန်/People's Spring

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ အသက် ၄၇အရွယ်ရှိ ဆိုက္ကားသမားတစ်ဦး စစ်မှုထမ်းအဖြစ် ရောင်းစားခံရကြောင်း သတင်းရရှိပါတယ်။

တာမွေမြို့နယ်မှာ ဆိုက္ကားနင်းနေတဲ့ အသက် (၄၇)နှစ်အရွယ် ဦးမြင့်ဆိုင်ဆိုသူဟာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က ပျောက်ဆုံးသွားခဲ့ပါတယ်။

အဲဒီနောက် ၂ လခန့်အကြာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်မှာ မိသားစုဆီ ပြန်လည်ဆက်သွယ်လာခဲ့ပြီး လက်ရှိမှာ ရမည်းသင်း၊ အမှတ် (၃) စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း၊ ခွဲ (၁)မှာ ရောက်ရှိနေကြောင်း သိလိုက်ရတယ်လို့ ၎င်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စိုးရီက Tiktok လူမှုကွန်ရက်ကနေတစ်ဆင့် အာဏာသိမ်း​ခေါင်းမင်း​အောင်လှိုင် နဲ့ တပ်ချုပ်ရဲဝင်းဦးတို့ကို ဦးတည်ပြီး အသနားခံခဲ့တာဖြစ်ပါတယ်။

မေလ ၃၁ ရက်မှာ သင်တန်းကျောင်းသို့ ဇနီးဖြစ်သူ ဒေါ်ခင်စိုးရီနဲ့ အမျိုးသားရေးဆရာတော် ဦးဇောတိကတို့က သွားရောက်တွေ့ဆုံခဲ့ရာမှာ ဦးမြင့်ဆိုင်ကို သူယခင်သူကိုင်ဆောင်တဲ့ မှတ်ပုံတင်နံပါတ် ၈/မထန(နိုင်)၀၈၄၄၃၁ အစား မှတ်ပုံတင် အသစ် ၈/ရနခ (နိုင်) ၁၀၆၈၈၅ ဖြင့်လည်းကောင်း၊ အသက်ကိုလည်း ၁၃၄၁ ဖွား၊ အသက် ၄၇ နှစ်ရှိသူအား ၃၅ နှစ်သို့လည်းကောင်း ပြောင်းလဲထားပြီး ကိုင်ဆောင်သော မွေးသက္ကရာဇ် ၁၃၄၁ ဖွား၊ အသက် ၄၇ နှစ်ရှိသူအား မှတ်ပုံတင် အသစ် ၈/ရနခ (နိုင်) ၁၀၆၈၈၅ ဖြင့် မွေးသက္ကရာဇ်အား (၃၅) နှစ်အဖြစ် ပြောင်းလဲပြီး ကိုယ်ပိုင်နံပါတ် တ-၆၁၆၁၅၇၊ ကျောင်းသားနံပါတ် ၁၉၅ ဖြင့် သူ့ဆန္ဒမပါဘဲ သင်တန်းတက်နေရတယ်လို့ ၎င်းရဲ့ ဇနီးဖြစ်သူက အသိပေးပါတယ်။

အသေးစိတ်အား တာဝန်ရှိသူများမှ စိစစ်ကာ သားသမီး ၃ဦး ဟာလည်း ကျောင်းပညာရေးနဲ့ အားကိုးရာမဲ့ အမျိုးသမီးရဲ့ ကျန်းမာရေးတို့အား ထောက်ထားသောအားဖြင့် နှုတ်ထွက်ခွင့်ပြုဖို့ အသနားခံတင်ပြထားတာကို တွေ့ရပါတယ်။

ဇနီးသည်ဟာ အသနားခံစာကို ဖတ်ပြသွားခဲ့တာဖြစ်ပြီး ၎င်းအသနားခံစာမှာ ရောင်းစားခံရတယ်လို့ မပါပေမဲ့ ဖြစ်စဥ်အနေအထားအရ ရောင်းစားခံရတာသာဖြစ်နိုင်ကြောင်း လူမှုကွန်ရက် သုံးစွဲ
သူတွေက မှတ်ချက်ပြုပါတယ်။

အဆိုပါ ဆိုက္ကားသမားဟာ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ နဂါးကျေးရွာအုပ်စု၊ နဂါးကျေးရွာကနေ ရန်ကုန်မြို့မှာ အလုပ်လာလုပ်ရင်း ခုလိုဖြစ်စဥ်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အသနားခံ video မှတပါး မည်သည့် မီဒီယာကိုမှ ပြောကြားမှာမဟုတ်ကြောင်း၊ ပေါ်တာဆွဲခြင်းမဟုတ်ဘဲ ပိုမို ရှုပ်ထွေးတဲ့ အခြေအနေသာဖြစ်ကြောင်း video တင်ထားသူက ရေးသားထားပါတယ်။

ရန်ကုန်မြို့မှာ နေအိမ်ပေါ်ပါတက်ပြီး ပေါ်တာဆွဲနေပြီး လူငယ်လူရွယ်တွေ မကြာခဏ ဖမ်းဆီးခံနေရပါတယ်။ စစ်မှုထမ်းပေါ်တာဆွဲတဲ့ဖြစ်စဥ်တွေကို စစ်အုပ်စုထောက်ခံတဲ့သူတွေ၊ အမျိုးသားရေးအဖွဲ့ မဘသတွေကအစ ​ပြန်လည်ဝေဖန်နေကြပါတယ်။

ဒါ့အပြင် မြို့နယ်တွေက လူမိုက်ဆိုသူတွေက နေ့ခင်းဘက်တွေအပြင် ညအချိန်တွေမှာ အဓိက လူငယ်၊လူရွယ်တွေ လိုက်လံရှာဖွေဖမ်းဆီးပြီး စစ်တပ်ရဲ့ စစ်မှုထမ်းရွေးချယ်ရေးအဖွဲ့ထံမှာ စစ်မှုထမ်းဖို့ ရောင်းစားနေတာတွေ လက်တလောမှာ ဖြစ်ပေါ်နေပါတယ်။

စစ်တပ်ဟာ ၂၀၂၄ ဧပြီကစတင်ခဲ့တဲ့ စစ်မှုထမ်းခေါ်ယူမှုဟာ ယခုအခါ အပတ်စဥ် (၂၅) ရောက်ရှိနေပြီဖြစ်ပါတယ်။
🤬36👍6❤2👎1
🔥15👍9🤬3❤1🤮1
AAဖမ်းခဲ့တဲ့သင်္ဘောလှရွာသား၈၉ဦး
ကိုပြန်လွှတ်ပေး

■သင်္ဘောလှရွာသား ၃၀ ဦး
ခန့်ကိုမူပြန်မလွှတ်​သေး

ဇွန်-၄၊ ၂၀၂၆။ခိုင်မြတ်/People's Spring

စစ်မှုထမ်းဥပဒေနဲ့ဆက်စပ်တဲ့အစည်းအဝေးတခုမှာနားလည်မှုလွဲမှားပြီးဆူပူအုံကြွမှုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာရက္ခတပ်တော်(AA)က ဖမ်းဆီးထားခဲ့တဲ့ရခိုင်ပြည်နယ်၊မောင်တောမြို့
နယ်သင်္ဘောလှရွာသားတွေထဲက ၈၉ ဦးကို ဇွန်လ ၃ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

သက်ကြီးရွယ်အို၊အမျိုးသမီး၊ကလေးငယ်တွေအ
ပါအဝင် ရွာသားတရာကျော်ကို ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကAAက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖမ်း
ဆီးပြီး ၁၂ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၃၃ ဦးနဲ့ ကလေးငယ် ၂၈ ဦး ပါဝင်ပါတယ်။

“လူငယ်ပိုင်းတွေတချို့တော့ ပြန်မလွှတ်သေးဘူး။ သုံးဆယ်လောက် ကျန်အုံးမယ်။ ကြည့်ရတာ အဲဒါတွေကိုစစ်မှုထမ်းပို့ဖို့ ခေါ်ထားလိုက်တာထင်တယ်။ ပြန်လွှတ်ရင်လည်း လွှတ်လောက်တယ်။
မလွှတ်ဖို့တော့ များတယ်။ လွှတ် ရင် အကုန်လွှတ်
ပေးစေချင်တယ်” လို့ ဖြစ်စဥ်ကိုသိတဲ့ မောင်တောဒေသခံ လူငယ်တဦးက ပြောပါတယ်။

ရွာသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ သင်္ဘောလှရွာဟာ သက္ကမ(ဒိုင်းနက်)လူမျိုးတွေ နေထိုင်တဲ့ကျေးရွာဖြစ်ပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေ လှုပ်
ရှားမှုရှိတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတာကြောင့် ရပ်ရွာလုံခြုံရေးအတွက်စစ်သင်တန်းပေးဖို့ အ
စည်းအဝေးခေါ်၊ သွားဆွေးနွေးခဲ့တာဖြစ်တယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

စစ်မှုထမ်းခေါ်ဖို့ ရွာသားတွေနဲ့ ဆွေးနွေးတဲ့အခါ ရွာသားတွေက နားလည်မှုလွဲမှားပြီး AA တပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်မှုပုံစံနဲ့ တုတ်ဆွဲ၊ ဓါးဆွဲ ဆူပူအုံကြွမှုလုပ်ခဲ့တာကြောင့် ကလေး၊ အမျိုးသမီးတွေကိုပါ ဖမ်းဆီးခဲ့တာလို့ ဆိုပါ တယ်။

အဲဒီလိုအစည်းအဝေးအတွင်းAAကရွာသားတွေကို ရိုက်နှက်တာ၊ သေနတ်ဖောက်ခြိမ်းခြောက်တာတွေ ရှိခဲ့ပြီး ချက်ချင်းလွှတ်ပေးဖို့ သက္ကမလူမျိုးအဖွဲ့အစည်းတွေက ထုတ်ပြန်ချက်ထုတ်တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခု၊ ချင်း
ပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထားပြီး လက်ကျန်ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်ကအာ
ဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော်(AA) ဟာ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့် အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက်(NDEP)ကို ၂၀၂၅ ခုနှစ်ဆန်းပိုင်းမှာ ပြဌာန်းပြီးစစ်မှုထမ်းခေါ်ယူတာတွေ လုပ်နေခဲ့တာပါ။

အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ထိ၊ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ
၄၅ ရက် ကြာ စစ်သင်တန်းတက်ပြီး နှစ်နှစ်ကြာ စစ်မှုထမ်းရမယ့် အဲဒီဥပဒေမှာ ပြဌာန်းထားတာဖြစ်ပါတယ်။အဲဒီပြဌာန်းချက်ကို ရခိုင်ပြည်နယ်အတွင်းကမြို့နယ်အချို့မှာစတင်အကောင်အ
ထည်ဖော်နေတာပါ။ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှုရှိပြီး ရွာသားတွေ မကြာခဏအ
သတ်ခံရတဲ့ ဘူးသီးတောင်၊ မောင်တော နယ်စပ်ဒေသတွေမှာတော့ စစ်မှုထမ်းလူဦးရေ တိုးခေါ်တာတွေ ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

မောင်တောခရိုင်မှ AA လက်အောက်ခံ ဝန်ထမ်းတဦးက “ဒီဘက်မှာကတော့ စစ်မှုထမ်းဆိုပေမယ့် အဓိက ရွာလုံ ခြုံရေးအတွက် ခေါ်တာပါ။ အဲဒါကို တချို့က နားလည်မှုလွဲတာပေ့ါ။ တပ်တော်ကလူတွေကလည်း စစ်သားတွေ ဆိုတော့ ပြေပြေလည်လည် မရှင်းပြဘူး။ဟိုဘက်ကလည်း နားလည်မှုလွဲ၊ ဒေါသထွက်ရင် ဒီဘက်ကလည်း ပြန် ဒေါသထွက်ဆိုတော့ မဖြစ်သင့်တာတွေ ဖြစ်သွားတာ” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မောင်တောခရိုင်အ
တွင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ လှုပ်
ရှားမှုရှိပြီး ထင်းရှာ၊ ဟင်းခူး၊ စျေးဝယ်သွားလာကြတဲ့ ဒေသခံအရပ်သားတွေကို ဖမ်းဆီးတာ၊ သတ်
ဖြတ်တာ၊ AA စစ်ကြောင်းတွေကို ခြုံခို တိုက်ခိုက်တာတွေ မကြာခဏ လုပ်နေကြပါတယ်။
❤26👍14😁1🥴1
AAတပ်ဖွဲ့ဝင်​တွေက သင်္ဘောလှရွာမှပြည်သူ​တွေကို ပြန်လွှတ်​ပေးစဥ်။ ဓါတ်ပုံ- The NDF waves
❤29🥰2🥴2👍1😁1
မကွေးတိုင်းစစ်ဌာနက ၁လအတွင်း တိုက်ပွဲအကြိမ် ၄၀ကျော် ဖော်ဆောင်၊ စစ်တပ် ၃၀ကျော် သေ

▪️ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦး ဖမ်းမိဟု PDF စစ်ရုံးချုပ် ထုတ်ပြန်

ဇွန်-၄၊ ၂၀၂၆။/ဒီးဒီPeople’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနက မေလနဲ့ ဇွန်လပထမအပတ် စစ်ဆင်ရေးတွေဖော်ဆောင်မှုအတွင်း တိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၃၀ ကျော် သေဆုံးကာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်းအဖြစ် ၁၈ ဦး ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မကွေးတိုင်းစစ်ဌာနအတွင်းရှိ စစ်ဆင်ရေးအခြေအနေများကို ဒီကနေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

မေလ ၂၂ ရက်မှာ မိတ္ထီလာအခြေစိုက် တပ်မ(၉၉)မှ ချောက်မြို့ က.ပ.စ(၂၁)ထွက်ခွာလာတဲ့ ယာဉ်တန်း (၅)စီးကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မေလ ၂၆ရက်မှာလည်း ချောက်မြို့အခြေစိုက် ခလရ (၁၃)ကနေ က.ပ.စ(၂၁) ထွက်ခွာလာတဲ့ ခဲယမ်းသယ်ဆောင်တဲ့ ယာဉ် (၂)စီးကိုလည်း ခြုံခိုတိုက်ခိုက်ခဲ့တဘ်လို့ ဖော်ပြပါတယ်။

မေလ ၂၆ ရက်မှာဘဲ ဆိပ်ဖြူမြို့မှတဆင့် က.ပ.စ(၂၁) အင်အားဖြည့်တင်းဖို့ ဦးတည်ထွက်ခွာလာတဲ့ ရန်သူ့စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် (၂)စီး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မေလ စတုတ္ထပတ်အတွင်းမှာလည်း သရက်ခရိုင်တပ်ရင်း (၃)က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ခမရ (၅၉၉)တပ်ရင်းမှ စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ကာ ဗိုလ်မှူးအောင်ဖြိုးဝေ နဲ့ ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ပြီး ပစ္စတို (၁၉)လက်၊ ကျည်ဘောက် (၃၈)ခု၊ ဖုန်း (၃)လုံးကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ အသ်ိပေးထားပါတယ်။

ဒါ့အပြင် မေလ ၂၉ ရက်မှာ နတ်မောက်ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် ရန်နိုင် လည်း စစ်ဆင်ရေးနယ်မြေတနေရာတွင် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

မေလ စတုတ္ထပတ်အတွင်း ပုံတောင်တောင်ကြောမှတဆင့် ဂန့်ဂေါခရိုင်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁,၀၀၀ခန့်ရှိ စစ်ကြောင်းနဲ့ ယာယီထိုင်စခန်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဇွန်လ ၃ရက်မှာ မင်းတုန်းမြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်း နဲ့ သရက်ခရိုင်တပ်ရင်း (၄) တို့ တိုက်ပွဲများ ဖြစ်ပြီး သုံ့ပန်း ၁၅ဦးနဲ့ သေနတ် (၁)လက်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် မေလ ဒုတိယအပတ်နဲ့ ဇွန်လ ပထမပတ်အတွင်း မကွေးတိုင်းစစ်ဌာနကွပ်ကဲမှု အောက်ရှိ စစ်ဆင်ရေးနယ်မြေ အသီးသီးမှာ စစ်တပ်နဲ့ တိုက်ပွဲကြီးငယ်ပေါင်း (၄၃) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ တပ်သား (၃၁) ဦး သေဆုံးကာ (၅၂) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ဗိုလ်မှူး (၁) ဦး နဲ့ ဗိုလ်ကြီး (၁)ဦး အပါအဝင် သုံ့ပန်း (၁၈) ဦး ဖမ်းမိထားတယ်လို့ အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေနဲ့ စစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက်ရှိရာ ပြည်သူတွေအနေနဲ့လည်း PDF တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က မေတ္တာရပ်ခံထားပါတယ်။
👍39❤12👏2🤣1🖕1
(မကွေးတိုင်းစစ်ဌာနက မေလနဲ့ ဇွန်လပထမအပတ် စစ်ဆင်ရေးတွေဖော်ဆောင်မှုအတွင်း ဖမ်းမိတဲ့ သုံ့ပန်းတွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF)
🥰34❤17👍11👏7🤣1🖕1
မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက တောင်သူတွေရဲ့ မျိုးမြေပဲတွေ မီးရှို့ဖျက်ဆီး

ဇွန် ၄၊ ၂၀၂၆။ဟာနာဆန်/People's Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်မှာ ယခုချိန်ဟာ မြေပဲစိုက်ပျိုးချိန်ဖြစ်ပြီး ဒေသခံတွေမှာ မျိုးမြေပဲတွေ များစွာရှိနေကြောင်း၊ စစ်တပ်ဟာ ကျေးရွာတွေဝင်ပြီး မျိုးမြေပဲဆံတွေ ယူဆောင်တာ၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေဟာ မျိုးစေ့မျိုးဆံဆုံးရှုံးနေရကြောင်း အညာမြေတပ်ပေါင်းစုက တာဝန်ခံ ကိုဘိိုသန့်ဇင်က ပြောပါတယ်။

"မိုးကလည်း ခုမှရွာတယ်ဆိုတော့ မြေပဲစိုက်တောင်သူတွေ မြေပဲစိုက်ကြဖို့အတွက် မျိုးစေ့တွေကို ပြင်ဆင်ထားရတာပေါ့။ အရမ်းအောင်တဲ့ပဲတွေပေါ့လေ။ နှစ်တင်းသုံးတင်း တောင်သူအကြီးအငယ်ပေါ်မှာ မူတည်ပြီးတော့ နှစ်တင်းကနေ တင်းနှစ်ဆယ် တင်းသုံးဆယ်လောက်အထိ ရှိကြတယ်။ မြေပဲ၊ ပဲကြီး၊ ပဲလေး။ ဒါတွေကို စစ်ကြောင်းက လာတဲ့အခါမှာ ကုန်အောင်မသယ်သွားနိုင်တာမျိုးတွေ၊ လူလွတ်ဖို့ အရင်ဦးစားပေးလိုက်ရတာမျိုးတွေဆိုတော့ မြေပဲတွေက ကျန်နေခဲ့တာ။"လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ပခုက္ကူကလည်း လမ်းတွေပိတ်ထားတာကြောင့် မျိုးစေ့ပြန်ဝယ်ဖို့ အခက်အခဲရှိနေပြီး နောက်နှစ် မြေပဲစိုက်ပျိုးမှုဟာ စိုးရိမ်စရာဖြစ်လာကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇွန် ၄ ရက်မနက်ပိုင်းမှာလည်း မြိုင် စက်မှု (၂)က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဝက်ပုတ်ကျေးရွာက နေအိမ် ၄ လုံးထက်မနည်း မီးရှို့ပြီး ၆၀မမနဲ့ အနီးဝန်းကျင်ရွာတွေကို ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကြောင်းဟာ မေလ ၂၃ ရက်က ရဟတ်ယာဥ်နဲ့ရောက်လာခဲ့တာဖြစ်ပြီး နှစ်ပတ်နီးပါးကာလအတွင်း ပြည်သူနှစ်ဦးထက်မနည်း သတ်ဖြတ်ကာ ရွာနှစ်ရွာက နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးထားပါတယ်။ အဆိုပါစစ်ကြောင်းကြောင့် ကျေးရွာ ၇ ရွာထက်မတည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

အလားတူ မြိုင်နယ်၊လင်းကတောရဲစခန်းက စစ်တပ်စစ်ကြောင်းကလည်း အနီးဝန်းကျင်ရွာတွေ စစ်ကြောင်းထိုး မီးရှို့နေပြီး ဒေသတွင်း PDF စခန်းတစ်ခု စီးနင်းခံရကာ ရဲဘော် ၃ ဦး သတ်ဖြတ်ခံထားရပါတယ်။

အဆိုပါ စစ်ကြောင်းတွေရဲ့ အန္တရာယ်ကြောင့် ဒေသတွင်းပြည်သူတွေအနေနဲ့ လေကြောင်း၊မြေပြင်နဲ့ ဒရုန်းရန်တွေကို အထူး ဂရုပြုဖို့နဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ အညာမြေတပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။


ဇွန်လ ၁ ရက်မနက်ပိုင်းကလည်း မြိုင်နယ်၊ လက်ယက်မကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ပြည်သူ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
🤬27❤3👎2🔥1👏1
(ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မြိုင်နယ်ရှိကျေးရွာများအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မြေပဲနှင့်သီးနှံများအား တွေ့ရစဥ်။ ဓါတ်ပုံ-အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်)
🤬36❤3👎2🔥2🖕1