KNU တပ်မဟာ(၄)သိမ်းထားတဲ့ ကျောက်လုံးကြီးတပ်စခန်း ပြန်ရဖို့ စစ်တပ်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်
ဇွန်-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် -ထားဝယ်ခရိုင် တပ်မဟာ(၄)က သိမ်းပိုက်ထားတဲ့ လယ်မူလား(ပုလော)မြို့နယ် လယ်ဖဒို (ကျောက်လုံးကြီး)ရွာက တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
အင်အား ၈၀ကျော်ရှိတဲ့ ကျောက်လုံးကြီးစခန်းကို KNLA တပ်မဟာ(၄)က မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁၁ရက်မြောက် မေလ ၂၉မှာ တပ်စခန်းကို သိမ်းနိုင်ခဲ့တာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးနီးပါး ထွက်ပြေးသွားလို့ စခန်းသိမ်းရခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ပါတယ်။
" စခန်းသိမ်းပြီး စကစက ပြန်ဝင်လာတဲ့ အပိုင်းရှိတော့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ အခုလက်ရှိ သိမ်းထားတဲ့စခန်းက ဗျူဟာရဲ့ ကာကင်းဖြစ်တယ်။ အဲဒီကာကင်းက လက်လွှတ်လိုက်ရတော့ ဗျူဟာက ပြန်လာပြီးတော့ ပြန်ထိုင်ဖို့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်"လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
အရင်က စစ်ကောင်စီတပ်ဟာ ကျောက်လုံးကြီးဗျူဟာမှာ ဗျူဟာ စခန်းချတပ်စွဲထားတာဖြစ်ပါတယ်။ ကျောက်လုံးကြီးစခန်းမှာ စစ်တပ်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂)ဗျူဟာက တပ်စွဲထားတာဖြစ်ပြီး ၂၀၂၄ ဇွန်လမှာ စစ်တပ်က စခန်းစွန့်သွားတာဖြစ်ပါတယ်။
" အောင်သာ၀ရ စခန်းသိမ်းတဲ့အချိန်မှာ အဲဒီ ဗျူဟာစခန်းက သူတို့ ဆုတ်ခွာသွားတာ။ ဆုတ်ခွာပြီးတော့ အခြား တောင်ကုန်းတခုမှာ ဗျူဟာပြန်ထိုင်တယ်။ အဲဒီ ကျောက်လုံးကြီးရွာနဘေးမှာ ရှိတဲ့ စခန်းကတော့ သူတို့ ဗျူဟာရဲ့ ကာကင်းအနေနဲ့ တပ်ရင်း ၄၃၃ ကနေ အထိုင်ချတယ်။ ပြီးခဲ့တဲ့ လမှာ အဲဒီ အထိုင်ချတဲ့ ၄၃၃ တပ် ကာကင်းစခန်းကို ကျနော်တို့ တက်သိမ်းတယ်။ တက်သိမ်းတော့ အကုန်လုံးက ထွက်ပြေးတယ်။ ထွက်ပြေးတယ်ဆိုတာ သူတို့က စခန်းကို စွန့်ခွာပြီးတော့ ဗျူဟာဘက်ကို စွန့်ခွာသွားတဲ့ပုံရတယ်။ အဲဒီ ဗျူဟာကလည်း စစ်ကြောင်းပြန်ထိုးတယ်။ အဲဒီ ချောင်းမကြီးဘေး ကျောက်လုံးကြီးရွာဘက်မှာ တိုက်ပွဲဖြစ်တယ်"လို့ KNU မြိတ်ထားဝယ်ခရိုင်သတင်းရင်းမြစ်က ရှင်းပြပါတယ်။
ကျောက်လုံးကြီးစခန်းသိမ်းတိုက်ပွဲမှာလည်း စစ်တပ်က သေဆုံးမှုရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ကျောက်လုံးကြီး ကျေးရွာအလယ်နဲ့ ကျေးရွာ ခရစ်ယာန် ဘုရားကျောင်းကုန်းမှာ နှစ်ပေါင်း ၂၀ကျော်ကြာ တပ်စွဲထားတာဖြစ်ပါတယ်။ အဲဒီ စခန်းသိမ်းတိုက်ပွဲကို KNU၊ KNLA တပ်မဟာ ၄၊ အမှတ်(၁)ဗျူဟာလက်အောက်ခံ KNDO တပ်ရင်း(၇)၊ KNLA တပ်ရင်း(၁၁, ၂ဝ၃)၊ တပ်မဟာ(၄) Drone အဖွဲ့ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

👍39❤4👎1🔥1🥰1👏1
(ကျောက်လုံးကြီးစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်အပြီး သိမ်းရသော လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - KNU-MTD)
👍42❤14🔥2👏2🥰1
မန္တလေးမြို့ရဲ့ ညဘက် တွေမှာ လူနာတင်ကားသံတွေ တဝီဝီမကြားရတော့ပါဘူး။ဒါဟာ အရေးပေါ်လူနာ တွေမရှိလို့တော့ မဟုတ်ပါဘူး။
“ညဘက် အက်ဆီးဒင့်ဖြစ်တဲ့လူနာဆို ဘယ်လူမှုကူညီ ရေးအသင်းကမှမကောက်ချင်တော့ဘူး”လို့ မန္တလေးမြို့ခံလူမှုကူညီ ရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီလိုဖြစ်စေတဲ့အကြောင်းအရင်းကတော့ မန္တလေးပြည်သူ့ဆေးရုံကြီးဟာလူနာ စောင့်မပါရင် အရေး ပေါ်ဌာနက လက်ခံ ဆေးကုသမပေးတော့တာ ကြောင့်ပါ။
လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်း တွေလုပ်လာတဲ့ သက်တမ်း တလျှောက် ကိုငြိမ်း(လုံခြုံရေးကြောင့်အမည်လွှဲ) တယောက် ဒီကာလလောက် စိတ်ပင်ပန်းရတဲ့အချိန်မ ရှိခဲ့ဘူးလို့ ဖွင့်ဟပါတယ်။
၂၀၂၄ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တခုကိုသူကပြန်ပြောပြပါတယ်။ အဲဒီနေ့ကပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်းပေါ် က ယာဉ်တိုက်မှုတခုကိုသူတို့လူနာသွားကောက်ခဲ့ပါတယ်။
တကိုယ်လုံး သွေးတွေရွှဲပြီး သတိလစ် နေတဲ့လူနာကို မန္တလေးဆေးရုံကြီးက အရေး ပေါ်ဌာနကို ခေါ်လာပါတယ်။အရေး ပေါ်လူနာနဲ့ ရောက်လာတဲ့ ကိုငြိမ်းတို့ကားကို အရေး ပေါ်ဌာန အနီးက လုံခြုံရေး ကပြေးလာပြီး “လူနာရှင်ပါလား။မပါရင် အောက်မချနဲ့”လို့ဆီးပြောပါတော့တယ်။
“သေရေး ရှင်ရေးဖြစ်နေတာဗျာ။ကိုယ်လည်းပိုက်ဆံရလို့ လာပို့တာလည်းမဟုတ်ဘူး။ဒေါသ ထွက်လိုက်တာ”လို့ ကိုငြိမ်းက ဖွင့်ဟပါတယ်။
အဲဒီနောက်လူနာဟာဆေးကုသခွင့်မရဘဲလူမှုကူညီရေး အသင်းနဲ့ ဆေးရုံတာဝန်ရှိသူ တွေအ ငြင်းအခုန်ဖြစ်ကြပါတယ်။
အချိန်က နာရီဝက်လောက်ကြာသွားချိန်မှာ လူနာလာပို့တဲ့လူမှုကူညီ ရေးအသင်းကပဲ လူနာရှင်လုပ်ပြီးဆေးကုသဖို့ကိုငြိမ်းတို့ဆုံးဖြတ်လိုက်ရပါတယ်။
အဲဒီမှာ မှုခင်းရဲက တစခန်းထကာ စာရွက်စာတမ်း ကြေးဆိုပြီး ငွေကျပ်နှစ်သောင်းလာတောင်းပါတော့တယ်။ကိုယ့်အိတ်ထဲကစိုက် ပေးပြီး လူနာကို အရေးပေါ်ခန်းထဲထည့် ချိန်မှာလူနာဟာသေဆုံးသွားပါပြီ။
“ကျွန် တော်တို့လူနာ ကောက်လာတဲ့သူ တွေက ငါတို့ အချိန်ကြာသွားလို့လားဆိုပြီး ယူကျုံးမရဖြစ်တယ်။ဒီကောင် တွေကတော့ အေးအေးဆေးဆေးပဲ ရင်ခွဲရုံထဲ ကောက်ထည့်လိုက်ကြ တယ်”လို့ကိုငြိမ်းက သူ့အတွေ့အကြုံကိုပြန်ပြောပြပါတယ်။
https://www.ludunwayoo.com/feature-mm/2025/11/27/140900/

LuduNwayOo
ပိုင်ရှင်မဲ့ ဆေးရုံ မလာရ | LuduNwayOo
မန္တလေးမြို့ရဲ့ ညဘက် တွေမှာ လူနာတင်ကားသံတွေ တဝီဝီမကြားရတော့ပါဘူး။ဒါဟာ အရေးပေါ်လူနာ တွေမရှိလို့တော့ မဟုတ်ပါဘူး။
🤬37🔥15❤2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်တွေ ဒကစကိုပါ AA အရှိန်မြှင့် ထိုးစစ်ဆင်
စစ်တွေမြို့နဲ့အနီးဆုံးမှာ တည်ရှိတဲ့ ရွှေမင်းဂံရေတပ်စခန်းကို တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် AA ဟာ မြို့ပေါ်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တွေမြို့ပေါ်ရှိ ဒကစနဲ့အနီးဆုံးကာကင်းတွေကို မြေပြင်ကနေ AA ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒကစ(စစ်တွေ)နဲ့ အနီးဆုံးမှာရှိတဲ့ ကျားမသောက်၊ တောကန်နဲ့ ကံ့ကော်ကျွန်းရွာအနီးဝန်းကျင်ရှိ အာဏာသိမ်းစစ် တပ်စခန်းတွေကို မြေပြင်ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ကံ့ကော်ကျွန်းစခန်းဟာ ဒကစနဲ့ နှစ်မိုင်ဝန်းကျင်ပဲကွာဝေးပြီး တောကန်ကတော့ ကျားမသောက်တပ်ရင်းနဲ့ မိုင်ဝက်ဝန်းကျင်သာ ကွာဝေးပါတယ်။ မြေပြင်တိုက်ပွဲတွေဖြစ်နေသလို အဝေးပစ်လက်နက်ကြီးတွေနဲ့လည်း ဒကစနဲ့ တပ်ရင်းတွေကို တိုက်ခိုက်နေတယ်လို့ စုံစမ်းသိရပါတယ်။ ဒကစ ဌာနချုပ်နဲ့ နာရီကန်၊ ကျားမသောက် စတဲ့တပ်ရင်းတွေကို AA က ပတ်လည်ကနေ တိုက်နေပြီး ကံ့ကော်ကျွန်းကနေ တောကန်၊ သိန်းတန်၊ ကျားမသောက် အနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ AAနဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့ ရေတပ်အခြေစိုက်စခန်းရှိတဲ့ ရွှေမင်းဂံရွာနားမှာလည်း တိုက်ပွဲဆက်ဖြစ်နေဆဲလို့ အဲဒီမြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
◾️ဝေါ်လေဗျူဟာကို တော်လှန်ရေးတပ်တွေ ထပ်မံထိုးစစ်ဆင်
မြန်မာ-ထိုင်းနယ်စပ် စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဇွန်လ ၂ရက် မနေ့က KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေဟာ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူသုံးကာ အပြင်းအထန်ခုခံနေတယ်လို့ သိရပါတယ်။ ဗျူဟာကုန်းပေါ်မှာ စစ်တပ်ဘက်က ဒဏ်ရာရထားတာ ၄၀-၅၀ လောက်ရှိတယ်လို့ ကြားသိရပြီး ဘယ်လောက်တောင့်ခံနိုင်မလဲလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲမှာ ပြင်းထန်ပြီး နှစ်ဖက်စလုံးမှာ ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်က Y-12၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ ပစ်ကူပေးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဇွန်လ ၂ ရက် ညနေ ၃နာရီခွဲလောက်ကစပြီး စစ်တပ်က တိုက်လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲခဲ့ကာ ဒရုန်းတွေနဲ့လည်း တိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် နယ်စပ်က မြန်မာစစ်ဘေးရှောင် ၂၀၀ လောက်ဟာ ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်း တိမ်းရှောင်ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေအတွင်း လွှတ်တင်တဲ့ အသေခံဒရုန်းတစ်စင်းဟာ ထိုင်းနိုင်ငံပိုင်နက် နယ်စပ်မှာ ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးထိခိုက်မှုတွေလည်းရှိနေပါတယ်။
◾️၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆန္ဒ ကိုယ်စားပြုနေဆဲလို့ ဖက်ဒရယ်ဦးဆောင်ကောင်စီ သဘာပတိ ပြော
၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီကနေ့အထိ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနေဆဲဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အလှည့်ကျ သဘာပတိ ခူဦးရယ်က ပြောပါတယ်။ ဇွန်လ ၁ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ SCEF အလှည့်ကျ သဘာပတိ ခူဦးရယ်လည်း တက်ရောက် အမှာစကား ပြောကြားခဲ့တာကို SCEFက ဒီနေ့မှာ မိန့်ခွန်းရုပ်သံကို ဖော်ပြခဲ့တာပါ။ စစ်တပ်ဟာ လက်နက်အားနဲ့ အာဏာကို အကြမ်းဖက်သိမ်းနိုင်ခဲ့ပေမယ့် ပြည်သူ့ နှလုံးသားထဲက အာဏာကိုတော့ ဘယ်တော့မှ လုယူဖျက်ဆီးလို့ မရဘူးဆိုတာ ကို သမိုင်းတလျှောက်လုံး တော်လှန်ရေး နှိုးထမှုများက အထပ်ထပ် သက်သေထူပြသပြီးဖြစ်သလို နိုင်ငံတကာ လွှတ်တော်များအဖွဲ့ ဖက်ကနေလည်း ဒါကို မကြာသေးခင်က ထပ်မံ အတည်ပြုပေးခဲ့တာ အားလုံးမျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်လို့ ခူဦးရယ်က ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဧပြီ ၁၉ရက်မှာကျင်းပခဲ့တဲ့ ၁၅ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။
◾️အုတ်ဖိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံး

❤20👍6🔥3
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးအနောက်ရိုးမ ဗျူဟာ ၂၂ က ဇွန်လ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၂ရက် ညနေပိုင်းမှာ အုတ်ဖိုမြို့နယ်၊ ကျီးပြတ်ရွာကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ အဲဒီကျေးရွာရှိ ပြည်သူပိုင် ခြံတစ်ခြံမှာ တပ်စွဲထားချိန် ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း တပ်ခွဲတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်တပ်စွဲထားတဲ့ ကျီးပြတ်ရွာကို ဒရုန်းကြဲချ တိုက်ခိုက်ပြီးနောက် ချေမှုန်းရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲ နှစ်နာရီခွဲလောက်အထိ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က ၁၂ ဦး သေဆုံးခဲ့ပြီး စစ်ကြောင်းမှူး ဗိုလ်တစ်ဦး ဒရုန်းထိမှန် သေဆုံးခဲ့တယ်လို့ ပဲခူးအနောက်ရိုးမဗျူဟာ ၂၂ ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
◾️ပေါက်နယ်က ပျူရွာတွေ တိုက်ခိုက်ခံရလို့ စစ်တပ် လေကြောင်းဗုံးကြဲ
မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်က လေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇွန်လ ၂ ရက် မနေ့ကစပြီး ပေါက်မြို့နယ် အရှေ့တောင်ဘက်ခြမ်းက စစ်တပ်အခြေပြု ကျေးရွာတွေနဲ့ စစ်တပ်စခန်းရှိတဲ့ နေရာတွေကို ဒေသခံတော်လှန်ရေးအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ တော်လှန်ရေးတပ်တွေက ပျူစောထီးရွာတစ်ရွာကို ရရှိထားပြီး စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်နေတယ်လို့ ပေါက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဒီနေ့ စစ်ရေးအခြေအနေကို ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က မနေ့က တစ်ရက်တည်း ဂျက်ဖိုက်တာနဲ့ Y12 ၁၀စီးထက်မနည်း သုံးပြီး ဗုံးတွေ ဆက်တိုက်ကြဲခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာလည်း Y12 နဲ့ ဗုံးလာကြဲတယ်လို့ အသက် ၃၀အရွယ် ပေါက်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
◾️မင်းတပ်မှာ တိုက်ပွဲဆက်ဖြစ်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ မေလကုန်ပိုင်းမှာ ချင်း-မကွေးအစပ်က စစ်တပ်စစ်ကြောင်းတွေဟာ မင်းတပ်မြို့နယ်အတွင်း ဝင်ရောက်ပြီး ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးတာ အပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာလို့ ချင်းတော်လှန်ရေး တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။ ဒေသခံတွေအနေနဲ့လည်း စစ်တပ် စစ်ကြောင်းတွေကို ရှောင်ရှားဖို့ လိုအပ်ကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ထိန်းချုပ်ထားတဲ့ ချင်းတောင်ပိုင်းက ကန်ပက်လက်နဲ့ မင်းတပ်ကို ထိုးစစ်ဆင်နေလို့ ကန်ပက်လက်မှာ မေလ ၁၈ရက်က စ တိုက်ပွဲတွေ ဖြစ်နေသလို မင်းတပ်မှာတော့ မေလကုန်ပိုင်းကစ တိုက်ပွဲဖြစ်နေတာပါ။
◾️ချောင်းဦးက စစ်ရှောင်ရွာတွေကို စစ်တပ်လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသခံပြည်သူတွေ စစ်ရှောင်နေရတဲ့ကျေးရွာတွေကို စစ်တပ်က ပါရာမိုတာ၊ ဂျွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တွေနဲ့ စက်သုံးဆီဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဇွန်လ ၃ ရက်မနက်ပိုင်းက မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တက်လာတဲ့ ပါရာမိုတာ ၃စီး၊ ဂွိုင်ရိုကော်ပတာ ၃စီး စုစုပေါင်း ၆စီးဟာ ချောင်းဦးမြို့နယ်က ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ်တွေနဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ပျက်စီးတဲ့ နေအိမ်အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။ စစ်တပ်စစ်ကြောင်းဟာ မြို့ပေါ်ပြန်တက်သွားတယ်လို့ သတင်းထွက်နေပေမယ့် စိတ်မချရသေးတာကြောင့် ပြည်သူတွေ ရှောင်တိမ်းနေရဆဲဖြစ်ပြီး မြို့ပေါ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ဖရူဆိုမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ် မီးရှို့ဖျက်ဆီး
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးရွာ ၃ရွာက နေအိမ် ၈၀ကျော်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၆ မတ်လကနေ မေလအတွင်း စစ်တပ်စစ်ကြောင်းတွေက ဖရူဆိုမြို့နယ်က ကျေးရွာ ၃ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ အသိပေးပါတယ်။ မတ်လ ၂၈ရက်မှာ ဖရူဆိုမြို့နယ် ဘူးခူကျေးရွာက နေအိမ် ၁၆လုံး၊ မေလ ၆ရက်မှာ ထားလဲရွာက နေအိမ် ၆၀ ကျော်၊ မေလ ၇ရက်မှာ ပရယ်တော် ရွာက နေအိမ် ၄လုံးကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာလို့ မှတ်တမ်းပုံတွေနဲ့အတူ ဖော်ပြပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း KNDFက ထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ စစ်ကြောင်းတွေဟာ ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက် ခြေကုပ်စခန်းများ၊ စစ်ကြောင်းများနဲ့ စစ်ရေးလှုပ်ရှားနေပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုများလည်း ရှိနေကြောင်း အသိပေးပါတယ်။
◾️ရမ်းဗြဲမြို့စစ်ရှောင်စခန်း စစ်တပ် ဗုံးကြဲ၊ သက်ကြီးရွယ်အို ၂ဦး သေဆုံး

🔥15❤4
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ သက်ကြီးရွယ်အို ၂ဦး သေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။ ဇွန်လ ၁ရက် မနက်ပိုင်းမှာ တောင်ကုတ်မြို့နယ်ကို လေကြောင်းကနေဗုံးကြဲပြီး ညပိုင်းမှာတော့ ရမ်းဗြဲမြို့နယ်ကို ဗုံးကြဲတာ ဖြစ်ပါတယ်။ ရမ်းဗြဲမြို့နယ်၊ ကြောင်ချတွင်းကျေးရွာက စစ်ဘေးရှောင်စခန်းနဲ့ ကျေးရွာဝန်းကျင်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲသွားတာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ ဗုံးကြဲခဲ့တဲ့နေရာက တိုက်ပွဲလုံးဝမရှိဘဲ အရပ်သားပစ်မှတ်ကို သက်သက်ဗုံးကြဲခဲ့တာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။
◾️ကျောက်လုံးကြီးတပ်စခန်း ပြန်ရဖို့ စစ်တပ်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် -ထားဝယ်ခရိုင် တပ်မဟာ(၄)က သိမ်းပိုက်ထားတဲ့ လယ်မူလား(ပုလော)မြို့နယ် လယ်ဖဒို (ကျောက်လုံးကြီး)ရွာက တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ အင်အား ၈၀ကျော်ရှိတဲ့ ကျောက်လုံးကြီးစခန်းကို KNLA တပ်မဟာ(၄)က မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁၁ရက်မြောက် မေလ ၂၉မှာ တပ်စခန်းကို သိမ်းနိုင်ခဲ့တာပါ။ စစ်တပ်တပ်ဖွဲ့ဝင် အားလုံးနီးပါး ထွက်ပြေးသွားလို့ စခန်းသိမ်းရခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ပါတယ်။ အခုလက်ရှိ သိမ်းထားတဲ့စခန်းက ဗျူဟာရဲ့ ကာကင်းဖြစ်ပြီး အဲဒီကာကင်းကို လက်လွှတ်လိုက်ရတော့ ဗျူဟာက ပြန်လာပြီးတော့ ပြန်ထိုင်ဖို့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
◾️ကျောက်ကြီးမြို့နယ်ကို စစ်တပ် လက်နက်ကြီး ပစ်ခတ်လို့ ကလေးငယ် အပါအဝင် ပြည်သူ ၃ဦးသေဆုံး
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၉)နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ပြည်သူ ၃ဦးသေဆုံးကာ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက ဇွန်လ ၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ မေလ ၃၀ရက်က စစ်တပ်ရဲ့ ခမရ(၂၆၄)တပ်ရင်းက ၁၅၅ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ ကျောက်ကြီးမြို့နယ် အင်တိုင်းကုန်းကျေးရွာကို ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး (၉)နှစ်အရွယ်မိန်းကလေးငယ် ၁ဦး၊ အသက် (၄၅)နှစ်အရွယ်အမျိုးသမီး ၁ဦးနဲ့ အသက် (၄၇)နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးကာ အသက် (၁၈)နှစ်အရွယ် မိန်းကလေး ၁ဦး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ကြီးမြို့နယ်က ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်ခဲ့လို့ ပြည်သူလူထု သေဆုံးထိခိုက်မှုတွေ အများအပြားရှိခဲ့ပါတယ်။
◾️စစ်ရေးကြောင့် မိုးညှင်းမြို့နယ်က လမ်းပိုင်းအချို့ ယာယီပိတ်ထား
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက လမ်းပိုင်းအချို့ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) တပ်ရင်း(၂၆)က ဇွန်လ ၂ရက်က ထုတ်ပြန်ပါတယ်။ လတ်တလော စစ်ရေး၊နိုင်ငံရေးကြောင့် KIA တပ်ရင်း(၂၆) နယ်မြေဖြစ်တဲ့ ညောင်ပင်-ချောင်း၀-ဆနွင်းကုန်း အင်းသာနဲ့ နမ့်မွန်းလမ်းပိုင်းကို ဇွန်လ ၂ရက်က စပြီး အများပြည်သူခရီးသွားလာခြင်း ဆိုင်ကယ် မော်တော်ယာဉ်ကြီးယာဉ်ငယ်များ ဖြတ်သန်းသွားလာခြင်းကို ယာယီပိတ်ထားတာလို့ အသိပေးပါတယ်။ KIA တပ်ရင်း (၂၆)ဟာ မေလ ၃၁ရက်ကလည်း မိုးညှင်းမြို့နယ် ဟိုပင်-ချောင်း၀၊ ဟိုပင်-ညောင်ပင်လမ်း တံတား စတဲ့နေရာတွေမှာလည်း ယာယီပိတ်ထားကြောင်း ကချင်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါသေးတယ်။
◾️EV ကားဈေးကွက်အတွက် စစ်တပ်က အခွန်လျှော့

🔥14🤮3👍1
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့ လျှပ်စစ်ကား EV ကားတင်သွင်းတာမှာ အကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်တော်ယာဉ်ဈေးကွက်မှ သတင်းရရှိပါတယ်။ အာဏာသိမ်းစစ်တပ် ဖွဲ့စည်းထားတဲ့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနက လျှပ်စစ်ကားတွေနဲ့ပတ်သက်လို့ ယာဥ်အလုံးလိုက်တင်သွင်းတဲ့ CBU စနစ်၊ နိုင်ငံအတွင်း အပြီးအစီးတပ်ဆင်ထုတ်လုပ်တဲ့ CKD နဲ့ SKD စနစ် နဲ့ ဘက်ထရီလျှပ်စစ်သုံးယာဉ် Battery Electric Vehicle-BEV တွေရဲ့ အကောက်ခွန်နှုန်းတွေကို ဖြေလျှော့လိုက်တာဖြစ်ပါတယ်။ အလုံးလိုက်အရန်သင့်စီးမယ့် EV ကားတွေကို အရင်နှစ်က အခွန်က ၁၅ ရာခိုင်နှုန်းကနေ အခု ၅ရာခိုင်နှုန်း၊ SKD တို့ CKD တို့က အရင် ၅ရာခိုင်နှုန်း နဲ့ ၃ရာခိုင်နှုန်းက အခု လုံး၀ မကောက်တော့ဘူးလို့ မော်တော်ယာဥ်အရောင်းပြခန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။ ကြားရသလောက် ယာဉ်အိုယာဉ်ဟောင်းဈေးကွက်ကို ဖြုတ်ချပြီး EV ဈေးကွက်ကို ပိုမိုခိုင်မာအောင်လုပ်လာတာလို့ အဲဒီမော်တော်ယာဥ်အရောင်းပြခန်းပိုင်ရှင်က ပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်သုံးယာဉ်တွေအတွက် အပိုပစ္စည်း နဲ့ ဆက်စပ်ပစ္စည်း တင်သွင်းမှုကို ကောက်ခံမယ့် အကောက်ခွန်နှုန်းတွေကိုလည်း ထက်၀က် နီးပါးလျှော့ချလိုက်တယ်လို့ ဆိုပါတယ်။ ယာဉ်အိုယာဉ်ဟောင်းတွေ မအပ်၊ အပ်ချင်အောင်နဲ့ ရောင်းမထွက်သေးတဲ့ ဆိပ်ကမ်းက EV တွေအတွက် ထုတ်ရ ပြုရ လွယ်သွားတယ်လို့ ဆယ်စုနှစ် တစ်ခုကြာ မော်တော်ယာဥ်အရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောပါတယ်။ လူထုဆန္ဒ ကို မကြည့်ဘဲ ကိုယ်ထင်ရာအတိုင်းရုပ်လုံးဖော်ကြတဲ့ အာဏာရှင်စရိုက်လို့လည်း သူက ဆက်ပြောပါတယ်။
🔥21🤮3👍2
အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
တရုတ်စီမံကိန်းတွေကိုအကာအကွယ်ယူပြီး စနဲမြို့ကို ပြန်သိမ်းယူဖို့ ကြည်း၊ရေ၊လေ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်းတွေဟာ စစ်ဆင်ရေး ဆယ်ရက်ခန့်အကြာမှာပဲ အထိနာပြီး ပြန်ဆုတ်သွားပြီလို့ကျောက်ဖြူမြို့က သတင်းရင်းမြစ်တွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ စနဲမြို့ကိုတန်ပြန်ထိုးစစ်ဆင်ဖို့ စစ်တပ်က ဧပြီလကတည်းက အင်အားဖြည့်ပြီး မေလ ၁၀ ရက်မှာစစ်ရေးစတင်ဖော်ဆောင်လာတာဖြစ်ပါတယ်။
စနဲမြို့ကနေ ၂၈ မိုင်ခန့်သာဝေးနဲ့ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းအနီးက တောင်မော်ဦးရေတပ်စခန်းမှာ အင်အားတွေစုဖွဲ့ပြီး ကြည်း၊ရေ၊လေ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။
"မဒေးကျွန်းမှာက တရုတ်ဓာတ်ငွေ့စီမံကိန်းရှိတယ်။တပ်တော်က အဲ့နေရာကို မတိုက်တော့ စစ်တပ်က အင်အားတွေ စိတ်ကြိုက်ဖြည့်တာ။ အခုကကြတော့ ပင်လယ်ရေကြောင်းကရော၊ လေ
ယာဉ်တွေရော၊ ခြေလျင်တပ်ရော စနဲကို ဦးတည်တိုက်တာ။တိုက်ပွဲတွေကအရမ်းပြင်းထန်ပြီးမှ ပြန်ဆုတ်သွားတာပါ"လို့ ကျောက်ဖြူမြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းဟာ ကျောက်ဖြူမြို့က ဓညဝတီရေတပ်ရဲ့ လက်အောက်ခံ စခန်းဖြစ်ပါတယ်။ စနဲမြို့နဲ့ တောင်မော်ဦးရေတပ်ကြားက အဝတောင်ရွာကို စစ်တပ်စစ်ကြောင်းအရောက်မှာ AAကပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
"တနေ့တည်းမှာ၁၀၀လောက်သေတဲ့သတင်းလည်းကြားတယ်။ စနဲကိုလည်း ရေတပ်ကနေရော၊ လေယောဉ်နဲ့ပါ ဗုံးကြဲလို့ အပျက်အစီးအရမ်းများတယ်ဗျ။ဒီနေ့အထိနောက်ဆုံးကြားတာက စစ်တပ်က တောင်မော်ဦးဘက်ကို ပြန်ဆုတ်နေပြီကြားတယ်" လို့ စစ်ရေးသတင်းရင်းမြစ်တဦးက မေလ၂၂ရက်
မနက်ပိုင်းမှာပြောပါတယ်။
https://youtu.be/a01-usnGZtU?si=2VgMzy-mhV15HLvM

YouTube
တပ်ချုပ်သစ်ရဲ့ ကြည်းရေလေစစ်ဆင်ရေးကျရှုံး | People's Spring
တပ်ချုပ်သစ်ရဲ့ ကြည်းရေလေစစ်ဆင်ရေးကျရှုံး
ဇော်ရမ်း/People's Spring
အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
တရုတ်စီမံကိန်းတ…

❤51👍20👏5🔥2💩2🤣2🖕1