People's Spring
✔
60K subscribers
71.6K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍40🥰6❤1🤮1
မင်း​အောင်လှိုင် သားနဲ့သမီးလက်ဝါးကြီးအုပ်ထားတဲ့ EV ကား​ဈေးကွက်အတွက် စစ်တပ်ကအခွန်​​လျှော့

ဇွန်-၃ ၊၂၀၂၆။မိုမို/People's Spring

အာဏာသိမ်းခေါင်းဆောင်မင်း​အောင်လှိုင် ရဲ့
သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့လျှပ်စစ်ကား(EV ကား)တင်သွင်းတာမှာအကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်
တော်ယာဉ်ဈေးကွက်မှသတင်းရရှိပါတယ်။

စစ်တပ် ဖွဲ့စည်းထားတဲ့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနက‌ လျှပ်စစ်ကားတွေနဲ့ပတ်သက်လို့ CBU စနစ်(ယာဥ်အလုံးလိုက်တင်သွင်းခြင်း)၊CKD နဲ့ SKD စနစ် (နိုင်ငံအတွင်း အပြီးအစီးတပ်ဆင်ထုတ်လုပ်သည့် ယာဥ်များ) ဘက်ထရီလျှပ်စစ်သုံးယာဉ် (Battery Electric Vehicle-BEV) တွေရဲ့ အကောက်ခွန်နှုန်းတွေကို စစ်အုပ်စုက ဖြေလျှော့
လိုက်တာဖြစ်ပါတယ်။

"အလုံးလိုက်အရန်သင့်စီးမယ့် EV ကားတွေကို
အရင်နှစ်က ကောက်တဲ့အခွန်က ၁၅ ရာခိုင်နှုန်း ကနေ အခု ငါးရာခိုင်နှုန်း၊SKD တို့ CKD တို့ က အရင် ငါးရာခိုင်နှုန်း နဲ့ သုံးရာခိုင်နှုန်းက အခု လုံး၀ မကောက်တော့ဘူး။ကြားတာတော့ ယာဉ်အိုယာဉ်ဟောင်းဈေးကွက် ကို ဖြုတ်ချမယ်။EV ဈေး
ကွက်ကို ပိုခိုင်အောင်လုပ်လာတာ"လို့ မော်တော်
ယာဉ်အရောင်းပြခန်းပိုင်ရှင်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် လျှပ်စစ်သုံးယာဉ်တွေအတွက် အပို
ပစ္စည်း နဲ့ ဆက်စပ်ပစ္စည်း တင်သွင်းမှုကို ကောက်
ခံမယ့် အကောက်ခွန်နှုန်းတွေကို လည်း ထက်၀က် နီးပါးလျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

"ချိန်သားကိုက်ထားတဲ့ အကျိုးအမြတ်တစ်ခု ဖြစ်
လာမှာပေါ့။ယာဉ်အိုယာဉ်ဟောင်းတွေ မအပ် အပ်ချင်အောင်နဲ့ ရောင်းမထွက်သေးတဲ့ ဆိပ်ကမ်းက EV တွေအတွက် ထုတ်ရ ပြုရ လွယ်သွားတာပေါ့။နောက်ဆုံးကတော့ လူထုဆန္ဒ ကို မကြည့်ဘဲ ကိုယ်ထင်ရာအတိုင်းရုပ်လုံးဖော်ကြတဲ့အာဏာရှင်စရိုက်
ပါပဲ"လို့ ၁၀ စုနှစ် တစ်ခုကြာ မော်တော်ယာဉ် အရောင်းအ၀ယ် လုပ်နေသူတစ်ဦးက ပြောပါတယ်။

ထုတ်လုပ်တဲ့ခုနှစ် သက်တမ်း နှစ်(၂၀) ကျော်လွန်ယာဉ်၊ ပြင်ဆင်မရနိုင်တဲ့ ယာဉ်‌တွေနဲ့ သက်တမ်း နှစ်(၂၀) မကျော်သော်လည်း ဆန္ဒအရ အပ်နှံလိုတဲ့ ယာဉ်တွေရဲ့တန်ဖိုးနဲ့အညီ EV ယာဉ်တွေ အစား
ထိုးလဲလှယ်နိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း စစ် တပ်လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်း ရောင်း
ဝယ်ရေးဝန်ကြီးဌာနက မကြာသေးမီရက်ပိုင်းကြေညာ ထားပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားအောင်ပြည့်စုံ ဟာ BYD EV အမှတ်တံဆိပ်၊ သမီးခင်သီရိသက်မွန်ဟာ MG EV အမှတ်တံဆိပ် လျှပ်စစ်ကား​တွေကိုတင်သွင်းနေတာဖြစ်ပါတယ်။ဒါ့အပြင် ခင်သီရိသက်မွန်ရဲ့ စီးပွားဖက် နိုင်ဖြိုးကျော်က ပြည်တွင်းမှာ EV ယာဉ်တွေ တပ်ဆင်ထုတ်လုပ်နေပါတယ်။ ခင်သီရိသက်မွန် နဲ့ နိုင်ဖြိုး​ကျော်တိူ့ဟာ 7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးကတည်းကစီးပွားဖက်​တွေဖြစ်ပါတယ် ။

အာဏာသိမ်း​ခေါင်း​ဆောင်သားနဲ့သမီးတင်သွင်းတဲ့ EV ကား​​တွေဟာ​ ပြည်တွင်းမှာဈေးကွက် ​ဝေစုအများဆုံးရထားတဲ့ အမှတ်တံဆိပ်​တွေဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ကားတင်သွင်းသူ​တွေထဲမှာ စစ်တပ်နဲ့ နီးစပ်သူ ၊လုပ်ငန်းရှင်​တွေအများဆုံးပါဝင်​နေကြတာဖြစ်ပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က SKD စနစ် နဲ့ EV ကားတွေ ထုတ်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လျှပ်စစ်ကား(EV)တင်သွင်းမှုကို စစ်အုပ်စုက ၂၀၂၂ ခုနှစ်က အထူးကုန်စည်အဖြစ်သတ်မှတ်
ပြီး အခွန်အကောက်ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ​EV ယာဥ်များအားလုံးနဲ့ အပိုပစ္စည်းတင်သွင်းမှုကို အကောက်ခွန်သုည ရာခိုင်နှုန်း သတ်မှတ်ခဲ့ပါတယ်။၂၀၂၅ ခုနှစ်မှာ​တော့ တင်သွင်းခွင့် အခွန်ကောက်ယူခဲ့တာဖြစ်ပါတယ်။ အခုအခါမှာ အခွန်​ကောက်ယူတာကိုပြန်လည်​လျှော့​တော့မှာဖြစ်ပါတယ် ။

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
(ကညန)ရဲ့စာရင်းတွေအရ အခု ၂၀၂၆ မေလအထိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဥ်စာရင်းအရ EV ကားအစီးရေ ၁၃,၀၀၀ နီးပါး ရှိပါတယ်။အများစုက တရုတ်နိုင်ငံက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ EV ယာဥ်အရေအတွက် ထက်ဝက်နီးပါးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးတို့က တင်သွင်းထားတာဖြစ်ပါတယ်။ဒါ့အပြင်သူတို့နဲ့ဆက်စပ်ပတ်သက်သူတွေလည်း EV ယာဥ်တွေ တင်သွင်းနေတယ်လို့အမည်မဖော်လိုတဲ့ မော်တော်
ယာဥ်အရောင်းပြခန်းပိုင်ရှင်အချို့က ပြောထားပါတယ်။

တရုတ်နိုင်ငံကို အမှီပြုလွန်ပြီး ခိုင်မာမှုမရှိတဲ့ မြန်မာနိုင်ငံ EV ကား မူဝါဒကြောင့် သုံးစွဲသူတွေအတွက် ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးဖို့ ပြဌာန်းချက်လည်းမရှိဘူးလို့ သူတို့က ဆိုပါတယ်။

ဒါ့အပြင် တစ်ရက်ကို နာရီပိုင်းအလိုက် အလှည့်ကျစနစ်နဲ့သာရနေတဲ့ လျှပ်စစ်မီးနဲ့ မြင့်တက်နေဆဲ အခြေခံစားသောက် ကုန်စျေးတွေကို မဖြေရှင်းနိုင်သေးဘဲ EV ကားတွေ တင်သွင်းမယ့် စစ်အုပ်စုကို ကား​လောက နဲ့ နီးစပ်သူ​တွေကဝေဖန်​နေကြပါတယ်။
👎27🤮8❤7😁4
အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်သား
​အောင်ပြည့်စုံ တင်သွင်း​ရောင်းချ​နေတဲ့ BYD ကား​တွေကို ၂၀၂၃ မတ်လကရန်ကုန်မြို့မှာလုပ်ခဲ့တဲ့လျှပ်စစ်ကားပြပွဲမှာ​တွေ့ရစဥ်။
ဓါတ်ပုံ-People's Daily
🔥25👎12
ဖရူဆိုမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ် မီးရှို့ဖျက်ဆီး

ဇွန်-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးရွာ ၃ရွာက နေအိမ် ၈၀ကျော်ကို အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၆ မတ်လကနေ မေလအတွင်း စစ်တပ် စစ်ကြောင်းတွေက ဖရူဆိုမြို့နယ်က ကျေးရွာ ၃ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ အသိပေးပါတယ်။

မတ်လ ၂၈ရက်မှာ ဖရူဆိုမြို့နယ် ဘူးခူကျေးရွာက နေအိမ် ၁၆လုံး၊ မေလ ၆ရက်မှာ ထားလဲရွာက နေအိမ် ၆၀ ကျော်၊ မေလ ၇ရက်မှာ ပရယ်တော် ရွာက နေအိမ် ၄လုံးကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာလို့ မှတ်တမ်းပုံတွေနဲ့အတူ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း KNDFက ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ စစ်ကြောင်းတွေဟာ ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက် ခြေကုပ်စခန်းများ ၊ စစ်ကြောင်းများနဲ့ စစ်ရေးလှုပ်ရှားနေပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုများလည်း ရှိနေကြောင်း အသိပေးပါတယ်။

စစ်တပ်ဟာ အရပ်သားများရှိတဲ့ ကျေးရွာတွေကို  ဒရုန်းနဲ့  ဗုံးကြဲတာ၊  လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေကြောင်းလည်း KNDFက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း ဒေသအသီးသီးမှာ စစ်အင်အားအလုံးအရင်း အသုံးပြု စစ်ကြောင်းထိုးလျက်ရှိရာ ဒေသအသီးသီးက ပြည်သူလူထုနေထိုင်ရာ ရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေလည်း ဆက်လက် ကျူးလွန်လျက်ရှိသလို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
🤬34❤5👎3😡1
(စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖရူဆိုမြို့နယ်က ကျေးရွာ ၃ရွာကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
😢29🤬11❤5😡2👎1
■​ဆောင်းပါး

မင်းထင်ကိုကိုကြီးနဲ့ မြန်မာရုပ်ရှင်

ဝဇီရာ/People's Spring

လွန်ခဲဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ၂၀၀၃ ခုနှစ်မှာ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ လူငယ်တစ်ယောက်ဟာ မြန်မာ့မြန်မာ့ရုပ်ရှင်လောကထဲကို ဝင်ရောက်
လာခဲ့တယ်။ သူက ဒါရိုက်တာမင်းထင်ကိုကိုကြီးပါ။

အဲဒီအချိန်ကဖလင်နဲ့ရိုက်တဲ့ရုပ်ရှင်ရယ်၊အငှားဆိုင်စျေးကွက်ကနေသွားတဲ့ ဗွီဒီယိုရယ်ဆိုတာရှိတယ်။ ဖလင်နဲ့ရိုက်ဖို့ကလည်း စျေးကွက်အရ အဆင်မပြေသေးဘူး။ ဗွီဒီယိုလည်း သူကမရိုက်ချင်ဘူး။ ဒါနဲ့ ရုပ်ရှင်အစား မြို့ပတ် ရုပ်ရှင်ရုံတွေမှာ ပြခွင့်ရတဲ့ DVD ဆိုတဲ့ ဒစ်ဂျစ်တယ်ရုပ်ရှင်ကို သူရိုက်ဖို့ စိတ်ကူးရတယ်။ သူပထမဆုံး ရိုက်ဖို့ စီစဥ်တာက ရာဇာနေဝင်းတွေ အများကြီးပါတဲ့ မောင်ရာဇာနေဝင်း (Clone)။

အဲဒီရုပ်ရှင်ရိုက်တဲ့အခါနာမည်ကျော်မြန်မာ့ရုပ်ရှင် ဆင်ဆာအဖွဲ့နဲ့ မင်းထင်ကိုကိုကြီးတို့ တည့်တည့်တိုးပါတယ်။shock အကြီးကြီးရလိုက်ပါတယ်လို့ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။

ဇာတ်ကား ရိုက်ကူးပြီးစီးလို့ ဆင်ဆာတင်တော့ ထောက်ညွှန်ချက် ၃ ချက်နဲ့ ပြန်ကျလာပါတယ်။ ထောက်ညွှန်ချက်ဆိုတာ ပြင်ဆင်/ ဖြတ်တောက်ပေးရတာပါ။ အဲတာ လုပ်မပေးရင် ဆင်ဆာကတ်မကျပါဘူး။ ဆင်ဆာကတ်ဆိုတာ မြန်မာ့ရုပ်ရှင်တွေမှာ ဇာတ်ကားမလာခင်ပြတဲ့စာရွက်ကြီးပါ။ ဆင်တာကတ်မကျရင် ရုံတင်ခွင့် မရှိပါဘူး။

ဆင်ဆာအဖွဲ့က မင်းထင်ကိုကိုကြီးကို ပေးလာတဲ့ ထောက်ညွှန်ချက် ၃ ခုထဲမှာ ၁ ခုက ရုပ်ရှင်ထဲမှာ
မပါပါဘူး။ ဆိုလိုတာက သူတို့ပြောတဲ့အချက်က မင်းထင်ကိုကိုကြီးရို​က်တဲ့ရုပ်ရှင်ထဲ ပါကိုပါမလာတာ။

မင်းထင်ကိုကိုကြီးဟာထောက်ညွန်ချက်ကို ရုပ်ရှင်
ထဲမှာ ရှုာမတွေ့တဲ့အဆုံး သက်ဆိုင်ရာ တာဝန်ရှိသူကို ဝင်တွေ့ပြီး မေးရပါတော့တယ်။ ဆင်ဆာလူ
ကြီးက မင်းထင်ကိုကိုကြီးကို "ပြင်ခိုင်းထားတာမဟုတ်လား၊ ခင်ဗျား ပြင်လိုက်ပါ"လို့ ထပ်ပြောတယ်။ "ရုပ်ရှင်ထဲမှာ မပါဘူး"လို့ ပြောတော့လည်း "ပြင်လိုက်ပါ၊ စာပြန်တင်တော့ အဲဒီအချက်ကိုလည်း ပြင်ပြီးကြောင်း ထည့်ရေးလိုက်ပါ"တဲ့။

"ဘုရား၊ ဘုရား။" မင်းထင်ကိုကိုကြီး ဘုရားတမိတယ်။

"သူတို့ မမှားဘူး၊ မှတ်တမ်းအရလည်း သူတို့ မှားခဲ့ကြောင်း မကျန်စေရဘူး။အံ့ဩပြီး သေမသွားခဲ့တာ ကံကောင်းလို့။"လို့ မင်းထင်ကိုကိုကြီးကဆိုတယ်။

၂၀၀၄ ခုနှစ် မတ်လမှာ မင်းထင်ကိုကိုကြီးရဲ့ ပထမဆုံး အဲဒီ မောင်ရာဇာနေဝင်း (Clone) ရုံတင်တယ်။ ရန်ကုန်က ပန်းဆိုးတန်းထိပ်က ရုပ်ရှင်ရုံမှာပြတယ်။ လူဝင်တယ်။ နှစ်ပတ်ပြရတယ်။ သူ့ကားရှေ့က မင်းသိင်္ခဝတ္ထုရိုက်ထားတဲ့ကားထက်ကို ဝင်
ငွေက ပိုရတယ်။ မင်းထင်ကိုကိုကြီး ပျော်ခဲ့တယ်။
နယ်တွေမှာပြတဲ့အခါကျ လူနည်းတယ်။ တစ်နိုင်ငံလုံးပြပြီး စာရင်းချုပ်တော့ရှုံးတယ်။ငွေကြေးအရ အရှုံးပေါ်ခဲ့တယ်လို့ သိရတယ်။

"ရုပ်ရှင်ကြည့်ပရိသတ်က ရန်ကုန်နဲ့ နယ် ကွာပါတယ်။ ရန်ကုန်ရော၊နယ်ရော ကြိုက်အောင်ရိုက်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စဖြစ်မယ်ထင်ပါတယ်။"လို့ မင်းထင်ကိုကိုကြီး ယူဆခဲ့တယ်။

နောက်ထပ် ပွဲဆူစေပြန်တာက အိပ်မက်အလွန်။၂၀၀၆ မှာ လူမင်း၊ အိ​န္ဒြာကျော်ဇင်၊ မိုးဟေကိုတို့နဲရိုက်ခဲ့တာ။ ဝေဖန်မှုတွေလည်း တော်တော်ကြုံခဲ့ရပါတယ်။ ကဗျာဆရာတစ်ယောက်ကဆိုရင် သူ့ဇာတ်ကားကို Butterfly Effect 2 ဆိုတဲ့ ရုပ်ရှင် နဲ့တူနေပါတယ်လို့ ရုပ်ရှင် တေးကဗျာမဂ္ဂဇင်းကနေ ဝေဖန်တယ်။ သူပြောတဲ့ကား မကြည့်ဖူးလို့ ၃ ကားလုံး မင်းထင်ကိုကိုကြီးပြန်ရှာကြည့်ရတယ်။ ဘာမှလည်း မတူ၊ မဆိုင်တာနဲ့ဘဲ တရားစွဲဖို့လုပ်တယ်။ မဂ္ဂဇင်းကတောင်းပန်လို့ကျေအေးပေးခဲ့လိုက်တယ်လို့ သိရတယ်။

တစ်နေ့တော့ မင်းထင်ကိုကိုကြီးဆီ email တစ်ခုဝင်လာတယ်။ ပို့သူက နာမည်ကျော် စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဆရာဦးဝင်းဖေပါ။ ဆရာကြီးက အမေရိကားကနေ ရေးလိုက်တာ။

အိပ်မက်အလွန်ဇာတ်ကားရဲ့ကောင်းခြင်းတွေရေး
ထားတာပါ။ မင်းထင်ကိုကိုကြီး ဆရာဦးဝင်းဖေဆီ စာပြန်လိုက်တယ်။ဆရာကြီးဟာမြန်မာနိုင်ငံမှာ ကျွန်တော့် အကြိုက်ဆုံးဒါရိုက်တာဖြစ်ကြောင်း၊ ဆရာကြီးရဲ့စာက ကျွန်တော့်အတွက် အရေးကြီးတဲ့ ခွန်အားတစ်ရပ်ဖြစ်ကြောင်း ပြန်ရေးခဲ့ပါတယ်။ "တကယ်လည်း မပြိုသည့်မိုးကစလို့ ဆရာကြီးရုပ်ရှင်တွေ အကုန်ကြည့်ခဲ့ရပြီး နှင်းဆီနီအိပ်မက်နဲ့ မဟူရာက စကားစပ်တိုင်း ပြောနေရတဲ့ ရုပ်ရှင်တွေပါ။"လို့မင်းထင်ကိုကိုကြီးကရေးသားခဲ့ဖူးပါတယ်။

ဆရာကြီးဦးဝင်းဖေအပါအဝင် ပညာရှင်တွေရဲ့ ချီး
မြှောက်မှုကိုရတဲ့အခါ မင်းထင်ကိုကိုကြီးလည်း ပုထုဇဥ်ပီပီ ကျေနပ်ပီတိ ဖြစ်ခဲ့ရပါတယ်။

"ကျွန်တော်ရိုက်တဲ့ ကျွန်တော့် ရုပ်ရှင်တွေကို နှစ်
သက်တန်ဖိုးထားခံရတဲ့အခါ ကျွန်တော်ရတဲ့ ပီတိက အတိုင်းထက်အလွန်ပါ။ အထူးသဖြင့် ပညာရှင်က ချီးကျူးတဲ့အခါ ငွေကြေးနောက်မလိုက်ဘဲ ကိုယ်လုပ်ချင်ရာတွေနဲ့ပဲ မွေ့လျော်နေခဲ့မှုအတွက် ဂုဏ်သိက္ခာပိုမြင့်မားသွားတယ်လို့ခံစားရပါတယ်။"လို့ မင်းထင်ကိုကိုကြီးကဆိုတယ်။

နောက်ပြီး မင်းထင်ကိုကိုကြီးက "ဆရာကြီးဦးဝင်းဖေရဲ့ အဲဒီစာရပြီးကတည်းက ကျွန်တော့်ကို အမြဲ သတိပေးနေတာ တစ်ခုရှိလာပါတယ်။ ကျွန်တော်ရိုက်တဲ့ရုပ်ရှင်ကို ရုပ်ရှင်ပညာရှင်တစ်ယောက်
ယောက်ကြည့်ပြီး ဖျင်းလိုက်တာလို့ အမြင်ခံရမှာ ကြိုရှက်နေတာပါ။"တဲ့။
👍29❤2🤮1
မင်းထင်ကိုကိုကြီး ဆင်ဆာနဲ့ နောက်တစ်ကြိမ်ထပ်ဖိုက်ရပြန်ပါသေးတယ်။၂၀၁၃ ခုနှစ်မှာ သနပ်ခါးဆိုတဲ့ ဒစ်ဂျစ်တယ်ရုပ်ရှင်ကို ဆင်ဆာလျှောက်ပါတယ်။ရုပ်ရှင်ထဲမှာ ရဲတိုက် နဲ့ ဝတ်မှုန်ရွှေရည် ချစ်
သူတွေအဖြစ် ပွင့်လင်းရောက်ရှိနယ်ကျွံသွားတဲ့ အခန်း ပါပါတယ်။ဒီအခန်းကို သူဘယ်လိုရိုက်မလဲ စဥ်းစားတယ်။ နောက်ဆုံးတော့ ဒီ ၂ ယောက် ဒီနေရာမှာ ဘာဖြစ်သွားမယ်ဆိုတာကို အဲလောက် ထူထူပိန်းပိန်းကြီး ပြစရာလိုလို့လားဆိုတဲ့ အတွေးကို သူတွေးမိတယ်။ အဲဒါနဲ့ သူဆုံးဖြတ်ချလိုက်တယ်။ "မပြတော့ဘူး၊ ပြစရာ မလိုတော့ဘူး။ တစ်ယောက်ကိုတစ်ယောက်ဖက်မယ်၊တစ်ယောက်လက်ကို တစ်ယောက် ဆုပ်မယ်။ လုံလောက်ပြီ။"တဲ့။

ဒါပေမဲ့ သူတစ်ခုတော့ လုပ်လိုက်ပါတယ်။ သူတို့ ၂ ယောက်လက်ချင်းဆုပ်မိတဲ့အချိန်မှာ black frame ၅ စက္ကန့်ဝင်ပါတယ်။အသံလည်းမပါတော့ပါဘူး။ အဲတာပြီးမှ နောက် scene ကို ပြောင်းပါတယ်။

ဆင်ဆာကအဲဒီblack frame ၅ စက္ကန့်ကို ထောက်
ညွှန်ချက်နဲ့ ဖြုတ်ခိုင်းပါတယ်။နားမလည်တဲ့အ
တွက် ဆင်ဆာလူကြီးကို သူသွားတွေ့ရပါတော့တယ်။

ဘာဖြစ်လို့ ဖြုတ်ခိုင်းတာလဲလို့မေးတော့ သူဘာမှမပြဘဲထားခဲ့တဲ့ black frame ၅ စက္ကန့်နေရာမှာ ပရိသတ်က သူတို့ယူချင်သလို ယူတော့မယ်၊ သူတို့စဉ်းစားချင်သလို စဉ်းစားတော့မယ်၊ အဲလို မဖြစ်သင့်ဘူးတဲ့။ အလွန်အကျွံတွေ ရကုန်ကြလိမ့်မယ်တဲ့။ မင်းထင်ကိုကိုကြီး အင်မတန်ကိုမှပဲ အံ့အားသင့်ခဲ့ရပါတယ်တဲ့။

လူငယ် ၂ ယောက် မျိုသိပ်ဖိနှိပ်ထားခဲ့ရတဲ့ အချစ်တွေ ပေါက်ကွဲလွင့်စင်သွားမယ့် အခိုက်အတန့်လေးကို ပရိသတ်ဖာသာ ခံစားပါစေတော့လို့ ချန်ထားခဲ့တာကို ဆင်ဆာက ခွင့်မပြုနိုင်ဘူးတဲ့။

"ပရိသတ်ရဲ့စိတ်ကူးခွင့်အထိ လှမ်းချုပ်ချယ်ဖို့ ကြိုးစားနေကြတာပါ့လားလို့ ကျွန်တော် သိလိုက်ပြီ။တော်တော်လွန်နေပြီဆိုတာကျွန်တော် သိလိုက်ပြီ။ကျွန်တော်မလျှော့နိုင်တော့ဘူး။ငြင်းရခုန်ရတာလေးတွေဖြစ်ခဲ့တယ်။"လို့သူကအသိပေးတယ်။
နောက်ဆုံးတော့ မင်းထင်ကိုကိုကြီးက သူ တာဝန်ယူကြောင်းဝန်ခံလက်မှတ်ထိုးရင် ခွင့်ပြုမယ်ဆိုလို့ လက်မှတ်ထိုးပေးခဲ့ရပါသတဲ့။ အဲဒါမြန်မာ့ရုပ်ရှင်ပါ။

မြန်မာ့ရုပ်ရှင်လောကမှာ မြန်မာ့ရုပ်ရှင် အရည်
အသွေးနိမ့်ပါးရခြင်းအကြောင်း ပြောကြရင် ရုပ်ရှင်လောကထဲကလူတွေ နှစ်ပေါင်းများစွာ ပေးနေခဲ့ကြတဲ့အကြောင်းပြချက် ၃ ခုပေးလေ့ရှိတယ်လို့ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။

အဲဒီ ၃ ခုက ဆင်ဆာရဲ့အတားအဆီး၊ စက်ပစ္စည်းမပြည့်စုံတာ၊ ရုပ်ရှင်စတူဒီယိုမရှိတာ စတာတွေပါ။ မင်းထင်ကိုကိုကြီးကတော့ အဲဒီအကြောင်းပြချက်အားလုံးကို လုံးဝသဘောမတူခဲ့ပါဘူး။

မြန်မာ့ရုပ်ရှင်အတွက် အရေးတကြီး သေရေး
ရှင်ရေး လိုအပ်နေတာက ဇာတ်ညွှန်းပညာရှင်ပါ။ ဇာတ်ညွှန်းပညာရှင်နဲ့ ဇာတ်ညွှန်းကောင်းတွေကလွဲပြီး မြန်မာ့ရုပ်ရှင်ကို ကယ်တင်နိုင်မယ့်အရာနဲ့လူပုဂ္ဂိုလ်ဆိုတာ မရှိပါဘူးလို့ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။

မြန်မာ့ရုပ်ရှင်လောကအတွက်အရေးတကြီးလိုအပ်နေတာက ဇာတ်ညွှန်းရေးဆရာကောင်းလို့ မင်းထင်ကိုကိုကြီးက သူ့အမြင်ကို ရေးသားပါတယ်။ အတတ်ပညာ၊ အနုပညာနဲ့ ဉာဏ်ပညာအရည်
အသွေး မြင့်မားတဲ့ ဇာတ်ညွှန်းရေးဆရာတွေ အရေးတကြီး လိုအပ်နေတယ်လို့ သူက မြင်ပါတယ်။ ဇာတ်ညွှန်းကောင်းမရှိဘဲ ရုပ်ရှင်ကောင်း
မဖြစ်ပါဘူးလို့ မင်းထင်ကိုကိုကြီးက ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ရုပ်ရှင်ဒါရိုက်တာလုပ်မယ်ဆိုရင် စာဖတ်ဖို့သူကမှာခဲ့တယ်။ရှေးကဆရာကြီးရွှေဒုံးဘီအောင်၊ ဆရာကြီးအေဝမ်းတင်မောင်၊ ဆရာကြီးဦးသုခ၊ ဦးဝင်းဦး၊ ရှုမဝဦးကျော်၊ သာဓု၊ ဆရာမောင်ဝဏ္ဏ၊ ဆရာကြီးဦးဝင်းဖေတို့ဟာ ကိုယ်တိုင်လည်းစာရေးကြပြီး စာလည်း အင်မတန်ဖတ်ကြတဲ့ ဒါရိုက်တာကြီးတွေပါ။ သူတို့ကိုယ်တိုင် ဝတ္ထုတွေ၊ ဇာတ်ညွှန်းတွေရေးခဲ့ကြတယ်။ ဘယ်ဟာက ဇာတ်
ညွှန်းကောင်းဆိုတာကို လည်း သိခဲ့ကြတယ်လို့ မင်းထင်ကိုကိုကြီးက လမ်းညွှန်ခဲ့တယ်။

"storytelling ကို ထဲထဲဝင်ဝင် ကိုင်တွယ်အလုပ်လုပ်ရမယ့် လူတွေအတွက်၊ စာဖတ်ခြင်းဟာ မရှိမဖြစ် လိုအပ်နေတဲ့ အခြေခံအချက်ပါ။ ဇာတ်ညွှန်းကို နားလည်တဲ့ ဒါရိုက်တာဖြစ်ချင်သလား။ စာဖတ်ပါ။ ဒါရိုက်တာကောင်း ဖြစ်ချင်သလား။ စာဖတ်ပါ။"လို့ မှာခဲ့တယ်။

စာဖတ်ခြင်းသာ မရှိခဲ့ရင် မင်းထင်ကိုကိုကြီး ဆိုတာလည်း ဖြစ်လာမှာတောင် မဟုတ်ဘူး။ စာဖတ်ခြင်းကိုသာ ဖယ်လိုက်ရင် မင်းထင်ကိုကိုကြီးဆိုတာလည်း ပျောက်သွားလိမ့်မယ်တဲ့။

မြန်မာ့ရုပ်ရှင်အတွက် အိပ်မက်တွေအများကြီးရှိခဲ့ဖူးတဲ့ မင်းထင်ကိုကိုကြီးဟာ ဇွန် ၂ ရက်မှာ သူ့ပရိသတ်တွေကို နူတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ပါပြီ။ သူဟာ၂၀၁၈ ၊နိုဝင်ဘာမှာ အသည်းကင်ဆာရောဂါ ခံစားခဲ့ရတာဖြစ်ပြီး အသည်းတစ်ခြမ်းကို လှီးထုတ်ကာ ကုသမှုခံယူခဲ့ပါတယ်။

မင်းထင်ကိုကိုကြီးဟာ အာဏာသိမ်းတဲ့နေ့မှာပဲ စစ်တပ်ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။

၂၀၂၂ နိုဝင်ဘာမှာ ပြန်လွတ်လာပေမဲ့ ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု ကောင်းကောင်းမရခဲ့တာကြောင့် သူ့ဝေဒနါဟာ ပိုဆိုးလာခဲ့တာပါ။

ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်အရွယ်ဖြစ်ပြီး ကွယ်လွန်ချိန်အထိ သူယုံကြည်ရာကို သစ္စာမဖောက်ပဲ ရပ်တည်ခဲ့သူဖြစ်ကြောင်း သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ရေးသားဂုဏ်ပြုခဲ့ကြပါတယ်။
❤30👍5🤮1
သူဟာ၂၀၁၂ မှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို စတင်ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆုပေးပွဲကျင်းပလေ့ရှိပါတယ်။လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကိုလည်း တည်ထောင်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း ဒါရိုက်
တာမင်းထင်ကိုကိုကြီးက NLD အောင်နိုင်ရေးအ
တွက် ဒေါ်အောင်ဆန်းစုကြည်ရေးသားထားတဲ့ က
ဗျာစာရွက်ကို လေလံတင်ပြီး ပါဝင်ကူညီခဲ့ဖူးပါတယ်။

မင်းထင်ကိုကိုကြီးဟာ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းထဲက ထွက်လာတဲ့ ဇာတ်လမ်းကို ဇာတ်ညွှန်းရေးပြီး ရုပ်ရှင်အဖြစ် ဖန်တီးရတာ တော်တော်နှစ်သက်စွဲလန်းတယ်လို့ ဝန်ခံခဲ့ဖူးတယ်။

သူရိုက်ခဲ့တဲ့ digital ရုပ်ရှင် ၇ ကားမှာ မောင်ရာဇာနေဝင်း (Clone)၊ အိပ်မက်အလွန်၊ လရောင်ဆိုနာတာနဲ့ နောက်ဆုံးကဗျာ ဆိုတဲ့ကားတွေဟာ သူ့စိတ်ကူးစိတ်သန်းတွေပါ။

"အိပ်မက်အလွန် ဇာတ်ညွှန်းနဲ့ နောက်ဆုံးကဗျာ ဇာတ်ညွှန်းတွေအတွက်တော့ ကျွန်တော့်ကိုယ်ကျွန်တော် အမြဲ ကျေနပ်နေမှာပါ။ ကျွန်တော်ရေးခဲ့သမျှထဲမှာ နောက်ဆုံးကဗျာက ကျွန်တော် အကြိုက်ဆုံး။"လို့ မင်းထင်ကိုကိုကြီးက ဆိုခဲ့ပါတယ်။

မင်းထင်ကိုကိုကြီးရဲ့ စိတ်ကူးစိတ်သန်းကို အခြေခံထားတဲ့ ဇာတ်ညွှန်း ၄ ခုလည်း ကျန်ရစ်ခဲ့ပါတယ်။ အဲဒီ ၄ ခုက ဘယ်ဘက်ပါးပေါ်က မှဲ့၊ လေး၊ အပါယ်၊ အမျှင်၂၀၂၂ တဲ့။ သူကိုယ်တိုင်ဖန်တီးခွင့်တော့ မရသွားခဲ့ပါဘူး။ ။

(ကိုးကား-မင်းထင်ကိုကိုကြီး ရေးသားခဲ့သော Facebook Post များ)
👍24❤11🤮1
👍29❤8😢2🤮1
ချောင်းဦးက စစ်ရှောင်ရွာတွေကို စစ်တပ်လေကြောင်းတိုက်ခိုက်

ဇွန်- ၃၊ ၂၀၂၆။ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသခံပြည်သူတွေ စစ်ရှောင်နေရတဲ့ကျေးရွာတွေကို စစ်တပ်က ပါရာမိုတာ၊ ဂျွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တွေနဲ့ စက်သုံးဆီဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၃ ရက်မနက်ပိုင်းက မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တက်လာတဲ့ ပါရာမိုတာ ၃စီး၊ ဂွိုင်ရိုကော်ပတာ ၃စီး စုစုပေါင်း ၆စီးဟာ ချောင်းဦးမြို့နယ်က
ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ်တွေနဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

"ပြည်သူတွေကတော့ အခြားရှောင်နေတော့ မထိခိုက်ကြပါဘူး။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပျက်စီးတဲ့ နေအိမ်အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

စစ်တပ်စစ်ကြောင်းဟာ မြို့ပေါ်ပြန်တက်သွားတယ်လို့ သတင်းထွက်နေပေမဲ့ စိတ်မချရသေးတာကြောင့် ပြည်သူတွေ ရှောင်တိမ်းနေရဆဲဖြစ်ပြီး မြို့ပေါ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းကြောင့် ရွာတော်လေး၊
မှန်ချို၊ ဆင်မြေ၊ ငါးလုံးတင်၊ မထိသာ စတဲ့ကျေးရွာတွေက ဒေသခံ ပြည်သူတွေ တိမ်းရှောင်နေရပြီး စစ်တပ်လက်နက်ကြီးကြောင့် ပေါက်ပင်၊ညောင်ပင်တဲ၊ ရှမ်းထူး စတဲ့ ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။

စစ်တပ်စစ်ကြောင်းဟာ စစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေဝင်ရောက်ပြီး တန်ဖိုးကြီးပစ္စည်းတွေကို ကား ၈ စီးနဲ့ သယ်ထုတ်သွားကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

"မြို့ရဲ့ အနောက်တောင်ဘက် ဦးတည်ပစ်ခပ်နေတာ။ ကျီကုန်းရွာ၊ မသဲကြိုးရွာတို့ကတော့ မပြေးကြရပေမယ့်လက်နက်အသံ နားစွန့်နေကြရတာ
ကျီကုန်းရွာဘက်လည်း မကြာခဏပစ်ခတ်နေတာ"လို့ ချောင်းဦးမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်​ရေးအခြေအနေအရ ခင်မွန်-ကျီကုန်းလမ်း ၊
ချောင်းဦး-မယ်သဲကြိုးလမ်းပိုင်းကို ည ၇ နာရီနဲ့ မနက် ၇ နာရီကြား အသုံးမပြုရန်၊ ချောင်းဦး-ပခုက္ကူလမ်းမကြီးနဲ့ ဆင်မြေ-ကျောက်ဆစ်ကန်လမ်းအား လုံးဝအသုံးမပြုကြရန် ချောင်းဦးပကဖက သတိပေးထားပါတယ်။

ချောင်းဦးမြို့နယ်ဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာ ၆ ရက်က ချောင်းဦးမြို့နယ်ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲကျင်းပနေချိန် စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲလို့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ပြည်သူ ၄၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ဖူးပါတယ်။
🤬34❤3🤮2👎1
(ပြီးခဲ့သည့်နှစ်က ချောင်းဦးမြို့နယ် ချောင်းမရွာနှင့် နွယ်ခွေရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသည့်နေအိမ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-CRN)
👎26😡12❤4🤬2🤮2💔2👍1
KNU တပ်မဟာ(၄)သိမ်းထားတဲ့ ကျောက်လုံးကြီးတပ်စခန်း ပြန်ရဖို့ စစ်တပ်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်

ဇွန်-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် -ထားဝယ်ခရိုင် တပ်မဟာ(၄)က သိမ်းပိုက်ထားတဲ့ လယ်မူလား(ပုလော)မြို့နယ် လယ်ဖဒို (ကျောက်လုံးကြီး)ရွာက တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

အင်အား ၈၀ကျော်ရှိတဲ့ ကျောက်လုံးကြီးစခန်းကို KNLA တပ်မဟာ(၄)က မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁၁ရက်မြောက် မေလ ၂၉မှာ တပ်စခန်းကို သိမ်းနိုင်ခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးနီးပါး ထွက်ပြေးသွားလို့ စခန်းသိမ်းရခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ပါတယ်။

" စခန်းသိမ်းပြီး စကစက ပြန်ဝင်လာတဲ့ အပိုင်းရှိတော့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ အခုလက်ရှိ သိမ်းထားတဲ့စခန်းက ဗျူဟာရဲ့ ကာကင်းဖြစ်တယ်။ အဲဒီကာကင်းက လက်လွှတ်လိုက်ရတော့ ဗျူဟာက ပြန်လာပြီးတော့ ပြန်ထိုင်ဖို့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်"လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

အရင်က စစ်ကောင်စီတပ်ဟာ ကျောက်လုံးကြီးဗျူဟာမှာ ဗျူဟာ စခန်းချတပ်စွဲထားတာဖြစ်ပါတယ်။ ကျောက်လုံးကြီးစခန်းမှာ စစ်တပ်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာန‌ချုပ်၊ အမှတ်(၂)ဗျူဟာက တပ်စွဲထားတာဖြစ်ပြီး ၂၀၂၄ ဇွန်လမှာ စစ်တပ်က စခန်းစွန့်သွားတာဖြစ်ပါတယ်။

" အောင်သာ၀ရ စခန်းသိမ်းတဲ့အချိန်မှာ အဲဒီ ဗျူဟာစခန်းက သူတို့ ဆုတ်ခွာသွားတာ။ ဆုတ်ခွာပြီးတော့ အခြား တောင်ကုန်းတခုမှာ ဗျူဟာပြန်ထိုင်တယ်။ အဲဒီ ကျောက်လုံးကြီးရွာနဘေးမှာ ရှိတဲ့ စခန်းကတော့ သူတို့ ဗျူဟာရဲ့ ကာကင်းအနေနဲ့ တပ်ရင်း ၄၃၃ ကနေ အထိုင်ချတယ်။ ပြီးခဲ့တဲ့ လမှာ အဲဒီ အထိုင်ချတဲ့ ၄၃၃ တပ် ကာကင်းစခန်းကို ကျနော်တို့ တက်သိမ်းတယ်။ တက်သိမ်းတော့ အကုန်လုံးက ထွက်ပြေးတယ်။ ထွက်ပြေးတယ်ဆိုတာ သူတို့က စခန်းကို စွန့်ခွာပြီးတော့ ဗျူဟာဘက်ကို စွန့်ခွာသွားတဲ့ပုံရတယ်။ အဲဒီ ဗျူဟာကလည်း စစ်ကြောင်းပြန်ထိုးတယ်။ အဲဒီ ချောင်းမကြီးဘေး ကျောက်လုံးကြီးရွာဘက်မှာ တိုက်ပွဲဖြစ်တယ်"လို့ KNU မြိတ်ထားဝယ်ခရိုင်သတင်းရင်းမြစ်က ရှင်းပြပါတယ်။

ကျောက်လုံးကြီးစခန်းသိမ်းတိုက်ပွဲမှာလည်း စစ်တပ်က သေဆုံးမှုရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
 
စစ်တပ်ဟာ ကျောက်လုံးကြီး ကျေးရွာအလယ်နဲ့ ကျေးရွာ ခရစ်ယာန် ဘုရားကျောင်းကုန်းမှာ နှစ်ပေါင်း ၂၀ကျော်ကြာ တပ်စွဲထားတာဖြစ်ပါတယ်။ အဲဒီ စခန်းသိမ်းတိုက်ပွဲကို KNU၊ KNLA တပ်မဟာ ၄၊ အမှတ်(၁)ဗျူဟာလက်အောက်ခံ KNDO တပ်ရင်း(၇)၊ KNLA တပ်ရင်း(၁၁, ၂ဝ၃)၊ တပ်မဟာ(၄) Drone အဖွဲ့ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းတပ်က  တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
👍39❤4👎1🔥1🥰1👏1
(ကျောက်လုံးကြီးစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်အပြီး သိမ်းရသော လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - KNU-MTD)
👍42❤14🔥2👏2🥰1
မန္တလေးမြို့ရဲ့ ညဘက် တွေမှာ လူနာတင်ကားသံ​တွေ တဝီဝီမကြားရတော့ပါဘူး။ဒါဟာ အရေးပေါ်လူနာ တွေမရှိလို့​တော့ မဟုတ်ပါဘူး။

“ညဘက် အက်ဆီးဒင့်ဖြစ်တဲ့လူနာဆို ဘယ်လူမှုကူညီ ရေးအသင်းကမှမကောက်ချင်တော့ဘူး”လို့ မန္တလေးမြို့ခံလူမှုကူညီ ရေးအသင်းတာဝန်ရှိသူတဦးက ​ပြောပါတယ်။

ဒီလိုဖြစ်​စေတဲ့အကြောင်းအရင်းကတော့ မန္တလေးပြည်သူ့ဆေးရုံကြီးဟာလူနာ စောင့်မပါရင် အရေး ပေါ်ဌာနက လက်ခံ​ ဆေးကုသမပေးတော့တာ ကြောင့်ပါ။

လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်း တွေလုပ်လာတဲ့ သက်တမ်း တလျှောက် ကိုငြိမ်း(လုံခြုံ​ရေး​ကြောင့်အမည်လွှဲ) တယောက် ဒီကာလလောက် စိတ်ပင်ပန်းရတဲ့အချိန်မ ရှိခဲ့ဘူးလို့ ဖွင့်ဟပါတယ်။

၂၀၂၄ခုနှစ်မှာ ကြုံ​တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တခုကိုသူကပြန်ပြောပြပါတယ်။ အဲဒီနေ့ကပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်းပေါ် က ယာဉ်တိုက်မှုတခုကိုသူတို့လူနာသွားကောက်ခဲ့ပါတယ်။

တကိုယ်လုံး သွေးတွေရွှဲပြီး သတိလစ် နေတဲ့လူနာကို မန္တလေးဆေးရုံကြီးက အရေး ပေါ်ဌာနကို ခေါ်လာပါတယ်။အရေး ပေါ်လူနာနဲ့ ရောက်လာတဲ့ ကိုငြိမ်းတို့ကားကို အရေး ပေါ်ဌာန အနီးက လုံခြုံရေး ကပြေးလာပြီး “လူနာရှင်ပါလား။မပါရင် အောက်မချနဲ့”လို့ဆီးပြောပါ​တော့တယ်။

“သေရေး ရှင်ရေးဖြစ်နေတာဗျာ။ကိုယ်လည်းပိုက်ဆံရလို့ လာပို့တာလည်းမဟုတ်ဘူး။ဒေါသ ထွက်လိုက်တာ‌”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကိုငြိမ်းက ဖွင့်ဟပါတယ်။

အဲဒီနောက်လူနာဟာဆေးကုသခွင့်မရဘဲလူမှုကူညီရေး အသင်းနဲ့ ဆေးရုံတာဝန်ရှိသူ တွေအ ငြင်းအခုန်ဖြစ်ကြပါတယ်။

အချိန်က နာရီဝက်လောက်ကြာသွားချိန်မှာ လူနာလာပို့တဲ့လူမှုကူညီ ရေးအသင်းကပဲ လူနာရှင်လုပ်ပြီးဆေးကုသဖို့ကိုငြိမ်းတို့ဆုံးဖြတ်လိုက်ရပါတယ်။

အဲဒီမှာ မှုခင်းရဲက တစခန်းထကာ စာရွက်စာတမ်း ကြေးဆိုပြီး ငွေကျပ်နှစ်သောင်းလာတောင်းပါ​တော့တယ်။ကိုယ့်အိတ်ထဲကစိုက် ပေးပြီး လူနာကို အရေးပေါ်ခန်းထဲထည့် ချိန်မှာလူနာဟာသေဆုံးသွားပါပြီ။

“ကျွန် တော်တို့လူနာ ကောက်လာတဲ့သူ တွေက ငါတို့ အချိန်ကြာသွားလို့လားဆိုပြီး ယူကျုံးမရဖြစ်တယ်။ဒီကောင် တွေကတော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အေးအေးဆေးဆေးပဲ ရင်ခွဲရုံထဲ ကောက်ထည့်လိုက်ကြ တယ်”လို့ကိုငြိမ်းက သူ့အ​တွေ့အကြုံကိုပြန်ပြောပြပါတယ်။

https://www.ludunwayoo.com/feature-mm/2025/11/27/140900/
🤬37🔥15❤2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တွေ ဒကစကိုပါ AA အရှိန်မြှင့် ထိုးစစ်ဆင်

စစ်တွေမြို့နဲ့အနီးဆုံးမှာ တည်ရှိတဲ့ ရွှေမင်းဂံရေတပ်စခန်းကို တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် AA ဟာ မြို့ပေါ်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တွေမြို့ပေါ်ရှိ ဒကစနဲ့အနီးဆုံးကာကင်းတွေကို မြေပြင်ကနေ AA ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒကစ(စစ်တွေ)နဲ့ အနီးဆုံးမှာရှိတဲ့ ကျားမသောက်၊ တောကန်နဲ့ ကံ့ကော်ကျွန်းရွာအနီးဝန်းကျင်ရှိ အာဏာသိမ်းစစ် တပ်စခန်းတွေကို မြေပြင်ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲ​တွေပြင်းထန်နေပါတယ်။ ကံ့ကော်ကျွန်းစခန်းဟာ ဒကစနဲ့ နှစ်မိုင်ဝန်းကျင်ပဲကွာဝေးပြီး တောကန်ကတော့ ကျားမသောက်တပ်ရင်းနဲ့ မိုင်ဝက်ဝန်းကျင်သာ ကွာဝေးပါတယ်။ မြေပြင်တိုက်ပွဲတွေဖြစ်နေသလို အဝေးပစ်လက်နက်ကြီးတွေနဲ့လည်း ဒကစနဲ့ တပ်ရင်းတွေကို တိုက်ခိုက်နေတယ်လို့ စုံစမ်းသိရပါတယ်။ ဒကစ ဌာနချုပ်နဲ့ နာရီကန်၊ ကျားမသောက် စတဲ့တပ်ရင်းတွေကို AA က ပတ်လည်ကနေ တိုက်နေပြီး ကံ့ကော်ကျွန်းကနေ တောကန်၊ သိန်းတန်၊ ကျားမသောက် အနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ AAနဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့ ရေတပ်အခြေစိုက်စခန်းရှိတဲ့ ရွှေမင်းဂံရွာနားမှာလည်း တိုက်ပွဲဆက်ဖြစ်နေဆဲလို့ အဲဒီမြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

◾️ဝေါ်လေဗျူဟာကို တော်လှန်​ရေးတပ်​တွေ ထပ်မံထိုးစစ်ဆင်

မြန်မာ-ထိုင်းနယ်စပ် စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီး တိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဇွန်လ ၂ရက် မနေ့က KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေဟာ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူသုံးကာ အပြင်းအထန်ခုခံ​နေတယ်လို့ သိရပါတယ်။ ဗျူဟာကုန်းပေါ်မှာ စစ်တပ်ဘက်က ဒဏ်ရာရထားတာ ၄၀-၅၀ လောက်ရှိတယ်လို့ ကြားသိရပြီး ဘယ်လောက်တောင့်ခံနိုင်မလဲလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲမှာ ပြင်းထန်ပြီး နှစ်ဖက်စလုံးမှာ ထိခိုက်ကျဆုံးမှု​တွေ ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်က Y-12၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ ပစ်ကူပေးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဇွန်လ ၂ ရက် ညနေ ၃နာရီခွဲလောက်ကစပြီး စစ်တပ်က တိုက်လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲ​ခဲ့ကာ ဒရုန်းတွေနဲ့လည်း တိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် နယ်စပ်က မြန်မာစစ်ဘေးရှောင် ၂၀၀ လောက်ဟာ ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်း တိမ်းရှောင်ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တိုက်ပွဲ​တွေအတွင်း လွှတ်တင်တဲ့ အ​သေခံဒရုန်းတစ်စင်းဟာ ထိုင်းနိုင်ငံပိုင်နက် နယ်စပ်မှာ ကျ​ရောက်​ပေါက်ကွဲတာ​​ကြောင့်​ သေဆုံးထိခိုက်မှု​တွေလည်းရှိ​နေပါတယ်။

◾️၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆန္ဒ ကိုယ်စားပြုနေဆဲလို့ ဖက်ဒရယ်ဦးဆောင်ကောင်စီ သဘာပတိ ပြော

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီကနေ့အထိ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနေဆဲဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အလှည့်ကျ သဘာပတိ ခူဦးရယ်က ပြောပါတယ်။ ဇွန်လ ၁ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ SCEF အလှည့်ကျ သဘာပတိ ခူဦးရယ်လည်း တက်ရောက် အမှာစကား ပြောကြားခဲ့တာကို SCEFက ဒီနေ့မှာ မိန့်ခွန်းရုပ်သံကို ဖော်ပြခဲ့တာပါ။ စစ်တပ်ဟာ လက်နက်အားနဲ့ အာဏာကို အကြမ်းဖက်သိမ်းနိုင်ခဲ့ပေမယ့် ပြည်သူ့ နှလုံးသားထဲက အာဏာကိုတော့ ဘယ်တော့မှ လုယူဖျက်ဆီးလို့ မရဘူးဆိုတာ ကို သမိုင်းတလျှောက်လုံး တော်လှန်ရေး နှိုးထမှုများက အထပ်ထပ် သက်သေထူပြသပြီးဖြစ်သလို နိုင်ငံတကာ လွှတ်တော်များအဖွဲ့ ဖက်ကနေလည်း ဒါကို မကြာသေးခင်က ထပ်မံ အတည်ပြုပေးခဲ့တာ အားလုံးမျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်လို့ ခူဦးရယ်က ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဧပြီ ၁၉ရက်မှာကျင်းပခဲ့တဲ့ ၁၅ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

◾️အုတ်ဖိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံး
❤20👍6🔥3
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးအနောက်ရိုးမ ဗျူဟာ ၂၂ က ဇွန်လ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၂ရက် ညနေပိုင်းမှာ အုတ်ဖိုမြို့နယ်၊ ကျီးပြတ်ရွာကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ အဲဒီကျေးရွာရှိ ပြည်သူပိုင် ခြံတစ်ခြံမှာ တပ်စွဲထားချိန် ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း တပ်ခွဲတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်တပ်စွဲထားတဲ့ ကျီးပြတ်ရွာကို ဒရုန်းကြဲချ တိုက်ခိုက်ပြီးနောက် ချေမှုန်းရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲ နှစ်နာရီခွဲလောက်အထိ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က ၁၂ ဦး သေဆုံးခဲ့ပြီး စစ်ကြောင်းမှူး ဗိုလ်တစ်ဦး ဒရုန်းထိမှန် သေဆုံးခဲ့တယ်လို့ ပဲခူးအနောက်ရိုးမဗျူဟာ ၂၂ ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

◾️ပေါက်နယ်က ပျူရွာတွေ တိုက်ခိုက်ခံရလို့ စစ်တပ် လေကြောင်းဗုံးကြဲ

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်က လေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇွန်လ ၂ ရက် မနေ့ကစပြီး ပေါက်မြို့နယ် အရှေ့တောင်ဘက်ခြမ်းက စစ်တပ်အခြေပြု ကျေးရွာတွေနဲ့ စစ်တပ်စခန်းရှိတဲ့ နေရာတွေကို ဒေသခံတော်လှန်ရေးအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ တော်လှန်ရေးတပ်တွေက ပျူစောထီးရွာတစ်ရွာကို ရရှိထားပြီး စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်နေတယ်လို့ ပေါက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဒီနေ့ စစ်ရေးအခြေအနေကို ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က မနေ့က တစ်ရက်တည်း ဂျက်ဖိုက်တာနဲ့ Y12 ၁၀စီးထက်မနည်း သုံးပြီး ဗုံးတွေ ဆက်တိုက်ကြဲခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာလည်း Y12 နဲ့ ဗုံးလာကြဲတယ်လို့ အသက် ၃၀အရွယ် ပေါက်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

◾️မင်းတပ်မှာ တိုက်ပွဲဆက်ဖြစ်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ မေလကုန်ပိုင်းမှာ ချင်း-မကွေးအစပ်က စစ်တပ်စစ်ကြောင်းတွေဟာ မင်းတပ်မြို့နယ်အတွင်း ဝင်ရောက်ပြီး ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးတာ အပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာလို့ ချင်းတော်လှန်ရေး တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။ ဒေသခံတွေအနေနဲ့လည်း စစ်တပ် စစ်ကြောင်းတွေကို ရှောင်ရှားဖို့ လိုအပ်ကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ထိန်းချုပ်ထားတဲ့ ချင်းတောင်ပိုင်းက ကန်ပက်လက်နဲ့ မင်းတပ်ကို ထိုးစစ်ဆင်နေလို့ ကန်ပက်လက်မှာ မေလ ၁၈ရက်က စ တိုက်ပွဲတွေ ဖြစ်နေသလို မင်းတပ်မှာတော့ မေလကုန်ပိုင်းကစ တိုက်ပွဲဖြစ်နေတာပါ။

◾️ချောင်းဦးက စစ်ရှောင်ရွာတွေကို စစ်တပ်လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသခံပြည်သူတွေ စစ်ရှောင်နေရတဲ့ကျေးရွာတွေကို စစ်တပ်က ပါရာမိုတာ၊ ဂျွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တွေနဲ့ စက်သုံးဆီဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဇွန်လ ၃ ရက်မနက်ပိုင်းက မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တက်လာတဲ့ ပါရာမိုတာ ၃စီး၊ ဂွိုင်ရိုကော်ပတာ ၃စီး စုစုပေါင်း ၆စီးဟာ ချောင်းဦးမြို့နယ်က ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ်တွေနဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ပျက်စီးတဲ့ နေအိမ်အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။ စစ်တပ်စစ်ကြောင်းဟာ မြို့ပေါ်ပြန်တက်သွားတယ်လို့ သတင်းထွက်နေပေမယ့် စိတ်မချရသေးတာကြောင့် ပြည်သူတွေ ရှောင်တိမ်းနေရဆဲဖြစ်ပြီး မြို့ပေါ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️ဖရူဆိုမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ် မီးရှို့ဖျက်ဆီး

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးရွာ ၃ရွာက နေအိမ် ၈၀ကျော်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၆ မတ်လကနေ မေလအတွင်း စစ်တပ်စစ်ကြောင်းတွေက ဖရူဆိုမြို့နယ်က ကျေးရွာ ၃ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ အသိပေးပါတယ်။ မတ်လ ၂၈ရက်မှာ ဖရူဆိုမြို့နယ် ဘူးခူကျေးရွာက နေအိမ် ၁၆လုံး၊ မေလ ၆ရက်မှာ ထားလဲရွာက နေအိမ် ၆၀ ကျော်၊ မေလ ၇ရက်မှာ ပရယ်တော် ရွာက နေအိမ် ၄လုံးကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာလို့ မှတ်တမ်းပုံတွေနဲ့အတူ ဖော်ပြပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း KNDFက ထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ စစ်ကြောင်းတွေဟာ ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက် ခြေကုပ်စခန်းများ၊ စစ်ကြောင်းများနဲ့ စစ်ရေးလှုပ်ရှားနေပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုများလည်း ရှိနေကြောင်း အသိပေးပါတယ်။

◾️ရမ်း‌ဗြဲမြို့စစ်ရှောင်စခန်း စစ်တပ် ဗုံးကြဲ၊ သက်ကြီးရွယ်အို ၂ဦး သေဆုံး
🔥15❤4
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ သက်ကြီးရွယ်အို ၂ဦး သေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။ ဇွန်လ ၁ရက် မနက်ပိုင်းမှာ တောင်ကုတ်မြို့နယ်ကို လေကြောင်းကနေဗုံးကြဲပြီး ညပိုင်းမှာတော့ ရမ်းဗြဲမြို့နယ်ကို ဗုံးကြဲတာ ဖြစ်ပါတယ်။ ရမ်းဗြဲမြို့နယ်၊ ကြောင်ချတွင်းကျေးရွာက စစ်ဘေးရှောင်စခန်းနဲ့ ကျေးရွာဝန်းကျင်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲသွားတာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ ဗုံးကြဲခဲ့တဲ့နေရာက တိုက်ပွဲလုံးဝမရှိဘဲ အရပ်သားပစ်မှတ်ကို သက်သက်ဗုံးကြဲခဲ့တာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

◾️ကျောက်လုံးကြီးတပ်စခန်း ပြန်ရဖို့ စစ်တပ်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် -ထားဝယ်ခရိုင် တပ်မဟာ(၄)က သိမ်းပိုက်ထားတဲ့ လယ်မူလား(ပုလော)မြို့နယ် လယ်ဖဒို (ကျောက်လုံးကြီး)ရွာက တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ အင်အား ၈၀ကျော်ရှိတဲ့ ကျောက်လုံးကြီးစခန်းကို KNLA တပ်မဟာ(၄)က မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁၁ရက်မြောက် မေလ ၂၉မှာ တပ်စခန်းကို သိမ်းနိုင်ခဲ့တာပါ။ စစ်တပ်တပ်ဖွဲ့ဝင် အားလုံးနီးပါး ထွက်ပြေးသွားလို့ စခန်းသိမ်းရခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ပါတယ်။ အခုလက်ရှိ သိမ်းထားတဲ့စခန်းက ဗျူဟာရဲ့ ကာကင်းဖြစ်ပြီး အဲဒီကာကင်းကို လက်လွှတ်လိုက်ရတော့ ဗျူဟာက ပြန်လာပြီးတော့ ပြန်ထိုင်ဖို့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

◾️ကျောက်ကြီးမြို့နယ်ကို စစ်တပ် လက်နက်ကြီး ပစ်ခတ်လို့ ကလေးငယ် အပါအဝင် ပြည်သူ ၃ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၉)နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ပြည်သူ ၃ဦးသေဆုံးကာ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက ဇွန်လ ၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ မေလ ၃၀ရက်က စစ်တပ်ရဲ့ ခမရ(၂၆၄)တပ်ရင်းက ၁၅၅ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ ကျောက်ကြီးမြို့နယ် အင်တိုင်းကုန်းကျေးရွာကို ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး (၉)နှစ်အရွယ်မိန်းကလေးငယ် ၁ဦး၊ အသက် (၄၅)နှစ်အရွယ်အမျိုးသမီး ၁ဦးနဲ့ အသက် (၄၇)နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးကာ အသက် (၁၈)နှစ်အရွယ် မိန်းကလေး ၁ဦး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ကြီးမြို့နယ်က ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်ခဲ့လို့ ပြည်သူလူထု သေဆုံးထိခိုက်မှုတွေ အများအပြားရှိခဲ့ပါတယ်။

◾️စစ်ရေးကြောင့် မိုးညှင်းမြို့နယ်က လမ်းပိုင်းအချို့ ယာယီပိတ်ထား

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက လမ်းပိုင်းအချို့ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) တပ်ရင်း(၂၆)က ဇွန်လ ၂ရက်က ထုတ်ပြန်ပါတယ်။ လတ်တလော စစ်ရေး၊နိုင်ငံရေးကြောင့် KIA တပ်ရင်း(၂၆) နယ်မြေဖြစ်တဲ့ ညောင်ပင်-ချောင်း၀-ဆနွင်းကုန်း အင်းသာနဲ့ နမ့်မွန်းလမ်းပိုင်းကို ဇွန်လ ၂ရက်က စပြီး အများပြည်သူခရီးသွားလာခြင်း ဆိုင်ကယ် မော်တော်ယာဉ်ကြီးယာဉ်ငယ်များ ဖြတ်သန်းသွားလာခြင်းကို ယာယီပိတ်ထားတာလို့ အသိပေးပါတယ်။ KIA တပ်ရင်း (၂၆)ဟာ မေလ ၃၁ရက်ကလည်း မိုးညှင်းမြို့နယ် ဟိုပင်-ချောင်း၀၊ ဟိုပင်-ညောင်ပင်လမ်း တံတား စတဲ့နေရာတွေမှာလည်း ယာယီပိတ်ထားကြောင်း ကချင်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါသေးတယ်။

◾️EV ကား​ဈေးကွက်အတွက် စစ်တပ်က အခွန်​​လျှော့
🔥14🤮3👍1
အာဏာသိမ်းခေါင်းဆောင်မင်း​အောင်လှိုင်ရဲ့ သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့ လျှပ်စစ်ကား EV ကားတင်သွင်းတာမှာ အကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်တော်ယာဉ်ဈေးကွက်မှ သတင်းရရှိပါတယ်။ အာဏာသိမ်းစစ်တပ် ဖွဲ့စည်းထားတဲ့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနက‌ လျှပ်စစ်ကားတွေနဲ့ပတ်သက်လို့ ယာဥ်အလုံးလိုက်တင်သွင်းတဲ့ CBU စနစ်၊ နိုင်ငံအတွင်း အပြီးအစီးတပ်ဆင်ထုတ်လုပ်တဲ့ CKD နဲ့ SKD စနစ် နဲ့ ဘက်ထရီလျှပ်စစ်သုံးယာဉ် Battery Electric Vehicle-BEV တွေရဲ့ အကောက်ခွန်နှုန်းတွေကို ဖြေလျှော့လိုက်တာဖြစ်ပါတယ်။ အလုံးလိုက်အရန်သင့်စီးမယ့် EV ကားတွေကို အရင်နှစ်က အခွန်က ၁၅ ရာခိုင်နှုန်းကနေ အခု ၅ရာခိုင်နှုန်း၊ SKD တို့ CKD တို့က အရင် ၅ရာခိုင်နှုန်း နဲ့ ၃ရာခိုင်နှုန်းက အခု လုံး၀ မကောက်တော့ဘူးလို့ မော်တော်ယာဥ်အရောင်းပြခန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။ ကြားရသလောက် ယာဉ်အိုယာဉ်ဟောင်းဈေးကွက်ကို ဖြုတ်ချပြီး EV ဈေးကွက်ကို ပိုမိုခိုင်မာအောင်လုပ်လာတာလို့ အဲဒီမော်တော်ယာဥ်အရောင်းပြခန်းပိုင်ရှင်က ပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်သုံးယာဉ်တွေအတွက် အပိုပစ္စည်း နဲ့ ဆက်စပ်ပစ္စည်း တင်သွင်းမှုကို ကောက်ခံမယ့် အကောက်ခွန်နှုန်းတွေကိုလည်း ထက်၀က် နီးပါးလျှော့ချလိုက်တယ်လို့ ဆိုပါတယ်။ ယာဉ်အိုယာဉ်ဟောင်းတွေ မအပ်၊ အပ်ချင်အောင်နဲ့ ရောင်းမထွက်သေးတဲ့ ဆိပ်ကမ်းက EV တွေအတွက် ထုတ်ရ ပြုရ လွယ်သွားတယ်လို့ ဆယ်စုနှစ် တစ်ခုကြာ မော်တော်ယာဥ်အရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောပါတယ်။ လူထုဆန္ဒ ကို မကြည့်ဘဲ ကိုယ်ထင်ရာအတိုင်းရုပ်လုံးဖော်ကြတဲ့ အာဏာရှင်စရိုက်လို့လည်း သူက ဆက်ပြောပါတယ်။
🔥21🤮3👍2