People's Spring
✔
60K subscribers
71.5K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
တိုက်ပွဲများဆက်လက်၍ ပြင်းထန်လာနိုင်လို တော်လှန်ပြည်သူလူထုများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြဖို ယောတပ်တော်က ထုတ်ပြန်ခဲ့ပြီး မိမိတိုဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြဖို့ ယောတပ်တော်က တိုက်တွန်းနှိုးဆော်ထားပါတယ်။
👍32❤3🤣1
(မင်းတပ်မြို့နယ်က ထင်ချောင်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတာကို မေလ ၃၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)
🤬42🤮4👎1👏1
အုတ်ဖိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါ ၁၂ ဦး သေဆုံး

ဇွန်-၃၊ ၂၀၂၆။ နော်/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးအနောက်ရိုးမ ဗျူဟာ ၂၂ က ဇွန်လ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ရက် ညနေပိုင်းမှာ အုတ်ဖိုမြို့နယ်၊ ကျီးပြတ်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေ ကျီးပြတ်ရွာ ပြည်သူပိုင် ခြံတစ်ခြံမှာ တပ်စွဲထားချိန် ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း တပ်ခွဲတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ တွေက စစ်တပ်တပ်စွဲထားတဲ့ ကျီးပြတ်ရွာကို ဒရုန်းကြဲချ တိုက်ခိုက်ပြီးနောက် ချေမှုန်းရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲကြာချိန် နှစ်နာရီခွဲခန့်အထိ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က ၁၂ ဦး သေဆုံးခဲ့ပြီး စစ်ကြောင်းမှူး ဗိုလ်တစ်ဦး ဒရုန်းထိမှန် သေဆုံးခဲ့တယ်လို့ ပဲခူးအနောက်ရိုးမဗျူဟာ ၂၂ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်များစွာနဲ့ တပ်ဆုတ်ထွက်ပြေးသွားတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေဘက်က လိုက်လံရှင်းလင်းနိုင်ခဲ့ပြီး ကျီးပြတ်ကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ တပ်ဆုတ်ထွက်ပြေးပြီး အုတ်ဖိုမြို့နယ်ထဲက ကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေပါတယ်။

“ခုချိန်ထိ အနီးအနားရွာတွေကို စစ်ကြောင်းထိုးနေတာ ရှိပါတယ်“ လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တာတွေပြုလုပ်နေသလို ပြည်သူတွေကိုလည်း သတ်ဖြတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
👍44🥰5❤4👏1🤣1
(စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - Screen-grab)
👍40❤11🥰3🤣1
ရမ်း‌ဗြဲမြို့စစ်ရှောင်စခန်း စစ်တပ် ဗုံးကြဲ၊ သက်ကြီးရွယ်အို ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ

ဇွန်-၃၊၂၀၂၆။ဇော်ရမ်း/People's Spring

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က စစ်ဘေးရှောင် စခန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ သက်ကြီးရွယ်အို ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။

ဇွန်လရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဇွန်၁ရက်နေ့မနက်မှာ တောင်ကုတ်မြို့နယ်ကို လေကြောင်းကနေဗုံးကြဲပြီး ညပိုင်းမှာတော့ ရမ်းဗြဲမြို့နယ်ကို ဗုံးကြဲတာ ဖြစ်ပါတယ်။

ဇွန်လ ၁ ရက် ည ၉ နာရီခွဲခန့်က ရမ်းဗြဲမြို့နယ်၊ ကြောင်ချတွင်းကျေးရွာက စစ်ဘေးရှောင်စခန်းနဲ့ ကျေးရွာဝန်းကျင်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲသွားတာလို့ ဒေသခံသတင်းမြစ်က ပြောပါတယ်။

"တောင်မော်ဦးရေတပ်ဘက်က တိုက်ပွဲတွေကြောင့် ရမ်းဗြဲမှာလာပြီးရှောင်နေကြတာ။ ဒီနေရာက တိုက်ပွဲလုံးဝမရှိဘူး။ အရပ်သားပစ်မှတ် ကို တမင်သက်သက်လာပြီးဗုံးကြဲသွားတာ"လို့ ၎င်းက ပြောပါတယ်။

ယင်းနေ့မနက်ပိုင်းက တောင်ကုတ်မြို့နယ်က ဆားပြင်ရွာနဲ့ ကင်းတောင်ကျေးရွာအနီးဝန်းကျင်ကို လေကြောင်းကနေဗုံးကြဲဖြစ်စဉ်မှာ ထိခိုက်မှုရှိ၊ မရှိတော့ မသိရသေးပါဘူး။

စစ်တပ်က ပြီးခဲ့တဲ့မေလနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်ထဲက သံတွဲ၊ အမ်း၊ စနဲနဲ့ ဂွမြို့နယ်တွေကို ဗုံးကြဲခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုပြီးပြင်းထန်တဲ့
ပုံစံပြောင်းလာပြီး သတိပြုကြဖို့ အာရက္ခတပ်တော် (AA)နဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

လေကြောင်းတိုက်ခိုက်ရာမှာ တိုက်လေယာဉ် ၂စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးတိုက်ခိုက် နေတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ ပိုမို သတိရှိကြဖို့ AAက သတိပေးထားပါတယ်။

လက်ရှိမှာ စစ်တွေမြို့နဲ့ စနဲမြို့အနီး အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စနဲမြို့အနီး မေလ၂၈ရက်ကနေ မေလ၃၀ရက်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးသူ၄၀ကျော်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်မ (၁၁) လက်အောက်ခံ ခမရ (၂၁၂)၊ ခမရ (၂၁၃)၊ ခမရ ( ၂၁၉) တပ်ရင်း‌တွေပါဝင်ပြီး ကြည်း၊ရေ၊လေပစ်ကူတွေနဲ့စစ်ကြောင်းထိုးလာပေမယ့် ထိခိုက်သေဆုံးမှုများပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ AAရဲ့ စစ်ရေးသတင်းတွေကိုဖော်ပြပေးနေတဲ့Arakan Princess Media က ဖော်ပြထားပါတယ်။
🤬37❤3👍3👎2🔥1😁1
🔥14👍5
တော်လှန်​ရေးတပ်​တွေက ဝေါ်လေဗျူဟာကိုထပ်မံထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်​နေ

ဇွန်-၃၊၂၀၂၆။ဒီးဒီ၊နိုင်ပ​ကောင်း /People’s Spring

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်
မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်း
ထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဇွန်လ ၂ရက်မှာ KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်တပ်က လေကြောင်းပစ်ကူသုံးပြီးအပြင်းအထန်ခုခံ​နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

"စစ်တပ်က ကုန်းပေါ်မှာ ဒဏ်ရာရထားတာ ၄၀၊ ၅၀ လောက်ရှိတယ်ပြောတယ်။ ဝေါ်လေက ဗျူ
ဟာအရတော့ ဗျူဟာက နည်းနည်းကျယ်တယ်လေ။ သူတို့ ဘယ်လောက်တောင့်ခံနိုင်မလဲပေါ့လေ"လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။

တိုက်ပွဲမှာပြင်းထန်ပြီး နှစ်ဖက်စလုံးမှာထိခိုက်
ကျဆုံးမှု​တွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။စစ်တပ်က Y-12၊ ဂျက်ဖိုက်တာတွနဲ့ လေကြောင်းမှဆက်တိုက်ဗုံးကြဲ ပစ်ကူပေးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

"လေယာဉ်က ဆက်တိုက်လာတာ။ ပြည်သူတွေက စက်သုံးဆီချွေတာပြီးသုံးနေရတယ်။လေယာဉ်ကြတော့။ ဗုံးကြဲဖို့ကြ လောက်နေတယ်"လို့ အထက်
ပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။

ဇွန် ၂ ရက်ညနေ(၃)နာရီခွဲအချိန်ခန့်မှစပြီး စစ်တပ်က တိုက်လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲ​နေတာဖြစ်ပါတယ် ။ဒါ့အပြင် ဒရုန်းတွေနဲ့လည်း အသုံးပြုတိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲကြောင့် နယ်စပ်က မြန်မာစစ်ဘေးရှောင် ၂၀၀ ခန့်ဟာ ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်း တိမ်းရှောင်ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါအပြင် တိုက်ပွဲ​တွေအတွင်းလွှတ်တင်တဲ့အ​သေခံဒရုန်းတစ်စင်းဟာ ထိုင်းနိုင်ငံပိုင်နက် နယ်စပ်မှာကျ​ရောက်​ပေါင်ကွဲတာ​​ကြောင့်​သေဆုံးထိခိုက်မှု​တွေလည်းရှိ​နေပါတယ် ။

အဲဒီအ​သေခံဒရုန်းကိုဘယ်ဘက်ကလွတ်တင်တယ်ဆိုတာ သီးခြားအတည်မပြုနိုင်​သေး​ပေမယ့် စစ်တပ်က ​​ဝေါ​လေဗျူဟာအတိုက်ခံရချိန်မှာ ​လေ​ကြောင်းနဲ့ ဒရုန်း​တွေကို အဓိကသုံးပြီးခုခံ​နေတာဖြစ်တယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဒါအပြင် ဖလူး၊ မင်းလက်ပံဒေသ​တွေမှာတိုက်ပွဲတွေ မရှိပေမယ့် စစ်တပ်ကလက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

"ထင်တာ သူတို့(စစ်တပ်)တိုးမှမရတာ၊ တက်လာလိုက် သေကုန်လိုက် ပြန်ဆုတ်လိုက်ပဲ။ အခြေ
အနေ စောင့်ကြည့်နေတုန်း၊ အဲဒါကြောင့် တက်မလာသေးတာထင်တယ်"လို့ ဖလူးဒေသရှိ ကရင်သတင်းရင်းမြစ်တစ်ဦးက​ပြောတယ်။

တော်လှန်ရေးတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၂၅ရက်ကလည်း ဝေါ်လေဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲတုန်းကလည်း စစ်တပ်က လေ
ကြောင်းကနေ အပြင်းအထန် ခုခံခဲ့ရပါတယ်။ဧပြီ ၂၅ ရက်မှာလည်း တိုက်ပွဲ​တွေပြင်းထန်ခဲ့တာ​ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းက နယ်စပ်မှာလုံခြုံ​ရေးတိုးမြှင့်ခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ဝေါ်လေဗျူဟာကုန်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၆ မတ်လမှာတော့ စစ်တပ်ရဲ့ဝေါလေဗျူဟာကိုအပြီးသတ်သိမ်းနိုင်ဖို့ တော်လှန်ရေးတပ်တွေကို အရှိန်မြင့် တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ​ဝေါ်လေဗျူ
ဟာရဲ့ကာကင်း​တွေကို ​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ဆက်လက်ပြီး ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်​​နေကြတာလည်းဖြစ်ပါတယ်​။

ဝေါ်လေဗျူဟာမကျရေးအတွက်စစ်တပ်ကလည်း လေကြောင်းကဗုံး​တွေကြဲသလို ကာမီကာဇေဒရုန်းတွေနဲ့ ပါခုခံနေတာပါ။ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်​တောက်ထားတာဖြစ်ပါတယ်။

​​တော်လှန်​ရေးတပ်​တွေရဲ့ ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်မှု​ကြောင့် စစ်တပ်က​ဝေါ​လေဗျူဟာရှိ
စစ်သား​တွေအတွက် စားနက်ရိက္ခာ နဲ့ ခဲယမ်း​တွေကိုလေ​ကြောင်းက​နေ မကြာခဏ ချထား​ပေးပါတယ်။ အဲဒီလို လက်နက်ခဲယမ်းနဲ့ ရိက္ခာထုပ်​တွေချ​ပေးတာမှာ​တော်လှန်​ရေးတပ်​တွေကသိမ်းဆည်းရရှိခဲ့တာ​တွေလည်းရှိပါတယ်။

ဝေါ်လေဗျူဟာကို စစ်ကူပေးဖို့နဲ့ မြဝတီမြို့တောင်ဘက်မှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့အတွက် စစ်တပ်က ပြီးခဲ့တဲ့နှစ် ၂၀၂၅ အောက်
တိုဘာအတွင်းမှာ စစ်ကြောင်း သုံးကြောင်းနဲ့ စစ်
ကူပို့ဖို့ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် KNLA ၊PDF ၊KNDO နဲ့ပူး​ပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဟာ မြဝတီမြို့တောင်ဘက် မင်းလက်ပံနဲ့ဖလူးကျေးရွာ
အနီးမှာ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်
အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက မြန်မာ-ထိုင်းနယ်စည်းမျဉ်းဘေးက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက် ခဲ့တာဖြစ်ပါတယ်။
❤33👍11🤬2🤮1🥴1
KNU တပ်မဟာ(၆)နယ်မြေမှာ စစ်တပ်ရဲ့ နယ်စပ်တပ်စခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဆက်တိုက်သိမ်းပိုက်လျက်ရှိရာ ၂၀၂၅ မေလ ၂၃ရက်နောက်ပိုင်းမှာ ဘလက်ဒိုတပ်စခန်း၊ ကနဲလေးတပ်စခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ ဘုရင့်နောင်တပ်စခန်း၊ မော်ခီးတပ်စခန်း၊ သေ့ဘောဘိုးတပ်စခန်းနဲ့ ထိကပလယ်တပ်စခန်းတို့ကိုဆက်
တိုက် သိမ်းပိုက်ခဲ့ပါတယ်။

တစ်ဖက်မှာ စစ်တပ်ကလည်း ၂၀၂၅ စက်တင်
ဘာလမှ မြဝတီ-​ကော့ကရိတ်လမ်းမကို ပြန်ထိန်းချုပ်နိုင်ခဲ့သလို သက်န်းညီ​နောင် ၊​လေး​ကေ့​ကော် မြို့သစ်တို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါ့အပြင် မြဝတီမြို့အနီးက လက်ခက်​တောင်အပါ
အဝင်စစ်​ရေးအရ အ​ရေးကြီးတဲ့​တောင်ကုန်း​တွေကိုပြန်ထိန်းချုပ်နိူင်ခဲ့ပါတယ်။

စစ်တပ်က ​​ဝေါ်လေဗျူဟာကို ထိုးစစ်ဆင်ခံရချိန်မှာ စစ်ရေးပစ်မှတ်တွေအပြင် ဝေါလေ၊ ထီးသဲလယ်နဲ့ ဗျူဟာအနီးက အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဝေါ်လေ ဒေ
သခံတချို့ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဝေါ်လေဗျုဟာအနီးက ထီးသဲလယ်ရွာက နေအိမ်အများအ
ပြား ပျက်စီးခဲ့ရတဲ့အပြင် ၊ အဲဒီ ဗျုဟာဝန်းကျင်က ထီးညလိ(ရွှေဖရုံသီး)ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ရတာတွေ ရှိပါတယ်။
👍38🥰3❤2🥴1🤣1
ဝေါ​လေဗျူဟာကို ယခုနှစ် နှစ်ဆန်းပိုင်းကအ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့
👍42❤7🤣2🥰1
စစ်တွေ၊ ရွှေမင်းဂံရေတပ် နဲ့ ဒကစဌာနချုပ်ကို
AA အရှိန်မြှင့်ထိုးစစ်ဆင်

ဇွန်-၃၊၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်
စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒကစ(စစ်တွေ)နဲ့ အနီးဆုံးမှာရှိတဲ့ ကျားမသောက်၊ တောကန်နဲ့ ကံ့ကော်ကျွန်းရွာအနီးဝန်းကျင်ရှိ အာ
ဏာသိမ်းစစ် တပ်စခန်းတွေကို မြေပြင်ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲ​တွေပြင်းထန်နေပါတယ်။ ကံ့ကော်ကျွန်းစခန်း ဟာ ဒကစဌာနချုပ်နဲ့ နှစ်မိုင်ဝန်းကျင်ပဲကွာဝေးပြီး တောကန်ကတော့ ကျားမသောက်တပ်ရင်း နဲ့ မိုင်ဝက်ဝန်းကျင် သာ ကွာဝေးပါတယ်။

“ဒကစ ဌာနချုပ်နဲ့ နာရီကန်၊ ကျားမသောက် စတဲ့တပ်ရင်းတွေကို ပတ်လည်ကတိုက်နေတာ။ဒီဘက် ကံ့ကော်ကျွန်းကနေ တောကန်၊ သိန်းတန်၊ ကျားမသောက် အဲဒီနားတွေမှာ ဖြစ်နေတာပါ တိုက်ပွဲတွေက။ ရေတပ်နားဆိုရင်တော့ ရွှေမင်းဂံရွာနားမှာ ဖြစ်နေတယ်” လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

မြေပြင်တိုက်ပွဲတွေဖြစ်နေသလို အဝေးပစ်လက်
နက်ကြီးတွေနဲ့လည်း ဒကစဌာနချုပ်နဲ့ တပ်ရင်းတွေကို တိုက်ခိုက်နေတယ်လို့ စုံစမ်းသိရပါတယ်။

“တပ်ရင်းတွေထဲကို ညတိုင်းပစ်တယ်။ ကျားမသောက်တပ်ရင်းကို လက်နက်ကြီးကျတာ လေးယောက် သေတယ် ကြားတယ်။ အရင်တရက်ကကျလို့ သေတာ။ လက်နက်ကြီးသံတွေကတော့ မကြားရတဲ့ရက်မရှိဘူး။ လက်နက်ငယ် သံကတော့ ဒီရက်ပိုင်းမှာမှ ကြားရတာ”လို့စစ်တွေမြို့ခံတဦးက ပြောပါ တယ်။

တောကန်၊ ကံ့ကော်ကျွန်းအနီးတိုက်ပွဲဖြစ်နေပြီး လက်နက်ငယ်ပစ်ခတ်သံတွေကို ဇွန် ၂ ရင်ညနေနဲ့ ဇွန် ၃ ရက်မနက်အစောပိုင်းက ကြားလိုက်ရတယ်လို့လည်း သူကဆက်​ပြောပါတယ်။

AAဟာကုလားတန်မြစ်အနောက်ဘက်ခြမ်းရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်၊ ဒကစဌာနချုပ်၊ တပ်ရင်းအနီး ဝန်းကျင်တွေမှာ တိုက်ပွဲဖော်နေသလို ရသေ့တောင်မြို့နယ်နဲ့ စစ်တွေမြို့နယ်အစပ် မယူမြစ်အရှေ့ဘက်ခြမ်း ဝါဘို၊ အမြင့်ကျွန်းကျေး
ရွာအနီးဝန်းကျင်တွေမှာလည်း တိုက်ပွဲ​တွေမကြာ
ခဏ ဖြစ်နေတာရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“အခုအတိုင်း အင်တိုက်အားတိုက်ဆိုရင် ဒီနှစ်ထဲတောင် စစ်တွေက ပြတ်လောက်တယ်” လို့ စစ်ရေးအခြေအနေတွေကို လေ့လာနေတဲ့ ရခိုင်ဒေသခံလူငယ်တဦးက ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာစစ်တွေမြို့ရဲ့ အ
နောက်ဘက်ရှိ ရသေ့တောင်၊ မြောက်ဘက်ရှိ ပုဏ္ဏားကျွန်း၊ အရှေ့ ဘက်ရှိ ပေါက်တောမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

AA ဟာ စစ်တွေ၊ ရွှေမင်းဂံရေတပ်စခန်း၊ ဒကစဌာနချုပ်၊ တပ်ရင်းတွေကို တိုက်ခိုက်နေသလို စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ထဲနဲ့ တောင်ဘက် ဘင်္ဂလားပင်လယ်၀မှာ ရပ်ထားတဲ့ စစ်သ
င်္ဘောတွေကို လည်း ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ် တိုက်ခိုက်​နေပါတယ်။ AA ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ မေလ ၂၄ ရက်နေ့က စစ် တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ် လို့ ဒေသခံတွေက ပြော
ပါတယ်။

အဲဒီလိုတိုက်ပွဲတွေဖြစ်နေချိန် စစ်တပ်က စစ်တွေမြို့ထဲမှာလည်း ည ကိုးနာရီကနေ မနက် လေးနာရီထိ ညမထွက်ရအမိန့် ထုတ်ထားပြီး ညတိုင်းကင်းလှည့်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ဒါ့အပြင် ခြံစည်းရိုးကာထား တဲ့ ကမ်း
နားလမ်းတလျှောက်မှာလည်း ဘန်ကာတွေအများအပြားဆောက်လုပ်နေပါတယ်။

ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ မကြာခဏထုတ်ပြောထားတဲ့ AA ဟာ ရခိုင်ပြည်နယ်အ တွင်းက လက်ကျန်မြို့ဖြစ်တဲ့ စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်ပြီး ကာကင်းစခန်းတွေ သိမ်းယူနေခဲ့တာပါ။ အခုအခါ AA ဟာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါအဝင် ရှေ့တန်းကာ ကင်းစခန်းအချို့ကို သိမ်းပိုက်ထားပါတယ်။

စစ်တွေမြို့နယ်ရဲ့ အစပ် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တို့ကို အလုံးစုံထိန်း
ချုပ်ထားတဲ့ AA ဟာ စစ်တွေကို ဝန်းရံပိတ်ဆို့ထားပြီး ထိုးစစ်ဆင်နေတာဖြစ်ပြီး မြေပြင်တိုက်ပွဲပြင်းပြင်းထန်ထန်မရှိပေမယ့် အဝေးပစ် လက်
နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကတော့ နေ့စဉ်ရက်ဆက်ရှိနေပါတယ်။

စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက်တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တစ်ဆယ်ဝန်းကျင်ရှိပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်း
ကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတာမှာ စစ်​တွေ၊​ကျောက်ဖြူ ၊မာန်​အောင်မြို့နယ်သုံးခုမှအပ ကျန် ၁၄ မြို့နယ်စလုံးကို AA ကသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါ့အပြင် ​ကျောက်ဖြူမြို့နယ် န့ စစ်​တွေမြို့နယ်မှာ အခုလပိုင်းအတွင်း AA ကထိုးစစ်ကို အရှိန်မြှင့်တိုက်ခိုက်လာတာဖြစ်ပါတယ်။
🥰32❤17👍12🥴2🤣1
အာဏာသိမ်းစစ်တပ်ကစစ်တွေမြို့ ကမ်းနားလမ်း ကို ခြံစည်းရိုးခတ်ထားပြီးအသစ် ထပ်ဆောက်ထားတဲ့ ဘန်ကာတစ်ခုကို​တွေ့ရစဥ်။
ဓါတ်ပုံ-​ဒေသခံ
🥴24❤13🥰2🔥1
နတ်မောက်က သမှုန်းကုန်းကြီးရွာကို စစ်တပ် မီးရှို့ဖျက်ဆီးနေ

ဇွန်-၃၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က သမှုန်းကုန်းကြီးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဒီကနေ့(ဇွန်လ ၃ ရက်)‌ နေ့လယ်ပိုင်းက နတ်မောက် -ပျော်ဘွယ်လမ်းမကြီးဘေးမှာရှိတဲ့ သမှုန်းကုန်းကြီးကျေးရွာကို စစ်တပ်စစ်ကြောင်းက မီးရှို့နေတာလို့ ဆိုပါတယ်။

"သမှုန်းကုန်ကြီးက ရွာကြီး တိုက်နယ်အဆင့်လောက်ရှိတယ်။အိမ်ကြီး အိမ်ကောင်းတွေများတယ်။ဆုံးရှုံးမှု အသေးစိတ်တော့ မသိရသေးဘူး။ရွာခံတွေက အကုန်ထွက်ပြေးနေရတာ"လို့ နတ်မောက်မြို့ခံတစ်ဦးက ပြောပါတယ်။

နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ အခု ၂၀၂၆ ဧပြီကတည်းက မကြာခဏစစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

"သမှုန်းကုန်းကြီးကျေးရွာကို စခများမီးရှို့နေပါတယ်ခင်ဗျာ။ ပြည်သူများ သတိရှိကြပါ။ စခများနဲ့ နီးကပ်စွာမနေကြပါနဲ့ ခင်ဗျာ။ စစ်ကြောင်းအဲမှာဘဲ ရှိသေးတယ်"လို့ နတ်မောက်မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့၀င် ရဲဘော်တစ်ဦးက ပြောပါတယ်။

အခုဖြစ်စဉ်မတိုင်မီ ပြီးခဲ့တဲ့လပိုင်းကလည်း စစ်တပ်ဟာ ဖတ်တောရေ၊ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက်ကျေးရွာတွေက နေအိမ်တွေကို ဖောက်ထွင်း မီးရှို့တဲ့အပြင် အရပ်သား ၃ဦးထက်မနည်း သတ်ဖြတ်ထားပါတယ်။

နတ်မောက်မြို့နယ်ကို မြို့သစ်မြို့နယ်နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းကနေ အင်အား ၃၀၀ဝန်းကျင်နဲ့ စစ်တပ်က ဧပြီ ၁ ရက်ကစလို့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတော် လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့မှုတွေ ဖြစ်နေပါတယ်။

အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော်လှန်ရေးတပ်စခန်းတွေကို ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုးရေးကို စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

နေပြည်တော်-မကွေး-မန္တလေးတိုင်း သုံးခုဆုံမှတ်သဏ္ဍန်ရှိနေတဲ့ နတ်မောက်မြို့နယ်မှာ စစ်တပ်ရဲ့ ရွာမွန် ပင်မ စစ်လက်နက်ပစ္စည်းတပ်(ပပနတပ်)နဲ့ ဒန့်ဒလွန်ပင်ဆက်သွယ်ရေးတပ် အခြေစိုက်ထားပါတယ်။
🤬37❤2👎2🤣2
👍24🔥2
၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆန္ဒ ကိုယ်စားပြုနေဆဲဖြစ်ဟု ဖက်ဒရယ်ဦးဆောင်ကောင်စီ သဘာပတိ ပြော

ဇွန်-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီကနေ့အထိ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနေဆဲဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကေရစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အလှည့်ကျ သဘာပတိ ခူဦးရယ်က ပြောပါတယ်။

ဇွန် ၁ရက်ကကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ SCEF  အလှည့်ကျ သဘာပတိ ခူဦးရယ်လည်း တက်ရောက် အမှာစကား ပြောကြားခဲ့တာကို SCEFက ဒီကနေ့မှာ မိန့်ခွန်းရုပ်သံကို ဖော်ပြခဲ့တာပါ။

“စစ်တပ်ဟာ လက်နက်အားနဲ့ အာဏာကို အကြမ်းဖက်သိမ်းနိုင်ခဲ့ပေမယ့် ပြည်သူ့ နှလုံးသားထဲက အာဏာကိုတော့ ဘယ်တော့မှ လုယူဖျက်ဆီးလို့ မရဘူးဆိုတာ ကို သမိုင်းတလျှောက်လုံး တော်လှန်ရေး နှိုးထမှုများက အထပ်ထပ် သက်သေထူပြသပြီးဖြစ်ပါတယ်။နိုင်ငံတကာ လွှတ်တော်များအဖွဲ့ ဖက်ကနေလည်း ဒါကို မကြာသေးခင်က ထပ်မံ အတည်ပြုပေးခဲ့တာ အားလုံးမျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်” လို့ ခူဦးရယ်က ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း  ဧပြီ ၁၉ရက်မှာကျင်းပခဲ့တဲ့ ၁၅ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။  

ဒါ့အပြင် IPU အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာစစ်အုပ်စုက ၂၀၂၅ နှစ်ကုန်နဲ့ ဒီနှစ်အစောပိုင်းမှာရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပေမယ့်ယင်းရွေးကောက်ပွဲများကို ဘယ်သူမှ အသိအမှတ်မပြုဘူးလို့ ပြောကြားခဲ့ပြီး  မြန်မာနိုင်ငံမှာ ပိုပြီး တရားဝင်မှုရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ အချိန်အထိ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို သူတို့ရဲ့ အဖွဲ့အစည်းတွေမှာ ပြည့်ပြည့်၀၀ ကိုယ်စားပြုနိုင်တဲ့အချိန်အထိ IPU အနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုနေတဲ့ ကော်မတီနဲ့ ဆက်လက်ထိတွေ့ဆက်ဆံသွားမယ်လို့ အသိပေးခဲ့ပါတယ်။
 
SCEF အလှည့်ကျသဘာပတိကလည်း မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒတွေကို ဆက်လက် အသိအမှတ်ပြုပေးဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို သတင်းစကား ပြောကြားပါတယ်။

“မြန်မာပြည်သူတွေရဲ့ Legitimate Democratic aspirations ကို  ဆက်လက်အသိအမှတ်ပြုပေးဖို့ Humanitarian assistance နဲ့ Diplomatic support  တွေကို ပိုမိုပံ့ပိုးပေးဖို့ လိုအပ်နေတဲ့အတွက် တဆက်တည်းတိုက်တွန်းရင်း မေတ္တာရပ်ခံချင်ပါတယ်” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ခူဦးရယ်က ပြောကြားပါတယ်။

SCEFကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ KNPP၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို အတူတကွ ရင်ဆိုင်သွားဖို့ အသိပေးထားပါတယ်။

လက်ရှိ တော်လှန်ရေးဟာလူတစုအာဏာရဖို့လုပ်နေတဲ့ တော်လှန်ရေးမဟုတ်ဘဲ စစ်အာဏာရှင် စနစ်ကို အပြီးတိုင်ဖယ်ရှားပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ဆောက်ဖို့ပဲဖြစ်ပါတယ်လို့ ခူဦးရယ်က ပြောပါတယ်။

“ဒီတော်လှန်ရေးဟာ လူမျိုးတမျိုးရဲ့ တော်လှန်ရေးမဟုတ်သလို ဒေသတခုရဲ့ တော်လှန်ရေးလည်း မဟုတ်ပါဘူး။ အနာဂတ်မျိုးဆက်တွေအတွက် တရားမျှတတဲ့ ပြည်ထောင်စုတခု တည်ဆောက်ဖို့ အားလုံးပူးပေါင်းကြိုးပမ်းနေကြရတဲ့ ကောင်းမွန်တဲ့ လုပ်ငန်းစဉ်ကြီးတရပ်ပဲဖြစ်ပါတယ်” လို့ ဥက္ကဋ္ဌ ခူဦးရယ်က ပြောပါတယ်။

အမြင်မတူတာ နည်းဗျူဟာမတူတာတွေ ရှိနိုင်ပေမယ့် အပြန်အလှန် နားလည်အသိအမှတ်ပြုမှုနဲ့ တိုင်းပြည်ချစ်စိတ်အခြေခံကနေ ကြိုးပမ်းအားထုတ်မှု အသီးသီးကို အသိအမှတ်ပြုကြရမယ်လို့လည်း အသိပေးပါတယ်။

“ကျနော်တို့ရဲ့ တော်လှန်ရေးဟာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ လက်နက်ကိုင်အင်အားစုများ CDM ဝန်ထမ်းများ လူငယ်များနဲ့ ပြည်သူလူထု တရပ်လုံးရဲ့ သွေးချွေးအသက်နဲ့ ပေးဆပ်တည်ဆောက်ထားတဲ့ ပြည်သူ့တော်လှန်ရေး စစ်စစ်ဖြစ်တာကြောင့် ဘယ်လို ဖိနှိပ်မှုမျိုးနဲ့မှ ရပ်တန့်သွားမယ့် အလားအလာ မရှိနေတာကို ကျနော်တို့ အခိုင်အမာ ယုံကြည်ထားပါတယ်” လို့ SCEF အလှည့်ကျ သဘာပတိက ပြောကြားပါတယ်။
👍42❤6🥰1🤮1
(၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍40🥰6❤1🤮1
မင်း​အောင်လှိုင် သားနဲ့သမီးလက်ဝါးကြီးအုပ်ထားတဲ့ EV ကား​ဈေးကွက်အတွက် စစ်တပ်ကအခွန်​​လျှော့

ဇွန်-၃ ၊၂၀၂၆။မိုမို/People's Spring

အာဏာသိမ်းခေါင်းဆောင်မင်း​အောင်လှိုင် ရဲ့
သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့လျှပ်စစ်ကား(EV ကား)တင်သွင်းတာမှာအကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်
တော်ယာဉ်ဈေးကွက်မှသတင်းရရှိပါတယ်။

စစ်တပ် ဖွဲ့စည်းထားတဲ့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနက‌ လျှပ်စစ်ကားတွေနဲ့ပတ်သက်လို့ CBU စနစ်(ယာဥ်အလုံးလိုက်တင်သွင်းခြင်း)၊CKD နဲ့ SKD စနစ် (နိုင်ငံအတွင်း အပြီးအစီးတပ်ဆင်ထုတ်လုပ်သည့် ယာဥ်များ) ဘက်ထရီလျှပ်စစ်သုံးယာဉ် (Battery Electric Vehicle-BEV) တွေရဲ့ အကောက်ခွန်နှုန်းတွေကို စစ်အုပ်စုက ဖြေလျှော့
လိုက်တာဖြစ်ပါတယ်။

"အလုံးလိုက်အရန်သင့်စီးမယ့် EV ကားတွေကို
အရင်နှစ်က ကောက်တဲ့အခွန်က ၁၅ ရာခိုင်နှုန်း ကနေ အခု ငါးရာခိုင်နှုန်း၊SKD တို့ CKD တို့ က အရင် ငါးရာခိုင်နှုန်း နဲ့ သုံးရာခိုင်နှုန်းက အခု လုံး၀ မကောက်တော့ဘူး။ကြားတာတော့ ယာဉ်အိုယာဉ်ဟောင်းဈေးကွက် ကို ဖြုတ်ချမယ်။EV ဈေး
ကွက်ကို ပိုခိုင်အောင်လုပ်လာတာ"လို့ မော်တော်
ယာဉ်အရောင်းပြခန်းပိုင်ရှင်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် လျှပ်စစ်သုံးယာဉ်တွေအတွက် အပို
ပစ္စည်း နဲ့ ဆက်စပ်ပစ္စည်း တင်သွင်းမှုကို ကောက်
ခံမယ့် အကောက်ခွန်နှုန်းတွေကို လည်း ထက်၀က် နီးပါးလျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

"ချိန်သားကိုက်ထားတဲ့ အကျိုးအမြတ်တစ်ခု ဖြစ်
လာမှာပေါ့။ယာဉ်အိုယာဉ်ဟောင်းတွေ မအပ် အပ်ချင်အောင်နဲ့ ရောင်းမထွက်သေးတဲ့ ဆိပ်ကမ်းက EV တွေအတွက် ထုတ်ရ ပြုရ လွယ်သွားတာပေါ့။နောက်ဆုံးကတော့ လူထုဆန္ဒ ကို မကြည့်ဘဲ ကိုယ်ထင်ရာအတိုင်းရုပ်လုံးဖော်ကြတဲ့အာဏာရှင်စရိုက်
ပါပဲ"လို့ ၁၀ စုနှစ် တစ်ခုကြာ မော်တော်ယာဉ် အရောင်းအ၀ယ် လုပ်နေသူတစ်ဦးက ပြောပါတယ်။

ထုတ်လုပ်တဲ့ခုနှစ် သက်တမ်း နှစ်(၂၀) ကျော်လွန်ယာဉ်၊ ပြင်ဆင်မရနိုင်တဲ့ ယာဉ်‌တွေနဲ့ သက်တမ်း နှစ်(၂၀) မကျော်သော်လည်း ဆန္ဒအရ အပ်နှံလိုတဲ့ ယာဉ်တွေရဲ့တန်ဖိုးနဲ့အညီ EV ယာဉ်တွေ အစား
ထိုးလဲလှယ်နိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း စစ် တပ်လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်း ရောင်း
ဝယ်ရေးဝန်ကြီးဌာနက မကြာသေးမီရက်ပိုင်းကြေညာ ထားပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားအောင်ပြည့်စုံ ဟာ BYD EV အမှတ်တံဆိပ်၊ သမီးခင်သီရိသက်မွန်ဟာ MG EV အမှတ်တံဆိပ် လျှပ်စစ်ကား​တွေကိုတင်သွင်းနေတာဖြစ်ပါတယ်။ဒါ့အပြင် ခင်သီရိသက်မွန်ရဲ့ စီးပွားဖက် နိုင်ဖြိုးကျော်က ပြည်တွင်းမှာ EV ယာဉ်တွေ တပ်ဆင်ထုတ်လုပ်နေပါတယ်။ ခင်သီရိသက်မွန် နဲ့ နိုင်ဖြိုး​ကျော်တိူ့ဟာ 7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးကတည်းကစီးပွားဖက်​တွေဖြစ်ပါတယ် ။

အာဏာသိမ်း​ခေါင်း​ဆောင်သားနဲ့သမီးတင်သွင်းတဲ့ EV ကား​​တွေဟာ​ ပြည်တွင်းမှာဈေးကွက် ​ဝေစုအများဆုံးရထားတဲ့ အမှတ်တံဆိပ်​တွေဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ကားတင်သွင်းသူ​တွေထဲမှာ စစ်တပ်နဲ့ နီးစပ်သူ ၊လုပ်ငန်းရှင်​တွေအများဆုံးပါဝင်​နေကြတာဖြစ်ပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က SKD စနစ် နဲ့ EV ကားတွေ ထုတ်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လျှပ်စစ်ကား(EV)တင်သွင်းမှုကို စစ်အုပ်စုက ၂၀၂၂ ခုနှစ်က အထူးကုန်စည်အဖြစ်သတ်မှတ်
ပြီး အခွန်အကောက်ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ​EV ယာဥ်များအားလုံးနဲ့ အပိုပစ္စည်းတင်သွင်းမှုကို အကောက်ခွန်သုည ရာခိုင်နှုန်း သတ်မှတ်ခဲ့ပါတယ်။၂၀၂၅ ခုနှစ်မှာ​တော့ တင်သွင်းခွင့် အခွန်ကောက်ယူခဲ့တာဖြစ်ပါတယ်။ အခုအခါမှာ အခွန်​ကောက်ယူတာကိုပြန်လည်​လျှော့​တော့မှာဖြစ်ပါတယ် ။

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
(ကညန)ရဲ့စာရင်းတွေအရ အခု ၂၀၂၆ မေလအထိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဥ်စာရင်းအရ EV ကားအစီးရေ ၁၃,၀၀၀ နီးပါး ရှိပါတယ်။အများစုက တရုတ်နိုင်ငံက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ EV ယာဥ်အရေအတွက် ထက်ဝက်နီးပါးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးတို့က တင်သွင်းထားတာဖြစ်ပါတယ်။ဒါ့အပြင်သူတို့နဲ့ဆက်စပ်ပတ်သက်သူတွေလည်း EV ယာဥ်တွေ တင်သွင်းနေတယ်လို့အမည်မဖော်လိုတဲ့ မော်တော်
ယာဥ်အရောင်းပြခန်းပိုင်ရှင်အချို့က ပြောထားပါတယ်။

တရုတ်နိုင်ငံကို အမှီပြုလွန်ပြီး ခိုင်မာမှုမရှိတဲ့ မြန်မာနိုင်ငံ EV ကား မူဝါဒကြောင့် သုံးစွဲသူတွေအတွက် ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးဖို့ ပြဌာန်းချက်လည်းမရှိဘူးလို့ သူတို့က ဆိုပါတယ်။

ဒါ့အပြင် တစ်ရက်ကို နာရီပိုင်းအလိုက် အလှည့်ကျစနစ်နဲ့သာရနေတဲ့ လျှပ်စစ်မီးနဲ့ မြင့်တက်နေဆဲ အခြေခံစားသောက် ကုန်စျေးတွေကို မဖြေရှင်းနိုင်သေးဘဲ EV ကားတွေ တင်သွင်းမယ့် စစ်အုပ်စုကို ကား​လောက နဲ့ နီးစပ်သူ​တွေကဝေဖန်​နေကြပါတယ်။
👎27🤮8❤7😁4
အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်သား
​အောင်ပြည့်စုံ တင်သွင်း​ရောင်းချ​နေတဲ့ BYD ကား​တွေကို ၂၀၂၃ မတ်လကရန်ကုန်မြို့မှာလုပ်ခဲ့တဲ့လျှပ်စစ်ကားပြပွဲမှာ​တွေ့ရစဥ်။
ဓါတ်ပုံ-People's Daily
🔥25👎12