People's Spring
✔
60K subscribers
71.5K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပြည့်စုံအောင်တို့သားအမိ ကားတိုက်ခံရပြီးနောက် တွေ့ရစဥ် ဓာတ်ပုံ-ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း Facebook)
😢39❤1🥰1🤮1
စစ်ရေးကြောင့် မိုးညှင်းမြို့နယ်က လမ်းပိုင်းအချို့ ယာယီပိတ်ထားဟု KIA ထုတ်ပြန်
 
ဇွန် ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက လမ်းပိုင်းအချို့ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) တပ်ရင်း(၂၆)က ဇွန်လ ၂ရက်က ထုတ်ပြန်ပါတယ်။

လက်တလော စစ်ရေး၊နိုင်ငံရေးကြောင့် KIA တပ်ရင်း(၂၆) နယ်မြေဖြစ်တဲ့ ညောင်ပင် -ချောင်း၀- ဆနွင်းကုန်း အင်းသာနဲ့ နမ့်မွန်းလမ်းပိုင်းအား ဇွန် ၂ရက်က စပြီးအများပြည်သူခရီးသွားလာခြင်း ဆိုင်ကယ် မော်တော်ယာဉ်ကြီးယဉ်ငယ်များ ဖြတ်သန်းသွားလာခြင်းအား ယာယီပိတ်ထားတာလို့ အသိပေးပါတယ်။

KIA တပ်ရင်း (၂၆)ဟာ မေလ ၃၁ရက်ကလည်း မိုးညှင်းမြို့နယ် ဟိုပင်-ချောင်း၀၊ ဟိုပင်-ညောင်ပင်လမ်း တံတား စတဲ့နေရာတွေမှာလည်း ယာယီပိတ်ထားကြောင်း ကချင်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါသေးတယ်။
 
" ဖားကန့်ကို စစ်ကြောင်းထိုးနိုင်တဲ့ လမ်းကြောင်းတခုပါ"လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က KIA တပ်ရင်း(၂၆)ရဲ့ လမ်းပိုင်းတွေ ယာယီပိတ်ထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။
 
ဖားကန့်မြို့နယ်မှာ မေလအတွင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လတ်တလောမှာတော့ တိုက်ပွဲတွေ ခေတ္တပြန်ငြိမ်နေတယ်လို့ ဆိုပါတယ်။
 
" လုံးခင်း မှော်စီစာတဝိုက် သူတို့ စကစနဲ့ ပြည်သူစစ်တွေ ခိုးဆိုးလုယက်လုပ်တာကလွဲပြီး တိုက်ပွဲတွေ ခဏငြိမ်နေတယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဖားကန့်ဒေသမှာ စစ်တပ်က ပြည်သူလူထု ပစ္စည်းတွေ လုယက်ယူဆောင်နေမှု အခြေအနေကို ပြောပြပါတယ်။
 
ဒေသခံအချို့ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖားကန့်ဒေသ အခြေအနေကို လူမှုကွန်ရက်မှာ ရေးသားထားရာ လုံးခြင်း၊ မှော်စီဆာဘက် ဓားပြတိုက်ခံရပြီး ကျူးလွန်သူဟာ စစ်ကောင်စီလက်အောက်ခံ တပ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
 
အာဏာသိမ်းစစ်တပ်ဟာ လက်တလောမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ကိုလည်း စစ်ယာဉ်တန်းတွေနဲ့ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေသလို ဒေသအချို့မှာလည်း စစ်အင်အားတွေ စုဖွဲ့ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေပါတယ်။ ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး ဝိုင်းမော် ၊ ဗန်းမော်ဘက်မှာလည်း ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေရှိနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အသိပေးထားပါတယ်။
👍38🔥4❤3🥰1👏1🖕1
🔥16👍3
မင်းတပ်မှာ တိုက်ပွဲဆက်ဖြစ်

ဒေသခံ ပြည်သူတွေ ဘေးကင်းရေး စစ်တပ် စစ်ကြောင်းတွေ ရှောင်ရန်လိုဟု သတိပေး
 
ဇွန်-၃၊၂၀၂၆။ထားမြတ်/People’s Spring
 
ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

မေလကုန်ပိုင်းမှာ ချင်း-မကွေးအစပ်က စစ်တပ်စစ်ကြောင်းတွေဟာ မင်းတပ်မြို့နယ်အတွင်း ဝင်ရောက်ပြီး ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးတာ အပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာလို့ ချင်းတော်လှန်ရေး တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။

“ထိတွေ့ရှိနေဆဲ။ နယ်ခြားတ၀ိုက်မှာပါပဲ” လို့ ဒေသခံသတင်းရင်းမြစ်က မင်းတပ်မြို့နယ်အတွင်း စစ်ရေး အခြေအနေ အကျဉ်းကို ပြောပါတယ်။ ဒေသခံတွေအနေနဲ့လည်း စစ်တပ် စစ်ကြောင်းတွေကို ရှောင်ရှားဖို့ လိုအပ်ကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။
 
အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ ချင်းတောင်ပိုင်းက ကန်ပက်လက်နဲ့ မင်းတပ်ကို ထိုးစစ်ဆင်နေလို့ ကန်ပက်လက်မှာ မေလ ၁၈ရက်က စ တိုက်ပွဲတွေ ဖြစ်နေသလို မင်းတပ်မှာတော့ မေလကုန်ပိုင်းကစ တိုက်ပွဲဖြစ်နေတာပါ။ စစ်ရေး အခြေအနေ အသေးစိတ်ကို ချင်းပြည်သူ့အစည်းအရုံးက သတင်းထုတ်ပြန် အသိပေးတာတွေ မရှိသလို ဒေသခံ သတင်းရင်းမြစ်အချို့ကလည်း စစ်ရေးလုံခြုံမှုအရ အသိပေး ပြောကြားတာမရှိပါဘူး။
 
စစ်တပ်ဟာ မေလအတွင်းမှာ ချင်း-မကွေးအစပ် ဆောမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက် စစ်ကြောင်းထိုးတာ၊ ကျေးရွာတွေ မီးရှို့တာ၊ ပြည်သူလူထုတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက အသိပေးပါတယ်။

ယောဒေသ သတင်းတွေ အသိပေးနေတဲ့ ယောအလင်းတန်းက တာဝန်ရှိသူတစ်ဦးကလည်း
 စစ်ကောင်စီတပ်ဟာ ဆောဒေသကို ဝင်ရောက်စဉ် ပြည်သူလူထုတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်ခဲ့လို့ ပြည်သူတွေ အနေနဲ့ စစ်ကြောင်းတွေဝင်လာရင် ဝေးဝေးရှောင်ဖို့ နှိုးဆော်ထားပါတယ်။
 
“ဘာလို့လဲဆိုရင် ပြည်သူတွေကို သူတို့က လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုလို့ရှိရင် တော်လှန်ရေးလုပ်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရိုးလုပ်စဉ်တွေ လုပ်ငန်းစဉ်တွေအပေါ်မှာ အနှောက်အယှက်ဖြစ်တယ်ပေါ့နော်။ တချို့ ကိစ္စတွေဆိုရင် ပြည်သူတွေ ပါနေတဲ့အတွက် ရှောင်ပေးလိုက်ရတာမျိုး အဲဒါမျိုးတွေ လည်းရှိတယ်ဆိုတော့ ပြည်သူတွေ စစ်ကြောင်းနဲ့ ဝေးဝေးရှောင်ပါ။ အန္တရာယ်ကင်းအောင် နေကြပါပေါ့။ လက်နက်ကြီး အန္တရာယ်တွေ လေကြောင်းအန္တရာယ်တွေ ကို ကြိုတင်ပြီးရှောင်ရှားကြဖို့ ရှောင်နိုင်အောင် ထိန်းချုပ်ကြဖို့ပေါ့ အဲဒါပဲ ပြောချင်ပါတယ်” လို့ ယောအလင်းတန်းတာဝန်ရှိသူက ပြောပါတယ်။
ယောဒေသရှိ တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ယောတပ်တော်ကလည်း  မေလ ၃၁ရက်မှာ ချင်း-မကွေးအစပ် ယောဒေသ တိုက်ပွဲ အခြေအနေကို ထုတ်ပြန်အသိပေးထားရာ   
ယောဒေသကို အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို သုံးပတ်ခန့်အတွင်း တိုက်ပွဲအကြိမ် ၁၀၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းအသိပေးထားပါတယ်။
 
မေလ ၁၁ရက်မျာ ပေါက် ကပစ-၂၄ မှ ထွက်လာသော အင်အား (၄၀၀) ခန့်ပါ စစ်ကြောင်း၊ မေလ ၂၂ရက်မှာ ကပစ ၂၄က ထွက်လာသော အင်အား ၉၀၀ ခန့်နဲ့ စစ်ယာဉ်တန်းများ စုစုပေါင်း အင်အား ထောင်ချီနဲ့ ယောဒေသ ပုံတောင် နတ်ထိပ်သို စစ်ကြောင်းထိုးလာလို တိုက်ပွဲတွေ ဖြစ်ခဲ့တာလို ဆိုပါတယ်။

မေလ ၁၃ရက်ကနေမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ မေလကုန်ပိုင်းအထိ  တိုက်ပွဲ အကြိမ် ၁၀၀ ထက်မနည်းရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
တိုက်ပွဲများအတွင်း မဟာမိတ်တပ်ပေါင်းစုဘက်မှ ကျဆုံးထိခိုက်မှုတွေ ရှိသလို စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ကျော်၊ သေဆုံးသူ (၈၀) ကျော်ရှိကြောင်း ယောတပ်တော်က ထုတ်ပြန်ပါတယ်။ဒါ့အပြင် စစ်သုံပန်းများနဲ့ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ဟု ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီ စစ်ကြောင်း တွေက အပြစ်မဲ့အရပ်သားပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာ၊ ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ ကျေးရွာများအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူတာ၊ နေအိမ်များအားမီးရှိဖျက်ဆီးတာ၊ လေကြောင်းဖြင့် စစ်ဘေးရှောင်နေရာများသို အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်တာ စတဲ့ လူမဆန်သောလုပ်ရပ်များနဲ့ စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့ကြောင်း ယောတပ်တော်က ထုတ်ပြန်ပါတယ်။

“စစ်တပ်က ဝင်လာကတည်းက အရပ်သားတွေကို ဖမ်းဆီးတာ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေရှိပါတယ်။ ပြီးတော့ နှိပ်စက်ညှင်းပမ်းပြီး သတ်ဖြတ်ခံရတဲ့ အရပ်သားတွေလည်း ရှိပါတယ်။ သူတို နှိပ်စက်ညှင်းပမ်းပြီး သတ်ဖြတ်ထားတဲ့ အနေအထားတွေမှာ လောလောဆယ် ရောက်နေတဲ့ စစ်ကြောင်းတွေက ကချောင်းနားမှာ ရှိတဲ့ဟာတွေကို ကျနော်တိုက အတည်ပြုဖို ခက်ခဲနေဆဲပေါ့နော်။ ကပစ ၂၄ ကနေ ကျောက်ထုအမြောက်တပ်ကို လာတဲ့အချိန်မှာ သူတို အနေနဲ့ လမ်းမှာ အရပ်သား ပြည်သူ ၆ယောက်ထပ်မနည်းပေါ့နော် အဲဒါတော့ သတ်ဖြတ်ခံခဲ့ရတယ်” လို့  ယောအလင်းတန်း တာဝန်ရှိသူက မေလ ၃၀ရက်မှာ ပြောပြထားပါတယ်။
👍36❤11😁3
တိုက်ပွဲများဆက်လက်၍ ပြင်းထန်လာနိုင်လို တော်လှန်ပြည်သူလူထုများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြဖို ယောတပ်တော်က ထုတ်ပြန်ခဲ့ပြီး မိမိတိုဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြဖို့ ယောတပ်တော်က တိုက်တွန်းနှိုးဆော်ထားပါတယ်။
👍32❤3🤣1
(မင်းတပ်မြို့နယ်က ထင်ချောင်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတာကို မေလ ၃၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)
🤬42🤮4👎1👏1
အုတ်ဖိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါ ၁၂ ဦး သေဆုံး

ဇွန်-၃၊ ၂၀၂၆။ နော်/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးအနောက်ရိုးမ ဗျူဟာ ၂၂ က ဇွန်လ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ရက် ညနေပိုင်းမှာ အုတ်ဖိုမြို့နယ်၊ ကျီးပြတ်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေ ကျီးပြတ်ရွာ ပြည်သူပိုင် ခြံတစ်ခြံမှာ တပ်စွဲထားချိန် ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း တပ်ခွဲတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ တွေက စစ်တပ်တပ်စွဲထားတဲ့ ကျီးပြတ်ရွာကို ဒရုန်းကြဲချ တိုက်ခိုက်ပြီးနောက် ချေမှုန်းရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲကြာချိန် နှစ်နာရီခွဲခန့်အထိ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က ၁၂ ဦး သေဆုံးခဲ့ပြီး စစ်ကြောင်းမှူး ဗိုလ်တစ်ဦး ဒရုန်းထိမှန် သေဆုံးခဲ့တယ်လို့ ပဲခူးအနောက်ရိုးမဗျူဟာ ၂၂ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်များစွာနဲ့ တပ်ဆုတ်ထွက်ပြေးသွားတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေဘက်က လိုက်လံရှင်းလင်းနိုင်ခဲ့ပြီး ကျီးပြတ်ကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ တပ်ဆုတ်ထွက်ပြေးပြီး အုတ်ဖိုမြို့နယ်ထဲက ကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေပါတယ်။

“ခုချိန်ထိ အနီးအနားရွာတွေကို စစ်ကြောင်းထိုးနေတာ ရှိပါတယ်“ လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တာတွေပြုလုပ်နေသလို ပြည်သူတွေကိုလည်း သတ်ဖြတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
👍44🥰5❤4👏1🤣1
(စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - Screen-grab)
👍40❤11🥰3🤣1
ရမ်း‌ဗြဲမြို့စစ်ရှောင်စခန်း စစ်တပ် ဗုံးကြဲ၊ သက်ကြီးရွယ်အို ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ

ဇွန်-၃၊၂၀၂၆။ဇော်ရမ်း/People's Spring

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က စစ်ဘေးရှောင် စခန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ သက်ကြီးရွယ်အို ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။

ဇွန်လရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဇွန်၁ရက်နေ့မနက်မှာ တောင်ကုတ်မြို့နယ်ကို လေကြောင်းကနေဗုံးကြဲပြီး ညပိုင်းမှာတော့ ရမ်းဗြဲမြို့နယ်ကို ဗုံးကြဲတာ ဖြစ်ပါတယ်။

ဇွန်လ ၁ ရက် ည ၉ နာရီခွဲခန့်က ရမ်းဗြဲမြို့နယ်၊ ကြောင်ချတွင်းကျေးရွာက စစ်ဘေးရှောင်စခန်းနဲ့ ကျေးရွာဝန်းကျင်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲသွားတာလို့ ဒေသခံသတင်းမြစ်က ပြောပါတယ်။

"တောင်မော်ဦးရေတပ်ဘက်က တိုက်ပွဲတွေကြောင့် ရမ်းဗြဲမှာလာပြီးရှောင်နေကြတာ။ ဒီနေရာက တိုက်ပွဲလုံးဝမရှိဘူး။ အရပ်သားပစ်မှတ် ကို တမင်သက်သက်လာပြီးဗုံးကြဲသွားတာ"လို့ ၎င်းက ပြောပါတယ်။

ယင်းနေ့မနက်ပိုင်းက တောင်ကုတ်မြို့နယ်က ဆားပြင်ရွာနဲ့ ကင်းတောင်ကျေးရွာအနီးဝန်းကျင်ကို လေကြောင်းကနေဗုံးကြဲဖြစ်စဉ်မှာ ထိခိုက်မှုရှိ၊ မရှိတော့ မသိရသေးပါဘူး။

စစ်တပ်က ပြီးခဲ့တဲ့မေလနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်ထဲက သံတွဲ၊ အမ်း၊ စနဲနဲ့ ဂွမြို့နယ်တွေကို ဗုံးကြဲခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုပြီးပြင်းထန်တဲ့
ပုံစံပြောင်းလာပြီး သတိပြုကြဖို့ အာရက္ခတပ်တော် (AA)နဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

လေကြောင်းတိုက်ခိုက်ရာမှာ တိုက်လေယာဉ် ၂စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးတိုက်ခိုက် နေတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ ပိုမို သတိရှိကြဖို့ AAက သတိပေးထားပါတယ်။

လက်ရှိမှာ စစ်တွေမြို့နဲ့ စနဲမြို့အနီး အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စနဲမြို့အနီး မေလ၂၈ရက်ကနေ မေလ၃၀ရက်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးသူ၄၀ကျော်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်မ (၁၁) လက်အောက်ခံ ခမရ (၂၁၂)၊ ခမရ (၂၁၃)၊ ခမရ ( ၂၁၉) တပ်ရင်း‌တွေပါဝင်ပြီး ကြည်း၊ရေ၊လေပစ်ကူတွေနဲ့စစ်ကြောင်းထိုးလာပေမယ့် ထိခိုက်သေဆုံးမှုများပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ AAရဲ့ စစ်ရေးသတင်းတွေကိုဖော်ပြပေးနေတဲ့Arakan Princess Media က ဖော်ပြထားပါတယ်။
🤬37❤3👍3👎2🔥1😁1
🔥14👍5
တော်လှန်​ရေးတပ်​တွေက ဝေါ်လေဗျူဟာကိုထပ်မံထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်​နေ

ဇွန်-၃၊၂၀၂၆။ဒီးဒီ၊နိုင်ပ​ကောင်း /People’s Spring

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်
မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်း
ထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဇွန်လ ၂ရက်မှာ KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်တပ်က လေကြောင်းပစ်ကူသုံးပြီးအပြင်းအထန်ခုခံ​နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

"စစ်တပ်က ကုန်းပေါ်မှာ ဒဏ်ရာရထားတာ ၄၀၊ ၅၀ လောက်ရှိတယ်ပြောတယ်။ ဝေါ်လေက ဗျူ
ဟာအရတော့ ဗျူဟာက နည်းနည်းကျယ်တယ်လေ။ သူတို့ ဘယ်လောက်တောင့်ခံနိုင်မလဲပေါ့လေ"လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။

တိုက်ပွဲမှာပြင်းထန်ပြီး နှစ်ဖက်စလုံးမှာထိခိုက်
ကျဆုံးမှု​တွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။စစ်တပ်က Y-12၊ ဂျက်ဖိုက်တာတွနဲ့ လေကြောင်းမှဆက်တိုက်ဗုံးကြဲ ပစ်ကူပေးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

"လေယာဉ်က ဆက်တိုက်လာတာ။ ပြည်သူတွေက စက်သုံးဆီချွေတာပြီးသုံးနေရတယ်။လေယာဉ်ကြတော့။ ဗုံးကြဲဖို့ကြ လောက်နေတယ်"လို့ အထက်
ပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။

ဇွန် ၂ ရက်ညနေ(၃)နာရီခွဲအချိန်ခန့်မှစပြီး စစ်တပ်က တိုက်လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲ​နေတာဖြစ်ပါတယ် ။ဒါ့အပြင် ဒရုန်းတွေနဲ့လည်း အသုံးပြုတိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲကြောင့် နယ်စပ်က မြန်မာစစ်ဘေးရှောင် ၂၀၀ ခန့်ဟာ ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်း တိမ်းရှောင်ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါအပြင် တိုက်ပွဲ​တွေအတွင်းလွှတ်တင်တဲ့အ​သေခံဒရုန်းတစ်စင်းဟာ ထိုင်းနိုင်ငံပိုင်နက် နယ်စပ်မှာကျ​ရောက်​ပေါင်ကွဲတာ​​ကြောင့်​သေဆုံးထိခိုက်မှု​တွေလည်းရှိ​နေပါတယ် ။

အဲဒီအ​သေခံဒရုန်းကိုဘယ်ဘက်ကလွတ်တင်တယ်ဆိုတာ သီးခြားအတည်မပြုနိုင်​သေး​ပေမယ့် စစ်တပ်က ​​ဝေါ​လေဗျူဟာအတိုက်ခံရချိန်မှာ ​လေ​ကြောင်းနဲ့ ဒရုန်း​တွေကို အဓိကသုံးပြီးခုခံ​နေတာဖြစ်တယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဒါအပြင် ဖလူး၊ မင်းလက်ပံဒေသ​တွေမှာတိုက်ပွဲတွေ မရှိပေမယ့် စစ်တပ်ကလက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

"ထင်တာ သူတို့(စစ်တပ်)တိုးမှမရတာ၊ တက်လာလိုက် သေကုန်လိုက် ပြန်ဆုတ်လိုက်ပဲ။ အခြေ
အနေ စောင့်ကြည့်နေတုန်း၊ အဲဒါကြောင့် တက်မလာသေးတာထင်တယ်"လို့ ဖလူးဒေသရှိ ကရင်သတင်းရင်းမြစ်တစ်ဦးက​ပြောတယ်။

တော်လှန်ရေးတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၂၅ရက်ကလည်း ဝေါ်လေဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲတုန်းကလည်း စစ်တပ်က လေ
ကြောင်းကနေ အပြင်းအထန် ခုခံခဲ့ရပါတယ်။ဧပြီ ၂၅ ရက်မှာလည်း တိုက်ပွဲ​တွေပြင်းထန်ခဲ့တာ​ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းက နယ်စပ်မှာလုံခြုံ​ရေးတိုးမြှင့်ခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ဝေါ်လေဗျူဟာကုန်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၆ မတ်လမှာတော့ စစ်တပ်ရဲ့ဝေါလေဗျူဟာကိုအပြီးသတ်သိမ်းနိုင်ဖို့ တော်လှန်ရေးတပ်တွေကို အရှိန်မြင့် တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ​ဝေါ်လေဗျူ
ဟာရဲ့ကာကင်း​တွေကို ​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ဆက်လက်ပြီး ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်​​နေကြတာလည်းဖြစ်ပါတယ်​။

ဝေါ်လေဗျူဟာမကျရေးအတွက်စစ်တပ်ကလည်း လေကြောင်းကဗုံး​တွေကြဲသလို ကာမီကာဇေဒရုန်းတွေနဲ့ ပါခုခံနေတာပါ။ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်​တောက်ထားတာဖြစ်ပါတယ်။

​​တော်လှန်​ရေးတပ်​တွေရဲ့ ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်မှု​ကြောင့် စစ်တပ်က​ဝေါ​လေဗျူဟာရှိ
စစ်သား​တွေအတွက် စားနက်ရိက္ခာ နဲ့ ခဲယမ်း​တွေကိုလေ​ကြောင်းက​နေ မကြာခဏ ချထား​ပေးပါတယ်။ အဲဒီလို လက်နက်ခဲယမ်းနဲ့ ရိက္ခာထုပ်​တွေချ​ပေးတာမှာ​တော်လှန်​ရေးတပ်​တွေကသိမ်းဆည်းရရှိခဲ့တာ​တွေလည်းရှိပါတယ်။

ဝေါ်လေဗျူဟာကို စစ်ကူပေးဖို့နဲ့ မြဝတီမြို့တောင်ဘက်မှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့အတွက် စစ်တပ်က ပြီးခဲ့တဲ့နှစ် ၂၀၂၅ အောက်
တိုဘာအတွင်းမှာ စစ်ကြောင်း သုံးကြောင်းနဲ့ စစ်
ကူပို့ဖို့ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် KNLA ၊PDF ၊KNDO နဲ့ပူး​ပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဟာ မြဝတီမြို့တောင်ဘက် မင်းလက်ပံနဲ့ဖလူးကျေးရွာ
အနီးမှာ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်
အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက မြန်မာ-ထိုင်းနယ်စည်းမျဉ်းဘေးက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက် ခဲ့တာဖြစ်ပါတယ်။
❤33👍11🤬2🤮1🥴1
KNU တပ်မဟာ(၆)နယ်မြေမှာ စစ်တပ်ရဲ့ နယ်စပ်တပ်စခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဆက်တိုက်သိမ်းပိုက်လျက်ရှိရာ ၂၀၂၅ မေလ ၂၃ရက်နောက်ပိုင်းမှာ ဘလက်ဒိုတပ်စခန်း၊ ကနဲလေးတပ်စခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ ဘုရင့်နောင်တပ်စခန်း၊ မော်ခီးတပ်စခန်း၊ သေ့ဘောဘိုးတပ်စခန်းနဲ့ ထိကပလယ်တပ်စခန်းတို့ကိုဆက်
တိုက် သိမ်းပိုက်ခဲ့ပါတယ်။

တစ်ဖက်မှာ စစ်တပ်ကလည်း ၂၀၂၅ စက်တင်
ဘာလမှ မြဝတီ-​ကော့ကရိတ်လမ်းမကို ပြန်ထိန်းချုပ်နိုင်ခဲ့သလို သက်န်းညီ​နောင် ၊​လေး​ကေ့​ကော် မြို့သစ်တို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါ့အပြင် မြဝတီမြို့အနီးက လက်ခက်​တောင်အပါ
အဝင်စစ်​ရေးအရ အ​ရေးကြီးတဲ့​တောင်ကုန်း​တွေကိုပြန်ထိန်းချုပ်နိူင်ခဲ့ပါတယ်။

စစ်တပ်က ​​ဝေါ်လေဗျူဟာကို ထိုးစစ်ဆင်ခံရချိန်မှာ စစ်ရေးပစ်မှတ်တွေအပြင် ဝေါလေ၊ ထီးသဲလယ်နဲ့ ဗျူဟာအနီးက အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဝေါ်လေ ဒေ
သခံတချို့ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဝေါ်လေဗျုဟာအနီးက ထီးသဲလယ်ရွာက နေအိမ်အများအ
ပြား ပျက်စီးခဲ့ရတဲ့အပြင် ၊ အဲဒီ ဗျုဟာဝန်းကျင်က ထီးညလိ(ရွှေဖရုံသီး)ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ရတာတွေ ရှိပါတယ်။
👍38🥰3❤2🥴1🤣1
ဝေါ​လေဗျူဟာကို ယခုနှစ် နှစ်ဆန်းပိုင်းကအ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့
👍42❤7🤣2🥰1
စစ်တွေ၊ ရွှေမင်းဂံရေတပ် နဲ့ ဒကစဌာနချုပ်ကို
AA အရှိန်မြှင့်ထိုးစစ်ဆင်

ဇွန်-၃၊၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်
စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒကစ(စစ်တွေ)နဲ့ အနီးဆုံးမှာရှိတဲ့ ကျားမသောက်၊ တောကန်နဲ့ ကံ့ကော်ကျွန်းရွာအနီးဝန်းကျင်ရှိ အာ
ဏာသိမ်းစစ် တပ်စခန်းတွေကို မြေပြင်ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲ​တွေပြင်းထန်နေပါတယ်။ ကံ့ကော်ကျွန်းစခန်း ဟာ ဒကစဌာနချုပ်နဲ့ နှစ်မိုင်ဝန်းကျင်ပဲကွာဝေးပြီး တောကန်ကတော့ ကျားမသောက်တပ်ရင်း နဲ့ မိုင်ဝက်ဝန်းကျင် သာ ကွာဝေးပါတယ်။

“ဒကစ ဌာနချုပ်နဲ့ နာရီကန်၊ ကျားမသောက် စတဲ့တပ်ရင်းတွေကို ပတ်လည်ကတိုက်နေတာ။ဒီဘက် ကံ့ကော်ကျွန်းကနေ တောကန်၊ သိန်းတန်၊ ကျားမသောက် အဲဒီနားတွေမှာ ဖြစ်နေတာပါ တိုက်ပွဲတွေက။ ရေတပ်နားဆိုရင်တော့ ရွှေမင်းဂံရွာနားမှာ ဖြစ်နေတယ်” လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

မြေပြင်တိုက်ပွဲတွေဖြစ်နေသလို အဝေးပစ်လက်
နက်ကြီးတွေနဲ့လည်း ဒကစဌာနချုပ်နဲ့ တပ်ရင်းတွေကို တိုက်ခိုက်နေတယ်လို့ စုံစမ်းသိရပါတယ်။

“တပ်ရင်းတွေထဲကို ညတိုင်းပစ်တယ်။ ကျားမသောက်တပ်ရင်းကို လက်နက်ကြီးကျတာ လေးယောက် သေတယ် ကြားတယ်။ အရင်တရက်ကကျလို့ သေတာ။ လက်နက်ကြီးသံတွေကတော့ မကြားရတဲ့ရက်မရှိဘူး။ လက်နက်ငယ် သံကတော့ ဒီရက်ပိုင်းမှာမှ ကြားရတာ”လို့စစ်တွေမြို့ခံတဦးက ပြောပါ တယ်။

တောကန်၊ ကံ့ကော်ကျွန်းအနီးတိုက်ပွဲဖြစ်နေပြီး လက်နက်ငယ်ပစ်ခတ်သံတွေကို ဇွန် ၂ ရင်ညနေနဲ့ ဇွန် ၃ ရက်မနက်အစောပိုင်းက ကြားလိုက်ရတယ်လို့လည်း သူကဆက်​ပြောပါတယ်။

AAဟာကုလားတန်မြစ်အနောက်ဘက်ခြမ်းရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်၊ ဒကစဌာနချုပ်၊ တပ်ရင်းအနီး ဝန်းကျင်တွေမှာ တိုက်ပွဲဖော်နေသလို ရသေ့တောင်မြို့နယ်နဲ့ စစ်တွေမြို့နယ်အစပ် မယူမြစ်အရှေ့ဘက်ခြမ်း ဝါဘို၊ အမြင့်ကျွန်းကျေး
ရွာအနီးဝန်းကျင်တွေမှာလည်း တိုက်ပွဲ​တွေမကြာ
ခဏ ဖြစ်နေတာရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“အခုအတိုင်း အင်တိုက်အားတိုက်ဆိုရင် ဒီနှစ်ထဲတောင် စစ်တွေက ပြတ်လောက်တယ်” လို့ စစ်ရေးအခြေအနေတွေကို လေ့လာနေတဲ့ ရခိုင်ဒေသခံလူငယ်တဦးက ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာစစ်တွေမြို့ရဲ့ အ
နောက်ဘက်ရှိ ရသေ့တောင်၊ မြောက်ဘက်ရှိ ပုဏ္ဏားကျွန်း၊ အရှေ့ ဘက်ရှိ ပေါက်တောမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

AA ဟာ စစ်တွေ၊ ရွှေမင်းဂံရေတပ်စခန်း၊ ဒကစဌာနချုပ်၊ တပ်ရင်းတွေကို တိုက်ခိုက်နေသလို စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ထဲနဲ့ တောင်ဘက် ဘင်္ဂလားပင်လယ်၀မှာ ရပ်ထားတဲ့ စစ်သ
င်္ဘောတွေကို လည်း ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ် တိုက်ခိုက်​နေပါတယ်။ AA ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ မေလ ၂၄ ရက်နေ့က စစ် တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ် လို့ ဒေသခံတွေက ပြော
ပါတယ်။

အဲဒီလိုတိုက်ပွဲတွေဖြစ်နေချိန် စစ်တပ်က စစ်တွေမြို့ထဲမှာလည်း ည ကိုးနာရီကနေ မနက် လေးနာရီထိ ညမထွက်ရအမိန့် ထုတ်ထားပြီး ညတိုင်းကင်းလှည့်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ဒါ့အပြင် ခြံစည်းရိုးကာထား တဲ့ ကမ်း
နားလမ်းတလျှောက်မှာလည်း ဘန်ကာတွေအများအပြားဆောက်လုပ်နေပါတယ်။

ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ မကြာခဏထုတ်ပြောထားတဲ့ AA ဟာ ရခိုင်ပြည်နယ်အ တွင်းက လက်ကျန်မြို့ဖြစ်တဲ့ စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်ပြီး ကာကင်းစခန်းတွေ သိမ်းယူနေခဲ့တာပါ။ အခုအခါ AA ဟာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါအဝင် ရှေ့တန်းကာ ကင်းစခန်းအချို့ကို သိမ်းပိုက်ထားပါတယ်။

စစ်တွေမြို့နယ်ရဲ့ အစပ် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တို့ကို အလုံးစုံထိန်း
ချုပ်ထားတဲ့ AA ဟာ စစ်တွေကို ဝန်းရံပိတ်ဆို့ထားပြီး ထိုးစစ်ဆင်နေတာဖြစ်ပြီး မြေပြင်တိုက်ပွဲပြင်းပြင်းထန်ထန်မရှိပေမယ့် အဝေးပစ် လက်
နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကတော့ နေ့စဉ်ရက်ဆက်ရှိနေပါတယ်။

စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက်တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တစ်ဆယ်ဝန်းကျင်ရှိပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်း
ကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတာမှာ စစ်​တွေ၊​ကျောက်ဖြူ ၊မာန်​အောင်မြို့နယ်သုံးခုမှအပ ကျန် ၁၄ မြို့နယ်စလုံးကို AA ကသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါ့အပြင် ​ကျောက်ဖြူမြို့နယ် န့ စစ်​တွေမြို့နယ်မှာ အခုလပိုင်းအတွင်း AA ကထိုးစစ်ကို အရှိန်မြှင့်တိုက်ခိုက်လာတာဖြစ်ပါတယ်။
🥰32❤17👍12🥴2🤣1
အာဏာသိမ်းစစ်တပ်ကစစ်တွေမြို့ ကမ်းနားလမ်း ကို ခြံစည်းရိုးခတ်ထားပြီးအသစ် ထပ်ဆောက်ထားတဲ့ ဘန်ကာတစ်ခုကို​တွေ့ရစဥ်။
ဓါတ်ပုံ-​ဒေသခံ
🥴24❤13🥰2🔥1
နတ်မောက်က သမှုန်းကုန်းကြီးရွာကို စစ်တပ် မီးရှို့ဖျက်ဆီးနေ

ဇွန်-၃၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က သမှုန်းကုန်းကြီးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဒီကနေ့(ဇွန်လ ၃ ရက်)‌ နေ့လယ်ပိုင်းက နတ်မောက် -ပျော်ဘွယ်လမ်းမကြီးဘေးမှာရှိတဲ့ သမှုန်းကုန်းကြီးကျေးရွာကို စစ်တပ်စစ်ကြောင်းက မီးရှို့နေတာလို့ ဆိုပါတယ်။

"သမှုန်းကုန်ကြီးက ရွာကြီး တိုက်နယ်အဆင့်လောက်ရှိတယ်။အိမ်ကြီး အိမ်ကောင်းတွေများတယ်။ဆုံးရှုံးမှု အသေးစိတ်တော့ မသိရသေးဘူး။ရွာခံတွေက အကုန်ထွက်ပြေးနေရတာ"လို့ နတ်မောက်မြို့ခံတစ်ဦးက ပြောပါတယ်။

နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ အခု ၂၀၂၆ ဧပြီကတည်းက မကြာခဏစစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

"သမှုန်းကုန်းကြီးကျေးရွာကို စခများမီးရှို့နေပါတယ်ခင်ဗျာ။ ပြည်သူများ သတိရှိကြပါ။ စခများနဲ့ နီးကပ်စွာမနေကြပါနဲ့ ခင်ဗျာ။ စစ်ကြောင်းအဲမှာဘဲ ရှိသေးတယ်"လို့ နတ်မောက်မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့၀င် ရဲဘော်တစ်ဦးက ပြောပါတယ်။

အခုဖြစ်စဉ်မတိုင်မီ ပြီးခဲ့တဲ့လပိုင်းကလည်း စစ်တပ်ဟာ ဖတ်တောရေ၊ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက်ကျေးရွာတွေက နေအိမ်တွေကို ဖောက်ထွင်း မီးရှို့တဲ့အပြင် အရပ်သား ၃ဦးထက်မနည်း သတ်ဖြတ်ထားပါတယ်။

နတ်မောက်မြို့နယ်ကို မြို့သစ်မြို့နယ်နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းကနေ အင်အား ၃၀၀ဝန်းကျင်နဲ့ စစ်တပ်က ဧပြီ ၁ ရက်ကစလို့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတော် လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့မှုတွေ ဖြစ်နေပါတယ်။

အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော်လှန်ရေးတပ်စခန်းတွေကို ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုးရေးကို စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

နေပြည်တော်-မကွေး-မန္တလေးတိုင်း သုံးခုဆုံမှတ်သဏ္ဍန်ရှိနေတဲ့ နတ်မောက်မြို့နယ်မှာ စစ်တပ်ရဲ့ ရွာမွန် ပင်မ စစ်လက်နက်ပစ္စည်းတပ်(ပပနတပ်)နဲ့ ဒန့်ဒလွန်ပင်ဆက်သွယ်ရေးတပ် အခြေစိုက်ထားပါတယ်။
🤬37❤2👎2🤣2
👍24🔥2