People's Spring
✔
60K subscribers
71.5K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံမှ တာဝန်ရှိသူ / ပလုံ​​ကောက်​နေရင်း ကားတိုက်ခံရပြီး​သေဆုံးခဲ့တဲ့က​လေးမိခင်/ ရုပ်အ​လောင်းကိုသင်္ဂြိုလ်ရာမိသား
စုဝင်​တချိုနဲ့ လူမှုကူ​ညီ​ရေးအသင်းဝင်တချို့။
ဓါတ်ပုံ-ဝန်းရံမှူးလူမှုကူညီရေးအသင်း
🤬27👍4🔥2😁2❤1🤮1🙏1
ဆောမြို့ပေါ်ရောက်စစ်တပ်စစ်ကြောင်းကအမျိုး
သမီးတွေကိုပစ်မှတ်ထားအကြမ်းဖက်ဖို့ကြိုးစားနေ

ဇွန်-၂၊၂၀၂၆။ဇော်ရမ်း/People's Spring

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်
ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

မကွေးတိုင်းယောဒေသဖြစ်တဲ့ဆောမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ထောင်ကျော်ရှိနေပြီး မြို့‌
ပေါ်ရပ်ကွက်တွေကိုပါ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဇွန်လ၁ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာမြို့ပေါ်မှာနေတဲ့ သားအမိနှစ်ဦးကို အဓမ္မပြုကျင့်ဖို့ကြိုးပမ်းမှုဖြစ်ပွားခဲ့တယ်လို့ ဂန့်ဂေါခရိုင် ပြည်သူကာကွယ်ရေးတပ်ရင်းက တာဝန်ရှိသူတစ်ဦးက အသိပေးထားပါတယ်။စစ်ကြောင်းထိုးရာ လမ်းပိုင်းအတွင်းရှိ နေအိမ်များမှာ ချိတ်ဆွဲ ထားတဲ့ အမျိုးသမီး‌တွေရဲ့ဓာတ်ပုံတွေပေါ်မှာလည်း မဖွယ်
မရာတွေ လုပ်သွားခဲ့တယ်လို့ ပြောထားပါတယ်။

"စကားနဲ့တောင်ပြောဖို့ခက်ခက် လုပ်ရပ်တွေလုပ်နေတာ။အခုရောက်နေတဲ့စစ်ကြောင်းတွေနဲ့ ထိပ်
တိုက်တိုးလို့ကိုလုံးဝမဖြစ်နိုင်ဘူး။တော်တော်အန္တ
ရာယ်ကြီးတဲ့ အခြေအနေဖြစ်တယ်"လို့ယောဒေသ
ခံအမျိုးသမီးတဦးကပြောပါတယ်။

ဆောမြို့နယ်အတွင်းမှာ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီး ထိခိုက်ကျဆုံးမှုတွေလည်းရှိနေတယ်လို့
​တော်လှန်​ရေးတပ်​တွေ​ပြောပါတယ်။

စစ်တပ်က ယောဒေသမှာ စစ်အင်အားတွေတိုးချဲ့ထားသလို ယောဒေသကနေတဆင့် ချင်ပြည်နယ်ကိုစစ်ကြောင်းထိုးဖို့ ကြိုးစားနေပါတယ်။ဆော -ကန်ပက်လက်လမ်း နဲ့ ကျောက်ထု -မင်းတပ်လမ်းကနေ စစ်ကြောင်းနှစ် ကြောင်းနဲ့ထိုးဖို့ကြိုးပမ်းနေပြီး တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

ယောဒေသ နဲ့ ချင်းပြည်နယ်ကို စစ်တပ်ကလေ
ကြောင်းကနေ ဗုံးကြဲနေပြီး လက်ရှိစစ်ရေးအခြေ
အနေတွေကြောင့် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းအင်အားတွေအများအပြားသုံးပြီး စစ်ကြောင်းထိုးဖို့ကြိုးစားနေတာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေက အရပ်သားပြည်သူတွေကိုဖမ်းဆီးသတ်
ဖြတ်တာ၊နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာနဲ့ အမျိုး
သမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်နေပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်စစ်​ကြောင်း​တွေကို​တော်လှန်​ရေးတပ်ဖွဲ့​တွေက​ဖြတ်​တောက်တိုက်ခိုက်တာ၊​ပြောက်ကျားနည်းနဲ့တိုက်ခိုက်တာ​တွေ​
ကြောင့်စစ်တပ်က​သေဆုံးထိခိုက်မှုများ​နေပါတယ်။​သေဆုံးသူအများစုဟာ စစ်မှုထမ်းသင်တန်း
ဆင်းစစ်သားသစ်​​တွေဖြစ်တာ​ကြောင့်​​တော်လှန်​ရေးတပ်​တွေကပြည်သူ​တွေစစ်သားသစ်စု​ဆောင်း
မခံရ​အောင်၊ ​ပေါ်တာဆွဲမခံ ဂရုပြုပြီး ပါးပါးနပ်နပ်​နေထိုင်ကြဖို့ ​တော်လှန်​ရေးတပ်​တွေက တိုက်တွန်း​နေကြပါတယ် ။
🤬32❤7😁2👍1👎1🖕1
စစ်တပ်စစ်​ကြောင်း​တစ်ခုကို​တွေ့ရစဥ်
(ပုံအ​​ဟောင်းဖြစ်ပါတယ်) ။ဓါတ်ပုံ-File
💩33❤5👎5🖕3👍2🔥2🤮1
စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့ ဗြိတိန်ရောက်မြန်မာတွေ အိန္ဒိယ၊တရုတ်၊အင်ဒိုနီးရှားသံရုံးနဲ့ မြန်မာစစ်တပ်သံရုံး​ရှေ့​တွေမှာ ဆန္ဒပြ

ဇွန်-၂၊၂၀၂၆။ သုည/People's Spring

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ အတွက် "PROOF OF LIFE" လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇွန် ၂) ပြုလုပ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာစစ်သံရုံး၊ အင်ဒိုနီးရှားသံရုံး၊ အိန္ဒိယသံရုံး နဲ့ တရုတ်သံရုံးရှေ့တို့မှာ ဆန္ဒထုတ်​ဖော်ခဲ့ကြပါတယ်။

Myanmar Unity Movement အဖွဲ့က ဦး
ဆောင်ကာ ​​"မေတ္တာလှိုင်း လှုပ်ရှားမှု"၊ "Proof Of LOVE" ဟု တင်စားသတ်မှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင်အဖြစ် လှုပ်ရှားခြင်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဗြိတိန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက "Proof of Life" ၊ "Free Daw Aung San Su Kyi and All Political Prisoners" စတဲ့ စာသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ အားလုံးလွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံ အနေနဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် အသက် ဆက်ဖို့ကြိုးစားနေတာကို ဆန့်ကျင်ကန့်ကွက်ဖို့နဲ့ စစ်အုပ်စုကို ထောက်ပံ့ပြုနေခြင်း၊ အခြားနည်းလမ်းတွေနဲ့ ပံ့ပိုးကူညီနေခြင်းတို့ကို
ရပ်တန့်စေဖို့လည်းတိုက်တွန်းဆန္ဒပြခဲ့ပါတယ်။

Myanmar Unity Movement အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ထိုင်းသံရုံးနဲ့ ရုရှားသံရုံး​ရှေ့တို့မှာလည်း ဆန္ဒပြခဲ့
ကြပါတယ်။
❤50👍10🔥2🥰2👎1🤮1🖕1
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ-Myanmar Unity Movement
❤50👍14🥰4🔥2👏2🖕1
ကျောက်ကြီးမြို့နယ်ကို စစ်တပ် လက်နက်ကြီး ပစ်ခတ်လို့ ကလေးငယ် အပါအဝင် ပြည်သူ ၃ဦးသေဆုံး

▪️မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

ဇွန်-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၉)နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ပြည်သူ ၃ဦးသေဆုံးကာ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက ဇွန်လ ၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မေလ ၃၀ရက်က စစ်တပ်ရဲ့ ခမရ(၂၆၄)တပ်ရင်းက ၁၅၅ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ ကျောက်ကြီးမြို့နယ် အင်တိုင်းကုန်းကျေးရွာကို ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး (၉)နှစ်အရွယ်မိန်းကလေးငယ် ၁ဦး၊ အသက် (၄၅)နှစ်အရွယ်အမျိုးသမီး ၁ဦးနဲ့ အသက် (၄၇)နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးကာ အသက် (၁၈)နှစ်အရွယ် မိန်းကလေး ၁ဦး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျောက်ကြီးမြို့နယ်က ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်ခဲ့လို့ ပြည်သူလူထု သေဆုံးထိခိုက်မှုတွေ အများအပြားရှိခဲ့ပါတယ်။

မေလ ၂၆ ရက်ကလည်း ခလရ(၂၆၄) တပ်ရင်းကပဲ ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကကြီးနဲ့ ကျောက်ကြီးမြို့နယ် ကျွန်းကြီးကျေးရွာကို ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၁ဦး အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ ငဖယ်အင်းကျေးရွာကို လေယာဉ် ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုပိုင် နေအိမ်အဆောက်အဦး ပျက်စီးမှုတွေရှိခဲ့ပါတယ်။

စစ်တပ်ဟာ ကျောက်ကြီးမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး လက်နက်ကြီး၊ ဒရုန်း၊လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေလို့ ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး ဒုက္ခများစွာ ကြုံနေရကြောင်း KNUက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့မှာလည်း အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေကြောင်း KNUက ဇွန်လ ၂ရက်မှာ အသိပေးထားပါတယ်။

၂၀၂၅ နိုဝင်ဘာမှာ KNU သိမ်းပိုက်ထားတဲ့ မောတောင်မြို့ကို စစ်တပ်က မေ ၁၉ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာ မြို့ခံ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
စစ်တပ်က မေလ ၃၁ရက်မှာ မောတောင်မြို့ခံ အမျိုးသား  ၁ဦးကို ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့နေရာကို လမ်းပြပေးဖို့ စေခိုင်းခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

အဲဒီ အမျိုးသားဟာ ဇွန်လ ၁ရက်မှာ ထွက်ပြေးခဲ့လွတ်မြောက်ခဲ့ပြီး ၎င်းဖမ်းဆီးခံထားရစဉ်ကသူ နဲ့အတူ အခြား အမျိုးသား ၂ဦးနဲ့ အမျိုးသမီး ၁ဦးကိုလည်း စစ်တပ်ကဖမ်းဆီးထားတာ တွေ့ရတယ်လို့ KNU ထံ ထွက်ဆိုပါတယ်။

 အာဏာသိမ်းစစ်တပ်ဟာ အာဏာတည်မြဲရေးအတွက် အပြစ်မဲ့ ပြည်သူတွေကို ရက်စက်စွာ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်နေကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။
😡38❤5🤬3👍1👎1🔥1👏1
(ကျောက်ကြီးမြို့နယ် အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထိခိုက်သေဆုံးသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
🤬46😡3👎2🔥2😢2👏1
■​ဆောင်းပါး

သားငယ်ပြည့်စုံပါစေ

Scorpio/People's Spring

သူ့နာမည်က ပြည့်စုံအောင်တဲ့။ အသက်က ၈ နှစ်ပဲရှိသေးတယ်။ အရှေ့ဒဂုံ ၁၃ ရပ်ကွက်က ကျူးတဲတွေထဲ နေရတဲ့ သူ့သားကလေးကို အမေက နောင်
တချိန် ပြည့်ပြည့်စုံစုံနေရအောင် ပြည့်စုံအောင်လို့ ပေးခဲ့သလားပဲ။ တကယ်တော့ ပြည့်စုံအောင်တို့ မပြည့်စုံပါဘူး။ အဖေရယ်၊ အမေရယ်၊ မောင်နှမ ၃ ယောက်ရှိတဲ့ သူတို့ ဘဝဟာ နုံချာလှပါတယ်။

အများတကာ မိခင်တွေလိုပါပဲ အမေက ပြည့်
စုံအောင်ကို ပညာတတ်ကြီးဖြစ်စေချင်ပုံရတယ်။ မေတ္တာသင်္ဂဟပရဟိတအသင်းမှာဖွင့်တဲ့ နွေရာသီစာသင်ဝိုင်းမှာ ထားပေးတယ်။ ဒီနှစ်ကျောင်းဖွင့်ရင် ကျောင်းစထားပေးမယ်တဲ့။

ပြည့်စုံအောင်က ညဆို အမေနဲ့အတူ ပလုံကောက်ထွက်တယ်။ အမှန်တော့ ပလုံကနေ့ခင်းကောက်လို့ရတာပဲ။ မနက်ခင်းစောစောလည်း ကောက်လို့ရတာပဲ မှန်ပါတယ်။ ဒါပေမဲ့ ရန်ကုန်လို မြို့ကြီးမှာ
ပလုံကောက်ရတာ ရိုးရှင်းမနေခဲ့ပါဘူး။

တကယ်တော့ အများသူငါမြင်နေရတဲ့ အမှိုက်ကန်တွေမှာ ပလုံက ကောက်ချင်တိုင်းကောက်မရပါဘူး။ စည်ပင်အချိတ်အဆက်တွေနဲ့ ဘယ်သူကဘယ်ကန်ဆိုတာ ရှိပြီးသား။ အမှိုက်ကန်အတွက် ငွေစကြေးစ ပေးလိုကပေးရနဲ့။

မရှိလို့မှ ပလုံကောက်စားရတဲ့ ပြည့်စုံအောင်တို့အတွက် အမှိုက်ကန်ပေါ်တက်ခွင့်ရဖို့က အဝေးကြီးပေါ့။ ဒါ့ကြောင့် ညကြီးအချိန်မတော်ထပြီး ပလုံကောက်ကြရတယ်။

အဲဒီ မေ ၃၀ရက်ညက ပြည့်စုံအောင်အတွက် ဘဝတစ်သက်စာ မေ့မရတော့မယ့်ညပေါ့။ ည ၁၂ နာရီလောက်မှာ ဒဂုံမြို့သစ်မြောက်ပိုင်း ဦးဝိစာရလမ်းပေါ်မှာ အမေနဲ့ ပလုံတွေကောက်ရင်း လှည်းက
လေးကို တွန်းလာခဲ့တယ်။ တွန်းလာရင်း ကားတစ်စီးက သူတို့နှစ်ယောက်လုံးကိုကော လှည်းကလေးကိုကော အရှိန်ပြင်းပြင်းဝင်တိုက်သွားတယ်။

လမ်းပေါ်မှာ ပြည့်စုံအောင်တို့ခက်ခက်ခဲခဲ ကောက်လာတဲ့ ဘူးခွံပုလင်းခွံတွေ ပြန့်ကျဲသွားတယ်။ အရှိန်ဟာ ဘယ်လောက်ပြင်းတယ်မပြင်းတယ် သူတို့လှည်းကလေးဟာဇောက်ထိုးဖြစ်သွားပြီးလှည်း
ဘီးတွေဟာ မိုးပေါ်ထောင်နေခဲ့တယ်။ ပြည့်စုံအောင်လည်း ဒဏ်ရာအနည်းငယ်ရပေမဲ့ လူးလဲထပြီး အမေ့ကိုကြည့်လိုက်တော့ အမေဟာ လှည်းဘေးနားမှာ ခွေခွေလေး လဲနေခဲ့တာ။ အ​မေအသက်တော့ ရှိသေးတယ်။

ပြည့်စုံအောင်ဟာ ခြောက်ကပ်နေတဲ့၊ လူသွား
လူလာကင်းနေတဲ့ လမ်းမကြီးပေါ်မှာ "ကယ်ကြပါဦး၊ ကျွန်တော့်အမေကို ကယ်ကြပါဦး"လို့ အော်တယ်။ အာဏာသိမ်းပြီးကတည်းက ညမှောင်တာနဲ့ လူခြေတွေတိတ်သွားခဲ့တဲ့၊ အခုနောက်ပိုင်း ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ ရာဇဝတ်မှုတွေကြောင့် လူသူမထွက်တော့တဲ့ အဲဒီအချိန်၊ ပြည့်စုံအောင်ရဲ့ အော်သံကို ဘယ်သူကြားမလဲ။

အချိန်ခဏ အကြာမှာတော့ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းကနေကား ၃ စီးနဲ့လာ
ခေါ်ပေးခဲ့တယ်။ မြောက်ဥက္ကလာဆေးရုံအရောက်မှာတော့ အမေ အသက်မရှိတော့ဘူး။ အမေ့ကို အိမ်ပြန်ခေါ်လို့မရတော့ဘူးတဲ့။ ရင်ခွဲရုံမှာထားခဲ့ရမယ်တဲ့။ အဲဒီညက ပြည့်စုံအောင် အမေကော လှည်းကလေးကောမပါဘဲ အိမ်ပြန်လာခဲ့ရတယ်။

နောက်တစ်ရက် အမေ့ကို သင်္ဂြိုလ်မယ်တဲ့။ နာရေးချမယ်ပေါ့။ ဒါပေမဲ့ ဘာလို့ရယ်မသိဘူး အမေ့အလောင်းကို သင်္ဂြိုလ်ဖို့ ထုတ်မရသေးဘူးတဲ့။ ထောက်ခံစာတွေလိုတယ်တဲ့။

အလောင်းထုတ်ဖို့ ရဲစခန်းထောက်ခံစာလိုတယ်တဲ့။ဒါနဲ့ လူကြီးတွေ ယာဉ်တိုက်မှူဖြစ်တဲ့ မြောက်ဒဂုံရဲစခန်းမှာသွားယူကြတယ်။ မြောက်ဒဂုံစခန်းကလည်း သေသူက အရှေ့ဒဂုံမှာနေလို့ အရှေ့ဒဂုံစခန်းမှာ ယူရမှာလို့ပြောလိုက်ပြန်တယ်တဲ့။ ဒါနဲ့ပဲ အရမ်းဝေးတဲ့ အရှေ့ဒဂုံစခန်းကို သွားကြရပြန်တယ်။အရှေ့ဒဂုံစခန်းရောက်တော့လည်း ရပ်
ကွက်လူကြီးထောက်ခံစာယူရမယ်ဆိုတော့ ရပ်
ကွက်ထဲပြေးပြီး အုပ်ကြီးဆီ တခေါက်ပြန်ပြေးရပြန်ရော။

အမေ့အလောင်းထုတ်ရဖို့အရေး ထောက်ခံစာပတ်ယူနေရတာနဲ့တင် အဲနေ့က မီးသင်္ဂြိုလ်ဖို့ အချိန်မမီတော့လို့ ၃ ရက်နောက်ဆုတ်လိုက်ရတယ်။

၃ ရက်ပြည့်လို့ ပြန်သွားကြတော့ ရဲစခန်းဆီက ထောက်ခံစာမဟုတ်ဘဲ ယာဥ်တိုက်မှုမို့ ယာဥ်ထိန်းဆီက ယူရမယ်တဲ့။ အမေ့အလောင်း ထုတ်ပေးလို့မရဘူးတဲ့။ ဒါနဲ့ လူမှုကူညီရေးအသင်းကတာဝန်ရှိသူတွေ အကူအညီနဲ့ ယာဥ်ထိန်း ထောက်ခံစာ နောက်ဆုံးရခဲ့တယ်။ အလောင်းသွားထုတ်တော့
မရသေးဘူးတဲ့။

ဧည့်စာရင်းစာအုပ်လည်းလိုတယ်တဲ့။ နောက်ပြီး အမေက ပထမအိမ်ထောင်ရှိဖူးလို့ဆိုပြီး ပထမအိမ်ထောင်က ယောကျာ်းနဲ့ မွေးထားတဲ့သမီးပါ ခေါ်လာရမယ်တဲ့။ လူမှုကူညီရေးအသင်းက တာ
ဝန်ရှိသူတွေ အကူအညီနဲ့ နောက်ဆုံးတော့ အေးခဲနေတဲ့ အမေ့ရုပ်အလောင်း ထုတ်ခွင့်ရခဲ့ပါတယ်။

ဒီနေ့(ဇွန် ၂) ပြည့်စုံအောင်ကို ကျောင်းထားပေးတဲ့ ဇွန် ၁ ရက်နေ့။ ပြည့်စုံအောင် ကျောင်းဝတ်စုံလေး ဝတ်ထားခဲ့တယ်။ ဒီမြင်ကွင်းကို သိပ်မြင်ချင်တဲ့အမေကတော့ မြင်သွားခွင့်မရခဲ့ဘူးပေါ့။အမေက ကျီ
စုသုဿန်မှာ ရောက်နေခဲ့ပြီ။

ပြည့်စုံအောင် နှုတ်ခမ်းလေး တင်းတင်းစေ့ထားတယ်။ တင်းထားတဲ့ကြားကမျက်ရည်တွေ ဝဲတက်လာတယ်။ အမေ့အလောင်းထားတဲ့နေရာကို လှမ်းကြည့်ရင်း သူ့မျက်နှာမှာ အားငယ်ရိပ်တွေ၊ မျှော်
လင့်ချက်မဲ့မှုတွေ ပေါ်လွင်နေတယ်။

အမေ့ကို ပြည့်စုံအောင် ဦးချကန်တော့ခဲ့တယ်။ အမေ့ကို သင်္ဂြိုလ်ပြီးတော့ သုဿန်ကနေ ပြန်လာခဲ့တယ်။ လူမှုကူညီရေးအသင်းကားပေါ်ရောက်တော့ ပြည့်စုံအောင် မှေးခနဲအိပ်ပျော်သွားတယ်။ သူပင်ပန်းနေပြီလေ။ ။
😢32❤5🥰1🤮1💔1
ပြည့်စုံအောင်တို့သားအမိ ကားတိုက်ခံရပြီးနောက် တွေ့ရစဥ် ဓာတ်ပုံ-ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း Facebook)
😢39❤1🥰1🤮1
စစ်ရေးကြောင့် မိုးညှင်းမြို့နယ်က လမ်းပိုင်းအချို့ ယာယီပိတ်ထားဟု KIA ထုတ်ပြန်
 
ဇွန် ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက လမ်းပိုင်းအချို့ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) တပ်ရင်း(၂၆)က ဇွန်လ ၂ရက်က ထုတ်ပြန်ပါတယ်။

လက်တလော စစ်ရေး၊နိုင်ငံရေးကြောင့် KIA တပ်ရင်း(၂၆) နယ်မြေဖြစ်တဲ့ ညောင်ပင် -ချောင်း၀- ဆနွင်းကုန်း အင်းသာနဲ့ နမ့်မွန်းလမ်းပိုင်းအား ဇွန် ၂ရက်က စပြီးအများပြည်သူခရီးသွားလာခြင်း ဆိုင်ကယ် မော်တော်ယာဉ်ကြီးယဉ်ငယ်များ ဖြတ်သန်းသွားလာခြင်းအား ယာယီပိတ်ထားတာလို့ အသိပေးပါတယ်။

KIA တပ်ရင်း (၂၆)ဟာ မေလ ၃၁ရက်ကလည်း မိုးညှင်းမြို့နယ် ဟိုပင်-ချောင်း၀၊ ဟိုပင်-ညောင်ပင်လမ်း တံတား စတဲ့နေရာတွေမှာလည်း ယာယီပိတ်ထားကြောင်း ကချင်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါသေးတယ်။
 
" ဖားကန့်ကို စစ်ကြောင်းထိုးနိုင်တဲ့ လမ်းကြောင်းတခုပါ"လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က KIA တပ်ရင်း(၂၆)ရဲ့ လမ်းပိုင်းတွေ ယာယီပိတ်ထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။
 
ဖားကန့်မြို့နယ်မှာ မေလအတွင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လတ်တလောမှာတော့ တိုက်ပွဲတွေ ခေတ္တပြန်ငြိမ်နေတယ်လို့ ဆိုပါတယ်။
 
" လုံးခင်း မှော်စီစာတဝိုက် သူတို့ စကစနဲ့ ပြည်သူစစ်တွေ ခိုးဆိုးလုယက်လုပ်တာကလွဲပြီး တိုက်ပွဲတွေ ခဏငြိမ်နေတယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဖားကန့်ဒေသမှာ စစ်တပ်က ပြည်သူလူထု ပစ္စည်းတွေ လုယက်ယူဆောင်နေမှု အခြေအနေကို ပြောပြပါတယ်။
 
ဒေသခံအချို့ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖားကန့်ဒေသ အခြေအနေကို လူမှုကွန်ရက်မှာ ရေးသားထားရာ လုံးခြင်း၊ မှော်စီဆာဘက် ဓားပြတိုက်ခံရပြီး ကျူးလွန်သူဟာ စစ်ကောင်စီလက်အောက်ခံ တပ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
 
အာဏာသိမ်းစစ်တပ်ဟာ လက်တလောမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ကိုလည်း စစ်ယာဉ်တန်းတွေနဲ့ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေသလို ဒေသအချို့မှာလည်း စစ်အင်အားတွေ စုဖွဲ့ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေပါတယ်။ ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး ဝိုင်းမော် ၊ ဗန်းမော်ဘက်မှာလည်း ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေရှိနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အသိပေးထားပါတယ်။
👍38🔥4❤3🥰1👏1🖕1
🔥16👍3