နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ၂၀၂၆ ခုနှစ်အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ဆုတွေကို ပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က Courage Prize(ရဲစွမ်းသတ္တိဆု) ရရှိခဲ့ပါတယ်။ မြန်မာနောင်း(Myanmar Now)သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ ၂၀၂၃ ခုနှစ် မေလက မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကို မှတ်တမ်းတင်ဖို့ ရခိုင်ပြည်နယ် သွားရောက်စဥ် အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။ ဇွန်လ ၁ရက်က ပြင်သစ်နိုင်ငံ မာဆေးလ်မြို့မှာ ၇၇ ကြိမ်မြောက်ကမ္ဘာ့သတင်းမီဒီယာကွန်ဂရက်နဲ့အတူ ၃၄ ကြိမ်မြောက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆုအမျိုးအစား ၅ ခုကို ကြေညာခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်အတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ သတင်းထောက်၊ ဓာတ်ပုံသတင်းထောက် ၂၁ဦး၊ သတင်းမီဒီယာ ၅ခု၊ သတင်းအချက်အလက်ရယူပိုင်ခွင့်လှုပ်ရှားသူ ၁ဦးနဲ့ သတင်းထောက်များကာကွယ်ရေးစုပေါင်းအဖွဲ့ ၁ခုတို့ကို အဆိုပြုခဲ့ပြီး အဲဒီဲထဲကနေ သတင်းသမား ၅ ဦးကို ရွေးချယ်ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က Courage Prize၊ မိုဇမ်ဘစ်သတင်းထောက် ကာလီတို့စ်ကာဒန်ဂူက Impact Prize၊ အာဂျင်တီးနားသတင်းထောက် ဂျူလီယာမန်ဂိုလီနီက Independence Prize၊ ဂူနီယာသတင်းထောက် ဟာဘစ်မာရူအာနီကာမာရာက Mohamed Maiga Prize နဲ့ ပါလက်စတိုင်းဓာတ်ပုံသတင်းထောက် အဗ္ဗဒူလ်ဟာကင်အဘူရီအာရှ်က Lucas Dolega-SAIF Photo Prize တို့ကို အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။
◾️ရခိုင်မှာ စပါးစျေးမရ၊ သွင်းအားစုစျေးကြီးလို့ လယ်လုပ်သူတွေ နည်းလာ
ရခိုင်ပြည်နယ်အတွင်းမှာ လယ်ယာလုပ်ငန်းအတွက် သွင်းအားစုတွေနဲ့ လုပ်အားခစျေးကြီးတာ၊ လယ်ယာထွက်ကုန် စပါးစျေးကောင်းမရတာဘဲ အရှုံးပေါ်တဲ့အတွက်ကြောင့် လယ်သမားတွေဟာ စပါးစိုက်ပျိုးတာကို လျှော့ချလာကြတယ်လို့ စပါးစိုက်တောင်သူလယ်သမားတွေက ပြောပါတယ်။ လက်ရှိမှာ လယ်ယာလုပ်ငန်းအတွက် အဓိကလိုအပ်တဲ့ ဓါတ်မြေဩဇာ အဖြူတအိတ်ကို ကျပ်တသိန်းခွဲ၊ သုံးဥစပ် ဓါတ်မြေဩဇာတအိတ်ကို ကျပ်လေးသိန်းခွဲဝန်းကျင်ထိ လယ်ယာသွင်းအားစု စျေးတွေကြီးနေပါတယ်။ ဒါ့အပြင် မြတ်နှုတ်၊ ကောက်စိုက်အလုပ်သမားခဟာလည်း တရက်မှာ ကျပ်နှစ်သောင်းဝန်းကျင် စျေးရှိနေတာပါ။ လယ်ယာလုပ်ငန်းကထွက်တဲ့ စပါးစျေးကတော့ ပေါ်ဆန်းမွှေး တင်း၁၀၀ကို ကျပ် ၁၅ သိန်း၊ ဖျာပုံပေါ်ဆန်းမွှေး တင်း၁၀၀ကို ကျပ် ၁၄ သိန်း၊ စပါးကြမ်းတင်းတရာကို ကျပ် ၁၂ သိန်းဝန်းကျင်သာ စျေးရှိနေပြီး ဝယ်မယ့်သူလည်း ရှားတယ်လို့ တောင်သူတချို့က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိတဲ့အနက် အခုနှစ်မှာ စပါးစိုက်ကြမယ့် လယ်ယာမြေဟာ ဧက ၅ သိန်းဝန်းကျင်သာ ရှိနိုင်တယ်လို့ ရခိုင်ပြည်နယ်အတွင်းက လယ်သမားအရေးဆောင်ရွက်သူတွေနဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။

👍13🔥4❤3
ငွေကြေးမတတ်နိုင်သူတွေကို အလောင်းထုတ်
ပေးဖို့ အထပ်ထပ်ရစ်နေတဲ့ မြောက်ဥက္ကလာပဆေးရုံရဲ့ ရင်ခွဲရုံ
ဇွန်-၂၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ဆေးရုံရဲ့ ရင်ခွဲရုံက သေဆုံးသွားသူရဲ့ အလောင်းထုတ်ပေးဖို့ အ
ကြောင်း အမျိုးမျိုးပြနေတာကြောင့် အခက်အခဲကြုံရတဲ့ အကြောင်းကို ဝန်းရံမှူးလူမှုကူညီရေးအသင်း ဥက္ကဌဦးထွန်းမြတ်ညွှန့်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ Live လွှင့်ပြောထားပါတယ်။
သေဆုံးသူက မေ ၃၀ ည သန်းခေါင်ယံအချိန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးဝိစာရ လမ်းပေါ်မှာ ယာဉ်တိုက်မှုကြောင့်သေဆုံးသွားရတဲ့ပလုံကောက်
တဲ့ အမျိုးသမီးပါ။
သားဖြစ်သူကျောင်းတတ်ဖို့ ပလုံကောက်ရင်းသေ
ဆုံး ခဲ့ရတဲ့အမျိုးသမီးအတွက်လူထုကသနားဂရု
ဏာသက်ခဲ့ပေမယ့် မြောက်ဥက္ကလာပဆေးရုံ ရင်
ခွဲရုံကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်နဲ့ ဆက်ဆံခံနေရတဲ့ အကြောင်း ဦးထွန်းမြတ်ညွှန့်က မျှဝေထားတာပါ။
ပလုံကောက်တဲ့ အမျိုးသမီးက ယာဉ်တိုက်ခံရတဲ့နေရာမှာ အသက်ရှင်နေသေးတာကြောင့် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဆရာဝန်တွေဘက်က ကြိုး
စားကုသပေးခဲ့ပေမယ့် သေဆုံးသွားခဲ့တာ ကြောင့် ရင်ခွဲရုံမှာ အပ်ထားခဲ့တယ်လို့ ဆိုပါတယ်။
"နောက်နေ့ အလောင်းထုတ်ပြီး သင်္ဂြိုလ်မယ်လုပ်တော့ စရစ်တော့တာပဲ။ အခေါင်းဝယ်မှာလား ၊ သရဏဂုံတင်ပေးရမလား၊ body သယ်ပေးရမလား၊ မီးသင်္ဂြိုလ်ပေးရမလား၊ ဘယ်ရွေ့ဘယ်မျှကျမယ်ဆိုပြီးအလောင်းကိုထုတ်မပေးသေးပဲ မသာပွဲစားစလုပ်တော့တာပဲ။ ဒါတောင် ပလုံကောက်သူတွေမို့မတတ်နိင်ပါဘူး ၊ ပရဟိတအသင်းက တာဝန်ယူမှာပါဆိုလို့ ၇၅၀၀၀ နဲ့ သရဏဂုံတင်ပေးပါမယ် အလောင်းပြင်ပေးပါမယ်ဆိုပြီး ရသလောက်ယူကြသေးတယ်။ပြီးတော့မှ စာရွက်စာတမ်းကစ္စ ၊ အလောင်းထုတ်မဲ့သူကိစ္စ တစ်ခုချင်းကိုရစ်တာ။" လို့ ဦးထွန်းမြတ်ညွန့်က ရေးသားထားပါတယ်။
ရင်ခွဲရုံတာဝန်ရှိသူက သေဆုံးသူရဲ့ မိသားစုတွေကို ရဲစခန်းထောက်ခံစာယူဖို့ပြောတာကြောင့် ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ကိုသွားယူခဲ့တယ်ပါတယ်။ ဒါပေမယ့် ရဲစခန်းကိုရောက်ချိန်မှာ သေဆုံးသူက ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ နေထိုင်တာကြောင့် အဲဒီ့ရဲစခန်းကို ညွန်ခဲ့တယ်လို့ ဆိုပါတယ်။
အရှေ့ဒဂုံမြို့နယ်ရဲစခန်းကထောက်ခံစာရချိန်မှာ အချိန်နောက်ကျနေတာကြောင့် သင်္ဂြိုလ်ဖို့ သုံးရက်စောင့်ခဲ့ရပါတယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာတွေကို ရင်ခွဲရုံမှာပြောကြားခဲ့တဲ့ အခြေအနေကို ဦးထွန်းမြတ်ညွှန့်က Live လွှင့်ထားခဲ့ပြီး ရင်ခွဲရုံတာဝန်ရှိသူက ယာဉ်ထိန်းရုံးကို သွားခိုင်းတာလို့ ငြင်းခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း သေဆုံးသူမိသားစုဝင်က သူတို့ကို မဝတ ရဲစခန်းကိုသွားခဲ့ခိုင်းတာဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။
"မနေ့က(ဇွန်၁) (၃) ရက်ပြည့်လို့ အလောင်းထုတ်မယ်၊ မီးသင်္ဂြိုလ်မယ် ၊ သူတို့ မနက်၁၀ နာရီလောက်လာမယ် ၊ ဆရာကူညီပေးပါဆိုလို့ ကျွန်
တော်လည်းလိုက်သွားခဲ့တယ်။ ဟိုရောက်လို့ အ
လောင်းထုတ်မယ်လည်းဆိုရော ရဲစခန်းထောက်
ခံစာကမှာနေတယ်။ ယာဉ်ထိမ်းဆီက ယူရမှာတဲ့။ ထုတ်ပေးလို့မရဘူးတဲ့။ နာရေးလိုက်ပို့တဲ့သူတွေကလည်း စုံနေပြီ။ မင်းတို့ ဘာဖြစ်လို့ စောစောက
တည်းက ယာဉ်ထိမ်းရဲလို့ ဘာကြောင့်မပြောတာလည်းဆိုပြီးမေးတော့ သူကယာဉ်ထိမ်းရဲကိုလှမ်းပြောပြီးပြီတဲ့။ မင်း ယာဉ်ထိမ်းရဲကို ထောက်ခံစာလာယူလိမ့်မယ်။ ကျွန်တော်တစ်ယောက်လွှတ်
လိုက်တယ်ဆိုပြီးပြောရမှာမဟုတ်ဘူး။ နာရေးရှင်ကို ဘယ်စခန်းဘယ်ရဲဆီမှာ ထောက်ခံစာယူပေးပါလို့ပြောရမှာလေဆိုတော့ ဟိုလိုလို ဒီလိုလို လုပ်နေတယ်။" လို့ ဦးထွန်းမြတ်ညွှန့်ကပြောပါတယ်။
သူတို့ယူခိုင်းတဲ့ ယာဉ်ထိန်းဆီကထောက်ခံစာယူပြီးချိန်မှာလည်း အလောင်းထုတ်ပေးဖို့ ဧည့်စာရင်း စာအုပ်နဲ့ သေဆုံးသူရဲ့ လက်ရှိယောက်ျားတင်မဟုတ်ပဲ ပထမယောက်ျားနဲ့ သမီးတွေကိုပါခေါ်ခဲ့ဖို့ ရင်ခွဲရုံတာဝန်ရှိသူကပြောတယ်လို့ ဆိုပါတယ်။
"ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဧည့်စာရင်းနဲ့နေထိုင်ကြောင်း ထောက်ခံစာလည်းပါတယ်။ ရဲစခန်းရဲ့ထပ်ဆင့်ထောက်ခံစာလည်းပါရဲ့သားနဲ့ ဧည့်စာရင်းစာအုပ်က ဘာဖြစ်လို့လိုတာလည်းဆိုတော့ အကြောင်းပြချက်မရှိဘူး။ မရဘူးလိုတယ်သွားယူပေးတဲ့။" လို့ ကြုံခဲ့ရတဲ့ အကြောင်းကို ဦးထွန်းမြတ်ညွှန့်က ပြောထားပါတယ်။
ငွေကြေးမတတ်နိုင်တာကြောင့် ပရဟိတအသင်းက ကူညီပေးနေတာတောင် အာဏာပါဝါပြ ဟိန်း
ဟောက်ကာ မသာပွဲစားလုပ်ပြီး အပူသည်တွေဆီက ပိုက်ဆံညှစ်ထုတ်နေတာလို့ ဦးထွန်းမြတ်ညွှန့်က ဝေဖန်ထားပါတယ်။
"ဆေးရုံအုပ်ပြောတာတောင်မရဘူးဆိုတဲ့သူတွေ။ဆေးရုံမှာဆေးရုံအုပ်ထက် အာဏာပိုရှိသူတွေ။" လို့ ဦးထွန်းမြတ်ညွန့်က သူကြုံခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
နောက်ဆုံးတော့ သေဆုံးသူရဲ့ အလောင်းကို ထုတ်
ယူနိုင်ခဲ့ပြီးသင်္ဂြိုလ်ခဲ့တဲ့အကြောင်းဓာတ်ပုံမှတ်
တမ်းနဲ့ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်တွေကိုတင်ထားတဲ့ ဦးထွန်းမြတ်ညွှန့်ကို မနက်ဖြန် (ဇွန်၃ ) ရက်မှာ မြောက်ဥက္ကလာပဆေး
ရုံ ဒုဆေးရုံအုပ်က လာရောက်တွေ့ဆုံဖို့ ပြောထားတယ်လို့ သိရပါတယ်။
ပြည်သူတွေကလည်းရင်ခွဲရုံကတာဝန်ရှိသူတွေကိုအပြင်းအထန်ဝေဖန်နေကြပါတယ် ။
"သူတို့နဲ့ တခါထဲ အပြီးအစီး မအပ်တဲ့ အလောင်းမှန်သမျှကို အာ့လို ရစ်တာ ဝန်ထမ်းဆိုးတွေ" လို့ ပြည်သူတစ်ဦးက ဒီဖြစ်စဉ်အပေါ် မှတ်ချက်ရေး
သားထားပါတယ်။

🤬30❤4👎2😡2🔥1😁1
ရန်ကုန်မြို့မှာ ဒီလိုကြုံနေရတာက မြောက်ဥက္ကလာပဆေးရုံတစ်ခုတည်းမဟုတ်ပဲ ရန်ကုန်ဆေးရုံကြီးက အဲဒီ့ထက်ဆိုးတယ်လို့ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးကလည်း ပြောထားပါတယ်။
"မြောက်ဥက္ကလာ ဆေးရုံကြီး ရင်ခွဲရုံ ဆိုးတယ်ဆိုတာရန်ကုန်ဆေးရုံကြီးရင်ခွဲရုံကအိပ်နေသလောက်
ဘဲရှိတယ်။ဆေးရုံအုပ်ကြီးတွေက သူတို့ကိုမနိုင်ဘူးကြောက်ရတယ် မသိကြေးကျွန် ပြုနေရတယ်ဆိုရင် အာဏာပိုင်တွေနဲ့ ဆွေးနွေးသင့်တယ် ခုကတော့ သူတို့မင်းမူ တောင်းသမျှ ပြည်သူတွေက ပေးနေရတာ မဟုတ်သေးဘူး။မဟုတ်ဘူးလာငြင်းရင် သက်သေ နာရေးရှင်တွေ ခေါ်လာလိုက်မယ် ဘာမှတ်လဲ "လို့ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း
ဥက္ကဌ ဦးသန်းထိုက်အောင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာရေး
ထားပါတယ်။

🤬29🔥2👎1😁1😡1
မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံမှ တာဝန်ရှိသူ / ပလုံကောက်နေရင်း ကားတိုက်ခံရပြီးသေဆုံးခဲ့တဲ့ကလေးမိခင်/ ရုပ်အလောင်းကိုသင်္ဂြိုလ်ရာမိသား
စုဝင်တချိုနဲ့ လူမှုကူညီရေးအသင်းဝင်တချို့။
ဓါတ်ပုံ-ဝန်းရံမှူးလူမှုကူညီရေးအသင်း

🤬27👍4🔥2😁2❤1🤮1🙏1
ဆောမြို့ပေါ်ရောက်စစ်တပ်စစ်ကြောင်းကအမျိုး
သမီးတွေကိုပစ်မှတ်ထားအကြမ်းဖက်ဖို့ကြိုးစားနေ
ဇွန်-၂၊၂၀၂၆။ဇော်ရမ်း/People's Spring
ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်
ကြောင်းက ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန် ရေးတပ်ဖွဲ့တွေကပြောပါတယ်။
မကွေးတိုင်းယောဒေသဖြစ်တဲ့ဆောမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ထောင်ကျော်ရှိနေပြီး မြို့
ပေါ်ရပ်ကွက်တွေကိုပါ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
ဇွန်လ၁ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာမြို့ပေါ်မှာနေတဲ့ သားအမိနှစ်ဦးကို အဓမ္မပြုကျင့်ဖို့ကြိုးပမ်းမှုဖြစ်ပွားခဲ့တယ်လို့ ဂန့်ဂေါခရိုင် ပြည်သူကာကွယ်ရေးတပ်ရင်းက တာဝန်ရှိသူတစ်ဦးက အသိပေးထားပါတယ်။စစ်ကြောင်းထိုးရာ လမ်းပိုင်းအတွင်းရှိ နေအိမ်များမှာ ချိတ်ဆွဲ ထားတဲ့ အမျိုးသမီးတွေရဲ့ဓာတ်ပုံတွေပေါ်မှာလည်း မဖွယ်
မရာတွေ လုပ်သွားခဲ့တယ်လို့ ပြောထားပါတယ်။
"စကားနဲ့တောင်ပြောဖို့ခက်ခက် လုပ်ရပ်တွေလုပ်နေတာ။အခုရောက်နေတဲ့စစ်ကြောင်းတွေနဲ့ ထိပ်
တိုက်တိုးလို့ကိုလုံးဝမဖြစ်နိုင်ဘူး။တော်တော်အန္တ
ရာယ်ကြီးတဲ့ အခြေအနေဖြစ်တယ်"လို့ယောဒေသ
ခံအမျိုးသမီးတဦးကပြောပါတယ်။
ဆောမြို့နယ်အတွင်းမှာ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီး ထိခိုက်ကျဆုံးမှုတွေလည်းရှိနေတယ်လို့
တော်လှန်ရေးတပ်တွေပြောပါတယ်။
စစ်တပ်က ယောဒေသမှာ စစ်အင်အားတွေတိုးချဲ့ထားသလို ယောဒေသကနေတဆင့် ချင်ပြည်နယ်ကိုစစ်ကြောင်းထိုးဖို့ ကြိုးစားနေပါတယ်။ဆော -ကန်ပက်လက်လမ်း နဲ့ ကျောက်ထု -မင်းတပ်လမ်းကနေ စစ်ကြောင်းနှစ် ကြောင်းနဲ့ထိုးဖို့ကြိုးပမ်းနေပြီး တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။
ယောဒေသ နဲ့ ချင်းပြည်နယ်ကို စစ်တပ်ကလေ
ကြောင်းကနေ ဗုံးကြဲနေပြီး လက်ရှိစစ်ရေးအခြေ
အနေတွေကြောင့် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းအင်အားတွေအများအပြားသုံးပြီး စစ်ကြောင်းထိုးဖို့ကြိုးစားနေတာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေက အရပ်သားပြည်သူတွေကိုဖမ်းဆီးသတ်
ဖြတ်တာ၊နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာနဲ့ အမျိုး
သမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်နေပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်စစ်ကြောင်းတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကဖြတ်တောက်တိုက်ခိုက်တာ၊ပြောက်ကျားနည်းနဲ့တိုက်ခိုက်တာတွေ
ကြောင့်စစ်တပ်ကသေဆုံးထိခိုက်မှုများနေပါတယ်။သေဆုံးသူအများစုဟာ စစ်မှုထမ်းသင်တန်း
ဆင်းစစ်သားသစ်တွေဖြစ်တာကြောင့်တော်လှန်ရေးတပ်တွေကပြည်သူတွေစစ်သားသစ်စုဆောင်း
မခံရအောင်၊ ပေါ်တာဆွဲမခံ ဂရုပြုပြီး ပါးပါးနပ်နပ်နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းနေကြပါတယ် ။

🤬32❤7😁2👍1👎1🖕1