People's Spring
✔
60K subscribers
71.5K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဇွန်လ ၁ရက် မနက်ပိုင်းက မြိုင်မြို့နယ်၊စက်မှု (၂)ကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကုန်းကျေးရွာ ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ နေအိမ် ၂၀လောက် ကုန်တယ်ပြောတယ်လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။ အဲဒီစစ်ကြောင်းကြောင့် ဝက်ပုတ်အုပ်စုမှ ကျေးရွာ ၄ ရွာ၊ ဝါးရင်းချိုင်၊ ပေပင်တိုက်၊ ချောင်းဦးတို၊အိုင်းမ၊ ကျောက်တိုင် စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆရာထွေးက ပြောပါတယ်။ စစ်ရှောင်အရေအတွက် များနေတာကြောင့် အမိုးအကာ၊ အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

◾️ချောင်းဦးမှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၈ ရွာထက်မနည်း တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က ၂ရက်ဆက် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၈ ရွာထက်မနည်း တိမ်းရှောင်နေရပါတယ်။ ဇွန်လ ၁ ရက် မနက်ပိုင်းကစတင်ပြီး မုံရွာမြို့၊ အနောက်​မြောက်တိုင်း စစ်ဌာနချုပ်နဲ့ မုံရွာ-မန္တလေးလမ်းတလျှောက်က မြပုလဲရွာ၊ ငါးယှန်ရွာ၊ နတ်ရေကန်ရွာနဲ့ ဂွေးပင်တောကျေးရွာ အထိုင်စခန်းတွေက စစ်ကောင်စီတပ်တွေပေါင်းပြီး ချောင်းဦးမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းကြောင့် ချောင်းဦးမြို့နယ်က ရွာတော်လေးရွာ၊ မှန်ချိုရွာ၊ ဆင်မြေရွာ၊ ငါးလုံးတင်ရွာ၊ မထိသာရွာ၊ မင်းခေါင်ရွာ၊ မင်းတည်ရွာနဲ့ မကျည်းခွကျေးရွာတွေဟာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ဇွန်လ ၁ရက်က ဘလွေရွာက ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်း​ဆီးပြီး ပြည်သူတွေရဲ့ပစ္စည်းတွေကိုလည်း ကား ၈ စီးနဲ့သယ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

◾️စစ်ရေးရည်မှန်းချက်တွေ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စစ်ဒေသအလိုက် ဦးစီးကွပ်ကဲဖို့ကြိုးစားနေဟု NUG ယာယီသမ္မတ ပြော

နွေဦးတော်လှန်ရေးအတွင်းမှာ ပေါ်ပေါက်လာတဲ့ စစ်ရေးရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စစ်ဒေသအလိုက် ဦးစီးကွပ်ကဲဖို့ ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။ ဇွန်လ ၁ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ယာယီသမ္မတ မိန့်ခွန်းမှာ SCEF လို့ခေါ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ဖွဲ့စည်းနိုင်မှုကို လွှတ်တော်မှာ ရှင်းလင်း အသိပေး ပြောကြားခဲ့ရာ အခုလို ရှင်းပြခဲ့တာပါ။ ပြည်တွင်းနိုင်ငံရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးစုကြီးတခုလုံးကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဦးဆောင်ပုံဖော်ကြဖို့ ဖြစ်ပါတယ်လို့ ယာယီသမ္မတက SCEF အဖွဲ့ရဲ့ရည်ရွယ်ချက်ကို ပြောပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)အနေနဲ့ စစ်ရေးဖော်ဆောင်ဖို့အတွက် စစ်မဟာဗျူဟာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။ အဲဒီကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့က စစ်ရေးခေါင်းဆောင် ၁၀ဦး ပါဝင်ဖွဲ့စည်းထားပါတယ်။

◾️နိုင်ကျဉ်းဟောင်း ဒါရိုက်တာမင်းထင်ကိုကိုကြီး ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက အသည်းကင်ဆာရောဂါ ခံစားနေရတာဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကင်ဆာဆဲလ်တွေ ပြန့်နေတဲ့အကြောင်းကို ၂၀၂၅ ဇန်နဝါရီမှာသိခဲ့ရတယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်ရေးသားခဲ့ဖူးပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်အရွယ်ဖြစ်ပြီး ကွယ်လွန်ချိန်အထိ သူယုံကြည်ရာကို သစ္စာမဖောက်ဘဲ ရပ်တည်ခဲ့သူဖြစ်ကြောင်း သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ရေးသားဂုဏ်ပြုထားကြပါတယ်။ နောက်ဆုံးအချိန်အထိ ယုံကြည်ရာကို သစ္စာမဖောက်ခဲ့သူ၊ သိက္ခာကို ရိက္ခာနဲ့ မလဲခဲ့သူ အေးချမ်းရာမှာ ငြိမ်းချမ်းပါစေလို့ ၈၈ မျိုးဆက်​ခေါင်း​ဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်နီလာသိန်းက ဆုတောင်းပေးထားပါတယ်။ ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ နာရေးကို မိသားစုဆန္ဒအရ‌ ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ အကျဥ်းခြုံးပြီး နေ့ချင်းသင်္ဂြိုလ်ခဲ့တယ်လို့ ရင်းနှီးသူတချို့က အသိပေးထားပါတယ်။

◾️RSF ရဲ့ ရဲစွမ်းသတ္တိဆုကို မြန်မာနောင်းဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ရရှိ
👍14❤4🔥2
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ၂၀၂၆ ခုနှစ်အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ဆုတွေကို ပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က Courage Prize(ရဲစွမ်းသတ္တိဆု) ရရှိခဲ့ပါတယ်။ မြန်မာနောင်း(Myanmar Now)သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ ၂၀၂၃ ခုနှစ် မေလက မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကို မှတ်တမ်းတင်ဖို့ ရခိုင်ပြည်နယ် သွားရောက်စဥ် အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။ ဇွန်လ ၁ရက်က ပြင်သစ်နိုင်ငံ မာဆေးလ်မြို့မှာ ၇၇ ကြိမ်မြောက်ကမ္ဘာ့သတင်းမီဒီယာကွန်ဂရက်နဲ့အတူ ၃၄ ကြိမ်မြောက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆုအမျိုးအစား ၅ ခုကို ကြေညာခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်အတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ သတင်းထောက်၊ ဓာတ်ပုံသတင်းထောက် ၂၁ဦး၊ သတင်းမီဒီယာ ၅ခု၊ သတင်းအချက်အလက်ရယူပိုင်ခွင့်လှုပ်ရှားသူ ၁ဦးနဲ့ သတင်းထောက်များကာကွယ်ရေးစုပေါင်းအဖွဲ့ ၁ခုတို့ကို အဆိုပြုခဲ့ပြီး အဲဒီဲထဲကနေ သတင်းသမား ၅ ဦးကို ရွေးချယ်ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က Courage Prize၊ မိုဇမ်ဘစ်သတင်းထောက် ကာလီတို့စ်ကာဒန်ဂူက Impact Prize၊ အာဂျင်တီးနားသတင်းထောက် ဂျူလီယာမန်ဂိုလီနီက Independence Prize၊ ဂူနီယာသတင်းထောက် ဟာဘစ်မာရူအာနီကာမာရာက Mohamed Maiga Prize နဲ့ ပါလက်စတိုင်းဓာတ်ပုံသတင်းထောက် အဗ္ဗဒူလ်ဟာကင်အဘူရီအာရှ်က Lucas Dolega-SAIF Photo Prize တို့ကို အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။

◾️ရခိုင်မှာ စပါးစျေးမရ၊ သွင်းအားစုစျေးကြီးလို့ လယ်လုပ်သူတွေ နည်းလာ

ရခိုင်ပြည်နယ်အတွင်းမှာ လယ်ယာလုပ်ငန်းအတွက် သွင်းအားစုတွေနဲ့ လုပ်အားခစျေးကြီးတာ၊ လယ်ယာထွက်ကုန် စပါးစျေးကောင်းမရတာဘဲ အရှုံး​ပေါ်တဲ့အတွက်ကြောင့် လယ်သမားတွေဟာ စပါးစိုက်ပျိုးတာကို​ လျှော့ချလာကြတယ်လို့ စပါးစိုက်​တောင်သူလယ်သမား​တွေက​ ပြောပါတယ်။ လက်ရှိမှာ လယ်ယာလုပ်ငန်းအတွက် အဓိကလိုအပ်တဲ့ ဓါတ်မြေဩဇာ အဖြူတအိတ်ကို ကျပ်တသိန်းခွဲ၊ သုံးဥစပ် ဓါတ်မြေဩဇာတအိတ်ကို ကျပ်လေးသိန်းခွဲဝန်းကျင်ထိ လယ်ယာသွင်းအားစု​ စျေး​တွေကြီးနေပါတယ်။ ဒါ့အပြင် မြတ်နှုတ်၊ ကောက်စိုက်အလုပ်သမားခဟာလည်း တရက်မှာ ကျပ်နှစ်သောင်းဝန်းကျင် စျေးရှိနေတာပါ။ လယ်ယာလုပ်ငန်းကထွက်တဲ့ စပါးစျေးကတော့ ပေါ်ဆန်းမွှေး တင်း၁၀၀ကို ကျပ် ၁၅ သိန်း၊ ဖျာပုံပေါ်ဆန်းမွှေး တင်း၁၀၀ကို ကျပ် ၁၄ သိန်း၊ စပါးကြမ်းတင်းတရာကို ကျပ် ၁၂ သိန်းဝန်းကျင်သာ စျေးရှိနေပြီး ဝယ်မယ့်သူလည်း ရှားတယ်လို့ ​တောင်သူတချို့က​ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိတဲ့အနက် အခုနှစ်မှာ စပါးစိုက်ကြမယ့် လယ်ယာမြေဟာ ဧက ၅ သိန်းဝန်းကျင်သာ ရှိနိုင်တယ်လို့ ရခိုင်ပြည်နယ်အတွင်းက လယ်သမားအရေးဆောင်ရွက်သူတွေနဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။
👍13🔥4❤3
😢24👍6😁1🤮1
ငွေကြေးမတတ်နိုင်သူတွေကို အလောင်းထုတ်
ပေးဖို့ အထပ်ထပ်ရစ်နေတဲ့ မြောက်ဥက္ကလာပဆေးရုံရဲ့ ရင်ခွဲရုံ

ဇွန်-၂၊၂၀၂၆။ရောင်နီ/People's Spring

ရန်ကုန် ‌မြောက်ဥက္ကလာပမြို့နယ် ဆေးရုံရဲ့ ရင်ခွဲရုံက သေဆုံးသွားသူရဲ့ အလောင်းထုတ်ပေးဖို့ အ
ကြောင်း အမျိုးမျိုးပြနေတာကြောင့် အခက်အခဲကြုံရတဲ့ အကြောင်းကို ဝန်းရံမှူးလူမှုကူညီရေးအသင်း ဥက္ကဌဦးထွန်းမြတ်ညွှန့်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ Live လွှင့်ပြောထားပါတယ်။

သေဆုံးသူက မေ ၃၀ ည သန်းခေါင်ယံအချိန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးဝိစာရ လမ်း‌ပေါ်မှာ ယာဉ်တိုက်မှုကြောင့်သေဆုံးသွားရတဲ့ပလုံကောက်
တဲ့ အမျိုးသမီးပါ။

သားဖြစ်သူကျောင်းတတ်ဖို့ ပလုံကောက်ရင်းသေ
ဆုံး ခဲ့ရတဲ့အမျိုးသမီးအတွက်လူထုကသနားဂရု
ဏာသက်ခဲ့ပေမယ့် မြောက်ဥက္ကလာပဆေးရုံ ရင်
ခွဲရုံက‌တော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်နဲ့ ဆက်ဆံခံနေရတဲ့ အကြောင်း ဦးထွန်းမြတ်ညွှန့်က မျှဝေထားတာပါ။

ပလုံကောက်တဲ့ အမျိုးသမီးက ‌ယာဉ်တိုက်ခံရတဲ့နေရာမှာ အသက်ရှင်နေသေးတာကြောင့် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဆရာဝန်တွေဘက်က ကြိုး
စားကုသပေးခဲ့ပေမယ့် သေဆုံးသွားခဲ့တာ‌‌ ကြောင့် ရင်ခွဲရုံမှာ အပ်ထားခဲ့တယ်လို့ ဆိုပါတယ်။

"နောက်နေ့ အလောင်းထုတ်ပြီး သင်္ဂြိုလ်မယ်လုပ်တော့ စရစ်တော့တာပဲ။ အခေါင်းဝယ်မှာလား ၊ သရဏဂုံတင်ပေးရမလား၊ body သယ်ပေးရမလား၊ မီးသင်္ဂြိုလ်ပေးရမလား၊ ဘယ်ရွေ့ဘယ်မျှကျမယ်ဆိုပြီးအလောင်းကိုထုတ်မပေးသေးပဲ မသာပွဲစားစလုပ်တော့တာပဲ။ ဒါတောင် ပလုံကောက်သူတွေမို့မတတ်နိင်ပါဘူး ၊ ပရဟိတအသင်းက တာဝန်ယူမှာပါဆိုလို့ ၇၅၀၀၀ နဲ့ သရဏဂုံတင်ပေးပါမယ် အလောင်းပြင်ပေးပါမယ်ဆိုပြီး ရသလောက်ယူကြသေးတယ်။ပြီးတော့မှ စာရွက်စာတမ်းကစ္စ ၊ အလောင်းထုတ်မဲ့သူကိစ္စ တစ်ခုချင်းကိုရစ်တာ။" လို့ ဦးထွန်းမြတ်ညွန့်က ရေးသားထားပါတယ်။

ရင်ခွဲရုံတာဝန်ရှိသူက သေဆုံးသူရဲ့ မိသားစုတွေကို ရဲစခန်းထောက်ခံစာယူဖို့ပြောတာကြောင့် ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ကိုသွားယူခဲ့တယ်ပါတယ်။ ဒါပေမယ့် ရဲစခန်းကိုရောက်ချိန်မှာ ‌ သေဆုံးသူက ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ နေထိုင်တာကြောင့် အဲဒီ့ရဲစခန်းကို ညွန်ခဲ့တယ်လို့ ဆိုပါတယ်။

အရှေ့ဒဂုံမြို့နယ်ရဲစခန်းကထောက်ခံစာရချိန်မှာ အချိန်နောက်ကျနေတာကြောင့် သင်္ဂြိုလ်ဖို့ သုံးရက်စောင့်ခဲ့ရပါတယ်လို့ သိရပါတယ်။

ဒီအကြောင်းအရာတွေကို ရင်ခွဲရုံမှာပြောကြားခဲ့တဲ့ အခြေအနေကို ဦးထွန်းမြတ်ညွှန့်က Live လွှင့်ထားခဲ့ပြီး ရင်ခွဲရုံတာဝန်ရှိသူက ယာဉ်ထိန်းရုံးကို သွားခိုင်းတာလို့ ငြင်းခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း သေဆုံးသူမိသားစုဝင်က သူတို့ကို မဝတ ရဲစခန်းကိုသွားခဲ့ခိုင်းတာဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။

"မနေ့က(ဇွန်၁) (၃) ရက်ပြည့်လို့ အလောင်းထုတ်မယ်၊ မီးသင်္ဂြိုလ်မယ် ၊ သူတို့ မနက်၁၀ နာရီလောက်လာမယ် ၊ ဆရာကူညီပေးပါဆိုလို့ ကျွန်
တော်လည်းလိုက်သွားခဲ့တယ်။ ဟိုရောက်လို့ အ
လောင်းထုတ်မယ်လည်းဆိုရော ရဲစခန်းထောက်
ခံစာကမှာနေတယ်။ ယာဉ်ထိမ်းဆီက ယူရမှာတဲ့။ ထုတ်ပေးလို့မရဘူးတဲ့။ နာရေးလိုက်ပို့တဲ့သူတွေကလည်း စုံနေပြီ။ မင်းတို့ ဘာဖြစ်လို့ စောစောက
တည်းက ယာဉ်ထိမ်းရဲလို့ ဘာကြောင့်မပြောတာလည်းဆိုပြီးမေးတော့ သူကယာဉ်ထိမ်းရဲကိုလှမ်းပြောပြီးပြီတဲ့။ မင်း ယာဉ်ထိမ်းရဲကို ထောက်ခံစာလာယူလိမ့်မယ်။ ကျွန်တော်တစ်ယောက်လွှတ်
လိုက်တယ်ဆိုပြီးပြောရမှာမဟုတ်ဘူး။ နာရေးရှင်ကို ဘယ်စခန်းဘယ်ရဲဆီမှာ ထောက်ခံစာယူပေးပါလို့ပြောရမှာလေဆိုတော့ ဟိုလိုလို ဒီလိုလို လုပ်နေတယ်။" လို့ ဦးထွန်းမြတ်ညွှန့်ကပြောပါတယ်။

သူတို့ယူခိုင်းတဲ့ ယာဉ်ထိန်းဆီကထောက်ခံစာယူပြီးချိန်မှာလည်း အလောင်းထုတ်‌ပေးဖို့ ဧည့်စာရင်း စာအုပ်နဲ့ သေဆုံးသူရဲ့ လက်ရှိယောက်ျားတင်မဟုတ်ပဲ ပထမယောက်ျားနဲ့ သမီးတွေကိုပါခေါ်ခဲ့ဖို့ ရင်ခွဲရုံတာဝန်ရှိသူကပြောတယ်လို့ ဆိုပါတယ်။

"ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဧည့်စာရင်းနဲ့နေထိုင်ကြောင်း ထောက်ခံစာလည်းပါတယ်။ ရဲစခန်းရဲ့ထပ်ဆင့်ထောက်ခံစာလည်းပါရဲ့သားနဲ့ ဧည့်စာရင်းစာအုပ်က ဘာဖြစ်လို့လိုတာလည်းဆိုတော့ အကြောင်းပြချက်မရှိဘူး။ မရဘူးလိုတယ်သွားယူပေးတဲ့။" လို့ ကြုံခဲ့ရတဲ့ အကြောင်းကို ဦးထွန်းမြတ်ညွှန့်က ပြောထားပါတယ်။

ငွေကြေးမတတ်နိုင်တာကြောင့် ပရဟိတအသင်းက ကူညီပေးနေတာတောင် အာဏာပါဝါပြ ဟိန်း
ဟောက်ကာ မသာပွဲစားလုပ်ပြီး အပူသည်တွေဆီက ပိုက်ဆံညှစ်ထုတ်နေတာလို့ ဦးထွန်းမြတ်ညွှန့်က ဝေဖန်ထားပါတယ်။

"ဆေးရုံအုပ်ပြောတာတောင်မရဘူးဆိုတဲ့သူတွေ။ဆေးရုံမှာဆေးရုံအုပ်ထက် အာဏာပိုရှိသူတွေ။" လို့ ဦးထွန်းမြတ်ညွန့်က သူကြုံခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

နောက်ဆုံးတော့ သေဆုံးသူရဲ့ အလောင်းကို ထုတ်
ယူနိုင်ခဲ့ပြီးသင်္ဂြိုလ်ခဲ့တဲ့အကြောင်းဓာတ်ပုံမှတ်
တမ်းနဲ့ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်တွေကိုတင်ထားတဲ့ ဦးထွန်းမြတ်ညွှန့်ကို မနက်ဖြန် (ဇွန်၃ ) ရက်မှာ မြောက်ဥက္ကလာပဆေး
ရုံ ဒုဆေးရုံအုပ်က လာရောက်တွေ့ဆုံဖို့ ပြောထားတယ်လို့ သိရပါတယ်။

ပြည်သူ​တွေကလည်းရင်ခွဲရုံကတာဝန်ရှိသူ​တွေကိုအပြင်းအထန်​ဝေဖန်​နေကြပါတယ် ။
"သူတို့နဲ့ တခါထဲ အပြီးအစီး မအပ်တဲ့ အလောင်းမှန်သမျှကို အာ့လို ရစ်တာ ဝန်ထမ်းဆိုးတွေ" လို့ ပြည်သူတစ်ဦးက ဒီဖြစ်စဉ်အပေါ် မှတ်ချက်ရေး
သားထားပါတယ်။
🤬30❤4👎2😡2🔥1😁1
ရန်ကုန်မြို့မှာ ဒီလိုကြုံနေရတာက မြောက်ဥက္ကလာပဆေးရုံတစ်ခုတည်းမဟုတ်ပဲ ရန်‌ကုန်ဆေးရုံကြီးက အဲဒီ့ထက်ဆိုးတယ်လို့ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးကလည်း ​ပြောထားပါတယ်။

"မြောက်ဥက္ကလာ ဆေးရုံကြီး ရင်ခွဲရုံ ဆိုးတယ်ဆိုတာရန်ကုန်ဆေးရုံကြီးရင်ခွဲရုံကအိပ်နေသလောက်
ဘဲရှိတယ်။ဆေးရုံအုပ်ကြီးတွေက သူတို့ကိုမနိုင်ဘူးကြောက်ရတယ် မသိကြေးကျွန် ပြုနေရတယ်ဆိုရင် အာဏာပိုင်တွေနဲ့ ဆွေးနွေးသင့်တယ် ခုကတော့ သူတို့မင်းမူ တောင်းသမျှ ပြည်သူတွေက ပေးနေရတာ မဟုတ်သေးဘူး။မဟုတ်ဘူးလာငြင်းရင် သက်သေ နာရေးရှင်တွေ ခေါ်လာလိုက်မယ် ဘာမှတ်လဲ "လို့ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း
ဥက္ကဌ ဦးသန်းထိုက်အောင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာရေး
ထားပါတယ်။
🤬29🔥2👎1😁1😡1
မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံမှ တာဝန်ရှိသူ / ပလုံ​​ကောက်​နေရင်း ကားတိုက်ခံရပြီး​သေဆုံးခဲ့တဲ့က​လေးမိခင်/ ရုပ်အ​လောင်းကိုသင်္ဂြိုလ်ရာမိသား
စုဝင်​တချိုနဲ့ လူမှုကူ​ညီ​ရေးအသင်းဝင်တချို့။
ဓါတ်ပုံ-ဝန်းရံမှူးလူမှုကူညီရေးအသင်း
🤬27👍4🔥2😁2❤1🤮1🙏1